uz
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
The Twilight Samurai (2002) ⭐TMDB: 78% User Score 🎬 #Drama #Romance 🗓 2002 🎞 movie 🌎 #Japan ⏰ 2 နာရီ 9 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 8.1/10 Rotten Tomatoes – 99% ဂျပန်မင်းသားလို့ဆိုလိုက်တာနဲ့ ရုပ်ရှင်ပရိတ်သတ်တွေ အရင်ဆုံးပြေးမြင်ကြမှာကတော့ “Hiroyuki Sanada” ပဲဖြစ်မှာပါ။ The Last Samurai, 47 Ronin, John Wick, Mortal Combat နဲ့ Shōgun တို့အပြင် များစွာသောဟောလိဝုဒ်ထိပ်တန်း ဇာတ်ကားတွေမှာ ဂျပန်ဆိုတာနဲ့ သူ့မျက်နှာကြီးပဲပေါ်ပေါ်လာတဲ့အထိအောင်မြင်တဲ့ ဆရာသမားပါ။ သူအဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားတဲ့ ဒီ The Twilight Samurai ဆိုတဲ့ historical-drama ရုပ်ရှင်ဟာလည်း ဂျပန်ပြည်တွင်းမှာ Japanese Academy Awards ၁၂ ဆုအထိ စံချိန်တင်ရရှိခဲ့ပြီး Hollywood’s 76th Academy Awards မှာလည်း အကောင်းဆုံးနိုင်ငံခြားရုပ်ရှင်ဆုအတွက် ဇကာတင်ချိတ်နိုင်ခဲ့ပါတယ်။ ကဲ… ဘုန်းတော်ဖွဲ့နေတာတွေရပ်ပြီး ဇာတ်လမ်းအကြောင်းပြောပါ့မယ်။ ဇာတ်အိမ်က ၁၉ ရာစုအလယ်ပိုင်း ဂျပန်နိုင်ငံမှာ တည်ပါတယ်။ အဲဒီတုန်းက ဂျပန်ဟာ နိုင်ငံရေးပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေတဲ့အပြင် ပြည်သူတွေမှာလည်း အငတ်ဘေး ရောဂါဘေးဆိုက်နေတဲ့ကာလ၊ “အိဂုချိ” ဆိုတဲ့ ဆင်းရဲပေမယ့် စိတ်ထားမွန်မြတ်တဲ့လူတစ်ယောက်ဟာ သူ့နယ်မြေနန်းတော်မှာ အငယ်တမ်းဆာမူရိုင်းအဖြစ် အမှုတော်ထမ်းနေပါတယ်။ အစိုးရအောက်တန်းစာရေးလို ရာထူးမျိုးဆိုတော့ သိကြတဲ့အတိုင်း မလောက်မငှရတဲ့အထဲမှာ မိန်းမက တီဘီဖြစ်ပြီး ဆုံးလေရဲ့။ လူမမယ်သမီးလေးနှစ်ယောက်ရယ်၊ ရောဂါသည် အမေအိုကြီးရယ်နဲ့ အိဂုချိတစ်ယောက် လောကအလယ်မှာ ဒေါင်ချာစိုင်းပြီးကျန်ခဲ့တုန်း ငယ်ချစ်ဦး “တိုမိုအဲ” နဲ့ မထင်မှတ်ပဲ ပြန်တွေ့ဖို့အကြောင်းဖန်လာပါတယ်။ တိုမိုအဲက သူဘာကောင်ကြီးဖြစ်နေနေ မေတ္တာရှိရှာပေမယ့် ကလေးနှစ်ကောင်နဲ့ လုံးလည်ချာလည်လိုက်ပြီး ရေတောင် နပ်မှန်အောင်မချိုးနိုင်တဲ့ အစိုးရဝန်ထမ်း ဘဝသမားလေး အိဂုချိကတော့ တိုမိုအဲကိုပါ ဒုက္ခတွင်းထဲ ဆွဲမသွင်းရက်ဘူးပေါ့လေ။ အမှန်တော့ သူကလည်း ကြိုက်ပါတယ်။ ကြိုက်လို့ပဲ မမူနိုင်တော့တဲ့အဆုံး ဖွင့်ပြောပြီး လက်ထပ်ခွင့်တောင်းမယ်လည်းဆိုရော ကံဆိုးမ အိဂုချိတစ်ယောက် အသက်နဲ့ရင်းပြီးထမ်းဆောင်ရမယ့်တာဝန်တစ်ခု ပေးအပ်ချင်းခံရပါတော့တယ်။ ဘယ်လိုတာဝန်မျိုးလဲ… အိဂုချိတစ်ယောက် အသက်ရှင်ရက်မှ ပြန်လာနိုင်ပါ့မလား… ချစ်လှစွာသော တိုမိုအဲကရော သူပြန်လာတဲ့အချိန်ထိ သစ္စာရှိရှိစောင့်နေမှာလား… လက်ရှိအနေအထားနဲ့ ဆန့်ကျင်ဘက် ၁၉ ရာစုနှစ် ဂျပန်နိုင်ငံကြီးကို နောက်ခံထားပြီး ကြည်နူးချည်တစ်ဖုံ ရင်မောချည်တစ်လှည့် ဆက်လက်ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာ။
...

Dhonima (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 46 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dhonima 2024 ဒိုနီမာ ယစ်ထုတ်ကြီး‌ယောက်ျားနဲ့ရထားတဲ့ ဒါနမ်တစ်ယောက်ကတော့အားကိုးမရဘဲ ကိုယ်တိုင်ရုန်းကန်ရင်း မိသားစုကိုထောက်ပံ့နေရသူပေါ့။ ဖြစ်ချင်တော့ သားလေးကလည်း နားမှာချို့ယွင်းချက်ဖြစ်နေတော့ခွဲစိတ်ဖို့ ငွေကလည်း လိုနေပြန်တာပေါ့။ ဒါပေမဲ့ အဖေဖြစ်သူက အိမ်တွင်းရေးကိစ္စနဲ့ပတ်သက်လို့ ဘာမှစိတ်မဝင်စားတာဝန်မယူလေတော့ စားဝတ်နေရေးက ပိုပိုကြပ်တည်းလာ‌တာပေါ့။ ဒါပေမဲ့ ဒီလိုကြပ်တည်းနေတဲ့ကြားက ဒါနမ်တစ်ယောက် အမှိုက်ပုံထဲကနေခွေးပေါက်လေးတစ်ကောင်ကို သနားလို့ဆိုပြီး သားလေးလည်းအဖော်ရအောင်ကောက်ပြီးမွေးစားလိုက်ပါတော့တယ်။ အဲဒီခွေးကလေးကတော့ ဒိုနီမာဆိုတဲ့ ဂိုးဒင်းရီထရီဗာအမလေးပါပဲ။သိပ်လိမ္မာတဲ့ ဒိုနီမာလေးက တစ်အိမ်လုံးရဲ့အချစ်တော်ဖြစ်ပြီးမိသားစုတစ်ပိုင်းဖြစ်လာချိန်ကျမှ ယစ်ထုတ်ကြီးအဖေကဒီခွေးလေးကို အကြွေးဆပ်ဖို့ရောင်းစားလိုက်တဲ့အခါ…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)
...

The Treacherous (2015) ⭐IMDB: 6.1/10 (2 k Votes) 🎬 #Adult #Crime #Drama #Historical #History #Thriller 🗓 2015 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 11 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Treacherous (2015) IMDb Rating (6.1) / Rotten Tomatoes (62%) နာမည်ကြီး မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ Kingdom မှ Ju Ji-Hoon , Wonderful World မှ Kim Kang-Woo , The Glory မှ Lim Ji Yeon နဲ့ Dare To Love Me မှ Lee Yoo-Young တို အဓက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားဟောင်းလေး< The Treacherous > ကို တင်ဆက်ပေးလိုက်ပါတယ်… 🔞 18+ ဇာတ်ဝင်ခန်းတွေ တော်တော်များများ ပါဝင်တာမလို့ အသက်ပြည့်ပြီးသူများသာ ကြည့်ကြဖို့ အကြံပြုပါရစေ – ဇာတ်လမ်းအကျဉ်း – ဘုရင်ယွန်းဆန်းက သူ့ရဲ့မိခင် မိဖုရားယွန်းကို မိဖုရားရာထူးကနေ ဖြုတ်ချရေးမှာ ပူးပေါင်းပါဝင်ခဲ့တဲ့သူအားလုံးကို သုတ်သင်ရှင်းလင်းပစ်ပြီးနောက်မှာ အရူးတစ်ပိုင်းလို ဖြစ်သွားပါတော့တယ်..ဒီသုတ်သင်ပွဲကို တမင်ဖြစ်မြှောက်အောင် နောက်ကွယ်ကနေ သွေးထိုးပေးနေသူကတော့ အမတ်အင်ဆုန်းဂျယ်တို့ သားအဖနှစ်ယောက်ဖြစ်ပါတယ်..သူတို့နှစ်ယောက်ဟာ ဘုရင်အကြိုက်လိုက်ပြီး သူတို့ရှင်းလင်းလိုသူတွေကို တဖက်လှည့်နဲ့ ရှင်းလင်းဖို့ အကွက်ချစီစဉ်ခဲ့ကြတာပါ…နန်းတွင်းထဲမှာလဲ ဘုရင်က ကာမဂုဏ်အာရုံမှာပဲ ထွေပြားနေပြီး စိတ်ပါမမှန်တော့တာမလို့ အမတ်အင်ဆုန်းဂျယ်တို့သားအဖက ဘုရင့်အမိန့်ဆိုပြီး သူတို့လုပ်ချင်ရာကို လုပ်နေကြပါတော့တယ်။ ဘယ်လောက်ထိယုတ်မာကြလဲဆိုရင် ဘုရင်ယွန်းဆန်းကို ခစားပြုစုပေးဖို့ဆိုတဲ့ခေါင်းစဉ်တပ်ကာတနိုင်ငံလုံးက မိန်းမပျိုတွေကို အတင်းအဓမ္မစုဆောင်းတဲ့ “မိန်းမလှစုဆောင်းရေးတပ်ဖွဲ့” ကို ဖွဲစည်းဖို့ဘုရင်ကိုနားချပါတော့တယ်။ဘုရင်ကလဲ မူမမှန်တော့ စိတ်ကြိုက်သာချပါဆိုပြီး အဆိုပါတပ်ဖွဲ့ကို အမတ်အင်ဆုန်းဂျယ်ကို ဦးဆောင်စေခိုင်းလိုက်တဲ့အခါမှာတော့…အင်ဆုန်းဂျယ်တို့အကြိုက်တွေ့သွားပြီး သူတို့အိမ်နိမ့်စံဘဝမှာ နှိပ်ကွပ်ခဲ့တဲ့ အမတ်တွေ လူတွေအိမ်က မိန်းမပျိုတွေအကုန်လုံးကို အတင်းအဓမ္မနန်းတွင်းသို့စုဆောင်းပါတော့တယ်။ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ အင်ဆုန်းဂျယ်တယောက် အကုန်လုံးကို ဒုက္ခပေးနေရင်းနဲ့လှပတဲ့ သားသတ်သမလေး (Lim Ji-Yeon) ကို တွေ့သွားတဲ့အခါမှာတော့….ချစ်ခြင်းနဲ့အာဏာကြားမှာ ဘယ်လိုတွေဗျာများသွားရမလဲဆိုတာ…..။ ဒီရုပ်ရှင်က ကိုရီးယားသမိုင်းထဲက ဖြစ်ရပ်မှန်တခုကိုအခြေပြုလို့ရိုက်ကူးထားတာဖြစ်ပါတယ်။
...

Diary of a Wimpy Kid: Rodrick Rules (2011) ⭐IMDB: 6.6/10 (38 k Votes) 🎬 #Comedy #Family 🗓 2011 🎞 movie 🌎 #Canada #Japan #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Diary of a Wimpy Kid: Rodrick Rules (2011) ~ IMDb – 6.6/10, Rotten Tomatoes – 48% ~ ခြောက်တန်းပြီးလို့ ၇ တန်းရောက်လာတဲ့ ငပိန်ကောင်လေး ဆန့်ကျင်ဖက်လိင်ကို စတင်စိတ်ဝင်စားတတ်လာပါပြီ။ ကျောင်းပြောင်းလာတဲ့ အချောလေးကတော့ သူ့ရဲ့ပစ်မှတ်ပေါ့။ ဒါပေမဲ့လည်း အလယ်တန်းကျောင်းတိုက်ပွဲမှာ အလဲအလဲအကွဲကွဲနဲ့ ခံနေရတာတွေကို တွေ့ရမှာပါ။ ဒီဇာတ်ကားက ကျောင်းက တိုက်ပွဲအကြောင်းမဟုတ်ပါဘူး သူ့အစ်ကိုနဲ့ ဆက်ဆံရေးအကြောင်းပါ။ သူ့အစ်ကိုကလည်း တခြားနေရာတွေမှာ အပျင်းတကာ့ထိပ်ခေါင်ဆိုပေမဲ့ သူ့ကို စဖို့နောက်ဖို့ ကြပ်ဖို့အတွက်တော့ အတက်ကြွဆုံး အကြိုးစားဆုံးနဲ့ သူ့ကို အနိုင်ကျင့်ရတာ အားကစားသာဖြစ်ခဲ့ရင် ရွှေတံဆိပ်ဆုပါပေးသင့်တဲ့အားကစားသမားလိုပါပဲ။ အဲဒီတော့ ငပိန်လေးရဲ့ ၇ တန်း ဒိုင်ယာရီမှာ သူ့အစ်ကိုနဲ့ ကြားကဆက်ဆံရေးကို ပြုပြင်ပြီး ကျောင်းသူသစ်လေးနဲ့ဆက်ဆံရေးကို တံတားထိုးဖို့ ကြိုးစားတာကိုတွေ့ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)
...

Janaka Aithe Ganaka (2024) ⭐IMDB: 9.0/10 (2 k Votes) 🎬 #Bollywood #Drama #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 18 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 .Janaka Aithe Ganaka 2024 (ဖခင်တစ်ယောက် ဖြစ်လာပြီဆိုရင်) ပရာဆပ်ဆိုတဲ့ကောင်လေးဟာ ငယ်စဉ်က ဖခင်ဖြစ်သူကိုမြေနေရာကောင်းတစ်ခုဖြစ်လာနိုင်မယ့်နေရာကောင်းတစ်ခုကိုဝယ်ခိုင်းခဲ့ပေမယ့် သူ့အဖေက လက်မခံပဲ တခြားနေရာမှာမြေကို ဝယ်ခဲ့လိုက်ပါတော့တယ်။ ဖြစ်ချင်တော့ ဖခင်ဖြစ်သူဝယ်ခဲ့တဲ့မြေနေရာဟာ ရေကန်ကြီးဖြစ်လာခဲ့ပြီးတော့သူဝယ်ခိုင်းလိုက်တဲ့နေရာကတော့ အရမ်းကို ဖွံ့ဖြိုးတိုးတက်ပြီးတော့ကွန်ဒိုတွေအများကြီးနဲ့ ဖြစ်နေပါတော့တယ်။ ဖခင်ဖြစ်သူဟာလည်းသူ့သားစကားဆို ဘယ်တော့မှ လက်မခံသလို သားဖြစ်သူဟာလည်းဒီအချက်ကိုပဲ နင်းပြီးပြောလေ့ရှိပါတယ်။ ဒီလိုနဲ့ အသက်တွေကြီးလာပြီးတော့ အိမ်ထောင်ရက်သားကျပြီးတဲ့နောက်မှာတော့ငွေကြေးမပြည့်စုံတဲ့အတွက် ပရာဆပ်ဟာ ကလေးယူဖို့အတွက်ကို ဝန်လေးလို့နေခဲ့ပါတော့တယ်။ ဒါပေမဲ့လည်း အလုပ်ကို ကြိုးစားလုပ်ရင်း Magic Wash ဆိုတဲ့အဝတ်လျှော်စက်ကုမ္ပဏီတစ်ခုမှာ အလုပ်ရခဲ့ပါတယ်။အဲဒီအချိန်ကျတော့မှ သူ့မိန်းမသွားချင်တဲ့ အူတီဆိုတဲ့နေရာကိုလိုက်ပို့ပေးဖို့ စိတ်ကူးယဉ်အိပ်မက်တွေ မက်ရင်းကလေးယူဖို့အတွက် စတင်ပြီးတော့ တွေးတောခဲ့ပါတော့တယ်။ ပရာဆပ်တစ်ယောက် ဖခင်တစ်ယောက်ဖြစ်လာပြီး သူ့ဖခင်နဲ့မတူအောင် ကလေးကို ပျိုးထောင်ပေးနိုင်ပါ့မလား ……….မပြည့်စုံတဲ့ဘဝကနေ ဘယ်လိုတွေ ကြိုးစားရုန်းကန်ပြီးတော့ ဘဝကို နေထိုင်သွားမလဲ…..ဆိုတာကို ကြည့်ရှုရမယ့် ဒရာမာကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒါတင်မကပဲ ဟာသမင်းသားကြီး Vennela Kishoreလည်း ပါတာဖြစ်လို့ဒရာမာဇာတ်ကားကို ဟာသလေးတွေနှောပြီးတော့ အခွီလေးတွေနဲ့ ကြည့်ရှုရမယ့် ဒရာမာကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Elyas (2024) ⭐IMDB: 5.9/10 (480 Votes) 🎬 #Action #Thriller 🗓 2024 🎞 movie 🌎 #India #Belgium #France #UnitedStates ⏰ 1 နာရီ 45 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ John Wick လို ဖိုက်တင်ခန်းတွေပါတဲ့၂၀၂၄ ခုနှစ်ထွက် ပြင်သစ်အက်ရှင်ကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ အယ်ယာစ့်ဟာ အာဖကန်နစ္စတန်ကပြန်လာတဲ့ ပြင်သစ်စစ်ပြန်ဟောင်းတစ်ယောက်ပါ။စိတ်ကျန်းမာရေးအခြေအနေအကြောင့် စစ်တပ်ကအထုတ်ခံရပြီးနောက်ပိုင်းလောကကြီးနဲ့အဆက်သွယ်ဖြတ်နေခဲ့ပါတယ် ။ တစ်ရက်မှာ အရှေ့အလယ်ပိုင်းကသူဌေးမိသားစုတစ်စုအတွက် လုံခြုံရေးအလုပ်လက်ခံမိရာက ဒီမိသားစုကိုလိုက်နေတဲ့ကြေးစားအဖွဲ့နဲ့ ငြိပါတော့တယ်။ သူဌေးသားအမိကို သက်စွန့်စံဖျားလိုက်ကာကွယ်ရင်းပြန်ဂွင်ဆင်ခံရတဲ့အခါ ဘယ်သူက သူ့ကိုဂွင်ဆင်ပြီး လုပ်ကြံနေတာလဲသူကာကွယ်နေတဲ့ မိသားစုနောက်ကွယ်မှာ ဘာတွေရှိလဲ ဒီမိသားစုကို ကြေးစားအဖွဲ့တွေ ဘာကြောင့် လိုက်ဖမ်းနေတာလဲစတဲ့မေးခွန်းတွေကို သူ့ရဲ့ စစ်သားအရည်အချင်းနဲ့ စစ်ပွဲအတွေ့အကြုံတွေကိုသုံးပြီး အဖြေရှာဖို့ ဖြစ်လာပါတယ်။ One man army အက်ရှင်ဇာတ်ဝင်ခန်းတွေကို ကြိုက်တဲ့ပရိတ်သတ်တွေအတွက် Elyas ဆိုတဲ့ ပြစ်သစ်အက်ရှင်ကားကောင်းကို တင်ဆက်လိုက်ရပါတယ်။
...

Diary of a Wimpy Kid (2010) ⭐IMDB: 6.2/10 (60 k Votes) 🎬 #Comedy #Drama #Family 🗓 2010 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Diary of a Wimpy Kid (2010) ~ IMDb – 6.2/10, Rotten Tomatoes – 54% ~ စာအုပ်အနေနဲ့ရော ဇာတ်ကားတွေ အနေနဲ့ပါ အောင်မြင်နေတဲ့ ငပိန်လေးရဲ့ ဒိုင်ယာရီ ပထမဆုံးဇာတ်ကားပါ။ ဇာတ်ကားမှာတော့ “ဒါက အလယ်တန်းကျောင်းသားလေးတစ်ယောက်ရဲ့ ဒိုင်ယာရီမဟုတ်ဘူး အလယ်တန်းကျောင်းမှာ မသေအောင်ဘယ်လိုနေရမလဲဆိုတဲ့ လမ်းညွှန်” လို့ ရွှတ်နောက်နောက်ရေးထားပါတယ်။ ဒီဇာတ်ကားလေးတွေကို ကြည့်ဖူးတဲ့သူတွေ များကြမှာပါ။ ဇာတ်ကားကိုကြည့်ပြီးတော့ ကိုယ်တိုင် အလယ်တန်းကျောင်းသားဘဝကို ပြန်ရောက်သွားသလိုသတိရဖြစ်ကြလိမ့်မယ်ထင်ပါတယ်။ ကလေးမဟုတ် ဆယ်ကျော်သက်မမြည် ဟိုမရောက်ဒီမရောက်၊ စကောစက၊ လအော့လအယ် လူချဉ်စရာ ကန့်လန့်အရွယ်လေးတွေပေါ့ဗျာ။ ကျောင်းမှာရော အိမ်မှာပါ အတွေးအခေါ်အဆန်းကြီးတွေတွေးပြီး ပေါက်ကရ လျှောက်လုပ်တာကို အဟုတ်ကြီးမှတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆရာကြီးထင်ဖူးကြတာကို ပြန်သတိရသွားအောင်လုပ်ပေးပါလိမ့်မယ်။ Chloë Grace Moretz ပေါက်စလေးကို ထည့်ထားတာက အလကားနေ ဇာတ်ကောင်အပိုထည့်ထားတဲ့ပုံပေါက် နေပေမဲ့ ကြည့်ရတာ ချစ်စရာကောင်းနေတော့လည်း အပြစ်မပြောချင်တော့ပါဘူး။ ဒါကတော့ ငပိန်ကောင်လေးရဲ့ ၆ တန်းနှစ်က ဒိုင်ယာရီလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)
...

The Kill Team (2019) ⭐IMDB: 6.0/10 (8 k Votes) 🎬 #Action #Drama #Thriller #War #Biography 🗓 2019 🎞 movie 🌎 #UnitedKingdom #Spain #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Kill Team (2019) IMDb…6.0 ဒီဇာတ်လမ်းထဲမှာ ဘရစ်မန်းဆိုတဲ့ မရိန်းတပ်သားတစ်ဦးဟာ ငယ်ငယ်လေးကတည်းကစစ်သားကောင်းတစ်ယောက်ဖြစ်ချင်နေတဲ့သူပီပီ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ခွင့်ရဖို့က သူ့အိပ်မက်ပဲ..ကံကောင်းထောက်မစွာ မရိန်းတပ်သားဖြစ်လာပေမဲ့ အာဖဂန်စစ်မြေပြင်ကို ပို့ခြင်းခံရတယ်…အာဖဂန်စစ်မြေပြင်ဟာ အချိန်မရွေးရန်သူတွေနဲ့ထိတွေ့နိုင်သလို အရပ်သားလား လက်နက်ကိုင်သူပုန်လားဆိုတာဝေခွဲရခက်ခဲလွန်းတဲ့ နေရာပါပဲ..ဆုံးဖြတ်ချက်လေးတစ်ချက်မှားတာနဲ့ ဘဝထဲက ပေးဆပ်ရနိုင်သလိုအသက်လည်းအချိန်မရွေးပျောက်သွားနိုင်ပါတယ်… ဒီနေရာကိုသူရောက်ခဲ့ပေမဲ့ သူစိတ်မပျက်ခဲ့ဘူး….ရောက်တဲ့အချိန် ကင်းထောက်တွေ မကြာခဏ ထွက်ရသလို အခက်အခဲမျိုးစုံလည်းတွေ့ခဲ့ရတယ်…ဒီနေရာမှာ သူမမျှော်လင့်ထားတဲ့ ဥပဒေပြင်ပ ကိစ္စမျိုးတွေကို သူ့ရဲ့ဘော်ရဲဘက်တွေကလုပ်ဆောင်တာကို သူတွေ့လိုက်ရတဲ့အခါမှာတော့…ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ပါဦး…ဒီကားက ဝုန်းဒိုင်းကြဲပစ်ခတ်သတ်ဖြတ်နေတဲ့စစ်ကားမဟုတ်ပေမယ့် တော်တော်စိတ်ဝင်စားဖို့ကောင်းသလို စစ်သည်တစ်ယောက်ရဲ့ ခံစားချက်တွေဘေးကျပ်နံကျပ်ဖြစ်နေတဲ့ကိစ္စတွေကို တွေ့ရတာမို့တော်တော်ကို ကြည့်လို့ကောင်းပါတယ်…ခံစားကြည့်ကြပါဦး… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်
...

Pind Aala School (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 54 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pind Aala School (2024)ကျေးရွာကျောင်းကလေး IMDb 7.5/10 ကျေးရွာလေးတစ်ရွာမှာကျောင်းဆရာအသစ်တစ်ယောက်ရောက်လာပါတယ်ကျောင်းကိုသူရောက်တဲ့အချိန် ပထမဆုံးသူတွေ့ရတဲ့မြင်ကွင်းကကျောင်းစောင့်တစ်ဦးကကလေးတွေကို ကိုးလေးလီသုံးဆယ့်ငါးလို့သင်နေတာကိုပါပဲ ကျောင်းစာသင်တဲ့နေရာနံဘေးမှာလဲရွာလူကြီးရဲ့နွားတွေကိုလာချည်ထားလို့အနံ့တွေအသံတွေနဲ့ဆူညံနေတာပါပဲရွာလူကြီးကိုနွားတွေမချည်ဖို့ပြောတဲ့အခါမှာလည်း ရွာလူကြီးကလှောင်လိုက်ပါသေးတယ် ဒါတင်မကနောက်ရက်ကျောင်းကိုလာတဲ့အခါကလေးတွေစားပွဲပေါ်ကိုလက်ဆောင်ပဏာအပြည့်လာတင်ထားတာတွေ့လို့မေးကြည့်တဲ့အခါမှာတော့အရင်ကျောင်းဆရာကက‌လေးတွေကိုလက်ဆောင်ယူလာခိုင်းတတ်တဲ့အကျင့်ရှိမှန်းလဲသိလိုက်ရပါတယ် အသစ်ခန့်ထားတဲ့ကျေးလက်ကျောင်းဆရာတစ်ယောက်ကသူ့ရဲ့ဆင်းရဲနွမ်းပါးလှတဲ့ကလေးတွေရဲ့ အလားအလာရှိတဲ့အနာဂတ်ကိုပံ့ပိုးဖို့ရာအရည်အသွေးပြည့်မှီတဲ့ပညာရေးကိုဘယ်လို ဆန်းသစ်တဲ့နည်းလမ်းတွေနဲ့သင်ကြားအကောင်အထည်ဖော်ဆောင်ရွက်သွားမလဲကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ် (အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်)
...

Jurnal Risa by Risa Saraswati (2024) ⭐IMDB: 4.2/10 (188 Votes) 🎬 #Documentary #Horror #Thriller 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 32 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jurnal Risa by Risa Saraswati (2024) “မခေါ်အပ်သော အမည်တစ်ခု” ဟော်ရာမှာ နာမည်ကျော်တဲ့ အင်ဒိုနီးရှားမှ အသစ်ထွက်ရှိလာသောမှတ်တမ်းရုပ်ရှင်ဆန်ဆန် ဟော်ရာကားအသစ်လေးကို တင်ဆက်လိုက်ပါတယ် ဂျာနယ်ရီဆာဆိုတာက အင်ဒိုမှာ နာမည်ကြီး Podcast တွေလုပ်တဲ့ ယူကျူချန်နယ်ဖြစ်ပြီးသူတို့ကို ဦးဆောင်သူကတော့ သရဲတစ္ဆေတွေနဲ့ ဆက်သွယ်နိုင်တဲ့ နာမည်ကြီးဆရာမဖြစ်သူရီဆာပဲ သူတို့ ဂျာနယ်ရီဆာအဖွဲ့က စူးစမ်းတတ်တဲ့ ဧည့်သည်လူငယ်အဖွဲ့ဝင်တွေကိုဖိတ်ခေါ်ပြီးနေရာတစ်ရာမှာ ရိုက်ကူးရေးသွားလုပ်ကြမှာ သူတို့ဆီမှာ နာမည်ကြီးတစ္ဆေသရဲနာမည်တွေလည်း ရှိသေးတယ် အဲဒီထဲမှာမှ ဆရာမကြီးရီဆာကိုယ်တိုင် ထုတ်မပြောရဲ၊ ယောင်လို့တောင် နာမည်ခေါ်လို့မရလောက်အောင်အန္တရာယ်ရှိတဲ့ ဝိညာဉ်ဆိုတာလည်း ရှိတယ် သူ့အမည်ကိုမှ အဖွဲ့ဝင်ကောင်မလေးက မတော်တဆခေါ်လိုက်မိတဲ့ အခါမှာတော့ ဘယ်လိုတွေ့ကြုံရမလဲပရိသတ်တို့က ဆက်လက်ကြည့်ရှုအားပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ V ~ ToMo ~ Alex ~ Yunni မှ ဖြစ်ပါတယ်
...

Diary of a Wimpy Kid: Dog Days (2012) ⭐IMDB: 6.3/10 (31 k Votes) 🎬 #Comedy #Family 🗓 2012 🎞 movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Diary of a Wimpy Kid: Dog Days (2012) ~ IMDb – 6.3/10, Rotten Tomatoes – 53% ~ ငပိန်လေးရဲ့ ၇ တန်းနှစ်ကုန် နွေရာသီကျောင်းပိတ်ရက် ဒိုင်ယာရီပါ။ နွေရာသီကျောင်းပိတ်ရက်မှာ ရင်းနှီးစပြုလာတဲ့ Crush လေးကို သူငယ်ချင်းအဆင့်က တက်အောင် တလွဲအစီအစဉ်တွေနဲ့ ဘယ်လိုကြိုးစားလဲဆိုတာကိုတွေ့ရမှာပါ။ ဒီအရှေ့က ဇာတ်ကားမှာ အစ်ကိုနဲ့ ကြားကဆက်ဆံရေးကို ပြင်ဆင်တာကိုတွေ့ခဲ့ရပြီးတော့ ဒီဇာတ်ကားမှာတော့ သူ့အဖေနဲ့ ဆက်ဆံရေး ပိုကောင်းအောင် ဘယ်လိုလုပ်လဲဆိုတာ တွေ့ရပါလိမ့်မယ်။ နောက်ထပ် သူ့ရဲ့အချစ်ဆုံး ရိုလီရဲ့ အဖေနဲ့ အမေတို့က ကြည့်မရဖြစ်နေတာ ဒီဇာတ်ကားမှာ ပိုဆိုးသွားပါတယ်။ ဟတ်ဖလေမိသားစုဝင် ခွေးလေးတစ်ကောင်လည်း တိုးလာပါသေးတယ်။ ခွေးကလည်း ငပိန်လေးလို ပြဿနာရှာတတ်တဲ့ကောင်လေးပါပဲ။ ထုံးစံတိုင်း ပျော်စရာ၊ ရယ်စရာ၊ ချစ်စရာကောင်းတဲ့ ငပိန်လေးရဲ့ ဒိုင်ယာရီ နောက်ဆုံးပိုင်းပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)
...

The Newly Appointed Female Teacher-Yuuhina Emily (IPZZ-375-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 1 နာရီ 59 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Yuuhina Emily ဆိုတဲ့  JAV မော်ဒယ်လေးက ပေါ်လာတာမကြာသေးပါဘူး… ဒါပေမယ့် မော်ဒယ်တယောက်လို ပြည့်စုံကြွယ်ဝတဲ့အလှတရားကြောင့် အားလုံးက အားပေးနေကြပါတယ် တကယ်လဲ အားပေးချင်စရာကောင်းအောင် သူမရဲ့အနေအထားက ပျိုမြစ်လတ်ဆတ်ပါတယ်။ IPZZ-307-Decensored ဒီဇာတ်လမ်းကတော့ နည်းနည်းကြမ်းတမ်းတဲ့သဘောနဲ့လူစုံတက်စုံပါဝင်ထားတာတွေ့ရမှာပါ… JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)
...

The Keeper (2018) ⭐IMDB: 7.3/10 (7 k Votes) 🎬 #Biography #Drama #Romance #War #History #Sport 🗓 2018 🎞 movie 🌎 #UnitedKingdom #Germany #Belgium ⏰ 1 နာရီ 59 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Keeper(2018) IMDb….7.5 ခင်ဗျားတို့ဘဝမှာ အလုပ်တစ်ခု ဒါမှမဟုတ် ဖြစ်တည်မှုတစ်ခုကို ဘယ်လောက်ထိ ရူးသွပ်ဖူးလဲ ဘယ်လောက်ထိ ရူးမိုက်ဖူးလဲ… ကျွန်တော်ပြောတာကို ယုံလိုက်ပါ…ဘယ်လောက်ပဲရူးသွပ်ပါတယ်ပြောပြော ဒီဖြစ်ရပ်မှန်ဇာတ်လမ်းထဲက မန်စီးတီးဂိုးသမားကြီးလောက်တော့ ခင်ဗျား မရူးသွပ်နိုင်ပါဘူး… သူ့နာမည်က ထရော့မန်း…ဂျာမန်လူမျိုး…ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်ထဲဝင်ခဲ့ပြီး အင်္ဂလန်တို့နဲ့ တိုက်ခိုက်ခဲ့သူ…ငယ်စဉ်ကလေးဘဝတုန်းက ဘောလုံးကန်ရင်ဘယ်သူမှမလုပ်ချင်တဲ့ ဂိုးသမားနေရာမှာ ကစားရင်း မန်စီးတီးလိုအသင်းမှာ ပင်တိုင်စံဂိုးသမားဖြစ်လာခဲ့တာ… ဒုတိယကမ္ဘာစစ်အတွင်း စစ်ရှုံးရာကနေ သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားခံရပြီး လေ့ကျင့်ရေးစခန်းတစ်ခုမှာ ပုံစံသွင်းခံရရှာတယ်…အဲ့ဒီကနေတဆင့် မြို့တွင်းဘောလုံးအသင်းတစ်ခုရဲ့ နည်းပြက သူ့ကိုသဘောကျလို့ အဲ့ဒီအသင်းမှာ ဂိုးဖမ်းခွင့်ရတယ်…အဲ့တာဟာ မန်စီးတီးဂိုးသမားတစ်ယောက်ဖြစ်လာဖို့အတွက် သူ့ရဲ့ အကောင်းဆုံး ခြေလှမ်းတစ်ခုပေါ့… ဒါပေမဲ့လည်း ထင်သလောက်တော့ မလွယ်ကူခဲ့ပါဘူး…ဂျာမန်လူမျိုးတစ်ယောက်ဖြစ်တဲ့ ထရော့မန်းဟာ အင်္ဂလန်မြေမှာတော့ လွယ်လွယ်မဝင်ဆန့်ခဲ့…အစစအရာရာ အခက်အခဲများစွာကိုကျော်ဖြတ်လို့ ဝါသနာအရင်းခံပြီး ကံကြမ္မာလှည့်ကွက်တွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကတော့ ဒီဖြစ်ရပ်မှန်ဇာတ်ကားလေးကိုပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါလို့… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်
...

Striking Rescue (2024) ⭐TMDB: 0% User Score 🎬 #Action #Crime 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 46 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ong bak မင်းသား တိုနာဂျားပါတဲ့ တရုတ် အက်ရှင် ရုပ်ရှင်အသစ်ပါ။ မွေ့ထိုင်းသမားနဲ့ တရုတ်သိုင်းသမားတွေတွေ့တာပေါ့။ ဒါရိုက်တာကလည်း အက်ရှင်ဒါရိုက်တာ Siyu Cheng မို့ အတိုက်အခိုက်ခန်းတွေ ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++ ပိုင်အန်းဆိုတဲ့လူဟာ ဂိုထောင်ညစောင့်တစ်ယောက်ပါ။ တစ်နေ့မှာ သူ့ရဲ့သမီးနဲ့မိန်းမကို ဘိန်းမှောင်ခိုဂိုဏ်းတစ်ခုက သတ်တာ ခံလိုက်ရယ်။ အဲဒီသတ်တဲ့လူတွေနောက်ကို လိုက်ရင် ဘိန်းမှောင်ခိုဂိုဏ်းခေါင်းဆောင်ကို သတ်နိုင်တဲ့အထိ လိုက်ကြိုးစားပါတော့တယ်။ အဲဒီအချိန်မှာပဲ သူသတ်ရမဲ့သူရဲ့ သမီးကို ကယ်ဖို့အကြောင်းဖန်လာပြီး သူနဲ့ ကလေးမလေးနဲ့ နှစ်ယောက် အခြားရန်သူတွေလက်ကလည်းလွတ်အောင်ပြေးရင်း သူ့အဖေကို ကယ်ဖို့နဲ့ သတ်ဖို့ အတူတူကြိုးစားကြရပါတော့တယ်။
...

Plastic (2013) ⭐TMDB: 0% User Score 🎬 #Crime #Drama #Horror 🗓 2013 🎞 movie 🌎 #China #Germany ⏰ 1 နာရီ 25 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရဲအရာရှိယိယုံကျန့်ဟာ တာဝန်ပြီးဆုံးလို့ ခွင့်ရက်ရှည်ယူချင်နေပေမယ့်မူးယစ်ဆေးဝါအသစ်တစ်မျိုးပေါ်လာတဲ့အတွက် အန်းယင်ဆိုတဲ့အတိတ်ကမြို့လေးဆီပြန်သွားရဖို့ဖြစ်လာခဲ့တယ်။ အရင်မူးယစ်ဆေးတွေထပ် အာနိသင်ပြင်းတဲ့ ကောင်းကင်ဘုံငှက်လို့ခေါ်တဲ့ဒီဆေးဟာ ဆေးသုံးသူတွေကြားမှာအရမ်းရောင်းရနေပြီးတော့ဆေးလွန်ပြီးသေတဲ့လူငယ်တွေလဲများလာခဲ့တယ်။ အဲဒါကြောင့် မူးယစ်ဆေးကြောင့် ဒုက္ခရောက်တဲ့သူတွေထပ်မရှိလာဖို့လူငယ်တွေကိုကယ်တင်ဖို့အတွက် မူးယစ်တိုက်ဖျက်ရေးရဲတပ်ဖွဲ့အတွက်ဒီမူးယစ်ဆေးရောင်းသူတွေကိုဖော်ထုတ်ဖို့ အရမ်းအရေးကြီးလာခဲ့တယ်။ရဲအရာရှိယိဟာ သဲလွန်စတွေနောက်လိုက်ရင်း သူ့ရဲ့သူငယ်ချင်းဟောင်းတစ်ယောက်ဟာမူးယစ်ဆေးဖြန့်ချီရေးနဲ့ပတ်သက်နေတဲ့ ကုမ္ပဏီကြီးမှာ အလုပ်လုပ်နေတာသိလိုက်ရတယ်။ မွေးရာပါရောဂါဖြစ်နေတဲ့သားလေးအတွက် ဘာမဆိုလုပ်ဝံ့တဲ့သူငယ်ချင်းကိုအမှားတွေဆက်မလုပ်ဖို့တားရင်း ကြီးမားတဲ့မူးယစ်ဆေးဂိုဏ်းကြီးကိုဖော်ထုတ်တဲ့ မှုခင်းဇာတ်လမ်းဖြစ်ပါတယ်။
...

Kyrie (2023) ⭐IMDB: 6.7/10 (203 Votes) 🎬 #Drama #Music 🗓 2023 🎞 movie 🌎 #Japan ⏰ 2 နာရီ 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kyrie (2023) IMDb Rating (6.8) ရွှန်းဂျီ အိဝါအီ ဒါရိုက်တာက သူ့ကိုယ်ပိုင် ဝတ္ထုဖြစ်ကို အခြေခံရိုက်ကူးထားတဲ့ Kyrie no Uta ဆိုတဲ့ အချစ်အသားပေးမဟုတ်ဘဲ ဘဝအသားပေးထားတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ပေးလိုက်ပါတယ်… ဘဝအသားပေးဆိုတာ ဘယ်လိုမျိုးလဲဆိုရင် သဘာဝဘေးအန္တရာယ်ကို ကြုံတွေ့ခဲ့တဲ့ အစတည်းက ဖွံ့ဖြိုးမှုအားနည်းတဲ့ ကောင်မလေးတစ်ယောက် တစ်ချိန်တည်းမှာ မိသားစု၊ အချစ်၊ ပျော်ရွှင်မှုကို ပျောက်ဆုံးရုံမကဘူး သူဟာ ဘယ်သူဆိုတာကိုပါ မသိတော့တဲ့ ကောင်မလေးတစ်ယောက် ဘဝရဲ့ အဓိပ္ပာယ်ကို ပြန်လည်ရှာဖွေနိုင်ခဲ့တဲ့ အကြောင်းလေးကို ရိုက်ကူးထားတာပါ… ဒီကားလေးထဲမှာ ခံစားချက်နက်ရှိုင်းမှုတွေ၊ ဖွံ့ဖြိုးမှုနှေးကွေးတဲ့ လူတချို့ရဲ့ ဘဝခံစားချက်တွေ၊ ထရာမာရပြီး ပြန်လည်တည်ဆောက်တဲ့ပုံတွေကို ပုံဖော်တင်ဆက်ထားပါတယ်… အဓိက ဇာတ်ဆောင် ကီရီအယ် ဆိုတဲ့ ကောင်မလေးကတော့ ပလပ်ဖောင်းပေါ်မှာနေပြီး နေ့စဉ် ဂစ်တာတစ်လုံးနဲ့ သီချင်းတွေကို သီဆိုပြီး ဘဝကို ဖြတ်သန်းနေခဲ့သူပေါ့…. သူ့ထူးခြားချက်က စကားပြောရင် တစ်လုံးနဲ့ တစ်လုံး ခွာပြောတတ်သလို တစ်နေ့နေလို့ စကား ၁၀ ခွန်းပြည့်တောင် မပြောနိုင်တဲ့ ထူးခြားတဲ့ကလေးမျိုးပေါ့… ဒါပေမယ့် သီချင်းဆိုရင်တော့ ချောနေတာပဲ… ဒါပေမယ့် သူ့နာမည်အရင်းက ကီရီအယ်မဟုတ်ခဲ့ဘူး… သူ့နာမည်အရင်းက ရုကာတဲ့… ဘာကြောင့် ကီရီအယ်ဖြစ်သွားတယ်ဆိုတာ ကို မပြောတော့ဘူး ကိုယ့်ဘာသာ ဇာတ်ကားထဲ အဖြေရှာကြည့်လိုက်… ဒီလို ပလပ်ဖောင်းခေါင်းအုံးအိပ်ဖို့ ကြံနေတဲ့ ကီရီအယ်ရဲ့ဘဝထဲ အလင်းတန်းတစ်ခုပေါ်လာတယ်… ဒါကတော့ အိကို ဆိုတဲ့ သူ့အရင်က မိတ်ဆွေဟောင်းပဲ…ရုတ်တရက်ပေါ်လာပြီး ပရိုဖြစ်အောင်ကူညီပေးဖို့ကြိုးစားပြုပြင်ပေးခဲ့တယ်… ဝတ်ပုံစားပုံ၊ ပြောပုံဆိုပုံ၊ နောက်ပြီး live performer ဖြစ်လာဖို့အထိ အဆက်အသွယ်တွေနဲ့ မိတ်ဆက်ပေး၊ သူကိုယ်တိုင် ပစ္စည်းတွေရှာပြီး ကိုယ်တိုင်ကြိုးစားပေးခဲ့တာပေါ့ … အလွယ်နဲ့ရောက်လာတဲ့ ပျော်ရွှင်မှုက မီးပန်းအလှလိုပဲ လှပေမယ့် တိုတောင်းလွန်းတယ်… တစ်နေ့ အိကို ကီရီအယ်ဘဝထဲပျောက်သွားခဲ့တယ်… ဘာကြောင့်ပျောက်တယ်ဆိုတာတော့ spoil တယ်ဖြစ်မှာစိုးလို့ မပြောတော့ဘူး… အဆိုတော်တစ်ယောက်အကြောင်းဆိုပေမယ့် သီချင်းတွေက ဇာတ်လမ်းရဲ့ ပင်မကျောရိုးမဟုတ်နေခဲ့ဘူး… ဒီတော့ မြန်ဆန်လွန်းတဲ့ အင်တာနက်ခေတ်မှာ အရာရာကို နှေးနှေးလေးနဲ့ ဖြတ်သန်းနေတဲ့ ကီရီအယ်ရဲ့ လမ်းဘေးတင်ဆက်သူဘဝလေးထဲ CM နဲ့အတူ ဝင်ကြည့်လိုက်ကြရအောင်နော်… (အညွှန်းနဲ့ဘာသာပြန်ကတော့ Chu Chu ဖြစ်ပါတယ်။)
...

Teriyaan Meriyaan Hera Pheriyan (2024) ⭐IMDB: 6.7/10 (67 Votes) 🎬 #Bollywood #Comedy #Romance #Drama 🗓 2024 🎞 movie 🌎 #India #UnitedKingdom ⏰ 2 နာရီ 6 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Teriyaan Meriyaan Hera Pheriyan 2024 (ယူကေကို သွားချင်တဲ့ ကားသမားလေးလက်ကီး) လက်ကီးဆိုတဲ့ တက္ကစီဒရိုက်ဘာတစ်ယောက်ဟာ ယူကေကို အရမ်းသွားချင်နေသူဖြစ်ပေမယ့်ငွေရေးကြေးရေးအခြေအနေအရ မသွားနိုင်တဲ့သူတစ်ယောက်ပါ၊ကားလေးတစ်စီးကို အရစ်ကျစနစ်နဲ့ဝယ်ထားပြီးတော့တက္ကစီလေးမောင်းရင်း အရစ်ကျလေးပေးရင်းနဲ့ ဘဝကို ဖြတ်သန်းနေတဲ့သူပေါ့။ တစ်ရက်ကျတော့ ယူကေကနေ အိန္ဒိယကို ပြန်လာတဲ့ မေဂျာဆရာဆိုတဲ့သူကကားငှားလို့ သူသွားချင်တဲ့နေရာတွေ လိုက်ပို့ပေးရပါတယ်။ မေဂျာဆရာကြီးကတော့ယူကေမှာ မိန်းမရှိပေမယ့် အိန္ဒိယမှာလည်း အသည်းလေးထားပြီး တစ်နှစ်တစ်ခါမိဘတွေရဲ့နှစ်ပတ်လည်နေ့ကို အကြောင်းပြပြီးအိန္ဒိယက အသည်းလေးနဲ့ ပြန်လာကြည်နူးနေကြသူပေါ့။ ဒီလိုနဲ့ တစ်ရက်မှာ လက်ကီးဆီကို ကောင်မလေးတစ်ယောက်က ဖုန်းဆက်ပြီးကားငှားတဲ့အတွက် သွားရာကနေ အဲဒီကောင်မလေးဟာ IELTS ဖြေတာကို၄ခါမြောက်ကျထားပြီး အခုမှာတော့ ၅ခါမြောက်ဖြေဆိုတာဖြစ်ကြောင်းသိခဲ့ရပါတယ်။အဲဒီကောင်မလေးရဲ့ ဖခင်ဖြစ်သူကတော့သမီးကို နိုင်ငံခြားရောက်ပြီး ဘဝကို ကောင်းကောင်းမွန်မွန်နေထိုင်စေချင်သူတစ်ယောက်ပါ။ ယူကေကို အရမ်းသွားချင်တဲ့ လက်ကီးတစ်ယောက်နဲ့ နိုင်ငံခြားမှာဘဝကိုကောင်းစားစေချင်တဲ့ ဖခင်ဖြစ်သူရဲ့ သမီးတို့ ဆုံတွေ့ကြရာကနေဘယ်လိုအချစ်ဇာတ်လမ်းလေးတွေ ဖြစ်ပေါ်လာမလဲ ……… လက်ကီးတစ်ယောက် မေဂျာဆရာကြီးရဲ့ အရှုပ်တွေကြားထဲမှာရောဘယ်လိုတွေကြားညပ်ဦးမလဲ….. ဆိုတာတွေကို ကြည့်ရှုရမယ့်အချစ်ဟာသဇာတ်မြူးကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
...

Dragonkeeper (2024) ⭐IMDB: 5.7/10 (1 k Votes) 🎬 #Action #Adventure #Animation #Family #Fantasy 🗓 2024 🎞 movie 🌎 #China #Spain ⏰ 1 နာရီ 40 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနေ့မှာတော့ တရုတ်ကာတွန်းကောင်းလေးတစ်ခုကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒီကားလေးကတော့…ယုံတမ်းကျောက်စာအရ မှော်ဆရာကြီးတွေက လူသားတွေကို ဒုက္ခပြုခဲ့တယ်တဲ့လွန်ခဲ့တဲ့ နှစ်တစ်ထောင်က… ဒါကြောင့်လည်း လူတွေကနတ်နဂါးတွေကို ကူညီပေးဖို့ ပူဇော်တောင်းဆိုခဲ့ကြတယ်… ဒါတောင်းဆိုသံတွေကြောင့်လည်း ယင်းလုံနဂါးကလူပြည်လာပြီးတော့ စွမ်းအားရှိသူကို နဂါးထိန်းသိမ်းသူအဖြစ် ရွေးချယ်ပြီးနဂါးနဲ့ လူသား စိတ်တူကိုယ်တူ မှော်ဆရာတွေကို ဆန့်ကျင်တိုက်ခိုက်ခဲ့တယ်တဲ့…သို့ပေမယ့်လည်း လူ့စိတ်ဆိုတာ ပြောဖို့ခက်သား….တစ်ချိန်ကတော့ ကျေးဇူးရှင် နတ်နဂါးတွေကိုနတ်အဖြစ်နဲ့ ကိုးကွယ်ထားခဲ့ပေမယ့်လည်း…မင်းဆက်တစ်ဆက်နဲ့ တစ်ဆက်အပြောင်းမှာတော့…အန္တရာယ်ကောင်ကြီးအဖြစ် ဖမ်းဆီး ထားတဲ့ အနေအထားထိရောက်သွားခဲ့တာပေါ့… ဒီအချိန်မှာပဲ ဖင်း ဆိုတဲ့ ကလေးမလေး…အနှီးထုတ်ထဲမှာတင် အနားက ကျောက်တုံးတွေကိုလေပေါ်ဝဲစေခဲ့တဲ့ ဖင်း ကလေးက …အကြောင်းအမျိုးမျိုးကြောင့် နဂါးဥလေးကိုကာကွယ်ရမယ့် နဂါးထိန်းသိမ်းသူ အဖြစ်ရွေးချယ်ခံခဲ့ရတယ်…နောက်တော့ အရှင်မင်းကြီး နာမကျန်းတာသက်သာစေဖို့နဂါးဖမ်းတဲ့ကိစ္စနဲ့အတူ နဂါးဥ အလုခံခဲ့ရတယ်… ဒီတော့ နဂါးထိန်းသိမ်းသူလေး ဖင်း တစ်ယောက်သူ့နဂါးဥလေးကို တကယ်ပဲ ကာကွယ်ထိန်းသိမ်းနိုင်မှာလား…ဘယ်လို အခက်အခဲ အတားအဆီးတွေက သူ့ကိုစောင့်နေမှာလဲ…CM Team နဲ့အတူ ကြည့်ရှုနိုင်ဖို့အတွက်ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်
...

The Ghost Who Walks (2019) ⭐IMDB: 5.4/10 (541 Votes) 🎬 #Action #Crime #Drama 🗓 2019 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Ghost Who Walks(2019) IMDb….5.5 CM ပရိသတ်ကြီးကို Action ,Crime ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် … ဇာတ်လမ်းအကျဉ်းကတော့ ခရစ္စမတ်ရာသီမှာ လူတွေတော်တော်များများပျော်ကြပါတယ် … ဒါပေမဲ့ နိုလန်ဆိုတဲ့တစ်ယောက်ကတော့ ဒုက္ခတွေနဲ့ဆီးကြိုခံလိုက်ရပါတော့တယ်…  အကြောင်းကတော့သူဟာ သစ္စာဖောက်လို့ဆိုပြီး သူ့သူဌေးဒွန်နီကြောင့်ထောင်ကျနေခဲ့တာပါ.. ဒါပေမဲ့ ခရစ္စမတ်နေ့မှာသူဟာရက်ပြည့်ပြီးထောင်ကနေ လွတ်လာပါတယ် .. သူလွတ်လာတာကို ဒွန်နီက စိတ်မချဘူးဖြစ်နေတယ် ဘာလို့လဲဆိုတော့ ဒွန်နီက နိုလန်ရဲ့ကောင်မလေးလန်နီကိုအပိုင်သိမ်းထားတာအတွက်ကြောင့်ပါပဲ… အဲဒါအပြင် လန်နီဆီမှာလည်း နိုလန်နဲ့ရတဲ့ကလေးကလည်းရှိနေပါသေးတယ်.. ထောင်ကနေထွက်လာတဲ့ နိုလန်ကို ဒွန်နီက အရင်ကသစ္စာဖောက်ထားတဲ့ကိစ္စရော အခု လန်နီကိစ္စရော နှစ်ခုလုံးရယ်ကြောင့်အပြတ်ရှင်းချင်နေတယ်… အဲဒါကြောင့်သူထောင်ကထွက်ကတည်းက ဒွန်နီဟာသူ့တပည့်တွေကို နိုလန်ကိုလိုက်သတ်ခိုင်းဖို့ကြိုးစားပါတော့တယ်….နိုလန်တစ်ယောက် လွတ်မြောက်နိုင်ပါ့မလား… တခြားဘယ်လိုအန္တရယ်မျိုးတွေရောတွေ့ကြုံရမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်
...

Do You Want to Die in Indio? (2024) ⭐IMDB: 5.3/10 (59 Votes) 🎬 #Crime #Drama #Romance 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Do You Want to Die in Indio? (2024) လူငယ်ဘ၀မှာ အနည်းနဲ့အများ ရူးကြောင်ကြောင်အလုပ်တွေလုပ်ဖူးကြပါတယ်။ ဒီကားလေးကတော့ ၁၇ နှစ်အရွယ်ကောင်လေးဆဲလ်ဗီဟာ တက်ချင်တဲ့တက္ကသိုလ်အတွက် ငွေမတတ်နိုင်လို့ လုပ်မိလုပ်ရာ လပ်ကီးဆိုတဲ့ဆေးရောင်းသမားတစ်ယောက်နဲ့ ဆက်သွယ်မိခဲ့ရင်း ရိုးရှင်းတဲ့သူ့ဘ၀က စတင်ပြီး ရှုပ်ထွေးလာတော့တယ်။ အဲ့ဒီကြားမှာ ဆေးရောင်းသမားရယ် ဆဲလ်ဗီရယ် သူ့သူငယ်ချင်းရယ် ဟင်နရီလို့ခေါ်တဲ့ ဆေး၀ယ်သူရယ်ကြားမှာ ဘယ်လိုတွေဖြစ်လာမလဲဆိုတာလေးကို ဇာတ်ကား‌လေးကြည့်ရင်း အဖြေရှာကြည့်လိုက်နော်။ BL လေးလည်းပါတော့ BL ပရိတ်သတ်တွေလည်း လက်မလွှတ်သင့်ပါဘူးနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့Phu Thet Khinဖြစ်ပါတယ်။)
...