ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Lover for a Day (2017)
⭐IMDB: 6.7/10 (2 k Votes)
🎬 #Drama #Romance
🗓 2017 🎞 movie
📺 #720p #1080p
💿 609.6 MB ⦿ 1.4 GB
🌎 #France
⏰ 1 နာရီ 17 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Lover for a Day (2017)
~ IMDb – 6.7/10, Rotten Tomatoes – 82% ~
ပြင်သစ်ဆန်ဆန် အချစ်အကြောင်းလေးတစ်ပုဒ်။ ဓားရာကိုယ်စီနဲ့ ချစ်ဝေဒနာသည်တွေအတွက် အိုအေစစ်တစ်ခု။
အဖြူအမည်း၊ ဝတ်လစ်စလစ်အခန်းတွေ၊ စီးကရက်သောက်နေတဲ့လူတွေ၊ ရုတ်တရက်ထပြီး ဒဿနဆန်ပစ်တဲ့ ဒိုင်ယာလော့ခ်တွေနဲ့ နောက်ခံစကားပြော။ ဒါက ပြင်သစ်ရုပ်ရှင်စစ်စစ်ပါပဲ။ ပြင်သစ်အထာဆိုတာ ဒါ လို့ ကိုယ့်မျက်နှာရှေ့ ကပ်မပြောရုံတမယ်ပါ။
ပြင်သစ်ဒါရိုက်တာ Philippe Garrel ဟာ မှတ်ကျောက်တစ်ခုအနေနဲ့ Garrel’s Trilogy of Love ဆိုပြီး အချစ်အကြောင်း အဖြူအမည်း ရုပ်ရှင်သုံးခု ရိုက်ထားပါတယ်။ ဒါကတော့ အဲဒီ ၃ ကားထဲက နောက်ဆုံးတစ်ခုပေါ့။
အချစ်ဆိုတာ ဘာလဲ။ ဒီမေးခွန်းကို ခေတ်အဆက်ဆက်မေးခဲ့ကြတယ်။ ခေတ်အဆက်ဆက်အဖြေထုတ်(ဖို့ကြိုးစား)ခဲ့ကြတယ်။ အချစ်ဟာ အချစ်ပါပဲ။ အချစ်ကို ဘာနဲ့ဖွဲ့စည်းထားတာပါလို့ ဓာတုဗေဒမဆန်ကြရအောင်လေ။
အချစ်ဆိုတာ ရေလို့ပဲသတ်မှတ်တာပေါ့။ ပုံသဏ္ဍာန်အတည်တကျမရှိ။ မရှိတဲ့နည်းတူ ပုံသဏ္ဍာန်ပေါင်းစုံလည်း ရှိနေနိုင်ပြန်တယ်။ ထွက်မသွားစေချင်တာလည်းအချစ်၊ လွှတ်မပေးချင်တာလည်းအချစ်၊ ကောင်းစားစေချင်တာလည်းအချစ်၊ ဘေးဒုက္ခတွေမရောက်စေချင်တာလည်းအချစ်… ဒီလို ဒီလိုတွေပေါ့။
ဒီရုပ်ရှင်ထဲက အချစ်ကလည်း သဏ္ဍာန်မဲ့တယ်။ မေတ္တာလား ချစ်ခြင်းလား ဆုံးရှုံးရမှာကြောက်လို့ ဒူးထောက်ထားခြင်းလား။
ဒီရုပ်ရှင်ထဲမှာ အဓိကအနေနဲ့ ၃ ယောက်ပါတယ်။ အဖေ(ဂျီးလ်)ရယ် အဖေ့ရည်းစား(အေရီယန်)ရယ် သူ့သမီး(ဂျန်း) ရယ်။
တစ်နေ့မှာ ဂျန်းက သူ့သတို့သားလောင်းနဲ့ရန်ဖြစ်ပြီး သူ့အဖေဆီကို ပြန်လာခဲ့တယ်။ သူ့အဖေကလည်း သူ့သမီးနဲ့ရွယ်တူ ကျောင်းသူလေးတစ်ယောက်နဲ့တွဲနေတယ်။ အဲဒီမှာ သူတို့ သုံးယောက်ကြား မချည်တဲ့ကြိုးတွေ ထုံးကြတယ်။ အတူနေရာက ပြဿနာတွေ၊ အသက်အရွယ်ကွာဟမှုကြား ညှိလို့မရတာတွေ၊ ချစ်ခြင်းကို အဓိပ္ပာယ်ဖွင့်ပုံခြင်းမတူညီမှုတွေ ဒါတွေအားလုံးကို ရောသမမွှေ ချပြထားပါတယ်။
ဇာတ်ကောင်တွေကို တည်ဆောက်ပုံက လှတယ်။ ပြင်သစ်မလေး ၂ယောက်ကို ဆေးခြယ်ထားပုံများ… ဒီရုပ်ရှင်ပြီးတာတောင် မြန်တယ်ထင်ရတယ်။ ချစ်ခြင်းရဲ့ပုံသဏ္ဍာန်တစ်ခု နဲ့ လူတွေကြား လစ်ဟာနေတဲ့ကွက်လပ်တစ်ခု။
ဒီကွက်လပ်တစ်ခုကို ဒါရိုက်တာ Phillippe က မီးမောင်းထိုးပြဖို့ကြိုးစားခဲ့တယ်။ “မင်းတို့မှာ ဒီလိုလစ်ဟာမှုတစ်ခုရှိနေတယ်” ပေါ့။ ဖြည့်တာမဖြည့်တာ ကျွန်တော်တို့အပိုင်း။
ဆုတွေအနေနဲ့ဆိုရင် ဆု ၂ ခုရထားပြီး ဆန်ကာတင် စာရင်းမှာ ၃ခုပါထားပါတယ်။ ခံစားချက်တွေအကြောင်းရုပ်ရှင်တစ်ခုဖြစ်တာကြောင့် ဘာမှမတွေးဘဲ ခံစားကြည့်လိုက်ပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)...
To End All War: Oppenheimer & the Atomic Bomb (2023)
⭐IMDB: 7.5/10 (2 k Votes)
🎬 #Documentary #History
🗓 2023 🎞 movie
📺 #720p #1080p
💿 876.6 MB ⦿ 1.6 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb – 7.5, RT – 91% ဒုတိယ ကမ္ဘာစစ်လို့ ပြောလိုက်ရင် အရင်ဆုံး ဟစ်တလာကြီးရဲ့ နာဇီအင်ပါယာကြီးကို ပြေးမြင်မိကြမယ်လို့ ထင်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ အဆုံးသတ်လို့ ပြောလိုက်ရင်လည်း ဂျပန်အင်ပါယာကြီးရဲ့ ဟီရိုရှီးမားနဲ့ နာဂါဆာကီ၊ မြို့ နှစ်မြို့အဏုမြူဗုံး ကြဲချခံခဲ့ရတာနဲ့ အဆုံးသတ်သွားတာကို ပြေးမြင်မိကြမယ် ထင်ပါတယ်။ ယခု ဒီdocumentaryက ဒုတိယ ကမ္ဘာစစ်ကို အဆုံးသတ်စေခဲ့တဲ့ အဏုမြူဗုံးကို တီထွင်ခဲ့တဲ့ ဒေါက်တာ ဂျေ ရော့ဘတ် အော့ပန်ဟိုင်းမားရဲ့ ဇာတ်ကြောင်းကို documentaryအနေနဲ့ ရှု့စားရမှာ ဖြစ်ပါတယ်။ ရှေ့တလောတုန်းက Christopher Nolanရဲ့ လက်ရာဖြစ်တဲ့ Oppenheimer Biopicကို တင်ဆက်ခဲ့ပါတယ်။ ယခု ဒီdocumentaryဇာတ်လမ်းထဲမှာ အော့ပန်ဟိုင်းမားရဲ့ POVကနေ မဟုတ်ဘဲနဲ့ အော့ပန်ဟိုင်းမားနဲ့ အလုပ်တွဲလုပ်ခဲ့ဖူးကြတဲ့ တကယ့်အပြင်က လူတွေက အော့ပန်ဟိုင်းမားရဲ့ ဇာတ်ကြောင်းကို ပြောပြနေဟန်နဲ့ သရုပ်ဖော်ရိုက်ကူးထားပါတယ်။
Christopher Nolanရဲ့ လက်ရာဖြစ်တဲ့ Oppenheimerကို အကြိုက်တွေ့တဲ့ လူတွေအတွက် ဒီdocumentaryက ဆက်စပ်နေပြီး Biopicထဲမှာ မပါခဲ့တဲ့ အကြောင်းရာတွေကိုပါ ယခုဇာတ်လမ်းထဲမှာ ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အော့ပန်ဟိုင်းမား၊ မက်စ် ဘွန်း၊ ဟိုက်ဆင်ဘက်၊ လက်စလီ ရစ်ချတ် ဂရို့ဖ်၊ ဂျင်း တက်လော့၊ ချဗလီရေး၊ ဘိုးရစ်ပက်ရှက်၊ အက်ဒ်ဝေါ့ တယ်လာနဲ့ လူးဝစ်စ် စထရောစ်လိုမျိုး အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့တဲ့လူတွေရဲ့ ပုံရိပ်တွေ၊ သမိုင်းဝင် ဗီဒီယိုမှတ်တမ်းတွေကိုပါ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် Oppenheimerကို ကြည့်ရှု့ပြီးတော့ တကယ့်အပြင်က footagesတွေကို ကြည့်ရှု့ချင်တဲ့လူတွေအတွက် ဒီ documentaryက အကိုက်ပါပဲ။
” အခု ငါဟာ သေခြင်းဖြစ်လာပြီ၊ ကမ္ဘာတွေကို ဖျက်စီးသူ ” ၊ အဆိုပါ quoteရဲ့ ပိုင်ရှင်ဖြစ်တဲ့ ရော့ဘတ် အော့ပန်ဟိုင်းမားရဲ့ ဘဝအစကနေ အလယ်၊ အလယ်ကနေ အဏုမြူတီထွင်ခဲ့တဲ့ ဘဝ အတက်ဘက်၊ ကွန်မြူနစ်အဖြစ် စွပ်စွဲခံရတဲ့ ဘဝ အကျဘက်နဲ့ ဘဝ နေဝင်ချိန်အထိ ရော့ဘတ် အော့ပန်ဟိုင်းမားရဲ့ ဘဝ ဇာတ်လမ်းကို ခံစားချက်ပေါ်အောင် သရုပ်ဖော်ပြထားနိုင်တဲ့ Documentary တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အဏုမြူဗုံးရဲ့ အလုပ်လုပ်ပုံပါ ပါဝင်ပါသေးတယ်။ အဏုမြူဗုံး အလုပ်လုပ်ပုံကို နားလည်ရလွယ်မယ့် စကားလုံးတွေနဲ့ ရွေးချယ်ပြီး တင်ဆက်ပေးထားတဲ့အတွက် ဒီdocumentaryက သာမန် documentaryတွေထက် ထူးခြားနေမှာဖြစ်ကြောင်း ပြောရင်း နိဂုံးချုပ်အပ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်က Minn Khant Kyi Win ဖြစ်ပါတယ်။...
God Bless America (2011)
⭐IMDB: 7.1/10 (71 k Votes)
🎬 #Comedy #Drama #Action #Crime
🗓 2011 🎞 movie
📺 #720p #1080p
💿 915.8 MB ⦿ 1.7 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 45 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာတော့ IMDb 7.1 ရရှိထားတဲ့ Comedy/Crime ဇာတ်ကားလေးတစ်ခုတင်ဆက်ပေးပါ့မယ် Social media လွှမ်းမိုးလာတာနဲ့အမျှ လူတွေဟာလည်း နေ့ရှိသရွေ့ Cele အကြောင်းတွေ အတင်းတွေ နိုင်ငံရေးအယူအဆတွေ ဝက်ဆိုဒ်ပေါ်မှာတွေ့တာတွေကို ပြောကြဆိုကြရင်း အချိန်ကုန်လာကြပါတယ် အဲ့ဒီလို Social Media လွှမ်းမိုးမှုကို မကြိုက်တဲ့ ဖရန်ခ့်တစ်ယောက်ကတော့ လူ့ဂွစာကြီးဖြစ်နေတာပေါ့ဗျာ ပြီးတော့ ဖရန်ခ့်ဟာ ယဉ်ကျေးမှုပြောင်းလဲလာတာတွေကိုလည်း သဘောကျသူမဟုတ်ပါဘူး ဒီလိုနဲ့ လူ့ဂွစာကြီး ဖရန့်ခ့်ဟာ တစ်ရက်မှာတော့ အလုပ်ပြုတ်သွားပါတော့တယ် အလုပ်ပြုတ်ပြီးပြီးချင်းမှာပဲ သူရဲ့ဦးနှောက်မှာ အကြိတ်တည်နေတာကို ပါ ထပ်သိလိုက်ရပါသေးတယ်
ကျန်းမာရေးလည်းမကောင်း အလုပ်လည်းပြုတ် အိမ်ထောင်လည်းကွဲထားတဲ့ ဖရန်ခ့်တစ်ယောက် သူ့ကိုသူ အဆုံးစီရင်ဖို့ကြံစည်ပါတော့တယ် ထိုအချိန်မှာပဲ တီဗီရှိုးတစ်ခုမှာလာတဲ့ ကလိုအီဆိုတဲ့ လူကြီးကို လူကြီးလို မထင်တဲ့ နာမည်ကြီး ကောင်မလေးတစ်ယောက်ဟာ ဖရန်ခ့်အတွက် မျက်စိစပါးမွှေးစူးစရာဖြစ်နေတာပေါ့ ဒီလိုနဲ့သူဟာ သူ့ကိုယ်သူ အဆုံးမစီရင်ဘဲ ကလိုအီကို သွားသတ်ပါတော့တယ် ဒီလိုနဲ့ သူဟာ လွတ်လပ်စွာပြောဆိုနိုင်ခွင့်ကို လက်ကိုင်ထားပြီး သူများအတွက် ငဲ့ညှာမကြည့်တဲ့ ယဉ်ကျေးမှုမရှိတဲ့သူတွေကို လိုက်သတ်ပါတော့တယ် သူနဲ့ အတူ အမြင်တူတဲ့ ကလိုအီတို့ ကျောင်းက ကောင်မလေးတစ်ယောက်လည်း ပါလာပါသေးတယ် သူတို့နှစ်ယောက်ရဲ့ သူများနဲ့ မတူတဲ့အမြင်တွေနဲ့ သူတို့ဘာတွေဆက်လုပ်ပြီး ဘယ်လိုများ အဆုံးသတ်ကြမှာလဲဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးဗျာ...
Zookeeper (2011)
⭐IMDB: 5.2/10 (64 k Votes)
🎬 #Comedy #Family #Romance #Fantasy
🗓 2011 🎞 movie
📺 #720p #1080p
💿 1006.1 MB ⦿ 1.8 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 42 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်မှာတော့ Comedy Movie တွေမှာ မြင်နေကျ တလွဲking ကြီးလို့ ပြောလို့ရတဲ့ မင်းသားကြီး Kevin James ရဲ့ ကားတင်ပေးမှာပါ၊ ဒီကားထဲမှာဆို သူက ဂရစ်ဖင်း၊ တိရိစ္ဆာန်ရုံမှာအလုပ်လုပ်တဲ့သူ၊ ဝါသနာနဲ့ အလုပ် တထပ်တည်းကျတော့ အလုပ်အဆင်ပြေပေမဲ့ အချစ်ရေးကံခေနေရှာတာပေါ့ ၊ ဂရစ်ဖင်း ခမျာ အဲ့ကိစ္စနဲ့ပဲ စိတ်ညစ်တော့ အလုပ်ကထွက်ပြီး စော်ကြည်မယ်ထင်တဲ့အလုပ်ပြောင်းဖို့လုပ်တော့တာပါပဲ။ တစ်ခုရှိတာက ရုံကအကောင်လေးတွေက ဂရစ်ဖင်းစိတ်ထားကောင်းတာကိုသိတော့ မထွက်စေချင်ကြပါဘူး၊ အဲတာနဲ့ပဲ မထွက်ရအောင် ဂရစ်ဖင်းကို ဒီအလုပ်ကနေမထွက်ပဲစော်ကြည်စေနိုင်ဖို့ကူညီကြပါတယ် ၊ ကူညီကြပုံလေးတွေကချစ်စရာကောင်းအောင် စပရိုက်ဖြစ်တာမို့ ကြည့်ရင်းရယ်ရင်း နဲ့အမောပြေစေမှာအမှန်ပါ...
Bro (2023)
⭐IMDB: 7.8/10 (9 k Votes)
🎬 #Bollywood #Drama #Fantasy #Comedy #Family
🗓 2023 🎞 movie
📺 #720p #1080p
💿 1.2 GB ⦿ 2.5 GB
🌎 #India
⏰ 2 နာရီ 12 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb-7.8/10
ရုံတင်ငွေ ၁ ဘီလီယံကျော်ရခဲ့တဲ့ ဘဝအတွက်ခဏလောက်အတွေးဝင်သွားစေမဲ့ဇာတ်ကားကောင်းလေးတစ်ခုတင်ဆက်ပေးလိုက်ပါတယ်
ဒီကားရဲ့ ဒါရိုက်တာ Samuthirakani ရိုက်သမျှကားတိုင်းဟာလည်းပရိသတ်အားပေးမှုများစွာရရှိခဲ့တဲ့ ဘ၀ဒဿနဇာတ်ကားကောင်းတွေချည်းပါပဲ
အစ်ကိုကြီးအဖရာဆိုတဲ့အတိုင်း တစ်မိသားစုလုံးရဲ့တာဝန်တွေအတွက်အလုပ်တွေစီးပွားရေးတွေနဲ့ပဲ အချိန်ကုန်နေတဲ့ မာ့ခ်မုန့်တစ်ခုကိုကုန်အောင်မစားနိုင်ချစ်သူနဲ့တောင် နှစ်ဦးအတူထိုင်စကားမပြောနိုင်ညီအစ်ကိုမောင်နှမတွေနဲ့တောင် စကားလက်ဆုံမကျနိုင်သည်ထိ အဆုံးစွန်ကြိုးစားနေခဲ့တာပေါ့
သူအစွမ်းကုန်ကြိုးစားလို့ ရလဒ်ကောင်းတွေရလာတဲ့အသက်သုံးဆယ်အရွယ် GM ဖြစ်တော့မဲ့အချိန်ချစ်သူမိသားစုညီအစ်ကိုမောင်နှမတွေကို အချိန်ပေးတော့မဲ့အချိန်မှာ သေသွားခဲ့ရတယ်
တမလွန်နဲ့ ပစ္စုပ္ပန်ကြားကာလလေးမှာ အချိန်နတ်ဘုရားနဲ့တွေ့ပြီး လူ့ပြည်ကိုပြန်ဖို့တောင်းဆိုခဲ့တယ်သူပြန်လာနိုင်တဲ့အချိန်က ရက်ပေါင်းကိုးဆယ်…လူပြည့်ပြန်ရောက်တဲ့အချိန်မှာလည်း အချိန်နတ်ဘုရားက ထပ်ကြပ်မကွာလိုက်နေခဲ့တယ်..သူရရှိတဲ့ ရက်ပေါင်းကိုးဆယ်မှာ အဓိပ္ပာယ်ရှိတဲ့ဘဝပိုင်ဆိုင်အောင်ကြိုးစားနိုင်မလား…တစ်ချက်ချက်အသံပေးပြီး ရွေ့လျားနေတဲ့အချိန်မှာချစ်ရသူတွေနဲ့အတူ ဘဝကိုဖြတ်သန်းဖို့ မမေ့ကြနဲ့နော်(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Zwe ~ V ~ Moon ~ Yunni တို့ပဲဖြစ်ပါတယ်)...
Just Remembering (2021)
⭐IMDB: 6.9/10 (486 Votes)
🎬 #Romance #Drama
🗓 2021 🎞 movie
📺 #720p #1080p
💿 893.9 MB ⦿ 2.0 GB
🌎 #Japan
⏰ 1 နာရီ 55 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Just Remembering (2021)
~ IMDb – 6.9/10, MyDramaList – 7.5/10 ~
ဒီရုပ်ရှင်အစအဆုံးမှာ ထူးထူးခြားခြား ရက်စွဲတစ်ခုပဲ ပါမယ်။ ဒါပေမဲ့ အဲ့ဒီ့ရက်စွဲတစ်ခုတည်းကိုပဲ နှစ်တွေ နှစ်တွေချီလို့… လူ့ဘဝဆိုတာကိုက အမှတ်တရနဲ့ ယှဉ်တွဲနေထိုင်ခြင်းပါပဲ…
“Just Remembering“
‘ယို’ ဆိုတဲ့ အမျိုးသမီးတက္ကစီယာဉ်မောင်းတစ်ဦးနဲ့ စတိတ်စင်မီးထိုးရတဲ့ တဲရူအိုဆိုတဲ့ အကသမားဟောင်းတစ်ဦးရဲ့ ကြားက အမှတ်တရတွေ။ အမှတ်တရထဲ ထားခဲ့ပြီဆိုကတည်းကိုက သိသာပါတယ်။ ကြည်နူးစရာတွေလာမယ်၊ ပြီးရင် ကြေကွဲစရာတွေလာမယ်၊ ပြီးတော့ တသသဖြစ်မယ်ပေါ့။
ဒါပေမဲ့ ဒီကားက အဲဒီလိုမဟုတ်ခဲ့ဘူး။ “အမှတ်တရတွေကို ရုပ်ရှင်ကြည့်သလို နောက်ပြန်ရစ်ကြည့်ရင်း ရှက်ဖို့ကောင်းလွန်းလို့ ရှေ့ကို ပြန်ကျော်ပစ်ချင်လာတယ်” တဲ့။
အပေါ်မှာ ပြောခဲ့တဲ့ ရက်စွဲတစ်ခု (သူတို့၂ယောက်ကြားမှာ အမှတ်တရအဖြစ်ဆုံး နေ့တစ်ခု) ကိုပဲ နှစ်တွေ ပြန်ရစ်ကြည့်သလိုပုံစံမျိုးနဲ့ တွေ့ရမှာပါ။ လက်ရှိကာလရဲ့ အဲဒီရက်စွဲလေးမှာပဲ တစ်ယောက်ကိုတစ်ယောက် တစ်ဘက်လူမသိဘဲ မတော်တဆတွေ့မိလိုက်ကြရင်း အမှတ်တရ ရထားကြီး နောက်ပြန်ခုတ်မောင်းတော့တာပါပဲ။ ဒါပေမဲ့လည်း ကျန်ခဲ့တဲ့အမှတ်တရတွေဟာ ကိုယ်ပိုင်ဘဝတွေမှာတော့ သတိရမိရုံပါပဲ…။
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)...
The Girl from Monday (2005)
⭐TMDB: 43.0% User Score
🎬 #Action #Comedy #SciFi #ScienceFiction
🗓 2005 🎞 movie
📺 #720p #1080p
💿 757.7 MB ⦿ 1.6 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားလေးကတော့ အနာဂတ်ကိုစိတ်ကူးယဉ်ပြီး ရိုက်ကူးထားတဲ့
စိတ်ဝင်စားစရာဇာတ်ကားလေးပါ။
စတော့ရှယ်ယာတွေအနေနဲ့ ပိုက်ဆံကိုမလှဲလှယ်ကြတော့ဘဲ လူတွေကို
လှဲလှယ်တဲ့အချိန်ကို ရောက်သွားပါပြီ။ လူတွေဟာ ပိုက်ဆံလိုမျိုးနေရာကို
ရောက်သွားပြီး တစ်ယောက်ချင်းစီရဲ့တန်ဖိုးကိုတော့ လိင်ဆက်ဆံတဲ့အကြိမ်ရေနဲ့
သတ်မှတ်ပါတယ်။ လိင်ဆက်ဆံမှုများလေ တန်ဖိုးမြှင့်လာလေလေပါ။
လူတွေဟာ လိင်မှုဆက်ဆံတာကို သူတို့တန်ဖိုးမြှင့်အောင်ပဲလုပ်ကြပြီးတော့
အချစ်တွေ၊ ကြင်နာမှုတွေ၊ နူးညံ့မှုတွေကို ရှာမတွေ့နိုင်တော့ပါဘူး။
အဲဒီဈေးကွက်ကို Triple M ဆိုတဲ့မာတီမီဒီယာကုမ္ပဏီတစ်ခုကနေထိန်းချုပ်ပြီးတော့
လူတွေကို အမြဲမော်နီတာကနေ စောင့်ကြည့်နေတာဖြစ်ပါတယ်။
Jack ဆိုတဲ့သူဟာ အဲဒီကုမ္ပဏီမှာ အမှုဆောင်အရာရှိတစ်ဦးဖြစ်ပါတယ်။
သူဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဆီစီးလ်ကိုသဘောကျမိနေပေမဲ့ သူနဲ့ဆက်ဆံရေး
တစ်ခုကိုထူထောင်ဖို့ တွေဝေနေပါတယ်။ ဒါပေမဲ့ ဆီစီးလ်ဟာ ဝီလီယံဆိုတဲ့သူနဲ့
တရားမဝင်လိင်ဆက်ဆံမိခဲ့တဲ့အတွက် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခံလိုက်ရပါတယ်။
ဒါကြောင့် ဆီစီးလ်နဲ့ဝီလီယံဟာ ဒီစနစ်ကိုဆန့်ကျင်ဖို့ကြိုးစားကြပါတော့တယ်။...
Highwaymen (2004)
⭐TMDB: 57.0% User Score
🎬 #Action #Crime #Horror #Thriller
🗓 2004 🎞 movie
📺 #720p #1080p
💿 562.8 MB ⦿ 1.5 GB
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 20 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မော်လီဟာ သူငယ်ချင်းဖြစ်သူ အဲလတ်စ်နဲ့
ကားမောင်းပြီး အိမ်ပြန်နေချိန်မှာ ကားတစ်စီးက သူတို့ကိုအချက်ပြပြီး
ကျော်သွားလိုက်တယ်။ ခဏအကြာ လှိုဏ်ခေါင်းထဲ အဝင်မှာ ကားမတော်တဆ
ဖြစ်မှုတစ်ခုကိုတွေ့လိုက်ရတယ်။ ဒဏ်ရာရသူတွေကူညီဖို့အတွက် သူငယ်ချင်း
နှစ်ယောက် အပြင်ထွက်လိုက်ကြတယ်။ မော်လီကို ဒဏ်ရာရသူတွေကို
ကြည့်ခိုင်းထားပြီး အဲလတ်စ်ကတော့ လမ်းပေါ်တက်ပြီး အကူအညီတောင်းတဲ့အခါ
ကားတစ်စီးက အဲလတ်စ်ကို တမင်ဝင်တိုက်ပြီးသတ်လိုက်တယ်။
ဖြစ်ရပ်အစအဆုံးကို မြင်သွားတဲ့ မော်လီကိုထပ်တိုက်မယ်အလုပ်မှာ လူတစ်ယောက်
ရောက်လာတဲ့ အတွက် ထွက်ပြေးသွားတယ်။ နောက်တော့ရဲတွေရောက်လာပြီး
မော်လီကိုကယ်ဆယ်ပေးလိုက်ကြတယ်။
စိတ်ဒဏ်ရာရသွားတဲ့မော်လီဟာ ကားတိုက်ခံရပြီးကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့
သူတွေကိုစိတ်သက်သာရာရအောင် ကုစားပေးတဲ့သင်တန်းကိုတက်နေချိန်မှာ
ခရေးဆိုတဲ့လူတစ်ယောက်ကမော်လီနဲ့စကားလာပြောတယ်။
ကားတိုက်ပြီးထွက်ပြေးတဲ့သူကို သူသိကြောင်း ၊နောက်တစ်ခါထပ်လာလိမ့်
ဖြစ်ကြောင်း ၊တရားခံကိုရဲတွေမဖမ်းပေးနိုင်ပေမယ့် သူကူညီနိုင်ကြောင်း
ပြောပြတဲ့အခါ မော်လီလည်းခရေးနဲ့ အတူလက်တွဲပြီး အလုပ်လုပ်ဖို့လက်ခံ
လိုက်တယ်။ ဒီလိုနဲ့မော်လီနဲ့ ခရေးတို့ တရားခံကိုဘယ်လိုအခက်အခဲတွေနဲ့ဖမ်းမလဲ
ဆိုတာဆက်လက်ကြည့်ရှုပေးပါဦး။...
Walking on Sunshine (2014)
⭐IMDB: 5.4/10 (6 k Votes)
🎬 #Comedy #Drama #Musical #Romance
🗓 2014 🎞 movie
📺 #720p #1080p
💿 961.6 MB ⦿ 1.8 GB
🌎 #UnitedKingdom #UnitedStates #Italy
⏰ 1 နာရီ 37 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီကားကိုတော့ ထွေထွေထူးထူးပြောမနေတော့ပါဘူး posterကြည့်လိုက်တာနဲ့
ရွှင်ရွှင်မြူးမြူး Musicalကားလေးဆိုတာ အားလုံးခန့်မှန်းမိကြမှာပါ။
Gabriel’s Infernoကားတွေရဲ့ မင်းသားချော Giulio Berrutiလည်းပါဝင်ထားပါတယ်။
Meddieဟာ အီတလီနိုင်ငံ ပူလီယာကမ်းခြေမှာ ရည်းစားသက်တမ်းသိပ်မကြာ
သေးတဲ့ချစ်သူနဲ့ လက်ထပ်ဖို့ပြင်ဆင်နေပါတယ်။ Meddie မသိတာက
သူ့ရဲ့ခင်ပွန်းလောင်းဟာ သူ့ညီမTaylorရဲ့ ရည်းစားဟောင်းဖြစ်နေတာကိုပေါ့။
Taylor အနေနဲ့လည်း အစ်မဖြစ်သူရဲ့ စပရိုက်စ်အတိုက်ခံလိုက်ရပြီး သူ့ခဲအိုဟာ
သူမမေ့နိုင်သေးတဲ့ချစ်သူဆိုတော့ ပျာယာတွေခတ်ကုန်တာပေါ့။ ဒါပေမဲ့
သူ့အစ်မကောင်းကျိုးအတွက် Taylor ဟာ အရာအားလုံးကို ဖုံးကွယ်ထားဖို့
ကြိုးစားပါတော့တယ်။ သူတို့ရဲ့သုံးပွင့်ဆိုင်အချစ်ရေးဟာ ဘယ်လိုဆက်ဖြစ်မလဲ၊
အရမ်းချစ်ကြတဲ့ ညီအစ်မနှစ်ယောက်ကရော ဆက်ပြီးအဆင်ပြေပါ့မလား၊
သူငယ်ချင်းတွေကရော ဘယ်လိုကူညီပေးကြမလဲဆိုတာ ၈၀ ခုနှစ်ကနာမည်ကြီး
ပေါ့သီချင်းတွေနဲ့အတူ မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ကြရမှာပါ။...
Baby (2023)
⭐IMDB: 7.9/10 (7 k Votes)
🎬 #Bollywood #Drama #Romance
🗓 2023 🎞 movie
📺 #720p #1080p
💿 1.2 GB ⦿ 2.7 GB
🌎 #India
⏰ 2 နာရီ 52 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Baby (2023)IMDb-7.9/10အခုတင်ဆက်ပေးမယ့် ရုံတင်ငွေကုဋေခုနစ်တယ်ထိ ရရှိအောင်မြင်ခဲ့တဲ့ဇာတ်လမ်းလေးက တလေဂူးစကားပြော အိန္ဒိယအချစ်ဇာတ်လမ်းတစ်ပုဒ်။
“တကယ်တော့ အချစ်ဆိုတာ သိစိတ်ရဲ့ခဏတာရူးသွပ်မှုနဲ့မသိစိတ်ရဲ့စိတ်လိုလက်ရနိုင်တဲ့ထင်မြင်ချက်နှစ်ခုအေးစက်စွာခပ်မြူးမြူးတွေ့ဆုံတဲ့ တဒင်္ဂလေးပါပဲ။
ချစ်သူနဲ့အတူ ချစ်ခဲ့တယ်ဆိုတဲ့ သက်တမ်းကလည်း အသေအချာစစ်ကြည့်ရင် အဲဒီတဒင်္ဂရဲ့ပြတ်တောက်မှုကိုသတိမပြုမိဘဲ ဆက်ပြီးထင်ခဲ့မိတဲ့ မသိစိတ်ရဲ့လှည့်စားမှုတရပ်ပါ။ဒီတဒင်္ဂတွေက တခုနဲ့တခုပတ်သက်နေပေမဲ့လည်းတခုနဲ့တခု တာဝန်တော့မယူ။ခင်ဗျားတို့လက်ထဲမှာ ရှိနေတဲ့အဲဒီတဒင်္ဂလေး ပျက်စီးသွားတာနဲ့ ရှေ့မှာရှိခဲ့တဲ့တဒင်္ဂများစွာတို့ကလည်း ပြိုလဲပျက်စီးသွားနိုင်တယ်။ဒါမှမဟုတ် ရပ်တန့်ငြိမ်သက်သွားတတ်ကြတယ်။အချစ်ဆိုတာ တဒင်္ဂသာပိုင်ဆိုင်ရတတ်တဲ့ ခံစားမှုအစုအဝေးတခုပဲဖြစ်ပြီး တဒင်္ဂတည်းနဲ့ ဆုံးရှုံးသွားနိုင်တဲ့အရာလည်းဖြစ်တယ်။”
(ဒီစကားစုက ဆရာနီကိုရဲရဲ့ မကြည်ပြာနှင့်ချစ်ခြင်း၏နဂ္ဂတစ်များ၀တ္ထုထဲက စကားပြေကို စကားပြောနဲ့ပြန်ရေးပြထားတာပါ)
ဒီဇာတ်လမ်းက သစ္စာမဲ့တာလား သစ္စာရှိနိုင်လွန်းတာပဲလား ကျွန်တော်လည်းမဝေခွဲတတ်။ငယ်ငယ်ကတည်းက အိမ်နားနီးချင်းကောင်လေးနဲ့ကောင်မလေးတို့ ဆယ်တန်းကျောင်းသားဘ၀မှာ ချစ်သူတွေဖြစ်ခဲ့ပြီးကောင်မလေးက ကောလိပ်ကိုသွားတက်တဲ့အချိန် တတိယတယောက်ပေါ်လာတဲ့အခါမှာတော့။ချစ်ခြင်းတရားဆိုတာ ဝေးကွာနေတာပဲဖြစ်စေ အနီးဆုံးမှာပဲရှိနေပါစေ စိတ်ချင်းနီးပြီးချစ်တတ်သူတို့အဖို့ပါပဲ။ဒီသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကိုကြည့်ပြီး ကြည့်ရှုသူအပေါင်းဘ၀အမောတွေတိုးလာကြပါစေလို့ဆန္ဒပြုရင်းတင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~Zwe~BpL~Vတို့ပဲဖြစ်ပါတယ်)...
The Cat Returns (2002)
⭐TMDB: 72.0% User Score
🎬 #Action #Adventure #Animation #Comedy #Family #Fantasy #Romance #Drama
🗓 2002 🎞 movie
📺 #720p #1080p
💿 763.5 MB ⦿ 1.5 GB
🌎 #Japan
⏰ 1 နာရီ 15 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Cat Returns (2002)===================
Studio Ghibli ရဲ့နာမည်ကြီးကားတွေကြားထဲမှာ လူသိပ်မသိကြပေမယ့်ချစ်ဖို့ကောင်းပြီး အသစ်အဆန်းဖြစ်တဲ့ ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။
ဇာတ်လမ်းအကျဥ်းကတော့ တစ်နေ့မှာ ဟရုဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာကျောင်းသွားတဲ့လမ်းမှာ လမ်းဖြတ်ကူးနေတဲ့ကြောင်လေးကို ကားတိုက်ခံရမှာကနေ ကယ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ သူကယ်ခဲ့တဲ့ကြောင်လေးဟာ စကားပြောတတ်တဲ့အပြင်ကြောင်တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားလေးဖြစ်နေပါတော့တယ်။
အဲဒီကနေစလို့ ဟရုရဲ့နေ့စဥ်ဘဝမှာ ကြောင်တွေနဲ့ပတ်သက်လို့ထူးဆန်းဆန်းတွေ စဖြစ်လာပြီး နောက်ဆုံးမှာ ကြောင်တိုင်းပြည်ကို ခေါ်ဆောင်သွားခံရဖို့ ဖြစ်လာတဲ့အခါမှာတော့…
ဒီဇာတ်လမ်းဟာ Whisper of the heart ရဲ့ MC ဖြစ်တဲ့ Shizuku ရေးခဲ့တဲ့fiction ဆိုပြီး fan theory လည်းရှိပါတယ်။အဓိကကတော့ WOTH မှာပါတဲ့ Baron ဆိုတဲ့ကြောင်ရုပ်တုလေးကဒီမှာအသက်ဝင်နေတဲ့အပြင် နာမည်ရော ရုပ်ပါအတူတူပါပဲ။ဒါ့အပြင် သေချာသတိထားကြည့်ရင် ဒီနှစ်ကားရဲ့ဆက်စပ်နေတဲ့scene တော်တော်များများကိုလည်း တွေ့ရမှာမို့ ကြည့်ရှုအားပေးလိုက်ကြပါဦး။...
Meg 2: The Trench (2023)
⭐IMDB: 5.5/10 (20 k Votes)
🎬 #Action #Adventure #Horror #ScienceFiction #SciFi #Thriller
🗓 2023 🎞 movie
📺 #1080p #720p
💿 1.0 GB
🌎 #UnitedStates #China #UnitedStatesofAmerica
⏰ 1 နာရီ 56 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မင်းသား ဂျေဆန်စတက်သန်ရဲ့ ငမန်းကား ဒုတိယပိုင်းလာပါပြီ။
ဒီအပိုင်းက ပထမဆုံးငမန်းကားလောက် ငမန်းအရသာမပေးတဲ့အတွက်
rating နည်းပြီး ရုံဝင်ငွေနည်းနေပေမဲ့ အက်ရှင် ဟာသကားအဆင့်အနေနဲ့ဆို
ဖျော်ဖြေမှုပေးနိုင်တဲ့ ကားကောင်းလို့ ပြောလို့ရပါတယ်။ ဂျေဆန်နဲ့အတူ
တရုတ် မင်းသား ဝူကျင်းလည်း ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း
ကျောက်မင်ဟာ သမုဒ္ဒရာထိန်းသိမ်းရေးနဲ့လေ့လာရေးအဖွဲ့ကြီးကို
တည်ထောင်ထားတဲ့သူဖြစ်ပါတယ်။ ဂျိုးနက်ဖမ်းမိခဲ့တဲ့ မက်ဂါလိုဒန်ငမန်း
ပေါက်စလေးကိုလည်း မွေးထားပေးတဲ့သူပါပဲ။ အဲဒီအဖွဲ့အစည်းကနေ
ပင်လယ်ရေအောက် ပေ ၂၅၀၀၀ ကျော်ကို သွားဖို့ ယာဉ်တွေနဲ့ ဝတ်စုံတွေ
တီထွင်ပြီး ကျောက်မင်နဲ့ဂျိုးနက်တို့ ရေနက်တူးမြောင်းကြီးထဲကို လေ့လာရေး
ခရီးအတူထွက်ခဲ့ကြပါတော့တယ်။ ဒါပေမဲ့ ခရီးလမ်းက မချောမွေ့ဘဲ
မက် ငမန်းတွေနဲ့တွေ့ ယာဉ်တွေပျက် ရန်သူတွေတွေ့ပြီး အသက်ရှင်ဖို့ ရုန်းကန်ကြရတဲ့အခါ…...
All Babe Network (2013)
⭐IMDB: 5.1/10 (142 Votes)
🎬 #Adult #Comedy #Romance
🗓 2013 🎞 video movie
📺 #720p
💿 926.0 MB
🌎 #USA #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 22 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လူရယ်လို့မှဖြစ်လာပြီဆိုရင် အလုပ်တခု ဝါသနာတစ်ခုတော့ ရှိရမယ်လေအလုပ်နဲ့ ဝါသနာ ထပ်တူကျဖို့ဆိုတာ ပိုအရေးကြီးနေပြန်ရောဘရက် မှာလည်း အလုပ်တခုရှိနေတယ် ဝါသနာလည်းပါနေတယ်
ခက်တာက အထက်လူကြီးက မကောင်းဘူးဖြစ်နေတယ်အထက်လူကြီးက ဘရက်ကို ထောင်းချင်နေပေမဲ့ ပိုင်ရှင်က ဘရက်ရဲ့ဦးလေးဖြစ်နေတယ်ဒီတော့ ဘရက်ကို အလုပ်ဖြုတ်ဖို့ ကြံရပါတော့တယ်
ဘရက်ရဲ့ TV Show ကို နည်းလမ်းပေါင်းစုံနဲ့ ဖျက်တယ်အလုပ်ထဲက လူတွေကို စည်းရုံးတယ် စည်းရုံးတဲ့နည်းက မိုက်နေရောဘရက်မှာလည်း အခက်ခဲမျိုးစုံးကိုဖြေရှင်းပေးနိုင်တဲ့ ချစ်သူရထားတော့အတော် ပွဲစည်သွားတယ် သူ့အထက်လူကြီးက ဘယ်လောက်ပဲဖျက်ဖျက် ဘရက်ကတော့ရအောင်ကြိုးစားရှာတယ်
ဘရက်တယောက် မှတ်ချက်တွေ ဆိုးနေရာမှမှတ်ချက်တွေ တဟုန်ထိုးတက်လာအောင် ဘယ်လိုနည်းလမ်းတွေ့သွားလဲ ဆိုတာ ကြည့်လို့ကောင်းတာမို့ DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ်အောင်မြင်တဲ့ယောင်္ကျားတွေရဲ့နောက်မှာ ထက်မြက်တဲ့မိန်းမတယောက်ရှိနေတက်ပါတယ်...
Bengaluru Boys (2023)
⭐IMDB: 9.3/10 (1 k Votes)
🎬 #Bollywood #Drama
🗓 2023 🎞 movie
📺 #720p #1080p
💿 971.3 MB ⦿ 1.8 GB
🌎 #India
⏰ 2 နာရီ 19 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bengaluru Boys 2023
ပရိသတ်တွေအတွက် ယခုပဲထွက်ရှိလာတဲ့ rating IMDb 9.1/10 ရရှိထားတဲ့ကန်နာဒါ ရုပ်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်
ဘဝမှာ နောက်ဆုံးထွက်သက်ကိုရှူရှိုက်နေရတဲ့ ကုတင်အမှတ် ၄၉ ပေါ်က အချိန်မှာ ကိုယ်နဲ့အတူပါလာတာ ဘာတွေလဲ??စည်းစိမ်ဥစ္စာ အိမ်ရာတိုက်တာတွေလား ငွေကြေးချမ်းသာစည်းစိမ်တွေလားကိုယ့်ရဲ့ ထွက်သက်ငင်ရတော့မဲ့အချိန်တွေမှာ ကိုယ့်ကိုအဖော်ပြုပေးမှာကိုယ့်ဘဝရဲ့ ပျော်ရွှင်စရာအခိုက်အတန့်တွေပါ ကိုယ့်ရဲ့ ဘဝမှာတူတူဖြတ်သန်းခဲ့ရတဲ့ မိတ်ဆွေကောင်းတွေရဲ့ အဖိုးမဖြတ်နိုင်တဲ့ အချိန်တွေပေါ့
ခုလိုလေးနက်တဲ့ ဒသနတွေနဲ့အစပြုထားပေမယ့် အဲ့ဒဿနတွေအစပြုရာဒီကားလေးကကျောင်းသားဘဝ ပျော်စရာလေးတွေနဲ့ ငယ်ဘဝကနေ ပေါ့ပေါ့ပါးပါးပဲ ပျော်ရွှင်ဖွယ်ရာအစပြုတင်ဆက်ထားပြီးမှ လေးနက်တဲ့ ဒဿနတွေကို ပြထားတာမို့လက်မလွှတ်သင့်ကြောင်း ပြောကြားရင်းတင်ဆက်ပေးလိုက်ပါတယ်
(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ Saii ~ V ~ BpL ~Zwe ~ Moon ~ Yunni တို့ပဲဖြစ်ပါတယ်)...
Odata pentru totdeauna (2022)
⭐IMDB: 4.9/10 (325 Votes)
🎬 #Uncategorized #Drama #Comedy
🗓 2022 🎞 movie
📺 #720p #1080p
💿 679.0 MB ⦿ 1.1 GB
🌎 #Romania
⏰ 1 နာရီ 39 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
“Once and for all” လို့အဓိပ္ပါယ်ရတဲ့ရိုမေးနီးယန်းဇာတ်ကားတစ်ကားဖြစ်ပြီးအရမ်းအောင်မြင်နေတဲ့ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ရဲ့လူတွေမသိတဲ့အခြားတစ်ဖက်ကဘဝအကြောင်းကိုဇာတ်အိမ်တည်ရိုက်ကူးထားတာပါ အဲလက်စ်ဟာအပြင်ပန်းမှာတော့လူတိုင်းအားကျရလောက်အောင်အောင်မြင်ကျော်ကြားနေပေမဲ့တကယ်တမ်းသူ့ဘဝကတော့ထင်သလောက်မကောင်းခဲ့ပါဘူး ဂုဏ်သတင်းအပြင်ငွေတွေပါအများကြီးရှာနိုင်နေပေမဲ့စိတ်ကျရောဂါနဲ့စိတ်ခြောက်ခြားတာဟာသူ့ဘဝကြီးကိုတစ်စတစ်စတိုက်စားနေပါတော့တယ်
အဲလက်စ်တစ်ယောက်ကုသလို့မရနိုင်တဲ့စိတ်ဝေဒနာကြောင့်စိတ်ဓာတ်တွေအောက်ဆုံးထိထိုးကျပြီးသူတစ်ယောက်ထဲထွက်သွားဖို့စီစဉ်ထားရာကနေ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကြောင့်မျှော်လင့်ချက်ရောင်ခြည်လေးသန်းလာပါတော့တယ် သူ့ဘဝမှာအရေးကြီးတာတွေကိုသတိရသွားတာကြောင့်သူ့ရဲ့စိတ်ဝေဒနာကိုဘာပဲလုပ်ရလုပ်ရကုသဖို့ဆုံးဖြတ်လိုက်တဲ့အဲလက်စ်တစ်ယောက် ကြုံတွေ့လာတဲ့ဖြစ်ရပ်တွေကိုကျော်လွှားနိုင်ပါ့မလား သူ့စိတ်ကပဲသူ့ကိုအနိုင်ယူသွားမလား ဆိုတာကိုကြည့်ရှုရမဲ့အပြင် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးမပေါ့ဆဖို့နဲ့ဘဝဟာလုံးဝအဆုံးသတ်မဟုတ်သေးဘူးဆိုတာကိုမီးမောင်းထိုးပြထားပြီးကြုံရင်ကြုံသလိုဟာသလေးတွေပါထည့်သွင်းရိုက်ကူးထားတာကိုတွေ့ရမှာပါ...
Endless Love (2014)
⭐TMDB: 69.0% User Score
🎬 #Drama #Romance
🗓 2014 🎞 Movie
📺 #720p #1080p
💿 876.9 MB ⦿ 2.0 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 46 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Endless Love (2014)
~ IMDb rating – 6.2/10 ~
ဒီရုပ်ရှင်လေးထဲမှာတော့ အထက်ကျောင်းမှာ အလှဆုံးမိန်းကလေးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂျိတ်ဘတ်တာဖီးလ်ဆိုတဲ့ကောင်မလေးတစ်ယောက် သူ့အစ်ကိုခရစ်ကိုဆုံးရှုံးပြီးနောက်ပိုင်း အနေအေးလာတဲ့အခါ ကျောင်းမှာသူတစ်ယောက်တည်းလိုမျိုး အဖော်မရှိဖြစ်နေခဲ့ပါတယ်။ သူများတွေ ဂျိတ်ကိုမေ့မေ့ပျောက်ပျောက်ဖြစ်နေပေမဲ့ အဲဒီထဲမှာ သူ့ကိုသဘောကျပြီး စောင့်ကြည့်နေတဲ့ ဒေးဗစ်ဆိုတဲ့ အတန်းဖော်ကောင်လေးကတော့ မပါခဲ့ပါဘူး။
ဒေးဗစ်ဟာ တစ်ကောင်ကြွက်၊ ဝပ်ရှော့ဖွင့်ထားတဲ့ အဖေပဲရှိတော့တဲ့ သာမန်လက်လုပ်လက်စား မိသားစုငယ်လေးကဖြစ်ပြီး ဂျိတ်ကတော့ ပညာတတ်လူကုံထံအသိုင်းအဝိုင်းကဖြစ်ပါတယ်။ သားတစ်ယောက်လည်းဆုံးရှုံးထားရတဲ့ သူ့ရဲ့အဖေ ဟူ့ချ်ဘတ်တာဖီးလ်ဟာ အငယ်ဆုံးသမီးလေးဂျိတ်တစ်ယောက် ဒေးဗစ်နဲ့တွေ့တဲ့အခါမှာ ဘယ်လိုမှသဘောမတူနိုင်ဖြစ်ခဲ့ရပါတယ်။ ပညာရေးအရရော အဆင့်အတန်းအရပါကွာခြားလွန်းနေတဲ့ ဒေးဗစ်ကို ဂျိတ်ရဲ့အမေ”အန်း”နဲ့ အစ်ကို”ကိ့သ်”တို့က ကြည်ဖြူကြပေမဲ့ ဟူ့ခ်ျကတော့ လုံးဝလက်မခံနိုင်ခဲ့ပါဘူး။
မိုးအေးအေးနဲ့ကွေးရင်းကြည့်လို့ကောင်းမယ့် ဒီလူငယ် Drama, Romance ကားကောင်းလေးတစ်ကားပါပဲ။ ဟူ့ခ်ျတစ်ယောက် ဒေးဗစ်နဲ့ဂျိတ်ရဲ့ဆက်ဆံရေးကို ဘယ်လိုကြားဝင်နှောင့်ယှက်မလဲ… တကယ်တော့ သူဟာဘယ်လိုလူမျိုးလဲ… မိသားစုအပေါ်တကယ်ရောကောင်းရဲ့လား… ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရင်း ဒေးဗစ်နဲ့ ဂျိတ်အချစ်ဇာတ်လမ်းကိုလည်း ရင်တဖိုဖိုနဲ့ စောင်ကိုက်နေရမှာဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုJinaမှ ပြန်ဆို ရေးသားထားပါတယ်)...
Strength of a Woman (2023)
⭐IMDB: 6.5/10 (289 Votes)
🎬 #Romance #Drama #TVMovie
🗓 2023 🎞 movie
📺 #1080p #720p
💿 656.6 MB ⦿ 1.3 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 29 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 6.5အထိရရှိထားတဲ့အချစ်ဒရမ်မာအမျိုးအစားဇာတ်ကားတစ်ကားဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းမှာတော့… ကန်ဒရာဆိုတဲ့အောင်မြင်တဲ့ဓာတ်ပုံဆရာမလေးတစ်ယောက်ဟာပျော်ရွှင်တဲ့အိမ်ထောင်သည်တစ်ယောက်ဖြစ်ပြီးသူ့ဘဝလေးကအားလုံးပြည့်စုံနေခဲ့ပါတယ် ဒါပေမဲ့ထင်ထားသလိုမဖြစ်တတ်တဲ့လောကကြီးကသူ့ဘဝကိုအကြီးကြီးပြောင်းလဲသွားစေပါတော့တယ် ဖောက်ပြားတတ်တဲ့ယောက်ျားဖြစ်သူအကြောင်းကိုသိသွားပေမဲ့ ကန်ဒရာဟာသူ့ရဲ့အိမ်ထောင်သည်ဘဝကိုနှမြောတာကြောင့်နည်းအမျိုးမျိုးနဲ့သည်းခံပြီးဆက်ပေါင်းနေခဲ့ပါသေးတယ်
ဒီကြားထဲမှာအရင်ကသူ့ရဲ့ရည်းစားဟောင်းဖြစ်သူပါပေါ်လာပြီးသုံးယောက်ကြားမှာအပူတွေပွားလာပါတော့တယ် ကန်ဒရာတစ်ယောက် သူ့ရဲ့အဆိပ်သင့်နေတဲ့အိမ်ထောင်ရေးကနေရုန်းထွက်ပြီး right person ကိုရှာတွေ့နိုင်ပါ့မလား သူ့အချစ်ရေးကရောချောမွေ့နိုင်ပါ့မလား ဆိုတာကိုကြည့်ရှုရမှာပါ အချစ်ဒရမ်မာဇာတ်လမ်းလေးဖြစ်ပြီး toxic relationship ကနေရုန်းမထွက်နိုင်ဘဲ (I can fix him/her) “ငါသူ့ကိုပြောင်းလဲသွားအောင်လုပ်ပေးနိုင်တယ်” လို့ခံယူထားတဲ့သူတွေကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်...
Standoff (2016)
⭐IMDB: 6.1/10 (9 k Votes)
🎬 #Action #Crime #Drama #Thriller
🗓 2016 🎞 movie
📺 #720p #1080p
💿 381.5 MB ⦿ 933.7 MB
🌎 #Canada #UnitedStates
⏰ 1 နာရီ 26 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Matrixထဲက မောဘီးယပ်စ်ကြီး Laurence Fishburneနဲ့ actionမင်းသားကြီး
Thomas Janeတို့ အဓိကပါဝင်သရုပ်ထားပြီး
လူဆိုးနဲ့လူကောင်းနှစ်ဦးသား ထိပ်တိုက်ရင်ဆိုင်တာကိုတွေ့ရမယ်
ဇာက်ကားကောင်းလေးပါ…။
ဇာတ်လမ်းအကြောင်းကတော့ လူသူဝေးတဲ့ တောအရပ်ကအိမ်လေးတစ်လုံးမှာပဲ
ဇာတ်လမ်းတည်ထားပါတယ်…။
အိမ်အပေါ်ထပ်နဲ့ အောက်ထပ်ကြား၊ သူသေကိုယ်သေ အကုန်ချရင်းပြီး ကစားရတဲ့ပွဲပေါ့…။
အောက်ထပ်မှာက ကြေးစားလူသတ်သမား…။ သူ့ရည်ရွယ်ချက်က အိမ်အပေါ်ထပ်က
ကောင်မလေးကို သတ်ချင်တာ…
သတ်မှဖြစ်မယ့်အကြောင်းအရင်းကလည်း သူ့မျက်နှာကို မြင်သွားလို့…။
ဒါပေမဲ့ သူကြမ်းချင်တိုင်း တက်ကြမ်းလို့မရအောင် ကောင်မလေးကိုကာကွယ်
ပေးနေတဲ့သူတစ်ယောက်ရှိနေပါတယ်…။
သူကတော့ အိမ်အပေါ်ထပ်မှာစောင့်ပြီး ကောင်မလေးကို ကာကွယ်ပေးနေတဲ့ စစ်ပြန်ကြီးပါပဲ….။
ဇာတ်လမ်းplotရဲ့ မိုက်တဲ့အချက်က ဒီစစ်ပြန်ကြီးဟာ ကြေးစားလူသတ်သမားကို
ကျည်တစ်တောင့်တည်းနဲ့ စိတ်ဓာတ်ဗျူဟာခင်းပြီး တစ်ကားလုံးရင်ဆိုင်တာပါပဲ…။
အများကြီးမညွှန်းတော့ပါဘူး…အက်ရှင်ခန်းတွေ၊ cgiတွေ ဘာမှမပါဘဲ သိပ်ကြည့်လို့ကောင်းတဲ့
Crimeကားမို့ လက်မလွှတ်တမ်းကြည့်သင့်တဲ့ကားပါ…။...
Call Me Alma (2023)
⭐TMDB: 100.0% User Score
🎬 #Adult #Drama
🗓 2023 🎞 movie
📺 #720p #1080p
💿 750.5 MB ⦿ 2.0 GB
🌎 #Philippines
⏰ 1 နာရီ 32 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Call Me Alma (2023)
လူအမျိုးမျိုး စိတ်အထွေထွေရှိကြသလို ပြည့်တန်ဆာတွေမှာလည်း အမျိုးမျိုးစရိုက်အဖုံဖုံရှိကြတယ်။ ဒူးထောက်ရတာ သဘောကျတဲ့ ဘာသာရေးကိုင်းရှိုင်းသူတွေ၊ အချင်းချင်းဖြတ်ခုတ်တဲ့ လောဘသားတွေ၊ ဝါသနာပါလို့ ဒီအလုပ်လုပ်ကြတဲ့သူတွေ၊ တကယ့်ပရော်ဖက်ရှင်နယ်ဆန်ဆန် အလုပ်တစ်ခုလိုသာ သဘောထားသူတွေ စသဖြင့် အမျိုးမျိုးပေါ့လေ။ သူတို့အများစုရဲ့ ရည်မှန်းချက်ပန်းတိုင်ကတော့ ဒီဘဝကကယ်တင်ပေးမယ့်၊ သူတို့ကိုမြတ်မြတ်နိုးနိုးလက်ထပ်ယူမယ့် ကယ်တင်ရှင်တစ်ယောက်ယောက်ကိုပါပဲ။
ကျွန်မမှာတော့ အဲဒီလို အတွေးအယူမှား မျှော်လင့်ချက်အမှားတွေမရှိဘူး။ သူတို့အားလုံးနီးပါး နာမည်အတုတွေသုံးလေ့ရှိကြပေမဲ့ ကျွန်မကတော့ မသုံးဘူး။
ကျွန်မနာမည်“အယ်လ်မာ”ပါ။
အယ်လ်မာက ဒီဘဝမှာပျော်ပျော်နေသလို မနက်ဖြန်ကိုလည်း သိပ်မစဉ်းစားပါဘူး။ သူ့ဘဝရဲ့အတိတ်ဆိုးတွေကို ပြောပြလေ့မရှိသလို ပြန်တွေးနေတာမျိုးလည်းမရှိပါဘူး။ သူဟာ ပစ္စုပ္ပုန်ကိုပဲ တည့်တည့်ရှုမြင်လေ့ရှိသူပါ။ ဒါပေမဲ့ သူ့ဘဝထဲကို အတိတ်ကသူ့မိခင်ဆိုသူ ရှီလာဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက် ချဥ်းနင်းဝင်ရောက်စပြုလာချိန်မှာ အယ်လ်မာဘယ်တုန်းကမှခေါင်းထဲမရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့အရာကို ခံစားမိစပြုလာပါတယ်။
အားလုံးရဲ့ အချစ်တော်လေး Azi Acosta ရဲ့ဇာတ်ကားသစ်ဖြစ်ပါတယ်။ တော်တော်မိုက်ပါတယ်။ ရှုစားလိုက်ကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
Padachone Ingalu Kaatholee (2022)
⭐IMDB: 5.6/10 (532 Votes)
🎬 #Bollywood #Comedy #Uncategorized #Drama
🗓 2022 🎞 movie
📺 #720p #1080p
💿 1.1 GB ⦿ 2.3 GB
🌎 #India
⏰ 2 နာရီ 33 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Padachone Ingalu Katholi(2023)
IMDb-6/10
လူပျိုသိုးကြီးတို့ အစွံထုတ်တဲ့ရွေးကောက်ပွဲရွေးကောက်ပွဲကတော့ တကယ့်ရွေးကောက်ပွဲအစစ်ပါ အဲဒီရွေးကောက်ပွဲမှာပါနေတဲ့ အရွယ်လွန်လူပျိုကြီးတွေက ရွေးကောက်ပွဲအရေးနဲ့အတူ သူတို့လူပျိုဘဝကျွတ်ရေးကိုပါတွဲအကျိုးဆောင်နေကြတဲ့ ရွေးကောက်ပွဲ
ကြယ်တွေခူးမပေးနိုင်ပေမဲ့ ရေတွင်းတဲ့ကျနေတဲ့ကြက်ကိုတော့မင်းအတွက်ဆင်းကယ်ရဲပါတယ်ဆိုတဲ့ အချစ်သူရဲကောင်းကြီးတစ်သက်လုံးဂေါ်မစွံအဆင်မပြေရင်းက အိမ်ကိုလာတည်းတဲ့ကောလိပ်ကျောင်းသူလေးကို မျက်စိကျသွားသူအရွယ်လွန်လူပျိုကြီးတွေနဲ့ ရောင်စုံသစ်လွင်ပျိုမြစ်တဲ့အချစ်ဆုံတဲ့အချိန် ဘယ်လိုရယ်ပွဲဖွဲ့ရမလဲရှုစားကြည့်ပါဦး
(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Zwe ~ V ~ Yunni တို့ပဲဖြစ်ပါတယ်)...
