uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Pay for Sex (2020) ⭐TMDB: 43.0% User Score 🎬 #Adult #Asian #Drama #Romance 🗓 2020 🎞 movie 📺 #720p 💿 736.7 MB 🌎 #SouthKorea ⏰ 1 နာရီ 21 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 [21+] Pay For Sex (2020) အညွှန်း မင်းသမီးကတော့ Kpop အဖွဲ့ BaBa ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီး ရုပ်ရှင်လောကထဲကို ကူးပြောင်းလာပြီး အခုလို ပုရိသတို့အကြိုက် ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတဲ့ မင်းသမီးချောလေး ဆောင်းဟာ ပါ။ ဒီဇာတ်ကားလေးကတော့ ခါးပိုက်နှိုက်လုပ်ရင်းကနေ လောင်းကစားဝိုင်းကို အမှတ်မထင်ရောက်သွားတဲ့ ဟယ်ဘင်းဆိုတဲ့ ကောင်မလေးအကြောင်းကို အခြေခံပြီး ပုံဖော်ထားတာပါ လောင်းကစားဝိုင်းကို ရောက်တဲ့နေ့ကစပြီး ပြန်မရုန်းထွက်နိုင်တော့ဘဲ သူ့ဘဝရဲ့ အမှောင်အမိုက်ဆုံး အချိန်တွေ ရောက်လာတော့မယ်ဆိုတာကို မသိရှာပါဘူး။ လောင်းကစားဝိုင်းရဲ့ နောက်ဆုံး ကစားပွဲကို ဘယ်သူက အနိုင်ရသွားမလဲ? ကစားပွဲတွေသိမ်းသွားတဲ့အချိန်မှာတော့ ဟယ်ဘင်းတစ်ယောက် ဘာတွေလုပ်မလဲဆိုတာ အဖြေရှာကြပါစို့။ အကြမ်းစား sex scene တွေကို ဖောဖောသီသီ မြင်တွေ့ရမှာဖြစ်ပြီး မင်းသမီးနှစ်လက်စလုံးကလည်း အချောအလှ ဖြူဖြူဥဥလေးတွေ ဖြစ်တာကြောင့် Dark Side Production ကနေ တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ …...

Fairy in a Cage (1977) ⭐IMDB: 5.4/10 (344 Votes) 🎬 #Adult #Drama 🗓 1977 🎞 movie 📺 #1080p #720p 💿 461.2 MB ⦿ 1.1 GB 🌎 #Japan ⏰ 1 နာရီ 10 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒုတိယကမ္ဘာစစ်ကာလ ဂျပန်စစ်တပ်ရဲ့ ညဉ်းပန်းပုံကို အလှလေးတွေနဲ့ မွန်းမံထားတဲ့ ဇာတ်လမ်းတပုဒ်ပါပဲ ကမ္လာစစ်တုန်းက ဂျပန်စစ်တပ်ရဲ့ လုပ်ရပ်ကို လက်မခံနိုင်တဲ့ စစ်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတချို့ ဂျပန်ပြည်မှာဖြစ်ပွားခဲ့ပါတယ် ဂျပန်စစ်တပ်ကလဲ ဒီလှုပ်ရှားမှုမှာပါဝင်ရင် ယောကျာ်းမိန်းမမကျန် စစ်ကြောရေးလုပ်ပြီး မိန်းကလေးဆိုရင်တောာ့ စစ်ကြောရေးက သာယာမှုကို အခြေခံထားတာကြောင့် မိန်းမသားလေးတွေ ဘယ်လိုခံံစားနေရတယ်ဆိုတာကို မမြင်ရက်ဖွယ်ကြည့်ရှုရမှာပါ...

Mr. Car and the Knights Templar (2023) ⭐IMDB: 4.2/10 (789 Votes) 🎬 #Adventure #Drama #Family 🗓 2023 🎞 movie 📺 #720p #1080p 💿 766.4 MB ⦿ 1.6 GB 🌎 #Poland #Latvia ⏰ 1 နာရီ 51 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mr. Car and the Knights Templar (2023)============================= ပေါ့ပေါ့ပါးပါး ကြည့်စရာရှာနေသူတွေအတွက် ပိုလန်ရုပ်ရှင်သစ်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ပိုလန်စာရေးဆရာကြီး ZbigniewNienacki ရဲ့နာမည်တူ၀တ္ထုကို အခြေခံရိုက်ကူးထားတာပါ။အလွယ်ပြောရရင်တော့ ဇာတ်လိုက်နဲ့ကလေးတစ်သိုက်က ရတနာသိုက်လိုက်ရှာတဲ့ ဇာတ်လမ်းမျိုးပါပဲ။ ဒါပေမဲ့ ထူးခြားတာကတော့ခရူးဆိတ်စစ်ပွဲနဲ့ သမိုင်းကြောင်းထဲက သူရဲကောင်းတွေနဲ့ ဆက်စပ်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေပါနေတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအရတော့ လူသိများတဲ့ ပိုလန်လူမျိုး အနုပညာသမိုင်းပညာရှင် တောမတ်ရှ်ဟာ တမ်ပလာလက်ဝါးကပ်တိုင်တစ်ခုကို ရှာတွေ့ထားပါတယ်။ အဲဒီကပေးတဲ့ သဲလွန်စနဲ့ ရှေးခေတ်က ရတနာသိုက်တစ်ခုကိုရှာဖွေဖို့ ကြိုးပမ်းပါတော့တယ်။ ဒါပေမဲ့ လူအတော်စိတ်၀င်စားတဲ့ ရတနာသိုက်ဖြစ်တာကြောင့် ဟိုးလေးတကျော်နာမည်ကြီးသွားပါတယ်။ အဲဒီအခါမှာ ရတနာသိုက်မုဆိုးတွေစုလာပြီး အချင်းချင်းပြိုင်ဆိုင်တိုက်ခိုက်မှုတွေ ရှိလာပါတယ်။ တောမတ်ရှ်ကတော့ သူနဲ့သိပ်မတည့်လှတဲ့ သတင်းထောက်မတစ်ယောက်၊သူအထင်မကြီးလှတဲ့ ဆယ်ကျော်သက်ကလေး ၃ ယောက်နဲ့ မထင်မှတ်ဘဲ တစ်ဖွဲ့တည်းဖြစ်သွားခဲ့ပါတယ်။ အဲဒီလိုနဲ့ တောမတ်ရှ်တို့အဖွဲ့ အလွဲတွေကြားမှာ ရတနာသိုက်ဘယ်လိုရှာကြမလဲ၊ ဘာတွေရင်ဆိုင်ရမလဲ၊ဘယ်သူမှ ဘာမှန်းမသိတဲ့ ရတနာသိုက်ဆိုတာက နောက်ဆုံးမှာ ဘာဖြစ်နေမလဲဆိုတာကို ကြည့်ကြရမှာပါ။ ဒရမ်မာနဲ့ စွန့်စားခန်းတွေ ခပ်ပါးပါးရော‌ထားပြီး သူ့အတိုင်းအတာနဲ့သူကြည့်ကောင်းတာမို့ အပျင်းပြေစိတ်ပြေလက်ပျောက်ဖြစ်စေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့C’mon ဖြစ်ပါတယ်)...

Regina (2023) ⭐IMDB: 6.5/10 (7 k Votes) 🎬 #Bollywood #Crime #Thriller 🗓 2023 🎞 movie 📺 #720p #1080p 💿 815.4 MB ⦿ 1.7 GB 🌎 #India ⏰ 1 နာရီ 58 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Regina (2023) IMDb-6.6/10 မင်းသမီးချောလေး Sunaina ပါဝင်ထားတဲ့ အမျိုးသမီးတစ်ယောက်တည်းတစ်ကိုယ်တော်နွှဲပြမဲ့ Crime/Thriller ဇာတ်ကားလေးဖြစ်ပါတယ် ရေဂျီနာငယ်ငယ်တုန်းက သူ့မျက်စိရှေ့မှာပဲ သူ့အဖေကို ရက်ရက်စက်စက်သတ်တာမြင်လိုက်ရသူပါဒီလိုနဲ့ အဖေတစ်ခုသမီးတစ်ခုဘဝကနေ တစ်ကောင်ကြွက်တစ်မျက်နှာနဲ့ အပြုံးအရယ်မရှိဘဝကိုဖြတ်သန်းနေရင်း ဂျိုးဆိုတဲ့အချစ်ကိုရှာတွေ့သွားချိန်မှာ‌တော့ ဘဝကပြန်စိုပြေပျော်ရွှင်လာတာပေါ့ ဂျိုးနဲ့ပျော်လို့မှမဝသေးခင် ဂျိုးအလုပ်လုပ်တဲ့ဘဏ်ကိုဝင်စီးပြီး မျက်နှာဖုံးနဲ့လူတွေသတ်တာခံလိုက်ရပါတော့တယ်ရဲတွေကလည်းတာဝန်ယူအမိဖမ်းမပေးပါဘူး ဂျိုးနဲ့ရတဲ့ကိုယ်ဝန်ကလည်းပျက်နဲ့ ဘဝဟာသေမထူးနေမထူးဖြစ်နေချိန်မှာ……….ရေဂျီနာတစ်ယောက် အိမ်ကထွက်ပြီးပင်လယ်ကမ်းခြေမြို့လေးမှာ အလုပ်သွားလုပ်နေပါတော့တယ် ဒါဟာသူ့ဘဝကို အေးဆေးပဲဖြတ်သန်းတော့မဲ့အဓိပ္ပာယ်လား နာကျင်ခဲ့ရတာတွေကိုအလွယ်တကူမေ့ပစ်မှာတဲ့လား နောက်ကွယ်ကဘာအကြောင်းအရာတွေရှိနေမလဲဆိုတာရှုစားကြည့်ပါဦး...

You Can Live Forever (2022) ⭐IMDB: 6.9/10 (2 k Votes) 🎬 #Drama #Romance 🗓 2022 🎞 movie 📺 #720p #1080p 💿 763.6 MB ⦿ 1.8 GB 🌎 #Canada ⏰ 1 နာရီ 37 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 You Can Live Forever (2022) ~ IMDb – 6.9/10, Rotten Tomatoes – 92% ~ ဒီဇာတ်ကားကိုကြည့်မယ်ဆိုရင် Jehovah’s Witness လို့ခေါ်တဲ့ ကိုးကွယ်ယုံကြည်မှုအကြောင်းကို သိထားဖို့တော့လိုပါလိမ့်မယ်။ JW တွေက ခရစ္စယာန်ဘာသာကနေ ကွဲထွက်လာတဲ့ ကမ္ဘာကြီးအဆုံးသတ်တော့မယ်လို့ ယူဆနေတဲ့သူတွေပါ။ သူတို့မှာ ငရဲမရှိပါဘူး။ ကမ္ဘာကြီးအဆုံးသတ်မှာ မကောင်းတဲ့သူတွေ၊ မကောင်းမှုတွေအကုန်လုံးက ပပျောက်သွားပြီး ကမ္ဘာက သုခဘုံအဖြစ်ကျန်ခဲ့မယ်လို့ယူဆထားကြပါတယ်။ ရှင်ကျန်ခဲ့တဲ့သူတွေကတော့ Jehovah ကို ဖူးတွေ့နိုင်တဲ့သူတွေဖြစ်လာပြီး ထာဝရ သုခဘုံမှာ နေနိုင်တဲ့သူတွေဖြစ်လာကြမှာဖြစ်တဲ့အတွက် အသည်းအသန် ဘာသာရေးလိုက်စားကြတဲ့ လူတွေပါ။ ဘာသာရေးအစွန်းရောက်တွေလို့ ပြောလို့ရနိုင်တဲ့သူတွေပေါ့။ သူတို့ဘာသာရေးအစွန်းရောက်တာက သူတို့အုပ်စုထဲမှာတင်ဆိုတော့ သိပ်ပြဿနာတော့မရှိလှပါဘူး။ မွေးနေ့ပွဲတွေ ခရစ္စမတ်ပွဲတွေလည်း ကျင်းပခွင့်မရှိဘူးတဲ့။ အဲဒီတော့ မွေးနေ့မှာ ဘာမှမကျွေးချင်ရင် မွေးနေ့မတိုင်ခင် ဒီဘာသာသွားပြောင်းထားလို့ရတာပေါ့။ ဒါပေမဲ့ ဒီဇာတ်ကားထဲက မင်းသမီးအတွက်တော့ ပြဿနာတက်စရာကြုံလာပါတယ်။ သူက မိန်းကလေးချင်းသဘောကျတဲ့သူဖြစ်ပြီး အရမ်းကို စည်းကမ်းတင်းကြပ်တဲ့ JW ကောင်မလေးတစ်ယောက်ကို သွားကြိုက်မိတာပါပဲ။ ဒီတိုင်း ဘာမှ အရမ်းစိတ်လှုပ်ရှားစရာမပါတဲ့ ရိုးရိုးရှင်းရှင်း အချစ်ဇာတ်ကားလေးဖြစ်ပြီး ကြည့်ရတာ ကြည်နူးဖို့ကောင်းပါတယ်။ ဒါပေမဲ့ နောက်ဆုံးပိုင်းမှာ ပါးစပ်အဟောင်းသားဖြစ်စရာ၊ တချို့စိတ်မခိုင်တဲ့သူတွေ ထဆဲချင်စရာကိစ္စတစ်ခုတော့ ပါပါတယ်။ အတော်လေးကို နူးနူးညံ့ညံ့နဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...

Get the Gringo (2012) ⭐IMDB: 6.9/10 (110 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 2012 🎞 movie 📺 #720p #1080p 💿 920.7 MB ⦿ 1.7 GB 🌎 #UnitedStates #Mexico #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 q IMDb 6.9/10 The Passion of the Christ, Braveheart စသည့်ဇတ်ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသားကြီး Mel Gibson ရဲ့ထောင်တွင်းဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ San Diego ကလူဆိုးတစ်ယောက်ဆီကနေ ငွေနှစ်သန်းဘတ်လာတဲ့ မင်းသားဟာ Mexico ဖက်မှာ အဖမ်းခံရပြီး ထောင်ထဲရောက်သွားပါတယ်။ အဲဒီမှာ လူဆိုးဂိုဏ်းတွေနဲ့တွေ့ပြီး ကောင်လေးတစ်ယောက်အကူအညီနဲ့ ထောင်ကနေလွတ်အောင်ဘယ်လိုလုပ်မလဲ။ ငွေတွေကိုရော ပြန်ရပါ့မလားဆိုတာ ကြည့်ရမယ့် တကယ့်အက်ရှင် ဇာတ်ကားကောင်းတစ်ကားပါ။ မက္ကဆီကို ထောင်တွင်းအခြေအနေတွေကိုလည်း ရှင်းရှင်းလင်းလင်း တင်ဆက်ထားတဲ့ကားဖြစ်ပါတယ်။...

The Resurrection of Charles Manson (2023) ⭐IMDB: 3.4/10 (206 Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 📺 #720p #1080p 💿 783.5 MB ⦿ 1.7 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 18 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Resurrection of Charles Manson (2023) ~ Rotten Tomatoes – 78% ~ ဒီကားလေးကို တကယ့်အဖြစ်အပျက်အပေါ်မှာ အခြေခံပြီးရိုက်ထားတယ်လို့ပြောလို့ရပါတယ်။ ဘာလို့‌ဆို ချားလ်မေဆန်ဆိုတဲ့သူက ၁၉၆၀ခုနှစ်၀န်းကျင်က အပြင်မှာတကယ်ရှိခဲ့တဲ့သူဖြစ်ပြီး ဇာတ်ကားထဲကအကြောင်းအရာတချို့ကလည်း တကယ်ဖြစ်ပျက်ခဲ့တာတွေ ပါ၀င်တာကြောင့်မလို့ပါ။ ဒီချားလ်မေဆန်ဆိုတဲ့ပုဂ္ဂိုလ်က နှယ်နှယ်ရရတော့မဟုတ်ပါဘူး ဘာသာရေးဂိုဏ်းအဖွဲ့တစ်ခုရဲ့ခေါင်းဆောင်ဖြစ်ပြီး နောက်လိုက်တွေက ဂျီးဆပ်ပြန်၀င်စားတယ်လို့တောင်ယုံကြည်ကြတဲ့သူပါ။ သွေးပျက်စရာကတော့ သူ့နောက်လိုက်တချို့က အဲဒီခေတ်က နာမည်ကြီးမင်းသမီး Sharon Tate နဲ့ မိတ်ဆွေတချို့ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာပါ။ ဓါးနဲ့ဆယ့်ခြောက်ချက်လောက်အထိုးခံခဲ့ရတဲ့အပြင် ကြိုးနဲ့ပါ ကြိုးဆွဲချပြီးအသတ်ခံခဲ့ရတဲ့မင်းသမီးဟာ သေဆုံးချိန်မှာ အသက်(၂၆)နှစ်ပဲ ရှိပါသေးတယ်။ ဒီကားထဲမှာတော့ ချားလ်မေဆန်ကို အသက်ပြန်သွင်းဖို့ သူ့‌ရဲ့နောက်လိုက်အပေါင်းအပါတွေ ကြိုးစားတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ အားလုံးသိကြတဲ့ မင်းသားကြီး Frank Grillo ပါဝင်ထားပြီး လတ်တလောမှထွက်ရှိထားတဲ့ ဒီ Thriller ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...

Paayum Oli Nee Yenakku (2023) ⭐IMDB: 6.4/10 (70 Votes) 🎬 #Action #Bollywood #Drama #Family #Thriller #Romance 🗓 2023 🎞 movie 📺 #720p #1080p 💿 815.5 MB ⦿ 1.8 GB 🌎 #India ⏰ 1 နာရီ 58 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Paayum Oli Nee Yenakku(2023)IMDb-6.5/10 လောလောလတ်လတ်ထွက်ရှိထားတဲ့ အိန္ဒိယတမီးလ်အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အက်ရှင်တွေကြားထဲမှာ အိုင်တီပညာရှင်လေးနဲ့ အခမ်းအနားအပြင်အဆင်တွေတာဝန်ယူလုပ်ကိုင်နေတဲ့အမျိုးသမီးလေးတို့ကြားက ရိုမန့်စ်လေးကိုလည်း ခံစားကြရမှာပါ။ အိုင်တီပညာရှင် အရာဗင်က ရှားပါးတဲ့အမြင်အာရုံချို့ယွင်းမှုကို ခံစားနေရပြီး အလင်းရောင်ထဲမှာပဲသူ့မျက်လုံးတွေက မြင်နိုင်စွမ်းရှိတာပါ။အဲဒီအခြေအနေကြောင့်ပဲဖြစ်ခဲ့တဲ့ မတော်တဆမှုတခုကနေ သူ့မိဘတွေကို ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် ဦးလေးဖြစ်သူမိသားစုနဲ့အတူနေရင်း ပျော်ရွှင်တဲ့မိသားစုဘ၀လေးပိုင်ဆိုင်ပြီးချစ်ရသူလေးနဲ့ကလည်း အပေးအယူတွေမျှနေပါပြီ။ ဒီလိုနဲ့တစ်ရက် အိမ်အပြန်လမ်းမှာ မသမာသူလူတစုရဲ့ ပြန်ပေးဆွဲခြင်းခံလိုက်ရတာကနေစသူ့အဖေဆုံးပါးသွားခဲ့ရတာရော သူ့အလုပ်နဲ့ပတ်သက်တာတွေကရော သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာသိလိုက်ရပါတော့တယ်။မမျှော်လင့်ထားတဲ့ အကူအညီကြောင့် သူပြန်လွတ်မြောက်လာပြီးနောက်မှတော့ဖြစ်စဉ်တွေအကုန်လုံးကို ပြန်ပြီးဖော်ထုတ်နိင်မလားဆိုတာ ကြည့်ရှုလိုက်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~Cherryတို့ပဲဖြစ်ပါတယ်)...

Fear the Night (2023) ⭐IMDB: 4.4/10 (334 Votes) 🎬 #Action #Thriller 🗓 2023 🎞 movie 📺 #720p #1080p 💿 576.8 MB ⦿ 1.1 GB 🌎 #UnitedStates ⏰ 1 နာရီ 32 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ညီအစ်မနှစ်ယောက်ဖြစ်တဲ့ ဘက်စ်နဲ့ တက်စ်တို့ဟာ ၎င်းတို့ရဲ့ လက်ထပ်ခါနီး ၀မ်းကွဲညီမဖြစ်သူ ရို့စ်အတွက် မိန်းကလေးတွေချည်းစုပြီး ပါတီကျင်းပပေးဖို့ရာအကြောင်းဖန်လာပါတယ်။ ဒီလိုနဲ့ ရို့စ်ရဲ့ တောင်းဆိုမှုကြောင့် တက်စ်တို့ညီအစ်မဟာ ၎င်းတို့ မိဘတွေပိုင်တဲ့ လူသူအရောက်အပေါက်နည်းတဲ့နေရာက လယ်ကွင်းတစ်ခုထဲက အိမ်မှာ ဘက်ခလာပါတီကျင်း‌ပပေးဖို့အတွက် ရို့စ်ရဲ့သူငယ်ချင်းတွေအပါအ၀င် မိန်းကလေးရှစ်ယောက်နဲ့အတူ ချီတက်လာကြပါတယ်။ လယ်ကွင်းအိမ်ကိုရောက်ရှိသွားတဲ့အချိန်မှာတော့ တက်စ်ဟာ ခြံစောင့်တွေနဲ့ပတ်သက်ပြီး သင်္ကာမကင်းဖြစ်နေပေမယ့် ညီမဖြစ်သူ ဘက် က ရို့စ်ရဲ့ပါတီကိုမဖျက်ဆီးဖို့ပြောဆိုမှုကြောင့် နှုတ်ဆိတ်နေလိုက်ရပါတယ်။ ဒီလိုနဲ့ မိန်းကလေးတစ်သိုက်ဟာ သောက်စားပျော်ပါးရင်းနဲ့ ညဘက်အရောက်မှာတော့ မျက်နှာဖုံးတွေတပ်ထားတဲ့ အမည်မသိလူတစ်စုဟာ မြားတွေနဲ့ပစ်ခတ်ပြီး တိုက်ခိုက်လာတဲ့အခါမှာတော့ တက်စ်တို့တသိုက် ဒီလူသတ်သမားတွေလက်က ဘယ်လိုလွတ်အောင်ကြိုးစားကြမလဲ၊ လူသတ်သမားတွေကရော ဘယ်သူတွေလဲ၊ ဘာရည်ရွယ်ချက်ကြောင့် ဘလိုင်းကြီး မြားတွေနဲ့လာပစ်ပြီး သတ်ဖြတ်ဖို့ကြိုးစားကြတာလဲဆိုတာကို ကြည့်ရှုရမဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (ညစ်ညမ်းတဲ့အသုံးအနှုန်းတွေများစွာပါ၀င်တာကြောင့် မိသားစုနဲ့အတူကြည့်ရှုဖို့မသင့်ပါဘူး)...

Neposlushnaya (2023) ⭐IMDB: 4.6/10 (443 Votes) 🎬 #Adult #Drama #Romance 🗓 2023 🎞 movie 📺 #720p #1080p 💿 794.0 MB ⦿ 1.6 GB 🌎 #Russia ⏰ 1 နာရီ 49 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ************************** (18+ အခန်းများပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါ)ဇာတ်လမ်းအကျဉ်းလေးက‌တော့ အယ်လာဆိုတဲ့ Ecology တက္ကသိုလ်ကျောင်းသူလေးဟာတောရိုင်းတိရိစ္ဆာန်တွေကို စောင့်ရှောက်ပေးတဲ့ဗီဒီယိုတွေကိုဆိုရှယ်မီဒီယာတွေပေါ်တင်လေ့ရှိပါတယ်၊တစ်နေ့ ဘစ်ဆီစကာဥယျာဉ်ထဲကို အမည်မသိလူတွေက မိုးမျှော်တိုက်ဆောက်ဖို့အတွက်ပြင်ဆင်နေတာကိုတွေ့သွားတယ် ၊ ဒီလူတွေကသဘာဝသစ်တောကို ဖျက်ဆီးတဲ့အကြောင်းလိုင်းပေါ်တင်တယ်၊ သူငယ်ချင်းတွေနဲ့ဆောက်လုပ်ရေးလုပ်ငန်းရှေ့မှာ ဆန္ဒတွေသွားပြတယ်၊ ဒီလိုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရဲ့ပိုင်ရှင်ဖြစ်တဲ့ လူချမ်းသာမတ်ထ်ဗီဟာသူတို့ကျောင်းကို ဒီလုပ်ငန်းဟာ သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်ကြောင်း ၊ တက္ကသိုလ်က ပညာရှင်တွေနဲ့သေချာလေ့လာပြီးမှလုပ်တာဖြစ်ကြောင်းကိုရှင်းပြတယ်၊ ဒါပေမယ့် အယ်လာဟာ သူကို ဆိုရှယ်မီဒီယာကနေမတ်ထ်ဗီဟာ ပိုက်ဆံနဲ့ ဘာမဆိုဖြေရှင်းတတ်ကြောင်း မကောင်းကြောင်းတွေကိုတောက်လျှောက်ပြောတယ်၊ဒါကိုလက်မခံတဲ့ မတ်ထ်ဗီဟာ အယ်လာကို သူနဲ့တစ်ပတ်လောက်ပဲ အတူနေကြည့်ပါ၊ သူက လူကောင်းဖြစ်ကြောင်းသက်သေပြပါမယ်ဆိုပြီး တောင်းဆိုတယ် ၊ အယ်လာကလည်း စမ်းကြည့်ချင်တာနဲ့လက်ခံလိုက်တယ်၊ မတ်ထ်ဗီတစ်ယောက် တစ်ပတ်အတွင်းမှာ အယ်လာကိုလူကောင်းတစ်ယောက်ဖြစ်ကြောင်းဘယ်လိုတွေဆွဲဆောင်ပြီးသက်သေပြမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး...

Maurh (2023) ⭐IMDB: 8.4/10 (1 k Votes) 🎬 #Action #Bollywood #Drama #History 🗓 2023 🎞 movie 📺 #720p #1080p 💿 1.3 GB ⦿ 3.7 GB 🌎 #India ⏰ 2 နာရီ 14 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Maurh (2023) ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ IMDb 8.5/10, the times of india 4.9/5 ရရှိထားတဲ့၁၈၈၅ ခုနှစ်နဲ့ ၁၈၉၃ခုနှစ်အတွင်း ပန်ဂျက်တောင်ပိုင်းက ဂျေအွန်နာဆိုတဲ့ တော်လှန်ရေးသမားရဲ့ ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအနှံ့ ဗြိတိသျှတွေခြေချနေကြတဲ့ အဲ့ကာလမှာ ပန်ဂျပ်ပြည်နယ်ကလူတွေအတွက်တော့အိမ်ခွေးကိုလည်းကြောက်ရ အပြင်ခွေးကိုလည်းလန့်ရဆိုတဲ့ အခြေအနေဖြစ်နေခဲ့ပါတယ်။ ဗြိတိသျှကိုလည်းကြောက်ရ၊ဘုရင့်အနွယ်တော်ဆိုတဲ့ မြေရှင်တွေကြောင့်လည်းကိုယ်စိုက်တဲ့အသီး ကိုယ္မစားရ မဝရေစာလေးစားပြီးအကြောက်ကြီးကြောက်နေခဲ့ရတဲ့ ကာလပါပဲ။ ဒီမှာမှ မစားရတဲ့အသီးကို သွားထိမိတဲ့သူကတော့အနေအေးတဲ့ လူရိုးလေးဂျေအွန်နာရဲ့အမေပါပဲ။ သားကြီးကြိုက်တဲ့ မုန်ညှင်းစိမ်းလေးနည်းနည်းဝင်ခူးမိရာကစတဲ့မီးဟာ တစ်အိမ်လုံးကိုတစ်စတစ်စနဲ့ပြန့်သွားပြီး ကြေးစားလူမိုက်အစ်ကိုကြီး တော်လှန်ရေးတပ်ထဲဝင်ပြီးအသက်ဆုံးသွားတဲ့အထိပါပဲ။ ဒီလိုအစ်ကိုကြီးရဲ့ သေဆုံးမှုကိုကလဲ့စားချေပေးမယ့်ဂျေအွန်နာ လူတိုင်းမှာပြောစမှတ်တွင်သွားရတဲ့ဇာတ်လမ်း၊ ယုံတမ်းနဲ့ ပါးစပ်ရာဇဝင်တွေ ဘာလို့ဖြစ်လာတယ်။သူ့ရဲ့စွန်းစားခန်း ဘယ်လောက်ကြီးကျယ်တယ်ဆိုတာကို မိသားစုသံယောဇဉ်တွေ၊ ပန်ဂျပ်ပြည်သူတွေရဲ့ ဒုက္ခတွေကိုပေါ်လွင်အောင်တင်ပြထားတဲ့ကားလေးမို့ CM Bollywood Team မှ Aditi~ BpL~ ZWE~ Yunni တို့မှဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရှင်...

The Little Mermaid (2023) ⭐IMDB: 7.2/10 (96 k Votes) 🎬 #Adventure #Family #Fantasy #Romance #Musical 🗓 2023 🎞 movie 📺 #1080p #720p 💿 2.8 GB ⦿ 1.4 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 16 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Little Mermaid (2023) ဒစ္စနေးရဲ့ နောက်ဆုံးထွက် ကာတွန်းကနေ လူရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ ရေသူမလေး လာပါပြီ။လူမည်းမင်းသမီးသုံးတဲ့အတွက် မျိုးစုံဝေဖန်ခံနေရတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။လူမျိုးရေးကြောင့်မဟုတ်ဘဲ မူရင်းဇာတ်ကောင်တွေကို အတင်းလူမည်းပြောင်းတဲ့အတွက်ပါ။ထောက်ခံသူတွေ ကြိုက်သူတွေလည်း ရှိကြပါတယ်။ကိုယ်တိုင်ကြည့်ကြည့်လိုက်ကြတာ ကောင်းပါတယ်။ ဇာတ်လမ်းကတော့ မူရင်းကာတွန်းပုံပြင်အတိုင်းပါပဲ။ပင်လယ်ဘုရင်ကြီးရဲ့အငယ်ဆုံးသမီးလေး သတ္တမမြောက်သမီးတော် ရေသူမလေး အယ်ရီရယ်ဟာ လူသားကမ္ဘာကို အရမ်းစိတ်ဝင်စားနေသူပါ။ဒါကြောင့် သင်္ဘောပျက်တွေထဲမှာ လူသားပစ္စည်းတွေကိုရှာပြီး အမြဲ စုထားတတ် စပ်စုတတ်တဲ့သူပါ။တစ်နေ့မှာတော့ လှေမှောက်ပြီး ရေထဲနစ်လာတဲ့ မင်းသားလေးအဲရစ်ကို ကယ်ရင်းနဲ့ ချစ်မိသွားခဲ့ပါတယ်။ဒါပေမဲ့ ရေဘုရင်ကြီးက ကုန်းပေါ်ကို သွားဖို့ တားမြစ်ထားတာကြောင့် အခက်တွေ့နေပါတယ်။အဲဒီအချိန်မှာပဲ ရေဘုရင်ကြီးရဲ့ ညီမ ပင်လယ်စုန်းမ အာဆူလာက အယ်ရီရယ်နဲ့အပေးအယူလုပ်လိုက်ပါတယ်။အယ်ရီရယ့်ကို လူအဖြစ်ဖန်ဆင်းပေးပြီး သုံးရက်အတွင်း မင်းသားလေးနဲ့ အချစ်စစ်အနမ်းရခဲ့ရင် လူအဖြစ် အမြဲနေရမှာဖြစ်ပြီးမရခဲ့ရင်တော့အယ်ရီရယ်ရဲ့ အရမ်းလှတဲ့အသံကို သိမ်းပိုက်ပြီး အယ်ရီရယ်ကိုပါ ကျွန်အဖြစ် အပိုင်ရမှာဖြစ်ပါတယ်။ဒီတော့ အယ်ရီရယ်နဲ့မင်းသားလေးတွေဘာဆက်ဖြစ်မလဲ စုန်းမကြီးအာဆူလာကရောဘယ်လိုနှောင့်ယှက်မလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။...

X-Deal 2 (2022) ⭐IMDB: 4.9/10 (270 Votes) 🎬 #Adult #Asian #Drama 🗓 2022 🎞 movie 📺 #720p #1080p 💿 646.5 MB ⦿ 1.4 GB 🌎 #Philippines ⏰ 1 နာရီ 51 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2011 ကထွက်ရှိခဲ့တဲ့ နာမည်ကျော် X-Deal နောက်တစ်ကားဖြစ်ပြီး ဇာတ်လမ်းချင်းအဆက်အစပ်မရှိပေမယ့် မူလဒါရိုက်တာLawrence Fajardo ရဲ့လက်ရာပဲဖြစ်ပါတယ်။ ဇာတ်လမ်းသွားအနေနဲ့ အပန်းဖြေကျွန်းတစ်ကျွန်းပေါ်ကိုဓာတ်ပုံရိုက်ဖို့ရောက်လာတဲ့ ဓာတ်ပုံဆရာနဲ့ မိုဒယ်စုံတွဲ ဖြစ်တဲ့ ဗိုင်အိုလက်နဲ့ပီတာတို့ဟာ ကျွန်းပေါ်ကိုရောက်နေတဲ့တစ်ခြားဧည့်သည်တစ်ဦးဖြစ်တဲ့ တကိုယ်ရေခရီးသွားမိန်းမလှလေး အိုလီဗီယာနဲ့တွေ့ဆုံခဲ့ပါတယ်။အိုလီဗီယာဟာ လိင်တူစိတ်ဝင်စားတဲ့အမျိုးသမီးတစ်ဦးဖြစ်နေပြီး ဗိုင်အိုလက်ကိုချဉ်းကပ်လာခဲ့တဲ့နောက် သူတို့သုံးယောက်ကြားမှာအချင်းချင်း လဲလှယ်ဆက်ဆံဖို့အပေးအယူတစ်ခုဖြစ်ပေါ်လာပါတော့တယ်။ ဘယ်သူက ဘယ်သူ့ကိုလိုချင်ပြီး ဘယ်သူက ဘယ်သူ့ကိုလဲမှာလဲ။ဘယ်သူကနစ်နာပြီးဘယ်သူကအမြတ်ထွက်မလဲ၊ ဘယ်သူကစားသုံးသူဖြစ်ပြီး ဘယ်သူက..။စတာတွေကိုဇာတ်ကားမှာဆက်လက်ရှုစားကြပါ။ ရှုခင်းရှုကွက်လှလှတွေ၊ မင်းသမီးတွေရဲ့ အလှအပတွေကိုအဓိကဦးစားပေးပုံဖော်ထားတာဖြစ်ပြီး၊မင်းသမီးနှစ်ယောက်ကလဲ မျက်နှာစိမ်းမဟုတ်ပေမယ့် မျက်နှာသစ်တွေဆိုတော့ကြည့်ရတာတစ်မျိုးဆန်းသစ်နေပါလိမ့်မယ်။ အရင်ကားတွေထက်ပိုကြမ်းမနေပေမယ့်လဲ ဝတ်လစ်စလစ်ခန်းတွေကို စိမ်ပြေနပြေအကြာကြီးပြပြနေတာဖြစ်တဲ့အတွက် တစ်ယောက်တည်းအေးအေးဆေးဆေးကြည့်ရမယ့်ကားဖြစ်ပါတယ်။...

Jan Dara: The Beginning (2012) ⭐IMDB: 5.7/10 (810 Votes) 🎬 #Adult #Asian #Drama #Romance 🗓 2012 🎞 movie 📺 #720p #1080p 💿 941.8 MB ⦿ 2.2 GB 🌎 #Thailand ⏰ 2 နာရီ 16 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ထိုင်းမင်းသားမာရီယို နုစဉ်ကာလက ရိုက်ကူးထားတဲ့18+ Erotic Drama ထိုင်းရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်… မွေးဖွားတုန်းက မိခင်ဆုံးပါးသွားတာကြောင့် ဖခင်ဖြစ်သူရဲ့ မုန်းတီးခြင်းကိုခံခဲ့ရတဲ့ ဂျန်အဘွားဖြစ်သူရဲ့ ကယ်တင်မှုကြောင့် မွေးမွေးပြီးခြင်း အသက်ဘေးကလွတ်ခဲ့ရတဲ့ ဂျန်မိခင်ဖြစ်သူရဲ့ ညီမဝမ်းကွဲ အဒေါ်ဖြစ်သူရဲ့ ပြုစုစောင့်ရှောက်မှုကြောင့် လူလားမြောက်ခဲ့ရတဲ့ ဂျန် ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းပေါ့။ ၁၉၁၅ ခုနှစ် မုန်တိုင်းထန်တဲ့ ညတစ်ညဘန်ကောက်မြို့ ဗလန်ပူးအိမ်တော်ကြီး မှာ ပျားပန်းခေတ်မျှအလုပ်ရှုပ်နေကြတဲ့အလုပ်သမားများနဲ့ မခံမရပ်နိုင်နာကျင်မှုကို အံတုပြီးမိမိရဲ့ ရင်သွေးကို မွေးဖို့ ကြိုးစားနေတဲ့ အိမ်တော်ရဲ့ သခင်မ ဒါရာဟာသူမရဲ့သားလေး ဂျန်ကို မွေးမွေးပြီးခြင်း လောကကြီးကို ကျောခိုင်းစွန့်ခွာသွားခဲ့ပါတယ်။မိန်းမဖြစ်သူကို ဆုံးရှုံလိုက်ရတဲ့ ဖခင်ဖြစ်သူ ဝစ်စနန်ဒီချာက ဂျန်ကို သတ်ပစ်ဖို့အထိ မိုက်လုံးကြီးခဲ့ပေမယ့်ဘွားအေဖြစ်သူ၏ကယ်တင်မှုကြောင့် လောကကြီးမှာ ဆက်လက်ရှင်သန်ခွင့်ရခဲ့သလိုဖခင်ဖြစ်သူရဲ့ အမုန်းတရားကိုပါ မွေးမွေးပြီးခြင်းလက်ခံရရှိလိုက်ပါတော့တယ်။မိခင်ရဲ့ ညီမဝမ်းကွဲ အဒေါ်ဖြစ်သူ ဝက်ဒ်ရဲ့ ပြုစုမှုနဲ့သာ ဂျန်ဟာ လူလားမြောက်ခဲ့ရပါတယ်။ ဖခင်ဖြစ်သူ ဝစ်စနန်ဒီချာဟာ မိန်းမဖြစ်သူ သေဆုံးပြီး အစောပိုင်းမှာ ငြိမ်နေခဲ့ပေမယ့်ဗလန်ပူးအိမ်တော်ကြီးရဲ့ အုပ်ချုပ်သူဖြစ်တဲ့ မိန်းမရဲ့အဘွား ခရီးထွက်နေချိန်မှာတော့ဗလန်ပူးအိမ်တော်ကြီးကို သိမ်းပိုက်ဖို့ကြိုးစားပါတော့တယ်။ သူ့အမိန့််မနာခံတဲ့ အစေခံယောကျာ်းတွေကို အလုပ်ထုတ်ပစ်တာအပြင်အစေခံမိန်းမများကို အပျို/အအို မရွေးဘဲ သူ့နည်းသူ့ဟန်နဲ့စည်းရုံးသိမ်းသွင်းပါတော့တယ်…နောက်ပိုင်းမှာအိမ်ကြီးတခုလုံးကို သိမ်းပိုက်ပြီး မရီးဖြစ်သူ ဝက်ဒ်ကိုပါ သိမ်းပိုက်ဖို့ ကြံစည်လာတဲ့အခါ….အမေ တဖြစ်လဲ အဒေါ်ဖြစ်သူ ဝက်ဒ်က ဂျန်ကို သတ်ချင်နေတဲ့ သူ့အဖေအနေနဲ့ ဂျန်ကိုထပ်ပြီးရန်မရှာဖို့ ကတိတောင်းခံခဲ့ပြီး သူမရဲ့ဘဝနဲ့ အလဲအထပ်ပြုလုပ်လိုက်ပါတယ်။ ဒီလိုနဲ့ အရွယ်ရောက်လာချိန်မှာတော့ ဖခင်ဖြစ်သူရဲ့မုန်းတီးနှိပ်စက်မှုတွေကြောင့် စိတ်ဒဏ်ရာများစွာရရှိခဲ့တဲ့ ဂျန်ဟာဖအေတူမအေကွဲညီမဖြစ်သူနဲ့ သူငယ်ချင်းတို့နှစ်ယောက်လူငယ်ဘာဝဖြစ်ပျက်နေကြပုံကို မမျှော်လင့်ထားဘဲ တွေ့မြင်သွားတဲ့အခါ…။ ငယ်ရွယ်စဉ်ကတည်းက ဖခင်ဖြစ်သူနဲ့အစေခံမိန်းမတွေရဲ့ ဖောက်ပြန်မှုတွေကို တွေ့မြင်ဖူးထားတဲ့ဂျန်က ဘယ်လို လက်တည့်စမ်းမှုတွေပြုလုပ်မလဲ …ဖခင်ဖြစ်သူရဲ့ရည်းစားဟောင်းကို ဖခင်ဖြစ်သူက အိမ်ကို ခေါ်ဆောင်လာတဲ့ အခါမှာရောဂျန်နဲ့ဘယ်လိုတွေဖြစ်ကြမလဲ …ဖခင်ဖြစ်သူ ဝစ်စနန်ဒီချာကရော ဘယ်လိုဆက်လိုဇာတ်လမ်းဆက်မလဲ…ဘွားအေဖြစ်သူကကော ဘယ်လိုလှည့်ကွက်တွေပြုလုပ်ထားခဲ့သလဲ ဆိုတာကိုတော့…တသီတတန်းကြီး မနားတမ်းကြည့်ရှုရမှာပါ။ အဆက်အနေနဲ့ Jan Dara: The Finale (2013) ဆက်ထွက်ထားပြီး Jan Dara ကားများကို ဒီမှာhttps://channelmyanmar.org/?s=jan+daraကြည့်ပါ။ မာရီယိုပရိတ်သတ်တွေလဲ မာရီယိုရဲ့စကေးတွေကို လက်လွတ်မခံသင့်သလို လူ့သဘောမနောအမှောင်ခြမ်းတွေအကြောင်းလဲ ဖော်ပြထားတာကြောင့် ပညာပေးဇာတ်လမ်းအဖြစ်လဲ လက်လွတ်မခံသင့်ပါဘူး။...

Moonlight Butterfly (2022) ⭐IMDB: 5.8/10 (400 Votes) 🎬 #Adult #Asian #Drama 🗓 2022 🎞 movie 📺 #720p #1080p 💿 866.0 MB ⦿ 1.8 GB 🌎 #Philippines ⏰ 1 နာရီ 45 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 MoonLight Butterfly (2022) ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဘားမှာဖျော်ဖြေပေးနေရတဲ့ မိန်းမလှလေး…. ဘားမယ်ဆိုပေမယ့် အလှသွေးကြွယ်ချက်က၉+ဆိုတော့ ဖောက်သည်တွေ တသောသောနဲ့အမြဲ အလုပ်များနေတာပေါ့ သူဒီလိုလုပ်ရတာလဲ ဝါသနာကြောင့်မဟုတ်ပဲသူ့ရဲ့ဘဝပေးကံလေး နိမ့်နေလို့ပါ…နိမ့်ပုံကတော့ အမေက ကျောက်ကပ်အမြဲဆေးနေရတဲ့ရောဂါသည် လူမမာကြီး…မောင်ဖြစ်သူကလဲ ကျောင်းတက်နေရတဲ့လူငယ်လေးဆိုတော့ အမကြီးအမိရာဆိုတဲ့အတိုင်းသူမရဲ့ လှပတဲ့ကောက်ကြောင်း ပေါ်လွင်တဲ့နှာတံဝိုင်းစက်နေတဲ့ မျက်လုံးလေးတွေကို အသုံးချပြီးပိုက်ဆံရှာရတာပေါ့ဗျာ သူ့ရဲ့ စပါယ်ရှယ်ဝန်ဆောင်မှုကိုတော့ လပြည့်နေ့တရက်သာပေးပါတယ် လပြည့်နေ့တိုင်း သူမကသူမရဲ့အလှတရားကိုပေါ်လွင်တောက်ပစေမယ့် အဝတ်အစားတွေနဲ့တညတာအဖော်ရှာဖွေရင်း မထင်မှတ်ထားတဲ့ယောကျာ်းနှစ်ယောက်နဲ့တွေ့ဆုံမိချိန်မှာတော့…....

10 Years Love (2008) ⭐IMDB: 4.7/10 (57 Votes) 🎬 #Adult #Asian #Crime #Drama 🗓 2008 🎞 movie 📺 #720p #1080p 💿 633.8 MB ⦿ 1.2 GB 🌎 #Japan ⏰ 1 နာရီ 13 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 10 Years Love (2008) အသက် ၁၇ နှစ်အရွယ် မာရီဆိုတဲ့ ကောင်မလေးက သူတို့ကျောင်းက ပေါ်ပြူလာဖြစ်တဲ့ ဘောလုံးသမား ဟီရိုဆိုတဲ့ ကောင်လေးကို တိတ်တခိုး ချစ်နေခဲ့တာပေါ့ ကျောင်းဘောလုံးပွဲမှာ ဟီရိုက ဂိုးမသွင်းနိုင်တာကြောင့် ကစားပွဲမှာရှုံးနိမ့်သွားပြီး သူငယ်ချင်းတွေကလည်း သူ့ကို ပစ်ပယ်သွားပါတော့တယ်… တစ်ရက် ဟီရိုမိသားစုလည်း ပြိုကွဲသွားပြီး ဟီရိုလည်း အဝေးတစ်နေရာကို ထွက်သွားတဲ့နောက် မာရီက သူချစ်တဲ့ကောင်လေး ဟီရိုကို လိုက်ရှာဖို့အတွက် မြို့တစ်မြို့ကို တက်သွားပါတော့တယ် ဆယ်နှစ်ကြာပြီးနောက်ပိုင်း မာရီ သူချစ်သူကောင်လေးကို ရှာတွေ့နိုင်ပါ့မလား… တစ်ခါမှမရောက်ဖူးတဲ့ မြို့လေးတစ်မြို့မှာ မာရီတစ်ယောက် ဘယ်လိုဖြတ်သန်းမလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးပါဦး ။...

Jan Dara: The Finale (2013) ⭐IMDB: 5.5/10 (649 Votes) 🎬 #Adult #Drama #Romance 🗓 2013 🎞 movie 📺 #720p #1080p 💿 811.2 MB ⦿ 2.1 GB 🌎 #Thailand ⏰ 2 နာရီ 24 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Jandara :The Finale ဟာ ပထမဇာတ်ကား Jandara the begining (၂၀၁၂) ရဲ့မပြီးသေးတဲ့ အဆက် ဖြစ်ပြီး အရင် ဇာတ်ကားထက် ပိုစိတ်ဝင်စားစရာ ကောင်းလာပါတယ်။ ဂျန်ဒါရာ အနေနဲ့အသက်ကြီး လာပြီး သူ့အိမ်တော်ကြီးကို ပြန်လာခဲ့တယ်။သူ့အဖေ အရင်းဟာ ဘယ်သူဘယ်ဝါ ဆိုတာ ရှာဖွေတွေ့ရှိခဲ့ပြီးမှပြန်လာတာပါ။သူ့အနေနဲ့ ကလဲ့စားခြေပြီး Luang Vissanun-decha ရဲ့ လုပ်ပိုင်ခွင့်တွေကို ပြန်လည်ချေဖျက်ဖို့ ကြိုးစားလာပါတော့တယ်။ အသေးစိတ် ထပ်ပြောပြရရင်တော့ အိမ်ကစွန့်ခွာခဲ့ရတဲ့ Jan Daraဟာကျေးလက်ရွာတစ်ရွာမှာ အဘွားဖြစ်သူနဲ့ သွားအခြေချနေထိုင်ခဲ့ပါတယ်။ဒီအချိန်မှာ Janရဲ့ ညီမနှစ်ဝမ်းကွဲ ကလည်း ပြဿနာတစ်ခုနဲ့ ကြုံတွေ့လာရပါတယ်။ဒါကို Janက အခွင့်ကောင်းယူ ပြီး လက်စားချေဖို့ ကြိုးစားတာပါ။သူ့ဘဝကို ရှင်လျက်ငရဲကျအောင် လုပ်ခဲ့တဲ့ လူတွေကိုပေါ့။ ကဲ…..ချစ်ခြင်းမေတ္တတရား တွေ ကာမဂုဏ်တွေ သူငယ်ချင်းရဲ့ပံ့ပိုးမှုတွေက သူ့ကို ရှင်လျက်သေစေခဲ့တဲ့အရာတွေကိုပြန်ကလဲ့စားခြေ ရာမှာ ထောက်ပံ့ပေးနိုင်ပါ့မလား? လက်စားခြေ ဖို့ ဘယ်လို အခွင့်အရေး တွေ ရခဲ့သလဲ? ဘယ်လို စီမံ ခဲ့သလဲဆိုတာကတော့….။ မာရီယိုပရိတ်သတ်တွေလဲ မာရီယိုရဲ့စကေးတွေကို လက်လွတ်မခံသင့်သလို လူ့သဘောမနောအမှောင်ခြမ်းတွေအကြောင်းလဲ ဖော်ပြထားတာကြောင့် ပညာပေးဇာတ်လမ်းအဖြစ်လဲ လက်လွတ်မခံသင့်ပါဘူး။ Jan Dara  ၂ ကားစလုံးကို ဒီမှာhttps://channelmyanmar.org/?s=jan+daraကြည့်ပါ။...

Mother's Job (2017) ⭐TMDB: 38.0% User Score 🎬 #Adult #Asian #Romance #Drama 🗓 2017 🎞 Movie 📺 #720p #1080p 💿 704.8 MB ⦿ 1.7 GB 🌎 #SouthKorea ⏰ 1 နာရီ 21 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အိမ်ထောင်ရေးတစ်ခုကို လွယ်လွယ်လေးပဲတွေးပြီး ခေါင်းမာတက်တဲ့ မမတစ်ယောက်ရှိတယ် သူ့မှာ သားတယောက်ရှိပြီး အိမ်ထောင်ရေးမှာ အဆင်မပြေမှုတွေ များလာတော့ ကွာရှင်းပြတ်စဲလိုက်တယ် ခိုကိုးရာမဲ့ ဘဝကိုကြုံရာကျပမ်းလုပ်လာရင်းက အရက်ဘားတစ်ခုမှာ ခြေချမိတယ် အရင်းရှင်တို့ရဲ့ထုံးစံအတိုင်းပါပဲ ဧည့်ကြိုက်တယောက်ရလာပြီဆိုရင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ရစ်ပတ်ထားစမြဲပါပဲ သူမရဲ့အလှတွေက ခန့်ညားပြီးကျက်သရေရှိနေတာကိုး တည်ငြိမ်ရင့်ကျက်ပြီး ကျားတွေရဲ့ ဘဝင်ခွေ့အောင်ချွဲနိုင်သူ ယောင်နု မိသားစုအဆင်မပြေတော့ အကြွေဗလပျစ်နဲ့အားလုံးကနယ်ဖက်ရွှေ့ပေးရပေမဲ့ ပညာရေးတစ်ပိုင်းတစမို့ သူကျန်ခဲ့ရရှာတယ် မိသားစုအဆင်မပြေတော့ ကျောင်းစရိတ်မပံ့ပိုးရှာနိုင်ကြဘူး ယောင်နုအနေနဲ့ ဝင်ငွေကောင်းတဲ့ အချိန်ပိုင်း အလုပ်ရရှိရေးပဲဦးစားပေးရပါတယ် သူကငယ်ရွယ်နုပျိုတယ် ခန့်ငြားတယ် စော်ကြည်ဘဲပေါ့ အလုပ်ရှာဖွေရင်းကနေ အရက်ဘားတစ်ခုမှာ စားပွဲထိုး သန့်ရှင်းရေး အစစ အရာရာလုပ်ပေးရပြီး ဝင်ငွေကောင်းတဲ့ အလုပ်ရခဲ့ပါတယ် သူတို့နှစ်ဦး အလုပ်တစ်ခုတည်းမှာ အတူတူတွေ့ကြတယ် တစ်နေ့မှာ အကြောင်းတစ်ခုကြောင့်အိမ်ထိလိုက်ပို့ရာမှ ငယ်သူငယ်ချင်းရဲ့ အမေဖြစ်နေမှန်းသိခဲ့ရတယ် အဲဒီမှာပဲ သူတို့ပိုရင်းနှီးလာပြီး မျိုသိပ်ထားသမျှတွေ ပွင့်ထွက်လာပါတော့တယ် မောင်လေးတွေရဲ့ မမအပေါ် ဘယ်လောက်ချစ်ပြီး ဘယ်လောက်အနွံတာခံတက်လဲဆိုတာ ဒီဇာတ်ကားလေးကသက်သေပါပဲ မောင်လေးတွေက အသက်ပေးဖို့တောင်ဝန်မလေးကြပါဘူး အချစ် အလွမ်းအဆွေး အိမ်ထောင်ရေး ရသစုံတာဖြစ်လို့ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ Bar ဆိုတာ ၁၈ နှစ်ကျော်မှ သွားဖို့အဆင်ပြေသလို Bar ဇာတ်ဝင်ခန်းများများပါတဲ့ဇာတ်ကားတွေကိုလည်း ၁၈ နှစ်ကျော်မှကြည့်သင့်ပါတယ်...

(21+)STARS-160 SODstar 10 SEX AFTER PARTY ⭐⁉️ 🎬 ##Adult #Asian 🗓 ⁉️ 🎞 Movie 📺 #720p #1080p 💿 1.0 GB ⦿ 2.3 GB 🌎 #Japan ⏰ 2 နာရီ 39 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မီးများမီးနိုင် ရေများရေနိုင်ဆိုတာ ဒီကားလေးကသက်သေပါပဲ ဒါမျိုးကားက ဆယ်ခါပြန်ကြည့်သင့်တဲ့ကားထဲမှာ ပါတယ်လို့ပြောရင် လွန်ရာကျမယ်မထင်ပါဘူး တကယ့်ဒိတ်ဒိတ်ကြဲ JAV Stars တွေ အိုဗျာ ရုပ်ရည် အချိုးစား အထာကျကျသရုပ်ဆောင်တာတွေ လုံးဝ ပြောစရာမရှိအောင်မရှိအောင် တော်ကြတဲ့ JAV Stars ဆယ်ယောက်ကျော် အကြိုက်ဆုံးကတော့ Iori Kogawa, Yuna Ogura ပဲ သူတို့အားလုံးရဲ့ Uncensored Leak ပါပဲ တစ်ဝကြီး အားရပါးရခံစားရအောင်ပါ Stars တွေရဲ့ သရုပ်ဆောင်ချက်တွေက ရင်တွေခုန်စေတယ် ပါတီပွဲကြီးထဲမှာ ထင်တိုင်းဝုန်းဒိုင်းကြဲနေကြတာပါ JAV Stars တစ်သိုက် ပါတီပွဲမှာ ကောင်လေးတွေကို သူတို့စိတ်တိုင်းကျ ပယ်ပယ်နယ်နယ် ကိုင်တဲ့ပွဲပါပဲ တစ်ယောက်နဲ့တစ်ယောက် မနာလိုမရှု့စိမ့်နဲ့ နင်လားငါလား အပြိုင်လက်စွမ်းပြကြတဲ့ပွဲပါပဲ ကျွန်တော့်အတွက်တော့ နတ်သမီးတစ်ဖက် ငါးရာမလိုပါဘူး တစ်ဖက်က Iori Kogawa တစ်ဖက်က Yuna Ogura နဲ့ဆိုရင်ပဲ လုံလောက်နေပါပြီ ပညာပြိုင်တာတွေက ပြင်းထန်လှတာမို့ မိသားစုနဲ့အတူ ကြည့်ဖို့အဆင်မပြေပါဘူး...

Behead the King (2017) ⭐IMDB: 5.2/10 (5 Votes) 🎬 #Adult #Drama #History 🗓 2017 🎞 movie 📺 #720p #1080p 💿 1001.2 MB ⦿ 2.0 GB 🌎 #SouthKorea ⏰ 1 နာရီ 56 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဂျိုဆွန်းတိုင်းပြည်က မိန်းကလေးတွေအတွက်တော့ ငရဲပဲ…. ဂျိုဆွန်းခေတ်… အမြော်အမြင်ရှိပြီး လေးစားခံရတယ်လို့သတ်မှတ်ခံရတဲ့ ဆောင်ဂျုံးဘုရင်လက်ထက်ကို ဇာတ်အိမ်တည်ထားပါတယ် အသက် ၁၃ နှစ်နဲ့နန်းတက်ပြီး မယ်တော်ကြီးနဲ့ မူးမတ်တို့ရဲ့ ကြိုးကိုင်မှုခံရတဲ့ ဆောင်ဂျုံးဘုရင်ဖြစ်တဲ့အလျောက် မယ်တော်ကြီးကပဲ ချုပ်ကိုင်ချယ်လှယ်ခဲ့ပါတယ် မယ်တော်ကြီးဟာ မိန်းကလေးတွေကို သူရဲကောင်းအာဇာနည်ဖြစ်ခွင့်ပေးတယ်ဆိုပြီး ခင်ပွန်းသေရင် ဇနီးသည်ပါလိုက်သေရတဲ့ ဥပဒေကိုဖော်ဆောင်ခဲ့ပါတယ် ဥပဒေအသစ်တွေပြောင်းပြီး ညစ်ညမ်းတဲ့ဆောင်ကြာမြိုင်တွေကို ဖျက်သိမ်းလိုက်တဲ့အချိန်မှာတော့ အသက်ရှင်ကျန်နေခဲ့တဲ့ကချေသည်ဘီဆောဟာ ဘုရင်ကိုမုန်းတီးပြီး လက်စားချေမယ့်အစီအစဉ်ကို အကောင်အထည်ဖော်ပြတော့တယ် ကချေသည်ဘီဆောရဲ့ လက်စားချေမှုက အောင်မြင်မလား သူ့ရဲ့အဆုံးသတ်ကဘယ်လိုဖြစ်မလဲဆိုတာကို ကြည့်ရှုပေးကြပါဦးနော် သတိပေးချက် – ၁၈ ယောက်ပြည့်မှကြည့်လို့ရမယ့်အခန်းတွေပါလို့ မိသားစုနဲ့ လုံးဝ(လုံးဝ) ကြည့်လို့မသင့်တော်ပါနော် ။...