uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Mediterranean Fever (2022) ⭐IMDB: 6.7/10 (377 Votes) 🎬 #Comedy #Drama 🗓 2022 🎞 movie 📺 #1080p #720p 💿 1.8 GB ⦿ 823.9 MB 🌎 #Germany #France #Cyprus #OccupiedPalestinianTerritory #Qatar #PalestinianTerritories #PalestinianTerritory ⏰ 1 နာရီ 45 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mediterranean Fever (2022) ~IMDb – 6.6/10, Rotten Tomatoes – 80% ~ ကိန်းရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဇာတ်ညွှန်းဆုရခဲ့တဲ့ ပါလက်စတိုင်းရုပ်ရှင်တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ စိတ်ကျရောဂါခံစားနေရတဲ့သူတစ်ယောက်နဲ့ အိမ်နီးချင်းသစ်တို့ကြားက Friendship ဖြစ်လာပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ကျွန်‌တော်တို့အားလုံးက Depression Social Anxiety Bipolar Disorder စတဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ အနည်းနဲ့အများ ရုန်းကန်နေကြရတဲ့သူတွေချည်းပါပဲ။ တခါတလေမှာ Suicide လုပ်သွားတဲ့သူတွေက ပိုပြီးသတ္တိရှိနေသလို… ဒီဇာတ်ကားမှာလည်း အသက် ၄၀ အရွယ် ဝဲလိဒ်ဆိုတဲ့သူတစ်ယောက်က စိတ်ကျရောဂါခံစားနေရပြီး Counselling ယူနေရတယ်။ Depression နဲ့သားသမီးနှစ်ယောက်ရဲ့ဝေယျာဝစ္စတွေနဲ့နပန်းလုံးရင်း ဘဝကိုစိတ်ကုန်နေတဲ့သူ။ စာရေးမယ်ဆိုပြီး အလုပ်ထွက်လိုက်ပေမဲ့ စာရေးဖို့ Inspiration လည်းရှာမတွေ့ဘဲ ဘာတစ်ခုမှ စိတ်ပါလက်ပါမလုပ်နိုင်တဲ့ ဇာတ်ကောင်ရဲ့မွန်းကြပ်မှုတွေကိုတွေ့ရမယ်။ အဲဒီလိုနဲ့ တစ်နေ့မှာ ဝဲလိဒ်ရဲ့ဘေးအိမ်ကို ဂျလဲဆိုတဲ့လူတစ်ယောက်ပြောင်းလာတယ်။ ဝဲလိဒ်အတွက်တော့ ဂျလဲက မျက်စိစပါးမွေးစူးစရာပါပဲ။ စကားများတယ် စပ်စုတယ် အလိုက်ကမ်းဆိုးမသိ သီချင်းတွေအကျယ်ကြီးဖွင့်တယ်။ နောက်ပိုင်း ဂျလဲဟာ စိတ်ရင်းကောင်းပြီး ကူညီတတ်မှန်းသိသွားတဲ့ ဝဲလိဒ်က ဂျလဲကိုသူ့ Circle ထဲဝင်ခွင့်ပြုလိုက်တယ်။ ဝဲလိဒ်တစ်ယောက် အရင်ကနဲ့မတူဘဲ အတော်ပြောင်းလဲလာတယ်။ ပြုံးပြုံးရွှင်ရွှင် တက်တက်ကြွကြွရှိလာတယ်။ သူ့ဇနီးကတော့ ဝဲလိဒ် Depression ကနေသက်သာလာတော့မယ်ဆိုပြီး ဂျလဲကိုကျေးဇူးတင်နေတယ်။ ဒါပေမဲ့ ဂျလဲကြောင့် ဝဲလိဒ်ကပြောင်းလဲသွားတာလား… ဝဲလိဒ်ကဂျလဲကိုပြောင်းလဲလိုက်တာလား… ဇာတ်ကောင်နှစ်ယောက်ရဲ့မတူညီတဲ့အမူအကျင့်တွေနဲ့ Chemistry မိတဲ့သူတို့ရဲ့ Friendship ကို ပီပီပြင်ပြင်ပုံဖော်ထားတာကိုတွေ့ရမှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ဇာတ်လမ်းက Dark ဘက်ကို ဘယ်လိုရောက်သွားမလဲဆိုတာ ကြည့်ရှုပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုHnin Ei Paiမှ ပြန်ဆို ရေးသားထားပါတယ်)...

An Unforgettable Year: Summer (2023) ⭐IMDB: 5.4/10 (114 Votes) 🎬 #Drama #Romance #Western 🗓 2023 🎞 movie 📺 #1080p #720p 💿 2.1 GB ⦿ 1.1 GB 🌎 #Brazil ⏰ 1 နာရီ 41 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 An Unforgettable Year – Summer(2023) ************************************* An Unforgettable Year : Summer 2023 “ကာနေဗယ်”လို့ပြောလိုက်တာနဲ့ ဘရာဇီးနိုင်ငံရဲ့ နှစ်စဉ်နှစ်တိုင်း ၅ရက်တာကျင်းပတဲ့ အကြီးဆုံးပွဲတော်ကြီးကို ပြေးမြင်ကြမှာပါ။ ကာနေဗယ်ပွဲကိုနှစ်စဉ် ခရစ်တော်ရဲ့ရက်၄၀ဥပုသ်မတိုင်ခင်မှာ ကျင်းပကြပြီး ဥပုသ်ရက်မတိုင်ခင် စားသောက်ဖွယ်ရာတွေကိုနောက်ဆုံးအကြိမ်စားသောက်ပြီး တီးမှုတ်ကခုန်ကာ ဆင်နွှဲကြတာလို့ဆိုပါတယ်။ အရောင်ပြိုးပြိုးပြက်ပြက်နဲ့ ၀တ်စုံတွေ မျက်နှာဖုံးတွေ၀တ်ဆင်ပြီး အလှပြယာဉ်တွေနဲ့အတူ တီးမှုတ်ကခုန်ရင်း စီတန်းလှည့်လည်ကျင်းပကြတာပါ။ကာနေဗယ်ပွဲတွေထဲမှာမှ ရီယိုမြို့မှာကျင်းပတဲ့ ကာနေဗယ်ပွဲတော်ကြီးကတော့အကြီးဆုံးဖြစ်ပြီး ပွဲတော်ကာလအတွင်း ရီယိုမြို့ရဲ့လမ်းတွေထဲမှာ လူ၂သိန်းခန့်ပါ၀င်ဆင်နွှဲကြတယ်လို့ဆိုပါတယ်။ “အင်ယာ”က ဖက်ရှင်မှာဝါသနာထုံသူတစ်ဦးဖြစ်ပြီး သူ့ရဲ့အိပ်မက်ကတော့ ပဲရစ်ကဖက်ရှင်ကောလိပ်တစ်ခုမှာသွားတက်ရဖို့ပါ။ ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူတဲ့ အဖေဖြစ်သူကတော့ ဒါကိုလုံး၀သဘောမကျဘဲ သူနဲ့အတူစည်းရုံးရေးတွေပဲလိုက်ဆင်းစေချင်ပြီး ကာနေဗယ်ပွဲတော်ကိုလည်း လုံး၀မကြိုက်တဲ့သူတစ်ဦးပါ။ တစ်ရက်မှာတော့ ကျောင်း၀င်ဖွင့်ရဖို့အတွက် ရီယိုမြို့ကိုသွားဖို့လိုအပ်လာရာကနေ ရီယိုမြို့ရဲ့နာမည်ကြီးဆမ်းဘားအကသင်တန်းကျောင်းတစ်ခုဖြစ်တဲ့ ပိုတယ်လာကျောင်းအတွက် ကာနေဗယ်၀တ်စုံတွေချုပ်‌ပေးတဲ့နေရာမှာ ၀င်ရောက်ကူညီဖို့အကြောင်းဖန်လာပါတော့တယ်။ ဒီလိုနဲ့ ကာနေဗယ်ပွဲတော်အတွက်၀င်ရောက်ကူညီရင်း အင်ယာတစ်ယောက် ဘယ်လိုမိတ်ဆွေအသစ်တွေနဲ့‌တွေ့မလဲ၊ နောက်ဆုံးမှာရော သူတက်ချင်နေတဲ့ကောလိပ်အတွက် လိုအပ်နေတဲ့အကူအညီကို ရပါ့မလားဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။ ဒီဇာတ်ကားလေးထဲမှာ ရီယိုမြို့ရဲ့အလှတရားတွေကို ပေါ်တူဂီသီချင်းတွေနဲ့ လှလှပပပုံဖော်ရိုက်ကူးထားပြီး ဘရာဇီးနိုင်ငံသားတွေ ကာနေ‌ဗယ်ပွဲတော်ကြီးကို တပျော်တပါးဆင်နွှဲကြပုံကိုလည်း မြင်တွေ့ရမှာဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေကြည့်ရှုဖို့ကောင်းတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။...

Excision (2012) ⭐IMDB: 6.1/10 (24 k Votes) 🎬 #Drama #Horror #Comedy 🗓 2012 🎞 movie 📺 #1080p #720p 💿 965.9 MB ⦿ 448.4 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Horror Movies တွေရိုက်ကူးတဲ့ ဒါရိုက်တာ Richard Bates,Jr ရိုက်ကူးထားတဲ့Horror/Drama ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်အဓိကဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ AnnaLynne McCord ကတော့ဒီထဲမှာ ပေါ်လင် ဆိုတဲ့ ကောင်မလေးနေရာကနေသရုပ်ဆောင်ထားပါတယ်2012 ခုနှစ်မှာထွက်ရှိခဲ့ပြီးတော့ rating လည်း အသင့်အတင့်ရရှိထားတဲ့ကားလေးပါပေါ်လင်မှာ ညီမလေးတစ်ယောက်ရှိပြီးတော့ ဆယ်ကျော်သက်အရွယ်လေးတွေပေါ့အရာရာကို လက်တည့်စမ်းချင်ကြတဲ့အရွယ်ဖြစ်ပြီးတော့ ပေါ်လင်မှာက ထူးထူးခြားခြားစိတ်ကူးယဉ်လိင်စိတ်တက်ကြွမှုလေးတစ်ခုရှိနေတာပဲစည်းကမ်းတင်းကြပ်ပြီ မိန်းမကောင်းလေးတွေဖြစ်ဖို့ ရှေးရိုးစွဲနေတဲ့ အမေနဲ့ကျောင်းတွင်းဆက်ဆံရေးအခြေအနေလေးတွေကနေ ပေါ်လင်တစ်ယောက် ဘာတွေလုပ်မိမှာလဲ……မိဘ မောင်နှမ သူငယ်ချင်း အားလုံးနဲ့ ဘယ်လိုဆက်ဆံရေးတွေရှိပြီးတော့သူ့ရဲ့ စိတ်ကူးတွေ ရည်မှန်းချင်တွေကို ဘယ်လိုရအောင် အကောင်အထည်ဖော်မလဲ……စတာတွေကို ရိုက်ကူးပုံဖော်ထားတာတွေကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်...

Eraser (2023) ⭐IMDB: 9.1/10 (13 Votes) 🎬 #Drama 🗓 2023 🎞 movie 📺 #1080p #720p 💿 1.2 GB ⦿ 541.5 MB 🌎 #Malaysia ⏰ 1 နာရီ 43 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Eraser (2023) ************ ရွာလေးတစ်ရွာမှာကေတီနဲ့ အာမက်တို့ဟာ ရွာရဲ့ အုတ်ဂူကမ္ဗည်းကျောက်တိုင်လုပ်ငန်းကိုလုပ်ပြီးအသက်မွေးနေထိုင်ပါတယ်၊သူတို့မှာ အက်ဇ်မန်နဲ့ အာရီဆိုတဲ့ ကျောင်းသားအရွယ်သားနှစ်ယောက်လည်းရှိတယ်၊ အက်ဇ်မန်က မိန်းကလေးအသက်ရွယ်တူကြားမှာ ပေါ်ပြူလာဖြစ်တဲ့သူတစ်ယောက်ပါ။ တစ်နေ့ အာမက်တို့သားအဖနှစ်ယောက်အိမ်ပြန်လမ်းမှာအကူအညီတောင်းလို့အဖော်မဲ့နေတဲ့ သားအမိနှစ်ယောက်ကိုအိမ်ခေါ်လိုက်ရတယ်။ သူတို့နှစ်ယောက် ဒီရွာဝန်းကျင်ကမဟုတ်ဘဲအခြားနေရာကနေထွက်ပြေးလာတာပါ၊ ဘယ်လိုအကြောင်းကြောင့်ထွက်ပြေးရတာလဲ၊ အာမက်တို့မိသားစုကရောဘယ်လိုတွေအကူအညီပေးမလဲဆိုတာ ကြည့်ရှုပေးပါဦး...

Shooting Stars (2023) ⭐IMDB: 6.5/10 (922 Votes) 🎬 #Biography #Drama #Sport #History 🗓 2023 🎞 movie 📺 #1080p #720p #480p 💿 1.8 GB ⦿ 775.4 MB ⦿ 454.8 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Shooting Stars (2023)================Genre – Biography, Drama, SportsIMDb Rating – 6.5/10 ဘတ်စကတ်ဘော အားကစားလောကမှာဆို မိုက်ကယ်ဂျော်ဒန်တို့ခေတ်ပြီးရင်ခု လဘရွန်းဂျိန်းစ်ဆိုတာကို ကြားဖူးကြမယ်ထင်ပါတယ်။ NBA ချန်ပီယံ ၄ ခါဖြစ်ထားတယ်၊ NBA သမိုင်းတလျှောက် အမှတ်အများဆုံးသွင်းယူသူ၊ နောက်ပြီး အိုလံပစ် ရွှေတံဆိပ်ဆုရှင်လည်း ဖြစ်ပါတယ်။ ဒီ သမိုင်းနောက်ခံ အားကစားဒရမ်မာ ရုပ်ရှင်လေးက သူကိုယ်တိုင်ရေးတဲ့ အထ္တုပတ္တိကို ပြန်လည် အသက်သွင်းထားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့အကြောင်းဆိုပေမဲ့လည်း သူတစ်ယောက်တည်းကို ကွက်ပြီး Hightlight လုပ်ပြတာမျိုး မရှိပဲ သူတို့ အထက်တန်းကျောင်းဘဝတုန်းက ပြည်နယ်ချန်ပီယံဖြစ်ခဲ့ရပုံတွေနဲ့ သူငယ်ချင်းတွေအကြောင်းကိုတစ်ယောက်စီ သေချာလည်း ပြသပေးထားတာမျိုး ဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့အကြောင်းအရာလေးကတော့ လဘရွန်းဂျိန်းစ်ရယ် ဒရူးဆိုတဲ့ လူကောင်အညှပ်ကလေးရယ် ရှရန်ဆိုတဲ့ဝတုတ်လေးရယ် ဝီလီဆိုတဲ့ ရင့်ကျက်တဲ့ကောင်လေးရယ်က အသက် ၁၀ နှစ်ကတည်းက Shooting Stars ဆိုတဲ့ အဖွဲ့အောက်မှာ ဘတ်စကတ်ဘော ကစားခဲ့ကြတာပါ။ နည်းပြကတော့ ဒရူးရဲ့ အဖေပေါ့။ဒီလိုနဲ့ အထက်တန်းကျောင်းတက်ရမယ့်အချိန်ရောက်တော့ ဒရူးအဖေက ဘတ်စကတ်ဘော သေချာကစားနိုင်မယ့် ကျောင်းတစ်ကျောင်းကို သေချာရွေးချယ်ပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီကျောင်းက နည်းပြက ဒရူးကို လူကောင်သေးလို့ အတူတူပေးကစားလို့ မဖြစ်ဘူး၊ ဂျူနီယာအသင်းပဲ ရမယ်ဆိုတော့ ဒရူးတစ်ယောက်လိုက်ရှာတဲ့အချိန် လူဖြူတွေများတဲ့ စိန့်ဗီကျောင်းမှာ ပြဿနာတွေနဲ့ ရောက်လာတဲ့ နည်းပြသစ် ဒန်ဘရော့နဲ့ ဆုံမိပြီး သူတို့တစ်ဖွဲ့လုံး ဘယ်လိုတွေ တိုးတက်ပြောင်းလဲလာပြီး အထက်တန်းကျောင်းချန်ပီယံ ဘယ်လိုရလာမလဲဆိုတာတွေ စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ။ လဘရွန်းဂျိန်းရဲ့ နာမည်ကျော်ကြားလာပြီး ဖိအားတွေ ကြုံရပုံတွေ ဒရူးရဲ့ လူကောင်သေးပေမဲ့ အပြောမခံပဲ ပြန်လုပ်ပြခဲ့တာတွေ ဝတုတ်လေးရှရန်ရဲ့ အကောင်းမြင်တတ်ပုံတွေ ဝီလီရဲ့ အားပေးမှုတွေနဲ့ သူငယ်ချင်းတွေကြားက သံယောဇဉ်ကို အားကစားနဲ့ ဖော်ကျူးထားတဲ့ Biography ရုပ်ရှင်လေးပါ။ Stranger Thing က Lucasလေးက ဒရူးအဖြစ် သရုပ်ဆောင်ထားတာကိုလည်း တွေ့ပါတယ်။ ဘတ်စကတ်ဘောနဲ့ ပတ်သက်တဲ့အသုံးအနှုန်းများကို တတ်နိုင်သလောက် ကြိုးစားပြန်ထားတဲ့အတွက် အမှားပါခဲ့ရင် ခွင့်လွှတ်ပေးကြပါလို့ ပြောချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)...

Hearts in the Game (2023) ⭐IMDB: 6.5/10 (430 Votes) 🎬 #Comedy #Romance #TVMovie 🗓 2023 🎞 tv movie 📺 #1080p #720p 💿 1.7 GB ⦿ 639.7 MB 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hearts in the Game (2023) ~ IMDb rating – 6.5/10 ~ ဒီတစ်​ခေါက် မိတ်ဆက်​ပေးမှာက​တော့ 2023 မှာထွက်ရှိထားတဲ့၊ ဇာတ်ညွှန်း​ကောင်း​ကောင်းနဲ့ ရိုက်ကူးထားတဲ့၊ ပျော်​စေတာ​ရော ဝမ်းနည်း​စေတာ​ရော ခံစား​စေရတဲ့ အချစ်ဟာသကား​လေး Hearts in the Game ပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ နယူး​ယော့ခ်မြို့မှာ သူ့ရဲ့လုပ်ငန်း​လေးကို အစပျိုးဖို့ကြိုးစား​နေတဲ့ ဆယ်လီနာမည်​ကျော်​တွေရဲ့ အရှုပ်​တွေ​ကောလဟလ​တွေကို အချစ်​တွေအဖြစ်ပြန်​ပြောင်းယူ​ပေးရတဲ့ ကိုယ်​ရေးကိုယ်တာတာဝန်ခံ ​ဟေဇယ်​မေလာတစ်​​ယောက် သူ့ရဲ့လုပ်ငန်းပိုမြဲ​ဖို့အခွင့်အ​ရေးတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒီအခွင့်အ​​ရေးက​တော့ ​ဘေ့​စ်​ဘော​လောကမှာ နာမည်​ကျော် ဘောလုံးပစ်သမားတစ်​ယောက်အဖြစ် ​ကျော်ကြား​နေတဲ့ သူ့ရဲ့ငယ်ချစ်​ဟောင်း ဒီ​အေဂိုဗက်စ်ကက်ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ကမ္ဘာ့စီးရီးပွဲစဥ်​တုန်းက အ​ကြောင်းတစ်စုံတစ်​​ရာ​ကြောင့် ကွင်းထဲမှာ ဆက်မကစားဘဲ ရပ်​နေမိတဲ့အတွက် အသင်းရဲ့ ဖလားရမယ့်အခွင့်အ​​ရေးကိုလွဲ​စေခဲ့တဲ့ ဒီ​အေဂိုတစ်​ယောက် ​ဘေ့စ်​ဘော​လောကထဲပြန်ဝင်ဖို့ ပရိသတ်​တွေရဲ့ အ​ကောင်းမြင်မှုကိုလိုအပ်​နေပါတယ်။ အဲဒီလိုပြန်ဝင်ဖို့အတွက် ​ဟေဇယ်ကကမ်းလှမ်းခံရပြီး ဒီ​​အေဂိုအ​ကြောင်း ​ဆောင်းပါး​ရေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အဲ့ဒီအ​ကြောင်း​ရေးဖို့ သူတို့ရဲ့ဇာတိ​လေးဆီပြန်လာရင်း သူတို့နှစ်​ယောက် အတိတ်တုန်းက ဘာလို့လမ်းခွဲခဲ့ရတာလဲ… သူတို့နှစ်​ယောက်ကြားမှာ အချစ်​တွေပြန်လည်​ပေါက်ဖွားလာမလား… ဒီ​အေဂို ကွင်းလယ်ထဲရပ်ခဲ့မိတာက​ရော ဘာ​ကြောင့်လဲ.. ဆိုတာ​တွေကို ရိုမန်တစ်ဆန်ဆန် ကြည့်ရမယ့် ကား​ကောင်း​လေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)...

Delicious Romance (2023) ⭐IMDB: 6.6/10 (65 Votes) 🎬 #Comedy #Drama #Romance 🗓 2023 🎞 movie 📺 #1080p #480p 💿 1.3 GB ⦿ 636.6 MB 🌎 #China ⏰ 2 နာရီ 1 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အရမ်းချစ်ကြတဲ့သူငယ်ချင်းသုံးယောက်ရဲ့အချစ်ရေးနဲ့အလုပ်အကိုင်တွေကိုဘယ်လိုတွေကျော်ဖြတ်ပြီးကိုင်တွယ်ကြလဲဆိုတာကို တင်ဆက်ထားတဲ့မိန်းကလေးတွေအတွက်အင်အားဖြစ်စေမယ့်အချစ်ဒရာမာကားလေးကိုCMမှတင်ဆက်ပေးလိုက်ပါတယ်။ -သာမန်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ Liu Jing ဟာစံပြစားသောက်ဆိုင်တစ်ခုဖွင့်လှစ်သော်လည်းအခြေနေမကောင်းတဲ့စီးပွားရေးအခြေအနေကြောင့် လမ်းကြောင်းပြောင်းဖို့တွေးနေခဲ့တယ်။ -လှပသောမိန်းကလေးဖြစ်တဲ့ Fang Xinဟာ သူဟာအလုပ်မှာအလှပြဖို့ပဲအသုံးဝင်တာ မဟုတ်ကြောင်း သက်သေပြဖို့စိတ်အားထက်သန်နေခဲ့ပေမယ့် ကိုယ်ဝန်ရလာလို့ သူ့ဘဝစည်းချက်တွေပျက်သွားပါတယ်။ -သန်မာတဲ့မိန်းကလေးဖြစ်တဲ့ Xia Mengက အနိုင်ရမှုနဲ့နေသားကျနေပေမယ့်အရှုံးကို ဘယ်လိုလက်ခံရမလဲဆိုတာ နားမလည်နိုင်သေးပါဘူး… ဘဝမှာဒုက္ခလေးတွေအမြဲကြုံနိုင်ပေမယ့်……သူငယ်ချင်းကောင်းဆိုတာကတော့ စိတ်ဓာတ်ခိုင်မာပြီးသတ္တိရှိရှိနဲ့ရှေ့ကို ဆက်လျှောက်ဖို့ ယုံကြည်မှုတစ်ခုပါပဲ……...

Charles Enterprises (2023) ⭐IMDB: 6.9/10 (400 Votes) 🎬 #Bollywood #Comedy #Drama #Family 🗓 2023 🎞 movie 📺 #1080p #720p 💿 2.3 GB ⦿ 1.0 GB 🌎 #India ⏰ 2 နာရီ 13 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Charles Enterprises (2023)IMDb 6.7 ဟိုးရှေးရှေးတုန်းက ကုန်းမြေ၈ခုဆုံတဲ့ နယ်မြေတစ်ခုရှိခဲ့တယ်တဲ့ တစ်နေ့တော့ အဲဒီကိုသူခိုးနှစ်ကောင်ရောက်လာပြီး ဘုရားကျောင်းထဲက ရတနာပစ္စည်းတွေခိုး ..ရောင်းချပြီးပျော်ပျော်ကြီးပေါပေါလျှံလျှံနေနေရသတဲ့ တစ်နေ့တော့ အတားအဆီးမှန်သမျှဖယ်ရှားပေးပါတယ်ဆိုတဲ့မဟာပိန္နဲရဲ့ ဆင်းတုကို မျက်စိကျသွားလေရဲ့ သူတို့ခိုးယူလာပေမဲ့ ဘယ်ဆိုင်ကမှ ဒီဆင်းတုကိုမဝယ်ရဲကြတော့သူခိုး၂ယောက် ဆင်းတုကိုနေရာမှန်ပြန်ထားဖို့ကိစ္စနဲ့ ရန်ဖြစ်ပါလေရော ဒီလိုနဲ့တစ်ယောက်က အုန်းပင်အမြင့်ကြီးပေါ်မှာ ဘယ်သူမှမမြင်အောင်သွားဖွက်ထားခဲ့လေသတဲ့ဆယ်စုနှစ်တွေအထိ ဘယ်သူမှမမြင်..သတိမထားမိဘဲ နေဒဏ်မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံခဲ့ရတဲ့ဆင်းတုက တစ်နေ့တော့ သူ့ဘုရားကျောင်းကိုပြန်ဖို့ လမ်းစရှာတွေ့ခဲ့လေတယ်…ဆိုတဲ့ဇာတ်လမ်းနဲ့အစချီပြီး မဟာပိန္နဲဆင်းတုကို ခိုးမဲ့ ဇာတ်ကားတစ်ကားပါ ဒီဇာတ်လမ်းထဲမှာ ဆင်းတုတွေလိုက်စုတဲ့ ပါဗသမ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်ကြိုက်တာတွေ့ရင် အိမ်အထိလိုက်ဝယ်တတ်တဲ့လူတစ်ယောက်..သူကြိုက်တဲ့ဆင်းတုကမိသားစုဘုရားကျောင်းထဲက မဟာပိန္နဲဆင်းတုဖြစ်နေတော့ ပိုက်ဆံဘယ်လောက်ပေးပေးမရောင်းဘူးဆိုတဲ့အဖွဲ့ရယ်လိုချင်တာမရရင် အိမ်မပြန်တတ်တဲ့ပါဗသမ်ရယ်တို့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင်( ဇာတ်လမ်းအညွှန်းကိုတော့ Yunniမှ ရေးသားပေးထားပြီးဘာသာပြန်တွေကတော့ Yunni~Thaik San~BpL~Aditi~Moonနဲ့ Zwe Yanတို့ပဲ ဖြစ်ပါတယ် )...

The First Time (2012) ⭐IMDB: 6.8/10 (72 k Votes) 🎬 #Comedy #Drama #Romance 🗓 2012 🎞 movie 📺 #1080p #720p #480p 💿 1.6 GB ⦿ 855.2 MB ⦿ 500.2 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဆယ်ကျော်‌သက်ကျောင်းသားအချစ်ဇာတ်မြူးကားလေးတွေကို ကြိုက်တတ်တဲ့သူတွေအတွက် (၂၀၁၂) ထွက် The First Time ဆိုတဲ့ ကျောင်းသားကား‌လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပါတီပွဲတစ်ပွဲမှာ ထူးဆန်းစွာတွေ့ဆုံကြရင်း ပေါက်ဖွားလာတဲ့ခံစားချက်တွေကြားက ဒေးဗစ်ဆိုတဲ့စီနီယာအထက်တန်းကျောင်းသားလေးနဲ့ အော်ဘရီဆိုတဲ့ ဂျူနီယာအထက်တန်းကျောင်းသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ တခြားလူတစ်ယောက်ကိုချစ်သွားဖို့အတွက် အချိန် (၂) စက္ကန့်ပဲလိုပါတယ်လို့ ဖတ်ဖူးပါတယ်။ ဒေးဗစ်နဲ့အော်ဘရီကြားမှာ ပေါက်ဖွားလာတဲ့သံယောဇဉ်ကြိုးဟာလည်း အချိန်တိုတွင်းနှစ်ယောက်သားကို ချည်နှောင်လိုက်တာပဲဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးဇာတ်မြူးကားလေးပဲဖြစ်တာမို့ ထူးထူးခြားခြားဇာတ်လမ်းအတက်အကျတွေ သိပ်မပါဘဲ ခပ်အေးအေးလေးပဲသွားမဲ့ ဇာတ်လမ်းသွားမျိုးဖြစ်ပါတယ်။ ဒီလိုပြောလို့ ပျင်းစရာကြီးနေမှာပါလို့ ထင်ကြမဲ့ပရိသတ်ကြီးအတွက်လည်း IMDB rating က 6.8 ထိရရှိထားတဲ့ သေချာပေါက်ကြည့်ရကျိုးနပ်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ပြောပြရစေခင်ဗျာ။ အဓိကဇာတ်ဆောင်တွေအနေနဲ့ ဒေးဗစ်အဖြစ် မင်းသား Dylan O’Brien က ပါဝင်သရုပ်ဆောင်ထားပြီး The Maze Runner, Teen Wolf စတဲ့ရုပ်ရှင်ဇာတ်လမ်းတွေမှာ မြင်တွေ့ဖူးထားသူမို့ မျက်နှာသစ်မင်းသားတစ်လက်တော့ မဟုတ်ပါဘူး။ အော်ဘရီနေရာကသရုပ်ဆောင်ထားတဲ့ မင်းသမီး Britt Robertson ကလည်း စာရေးဆရာကြီး Nicholas Sparks ရဲ့ Movie adaptation ဖြစ်တဲ့ The Longest Ride, Tomorrowland စတဲ့ movie တွေမှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ဖူးသူမို့ ဒီဇာတ်ကားက နာမည်ရမင်းသား၊ မင်းသမီးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ရိုက်ကူးတင်ဆက်ထားတဲ့ rating ကောင်းကောင်း‌ဇာတ်ကားကောင်းတစ်ကားပါလို့ ပြောပါရစေခင်ဗျာ။...

Road Movie (2002) ⭐IMDB: 6.5/10 (324 Votes) 🎬 #Adult #Drama #Romance 🗓 2002 🎞 movie 📺 #1080p #720p 💿 3.6 GB ⦿ 1.4 GB 🌎 #Belgium #SouthKorea ⏰ 1 နာရီ 53 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 *********************** ဒီနေ့မှာတော့ ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ 18+ BL ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Cast တွေအနေနဲ့ movie star တွေဖြစ်တဲ့ Hwang Jung-min နဲ့ Jung Chan တို့မင်းသားနှစ်ယောက်နဲ့ မင်းသမီး Seo Lin က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ အတိတ်ကိုဖုံးကွယ်ထားပြီးတော့ လမ်းပေါ်မှာပဲ ရှင်သန်နေထိုင်တဲ့ဒယ်ရှစ်၊ သူက ခက်ထန်တဲ့ပုံပေါ်ပေမဲ့ တစ်ခါတစ်လေမှာ ဝမ်းနည်းအထီးကျန်နေတဲ့ပုံလည်း ပေါ်ပါတယ်။ တစ်နေ့မှာတော့ ဒယ်ရှစ်က လမ်းပေါ်မှာ အရက်မူးပြီးလဲနေတဲ့ ဆော့ဝန်လို့ခေါ်တဲ့သူကို တွေ့ခဲ့တယ်။ အစက လှည့်ထွက်ဖို့လုပ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူနေတဲ့နေရာကို ခေါ်လာခဲ့လိုက်ပါတယ်။ ထပ်မချစ်တော့ဘူးလို့လုပ်ခဲ့ပေမဲ့ သူ့နှလုံးသားက ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ ဆော့ဝန်က စီးပွားပျက်ပြီး မိန်းမရဲ့စွန့်ပစ်မှုကိုပါ ခံလိုက်ရလို့ စိတ်ဓာတ်ကျပြီး ကိုယ်ကိုယ့်ကိုယ်သတ်သေဖို့ အမြဲကြိုးစားနေတဲ့သူပါ။ ဒယ်ရှစ်နဲ့တွေ့ပြီးတဲ့နောက်မှာတော့ ငြီးငွေ့စရာကောင်းတဲ့ လူအဖွဲ့အစည်းကနေ ရုန်းထွက်ပြီးတော့ ဒယ်ရှစ်နဲ့အတူ ခြေဦးထွက်ရာ ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲ့ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့…...

Female Urologists 2 (2020) ⭐TMDB: 66.0% User Score 🎬 #Adult #Drama #Romance 🗓 2020 🎞 Movie 📺 #1080p #720p 💿 1.5 GB ⦿ 651.9 MB 🌎 #SouthKorea ⏰ 1 နာရီ 12 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ****************************** ခပ်မိုက်မိုက်အမျိုးသမီး(၂)ဦးက ဆေးခန်းထိုင်ကြပါတယ်.. သူတို့ ဝန်ဆောင်မှုပေးတဲ့ကုသနည်းတွေက အတော်ဆန်းကြယ်ကြပါတယ်.. ကုသခံရတဲ့အမျိုးသားတွေကလည်း စိတ်ကြည်နူးပျော်ရွှင်ပြီးပြန်သွားလေ့ရှိတယ်.. ဘယ်လိုတွေကုပြီး ဘယ်လိုတွေဝန်ဆောင်မှုပေးလဲဆိုတာတော့ ဖန်သားပြင်ပေါ်တွင်ရှု…...

An Unforgettable Year: Autumn (2023) ⭐IMDB: 6.8/10 (70 Votes) 🎬 #Drama #Romance #Music 🗓 2023 🎞 movie 📺 #1080p #720p 💿 2.3 GB ⦿ 929.9 MB 🌎 #Brazil ⏰ 1 နာရီ 43 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 An Unforgettable Year – Autumn(2023) ************************************* ဆောင်းဦးရာသီမှာ ဖြစ်ပျက်လေ့ရှိတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုကိုရိုက်ကူးပြထားတဲ့ ဘရာဇီးကားလေးပါ။ဇာတ်လိုက်ဖြစ်တဲ့ ကောင်လေးနဲ့ ကောင်မလေးဟာ ဘဝဖြတ်သန်းပုံချင်း၊ ရည်မှန်းချက်ချင်းမတူဘဲ ဆုံဆည်းခဲ့ရပုံလေးကိုမြင်တွေ့ရမှာပါ။ဘာလို့ဆို ကောင်လေးက ဂီတမှ ဂီတ အရူးအမူးဖြစ်နေပြီး ဘဝကို သီချင်းနဲ့ပဲဖြတ်သန်းဖို့ စိတ်ကူးထားသူပါ။လူငယ်ပီပီ ‌ပေါ့ပေ့ါပါးပါး လွတ်လွတ်လပ်လပ် ပျော်ပျော်နေတတ်ပြီး အိပ်မက်တစ်ခုနောက်လိုက်နေသူပေါ့ကောင်မလေးကျတော့ ဂီတကို လုံးဝမကြိုက်တဲ့အပြင်နာကျည်းနေပါသေးတယ်။ နာကျည်းတာကလည်း အကြောင်းအရင်းတော့ရှိပါတယ်။ပြီးတော့ ကောင်မလေးစိတ်ဝင်စားတာကတော့ သေချာရေရာတဲ့ ရှေ့နေအလုပ်။ဒီအလုပ်ကို ရဖို့အတွက် ဘာမဆို ဘေးဖယ်ပြီး ကြိုးစားလွန်းသူလေးပါ။ကံကြမ္မာကြောင့်ပဲ သူတို့ နှစ်ယောက် ဆောင်းဦးရာသီလေးတစ်ခုမှာ ဘယ်လိုတွေ့ဆုံကြုံကွဲရမလဲဆိုတာ သီချင်းလေးတွေလိုက်နားဆင်ရင်း ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ။...

Black Site (2022) ⭐IMDB: 4.4/10 (3 k Votes) 🎬 #Action #Thriller 🗓 2022 🎞 movie 📺 #1080p #720p 💿 1.2 GB ⦿ 442.9 MB 🌎 #UnitedStates #Australia #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Black Site(2022) *************** ပုဆိန်လို့ နာမည်ဝှက်နဲ့ခေါ်ကြတဲ့ လူသတ်၊ခြေရာဖျောက်ရာမှာသိပ်ကျွမ်းကျင်တဲ့ အကြမ်းဖက်သမားတစ်ယောက်ရှိတယ်။လူသတ်ရာမှာလည်း ဓားတစ်လက်ကို ပိုင်ပိုင်နိုင်နိုင်သုံးပြီး သားကောင်တွေကို ဘယ်သူမှန်းမသိစေဖို့ မျက်နှာကိုအရေခွံခွာသွားပါသေးတယ်တဲ့။ဇာတ်လမ်းကတော့ အဲ့ဒီပုဆိန်ဆိုတဲ့ လူသတ်သမားနဲ့ အကျဥ်းထောင်က အရာရှိတစ်အုပ် ဘတစ်ပြန် ကျားတစ်ပြန်သတ်ပုတ်ကြတဲ့ action thrillerကားပါ။ဇာတ်လမ်းအကျဥ်းကတော့ အက်ဘီဟာ ရာဇဝတ်မှုတွေကို စီစစ်ရသူ၊ အကျဥ်းသားတွေကို စစ်မေးရသူ စီအိုင်အေ အေးဂျင့်တစ်ယောက်ပါ။လက်ရှိမှာလည်း အကြမ်းဖက်သမားတွေရဲ့ဗုံးခွဲတိုက်ခိုက်မှုတစ်ခုကို စစ်ဆေးမေးမြန်းနေရင်း လျှို့ဝှက်အကျဥ်းထောင်တစ်ခုမှာ တာဝန်ထမ်းဆောင်နေတာပါ။ဒီဗုံးခွဲမှုဟာ အရပ်သားဆေးရုံကိုဗုံးခွဲခဲ့တာဖြစ်ပြီး အက်ဘီရဲ့ခင်ပွန်းဖြစ်သူနဲ့ သမီးဖြစ်သူကိုလည်း ပေါက်ကွဲမှုမှာသေဆုံးသွားပါတယ်။အမှုနောက်လိုက်ရင်းလိုက်ရင်းက လက်သည်ဟာ ပုဆိန်နဲ့ ပတ်သက်နေမှန်းသိလိုက်ရတယ်။ ခက်တာက ပုဆိန်ဆိုတာ ဘယ်သူမှန်းမသိသလို ဘယ်သူမှမမြင်ဖူးပါဘူး။သို့ပေမဲ့ တစ်နေ့မှာ အထူးရဲတပ်ဖွဲ့တွေက ပုဆိန်ကိုဖမ်းမိခဲ့ပြီး အက်ဘီရှိရာ အကျဥ်းထောင်ကိုစစ်ဆေးမေးမြန်းဖို့လွှဲပေးလိုက်ပါတယ်။ပုဆိန်လို လူသူမသိခြေရာဖျောက်နိုင်တဲ့ အကြမ်းဖက်သမားက အဖမ်းခံရရိုးလား၊ တမင်အဖမ်းခံပြီး ထောင်ထဲရအောင်ဝင်လာတာပါ။သူ့ရဲ့ရည်မှန်းချက်အစစ်က ဘာဖြစ်မလဲ၊ စီအိုင်အေး အေးဂျင့်တွေကြား ဘယ်လိုလှည့်ကွက်တွေလာဦးမလဲဆိုတာတော့အက်ရှင်ကားကြိုက်သူတို့အတွက် ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါပြီ။...

Antiviral (2012) ⭐IMDB: 5.7/10 (15 k Votes) 🎬 #Horror #ScienceFiction #Mystery #SciFi #Thriller 🗓 2012 🎞 movie 📺 #1080p #720p #480p 💿 1.3 GB ⦿ 629.2 MB ⦿ 357.5 MB 🌎 #Canada #France ⏰ 1 နာရီ 47 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 (IMDb 5.7 Rotten Tomatoes 65%ရထားတဲ့ Sci-fi Horror ကားတစ်ကားပါ) လူတွေက ကိုယ်ကြိုက်တဲ့ဆယ်လီတွေကို ဘယ်လောက်အတိုင်းအတာအထိစွဲလမ်းနိုင်ကြမယ်လို့ထင်လဲ။ သူတို့၀တ်သလိုလိုက်၀တ်စားမလား သူတို့နေထိုင်သလို‌လိုက်နေထိုင်မလား ဒါမှမဟုတ် အဆုံးစွန်ထိတွေးကြည့်မယ်ဆိုရင် အဲဒီဆယ်လီနဲ့ ချွတ်စွပ်တူသွားအောင် ကိုယ့်ကိုကိုယ် ပလတ်စတစ်ဆာဂျရီလုပ်လိုက်မလားပေါ့။ ဒီကားထဲကလူတွေရဲ့ ဆယ်လီတွေအပေါ်စွဲလမ်းကြပုံကတော့ ဘယ်သူမှလိုက်မမီတဲ့အဆင့်တစ်ခုကိုရောက်ရှိလို့နေပါပြီ။ လူတွေက သူတို့စွဲလမ်းတဲ့ဆယ်လီတွေဆီမှာဖြစ်နေတဲ့ ရောဂါတွေကို လိုက်ခံစားချင်လို့ အဲဒီရောဂါတွေကိုလိုက်၀ယ်ကြပါတယ်။ ဒါကိုသိတဲ့ဆယ်လီတွေကလည်း သူတို့ဆီမှာရောဂါတစ်ခုဖြစ်တိုင်း အဲဒီရောဂါဗိုင်းရပ်စ်ပိုးကို ရောင်းစားကြပါတယ်။ ဥပမာ- ဒီလူတစ်ယောက်က သူစွဲလမ်းနေတဲ့ဆယ်လီရဲ့နှုတ်ခမ်းမှာဖြစ်နေတဲ့ရေယုန်ကို တစ်ထပ်တည်းခံစားချင်လို့ ဆေးခန်းမှာလာပြီး အဲဒီဗိုင်းရပ်စ်ထိုးဆေးကို၀ယ်တယ်ပေါ့။ လူးကပ်စ်ဆိုတဲ့ဆေးခန်းကတော့ ဆယ်လီတွေမှာဖြစ်နေတဲ့ ရောဂါပိုးဗိုင်းရပ်စ်တွေကို ထိုးဆေးထဲထည့်ပြီးရောင်းနေတဲ့နေရာပါ။ ဆစ်မတ်ဆိုတဲ့လူကတော့ လူးကပ်စ်ဆေးခန်းမှာအလုပ်လုပ်နေသူပေါ့။ သူကဆေးခန်းက ဗိုင်းရပ်စ်နမူနာတွေကို ဘုန်းပြီး မှောင်ခိုဈေးကွက်မှာလည်း ပြန်ပြန်ရောင်းစားရင်း သူကိုယ်တိုင်လည်း ဒီထိုးဆေးတွေကိုခိုးသုံးနေတဲ့သူပါ။ အဲဒီမှာ ရောဂါပိုး၀ယ်လိုအားအများဆုံးရထားတဲ့ ဟားနားဂရိုက်စ်ဆိုတဲ့ နာမည်ကြီးဆယ်လီဆီက ဗိုင်းရပ်စ်ထိုးဆေးကို ဆစ်မတ်တစ်ယောက် ခိုးသုံးပြီးနောက်ပိုင်းမှာတော့ ဟားနားလည်း အမည်‌ဖော်လို့မရတဲ့ရောဂါနဲ့သေဆုံးသွားခဲ့တဲ့အခါမှာ ဟားနားဂရိုက်စ်နဲ့နောက်‌ဆုံး ထိတွေ့ခဲ့ရတဲ့ ဆစ်မတ်ဟာ ဟားနားခံစားခဲ့ရတဲ့‌ ဝေဒနာတွေကိုခံစားလာရပြီး သူ့ပရိတ်သတ်တွေ၊ ဖောက်သည်တွေရဲ့ မျက်စိကျစရာဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ဆစ်မတ်တစ်ယောက် ဒီအရှုပ်တော်ပုံကြီးကိုဘယ်လိုအဖြေရှာပြီး အသက်ဆက်ရှင်ဖို့ကြိုးစားမလဲဆိုတာကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားက တော်တော်လေး ရူးကြောင်ကြောင်လည်းနိုင် စိတ်ညစ်စရာလည်းကောင်း အော်ဂလီဆန်စရာတွေလည်းအများကြီးပါတာမလို့ စိတ်ဆင်းရဲခံနိုင်မှသာကြည့်ကြဖို့သတိပေးလိုက်ပါရစေ)...

The Wanderers (2023) ⭐TMDB: 0.0% User Score 🎬 #Comedy 🗓 2023 🎞 Movie 📺 #1080p #720p 💿 2.1 GB ⦿ 848.7 MB 🌎 #SouthKorea ⏰ 1 နာရီ 39 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Wanderers(2023) ********************* ဂယောင်းမိုဆိုတဲ့ လူငယ်လေးဟာ ဂျယ်ဂျူကျွန်းကို ပြောင်းသွားတဲ့ သူ့စီနီယာကို တွေ့ဖို့အတွက် ဂျယ်ဂျူကျွန်းကို သွားလည်ပါတယ် သူ့စီနီယာ ရောက်ရှိနေတဲ့ ဂျယ်ဂျူက ရွာလေးမှာတော့ တစ်ရွာသားလုံး လူထူးလူဆန်း‌တွေလို့ ပြောရလောက်အောင်ကို ထူးဆန်းတဲ့သူချည်း စုနေတာပေါ့… အဲဒီ ထူးခြားဆန်းပြားတဲ့ လူတွေထဲမှာမှ နာထာဆိုတဲ့ မိန်းကလေးကို ဂယောင်းမိုတစ်ယောက် မျက်စိကျမိသွားတော့တယ်… အကြောင်းအရင်းကတော့ သူ့ရဲ့ရည်းစားဟောင်းနဲ့ ဆင်တူနေလို့ပါပဲ ဒါပေမဲ့ ဂယောင်းမိုက သူ့ရည်းစားဟောင်းရဲ့ အပြာရောင်ဂါ၀န်ကိုသာ မှတ်မိပြီး မျက်နှာရော တခြား ဘယ်အချက်ကိုမှ မှတ်မိမနေပါဘူ..း တကယ်ပဲ ဂယောင်းမိုတစ်ယောက် အဲဒီရွာလေးက လူထူးလူဆန်းတွေနဲ့ ဘယ်လို အထူးအဆန်းကိစ္စလေးတွေကို တွေ့ကြုံရမလဲမိန်းမလှလေး နာထာနဲ့ရော ဘယ်လို‌ဇာတ်လမ်းလေးတွေ ပေါ်ပေါက်လာမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော့…...

Showing Up (2022) ⭐IMDB: 6.6/10 (2 k Votes) 🎬 #Comedy #Drama 🗓 2022 🎞 movie 📺 #1080p #720p #480p 💿 1.9 GB ⦿ 1.7 GB ⦿ 534.7 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb rating – 6.7/10 2022 ခုနှစ်ထွက် art movieတစ်ခုကို ပရိတ်သတ်ကြီးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းထဲမှာဆိုရင် ဇာတ်လမ်းဇာတ်သွားတစ်ခုလုံးကို အနုပညာဆန်ဆန် အပိုအလိုမရှိ ရိုက်ကူးတင်ဆက်ထားပြီးတော့ အနုပညာကျောင်းမှာ ပညာသင်ပေးတဲ့ပုံစံတွေ…ဆန်းသစ်တီထွင်ဖန်တီးထားတဲ့ လက်ရာဆန်းတွေ.. ဓာတ်ပုံရိုက်ချက် အလင်းအမှောင်တွေကအစ လှပတဲ့ဆေးရေးပန်းချီကားတစ်ချက်ကို ထိုင်ကြည့်နေရသလို ပရိတ်သတ်ကြီးကို ခံစားသွားစေမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုဆိုလည်း မမှားပါဘူး ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.. ပါရမီအရည်အချင်းအပြည့်ရှိတဲ့ ပန်းပုပညာရှင် လစ်ဇီတစ်ယောက် သူမရဲ့ ပြိုင်ဘက်လည်းဖြစ်သလို အိမ်ပိုင်ရှင်လည်းဖြစ်တဲ့ ဂျိုနဲ့ သိပ်ပြီးမပြေလည်တဲ့ဆက်ဆံရေးတစ်ခု ရှိနေခဲ့ပါတယ်.. တစ်နေ့မှာတော့ လစ်ဇီရဲ့ကြောင်ဒဏ်ရာရအောင် လုပ်မိသွားတဲ့ ခိုလေးကို ဂျိုက ကယ်တင်ပေးခဲ့ပြီး လစ်ဇီကိုခဏလောက် ကြည့်ထားပေးဖို့မှာခဲ့ပါတယ် တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က လစ်ဇီရဲ့ ပန်းပုအရုပ်တွေ အပြီးလုပ်ရမယ့်နေ့ဖြစ်နေပြီး ခိုကိုပါကြည့်ရှုနေရတာကြောင့် မအားမလပ်ဖြစ်နေပါတော့တယ်..နောက်တစ်နေ့ မီးလင်းဖိုကို လစ်ဇီအပူပေးထားတဲ့ အရုပ်တွေကိုသွားကြည့်တဲ့အချိန် အရုပ်တစ်ရုပ်လောင်ကျွမ်းသွားတဲ့အခါမှာတော့…လစ်ဇီနဲ့ဂျိုကြားက ဆက်ဆံရေးက ဘယ်လိုပြောင်းလဲသွားမလဲ.. ပန်းပုပြပွဲအတွက် ဒီပန်းပုရုပ်နဲ့ပဲ တင်ဆက်ပြသသွားမှာလား..လစ်ဇီရဲ့ရှုပ်ထွေးလှတဲ့မိသားစုဆက်ဆံရေးတွေကရော ဘယ်လိုဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းမှာကြည့်ရှူရမှာပါ။...

The Tank (2023) ⭐IMDB: 4.6/10 (2 k Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 📺 #1080p #720p #480p 💿 1.5 GB ⦿ 868.3 MB ⦿ 425.2 MB 🌎 #NewZealand #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဘန်နဲ့ ဇနီးဖြစ်သူ ဂျူးလ်တို့ဟာ မမျှော်လင့်ထားပဲနဲ့ ကမ်းရိုးတန်းဒေသမှာရှိတဲ့ အပန်းဖြေအိမ်ကြီးတစ်အိမ်ကို အမွေဆက်ခံဖို့ဖြစ်လာပါတယ်။နှစ်လေးဆယ်လောက် လူသူမနေတဲ့အိမ်ကြီးကို ဘန်တို့မိသားစုသွားကြည့်တဲ့အခါမှာ အိမ်အိုကြီးပတ်လည်မှာ အလွန်တရာလှပတဲ့ ကမ်းခြေနဲ့သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတာကို တွေရပါတယ်။ ခြံဝန်းထဲမှာလည်း မြေအောက်စမ်းရေနဲ့ချိတ်ဆက်ထားတဲ့ အလွန်တရာမှကြီးမားတဲ့ရေလှောင်ကန်ကြီးလဲရှိနေပါတယ်။ဘန်ရဲ့အမေက ဒီအိမ်အကြောင်းကို ဆုံးပါးသွားချိန်အထိ ဘာလို့လျှို့ဝှက်ခဲ့တာလဲ။ အိမ်ကြီးထဲမှာရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် သည်းထိပ်ရင်ဖို ဇာတ်ကားတစ်ကားဖြစ်ပါတယ်။...

The Collection (2012) ⭐IMDB: 6.1/10 (52 k Votes) 🎬 #Horror #Thriller #Action #Adventure 🗓 2012 🎞 movie 📺 #1080p #720p #480p 💿 1.4 GB ⦿ 762.9 MB ⦿ 430.9 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDB 6.1/10 Rotten tomatoes 35% 2012 ကထွက်ရှိခဲ့တဲ့ The Collection ရုပ်ရှင်ဟာဆိုရင်ဖြင့် ၂၀၀၉ခုနှစ်ကထွက်ခဲ့တဲ့ The Collector ဆိုတဲ့ ရုပ်ရှင်ကားရဲ့အဆက်လို့တောင်ပြောလို့ရပါတယ်။ ဒီရုပ်ရှင်ကတော့ တစ်နေ့မှာ အယ်လီနာဆိုတဲ့ ကောင်မလေးတစ်ယောက်က သူမရဲ့ သူငယ်ချင်းတွေနဲ့အတူပါတီတစ်ခုကိုသွားရမှာ အဲ့ပါတီက လူအစုလိုက်အပြုံလိုက်သတ်တဲ့နေရာတစ်ခုဖြစ်နေရာမှ ထွက်ပြေးရန်ကြိုးစားရင်းကနေ The collector ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရသူတစ်ယောက်ပဲဖြစ်ပါတယ်။ အာကင်ဆိုတဲ့လူကတော့ The collector ဆီကနေ လွတ်မြောက်လာတဲ့လူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သူဆီကို အယ်လီနာအဖေရဲ့ လက်ထောက်ကနေရောက်လာပြီး အယ်လီနာကိုကူရှာပေးဖို့ပြောရာကနေ အယ်လီနာကို The collector လက်ကနေဘယ်လိုကယ်ထုတ်သွားမလဲဆိုတာကိုရင်ခုန်စွာကြည့်ရမယ့် horror, thrillerအမျိုးအစားဖြစ်ပါတယ်။...

Thamilarasan (2023) ⭐IMDB: 5.9/10 (65 Votes) 🎬 #Action #Bollywood #Drama #Thriller 🗓 2023 🎞 movie 📺 #1080p #720p 💿 1.9 GB ⦿ 1020.8 MB 🌎 #India ⏰ 2 နာရီ 5 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tamilarasan (2023)IMDb – 6.2/10 တမီးလ်အနုပညာလောကမှာ တေးရေး၊တေးဆို၊ရုပ်ရှင်အယ်ဒီတာ၊အသံဖမ်းအင်ဂျင်နီယာ၊ဒါရိုက်တာအဖြစ်နဲ့ ဘက်စုံထူးချွန်လှတဲ့ မင်းသားကြီး ဗီဂျေးအန်တိုနီ၊Ramaiya Vastavaiya (2013)ထဲမှာ ညီမဖြစ်သူကို သိပ်ချစ်ပြီးမြင်းရုပ်လေးလုပ်ပေးတဲ့ အကိုကြီးနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး ဆိုနူး၊ပရိသတ်အချစ်တော် ဟာသမင်းသား လူရွှတ်ကြီး ယိုဂီဘာဘူတို့ပါဝင်ထားပါတယ်။မင်းသား ဗီဂျေးအန်တိုနီက ဇာတ်လမ်းရဲ့နာမည်အတိုင်းပဲ တမီးလ်ရာဆန်နေရာကနေရဲတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း“ကျွန်တော့်ရင်ထဲကအထက်အရာရှိအပေါ် လေးစားမှုက အပြင်မှာရှိနေတဲ့အရာရှိအပေါ်လေးစားမှုထက်ပိုနေပါတယ် ကျွန်တော့်ရင်ထဲကအရာရှိက ဆရာခိုင်းတာကိုမလိုက်နာဖို့ပြောပါတယ်” ဆိုတဲ့ အရာရှိတမီးလ်တစ်ယောက် ဆန္ဒပြပြည်သူတွေကိုအသက်အန္တရာယ်ပြုဖို့ ငြင်းဆန်မှုကြောင့် တာဝန်ကရပ်ဆိုင်းခံခဲ့ရပါတယ်။ ချစ်ရတဲ့ ဇနီးရယ်သားလေးရယ်နဲ့ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားပေမဲ့ သားဖြစ်သူကို နှလုံးအစားထိုးကုသမှရမယ်ဆိုတဲ့အဖြစ်ဆိုးကြီးနဲ့ကြုံလိုက်ရပါတယ်။သွားတက်မိတဲ့ဆေးရုံကလည်း သပွတ်အူလိုရှုပ်ထွေးလှတဲ့လူကြီးချင်းလက်ဝါးရိုက်လုပ်နေတဲ့ ကိစ္စတွေများတဲ့ဆီဖြစ်နေတော့ နှလုံးအစားထိုးကုသဖို့စာရင်းစောင့်နေရတာရယ် ငွေရေးကြေးရေးမပြည့်စုံတဲ့အတွက် ကုသစရိတ်လိုက်ရှာရတဲ့အရာရှိတမီးလ်တစ်ယောက်၊ သားဖြစ်သူအတွက် အသက်ကိုပါ ပေးဆပ်ဖို့အသင့်ဖြစ်နေတဲ့တမီးလ်ရာဆန်တစ်ယောက် သူ့အပေါ်ကျရောက်လာမယ့် ကံကြမ္မာဆိုးတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းပြီးအခက်အခဲတွေကို ကျော်လွှားနိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Thaik San ~ chiclon3 ~ Khin Khin ~ BpL ~Yunni ~Zwe ~ Cherryတို့ပဲဖြစ်ပါတယ်)...

The Flash (2023) ⭐IMDB: 7.4/10 (44 k Votes) 🎬 #Action #Adventure #Fantasy #SciFi 🗓 2023 🎞 movie 📺 #1080p #720p #480p 💿 3.0 GB ⦿ 1.4 GB ⦿ 962.1 MB 🌎 #UnitedStates #Canada #Australia #NewZealand ⏰ 2 နာရီ 24 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Flash (2023) ============= HDTC versionပါ။ ကြော်ငြာရေစာတွေပါပါတယ် မျက်စိနောက်ပါမယ်။ အသံ သိပ်မကြည်သေးပါ။ ရုပ်တော့အတော်လေးကြည်ပါပြီ။ ဒီရုပ်ရှင်မျိုးကတော့ ကြည်တောက်ရှင်းကိုပဲ ကြည့်တာအကောင်းဆုံးပါပဲ။ မစောင့်နိုင်တော့တာတို့ ဇာတ်လမ်းသိချင်ရုံတို့ဆိုတဲ့လူတွေအတွက် ဘာသာပြန်ပြီးတင်ပေးထားတာပါ။ ဒီရုပ်ရှင်ဟာ Flash ရဲ့ ပထမဆုံး Live Action ရုပ်ရှင်ပဲဖြစ်ပါတယ်။ အရင်က Flash ဟာ အခြားရုပ်ရှင်တွေ၊ ကာတွန်းတွေနဲ့ စီးရီးတွေမှာပဲ ပါဖူးပါတယ်။ Flash ဟာ စီးရီးမှာရော ရုပ်ရှင်မှာရော အစွမ်းအကုန်မပြသေးတာဖြစ်ပေမဲ့ ဒီစီရဲ့ စွမ်းအားအကြီးဆုံး ဟီးရီုးတွေထဲက တစ်ယောက်ပါပဲ။ အပြေးမြန်ရုံတင်မက၊ အချိန်-အာကာသကို ပြင်နိုင်စွမ်းတွေ၊ စကြာဝဠာကူးနိုင်စွမ်းတွေ၊ အနန္တလက်သီး၊ လျှပ်စီးလှိုင်း၊ လေမုန်တိုင်း၊ မော်လီကျူးထိန်းချုပ်နိုင်စွမ်း၊ ဒဏ်ရာအမြန်ပြန်ကောင်းနိုင်စွမ်း၊ စူပါဉာဏ်ရည်၊ အမြန်နှုန်းနဲ့ တွေးတောနိုင်စွမ်း စသဖြင့် ပြောမကုန်အောင်ပါပဲ။ ဒီရုပ်ရှင်ဟာတော့ ဖလက်ရှ်ပွိုင့် ဝိရောဓိ ကာတွန်းဇာတ်ကြောင်းကိုပဲ အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်မတိုင်ခင် ရှေ့မှာ ကာတွန်းတစ်ကားနဲ့ ဖလက်ရှ်စီးရီး စီစန် ၃ တို့မှာ Paradox story ကို အခြေခံပြီး ရိုက်ကူးထားတာ ရှိပါသေးတယ်။ ဒီရုပ်ရှင်ဟာ ဝမ်းဒါးဝူးမန်းနဲ့ အက်ကွာမန်းတို့တုန်းကလို အော်ရဂျင်စတိုရီမဟုတ်ဘဲ၊ ဖလက်ရှ်တစ်ယောက် အတိတ်ကို ပြန်သွားပြီး သူ့အမေကို ကယ်ဖို့ ကြိုးစားရင်း စကြဝဠာကြီးကမောက်ကမဖြစ်ပုံကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဖလက်ရှ်ရဲ့ အချိန် ခရီးသွားပုံဟာ အမြန်နှုန်းနဲ့ ဆက်စပ်နေတဲ့အတွက် အိုင်းစတိုင်းရဲ့ နှိုင်းရသီဝရီ၊ Time dilation နဲ့ အထူးနှိုင်းရသီဝရီကို အခြေခံထားတာဖြစ်ပါတယ်။ အကြမ်းဖျဉ်းပြောရရင် အမြန်နှုန်းဟာ ကိန်းသေမဟုတ်ဘဲ၊ တိုင်းတာသူရဲ့ နေရာ အမြန်နှုန်းအပေါ် မူတည်ပြီး ပြောင်းလဲသလို အရာဝတ္ထုတစ်ခုရွေ့လျားရာမှာ အချိန်ဟာလည်းလိုက်ရွေ့လျားတာမို့ အချိန်နဲ့အမြန်နှုန်းဟာလည်း ဆက်စပ်နေပါတယ်။ ဒါပေမဲ့ အလင်းတစ်ခု ခရီးသွားရာမှာတော့ အမြန်နှုန်းဟာ ကိန်းသေ 299 792 458 m/s ဆိုပြီး မှတ်သားထားကြပါတယ်။ အလင်းရဲ့ အမြန်နှုန်းဟာ အမြန်ဆုံးအဖြစ် သတ်မှတ်ထားကြသလို ဘယ်အရာဝတ္ထုမှ လက်တွေ့မှာ အလင်းထက်မြန်အောင် မသွားနိုင်ပါဘူး။ ဒီလိုသွားဖို့အတွက် စွမ်းအင် အဆုံးအစမရှိလိုအပ်ပြီး၊ ဒြပ်ထုတွေအနေနဲ့လည်း မပြိုကွဲဘဲ မနေနိုင်ပါဘူး။ အလင်းဟာ တစ်နေရာနဲ့တစ်နေရာသွားဖို့ အချိန်ဆိုတာမလိုအပ်သလောက်ဖြစ်နေပြီး အလင်းရဲ့ခရီးသွားနှုန်းဟာ အချိန်ကို သုညဖြစ်သွားစေသလို ဖြစ်နေပါတယ်။ အလင်းနဲ့ အမြန်နှုန်းနဲ့သွားနေရင် အချိန်ဟာ ရပ်သွားသလို ဖြစ်သွားပါပြီ။ ဒီတော့ သီဝရီအားဖြင့်တော့ အရာဝတ္ထုတစ်ခုဟာ အလင်းထက်မြန်အောင် သွားနိုင်ရင် အချိန်ဟာ သုညကနေ ဆက်လျော့ဖို့ မရှိတာကြောင့် အနုတ်ဖြစ်လာပါတယ်။ ဒီတော့ အတိတ်ကို ပြန်ပြန်ရောက်သွားပါတယ်။ ဖလက်ရှ်ဟာ အလင်းထက်မြန်အောင်ပြေးနိုင်ပြီး ပြေးဖို့အတွက် စွမ်းအင်နဲ့ သူ ပျက်စီးမသွားဖို့အတွက်ကာကွယ်ပေးတဲ့ Speed Force ရှိနေတာကြောင့် အချိန်ခရီးသွားခြင်းဟာ သူ့အတွက်ဖြစ်နိုင်သွားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဖလက်ရှ်ရဲ့ အမေဟာ ဘယ်သူသတ်သွားမှန်းမသိ အသတ်ခံထားရပြီး၊ ဖလက်ရှ်ရဲ့ အဖေကလည်း အဲဒီလူသတ်မှုနဲ့ ထောင်ထဲကိုရောက်နေတာဖြစ်ပါတယ်။ မိဘမဲ့အဖြစ် ကြီးပြင်းလာတဲ့ ဘယ်ရီအယ်လန်ဟာ သူ အချိန်ကိုနောက်ဆုတ်ပြီးသွားနိုင်ကြောင်းသိလာတဲ့အခါ အချိန်ခရီးသွားပြီး သူ့မိဘတွေကို ကယ်ဖို့ကြိုးစားပါတော့တယ်။ အဲဒီလို ကြိုးစားရင်းကနေ စကြဝဠာတစ်ခုလုံး အချိန်စီးကြောင်း ပြောင်းလဲပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီပြောင်းလဲမှုတွေကြောင့် DC Universe ဟာ သရုပ်ဆောင်ပြဿနာတွေ ဇာတ်လမ်းအချိတ်အဆက်မညီတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး၊ အပြိုင်စကြဝဠာ ပွင့်သွားပြီဖြစ်တာကြောင့် ကြိုက်တဲ့သရုပ်ဆောင်နဲ့ ဇာတ်လမ်းအသစ်တွေကို ဖန်တီးနိုင်တော့မှာဖြစ်ပါတယ်။ ဖလက်ရှ်ဟာ စကြဝဠာကြီးကိုရုပ်ရှင်ထဲမှာရော အပြင်မှာပါ ကယ်တင်လိုက်တဲ့ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို အစက သတ်မှတ်ထားတဲ့ရက်ဟာ မသေချာသေးပေမဲ့ အစမ်းပြသတဲ့ပွဲမှာ The Dark Knight နောက်ပိုင်း ဒီစီရုပ်ရှင်တွေထဲမှာ လူကြိုက်အများဆုံးနဲ့ အမှတ်အများဆုံးရလာတာကြောင့် အမြန်ဆုံး ရုံတင်ဖို့ စီစဉ်ခဲ့တာပဲဖြစ်ပါတယ်။ ဘာလို့ အစမ်းပြပွဲမှာ ဒုတိယအကောင်းဆုံး ဒီစီရုပ်ရှင်အဖြစ် ပြောကြတာလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုပြီးပဲ ဆုံးဖြတ်လိုက်ပါတော့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)...