uz
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
A Private War (2018) ⭐IMDB: 6.7/10 (22 k Votes) 🎬 #Biography #Drama #War 🗓 2018 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Private War (2018) ********************* IMDB 6.7,,,,,Rotten ….. 89 ဒီဇာတ်ကားကတော့ အမျိုးသမီး သတင်းထောက်တစ်ယောက်ဖြစ်တဲ့ Marie Colvin အကြောင်းကို ရိုက်ကူးထားတာပါ……..သူမဟာ  အများအတွက်အကျိုးရှိစေမယ့် သတင်းမှန်တစ်ခုတင်ပြဖို့အတွက်ဆို ဘာမဆို ရင်ဆိုင်ရဲတဲ့ အာဂသတ္တိခဲသတင်းထောက်တစ်ဦးပါ… အချိန်မရွေးအသက်ပျောက်သွားနိုင်တဲ့ စစ်တလင်းတွေကြား သတင်းယူဖို့ ဝန်မလေးသလို ဒီသတင်းကိုတင်ပြဖို့အရေးလည်း လက်မတွန့်တတ်သူတစ်ယောက်ပါ… သူမရဲ့ ရဲဝံမှုတွေနဲ့ အများအကျိုးပြုဆောင်ရွက်ချက်တွေကြောင့် ဂုဏ်ပြုဆုများစွာရရှိခဲ့သလို သတင်းသမားတွေရဲ့ စံပြအမျိုးသမီးလည်းဖြစ်ခဲ့ပါတယ်.. ဒါ့ကြောင့် ဒီဇာတ်ကားကိုပြန်လည်ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်… ဒီဇာတ်ကားဟာလည်း ဆု(၂)ဆုနဲ့ အခြားဆု(၇)ဆုအတွက်ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်.. ကိုင်း Marie Colvin တစ်ယောက် ဘယ်လိုပြုမူလှုပ်ရှားလဲ.. စစ်ပွဲကြားကိုအသက်စွန့်ပြီးဘယ်လို သတင်းယူလဲ…. ကိုင်း စစ်အတွင်း ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးကိုကြည့်ရှုချင်တဲ့သူတွေအတွက် ကားကောင်းတစ်ကားပါ…. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Myo ပဲဖြစ်ပါတယ်
...

The Firing Squad (2024) ⭐IMDB: 5.5/10 (4 k Votes) 🎬 #Adventure #Biography #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Timothy A. Chey ရိုက်ကူးထားတဲ့ Drama ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဖြစ်ရပ်မှန်အဖြစ်အပျက်တွေပေါ်မှာ အခြေခံထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Cuba Goodin Jr., Kevin Sorbo နဲ့ James Barrington တို့က ပါဝင်ပေးထားပါတယ်။ ဇာတ်အိမ်ကို အင်ဒိုနီးရှားနိုင်ငံမှာတည်ထားပြီးတော့ သေဒဏ် ပေးခံရတော့မယ့် ခရစ်ယာန်အကျဉ်းသားသုံးယောက် အကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် ရာဇဝတ်မှုတွေနဲ့ မကောင်းတဲ့အလုပ်တွေကိုလုပ်ခဲ့လို့ သေဒဏ်ကျခံရတော့မယ့် ထောင်သားသုံးယောက်ဟာ သူတို့ရဲ့အပြစ်တွေကို ချေဖျက်ဖို့ အတွက် ဘာသာရေးကိုရှာတွေ့သွားပြီးတော့ သူတို့ရဲ့ဘဝတွေကို သာမကပဲ ပတ်ဝန်းကျင်ကိုပါ ပြောင်းလဲနိုင်သွားပုံကို ကြည့်ရှု ကြရမှာပါ။ ဇာတ်လမ်းက ဘဝရဲ့အမှောင်မိုက်ဆုံးအချိန်တွေမှာတောင် မျှော်လင့်ချက်တွေရှိသေးတယ်ဆိုတဲ့အချက်ကို ပေါ်လွင်အောင် ရိုက်ပြထားနိုင်ပြီးတော့ Motivation တွေရစေပါတယ်။ IMDb မှာ Rating ကောင်းတစ်ခုကို ရရှိထားတဲ့အပြင် ကြည့်ရှုသူတွေကို စိတ်ခွန်အားပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။
...

Remnant (2024) ⭐IMDB: 2.7/10 (231 Votes) 🎬 #Horror #SciFi #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #Australia #UnitedStates ⏰ 1 နာရီ 53 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Horror၊ Mystery နဲ့ Thriller အမျိုးအစားဖြစ်တဲ့ Remnant ကတော့ အသံဖန်တီးမှုအထူးပြုလုပ်ချက်တွေကြောင့် Thriller ပရိသတ်တွေအကြိုက်တွေ့ကြမှာသေချာပါတယ်။ ကားမတော်တဆမှုတစ်ခုမှာ မိဘတွေကိုဆုံးရှုံးလိုက်ရပေမယ့် ခေတ်လွန်သိပ္ပံနည်းပညာစမ်းသပ်မှုတစ်ခုကြောင့် တစ်ဦးတည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ဂရေ့စ်ဟာ ဆေးရုံဆင်းလာကတည်းက ချောက်ချားစရာပုံရိပ်တွေနဲ့အသံတွေကို မြင်နေကြားနေရပြီး တမလွန်ကရင်းနှီးသူတွေက သူ့ကိုတစ်စုံတစ်ခုသတိပေးဖို့ ကြိုးစားနေတယ်လို့ ထင်လာခဲ့ပါတယ်။ သူငယ်ချင်းကိတ်နဲ့အတူနေထိုင်တဲ့ဂရေ့စ်ကို သိပ္ပံစမ်းသပ်မှုတစ်ခုလို သဘောထားတဲ့ဒေါက်တာစတုန်းက ဂရေ့စ်ကိုကင်မရာတွေနဲ့ အချိန်ပြည့်စောင့်ကြည့်နေတာကြောင့် တစ်စုံတစ်ခုထူးခြားနေမှန်း သိတဲ့အတွက် ဆေးရုံလာဖို့ငြင်းဆန်နေတဲ့ဂရေ့စ်ကိုဖမ်းဖို့ သူ့ လက်ထောက်ဂျွန်ကိုစေခိုင်းလိုက်ပါတယ်။ ဒါပေမဲ့ ဂျွန်၊ ဂရေ့စ်နဲ့ကိတ်တို့သုံးယောက်လုံးကို လူသတ်သမား တစ်ယောက်ကဖမ်းဆီးသွားတဲ့အခါမှာတော့ ဆန်းသစ်တဲ့နည်းပညာတွေ ထည့်သွင်းခံထားရတဲ့ဂရေ့စ်တစ်ယောက် ကိတ်နဲ့ဂျွန်ကိုကယ်ပြီး လူသတ်သမားလက်က ဘယ်လိုလွတ်အောင်ပြေးမလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
...

The Mattachine Family (2023) ⭐IMDB: 5.9/10 (384 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရှေးခေတ်က လက်မခံကြပေမဲ့ အခုခေတ်မှာတော့ လူအများ လက်ခံခြင်းကို ရရှိလာတဲ့ LGBTQ+ တွေနဲ့ပတ်သက်ပြီး ဇာတ်အိမ်တည်ထားတဲ့ဇာတ်ကားလေး ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုရိုက်ကူးသူ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးသူတို့ရဲ့ ပြင်ပက အခြေအနေတချို့ကိုပါ အခြေခံပြီးရိုက်ကူးထားတာမလို့ Based on true story လို့ ပြောရမှာပါ။ ငယ်စဉ်အရွယ်ကတည်းက ဂေးဆိုတဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုကို သိရှိလာပြီး မိဘတွေကပါ လက်ခံပေးခဲ့တဲ့ “သောမတ်စ် ရိဒ်” သူမိသားစုလေးပြိုကွဲသွားတဲ့အချိန်မှာပဲ တီဗီပေါ်မှာ မိသားစုရှိုးနဲ့ နာမည်ကြီးလာတဲ့ မွေးစားခံကောင်လေးတစ်ယောက် “အော်စကာ ရေးရက်စ်” ကြီးပြင်းလာတဲ့တစ်လျှောက် ကိုယ်စီအခက်အခဲတွေနဲ့ ကြုံခဲ့ရပေမဲ့ လမ်းဆုံတစ်ခုမှာ ဆုံတွေ့ခဲ့ကြတဲ့သူတို့နှစ်ယောက်ဟာ အရမ်းချစ်ကြသူတွေဖြစ်ပြီး မကြာခင်မှာ လက်ထပ်လိုက်ကြပါတယ်။ စပြီး အိပ်ထောင်သည်ဘဝကို ဝင်လာကြချိန်မှာ ကလေးယူဖို့ အတွေးကို သောမတ်စ်ရဲ့ စိတ်ထဲမှာ တစ်ခါမှမတွေးဖူးခဲ့ပေမဲ့ အော်စကာကတော့ မွေးစားကလေးဖြစ်ခဲ့တဲ့အလျောက် ကလေး အရမ်းမွေးစားချင်ပြီး သောမတ်စ်ကို တဖွဖွပြောနေခဲ့ပါတယ်။ နောက်ဆုံး သောမတ်စ်ပါ လက်ခံပြီး “အာသာ” ဆိုတဲ့ ကလေး တစ်ယောက်ကို မွေးစားခဲ့ပေမဲ့လည်း မွေးရင်းမိဘတွေ မသေဆုံးသေးတဲ့ ကလေးဖြစ်တဲ့အတွက် မိခင်ဖြစ်သူက အချုပ်ကထွက်လာတဲ့အခါ အမေလက်ထဲကို ပြန်ပေးလိုက်ရပါတော့တယ်။ သူတို့နှစ်ယောက်ဟာ “အာသာ” ဆိုတဲ့ ကလေးနဲ့ တစ်နှစ်ပဲ နေလိုက်ရပေမဲ့ ကလေးနဲ့ လမ်းခွဲရပြီးနောက် နောက်ဆက်တွဲအနေနဲ့ ဝမ်းနည်းနေတဲ့သောမတ်စ်နဲ့ သူ့အနားမရှိပေးနိုင်ဘဲ ရိုက်ကူးရေး တွေနဲ့ အလုပ်ရှုပ်နေခဲ့တဲ့ အော်စကာတို့ကြား ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်လာမလဲ…”မိသားစု” ဆိုတဲ့စကားလုံးလေးကို ဆက်ပြီးအကောင် အထည်ဖော်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ (LGBTQ+ အသုံးအနှုန်းတွေနဲ့ သိပ်မရင်းနှီးပေမဲ့ ကြိုးစားပြီး ဘာသာပြန်ထားပါတယ်။ အသုံးအနှုန်းမှားယွင်းခဲ့တာရှိရင် သည်းခံ ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်
...

圆月弯刀鸿蒙初始 (2024) ⭐TMDB: 70% User Score 🎬 #Action #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 31 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရှုပ်ထွေးလှတဲ့ သိုင်းလောကကို ဓားသိုင်းကျမ်းတစ်ခုအားကိုးနဲ့ ဝင်လာတဲ့ တင်းဖောင်တစ်ယောက်…လောကနံပါတ်၁ နေရာရဖို့ သိုင်းပညာရှင်တစ်ယောက်ပြီးတစ်ယောက်ကို စိန်ခေါ်တိုက်ခိုက်ပြီး နေရာတစ်ခုရဖို့ ကြိုးစားနေချိန်မှာပဲ…တစ်နေ့တော့ မိန်းကလေးတစ်ယောက်ကသူနားနေတဲ့ သစ်ရိပ်ဆီ အပြေးရောက်လာပြီး…ပြန်ပေးသမားတွေလက်က ထွက်ပြေးလာရတာမို့ကယ်တင်ပေးဖို့ တောင်းပန်ခဲ့တယ်… တင်းဖောင်လည်း အဲ့မိန်းကလေးတောင်းဆိုသမျှကိုအတတ်နိုင်ဆုံး ကူညီပေးဖို့ ကြိုးစားခဲ့တယ်…နောက်တော့လည်း အိုးချင်းထားတော့ အိုးချင်းထိ ၊ကြိုးချင်းထားတော့ ကြိုးချင်းငြိဆိုသလိုပဲ…တင်းဖောင်နဲ့ ဒီမိန်းကလေး ချစ်ကျွမ်းဝင်ခဲ့တယ်… ဒါပေမယ့် ၇ လပိုင်း ၁၅ ရက်နေ့မှာ ဂိုဏ်းချုပ်တစ်ဦးနဲ့စိန်ခေါ်တိုက်ခိုက်ရမှာမို့ သူ့ကိုမနှောင့်ယှက်ချင်လို့ဆိုပြီး မိန်းကလေးပျောက်သွားခဲ့တယ်…တင်းဖောင်လည်း ဒီစိန်ခေါ်ပွဲအတွက် သူကြိုးစားလေ့ကျင့်ခဲ့တယ်…တကယ့် စိန်ခေါ်ပွဲနေ့မှာတော့….ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့
...

The Nature of Love (2023) ⭐IMDB: 6.9/10 (3 k Votes) 🎬 #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #Canada #France ⏰ 1 နာရီ 52 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2023မှာထွက်ထားတဲ့ The nature of Love ဆိုတဲ့ဇာတ်ကားလေး ကတော့ အချစ်ကြမ်းတဲ့ ပြင်သစ် ကနေဒါ ကားလေးဖြစ်ပါတယ်။ အိမ်ထောင်သည်ဘဝကိုမသိစိတ်ကငြီးငွေ့နေတဲ့ ဆိုဖီယာဆိုတဲ့ အမျိုးသမီးတစ်ဦးက တစ်နေ့မှာ သူတို့လင်မယားနှစ်ယောက် ဝယ်ထားတဲ့ ကျေးလက်ဒေသက အပန်းဖြေအိမ်လေးကိုစစ်ဆေးဖို့ သွားခဲ့ပါတယ်။ အဲ့ဒီနေရာမှာ အိမ်ဆောက်လုပ်ပြုပြင်ရေးသမား ဆာဗိန်းနဲ့တွေ့တဲ့အခါ သူမသိစိတ်ကပွင့်ထွက်သွားပြီး မလုပ်သင့် တာတွေကိုလုပ်မိပါတော့တယ်။ နောက်ပိုင်းမှာတော့ မလုပ်သင့်တာတွေခိုးမလုပ်ပဲပေါ်တင်လုပ်လာ ပါတော့တယ်။ အိမ်ထောင်ရေးတစ်ခုမှာဖောက်ပြန်တာကအမှားတစ်ခုလား ဒါမှမဟုတ် အချိန်တွေမပေးနိုင် စိတ်ပိုင်းဆိုင်ရာမထောက်ပံ့ပေးနိုင် တာဝန်တွေမကျေနိုင်တဲ့ သူရဲ့အပြစ်လားဆိုတာကိုစိတ်ဝင်စားဖွယ် ကြည့်ရှူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်အတွေးအခေါ်ပညာရှင်တွေရဲ့ အချစ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံ အမျိုးမျိုးကို လေ့လာနိုင်မှာဖြစ်ပြီးတော့ ဘေးပတ်ဝန်းကျင်အသိုင်းအဝိုင်း မတူတဲ့ လူနှစ်ယောက်ဟာချစ်မိသွားတဲ့အခါ အချစ်ရေးကအဆုံးထိ မြဲမလား ဘယ်လိုနာကျင်မှုတွေခံစားရမလဲဆိုတာကိုခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
...

This Hero is a Bit Timid (2024) ⭐TMDB: 0% User Score 🎬 #Action #Comedy 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 20 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဝမ့်ရှောင်ဟွားဟာမတရားမှုတွေကိုကူညီပေးတတ်တဲ့ သိုင်းလောကရဲ့သူရဲကောင်းတစ်ယောက်ပါ။ဒါပေမယ့် သူကနည်းနည်းတော့ကြောက်တတ်တယ်။ သူ့အတွက်အခွင့်သာနိုင်မယ့်အခြေနေမျိုးတွေမှာသာ မတရားခံရတဲ့ဘက်ကနေဝင်ကူတတ်တဲ့သူရဲကောင်းလူကြောက်လေးပါ။ မတရားမှုတွေကိုများများကူညီပေးနိုင်ဖို့အသက်ရှင်ဖို့လိုအပ်တယ်ဆိုတဲ့ အတွေးအခေါ်ဆိုဆုပ်ကိုင်ထားတဲ့သူတစ်ယောက်ဖြစ်တယ်။ စူးမော့ယန်းကတော့ အရမ်းကိုသတ္တိရှိပြီးအရည်အချင်းရှိတဲ့ သူရဲကောင်းမလေးတစ်ယောက်ပါ။တိုင်းပြည်အကျိုးအတွက် သစ္စာရှိအရာရှိတစ်ယောက်ရဲ့သားနဲ့သမီးကိုကယ်နိုင်ဖို့ ကြိုးစားနေတဲ့သူဖြစ်တယ်။လူကြောက်လေးဝမ့်ရှောင်ဟွားက စူးမော့ယန်းကိုချစ်မိသွားတဲ့အခါမှာတော့အသက်စွန့်စားရမယ့်လမ်းကို ယောင်လည်လည်နဲ့လိုက်လာမိခဲ့ပါတယ်။သူရဲကောင်းငကြောက်လေးက လူဆိုးတွေလက်ကနေကလေး၂ယောက်ကိုဘယ်လိုကယ်မလဲဆိုတာရယ်ရယ်မောမောကြည့်ရမယ့် သိုင်းကားလေးပဲဖြစ်ပါတယ်။
...

Street Trash (2024) ⭐IMDB: 4.4/10 (388 Votes) 🎬 #Horror #Comedy 🗓 2024 🎞 movie 🌎 #SouthAfrica #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ Dark comedy နှစ်သက်သူတွေ သဘောကျစေမဲ့ Street Trash ဆိုတဲ့ဇာတ်ကားလေးပါ။ Cape Town မြို့ဟာ မြို့တော်ဝန် မော့စတက် စတင်အုပ်ချုပ် ချိန်ကနေစလို့ အရာရာ ပြောင်းလဲလာခဲ့ပါတယ်။ အစိုးရကနေ စီးပွားရေးလုပ်ငန်းတွေအကုန်လုံးကို လက်ဝါးကြီးအုပ်ပြီး အာဏာနဲ့ ပိတ်သိမ်းပစ်လိုက်လို့ အလုပ်လက်မဲ့လူဦးရေတွေနဲ့ အိမ်ခြေရာမဲ့ဦးရေတွေ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပါတယ်။ အဲလိုတွေကြောင့် လူလတ်တန်းစားဆိုတာမရှိတော့ဘဲ အစိုးရနဲ့ ပတ်သတ် ဆက်စပ်တဲ့ ခရိုနီလူတန်းစားရယ် အောက်ခြေက အိမ်ခြေရာမဲ့လူတန်းစားရယ်လို့ပဲရှိတော့ပြီး မြို့ကြီးလည်း ပျက်စီးသွားခဲ့ရပါတယ်။ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ရော်နယ်တို့အုပ်စုကတော့ စားရသောက်ရဖို့ ရုန်းကန်နေကြရတဲ့ လမ်းဘေးက အိမ်ခြေ ရာမဲ့တွေဖြစ်ပါ။ ဒီလိုနဲ့ မြို့တော်ဝန်မော့စတက်ဟာ မြို့ကို အကျည်းတန်စေတဲ့ အိမ်ခြေရာမဲ့တွေကို သုတ်သင်ရှင်းလင်းဖို့ ‌ဓာတုလက်နက်တစ်မျိုးကိုတီထွင်ခိုင်းခဲ့ပါတယ်။ အဲဒီ‌ ဓာတုလက်နက် ကို Viper -283လို့ခေါ်ပြီး ရှူမိသူဟာ ချက်ချင်း ခန္ဓာကိုယ်တွေပျက်စီး အရည်ပျော်ကျသွားမှာမျိုးပါ။ ဒီဓာတ်ငွေ့ကိုအသုံးချပြီး အိမ်ခြေရာမဲ့တွေကို သုတ်သင် ရှင်းလင်းမှာကို ရော်နယ်တို့တွေ အမှတ်မထင်သိသွားကြပြီး မြို့တော်ဝန်ကို တားဆီးဖို့ကြိုးစားကြပါတော့တယ်။ Body Horror ဇာတ်ကားဖြစ်တဲ့အလျှောက် မနှစ်မြို့စရာ ပြကွက်တွေကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားပြီး ပြောကြတဲ့ ဒိုင်ယာလော့တွေကလည်း ညစ်တီးညစ်ပတ် အဆဲပေါင်းတစ်သိန်းပါနေတာမလို့ မိသားစုဝင်တွေနဲ့ အတူကြည့်ဖို့မသင့်တော်ပါဘူး။ ဇာတ်ကားက လုံးဝကိုပေါ့ပေါ့ပါးပါးနဲ့ တောက်လျှောက်ရယ် နေရတာမလို့ Dark Comedy ကြိုက်နှစ်သက်သူတွေ သဘောကျမဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုလိုက် ချင်ပါတယ်။
...

Saturday Night (2024) ⭐IMDB: 7.1/10 (12 k Votes) 🎬 #Comedy #Drama #History #Biography 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 SNL ဆိုတဲ့ Saturday Night Live ကို မသိတဲ့လူဆိုတာ ခပ်ရှားရှားပါပဲ။ comedy တွေ sarcasm တွေနဲ့ ရောနှောပြီး လူတွေ စိတ်ဝင်စားအောင် တင်ဆက်နိုင်တဲ့ SNL ဟာ အမေရိကရဲ့ ထိပ်တန်းရှိုးတွေထဲက တစ်ခုပါ။ SNL ဖြစ်မလာခင်က ဒီရှိုးဟာ Saturday Night လို့ အမည်တွင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ SNL ရှိုး ထုတ်လုပ်သူနဲ့ ဖန်တီးသူဖြစ်တဲ့ Lorne Michaels ရဲ့ အဓိက ညတစ်ညဖြစ်တဲ့ 1975 ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပထမဆုံးသော Saturday Night show မတင်ဆက်ခင် နာရီပိုင်းအလိုက အခိုက်အတန့်တွေကို ရိုက်ကူးတင်ဆက်ထားတာပါ။ လူမသိသူမသိ အသက် ၂၀ ကျော်လူငယ်အဖွဲ့က NBC လို ရုပ်သံမှာ တိုက်ရိုက်တင်ဆက်မှာကို ဘယ်သူကမှ အထင်မကြီးသလို အမှောင့်အဖျက်များစွာလည်း ကြုံခဲ့ရပါတယ်။ ရှိုးစတော့မဲ့ 25 မိနစ်အလိုထိ ကမောက်ကမတွေဖြစ်၊ သရုပ်ဆောင်တွေက တစ်ယောက်တစ်ပေါက်၊ လူရွှင်တော်တွေက ရန်တွေဖြစ်၊ ရတဲ့ဇာတ်ကောင်ကို သဘောမကျလို့ ပုန်ကန်သူက ထပုန်ကန်နဲ့ ပွဲပျက်လုနီးပါး ဖြစ်ခဲ့တဲ့ အခြေအနေကနေ Saturday Night ဆိုတဲ့ ရှိုးကို Lorne Michaels တစ်ယောက် ဘယ်လိုဖြစ်မြောက်စေခဲ့လဲဆိုတာတွေ မြင်တွေ့ရမှာဖြစ်ပါတယ်။ ပထမဆုံးရှိုးမှာ ပါဝင်ခဲ့တဲ့ လူတွေအဖြစ် Willem Dafoe, JK Simmons, Gabriel LaBelle, Dylan O’Brien, Cory Michael Smith, Ella Hunt အစရှိတဲ့ အနုပညာရှင် များစွာက ပါဝင်သရုပ်ဆောင်ထားပါတယ်။
...

Laggam (2024) ⭐IMDB: 8.0/10 (4 k Votes) 🎬 #Bollywood #Family #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 7 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Laggam (2024) “အိမ်ထောင်တစ်ခု” တေလဂူးစကားပြော ဟာသဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ချိုင်တန်ယာက အောင်မြင်တဲ့ ဆော့ဝဲလ်အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီးသဘောမနောလည်းကောင်း၊ လစာရော အလုပ်ရော လူနေမှုဘဝပါပြီးပြည့်စုံတဲ့လူ ဒါ့အပြင် မာနာဆာဆိုတဲ့ ရည်ရည်မွန်မွန်မိန်းကလေးနဲ့လည်းမိဘတွေက သဘောတူထားကြပြီး အစစအရာရာ လိုက်ဖက်ညီမယ့်လက်ထပ်ပွဲတစ်ခုကို အားလုံးကမျှော်မှန်းထားကြသလိုတကယ်ဖြစ်လာမှာလား ဘယ်လိုပြဿနာလေးတွေရှိနေမှာလဲဆိုတာကိုပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုပေးကြပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်
...

Wretches (2018) ⭐IMDB: 5.8/10 (71 Votes) 🎬 #Drama #Psychological #Youth 🗓 2018 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 42 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Wretches (2018) ***************ပရိသတ်တို့အချစ်တော် ဂင်ချားနား (Lee Yi Kyung),Uncle Samsik ထဲက (Lee Won Geun) နဲ့Dali and Cocky Prince, Celebrity ထဲက(Park Gyu-Young)တို့ ပါဝင်ထားပြီး ကိုရီးယားနိုင်ငံရဲ့ ဆိုးဝါးလှတဲ့အရာတစ်ခုဖြစ်တဲ့ ကျောင်းတွင်းအကြမ်းဖက်မှုအကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ 2018 ခုနှစ်ထွက်ဇာတ်ကားတစ်ပုဒ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း****************သာမန်ကျောင်းသားတစ်ဦးဖြစ်တဲ့ Jae-Young နဲ့သူ့သူငယ်ချင်းတို့ဟာ ကျောင်းမှာ အနိုင်ကျင့်ခံရနေကျ ကျောင်းသားတွေပါ။ တစ်ရက်သည်းမခံနိုင်တော့တဲ့အဆုံး အနိုင်ကျင့်တဲ့ခေါင်းဆောင်ကိုအအေးထဲ ပိုးသတ်ဆေးခတ်လိုက်ရာကနေ သူငယ်ချင်းဖြစ်သူကကျောင်းထွက်လိုက်ရပါတယ် .. ။ ကျောင်းတွင်းအနိုင်ကျင့်အဖွဲ့တွေမှာလည်း အာဏာအပေါ်မူတည်ပြီးအထက်တွေ အောက်တွေရှိတဲ့အလျောက် ထုံးစံအတိုင်း ကျန်ခဲ့တဲ့ Jae-Young တစ်ယောက် မပြီးမဆုံးနိုင် အနိုင်ကျင့်ခံရပါတယ်။ စပရိန်တို့လို ဖိလေလေ တွန်းကန်လေဆိုတဲ့အတိုင်း ချောင်ပိတ်ပြီးလွတ်လမ်းမရှိတဲ့ လူငယ်ကျောင်းသားတစ်ယောက်ဘယ်လိုတွေ လက်တုံ့ပြန်သွားမလဲဆိုတာကို Jae-Young နေရာမှာပါ ဝင်ခံစားပြီးရင်တမမနဲ့ ကြည့်ရှုခံစားရစေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်)
...

We Live in Time (2024) ⭐IMDB: 7.0/10 (18 k Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #France #UnitedKingdom ⏰ 1 နာရီ 48 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 We Live in Time (2024) IMDb Rating (7.3) / Rotten Tomatoes (78%) မထွက်ခင်ကတည်းက hype နေကြတဲ့ မင်းသား Andrew Garfield နဲ့ မင်းသမီး Florence Pugh တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေး ထွက်ရှိလို့ လာပါပြီ။ အဲလ်မက်နဲ့ တိုဘိုင်းယက်စ်ဆိုတဲ့ လူနှစ်ယောက်ဟာ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကြောင့် ဆုံတွေ့ခဲ့ကြပြီး ချစ်ကျွမ်းဝင်ခဲ့ကြတယ်။ ပြီးနောက် အယ်လာဆိုတဲ့ ချစ်သမီးလေးနဲ့အတူ မိသားစုလေး တစ်ခု တည်ထောင်ခွင့်ရခဲ့တယ်။ သိုပေမဲ့ တစ်နေ့မှာတော့ ရက်စက်တဲ့ ကံကြမ္မာက အဲလ်မက်ရဲ့ ကမ္ဘာမြေပေါ်မှာ အခွင့်အရေးကို အချိန်ကန့်သတ်ပစ်ခဲ့ပါတယ်။ ဒီလိုနဲ့ အဲလ်မက်တစ်‌ယောက် သူ့ရဲ့ ခင်ပွန်းဖြစ်သူရယ် သမီးလေးရယ်နဲ့အတူ ကျန်ရှိတဲ့အချိန်တွေကို အမြတ်တနိုးထားပြီး ဖြတ်သန်းရင်း ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပုံကို ကြည်နူးစရာ တစ်လှည့် ဝမ်းနည်းစရာတစ်လှည့်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်
...

Two Days, One Night (2014) ⭐IMDB: 7.3/10 (51 k Votes) 🎬 #Drama 🗓 2014 🎞 movie 🌎 #Belgium #France #Italy ⏰ 1 နာရီ 35 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Two Days, One Night (Aka) Deux jours, une nuit (2014) IMDb Rating (7.3) Allied , Inception, Taxi စတဲ့ရုပ်ရှင်တွေနဲ့နာမည်ကြီးတဲ့ ပြင်သစ်မင်းသမီး Marion Cotillard ရဲ့ Rating မြင့်တဲ့ ဒရမ်မာရုပ်ရှင်ကားပါ။ ဇာတ်လမ်းကတော့…ဆန်ဒရာဆိုတဲ့ အမျိုးသမီးဟာ သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီကနေ အလုပ်ပြုတ်တော့မယ့် အခြေအနေကို ရင်ဆိုင်နေရပါတယ်။ဒါဟာလဲ စိတ်ဓာတ်မကောင်းတဲ့ အလုပ်သမားခေါင်းဆောင်ရဲ့ လုပ်ကြံမှုကြောင့်တစ်စိတ်တစ်ပိုင်းပါနေပါတယ်။ဆန်ဒရာ့ကို အလုပ်ထုတ်ဖို့ မဲမပေးရင် သူတို့အလုပ်ထွက်ရမယ်ဆိုပြီးကျန်တဲ့အလုပ်သမားတွေကို ခြိမ်းခြောက်ခဲ့တဲ့အတွက် အားလုံးဟာ ဆန်ဒရာ့ကို အလုပ်ထုတ်ဖို့ မဲပေးခဲ့ခြင်းပါ။ ကံကောင်းစွာနဲ့ ဆန်ဒရာဟာ သူတို့ရဲ့ သူဌေးရဲ့ ခွင့်ပြုချက်နဲ့ လျှို့ဝှက်မဲပေးစနစ်ကို နောက်တစ်ကြိမ်ထပ်လုပ်ဖို့အခွင့်အရေးရခဲ့ပါတယ်။သူ့အလုပ်မထွက်ရစေဖို့ သူ့ဘက်ကမဲမေးဖို့ ကျန်တဲ့သူ တွေကို သူလိုက်ပြီး အကူအညီတောင်းရပါတော့တယ်။အလုပ်သမားအများစုက သူ့အတွက် မဲပေးခဲ့ရင် ဆန်ဒရာဟာ အလုပ်ထွက်စရာမလိုတော့ပါဘူး။ သို့ပေမယ့် ဒီအတွက် အကူညီလိုက်တောင်းဖို့ရာ ဆန်ဒရာမှာ နှစ်ရက်နဲ့တစ်ညသာ အချိန်ရှိပါတော့တယ် ……နှစ်ရက်နဲ့တစ်ညအတွင်းမှာ လုံလောက်တဲ့မဲအရေအတွက်ရဖို့ သူစည်းရုံးနိုင်ပါ့မလားဆိုတာ
...

Half Past Dead (2002) ⭐TMDB: 51% User Score 🎬 #Action #Crime #Thriller 🗓 2002 🎞 movie 🌎 #Germany #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းကတော့ အက်ရှင်ကားတွေရဲ့ နာမည်ကျော် ဇာတ်ကြမ်းမင်းသားကြီး Steven Seagal ရဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒီ ရုပ်ရှင်ထဲမှာတော့ Steven Seagal ဟာ ထောင်ထဲမှာ အကျဥ်းသားအဖြစ်နဲ့ လျှို့ဝှက်ထောက်လှမ်းရေး လုပ်နေတဲ့ FBI အေးဂျင့် “ဆက်ရှာ” အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဖြစ်ချင်တော့ သူ အကျဥ်းကျနေတဲ့ ထောင်မှာ တစ်ခြားနာမည်ကျော် အကျဥ်းသားတစ်ဦးလည်းရှိနေပါတယ်။ သူကတော့ လွန်ခဲ့တဲ့ ၁၇နှစ်က သန်း၂၀၀ကျော်တန်ကြေးရှိ ရွှေတုံးတွေကို လုယက်ထားပြီး သေဒဏ်ကျခံထားရတဲ့ လက်စတာ ဆိုတဲ့သူပါ။ သူရွှေတုံးတွေ ဝှက်ထားတဲ့နေရာကိုလည်း ဘယ်သူ့ကိုမှ မပြောပြခဲ့ပါဘူး။ သူ့ကို သေဒဏ်ပေးမယ့့် ညမှာတော့ ထောင်တွင်းကို ပြင်ပကနေ အဖွဲ့တစ်ဖွဲ့ ထိုးဖောက်ဝင်ရောက်လာပြီး လက်စတာ အပါအဝင် ထောင်တွင်းက အရာရှိတွေကို ဓားစာခံ အဖြစ် ဖမ်းထားလိုက်ပါတော့တယ်။ ဒါကြောင့် ဆက်ရှာဟာ ဓားစာခံတွေကို ကယ်ထုတ်ဖို့ရော သူ့ရဲ့ပင်မ ရည်ရွယ်ချက် မပျက်ဆီးဖို့ကိုရော ကြိုးစားလုပ်ဆောင်ရပါတော့တယ်။ Steven Seagal ရဲ့ ထုံးစံအတိုင်းပဲ အက်ရှင်အခန်းတွေ သေနတ်ပစ်ခန်းတွေ အပြည့်ပဲမို့ rating တွေကို ဂရုမစိုက်ိုက်ဘဲ စိတ်လွတ်ကိုယ်လွတ် အပန်းဖြေချင်တဲ့သူတွေ အတွက် ကြည့်ပျော်တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
...

Russian Ark (2002) ⭐TMDB: 73% User Score 🎬 #Drama #Fantasy #History 🗓 2002 🎞 movie 🌎 #Canada #Denmark #Finland #Germany #Japan #Russia ⏰ 1 နာရီ 40 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရုရှားဒါရိုက်တာကြီး အလက်ဇန်ဒါဆိုးခူရော်ဗ်ရဲ့ ပြောင်မြောက်လှတဲ့ အနုပညာဖန်တီးမှုတစ်ခု။စိန့်ပီတာစဘတ်မှာရှိတဲ့ ဟာမစ်တိတ်ပြတိုက်က ဆောင်းရာသီနန်းတော်ထဲမှာ အခန်းပေါင်း၃၃ခန်းကိုlong takeရိုက်ကူးမှုနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ပြသွားတဲ့ ခမ်းနားလှတဲ့ရုရှားရုပ်ရှင်။ ရှေးရုရှားဘုရင်တွေရဲ့ အနုပညာ၊ဂီတနဲ့ ယဉ်ကျေးမှုသမိုင်းကိုတန်ဖိုးထားကြပုံတွေ၊အဓိကအနေနဲ့ နာမည်ကျော်ပန်းချီကားတွေကို ကိုယ်တိုင်လိုက်ကြည့်နေရသလိုခံစားရအောင် တင်ဆက်သွားခဲ့တာ။အဓိကဇာတ်ကောင်အနေနဲ့ကတော့ ၁၉ရာစုနှစ်ခရီးသွား ဥရောပသားကြီးတစ်ယောက်ဆောင်းရာသီနန်းတော်ထဲက ပန်းချီကားတွေကိုလိုက်စပ်စုတာ၊ ဂီတခန်းမ အကခန်းမတွေဆီမှာလျှောက်သွားနေခဲ့တာကို ရိုက်ပြထားတာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)
...

Madame Claude (1977) ⭐TMDB: 50% User Score 🎬 #Adult #Drama #Comedy 🗓 1977 🎞 movie 🌎 #France ⏰ 1 နာရီ 50 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Madame Claude (1977) Madame Claude ဆိုတဲ့ ဇာတ်ကားကတော့ ၁၉၆၀-၁၉၇၀ ဝန်းကျင်မှာ ကျော်ကြားခဲ့တဲ့ Paris မြို့ကပြည့်တန်ဆာခေါင်းကြီး Fernende Grudet ခေါ် Madame Claude အကြောင်းကိုအခြေခံထားတာ ဖြစ်ပါတယ်။ Madame Claude ရဲ့ ပြည့်တန်ဆာဝန်ဆောင်မှုက ကြီးလွန်းလို့အာဏာအရှိဆုံးဆိုတဲ့ ယောက်ျားတွေ သူဌေးတွေ နိုင်ငံရေးသမားကြီးတွေ နာမည်ကြီးတွေပါအသုံးပြုကျတဲ့အတိုင်း သူ့မှာလျှို့ဝှက်ချက်တွေ အများကြီးကို ကိုင်ဆောင်ထားတဲ့လူပါ။ ဒီဇာတ်လမ်းထဲမှာ Madame Claude ရဲ့ စီးပွားရေး အင်ပါယာ ကိုယ်ပိုင် ဘဝ နောက်ကျောကိုဓါးနဲ့ထိုးတာတွေ အာဏာတွေ အားနည်းချက် တွေကို ယောက်ျားတွေ ကြီးစိုးတဲ့ ကမ္ဘာမှာဘယ်လိုကျော်ဖြတ်ခဲ့ရသလဲဆိုတာကို တင်ဆက်ပြသထားတာပဲဖြစ်ပါတယ်။ နောက်ထပ်အရေးကြီးတဲ့ ဇာတ်ကောင်ကတော့ Sidonie ဆိုတဲ့ အမျိုးသမီးပါMadam Claude ရဲ့တပည့် သူမရဲ့ ကိုယ်ပိုင်ဘဝရော အလုပ်မှာရော အရေးပါခဲ့တဲ့ လူပါ။ Madam Claude တယောက် အာဏာကြီးလာတာနဲ့အမျှ ရန်သူတွေလဲများလာပါတယ်။နောက်ဆုံး သူတည်ဆောက်ထားတဲ့ အင်ပါယာကြီးကိုပါပျက်စီးဖို့ ဖြစ်လာတဲ့အခါမှာ ဘယ်လိုဖြေရှင်းကျော်လွှားမလဲဆိုတာ…။ ၁၉၇၇ ဝန်းကျင်က ပြင်သစ်နိုင်ငံရဲ့ နိုင်ငံရေးတွေ ယဥ်ကျေးမှုတွေ သေချာလေးတင်ဆက်ထားတာဖြစ်လို့ ခေတ်ဟောင်းပုံစံတွေ စိတ်ဝင်စားတယ်ဆိုရင် ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်ခင်ဗျာ။ – အဖော်အချွတ်ခန်းတွေပါဝင်တာမလို့ မိသားစုနဲ့တော့ ကြည့်လို့မရပါဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Moe Zac မှ တင်ဆက်ထားပါတယ်။)
...

Nenu Sailaja (2016) ⭐IMDB: 6.9/10 (3 k Votes) 🎬 #Action #Bollywood #Comedy #Romance 🗓 2016 🎞 movie 🌎 #India ⏰ 2 နာရီ 9 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nenu Sailaja ( 2016 )အချစ်ရှာသူ ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ၂၀၁၆ ခုနှစ်ထွက်IMDb 6.5/10 ရရှိထားတဲ့ အချစ်ဟာသကားလေးပါ.. ဇာတ်လမ်းအကျဉ်းကတော့.. ဟာရီလို့အမည်ရတဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ DJ တစ်ဦးဖြစ်ပြီးသူဟာ ငယ်စဉ်ကလေးဘဝ ကျောင်းစတက်တဲ့နေ့ကတည်းကတိတ်တခိုးချစ်မြတ်နိုးရတဲ့ မိန်းကလေးတစ်ယောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဖွင့်မပြောလိုက်ရခင်မှာပဲ သူတို့နောက်တစ်နေရာကိုပြောင်းရွှေ့ခဲ့ရပါတယ်။အဲဒီအချိန်ကစပြီး သူဟာ နောက်ထပ်မိန်းကလေးတွေနဲ့ပတ်သက်ပြီးတူညီတဲ့အမှားမလုပ်ဖို့ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချမှတ်ခဲ့ပါတော့တယ်။ အဲဒါကြောင့် သူသဘောကျတဲ့မိန်းကလေးကိုတွေ့လိုက်တိုင်းသေချာပေါက်ဖွင့်ပြောတော့တာပဲ။ ကံမကောင်းစွာနဲ့ သူဖွင့်ပြောလိုက်တိုင်း အငြင်းချည်းခံရပါတော့တယ်ဆောရီး ဟာရီဆောရီး ဟာရီဆောရီး ဟာရီဒါဟာ မိန်းကလေးတိုင်းရဲ့သူ့အပေါ်တုံ့ပြန်စကားပါပဲ။ ဒါကြောင့် သူ့ဘဝမှာ နောက်ထပ်အချစ်ဆိုတဲ့စကားလုံးမရှိတော့ဘူးလို့ကြွေးကြော်လိုက်တဲ့အချိန်မှာပဲ နောက်ထပ်ကောင်မလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတော့တယ်။ နာမည်မသိ လိပ်စာမသိတဲ့ကောင်မလေးကို အချစ်မရှိကြွေးကြော်ထားတဲ့ကိုဟာရီတစ်ယောက်ထပ်ကြွေသွားဦးမလား..ဘယ်လိုအလွဲတွေထပ်ကြုံရဦးမလဲဆိုတာကိုဟာသဆန်ဆန်ပေါ့ပေါ့ပါးပါးရိုက်ကူးထားတာဖြစ်လို့ ပျော်ရွှင်စွာကြည့်ရှုခံစားပေးပါဦးခင်ဗျာ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
...

The Merry Gentlemen (2024) ⭐IMDB: 4.9/10 (6 k Votes) 🎬 #Comedy #Musical #Romance 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Comedy ၊ Holiday နဲ့ Romance ရုပ်ရှင် The Merry Gentlemen ကတော့ ဝမ်းဗိုက်ကြွက်သားခြောက်ခုနဲ့အမိုက်စားမင်းသားတွေကို တစ်ဝကြီးကြည့်ရမယ့်ခရစ္စမတ်ကားဖြစ်ပါတယ်။ ဘရော့ဒ်ဝေးရဲ့ ဂျင်ဂဲလ်ဘဲစ်ဘဲလေးအကအဖွဲ့မှာ ၁၂ နှစ်ကြာအောင် အရွယ်ကောင်းကိုမြှပ်နှံထားခဲ့တဲ့အက်ရှ်လေတစ်ယောက် အသက်ကြီးလာပြီဆိုတဲ့အကြောင်းပြချက်နဲ့အထုတ်ခံလိုက်ရတဲ့ အခါ တစ်ဘဝလုံးကြိုးစားခဲ့သမျှပြိုလဲသွားသလိုခံစားရပြီး မိဘတွေရှိတဲ့နယ်မြို့လေးကိုပြန်သွားခဲ့ပါတယ်။ မိဘတွေပိုင်တဲ့အရက်ဘားဟာ တစ်ချိန်ကမြို့ရဲ့အထင်ကရနေရာ ဖြစ်ခဲ့ပေမယ့် ခေတ်ကာလပြောင်းလဲတာနဲ့အမျှ ခေတ်နောက်ကျ ကျန်ရစ်ပြီး အကြွေးတွေနဲ့ဆိုင်ပိတ်ရတော့မလိုဖြစ်နေခဲ့ပါတယ်။ အက်ရှ်လေက ပညာရှင်အကသမားပီပီ အကဖျော်ဖြေပွဲတစ်ခု ဖန်တီးပြီး ဆိုင်ကိုကယ်တင်ဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ အက်ရှ်လေက လူတွေရဲ့အာရုံကိုဆွဲဆောင်နိုင်ဖို့ သူ့ပတ်ဝန်းကျင်က ခန္ဓာကိုယ်တောင့်တင်းတဲ့ရုပ်ချောချောအမျိုးသားတွေကိုအသုံးချ ပါတော့တယ်။ ခရစ္စမတ်အမျိုးသားအဝတ်ချွတ်ဖျော်ဖြေပွဲအတွက် အက်ရှ်လေနဲ့အဆင်တစ်သိုက်ပြင်ဆင်ကြပုံကို ကြည့်ရှူကြရမှာ ဖြစ်ပါတယ်။
...

Rings (2017) ⭐TMDB: 50% User Score 🎬 #Drama #Horror #Mystery #Romance 🗓 2017 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rings (2017) ဒီကားလေးကတော့ ဂျူလီယာဆိုတဲ့ကောင်မလေးက ကောလိပ်သွားတက်တဲ့ သူ့ကောင်လေးနဲ့ တစ်ညမှာဗီဒီယိုကောပြောအပြီး အဆက်အသွယ်မရရာကနေ တစ်နေ့ကျ သူ့ကောင်လေးရဲ့ ကွန်ပြူတာကနေ ထူးထူးဆန်းဆန်းတွေပြောတဲ့ကောင်မလေးနဲ့ စကားပြောမိလိုက်တယ်။ အဲ့ကောင်မလေးပြောတာက သူ့ကောင်လေးကို ပုန်းလို့မရဘူး “သူ”လာနေပြီတဲ့။ ဂျူလီယာလည်း စိတ်ပူပြီး သူ့ကျောင်းကိုလိုက်သွားရာမှာ သူနဲ့ပြောခဲ့တဲ့ကောင်မလေးကပဲ ဂျူလီယာကို သူ့ကောင်လေးကိုတွေ့ဖို့နည်းရှိတယ်။ တစ်ခုတော့အရင်လုပ်ရမယ်ဆိုပြီး ဗီဒီယိုတစ်ခုကိုပြတယ်။ အဲ့နောက်မှာ ဂျူလီယာသိလိုက်ရတာက ကြည့်မိပြီးတဲ့လူတိုင်းခုနှစ်ရက်အတွင်းသေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို သူတို့ကောလိပ်က ဇီ၀ဗေဒပရော်ဖက်ဆာက စမ်းသပ်မှုတစ်ခုအနေနဲ့ ကျောင်းသားအနည်းစုကိုကြည့်ခိုင်းတယ်တဲ့။ ကျောင်းသားတစ်ယောက်က ကြည့်ပြီးတာနဲ့ ခုနှစ်ရက်ပြည့်ခါနီးကျ နောက်တစ်ယောက်ကို အဲ့တာကိုကြည့်ခိုင်းပြီး ကျိန်စာကို လက်ဆင့်ကမ်း‌ပေးတော့ ဘယ်သူမှမ‌သေတော့ဘူးပေါ့။ ကျောင်းသားတွေက အလှည့်ကျကြည့်ကြပြီး ‌သူတို့ရဲ့နောက်ကျိန်စာကိုလက်ခံမယ့်သူကို ” နောက်လိုက် ” လို့ခေါ်ကြတယ်။ ဒါပေမယ့် ကျောင်းသားတွေ ကျိန်စာစပြောင်းလဲလာတာကို သတိထားမိလာကြတဲ့အပြင် ကျောင်းသားတစ်ယောက်ပါ သေဆုံးသွားတဲ့အခါ အကုန်လုံးကြောက်လန့်ကုန်ကြပြီး အခုကျိန်စာကူးသွားတဲ့ ဂျူလီယာနဲ့ သူ့ကောင်လေးက နည်းလမ်းရှာကြရင်း သိလိုက်ရတာက အဲ့ဗီဒီယိုထဲမှာ ဘယ်သူမှမမြင်ဖူးတဲ့ နောက်ထပ်ဗီဒီယိုတစ်ခုရှိနေတယ်ဆိုတာပဲ။ သူတို့အဲ့ဒီကျိန်စာကို ဘယ်လိုဆက်ရင်ဆိုင်မလဲဆိုတာကိုတော့ ကြည့်ကြည့်လိုက်ကြနော်။ Translated By PhuThetKhin (အညွှန်းနဲ့ဘာသာပြန်ကတော့Phu Thet Khinဖြစ်ပါတယ်။)
...

Sye Raa Narasimha Reddy (2019) ⭐IMDB: 7.2/10 (9 k Votes) 🎬 #Action #Adventure #Bollywood #Drama #History #War 🗓 2019 🎞 movie 🌎 #India ⏰ 2 နာရီ 50 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sye Raa Narasimha Reddy 2019 (မသေမျိုး နာရက်ရှီမာရက်ဒီ)IMDb – 7.2/10 ယခုတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် ၂၀၁၉ တုန်းက ထွက်ရှိထားခဲ့တဲ့ဗြိတိသျှတွေ အိန္ဒိယကို အုပ်စိုးစဉ်အချိန် အိန္ဒိယတွေဘက်ကနေတွန်းလှန်တိုက်ခိုက်ခဲ့တဲ့အကြောင်းကိုရိုက်ကူးထားတဲ့သမိုင်းကြောင်းဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ဒီကားမှာဆိုရင် အမီတာဘချမ်းပါဝင်သရုပ်ဆောင်ထားပြီး မင်းသားအနေနဲ့Chiranjeevi ကပါဝင်ထားပြီး အရန်နေရာမှာလည်းနာမည်ကြီးတွေ အများကြီးကို ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ကောင်းမယ်ဆိုတာ ပြောစရာတောင် လိုမယ်မထင်ပါဘူး။ အိန္ဒိယနိုင်ငံကို ဗြိတိသျှတွေ ကျူးကျော်လာစဉ်အချိန်က ပြန်လည်တိုက်ခိုက်ပုန်ကန်မှုတွေ ရှိခဲ့ပါတယ်။ဒီပုန်ကန်မှုတွေထဲမှာ အကျော်ကြားဆုံးကတော့ ၁၈၅၇ခုနှစ်တုန်းက ဆီဖိုမူတီနီပုန်ကန်မှုပဲဖြစ်ပါတယ်။ ဒီပုန်ကန်မှုရဲ့ အဓိကခေါင်းဆောင်ကတော့ ဂျန်စီလက်ရှမီဖြစ်ပြီးတော့ သူတို့တွေ စတင်တိုက်ခိုက်တုန်းကလူပေါင်း ၂ထောင်လောက်နဲ့ စတင်ခဲ့ပေမယ့် ၃လလောက်လည်းကြာရော လူအယောက်၁၀၀လောက်ပဲကျန်ခဲ့တဲ့အတွက် စိတ်အားလျော့ကုန်ကြပါတယ်။ နယ်မြေလေးတွေကို သီးသန့်အုပ်ချုပ်တဲ့ အကြီးအကဲတွေရယ်လို့ သီးသန့်ရှိခဲ့ပါတယ်။နယ်မြေပေါင်း ၆၁ခုရှိပြီးတော့ ဒီနယ်မြေတွေကိုလည်း ဗြိတိသျှက သိမ်းပိုက်ဖို့အတွက်ကြံစည်နေတဲ့အချိန်မှာ ကိုယ့်လူမျိုးတွေကို မတရားသတ်ဖြတ်ခံနေရတာကို မကြည့်နိုင်တဲ့နာရက်ရှီမာရက်ဒီဟာ နယ်မြေ ၆၁ခုလုံးက အကြီးအကဲတွေကိုဖိတ်ကြား ပူဇော်ပွဲလုပ်ရင်း ဗြိတိသျှတွေကို တွန်းလှန်ဖို့အတွက် လူစုပါတော့တယ်။ နာရက်ရှီမာရက်ဒီဆိုတာလည်း နှယ်နှယ်ရရတော့မဟုတ်ပါဘူး။ မွေးခါစမှာပဲ အသက်ရှူရပ်တန့်ခဲ့ပြီးအချိန်အတော်ကြာမှ ပြန်လည်ရှင်သန်လာတဲ့အတွက် မသေမျိုးလို့ သတ်မှတ်ခံထားရသူ၊နိုဆမ်ခံတပ်မှာ ဆက်ခံသူမရှိတဲ့အတွက် အဘိုးဖြစ်သူက မွေးစားပြီး အရိုက်အရာကို ဆက်ခံခိုင်းသူ၊ရေနာဒူရဲ့ အနာဂတ်အတွက် ရွေးချယ်ခံထားရသူတစ်ဦးဖြစ်ပါတယ်။ ဒီလိုနဲ့ နာရက်ရှီမာရက်ဒီတစ်ယောက် ဗြိတိသျှတွေကို ဘယ်လိုတွန်းလှန်ပုန်ကန်တိုက်ခိုက်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် သမိုင်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
...