ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
27 Days Underground (2023)
⭐⁉️
🎬 #Drama
🗓️ 2023 🎞️ Movie 📺 1080p
🌎 #China
⏰ 1 နာရီ 15 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မိသားစုအခက်ခဲတွေကိုယ်စီနဲ့ စားဝတ်နေရေးကာမိအောင် မိုင်းတွင်းမှာအလုပ်လုပ်နေကြတဲ့ သူတို့…တစ်နေ့မှာ မတော်တဆ မိုင်းတွင်းမှာမြေပြိုမှုဖြစ်ပြီး မီတာ၄၀၀နီးပါးရှိတဲ့မိုင်းတွင်းအောက်ခြေတစ်နေရာမှာ သူတို့ညီနောင်ငါးယောက်လုံး ပိတ်မိနေပါတော့တယ်၊ကယ်ဆယ်ရေးသမားတွေ စဉ်ဆက်မပြတ် ကယ်တင်ဖို့ ကြိုးစားပေမဲ့လည်းသူတို့ပိတ်မိနေတဲ့နေရာက သာမာန်လှိုဏ်ဂူလေးတောင် မဟုတ်ဘဲတည်နေရာကိုတောင် ခန့်မှန်းမရတဲ့ မှောင်မိုက်၊လေထုချို့တဲ့ပြီးသီးခြားကမ္ဘာကြီးတစ်ခုလိုဖြစ်နေတဲ့ မြေအောက်ကဥမင်တွင်းတစ်ခု ဖြစ်လို့နေပါတယ်
-“ထမင်းအသက်၇ရက် ရေ့အသက်တစ်မနက်”ဆိုတဲ့ဆိုရိုးစကားတွင်ခဲ့သလိုသူတို့ရော အရာအားလုံး ပြတ်လတ်နေတဲ့တွင်းနက်ကြီးထဲမှာ ရှင်သန်နိုင်ပါ့မလား
-ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ခက်ခဲလှတဲ့နေ့ရက်တွေကို ကုန်ဆုံးရင်းဘဝကိုရေစုန်မျှောလိုက်လေမလား~မျှော်လင့်ချက်နဲ့ပဲ ဆက်လက်ရုန်းကန်သွားမလား
-ဘယ်အရာတွေကရော သူတို့ငါးယောက်အတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ်စေခဲ့တာလဲ_မိသားစုလား၊သံယောဇဉ်လား၊ကိုယ်ချစ်တဲ့လူတွေအတွက်ပဲလား…
“မိုင်းတွင်းထဲက ငိုရှိုက်သံ”ဆိုတဲ့ရုပ်ရှင်မှာ လူ့ဘဝရဲ့လောကဓံတွေ၊အခက်ခဲတွေအပြင်စည်းလုံးညီညွှတ်မှုနဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ လက္ခဏာရပ်တွေ ၊အလုပ်သမားတွေရဲ့ဘဝကိုပါ ရှုထောင့်တစ်ခုကနေ သဘာဝဆန်ဆန်ရိုက်ကူးပေးထားတာဖြစ်လို့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ခုဖြစ်တဲ့အတွက်CMကနေ တင်ဆက်ပေးလိုက်ရပါတယ်ရှင့်။
Selfiee (2023)
⭐IMDB: 6.0/10 (10 k Votes)
🎬 #Action #Bollywood #Comedy #Drama #Thriller
🗓️ 2023 🎞️ Movie 📺 720p
🌎 #India
⏰ 2 နာရီ 23 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Selfiee 2023IMDb 6/10
ဒီနှစ်ထဲမှာပဲ ပူပူနွေးနွေးထွက်ရှိထားပြီး ရုံတင်ရုပ်ရှင်ကားကြီးတစ်ကားဖြစ်တဲ့ အာရှေးရဲ့ ဟာသ ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
ဒီရုပ်ရှင်မှာ ဘောလိဝုဒ်စတား ဗီဂျေးကူးမားအဖြစ် Akshay ပြီးတော့ ဇနီးအနေနဲ့ Diana နောက်ထပ်RTO officer အနေနဲ့ Emraan Hashmi ပေါ့။ ဒီလိုမင်းသားကြီး ၂ လက် နဲ့ မင်းသမီးတစ်လက်အပြိုင်အဆိုင်ကြဲကြမယ့် ရုပ်ရှင်ဆိုပါတော့။ 2019 တုန်းကထွက်ရှိထားတဲ့ Driving License ကို Remake ပြန်ရိုက်ကူးထားတာဖြစ်ပြီး ရုံတင်ငွေ 23.63 ကုဋေရရှိထားပါတယ်။ A list- Cast တွေနဲ့တင် အတော်ကြည့်ရတန်နေပြီမို့ ဇာတ်လမ်းအကျဥ်းကိုလည်းဆက်ဖတ်ကြည့်ကြတာပေါ့။
RTO officer အဂရာဗာလ်က ဗီဂျေးရဲ့အမာခံပရိတ်သတ်ပါ။ ဗီဂျေးက ဘိုပါလ်ဆိုတဲ့မြို့မှာရိုက်ကူးရေးသွားလုပ်ရင်း တိုက်တိုက်ဆိုင်ဆိုင်ပဲ ယာဥ်မောင်းလိုင်စင်လိုလာတယ်ဆိုပါတော့။အဲဒီလိုအကြောင်းဖန်ရင်း ဗီဂျေးနဲ့ အဂရာဗာလ်တို့စတွေ့ကြတာက မထင်မှတ်ထားတဲ့အထင်လွဲမှုတွေနဲ့ ပြဿနာတွေကြောင့် ၂ ယောက်လုံးဘဝ ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပါတော့တယ်။အနုပညာရှင်အလုပ်ကို ဆုံးရှုံးရနိုင်ပြီး ချောက်ကမ်းပါးအစွန်းမှာရပ်နေရတဲ့ ဗီဂျေး၊
အကြိုက်ဆုံး အနုပညာရှင်နဲ့ မျက်နှာချင်းဆိုင် ယှဥ်ပြိုင်တိုက်ခိုက်ရမယ့် အဂရာဗာလ်၊တစ်နိုင်ငံလုံးက စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ ဒီပဋိပက္ခမှာ ဘယ်သူကအနိုင်ရပြီးဘယ်သူကအရှုံးပေးလိုက်ရမလဲ။ ဒါတွေကို ပေါ့ပေါ့ပါးပါးတဖြစ်လဲ ခပ်မိုက်မိုက်ကြည့်ရမှာမို့ ခုပဲChannelMyanmar မှာ ကြည့်ရှူလိုက်ကြပါဦးနော်။
Along Came a Spider (2001)
⭐IMDB: 6.4/10 (91 k Votes)
🎬 #Drama #Thriller
🗓️ 2001 🎞️ Movie 📺 720p
🌎 #UnitedStates #Germany #Canada
⏰ 1 နာရီ 43 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မင်းသားကြီး မော်ဂန် ဖရီးမန်း ပါဝင်သရုပ်ဆောင်ထားပြီး
2001 တုန်းကထွက်ရှိခဲ့တဲ့ မှုခင်းအက်ရှင်ကားကောင်း
တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ စိတ်ပညာရှင်/စုံထောက်
ဒေါက်တာ အဲလက်စ် ခရော့စ် (မော်ဂန် ဖရီးမန်း) ဟာ
စစ်ဆင်ရေးတစ်ခုမှာ သူ့ရဲ့တွဲဖက်ကို ဆုံးရှုံးလိုက်ရပြီးကတည်းက
သူ့ကိုယ်သူခွင့်မလွှတ်နိုင်ပဲ၊ ဘဝကြီးကိုလည်း
ရည်ရွယ်ချက်မရှိဖြတ်သန်းနေသူပါ။
ဒီဖြစ်ရပ်ဆိုးကြီး ဖြစ်အပြီး ရှစ်လအကြာမှာတော့
ပြည်နယ်လွှတ်တော်အမတ် ဟန့်ခ် ရို့စ်ရဲ့
ကိုယ်ပိုင်ကျောင်းတစ်ခုမှာကျောင်းတက်နေတဲ့
သမီးလေး ရို့စ်ဟာ Secret Service ရဲ့စောင့်ရှောက်မှုအောက်မှာ
ရှိနေရင်းနဲ့ ပြန်ပေးဆွဲခံလိုက်ရပါတယ်။
ဒီလိုနဲ့ အဲလက်စ်ဆီကို ပြန်ပေးသမားကဖုန်းဆက်ပြီး
သူရဲ့ကစားပွဲထဲကို ဝင်ပါခိုင်းရင်း အဲလက်စ်တစ်ယောက် ပြန်ပေးသမားရဲ့ကစားပွဲကို
နိုင်အောင်ကစားနိုင်မှာလား၊ ရို့စ်ကိုရော အောင်အောင်မြင်မြင်နဲ့ကယ်ထုတ်နိုင်မှာလား၊
ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ရမလဲ၊
ဘယ်လိုအလှည့်အပြောင်းတွေရှိလာမလဲဆိုတာကိုတော့
ဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။
Selfiee (2023)
⭐IMDB: 6.0/10 (10 k Votes)
🎬 #Action #Bollywood #Comedy #Drama #Thriller
🗓️ 2023 🎞️ Movie 📺 1080p
🌎 #India
⏰ 2 နာရီ 23 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Selfiee 2023IMDb 6/10
ဒီနှစ်ထဲမှာပဲ ပူပူနွေးနွေးထွက်ရှိထားပြီး ရုံတင်ရုပ်ရှင်ကားကြီးတစ်ကားဖြစ်တဲ့ အာရှေးရဲ့ ဟာသ ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
ဒီရုပ်ရှင်မှာ ဘောလိဝုဒ်စတား ဗီဂျေးကူးမားအဖြစ် Akshay ပြီးတော့ ဇနီးအနေနဲ့ Diana နောက်ထပ်RTO officer အနေနဲ့ Emraan Hashmi ပေါ့။ ဒီလိုမင်းသားကြီး ၂ လက် နဲ့ မင်းသမီးတစ်လက်အပြိုင်အဆိုင်ကြဲကြမယ့် ရုပ်ရှင်ဆိုပါတော့။ 2019 တုန်းကထွက်ရှိထားတဲ့ Driving License ကို Remake ပြန်ရိုက်ကူးထားတာဖြစ်ပြီး ရုံတင်ငွေ 23.63 ကုဋေရရှိထားပါတယ်။ A list- Cast တွေနဲ့တင် အတော်ကြည့်ရတန်နေပြီမို့ ဇာတ်လမ်းအကျဥ်းကိုလည်းဆက်ဖတ်ကြည့်ကြတာပေါ့။
RTO officer အဂရာဗာလ်က ဗီဂျေးရဲ့အမာခံပရိတ်သတ်ပါ။ ဗီဂျေးက ဘိုပါလ်ဆိုတဲ့မြို့မှာရိုက်ကူးရေးသွားလုပ်ရင်း တိုက်တိုက်ဆိုင်ဆိုင်ပဲ ယာဥ်မောင်းလိုင်စင်လိုလာတယ်ဆိုပါတော့။အဲဒီလိုအကြောင်းဖန်ရင်း ဗီဂျေးနဲ့ အဂရာဗာလ်တို့စတွေ့ကြတာက မထင်မှတ်ထားတဲ့အထင်လွဲမှုတွေနဲ့ ပြဿနာတွေကြောင့် ၂ ယောက်လုံးဘဝ ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပါတော့တယ်။အနုပညာရှင်အလုပ်ကို ဆုံးရှုံးရနိုင်ပြီး ချောက်ကမ်းပါးအစွန်းမှာရပ်နေရတဲ့ ဗီဂျေး၊
အကြိုက်ဆုံး အနုပညာရှင်နဲ့ မျက်နှာချင်းဆိုင် ယှဥ်ပြိုင်တိုက်ခိုက်ရမယ့် အဂရာဗာလ်၊တစ်နိုင်ငံလုံးက စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ ဒီပဋိပက္ခမှာ ဘယ်သူကအနိုင်ရပြီးဘယ်သူကအရှုံးပေးလိုက်ရမလဲ။ ဒါတွေကို ပေါ့ပေါ့ပါးပါးတဖြစ်လဲ ခပ်မိုက်မိုက်ကြည့်ရမှာမို့ ခုပဲChannelMyanmar မှာ ကြည့်ရှူလိုက်ကြပါဦးနော်။
Along Came a Spider (2001)
⭐IMDB: 6.4/10 (91 k Votes)
🎬 #Drama #Thriller
🗓️ 2001 🎞️ Movie 📺 1080p
🌎 #UnitedStates #Germany #Canada
⏰ 1 နာရီ 43 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မင်းသားကြီး မော်ဂန် ဖရီးမန်း ပါဝင်သရုပ်ဆောင်ထားပြီး
2001 တုန်းကထွက်ရှိခဲ့တဲ့ မှုခင်းအက်ရှင်ကားကောင်း
တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ စိတ်ပညာရှင်/စုံထောက်
ဒေါက်တာ အဲလက်စ် ခရော့စ် (မော်ဂန် ဖရီးမန်း) ဟာ
စစ်ဆင်ရေးတစ်ခုမှာ သူ့ရဲ့တွဲဖက်ကို ဆုံးရှုံးလိုက်ရပြီးကတည်းက
သူ့ကိုယ်သူခွင့်မလွှတ်နိုင်ပဲ၊ ဘဝကြီးကိုလည်း
ရည်ရွယ်ချက်မရှိဖြတ်သန်းနေသူပါ။
ဒီဖြစ်ရပ်ဆိုးကြီး ဖြစ်အပြီး ရှစ်လအကြာမှာတော့
ပြည်နယ်လွှတ်တော်အမတ် ဟန့်ခ် ရို့စ်ရဲ့
ကိုယ်ပိုင်ကျောင်းတစ်ခုမှာကျောင်းတက်နေတဲ့
သမီးလေး ရို့စ်ဟာ Secret Service ရဲ့စောင့်ရှောက်မှုအောက်မှာ
ရှိနေရင်းနဲ့ ပြန်ပေးဆွဲခံလိုက်ရပါတယ်။
ဒီလိုနဲ့ အဲလက်စ်ဆီကို ပြန်ပေးသမားကဖုန်းဆက်ပြီး
သူရဲ့ကစားပွဲထဲကို ဝင်ပါခိုင်းရင်း အဲလက်စ်တစ်ယောက် ပြန်ပေးသမားရဲ့ကစားပွဲကို
နိုင်အောင်ကစားနိုင်မှာလား၊ ရို့စ်ကိုရော အောင်အောင်မြင်မြင်နဲ့ကယ်ထုတ်နိုင်မှာလား၊
ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ရမလဲ၊
ဘယ်လိုအလှည့်အပြောင်းတွေရှိလာမလဲဆိုတာကိုတော့
ဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။
Bua Pan: Beauty and the Blade (2023)
⭐⁉️
🎬 #Comedy #Drama
🗓️ 2023 🎞️ Movie 📺 720p
🌎 #⁉️
⏰ 1 နာရီ 50 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bua Pan: Beauty and the Blade(2023)
**********************************
အခု ၂၀၂၃ မှာ ထွက်ထားတဲ့ ထိုင်းရုပ်ရှင်ရုံတင်ကားလေးတစ်ကားကို
CM fan တွေအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားမှာတော့ အဓိကမင်းသား Kham အဖြစ် TharnType က Gulf က ပါဝင်သရုပ်ဆောင်ထားပါတယ်အဓိကမင်းသမီးအနေနဲ့ကတော့ ဝါရင့်မင်းသမီးတစ်ယောက်ဖြစ်တဲ့ Anne Thongprasom က
BuaPan အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်…ကျေးလက်တောရွာဓလေ့လေးတွေနဲ့ ဘူဝါဖန်ဆိုတဲ့ ပန်းပဲဆရာမတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကိုဟာသနှောပြီး ရိုက်ကူးထားတာဖြစ်လို ကြိုက်နှစ်သက်ကြမယ်လို မျှော်လင့်ပါတယ်….
ဇာတ်လမ်းအကျဉ်း
ဘူဝါဖန်က ပန်းပဲဆရာမတစ်ယောက်ဖြစ်ပြီး ငယ်ငယ်ကတည်းက စစ်သမီးတစ်ယောက်လုပ်ချင်တဲ့ အိပ်မက်ရှိခဲ့သူပါ..ဒါပေမဲ့ သူမဖြစ်ချင်တဲ့ အိပ်မက်ကို သူမအဖေက အသည်းအသန်ကန့်ကွက်ခဲ့ပါတယ်…ဘူဝါကတော့ သူ့ရဲ့ ကလေးဘဝက အိပ်မက်ကို အကောင်အထည်ဖော်ဖိုသူ့အဖေမသိအောင်လို ဆရာတစ်ယောက်နဲ့ လျှိဝှက်ပြီးတော့ ဓားရေးစစ်ရေးတွေ သင်ယူခဲ့တယ်…သူမရဲ့ အရည်အချင်းတွေ ပြည့်ဝလာတဲ့အခါမှာတော့ ရည်မှန်းချက်က လက်တစ်ကမ်းအလိုပေါ့..အဲဒီမှာ ဘူဝါ့ဆီမှာ တပည့်ခံချင်တဲ့ ခမ်ဆိုတဲ့ ကောင်လေးတစ်ယောက်ရောက်လာခဲ့တယ်…
ခမ်ဆိုတဲ့ကောင်လေးသူမတို့ဆီရောက်လာတဲ့အချိန်ကစပြီး ကပြောင်းကပြန်တွေဖြစ်တော့တာပါပဲ..
ခွီချင် ရင်ခုန်ချင်တဲ့သူတွေ ကြည့်သင့်ပါကြောင်း……….

Holes (2003)
⭐IMDB: 7.0/10 (93 k Votes)
🎬 #Adventure #Comedy #Drama #Family #Mystery
🗓️ 2003 🎞️ Movie 📺 1080p
🌎 #UnitedStates
⏰ 1 နာရီ 57 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Holes (2003)IMDb – 7.0/10, Rt – 78%
CM ပရိသတ်တွေအတွက် 2003 တုန်းက
ထွက်ရှိခဲ့တဲ့မိသားစုရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။
Transformers ရုပ်ရှင်တွေမှာ ဆမ် နေရာကနေသရုပ်ဆောင်ခဲ့တဲ့
မင်းသား Shia LaBeouf ကအဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ စတန်လီ ယဲနက် “လေး” (Shia LaBeouf) ဟာ
သူ့မိသားစုရဲ့ နှစ်ပေါင်း 150 ကျော်နေပြီဖြစ်တဲ့
ကျိန်စာကြီးတစ်ခုကြောင့်အမြဲကံဆိုးနေရတဲ့သူပါ။
တစ်နေ့မှာတော့လမ်းလျှောက်နေရင်း မိုးပေါ်ကနေ
သူ့ခေါင်းပေါ်ကိုကျလာတဲ့ ဖိနပ်တစ်ရံကို ယူသွားမိတဲ့အတွက်
ဖိနပ်ခိုးမှုနဲ့ တရားစွဲခံရပြီး ဂရင်းလိတ်ခ်လူငယ်ပြုပြင်ရေးစခန်းကို
အပို့ခံလိုက်ရပါတော့တယ်။
ဒါပေမဲ့ဂရင်းလိတ်ခ်စခန်းဟာ နာမည်အတိုင်းဟုတ်မနေပဲ
ရောက်လာတဲ့ လူငယ်လေးတွေကို အတင်းအကြပ်လုပ်အားပေးခိုင်းစေနေတဲ့
အလုပ်ကြမ်းစခန်းလိုမျိုးဖြစ်နေပါတယ်။
စခန်းရဲ့ကြီးကြပ်ရေးမှူးက အဆိပ်ရှိမြွေတွေနဲ့ ဖွတ်တွေပဲရှိတဲ့
လွင်တီးခေါင်ပြင်ကန္တာရထဲမှာ တစ်နေ့ကို ငါးပေနက်ပြီး
ငါးပေကျယ်တဲ့တွင်းတွေတူးခိုင်းပြီး
ဘာမှန်းမသိရတဲ့အရာကို ရှာဖွေခိုင်းနေတာပါ။
ဒီလိုနဲ့ပဲ စတန်လေ ယဲနက် တစ်ယောက် စခန်းမှာအသားကျအောင်နေထိုင်ရင်းနဲ့
တစ်နေ့မှာ သူစာဖတ်တတ်အောင်သင်ပေးနေတဲ့
ဟက်တာ ဇာရိုနီဆိုတဲ့ ကောင်လေးက
ပြဿနာတစ်ခုကြောင့်ထွက်ပြေးသွားပါတော့တယ်။
လူတစ်ယောက်ထဲဆိုဘယ်လိုမှမရှင်သန်နိုင်တဲ့
ကန္တာရကြီးဖြစ်တာမလို့ စတန်လေလည်း
ဟက်တာနောက်ကို လိုက်သွားခဲ့ပါ တော့တယ်။
ဒီလိုနဲ့သူတို့ကို တွင်းတွေတူးပြီး ရှာဖွေခိုင်းထားတဲ့အရာတွေဟာ စ
တန်လေတို့မိသားစုကျိန်စာနဲ့ဆက်စပ်နေပြီး ကြီးကြပ်ရေးမှူးရဲ့ မိသားစုနဲ့ပါဆက်စပ်နေတဲ့အခါမှာ
ဘာတွေဆက်ဖြစ်လာမလဲ၊ စတန်လေနဲ့ ဟက်တာတို့ကရော
လွင်တီးခေါင်ပြင်ကြီးထဲမှာ ရှင်သန်နိုင်မလား၊
သူတို့ရှာဖွေနေတဲ့ဘာမှန်းမသိတဲ့အရာကိုရော တွေ့မှာလား၊
အတိတ်မှာကရော စတန်လေရဲ့ ဘိုးဘေးတို့ကဘာတွေဖြစ်ခဲ့ကြလဲဆိုတာကို
ပေါ့ပေါ့ပါးပါးရယ်ရယ်မောမောနဲ့ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါဗျ။
Holes (2003)
⭐IMDB: 7.0/10 (93 k Votes)
🎬 #Adventure #Comedy #Drama #Family #Mystery
🗓️ 2003 🎞️ Movie 📺 720p

On the Fringe (2022)
⭐IMDB: 6.7/10 (1 k Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Spain #Belgium
⏰ 1 နာရီ 43 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
On the Fringe (2022)
~ IMDb – 6.7/10, Rotten Tomatoes – 80% ~
စပိန်မင်းသား Juan Diego Botto ဒါရိုက်တာလုပ်ပြီး ပွဲဦးထွက်အနေနဲ့ရိုက်တဲ့ စပိန်ရုပ်ရှင်ပါ။ သူကိုယ်တိုင်ရော နာမည်အကြီးဆုံး စပိန်မင်းသမီး Penélope Cruz ရော သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့ စပိန်ရဲ့မျက်မှောက်ခေတ်မှာ ကြုံနေရတဲ့ လူမှုဘဝပြဿနာတွေရောကိုပြထားပြီး အဲဒီထဲက အကြီးဆုံးပြဿနာဖြစ်တဲ့ ဘဏ်ကြွေးကြောင့် နေအိမ်က နှင်ထုတ်ခံရတဲ့ မိသားစုတွေအကြောင်းကိုရော ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ပြထားတယ်။
စပိန်ပြည်သူတွေကို အရင်အစိုးရက ဘဏ်တိုးနှုန်းသက်သက်သာသာနဲ့ ငွေချေးပေးမယ်လို့ ကြေညာခဲ့တဲ့အတွက် ပြည်သူတွေဟာ အိမ်အပေါင်စာချုပ်တွေနဲ့ ငွေချေးတာတွေ၊ သားသမီးအိမ်၀ယ်ဖို့ မိဘက အာမခံပေးတာတွေ လုပ်ခဲ့ကြတယ်။ အစိုးရသစ် ဘဏ်စနစ်အသစ်မှာ အတိုးတွေဟာ မိုးထိထိုးတက်ကုန်ကြပါတယ်။ ဒီနောက်မှာ ဘဏ်တွေဟာ အတိုးကို အကြောင်းပြုလို့ အိမ်တွေကို သိမ်းလာတဲ့အခါစပိန်မှာ အိုးမဲ့အိမ်မဲ့တွေ များပြားလာခဲ့တယ်။ ဒီလိုနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့လူတွေရယ် သူတို့ဘက်က ပရဟိတသမားတွေဟာ ဘဏ်တွေကို ပြန်လည်တိုက်ခိုက်ဖို့ ကြံကြတယ်။ ဒါကတော့ ကျောရိုးဇာတ်ပေါ့။ ဒီကနေ ခွဲထွက်ပြီး အိမ်ဆုံးသွားတဲ့လူ၊ ကူတဲ့လူ၊ အိမ်ဆုံးဖူးတဲ့လူ အလီလီအထွေထွေအပြင် အခြေခံလူတန်းစားမျိုးစုံရဲ့ ဒုက္ခနဲ့ ဘဏ်တွေရဲ့ ကုတ်သွေးစုပ်မှုတွေအကြောင်း ရိုက်ပြထားပါတယ်။ စပိန်ကားတွေဟာ သူတို့ပြချင်တာကို လှလှပပပြတတ်တဲ့သဘောရှိတာမို့ ဇာတ်အရမ်းလည်းမနာ မနာတယ်လည်းမဟုတ်ဘဲ လှတပတနဲ့ကို ခံစားကြရမယ့်ရုပ်ရှင်ပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)
Kids vs. Aliens (2022)
⭐IMDB: 5.3/10 (552 Votes)
🎬 #Horror #Sci-Fi #ScienceFiction #Adventure #Action #SciFi
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 15 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kids Vs Aliens (2022)
IMDb 5.6 ရထားတဲ့ Horror, Sci-Fi အမျိုးအစားဖြစ်ပြီးတော့ဇာတ်ကားနာမည်အတိုင်း ကလေးတွေနဲ့ ဂြိုလ်သားတွေ တိုက်ခိုက်ကြတဲ့ကားပါ။
Sam နဲ့ Gary တို့မောင်နှမက နပန်းသတ်တာတို့ တိုက်ခိုက်ရတာတို့ကို ကြိုက်တဲ့သူတွေပါ။သူတို့မြို့က ပြဿနာရှာတတ်တဲ့ ဆယ်ကျော်သက်အဖွဲ့နဲ့လည်း မတည့်ကြပါဘူး။ဒါပေမယ့် ဆယ်ကျော်သက်အဖွဲ့ထဲက အဖွဲ့ခေါင်းဆောင် Billy က Sam တို့မိဘတွေခရီးသွားတဲ့အချိန်သူတို့အိမ်မှာ ပါတီလုပ်ခွင့်ရအောင်လို့ Sam ကို ချစ်ချင်ယောင်ဆောင်ပြီး ချဉ်းကပ်လာပါတယ်။Sam က Billy ကိုကြွေသွားပြီး အိမ်မှာ ပါတီလုပ်ခွင့်ပေးလိုက်ပေမယ့်Gary ကတော့ သူ့အစ်မနဲ့သူ့ကြားဝင်လို့ဆိုပြီး ပြန်လက်စားချေဖို့ ချောင်းနေပါတယ်။သူတို့အိမ်မှာ ပါတီလုပ်တဲ့ညမှာပဲ Billy ရဲ့ သရုပ်မှန်တွေ ပေါ်လာပြီး ပြဿနာတွေ ဖြစ်နေတဲ့အချိန်မှာဂြိုလ်သားတွေက ပါတီကိုရောက်လာပြီး လူတွေကိုတိုက်ခိုက်ပါတော့တယ်။Billy ကြောင့် အဆင်မပြေဖြစ်ခဲ့ကြတဲ့ Sam နဲ့ Gary တို့မောင်နှမနှစ်ယောက်ရယ်Gary ရဲ့သူငယ်ချင်းတွေရယ် ဂြိုလ်သားတွေကို ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတွယ်။
Eugenie (1970)
⭐IMDB: 5.3/10 (2 k Votes)
🎬 #Adult #Drama #Horror
🗓️ 1970 🎞️ Movie 📺 1080p
🌎 #WestGermany #Spain #Liechtenstein #UnitedKingdom
⏰ 1 နာရီ 27 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
[18+] Eugenie (1970)
===============Marquis de Sade ဆိုတဲ့ပြင်သစ်စာရေးဆရာကြီးရဲ့
နာမည်ကြီးဝတ္ထုတစ်အုပ်ဖြစ်တဲ့ Philosophy in the
Bedroom ( ၁၈ + ) ကိုအခြေခံပြီးရိုက်ကူးထားတဲ့
ရုပ်ရှင်ကားလေးဖြစ်ပါတယ်။
ဒီကားလေးမှာတော့ မြှီးကောင်ပေါက်အရွယ်ဖြစ်ပြီး
အပျိုစစ်စစ် ယူဂျင်းနီက သူ့အမေရဲ့တင်းကြပ်တဲ့ စည်း
ကမ်းတွေကို မုန်းနေသူဖြစ်ပါတယ်။ တစ်နေ့မှာ သူ့ကို
မျက်စိကျနေတဲ့ လူချမ်းသာ မာဗယ်က သူ့ညီမလေးကို
ပူဆာပြီး သူတို့ပိုင်တဲ့ကျွန်းမှာ နှစ်ရက်လာလည်ဖို့ ဖိတ်
ခိုင်းပါတော့တယ်။မာရီယာကလည်း သူ့အစ်ကိုဆန္ဒရှိရင်ရအောင်ဖြည့်ဆည်း
ပေးတတ်ပြီး ယူဂျင်းနီကိုလည်း လိင်ပညာပေးအစီအစဉ်
များကို ကိုယ်ဖိရင်ဖိသင်ကြားပေးခဲ့ပါတယ်။ ယူဂျင်းနီတစ်
ယောက် သူတို့မောင်နှမကြားမှာ ဝိုင်လေးသောက်လိုက်
အပြာရောင်အိပ်မက်ထဲရောက်လိုက်၊ ဝိလေးသောက်လိုက်
အမည်းရောင်အိပ်မက်ထဲရောက်လိုက်နဲ့ ကြည့်တဲ့သူတွေရင်
ခုန်အောင် ဘယ်လိုမျိုးလုပ်ဦးမလဲဆိုတာ ဆက်ကြည့်လိုက်
ပါတော့နော်။ ။ဆယ့်ရှစ်ယောက်တော့စုကြည့်ပေးကြနော် …..(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
JJV ဖြစ်ပါတယ်)File Size……….(1.33 GB) / (400 MB) / (260 MB)
Quality…………BLU-RAY 1080p / 720p / 480p
Duration………1Hr 27Mins
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Drama
Translator…….JJV
Encoder……….Admin X
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
Under the Fig Trees (2021)
⭐IMDB: 6.5/10 (219 Votes)
🎬 #Drama
🗓️ 2021 🎞️ Movie 📺 1080p
🌎 #Tunisia #Switzerland #France #Qatar #Germany
⏰ 1 နာရီ 30 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Under the Fig Trees (2021)====================IMDb Rating – 6.5/10
တူနီးရှားကျေးလက်ဒေသက သဖန်းသီးခြံထဲကို တစ်ရက်လောက် အလည်သွားကြရအောင်…ဒီဇာတ်လမ်းလေးမှာ ကျောင်းပိတ်ရက် သစ်သီးခြံထဲမှာသစ်သီးခူးရင်းအလုပ်လုပ်ကြတဲ့ လူငယ်လေးတွေရဲ့ တစ်နေ့တာကို ရိုက်ပြထားပါတယ်။
ဇာတ်လမ်းအစမှာတော့ မနက်အရုဏ်တက် သူတို့ကို လာကြိုမဲ့ကုန်တင်ကားကို စောင့်ရင်း စကားမမြည်ပြောနေကြတာနဲ့ အစပြုထားပါတယ်။ ခဏနေတော့ သစ်သီးခြံကသူဌေးရဲ့ ကားရောက်လာပြီး အသီးသီး ကားပေါ်တက်ကြပါတယ်။ ဒီထဲမှာ ဖီဒဲဆိုတဲ့ ခပ်သွက်သွက်ပုံစံနဲ့ ကောင်မလေးက သူများတွေလို နောက်မှာမထိုင်ဘဲ ရှေ့ခန်းက သူဌေးဘေးမှာဝင်ထိုင်လိုက်ပါတယ်။ ထုံးစံအတိုင်း အနောက်ခန်းကလူတွေအတွက် အတင်းပြောဖို့ အကြောင်းရသွားတောပေါ့။
ခြံထဲကို ရောက်တော့ သစ်သီးခြင်းတွေ ရေပုံးတွေ တစ်ပင်နဲ့တစ်ပင်ကူးပြီး သစ်သီးခူးကြပါတော့တယ်။ သူတို့တစ်နေ့တာမှာအတူအလုပ်လုပ်တဲ့ ကောင်လေးတွေနဲ့ မထိတထိ စကြပြောကြတာတွေရှိမယ်။ သူတို့အချင်းချင်း အချစ်အကြောင်း အိမ်ထောင်ရေးအကြောင်းတွေ ပြောကြမယ်။ စားကြသောက်ကြရင်း ရယ်စရာလေးတွေ ပြောကြမယ်။ အချင်းချင်း သူ့ရည်းစားကိုယ့်ရည်းစားစွပ်စွဲကြရင် ရန်သတ်ကြတာတွေလည်း ရှိမယ်။ အလုပ်ရှင်ရဲ့အနိုင်ကျင့်တာ ခေါင်းပုံဖြတ်တာတွေလည်း မြင်ရမှာပါ။ တစ်နေ့တာရဲ့ အနိမ့်အမြင့် အတက်အကျတွေကြား ဇာတ်လမ်းအဆုံးမှာတော့ ပျော်ပျော်ပါးပါးပဲ သီချင်းတွေဆိုပြီး အိမ်ပြန်သွားကြပါတယ်။
“Under the Fig Trees” ဆိုတဲ့ နာမည်အတိုင်းပဲ သဖန်းပင်တွေအောက်မှာ အလုပ်လုပ်ကြတဲ့ လူငယ်လေးတွေရဲ့ တစ်နေ့တာကိုတွေ့မြင်ရမှာပါ။ သူတို့အချင်းချင်း ပြောဆိုဆက်ဆံကြတာတွေ၊ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းနဲ့အတူ ပြောင်းလဲလာတဲ့သူတို့ရဲ့ အမြင်တွေ၊ လူငယ်ပီပီ စိတ်ကစားကြတာတွေ၊ သမီးရည်းစားဆက်ဆံရေးတွေကို တွေ့ရမှာပါ။ တူနီးရှားကျေးလက်ဒေသသဖန်းပင်တွေအောက်က လူငယ်လေးတွေရဲ့ တစ်နေ့တာကို ခံစားကြည့်လိုက်ပါဦးနော်…
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Phu Myat Thwe ဖြစ်ပါတယ်)
Blue Gate Crossing (2002)
⭐IMDB: 7.4/10 (4 k Votes)
🎬 #Drama #Romance
🗓️ 2002 🎞️ Movie 📺 1080p FHD
🌎 #Taiwan #France
⏰ 1 နာရီ 24 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Blue Gate Crossing (2002)===================IMDb Rating – 7.4/10
ကိုယ့်နှလုံးသားကို ဝေခွဲမရဖြစ်နေတဲ့ မိန်းကလေးတွေရော၊မချစ်သင့်တဲ့သူကို ချစ်မိတဲ့ကိုကိုတွေရောမမတွေရော အတွေးတစ်စုံတစ်ရာရရှိအောင်လုပ်ပေးနိုင်တဲ့ LGBT ထိုင်ဝမ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ထိုင်ဝမ်ရုပ်ရှင်တို့ထုံးစံအတိုင်းသဘာဝကျတဲ့ရိုက်ချက်တွေနဲ့ အပီအပြင်တင်ဆက်ပေးထားပါတယ်။
ကျောင်းမှာအရမ်းချောတဲ့ ကျောင်းသားလေးဖြစ်တဲ့ ကျန်းရှီးဟောင်ကို လင်ယွဲ့ကျန်းကျောင်းသူက အရူးအမူးချစ်နေပါတယ်။ ဘယ်လောက်တောင်ချစ်လဲဆိုရင် ကျန်းရှီးဟောင်စွန့်ပစ်ထားတဲ့ စာအုပ်၊ ဘောလုံး၊ အသုံးအဆောင်ပစ္စည်းတွေကအစ အမှိုက်ပုံးထဲကနေယူပြီး အိမ်မှာစုထားတဲ့သူပါ။ဘယ်လောက်ပဲချစ်ချစ် သူငယ်ချင်းလုပ်ဖို့တောင် လုံးဝဖွင့်မပြောရဲတဲ့ ကြိတ်ခရက်ချ်သူလေးပေါ့။
သူ့ကိုကူညီပေးဖို့ မုန့်ခယ်ရုံဆိုတဲ့အချစ်ဆုံးသူငယ်ချင်းကိုအကူအညီတောင်းခဲ့ပါတယ်။ ကြားထဲကနေ အောင်သွယ်ပေးရင်းနဲ့ ကျန်းရှီးဟောင်နဲ့လင်ယွဲ့ကျန်းတို့ နှစ်ယောက်ကြားဗျာများလာခဲ့ရပါတော့တယ်။ တစ်နေ့မှာ “ကျွန်မကိုမနမ်းချင်ဘူးလား”လို့ အရဲစွန့်ပြီးမေးလိုက်တဲ့တစ်ယောက်ကမုန့်ခယ်ရုံဖြစ်သွားတဲ့အခါ…. ကျန်းရှီးဟောင်၊ လင်ယွဲ့ကျန်း၊မုန့်ခယ်ရုံတို့သုံးယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက်ပါတော့နော်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Jo Jo Va ဖြစ်ပါတယ်)
Dragon Hunting Mystery (2023)
⭐⁉️
🎬 #Action #Adventure #Fantasy
🗓️ 2023 🎞️ Movie 📺 1080p
🌎 #China
⏰ 1 နာရီ 31 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ရှန်နုံရတနာသေတ္တာဟာ “ထာဝရရှင်သန်ခြင်းရဲ့ တံခါးဝ”လို့ ဒဏ္ဍာရီတွင်တဲ့အမတဆေးနဲ့ဆက်နွှယ်နေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ရတနာတစ်ခုဖြစ်ပါသတဲ့။
ဒီလျှို့ဝှက်ချက်ကို သိတဲ့လူအနည်းကျဉ်းသာရှိပေမဲ့ အဲ့ဒီထဲမှ “မုဖုန်းချန်”ဆိုသူဟာထိုရတနာကိုမျက်စိကျပြီး သိမ်းပိုက်ဖို့ကြိုးစားပါတော့တယ်၊ရှေးဟောင်းအစဉ်လာဒဏ္ဍာရီလျှို့ဝှက်ချက်တွေကို ထိန်းသိမ်းတဲ့နေရာတစ်ခုဖြစ်တဲ့ယန်ဟွမ်ခန်းမက မော့ရွှမ်နဲ့ချန်ရွှင်တို့ဟာလည်း ထိုနတ်ပစ္စည်းရတနာကိုမသမာသူလက်ထဲမကျရောက်အောင် တာဝန်အရ အမြန်ရှာဖွေပါတော့တယ်။တကယ်တမ်းမှာတော့ ရှန်နုံရတနာသေတ္တာဟာ စစ်ဦးစီးချုပ်”ကျန်းချန်ဇစ်”လက်ထဲရောက်နေပါတော့တယ်၊ဒါပေမဲ့ ကျန်းချန်ဇစ်ဟာ ရှန်နုံရတနာသေတ္တာဟာဘာမှန်းမသိခဲ့ပါဘူး။
-ဒီလိုနဲ့ ရတနာရှိရာကို လောဘရဲ့သားကောင်တွေ ပစ်မှတ်ထားလာတဲ့အခါ…
∆ရန်သူရဲ့ရန်သူဟာ သူငယ်ချင်းဖြစ်တတ်တယ်ဆိုတဲ့အတိုင်းကျန်းချန်ဇစ်၊ချန်ရွှင်နဲ့ မော့ရွှမ်တို့သုံးယောက် ရှန်နုံရတနာကို ဘယ်လိုတွေဆက်ရှာဖွေသွားမလဲ…
∆အရာအားလုံး ပုံရိပ်ယောင်တွေပြည့်နှက်နေတဲ့ နယ်နိမိတ်ကြီးမှာသူတို့သုံးယောက်ကရော အစစ်မှန်ဖြစ်ပါ့မလား…
∆အားလုံးရဲ့အရင်းမြစ်ဖြစ်တဲ့ ရှန်နုံရတနာသေတ္တာနဲ့အမတဆေးနောက်ကွယ်မှာရော ဘယ်လိုဇာတ်လမ်းတွေရှိနေမလဲ…
ဘယ်လိုအန္တရာယ်တွေကိုရင်ဝယ်ပိုက်ပြီး နောက်ဆုံးမှာအမတဆေးဟာ ဘယ်သူ့လက်ထဲကိုပဲရောက်ရှိသွားလေမလဲ…..
ဆိုတဲ့အံ့ဖွယ်ဆန်းကြယ်ဖြစ်ရပ်တွေနဲ့စိတ်ဝင်စားစွာကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်လို့ CMကနေ တင်ဆက်ပေးလိုက်ရပါတယ်ရှင့်။
God's Time (2022)
⭐IMDB: 6.2/10 (105 Votes)
🎬 #Comedy #Drama
🗓️ 2022 🎞️ Movie 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 23 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
God’s Time(2022)
****************
ဒက်ဗ်ဟာ ဆေးစွဲသူတွေအတွက် ပြုလုပ်တဲ့ပြန်လည်ထူထောင်ရေးတွေ့ဆုံပွဲတွေ ကို
အမြဲမပြတ်တက်ရောက်လေ့ရှိသူဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေး တွေ့ဆုံပွဲမှာ ခင်မင်ခဲ့တဲ့သူငယ်ချင်းဖြစ်သူ
လူကာ ခေါ် လူဝီနဲ့ လူအများကို လိုက်ကူညီလေ့ရှိပေမယ့် အမြဲတမ်း အလွဲတွေဖြစ်တတ်ပါတယ်။
လူကာကတော့ သရုပ်ဆောင်ဖြစ်ချင်သူ တစ်ဦး ဖြစ်ပြီးလူရွေးပွဲတွေအမြဲဝင်လေ့ရှိပါတယ်။
တစ်ရက်မှာတော့ တွေ့ဆုံပွဲမှာ ရက်ဟီနာ ဆို တဲ့ကောင်မလေးက သူ့အရင်ရည်းစားကို
သတ်ပစ်ချင်ကြောင်း ပြောမိလိုက်ပါတယ်။ ဒါကို ဒက်ဗ်က အဲ့ကောင်မလေး လူမသတ်မိအောင်
အတင်းလိုက်တားပါတော့တယ်။ လူကာက တော့ အမြဲတမ်းလွဲတတ်တဲ့ဒက်ဗ်ကို လန့်နေလို့မပါချင်ပေမယ့်
နောက်ဆုံးမှာ လိုက်ပါကူ ညီရပါတော့တယ်။ အမြဲလွဲနေကျ ဒက်ဗ် ဘာတွေထပ်လွဲမလဲဆိုတာ
တခွီခွီနဲ့ စောင့်ကြည့် ရမှာဖြစ်ပါတယ်။လူငယ်တွေကြားမှဖြစ်နေကျ စိတ်ခံစားချက်တွေ၊ အတွေးအမြင်တွေ၊
အလွဲအမှား တွေကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ရိုက်ပြထားတာဖြစ်ပါတယ်။
God's Time (2022)
⭐IMDB: 6.2/10 (105 Votes)
🎬 #Comedy #Drama
🗓️ 2022 🎞️ Movie 📺 1440p

Infidelity Can Be Fatal (2023)
⭐IMDB: 5.1/10 (99 Votes)
🎬 #Thriller #TVMovie
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #Canada
⏰ 1 နာရီ 28 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Infidelity can be fatal (2023)
“ဖောက်ပြန်ခြင်းသည် သေစေနိုင်သည်တဲ့”
စကားလုံးလေးကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။အိမ်ထောင်ရေး နဲ့ အချစ်ရေးတွေမှာ သစ္စာရှိမှုနဲ့ တည်ဆောက်မှသာလျှင် ခိုင်မြဲကြသည်မဟုတ်လား။အိမ်ထောင်ဖက်တွေမှာ တစ်ယောက်ယောက်က သစ္စာဖောက်ပြီး ဖောက်ပြန်ပြီဆိုလျှင် စိတ်ဆင်းရဲစရာတွေ ကြုံရပါတော့တယ်။ဖောက်ပြန်ခြင်းတိုင်းသည် သေစေသည် မဟုတ်ပေမယ့် ဖောက်ပြန်ခြင်းကြောင့် ဘဝဆုံးသွားတဲ့ လူတွေလည်း အများကြီးရှိပြန်သည်။ဇာတ်လမ်းအကျဉ်းကတော့ လူစီသွန်မဆင်သည် ကိုယ်ပိုင်စုံစမ်းရေးကုမ္ပဏီတစ်ခုကို ထောင်ထားသည်။အိမ်ထောင်ရေးဖောက်ပြန်မှုများကို လိုက်လံစုံစမ်းပေးတဲ့ ဝန်ဆောင်မှုမျိုးကို လုပ်ပေးလေ့ရှိသည်။ငယ်စဉ်ဘဝက ဖခင်ဖြစ်သူသည် အတွင်းရေးမှူးမနှင့် ဖောက်ပြန်ကာ သူ့မိခင်ကို ထားပစ်ကာထွက်ပြေးသွားသည့်အတွက် အဆိုပါအလုပ်ကို စပြီးလုပ်ဖြစ်ခြင်း ဖြစ်သည်။ထိုသို့လုပ်ကိုင်ရင်း သစ္စာမဲ့မှုတွေ ဖောက်လွဲဖောက်ပြန်မှုများကို နေ့စဉ်မြင်တွေ့ရသည့်အတွက်လူစီဟာ ရည်းစားလည်း မထားခဲ့သလို ယုံကြည်မှုကိုလည်း အားနည်းချက်အဖြစ် ရှု့မြင်သည်။တစ်နေ့မှာ ကလိုက်ကက်ဆယ်ဆိုတဲ့ ယောကျ်ားတစ်ယောက်ဟာ သူ့မိန်းမ ဖောက်ပြန်နေသည်ဟု ထင်သဖြင့် စုံစမ်းပေးရန် လူစီ့ထံ အလုပ်အပ်လာလေသည်။ထိုအမှုကို လိုက်ရင်း လူစီနဲ့ ကလိုက်တို့ကြား ဖောက်လွဲဖောက်ပြန်တွေ ဖြစ်လာပြီး ဘယ်လို လူသေဆုံးမှုတွေ ကြုံတွေ့လာရမလဲဆိုတာကိုဇာတ်လမ်းအချိုးအကွေ့တွေနဲ့ ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်
အညွှန်း နဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။
May-December-January (2022)
⭐IMDB: 6.4/10 (421 Votes)
🎬 #Adult #Asian #Drama #Romance
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Philippines
⏰ 1 နာရီ 36 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
May December January(2022)
BL ဇာတ်ကားလေးကိုမှဇာတ်လမ်းဆန်းဆန်းလေးနဲ့ ရိုမန့်တစ်ဆန်ဆန် ကြည့်ရမဲ့အပြင်အချစ်ဇာတ်ကားဆိုတာထက် လူတွေအကြောင်းကိုမြင်ရမယ့်အပြင်လူ့သဘာဝကသတ်မှတ်ထားတဲ့ စည်းတွေဘောင်တွေကိုဂရုစိုက်မနေပဲ ကိုယ်ချစ်ချင်ရာချစ်ပလိုက်ဖို့ဘာကိုမှ အလေးမထားပဲ ကိုယ့်ဘဝပျော်ရွှင်မှုအတွက်ပဲ ရှင်သန်ဖို့စသဖြင့်သရုပ်ဖော်ပြထားဝာကိုတွေ့ရမှာပါ
ဇာတ်ကားနာမည်လေးအတိုင်း ဇာတ်ကောင်လေးသုံးယောက်ပါဝင်ပြီးဂေးတစ်ယောက်ရယ် သူ့ရဲ့ ခပ်ဟော့ဟော့အမေရယ် သူချစ်တဲ့သူငယ်ချင်းရယ် သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကို ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ထုံးစံအတိုင်း မြူးဇစ်နဲ့ဖော်ချွတ်လေးတွေလဲပါတာမို့မိသားစုနှင့်တော့ကြည့်ရန်မသင့်တော်ပါကြောင်း….
Kryptonim: Polska (2022)
⭐IMDB: 5.1/10 (464 Votes)
🎬 #Comedy #Drama #Romance
🗓️ 2022 🎞️ Movie 📺 1080p
🌎 #Poland
⏰ 1 နာရီ 33 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Operation Nation(2022)
**********************
ဒီဇာတ်ကားကတော့ ၂၀၂၃ ဧပြီလမှာပဲထွက်ရှိထားတဲ့ Netflix ရဲ့ပိုလန်နိုင်ငံရေး
ဟာသဒရမ်မာကားလေတစ်ကားပဲဖြစ်ပါတယ်။ စတက်ရှ်ဟာ ညီမဖြစ်သူနဲ့အခန်းအတူတူနေထိုင်နေရပြီး
ကားပါကင်မှာအစောင့်လုပ်ရတဲ့ လမ်းပျောက်လူငယ်တစ်ယောက်ပဲဖြစ်ပါတယ်။
ဒီလိုချို့ချို့တဲ့တဲ့နေရတာကိုစိတ်ကုန်ပြီး တိုးတက်အောင်လုပ်ချင်နေသူလည်းဖြစ်ပါတယ်။
တစ်နေ့မှာတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလည်းဖြစ် တတိယအင်ပါယာကြီးကို
ထောက်ခံသူလည်းဖြစ်တဲ့ သူ့ရဲ့ဝမ်းကွဲအကိုဖြစ်သူရိုမန်က သူရဲ့အဖွဲ့ထဲကိုဝင်ဖို့စတက်ရှ်ကိုခေါ်ခဲ့ပါတယ်။
စတက်ရှ်တစ်ယောက်လည်း လက်ရှိဘဝကနေပြောင်းလဲဖို့ဆိုရင် ဘာမဆိုလုပ်မယ်လို့ဆုံးဖြတ်ပြီး
အဲ့ဒီအဖွဲ့ထဲကိုဝင်လိုက်ပါတော့တယ်။ အဲ့ဒီနောက်မှာတော့ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေ
ဆက်တိုက်ဖြစ်ပေါ်လာပါတော့တယ်…