uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Crocodile Island (2023) ⭐TMDB: 0.0% User Score 🎬 #Action 🗓 2023 🎞 Movie 📺 #1080p #720p 💿 945.3 MB ⦿ 514.0 MB 🌎 #China ⏰ 1 နာရီ 03 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကျွန်းပေါ်မှာ ဝှက်ထားတဲ့ ရွှေဥကို တွေ့အောင်ရှာနိုင်ရင်ဆုကြေးသိန်း ၅၀ ရမယ်ဆိုတဲ့ Variety Show တစ်ခုမှာလူတစ်စုဟာ ရည်ရွယ်ချက်ကိုယ်စီနဲ့ အဲဒီ သိန်း ၅၀ ကိုလိုချင်ခဲ့ကြတာကြောင့် ပြိုင်ပွဲဝင်ပြိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲအတွက် ရိုက်ကူးရေးစတဲ့နေ့မှာပဲအဖွဲ့သား ၂ ယောက် မိကျောင်းကိုက်ခံရပြီး သေဆုံးခဲ့တာကြောင့်ကျွန်းပေါ်မှာ မိကျောင်းရှိတဲ့အကြောင်းကို ခုနကမိကျောင်းလိုက်ကိုက်တာခံရတဲ့အဖြစ်အပျက်မှာလွတ်မြောက်လာခဲ့တဲ့ ရိုက်ကူးရေးအဖွဲ့တစ်ဦးက လာပြောခဲ့ပေမဲ့ဒါရိုက်တာက ကျွန်းနာမည်ကကို (မိကျောင်းကျွန်း) ဖြစ်လို့ဒီမိကျောင်းဟာ သူတို့ ဆင်ထားတဲ့ လှည့်ကွက်တစ်ခုသာဖြစ်ကြောင်းပြောပြီး ရိုက်ကူးဆက်လုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ရွှေဥ ရှာပုံတော်စဖွင့်တဲ့အချိန်ကစပြီး ၂ ယောက်တစ်တွဲခရီးထွက်လာခဲ့တဲ့ သူတွေဟာ မိကျောင်းကိုက်ခံရပြီး တစ်ယောက်ပြီးတစ်ယောက်သေဆုံးခဲ့ပါတယ်။အဲဒီနောက်မှာ အသက်ရှင်ကျန်ရစ်သူတွေဟာ မိကျောင်းရန်ကနေထွက်ပြေးဖို့ လုပ်ရင်း ဒီအစီအစဥ်မှာ ပါဝင်မိတဲ့ သူတို့အားလုံးဟာလွန်ခဲ့တဲ့ နှစ် ၂၀ က နွေရာသီကမ့်ပ်မှာ အတူတူပါဝင်ခဲ့ဖူးတဲ့သူတွေဖြစ်နေတာကို အမှတ်မထင် သိလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ ဒီမိကျောင်းတွေပေါ်လာတာ မရိုးရှင်းဘူးဆိုတာကိုသိလိုက်ရတဲ့အခါမှာတော့ ကျန်ရစ်သူအားလုံး ဒီကျွန်းပေါ်ကနေ အသက်ရှင်လျက်လွတ်မြောက်နိုင်ပါ့မလားမိကျောင်းတွေကို နောက်ကွယ်က ကြိုးကိုင်နေတာ ဘယ်သူလဲလွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက နွေရာသီကမ့်ပ်မှာ ဘယ်လိုအဖြစ်ဆိုးတွေ ဖြစ်ခဲ့လဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာပဲဆက်လက်အဖြေရှာလိုက်ပါဦး...

Khun Pan 3 (2023) ⭐IMDB: 8.1/10 (79 Votes) 🎬 #Action #Fantasy #Thriller 🗓 2023 🎞 movie 📺 #1080p #720p 💿 2.2 GB ⦿ 1.1 GB 🌎 #Thailand ⏰ 2 နာရီ 36 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Khun Phan 3 (2023) ခွန်ဖန် အဖြစ် Ananda Everinghamဆီယာမဟေဆွန် အဖြစ် Mario Maurerဆီယာဒမ် အဖြစ် Tono Phakin khamwilaisak ခွန်ဖန်ဆိုကတည်းက khun phan 1&2 ကိုအားလုံးကြည့်ပြီးကြမယ်လို့ထင်ပါတယ် ဒီ khun phan 3 မှာကတော့ ခွန်ဖန်ဟာ နိုင်ငံရေးအခြေနေမတည်ငြိမ်သေးပေမဲ့သူ့မွေးရပ်မြေကိုတာဝန်ပြောင်းဖို့တောင်းဆိုခဲ့ပြီး ပြန်သွားခဲ့ကာ သူ့မိန်းမနဲ့အတူနေထိုင်ခဲ့ပါတယ် သူပြန်နေတဲ့ကာလမှာ ဆီယာဒမ်နဲ့ဆီမဟေဆွန်ဆိုတဲ့တောပုန်းဓားပြတွေသောင်းကျန်းနေလို့သူ့ကို ရဲအရာရှိကြီးတစ်ယောက်က တာဝန်ပြန်လာထမ်းဆောင်ဖို့ ပြန်ခေါ်ခဲ့ပါတယ် ခွန်ဖန်တာဝန်ပြန်လာထမ်းဆောင်ပြီး ဆီယာဒမ်နဲ့ဆီယာမဟေဆွန်ကိုဖမ်းဖို့ခရီးထွက်လာတဲ့အချိန်မှာ ဘာအခက်အခဲတွေနဲ့ကြုံရမလဲ ဆီယာဒမ်နဲ့ရော အရင်ကဘာအငြိုးတွေရှိခဲ့လို့ ဆီယာဒမ်က သူ့ကိုသတ်ချင်နေပါသလဲ ဆိုတော့ မှော်အစွမ်းတွေနဲ့ဘယ်လောက်တောင်ကြမ်းနေမလဲ ဇာတ်ကားထဲကြည့်လိုက်ရအောင်နော် ဇာတ်ကားကတော့ ပြောစရာမလိုလောက်အောင် ကောင်းလွန်းပါတယ်လုံးဝလက်မလွှတ်သင့်တဲ့ကားလေးပါနော် အညွှန်း နဲ့ ဘာသာပြန်ကတော့Nang Mwe Khamပဲ ဖြစ်ပါတယ်။...

Forbidden Zone (2023) ⭐TMDB: 100.0% User Score 🎬 #Action #Fantasy #Mystery 🗓 2023 🎞 Movie 📺 #1080p #720p 💿 1.1 GB ⦿ 632.5 MB 🌎 #China ⏰ 1 နာရီ 27 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကောင်းကင်ဘုံကျွန်းမှာ လူသားတွေရဲ့အရှင်သခင်ဖြစ်စေနိုင်တဲ့အာဏာတည်တဲ့ ဧကရာဇ်ရတနာတစ်ခုရှိခဲ့ပါတယ်ရတနာကိုကာကွယ်ဖို့အတွက် သင်တန်းသားတွေကိုစွမ်းအားရှင်ဖြစ်တဲ့အထိကျင့်ပေးတဲ့နန်းတော်တစ်ခုလည်းရှိပါတယ် ဒါပေမယ့် နန်းတော်ထဲကစွမ်းအားရှင်တွေကိုယ်တိုင်ဧကရာဇ်ရတနာကိုတပ်မက်လာတဲ့အချိန်မှာတော့အဆုံးအဆမဲ့တိုက်ပွဲတွေဖြစ်ပြီး သေကြေခဲ့ကြပါတယ် စွမ်းအားရှင်တွေထဲမှာ ရွှီခုန်းဆိုတဲ့သင်တန်းသားကအဆင့်နိမ့်ဆုံးစွမ်းအားရှင်ဖြစ်ပေမယ့်သူ့ဆရာနဲ့ညီအကိုတွေရဲ့အားပေးမှုနဲ့အတူဧကရာဇ်ရတနာကို ရှာဖို့လမ်းစလာခဲ့ပါတယ် ရွှီခုန်း ဧကရာဇ်ကိုရှာရတာက တခြားညီနောင်စွမ်းအားရှင်တွေလိုလူ့လောကကိုအုပ်ချုပ်နိုင်တဲ့ အာဏာယူဖို့လားတိုက်ပွဲတွေကိုရပ်တန့်နိုင်ဖို့လားဆိုတာကိုလျှို့ဝှက်ချက်ပေါင်းများစွာနဲ့ ကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်...

The Hardy Boys (2020-2023) ⭐IMDB: 7.0/10 (3 k Votes) 🎬 #Drama #Mystery #Adventure #Family #Fantasy 🗓 2020-2023 🎞 tv series 📺 None 🌎 #Canada ⏰ 45 မိနစ် 00 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Hardy Boys – Season 01 (2020)The Hardy Boys – Season 01 (2020)========================== IMDb Rating – 7.0/10The Hardy Boys ဆိုတာက 2020 မှာ ထွက်ခဲ့တဲ့ mini-series တစ်ခုပါ။ ဒီနှစ် 2022 မှာလည်း Season 02 ကထပ်မံထွက်လာပြီမို့ စီးရီးကောင်းကောင်း ကြည့်ရှုမယ့် ပရိတ်သတ်တွေအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းအကျဥ◌်းလေးပြောရရင် . ပင်လယ်ပြင်မှာ ငါးဖမ်းထွက်လာတဲ့ သင်္ဘောတစ်စင်းက ကပ္ပတိန်ဟာ ငါးဖမ်းရင်း ပစ္စည်းတစ်ခု ပါလာတာကို တွေ့လိုက်ရပါတယ်။ သို့သော် ထိုပစ္စည်းကို အရောင်းအဝယ်လုပ်ရင်း ကပ္ပတိန်နဲ့ အဖွဲ့သားအားလုံး သေဆုံးသွားခဲ့သလို သင်္ဘောဟာလည်း နစ်မြှုပ်သွားခဲ့ပါတယ်။Frank နဲ့ Joe ဆိုတဲ့ ကောင်လေးနှစ်ယောက်ဟာ သူတို့အ‌မေ ဖြစ်သူ ဆုံးပါးပြီးနောက် သူတို့အဖေရဲ့ မွေးရပ်မြေဖြစ်တဲ့ ဘရစ်ချ်ပို့တ် မြို့လေးကို ခေတ္တခဏ ပြောင်းရွေ့ လာခဲ့ပါတယ်။ ထိုမြို့မှာ သူတို့နှစ်ယောက် နေထိုင်ကြရင်း သူငယ်ချင်းအသစ်များလည်း ရလာခဲ့ကြတာပေါ့။ မကြာခင်မှာပဲ အဆိုပါ နစ်မြှုပ်သွားတဲ့ သင်္ဘောဟာ သူတို့ရဲ့ အဘွားဖြစ်သူ ပိုင်တဲ့ သင်္ဘောဆိုတာ သိလိုက်ရပါတယ်။ ထိုသင်္ဘောနဲ့ အဘွားဖြစ်သူတို့ ဘယ်လိုပတ်သတ်နေလဲ။ ထို့အပြင် အဖေဖြစ်သူဆီကို ထူးဆန်းတဲ့ အမျိုးသမီးရောက်လာပြီး သူ့ဇနီးသေဆုံးမှု မတော်တဆ မဟုတ်ကြောင်းပြောလာခဲ့ပါတယ်။ ထိုစကားပြောနေတာကို ကောင်လေးနှစ်ယောက်ကြားပြီး သူတို့အဖေကို ကူညီပြီး စုံစမ်းပေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ သင်္ဘောနစ်မြှုပ်မှုနဲ့ သူတို့အမေ သေဆုံးမှုကရော ပတ်သတ်နေမလား။ နောက်ထပ် ဘာ လျှို့ဝှက်ချက်တွေကို မြင်တွေ့ရဦးမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှု့နိုင်မှာပါ။(ဒီစီးရီးရဲ့ အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ CM Team  မှဖြစ်ပါတယ်။)File Size – (600 MB) / (300 MB)...

The Hardy Boys (2020-2023) ⭐IMDB: 7.0/10 (3 k Votes) 🎬 #Drama #Mystery #Adventure #Family #Fantasy 🗓 2020-2023 🎞 tv series 📺 None 🌎 #Canada ⏰ 45 မိနစ် 00 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Hardy Boys – Season 01 (2020)The Hardy Boys – Season 01 (2020)========================== IMDb Rating – 7.0/10The Hardy Boys ဆိုတာက 2020 မှာ ထွက်ခဲ့တဲ့ mini-series တစ်ခုပါ။ ဒီနှစ် 2022 မှာလည်း Season 02 ကထပ်မံထွက်လာပြီမို့ စီးရီးကောင်းကောင်း ကြည့်ရှုမယ့် ပရိတ်သတ်တွေအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းအကျဥ◌်းလေးပြောရရင် . ပင်လယ်ပြင်မှာ ငါးဖမ်းထွက်လာတဲ့ သင်္ဘောတစ်စင်းက ကပ္ပတိန်ဟာ ငါးဖမ်းရင်း ပစ္စည်းတစ်ခု ပါလာတာကို တွေ့လိုက်ရပါတယ်။ သို့သော် ထိုပစ္စည်းကို အရောင်းအဝယ်လုပ်ရင်း ကပ္ပတိန်နဲ့ အဖွဲ့သားအားလုံး သေဆုံးသွားခဲ့သလို သင်္ဘောဟာလည်း နစ်မြှုပ်သွားခဲ့ပါတယ်။Frank နဲ့ Joe ဆိုတဲ့ ကောင်လေးနှစ်ယောက်ဟာ သူတို့အ‌မေ ဖြစ်သူ ဆုံးပါးပြီးနောက် သူတို့အဖေရဲ့ မွေးရပ်မြေဖြစ်တဲ့ ဘရစ်ချ်ပို့တ် မြို့လေးကို ခေတ္တခဏ ပြောင်းရွေ့ လာခဲ့ပါတယ်။ ထိုမြို့မှာ သူတို့နှစ်ယောက် နေထိုင်ကြရင်း သူငယ်ချင်းအသစ်များလည်း ရလာခဲ့ကြတာပေါ့။ မကြာခင်မှာပဲ အဆိုပါ နစ်မြှုပ်သွားတဲ့ သင်္ဘောဟာ သူတို့ရဲ့ အဘွားဖြစ်သူ ပိုင်တဲ့ သင်္ဘောဆိုတာ သိလိုက်ရပါတယ်။ ထိုသင်္ဘောနဲ့ အဘွားဖြစ်သူတို့ ဘယ်လိုပတ်သတ်နေလဲ။ ထို့အပြင် အဖေဖြစ်သူဆီကို ထူးဆန်းတဲ့ အမျိုးသမီးရောက်လာပြီး သူ့ဇနီးသေဆုံးမှု မတော်တဆ မဟုတ်ကြောင်းပြောလာခဲ့ပါတယ်။ ထိုစကားပြောနေတာကို ကောင်လေးနှစ်ယောက်ကြားပြီး သူတို့အဖေကို ကူညီပြီး စုံစမ်းပေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ သင်္ဘောနစ်မြှုပ်မှုနဲ့ သူတို့အမေ သေဆုံးမှုကရော ပတ်သတ်နေမလား။ နောက်ထပ် ဘာ လျှို့ဝှက်ချက်တွေကို မြင်တွေ့ရဦးမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှု့နိုင်မှာပါ။(ဒီစီးရီးရဲ့ အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ CM Team  မှဖြစ်ပါတယ်။)File Size – (600 MB) / (300 MB)...

Full Circle (2023-2023) ⭐IMDB: 6.4/10 (3 k Votes) 🎬 #Crime #Drama #Mystery 🗓 2023-2023 🎞 tv mini series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 50 မိနစ် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Full Circle (2023)Full Circle (2023) ============= IMDb Rating – 6.4/10ဒီစီးရီးကတော့ ဇာတ်ကောင်တွေ အများကြီးနဲ့ ရှုပ်ထွေးပွေလီတဲ့ Crime and mystery စီးရီးမျိုးလို့ပဲ ဆိုရမယ်။ ‘ရတယ် ရှုပ်တာမျိုးမှ ကြိုက်တာ’ ဆိုတဲ့သူတွေအတွက်တော့ ကွက်စတိပါပဲ။ အချိန်လေး သာရရင် သေချာထိုင်စဉ်းစားပြီး ကြည့်ရမဲ့စီးရီးထဲ ပါတယ်ဆိုပါတော့။ ကဲ ဇာတ်လမ်းကို နည်းနည်းလောက် ညွှန်းပေးရမယ်ဆိုရင်တော့ ဒီလိုက စလိုက်ကြတာပေါ့။ ဂိုင်ယန်နာက လူမိုက်ဂိုဏ်းတစ်ခုကို မစ္စမဟာဘီရာ ဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက်က ဦးဆောင်နေတယ်။ တစ်ရက်မှာ တော့ သူ့မိသားစုဝင်တစ်ယောက် လုပ်ကြံခံလိုက်ရတယ်။ ဒီအတွက် မစ္စ မဟာဘီရာ အလိုချင်ဆုံးဖြစ်နေတာက လက်တုံ့ပြန်မှု။ လူးဝစ်နဲ့ ဇာဗီယာ ကတော့ နယူးယောက်မှာ အလုပ်လုပ်ရမယ်ဆိုလို့ ဂိုင်ယန်နာကနေ ထွက် လာကြတဲ့ ရိုးရိုးအေးအေး ကောင်လေးနှစ်ယောက်ပေါ့။ဒါပေမဲ့ သူတို့ရသွားတဲ့အလုပ်က မစ္စမဟာဘီရာရဲ့ ဂိုဏ်းအဖွဲ့ဝင်တွေအဖြစ်။ မစ္စမဟာဘီရာ လက်စားချေမဲ့ မိသားစုကတော့ စားဖိုမှူးဂျက်ဖ်လို့ နာမည် ကြီးတဲ့ ကာစီနိုနဲ့ ချမ်းသာလာတဲ့ ခရိုနီအဘိုးကြီးရဲ့ မိသားစုပါ။ ဒီအတွက် သားကောင်ဖြစ်လာတာကတော့ အဘိုးကြီးရဲ့ တစ်ဦးတည်းသောမြေးဖြစ်တဲ့ ဂျဲရတ်ဆိုတဲ့ကောင်လေးတစ်ယောက်။ တစ်ဖက်မှာတော့ အမေရိကန်ထောက် လှမ်းရေးဆားဗစ်က ဟာမိုနီဆိုတဲ့ စုံထောက်မလေးတစ်ယောက် ရှိလို့နေပါ သေးတယ်။ သူကတော့ အမှုကြီးတွေကို ကိုင်ပြပြီး ဘော့စ်ဖြစ်သူကို သူလုပ် နိုင်ကြောင်း ကိုယ်ရည်သွေးချင်နေတဲ့ စုံထောက်မလေးပါပဲ။သေချာတာတစ်ခုကတော့ ဒီလူတွေအားလုံး လက်စားချေတဲ့အမှုကြီးမှာ ပါဝင် ပတ်သက်လာကြတော့မှာပါ။ အမှုရဲ့အသွားအလာသည် ဇာတ်လမ်းရဲ့မြှုပ်ကွက် ဖြစ်တာကြောင့် ဒီလောက်နဲ့ပဲ ညွှန်းပေးတာကို ရပ်လိုက်ပါတော့မယ်။ စကားလေး တစ်ခွန်းရှိတယ်မလား။ ဘာမှမသိရတဲ့ ဇာတ်လမ်းတွေက အရှုပ်ထွေးဆုံးပါပဲတဲ့။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်။)File Size………….(400 MB) / (800 MB)...

Full Circle (2023-2023) ⭐IMDB: 6.4/10 (3 k Votes) 🎬 #Crime #Drama #Mystery 🗓 2023-2023 🎞 tv mini series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 40 မိနစ် 53 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Full Circle (2023)Full Circle (2023) ============= IMDb Rating – 6.4/10ဒီစီးရီးကတော့ ဇာတ်ကောင်တွေ အများကြီးနဲ့ ရှုပ်ထွေးပွေလီတဲ့ Crime and mystery စီးရီးမျိုးလို့ပဲ ဆိုရမယ်။ ‘ရတယ် ရှုပ်တာမျိုးမှ ကြိုက်တာ’ ဆိုတဲ့သူတွေအတွက်တော့ ကွက်စတိပါပဲ။ အချိန်လေး သာရရင် သေချာထိုင်စဉ်းစားပြီး ကြည့်ရမဲ့စီးရီးထဲ ပါတယ်ဆိုပါတော့။ ကဲ ဇာတ်လမ်းကို နည်းနည်းလောက် ညွှန်းပေးရမယ်ဆိုရင်တော့ ဒီလိုက စလိုက်ကြတာပေါ့။ ဂိုင်ယန်နာက လူမိုက်ဂိုဏ်းတစ်ခုကို မစ္စမဟာဘီရာ ဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက်က ဦးဆောင်နေတယ်။ တစ်ရက်မှာ တော့ သူ့မိသားစုဝင်တစ်ယောက် လုပ်ကြံခံလိုက်ရတယ်။ ဒီအတွက် မစ္စ မဟာဘီရာ အလိုချင်ဆုံးဖြစ်နေတာက လက်တုံ့ပြန်မှု။ လူးဝစ်နဲ့ ဇာဗီယာ ကတော့ နယူးယောက်မှာ အလုပ်လုပ်ရမယ်ဆိုလို့ ဂိုင်ယန်နာကနေ ထွက် လာကြတဲ့ ရိုးရိုးအေးအေး ကောင်လေးနှစ်ယောက်ပေါ့။ဒါပေမဲ့ သူတို့ရသွားတဲ့အလုပ်က မစ္စမဟာဘီရာရဲ့ ဂိုဏ်းအဖွဲ့ဝင်တွေအဖြစ်။ မစ္စမဟာဘီရာ လက်စားချေမဲ့ မိသားစုကတော့ စားဖိုမှူးဂျက်ဖ်လို့ နာမည် ကြီးတဲ့ ကာစီနိုနဲ့ ချမ်းသာလာတဲ့ ခရိုနီအဘိုးကြီးရဲ့ မိသားစုပါ။ ဒီအတွက် သားကောင်ဖြစ်လာတာကတော့ အဘိုးကြီးရဲ့ တစ်ဦးတည်းသောမြေးဖြစ်တဲ့ ဂျဲရတ်ဆိုတဲ့ကောင်လေးတစ်ယောက်။ တစ်ဖက်မှာတော့ အမေရိကန်ထောက် လှမ်းရေးဆားဗစ်က ဟာမိုနီဆိုတဲ့ စုံထောက်မလေးတစ်ယောက် ရှိလို့နေပါ သေးတယ်။ သူကတော့ အမှုကြီးတွေကို ကိုင်ပြပြီး ဘော့စ်ဖြစ်သူကို သူလုပ် နိုင်ကြောင်း ကိုယ်ရည်သွေးချင်နေတဲ့ စုံထောက်မလေးပါပဲ။သေချာတာတစ်ခုကတော့ ဒီလူတွေအားလုံး လက်စားချေတဲ့အမှုကြီးမှာ ပါဝင် ပတ်သက်လာကြတော့မှာပါ။ အမှုရဲ့အသွားအလာသည် ဇာတ်လမ်းရဲ့မြှုပ်ကွက် ဖြစ်တာကြောင့် ဒီလောက်နဲ့ပဲ ညွှန်းပေးတာကို ရပ်လိုက်ပါတော့မယ်။ စကားလေး တစ်ခွန်းရှိတယ်မလား။ ဘာမှမသိရတဲ့ ဇာတ်လမ်းတွေက အရှုပ်ထွေးဆုံးပါပဲတဲ့။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်။)File Size………….(400 MB) / (800 MB)...

Oppenheimer (2023) ⭐IMDB: 8.7/10 (284 k Votes) 🎬 #Biography #Drama #History 🗓 2023 🎞 movie 📺 #1080p #720p 💿 1.9 GB ⦿ 996.9 MB 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 3 နာရီ 00 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ အော့ပန်ဟိုင်းမားကို တင်ပေးထားပါတယ်။ အကြည်ထွက်ဖို့က အတော်ကိုကြာဦးမှာမို့ အကြည်ဆုံး cam ဗားရှင်းကို ဘာသာပြန်ပြီးတင်ပေးထားပါတယ်။ ဘာသာပြန်ဖို့ စာဖိုင်အမှန်လည်းမရသေးတာကြောင့် ကွက်လပ်အချို့တော့ပါပေမဲ့ အားလုံးနီးပါး နားလည်အောင်တော့ ပြန်ပေးထားပါတယ်။ Peaky Blinder ရဲ့ မင်းသား Cillian Murphy က ဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီးတွေဖြစ်တဲ့ Robert Downey Jr., Emily Blunt, Matt Damon, Rami Malek တို့ အစုံပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။ သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင် ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။ သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့ ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။ အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံ ဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး စီမံကိန်းဖြစ်တဲ့ မန်ဟက်တန်စီမံကိန်းကို လော့စ် အာလာမို့စ်မှာ ဦဆောင်ခဲ့ရပုံတွေကိုပြသထားပါတယ်။ အနုမြူဗုံးကိုအောင်မြင်စွာဖန်တီးပြီး စစ်နိုင်သွားတဲ့နေရာမှာ ရပ်သွားတာမဟုတ်ဘဲ အဲဒီနောက်ပိုင်းမှာ သမ္မတနဲ့ အစိုးရကိုပါ အတိုက်အခံလုပ်ပြီး အနုမြူလက်နက် ကန့်သတ်ရေးကို လှုပ်ရှားခဲ့တဲ့ဘဝအကြောင်းတွေပါ ပါဝင်ပါတယ်။ ပထမဆုံး အဖြူအမည်း IMAX ရိုက်ချက်တွေကို ဖန်တီးထည့်သွင်းထားသလို ရုပ်ရှင်တစ်ကားလုံးကို CGI မသုံးခဲ့တဲ့အတွက်လည်း နာမည်ကြီးနေပါသေးတယ်။ ပြီးတော့ အော့ပန်ဟိုင်းမားနဲ့ခေတ်ပြိုင် နာမည်ကြီး သိပ္ပံပညာရှင်တွေလည်း အချက်အလက်အသေးစိတ်ထည့်သွင်းထားပါသေးတယ်။ အဲဘတ်အိုင်းစတိုင်း၊ ကာ့ထ်ဂိုဒဲ၊ ရစ်ချက်ဖိုင်းမန်းတို့လို ဇာတ်ကောင်တွေကိုလည်း အသေးစိတ်ဖန်တီးထားပါတယ်။ အတော်ကိုကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။...

Fire Storm (2023) ⭐TMDB: 0.0% User Score 🎬 #Action 🗓 2023 🎞 Movie 📺 #1080p #720p 💿 1.1 GB ⦿ 622.3 MB 🌎 #China ⏰ 1 နာရီ 19 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ယာဥ် မတော်တဆမှုတစ်ခုကြောင့် ထောင်ကျနေတဲ့ဝေးဖုန်း…သူထောင်ထဲမှာရှိနေတဲ့အချိန် အပြင်မှာ ကျန်ခဲ့တဲ့အစ်မကအကြွေးဆပ်ဖို့အတွက် ရရာလုပ်ရင်း တယ်လီကွန်းလိမ်လည်မှုအဖွဲ့တစ်ခုရဲ့ထောင်ခြောက်ထဲကျရာက ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့အထိဖြစ်သွားခဲ့ရတယ် ထောင်ကလွတ်လာပြီးနောက်ပိုင်း အစ်မသေဆုံးရတဲ့အကြောင်းကိုစုံစမ်းရင်းလိမ်လည်နေတဲ့အဖွဲ့ကို သိခဲ့ရပြီး သူ့နည်းသူ့ဟန်နဲ့ ကလဲ့စားချေ ဖို့ကြိုးစားခဲ့တယ်..ညီအစ်ကိုလို တပည့်လိုနေခဲ့တဲ့ ရှောင်ဖုန့်ရဲ့အကူအညီနဲ့ဒုခေါင်းဆောင်ဝေရှောက်ကိုရင်းနှီးအောင်လုပ်ပြီးအဖွဲ့ထဲဝင်ကာ အစ်မအတွက် ဘယ်လိုကလဲ့စားချေမလဲ….ပြစ်မှု သက်သေတွေရဖို့ ဘယ်လိုကြိုးစားရယူမလဲ….ခေါင်းဆောင်အထိရော ဖမ်းမိနိုင်ပါ့မလားဆိုတာ…………….....

SWAT Criminals (2023) ⭐TMDB: 0.0% User Score 🎬 #Crime #Drama 🗓 2023 🎞 Movie 📺 #1080p #720p 💿 1.4 GB ⦿ 718.5 MB 🌎 #China ⏰ 1 နာရီ 30 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မူးယစ်တိုက်ဖျက်ရေး မှုခင်းရဲကားလေးပါ…..ကျားသစ်အထူးရဲတပ်ဖွဲ့ ကျန့်ထိုကျွင်းဆိုတဲ့မူးယစ်ရာဇာကိုဖမ်းဆီးဖို့ကြိုးစားကြတဲ့အချိန်မှာ ကျန့်ထိုကျွင်းရဲ့လှည့်ကွက်တွေကြောင့် ရဲဘော်တစ်ယောက်ဆုံးရှုံးခဲ့ရပါတယ်။ ရဲဘော်လဲဖြစ် သူငယ်ချင်းလဲဖြစ်တဲ့သူတစ်ယောက်ဆုံးရှုံးလိုက်ရတဲ့အတွက် အားဟောင်ဟာသူ့ကိုယ်သူအပြစ်တင်ပြီး ရဲတပ်ဖွဲ့မှ နှုတ်ထွက်ခဲ့ပါတယ်။ နောက်(၂)နှစ်ကြာတဲ့အချိန်မှာ မူးယစ်ရာဇာဟာသူတို့မြို့ကိုတစ်ဖန်ပြန်ရောက်လာပါတယ်။အရပ်သားတစ်ယောက် အဖြစ်နဲ့ ကိုယ့်ကိုယ်ကိုအပြစ်တင်ရင်းဘဝကိုဖြတ်သန်းလာတဲ့ အားဟောင်ဟာကျန့်ထိုကျွင်းကိုဖမ်းနိုင်ဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်……...

The Story of the Night Watcher (2023) ⭐TMDB: 90.0% User Score 🎬 #Thriller 🗓 2023 🎞 Movie 📺 #1080p #720p 💿 792.8 MB ⦿ 495.8 MB 🌎 #China ⏰ 1 နာရီ 20 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါတင်ဆက်ပေးမယ့် ရုပ်ရှင်‌လေးကတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့မကောင်းဆိုးဝါးနှင်တဲ့ကား‌လေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းအကြောင်းကို ပြောပြရမယ်ဆိုရင် ရှေးရှေးတုန်းက အိမ်ထဲမှာထီးမဆောင်းရတို့ ညဘက်မိုးကြီးတဲ့အချိန်ဆို သူစိမ်းတွေကိုတည်းခိုခွင့်မပြုရဆိုပြီးအစရှိတဲ့အယူအဆတွေရှိခဲ့ကြပါတယ် ဘာလို့လဲဆိုရင်တော့မကောင်းဆိုးဝါးတွေကို အလွယ်တကူ အိမ်ထဲဝင်လို့ရစေနိုင်လို့ပါတဲ့ ပြီးတော့ မသန်စွမ်းတဲ့ခေါင်မိုးပြင်လက်သမားတွေကို မစော်ကားရပါဘူးတဲ့ဘာလို့လဲဆိုရင် သူတို့တွေက လူပန်း(လက်သမား)ကျိန်စာ တိုက်တတ်လို့ပဲဖြစ်ပါတယ်ဒီကားလေးကတော့ အဲ့လို အယူအဆတွေ အောက်လမ်းအတတ်တွေအဆိပ်ပိုးကောင်အတတ်တွေ မတိမ်ကောသေးတဲ့တရုတ်ပြည်သူ့သမ္မတနှစ်အစောပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့အမှုကိစ္စတွေအကြောင်းကို နောက်ခံထားရိုက်ကူးထားတာပဲဖြစ်ပါတယ် အဲ့ဒီခေတ်အခါဆိုရင် ညဘက်ကင်းလှည့်ရတဲ့သူကတော့သန့်စင်တဲ့ယန်ဓာတ်ပါတဲ့လူဖြစ်ရပါမယ် ဘာလို့ဆို အဲ့ဒီကင်းလှည့်သူတွေကမကောင်းဆိုးဝါးနှင်တဲ့အတတ်ကိုပါ တက်မြောက်ထားရပြီးကင်းလှည့်ရင်း မကောင်းဆိုးဝါးတွေကိုပါ ဖမ်းရတာမို့လို့ဖြစ်ပါတယ်ရှန်ရှောင်ဟန်လို့ခေါ်တဲ့ လူငယ်လေးကတော့ သူ့ဆရာဆုံးပါးသွားပြီးနောက်မှာ သူ့ဆရာရဲ့တာဝန်ဖြစ်တဲ့ ကင်းလှည့်ပြီး မကောင်းဆိုးဝါးဖမ်းတဲ့အလုပ်ကို တာဝန်ယူရပါတယ် အဲ့နောက်မှာတော့ သူ့ဆီကို ဆရာဦးလေးဖြစ်သူကရောက်ရှိလာခဲ့ပြီးသူ့ဆရာချန်ခဲ့တဲ့ ဘုံကျောင်းအပျက်ကြီးထဲမှာ ဆေးခန်းဖွင့်ပြီး ရွာသားတွေကို ကုသပေးခဲ့ပါတယ်တစ်နေ့မှာတော့ သူတို့နေတဲ့လင်အိမ်တော်မြို့ရဲ့ လင်ယွင်ရွာလေးမှာ ညတွင်းချင်းမှာပင် လူပေါင်း(၁၀)ယောက်ကျော်ဟာအကြောင်းရင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်အဲ့တော့ ဒီအမှုကို ဆက်လက်ဖော်ထုတ်ဖို့ကြိုးစားရာကနေဘယ်လိုကိစ္စတွေနဲ့ ဆက်နွယ်လာမှာလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်လို့ ရာသီဥတုအေးအေးလေးလေးမှာကွေးကွေးလေးနဲ့ကြည့်ရှုခံစားလို့ရမယ့်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်နော်...

The Story of the Night Watcher (2023) ⭐TMDB: 90.0% User Score 🎬 #Thriller 🗓 2023 🎞 Movie 📺 #1080p #720p 💿 792.8 MB ⦿ 495.8 MB 🌎 #China ⏰ 1 နာရီ 20 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါတင်ဆက်ပေးမယ့် ရုပ်ရှင်‌လေးကတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့မကောင်းဆိုးဝါးနှင်တဲ့ကား‌လေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းအကြောင်းကို ပြောပြရမယ်ဆိုရင် ရှေးရှေးတုန်းက အိမ်ထဲမှာထီးမဆောင်းရတို့ ညဘက်မိုးကြီးတဲ့အချိန်ဆို သူစိမ်းတွေကိုတည်းခိုခွင့်မပြုရဆိုပြီးအစရှိတဲ့အယူအဆတွေရှိခဲ့ကြပါတယ် ဘာလို့လဲဆိုရင်တော့မကောင်းဆိုးဝါးတွေကို အလွယ်တကူ အိမ်ထဲဝင်လို့ရစေနိုင်လို့ပါတဲ့ ပြီးတော့ မသန်စွမ်းတဲ့ခေါင်မိုးပြင်လက်သမားတွေကို မစော်ကားရပါဘူးတဲ့ဘာလို့လဲဆိုရင် သူတို့တွေက လူပန်း(လက်သမား)ကျိန်စာ တိုက်တတ်လို့ပဲဖြစ်ပါတယ်ဒီကားလေးကတော့ အဲ့လို အယူအဆတွေ အောက်လမ်းအတတ်တွေအဆိပ်ပိုးကောင်အတတ်တွေ မတိမ်ကောသေးတဲ့တရုတ်ပြည်သူ့သမ္မတနှစ်အစောပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့အမှုကိစ္စတွေအကြောင်းကို နောက်ခံထားရိုက်ကူးထားတာပဲဖြစ်ပါတယ် အဲ့ဒီခေတ်အခါဆိုရင် ညဘက်ကင်းလှည့်ရတဲ့သူကတော့သန့်စင်တဲ့ယန်ဓာတ်ပါတဲ့လူဖြစ်ရပါမယ် ဘာလို့ဆို အဲ့ဒီကင်းလှည့်သူတွေကမကောင်းဆိုးဝါးနှင်တဲ့အတတ်ကိုပါ တက်မြောက်ထားရပြီးကင်းလှည့်ရင်း မကောင်းဆိုးဝါးတွေကိုပါ ဖမ်းရတာမို့လို့ဖြစ်ပါတယ်ရှန်ရှောင်ဟန်လို့ခေါ်တဲ့ လူငယ်လေးကတော့ သူ့ဆရာဆုံးပါးသွားပြီးနောက်မှာ သူ့ဆရာရဲ့တာဝန်ဖြစ်တဲ့ ကင်းလှည့်ပြီး မကောင်းဆိုးဝါးဖမ်းတဲ့အလုပ်ကို တာဝန်ယူရပါတယ် အဲ့နောက်မှာတော့ သူ့ဆီကို ဆရာဦးလေးဖြစ်သူကရောက်ရှိလာခဲ့ပြီးသူ့ဆရာချန်ခဲ့တဲ့ ဘုံကျောင်းအပျက်ကြီးထဲမှာ ဆေးခန်းဖွင့်ပြီး ရွာသားတွေကို ကုသပေးခဲ့ပါတယ်တစ်နေ့မှာတော့ သူတို့နေတဲ့လင်အိမ်တော်မြို့ရဲ့ လင်ယွင်ရွာလေးမှာ ညတွင်းချင်းမှာပင် လူပေါင်း(၁၀)ယောက်ကျော်ဟာအကြောင်းရင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်အဲ့တော့ ဒီအမှုကို ဆက်လက်ဖော်ထုတ်ဖို့ကြိုးစားရာကနေဘယ်လိုကိစ္စတွေနဲ့ ဆက်နွယ်လာမှာလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်လို့ ရာသီဥတုအေးအေးလေးလေးမှာကွေးကွေးလေးနဲ့ကြည့်ရှုခံစားလို့ရမယ့်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်နော်...

Gray Matter (2023) ⭐IMDB: 4.8/10 (713 Votes) 🎬 #SciFi #ScienceFiction #Drama #Thriller 🗓 2023 🎞 movie 📺 #720p #1080p 💿 438.8 MB ⦿ 945.1 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gray Matter (2023) Sci-Fi Thriller ကားကောင်းကောင်းလေကြိုက်တတ်တဲ့သူတွေThr Witch(Korea) တို့ Stranger Things တို့လိုဇာတ်ကားမျိုးThriller လဲဆန်ရမယ် စူပါပါဝါနဲ့ကောင်မလေးတစ်ယောက်လဲ ပါရမယ်ဇာတ်ကွက်ကလဲ လှည့်ကွက်လေးတွေနဲ့မှ ကြိုက်တယ်ဆိုတဲ့သူတွေအတွက်2023 ထွက် Grey Matter ဆိုတဲ့ကားလေးတင်ပေးလိုက်ပါတယ်။ Grey Matter ဆိုတာကတော့ ဦးနှောက်နဲ့ ကျောရိုးမကြီးဆက်တဲ့နေရာက အရေးပါတဲ့ ဦးနှောက်တစ်ရှုးနေရာလေးကို ပြောတာပါ။အဲ့နေရာလေးက စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေ မှတ်ဉာဏ်တွေ စိတ်ခံစားချက်တွေ လှုပ်ရှားမှုတွေအတွက် အရေးပါတဲ့နေရာလေးပါ။ဒါကလဲ ဒီဇာတ်ကားရဲ့ အဓိကအရာလေးမို့ ဒီလိုနာမည်ပေးထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ စိတ်စွမ်းအားတွေရှိနေတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဟာအမေဖြစ်သူနဲ့ နှစ်ယောက်တည်းနေပြီး ကျောင်းလဲမတက်ရ အပြင်လဲမထွက်ရပဲ အိမ်မှာပဲစာသင်ပြီးနေနေရပါတယ်။အမေဖြစ်သူကတော့ သူတို့လိုစွမ်းအားရှိတဲ့သူတွေ လိုက်ဖမ်းနေတာကြောင့်ဆိုပြီး ဘယ်ကိုမှပေးမသွားသလို ဘယ်သူနဲ့မှလဲအဆက်ဆံမလုပ်ခိုင်းပါဘူး။ဒါပေမဲ့ ဆယ်ကျော်သက်တို့ထုံးစံအတိုင်း အရာရာကိုစူးစမ်းပြီး တခြားကလေးတွေလိုပဲနေ့စဉ် ကျောင်းသွား သူငယ်ချင်းတွေထားပြီး ပုံမှန်ဘဝလေးကို လိုချင်နေတာပါ။ တစ်နေ့တော့ သူ့ရဲ့တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူနဲ့ လိုက်သွားပြီး တခြားဆယ်ကျော်သက်လေးတွေနဲ့သွားပြီးတွေ့ရာကနေသူ့ရဲ့အစွမ်းကိုမထိန်းချုပ်နိုင်တော့ဘဲ လွတ်ထွက်သွားရာကနေ စပြီးသူ့အမေပြောထားသလိုပဲ သူ့ကိုလာဖမ်းသွားမလားဒါမှမဟုတ် သူ့အမေကပဲ သူ့ကိုလိမ်ညာခဲ့တာလား သူ့အမေရဲ့နောက်ကြောင်းကကော ဘာတွေလဲဘာလို့သူတို့ဒီလို လူမသိ သူမသိနေနေရတာလဲ ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှု အားပေးကြလိုက်ကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်...

Sun Moon (2023) ⭐IMDB: 5.3/10 (93 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 📺 #720p #1080p 💿 799.8 MB ⦿ 1.4 GB 🌎 #UnitedStates ⏰ 1 နာရီ 32 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sun Moon (2023) သတို့သား မရှိခဲ့တဲ့ Kelsey ရဲ့ မင်္ဂလာပွဲ …ဘာလို့လဲဆိုတော့ ဘုရားသခင်က ပြောလို့ လက်ထပ်လို့မရဘူး ဆိုတဲ့ဆင်ခြေနဲ့သူချစ်ရတဲ့သူရဲ့ပစ်ပယ်ခြင်းကိုခံလိုက်ရတဲ့ Kelsey တစ်ယောက်အတွက်ဘုရားသခင်က သူမကိုကျ ဘာလို့ မပြောတာလဲဆိုတဲ့ လူတွေရဲ့မေးခွန်းကိုဖြေပေးစရာစကား သူ့မှာ ရှိမနေခဲ့ပါဘူး။ဘုရားကျောင်း နဲ့ လူတွေကို ရင်ဆိုင်​တွေ့ဖို့ ကြောက်နေတဲ့ Kelsey ကမင်္ဂလာပွဲကပစ္စည်း​တွေယူဖို့ မတတ်နိုင်ဘဲဘုရားကျောင်းကိုသွားရပြန်တယ် ။အဲ့ဒီမှာ အခါအခွင့်သင့်စွာနဲ့ ထိုင်ဝမ်မှာ အင်္ဂလိပ်စာသင်ပေးဖို့ အလုပ်ကမ်းလှမ်းခံခဲ့ရပါတယ်။သူ့ဘဝရဲ့ ရှုံးနိမ့်မှုတွေနဲ့ လှောင်ပြောင်ခံရခြင်းတွေဆီကထွက်ပြေးဖို့ ထိုင်ဝမ် ကိုသွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲ့ဒီနောက်မှာ ဘာတွေဆက်ဖြစ်လာမလဲKelsey တစ်ယောက် သူ့ရဲ့ဒဏ်ရာတွေကို ထိုင်ဝမ်မှာကုစားနိုင်ပါ့မလားဆိုတာ ကိုယ်တိုင်ကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Phyu Phyu Thantပဲ ဖြစ်ပါတယ်။...

Devil's Peak (2023) ⭐IMDB: 5.2/10 (315 Votes) 🎬 #Crime #Drama #Thriller 🗓 2023 🎞 movie 📺 #720p #1080p 💿 535.2 MB ⦿ 1.3 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 19 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မြောက်ကာရိုလိုင်းနားက ဂျက်ဆင်ကောင်တီမှာ မက်ဂ်နီးလီ ဆိုတဲ့ မိသားစုက မူးယစ်ဆေးတွေ မှောင်ခိုရောင်းဝယ်တာမလို့ မျိုးနဲ့ရိုးနဲ့ကို နာမည်ကြီးပါတယ်။ ခေတ်အဆက်ဆက် လူမိုက်လုပ်လာကြတဲ့အလျောက် ချာလီ မက်ဂ်နီးလီ လက်ထက်မှာလည်း ရာဇဝင်မရိုင်းရလေအောင် မူးယစ်ဆေးဝါးလုပ်ငန်းကို ဆက်ပြီးထိန်းသိမ်းထားပါတယ်။ သူထိန်းသိမ်းထားသလို ဆက်ပြီးလုပ်သွားနိုင်ဖို့ သားဖြစ်သူ ဂျေကော့ဘ် မက်ဂ်နီးလီကလည်း ချာလီ့လက်အောက်မှာ အလုပ်ဝင်လုပ်ရင်း ပညာတွေသင်ယူနေရတာပေါ့။ ဖြစ်ချင်တော့ ဂျေကော့ဘ်က သူချစ်ရတဲ့ ကောင်မလေး မက်ဂီ ဂျန်းနင်းစ်နဲ့ နီးစပ်ပြီး သူ(မ)ရဲ့အိပ်မက်တွေကို အတူအကောင်အထည်ဖော်ပေးချင်ပေမဲ့ ကောင်မလေးအဖေက သူ့အဖေလုံးဝကြည့်မရတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်နေလေတော့ လူငယ်တွေရဲ့ အချစ်ရေးက ကံအကြောင်းမလှဘူးပေါ့ လုပ်ငန်းကျယ်ပြန့်ရင် ကျယ်ပြန့်သလို ဒုစရိုက်မှုတွေပဲများလာလို့ စိတ်မအေးချမ်းဖြစ်နေရတဲ့ ဂျေကော့ဘ်က ချာလီရဲ့ မျိုးရိုးစဉ်ဆက်နဲ့ချီပြီး ပြောပြောနေတဲ့ lecture တွေနဲ့ brainwash လုပ်မှုတွေအပြင် ကောင်မလေးဘက်က ပြဿနာတွေနဲ့ပါ ရင်ဆိုင်ရတော့ ဘယ်ဘက်ကိုရွေးပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ရှုရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်…...

The Gates (2023) ⭐IMDB: 5.0/10 (176 Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 📺 #720p #1080p 💿 416.5 MB ⦿ 1.2 GB 🌎 #Ireland ⏰ 1 နာရီ 51 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Genre – Horror, ThrillerIMDB – 5.0/10 လန်ဒန်မြို့ကြီးမှာ အမျိုးသမီးတွေချည်း အောက်လမ်းလိုလို ပညာသည်လိုလိုနဲ့ ၂၈ ယောက်လောက် သတ်ခဲ့တဲ့ အတွဲလိုက်လူသတ်သမားကို နောက်ဆုံးတစ်ယောက် သတ်နေတဲ့အချိန် ဖမ်းမိခဲ့တာပါ။ ဒီလို ပြစ်မှုကြီးမားတဲ့အတွက် သေဒဏ်ကျခံရမှာပဲ ဖြစ်ပါတယ် ဒါပေမဲ့ သူ့ကို မကွပ်မျက်ခင်မှာ လူသတ်သမားဟာ အကျဉ်းထောင်ထဲမှာ ထူးဆန်းတဲ့သင်္ကေတတွေ ပုံတွေဆွဲပြီး ဂါထာလိုလို ဘာလိုလိုတွေရွတ်ပြီး သေဒဏ်ကျခံသွားရော။ သူ သေပြီးတဲ့နောက်မှာ ဒီအကျဉ်းထောင်ကြီးထဲ ညညဆို အကျဉ်းသားတွေ စိတ္တဇတွေဖြစ်ပြီး သေဒဏ်ကျခံရမှာကိုတောင် ကိုယ့်ကိုကိုယ် အဆုံးစီရင်တာတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန် တစ်ဖက်မှာ လူသေအလောင်း ဓာတ်ပုံရိုက်ပြီး တစ်ဖက်က တမလွန်ဆိုတာကို စက်နဲ့တည်ရှိကြောင်း သက်သေပြချင်တဲ့ တူဝရီးနှစ်ယောက်ကလည်း သေဒဏ်ပေးရသူကို ရိုက်ပေးဖို့ ထောင်ထဲကို ရောက်လာချိန် ထူးခြားမှုတွေ ဖြစ်နေလို့ လာရောက်ဖြေရှင်းတဲ့ ပရလောက ကျွမ်းကျင်သူနဲ့တွေ့ပြီး ဒီလူ တိုက်ခဲ့တဲ့ကျိန်စာတွေ အသက်ဝင်လာပြီး ထကြွသောင်းကျန်းတဲ့အခါ ဒီအကျဉ်းထောင်ထဲမှာ အသက်ရှင်သန်နိုင်ဖို့ ၃ ယောက် ပေါင်းပြီး အတူတကွ ကြိုးပမ်းရပါတော့တယ်။ ခေါင်းဆောင်မင်းသားကြီး နေရာကိုတော့ Lord of the Ring ထဲက Dwarf ဂျပုလေး Gimli နေရာက ဝေလမင်းသားကြီး John Rhys-Davies က သရုပ်ဆောင်ပေးထားပါတယ်။...

Vice (2018) ⭐IMDB: 7.2/10 (155 k Votes) 🎬 #Biography #Country #Drama #Comedy 🗓 2018 🎞 movie 📺 #720p #1080p 💿 816.9 MB ⦿ 4.7 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 13 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Vice(2018) IMDb….7.2,,,,Rotten….66% ((Blu-Ray 10805.1ch နဲ့ 720pတို့ဖြင့်ပြန်လည် Updateပေးထားပါသည်..)) ဒီဇာတ်ကားက  Makeup and Hairstyling အတွက်အော်စကာဆုရခဲ့သလို   ထရန်စဖော်မာ မင်းသားကြီးလို့တင်စားရတဲ့ Christian Bale နဲ့ မင်းသမီးAmy Adams တို့ အော်စကာဆန်ကာတင်စာရင်း ဝင်ခဲ့တာ အတော်များများလည်း သိကြမယ်ထင်ပါတယ်… ၂၁ ရာစုအစပိုင်းကာလ အမေရိကန်သမိုင်းကို တစေ့တစောင်း သိစေနိုင်မယ့် ဒုသမ္မတတစ်ဦးရဲ့ အကြောင်းကိုပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်…. D ick Cheney ဟာ ငယ်ဘဝက ဘယ်လောက်တောင်ဆိုးခဲ့လဲဆိုတော့ မူးရူးသောာင်းကျန်းလွန်းလို့ တက္ကသိုလ်ကတောင်ကျောင်းထုတ်ခံရတဲ့အထိပါပဲ… သို့ပေမယ့် အဲ့ဒီဘဝကနေ  အမေရိကန်သမိုင်းမှာ အထင်ကရဖြစ်စေခဲ့တဲ့ ဒုသမ္မတတစ်ယောက်ဖြစ်လာအောင် သူကြိုးစားခဲ့တယ်.. သူဘယ်လိုတွေကြိုးစားခဲ့လဲ? ဒုသမ္မတဖြစ်လာချိန်မှာပဲ သူမတူတဲ့အရည်အချင်းတွေကြောင့် သမ္မတအပေါ် ဘယ်လိုလွှမ်းမိုးမှုတွေရှိနေသလဲဆိုတာပါ ခင်ဗျားတို့တွေ့ရလိမ့်မယ်…ဒါ့အပြင်  အမေရိကန်သမိုင်းကို   သူ့စိတ်တိုင်းကျ အမျိုးမျိုး ပုံဖော်ခဲ့သူ…၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစုအစပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အားလုံးမှတ်မိကြလောက်တဲ့ 9/11 ဖြစ်ရပ်အပေါ်မှာ ဒုသမ္မတရဲ့ တုံ့ပြန်လုပ်ဆောင်အကွက်ချမှုတွေ…ဒီဇာတ်ကားကိုကြည့်ရင်းနဲ့ အမေရိကန်သမိုင်းအပြင် ကမ္ဘာ့သမိုင်းကိုပါ တစေ့တစောင်းလေ့လာနိုင်မှာဖြစ်ပါတယ်…Dick Cheney အဖြစ် သရုပ်ဆောင်ထားတဲ့ Christian Bale ရဲ့ သူ့ရဲ့သရုပ်ဆောင်ပီပြင်မှုဟာလည်း ဘယ်လောက်တောင်ကောင်းလဲဆိုရင် ရွှေကမ္ဘာလုံးဆုကိုပါ ဆွတ်ခူးသွားနိုင်တဲ့အထိပါပဲ…အသက်ငယ်ရွယ်တဲ့နဂိုပုံစံကနေ အိုမင်းတဲ့အထိ အဆင့်ဆင့် သရုပ်ဆောင်နိုင်ဖို့ ကိုယ်အလေးချိန်တွေ တိုးအောင် တမင်လုပ်ခဲ့ရတယ်ဆိုတော့ သူ့အနေနဲ့ ဒီလို သမိုင်းဝင်ဇာတ်ကားကို ဘယ်လောက်ထိ အာရုံစိုက်ထားခဲ့လဲဆိုတာ သိနိုင်မှာပါ….. တကယ့်ပြင်ပလောကထဲက သူတို့မိသားစုဟာ အားကျစရာအပြည့်.. လိင်တူချစ်တတ်တဲ့ သမီးကိုလည်း လိင်တူလက်ထပ်ခွင့်ဥပဒေကို ဖန်တီးပေးခဲ့တဲ့ အဖေ… ဒီကားက Biography ဖြစ်တဲ့အပြင် နိုင်ငံရေးကားဖြစ်လို့ ပျင်းစရာကြီးလို့ထင်မသွားလိုက်နဲ့…. ငယ်ဘဝတစ်လှည့် …ဒုသမ္မတလုပ်ခဲ့စဉ် အခက်အခဲမျိုးစုံတလှည့်ကိုရသမြောက်အောင်ပြသွားနိုင်လို့ film Editing အတွက် အော်စကာဆန်ကာတင်စာရင်းတောင်ဝင်ခဲ့ပါသေးတယ်…ခံစားကြည့်လိုက်ဦး… ဒေါင်းပြီးသိမ်းထားသင့်တဲ့ကားဖြစ်ကြောင်းပြောပါရစေ… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Crystal Win ပဲဖြစ်ပါတယ်…....

Beast (2022) ⭐IMDB: 5.2/10 (35 k Votes) 🎬 #Action #Bollywood #Comedy #Crime #Thriller 🗓 2022 🎞 movie 📺 #720p #1080p #4K 💿 1.4 GB ⦿ 3.3 GB ⦿ 7.9 GB 🌎 #UnitedStates #Iceland #Japan #India ⏰ 2 နာရီ 37 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကဲ သိပ်မကြာခင်ကမှ ရုံတင်သွားတဲ့မင်းသားကြီး ဗီဂျေးရဲ့ Beast ကားသစ်လေးလာပါပြီ ဒီဇာတ်လမ်းမှာ ဗီဂျေးက Beast ဆိုတဲ့ နာမည်နဲ့လိုက်အောင်ဘယ်သူ့စကားမှနားမထောင် ကိုယ်မှန်တယ်ထင်တာကိုလုပ်ပြီဟေ့ဆိုရင် ဝန်ကြီးချုပ်လည်းဂရုမစိုက်… အတော်လက်ရဲဇက်ရဲနိုင်ပြီး အသတ်အဖြတ်ရက်စက်တဲ့သားရဲကြီး ရော(RAW)အေးဂျင့်ဟောင်းဗီရ်ရာဂဗ်..တစ်ခါတုန်းက သူ့ဌာနက သူ့ကိုလှည့်စားလိုက်တာကိုစိတ်နာပြီး တာဝန်ကနေ အနားယူသွားခဲ့တယ်… တစ်ရက် ချင်နိုင်းမြို့လည်ခေါင်က မောလ်တစ်ခုကိုအကြမ်းဖက်သမားတွေက ဝင်စီးတယ်..ဖြစ်ချင်တော့မောလ်ထဲမှာ ဗီရ်ရာဂဗ်ရှိနေတယ်… ဓါးစာခံရာကျော်ကို မောလ်အတွင်းမှာ ဖမ်းထားတဲ့အတွက်အစိုးရကယ်ဆယ်ရေးအဖွဲ့တွေက အထဲကိုဝင်ပြီးကယ်လို့မရဘူးဖြစ်နေတယ်… အတွင်းမှာပိတ်မိနေတဲ့လူတွေထဲ ဗီရ်ရာဂဗ်ပါနေတယ်ဆိုတာသိသွားတော့ သူ့ကိုလှမ်းအကူအညီတောင်းတယ်… ဒီလိုနဲ့ ဗီရ်ရာဂဗ်တစ်ယောက် အကြမ်းဖက်သမားတွေကြားထဲမှာတစ်ပွေတည်း ဘယ်လိုတွေပွဲကြမ်းမလဲ…. ဓါးစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းတွေအများကြီးနဲ့ စိတ်ဝင်တစားရှုစားလိုက်ကြပါဦးရှင့်…...

Rangabali (2023) ⭐IMDB: 5.5/10 (244 Votes) 🎬 #Action #Bollywood #Comedy #Drama #Romance 🗓 2023 🎞 movie 📺 #720p #1080p 💿 1.3 GB ⦿ 2.9 GB 🌎 #India ⏰ 2 နာရီ 15 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rangabali(2023)IMDb-5.5/10 သူ့နာမည်က ရှိုး။တစ်ရွာလုံးရဲ့ အော်ကြောလန် အကုန်လုံးလက်မြှောက်ထားရတဲ့ရှိုး။’ရှိုး’ဆိုတဲ့ဖဲကစားနည်းသိတယ်မလား။ဖိန့်ရတာလေ။ ဒီထဲက မင်းသားချောရှိုးတယောက်ကလည်း ဖိန့်တဲ့နေရာ တော်ကီထုတဲ့နေရာမှာတော့ ယှဉ်နိုင်သူမရှိသူ့ကိုသတိမထားမိရင်လည်း မကြိုက်။ရွာထဲကရန်ပွဲတိုင်း သူမပါရင်မပြီး။ သူ့အဖေက ဆေးဆိုင်ပိုင်ရှင်၊ သားဖြစ်သူကို ဆိုင်ဦးစီးခိုင်းစေချင်ပေမယ့်ဝမ်းချူဆေးနဲ့ ရာသီအကိုက်အခဲပျောက်ဆေးမှားပေးပြီးကတည်းကအယုံအကြည်မရှိတော့လို့ မြို့တက်ပြီး စာသင်ခိုင်းတော့တာ၊အဲဒီမှာစတွေ့တာပဲ၊ဘယ်သူနဲ့လဲဆို သိမ်သိမ်မွေ့မွေ့ဆရာဝန်မလေးတယောက်နဲ့ပေါ့။ ရွှေခြေကျင်းဝတ်ထားတောင် ဘာသံမှမမြည်အောင် ဘယ်သူမှသတိမထားမိအောင်ဝတ်ထားမယ့်ဆရာဝန်မလေးနဲ့ လည်ပင်းကဆွဲကြိုးကို လူတကာမြင်စေချင်လို့ ကြယ်သီးဟထားတဲ့ဆရာကြီးရှိုးတို့တွေ့တဲ့အခါမှတော့။ တော်ကီကြွယ်တဲ့ ဆရာရှိုးတယောက် ဆရာဝန်မလေးကိုလည်း ရွာပင့်ပြီးသေတပန်သက်ဆုံး ဆေးပေးမီးယူလုပ်နိုင်မလားဆိုတာ တော်ကီလည်းသင်ပျော်လည်းရွှင်စွာနဲ့ ကြည့်လိုက်ရအောင်လေ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~Saii~BpLတို့ပဲဖြစ်ပါတယ်)...

The Vanished (2020) ⭐IMDB: 5.7/10 (12 k Votes) 🎬 #Action #Crime #Horror #Thriller 🗓 2020 🎞 movie 📺 #720p #1080p 💿 729.6 MB ⦿ 1.5 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇနီးမောင်နှံနှစ်ဦးဖြစ်ကြတဲ့ ပေါလ်နဲ့ ဝင်န်ဒီတို့ဟာ အားလပ်ရပ်မှာ သမီးလေးဖြစ်တဲ့ တေလာနဲ့ ခွေးလေး လပ်ကီးတို့နဲ့အတူ အပန်းဖြေဖို့အတွက် အာဗီကားလေးတစ်စီးနဲ့ ထွက်လာခဲ့ကြပါတယ်။ အပန်းဖြေစခန်းကို ရောက်တဲ့အချိန်မှာ ဝင်န်ဒီက လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်နေတုန်း ပေါလ်ကလည်း ဘေးကပ်ရပ်မှာ စခန်းချနေတဲ့ မရန်ဒါဆိုတဲ့ အမျိုးသမီးနဲ့ စကားလက်ဆုံကျနေခဲ့ပါတယ်။ အဲ့ဒီ အချိန် တစ်ဒင်္ဂလေးအတွင်းမှာပါ သူတို့ရဲ့သမီးလေးဖြစ်တဲ့ တေလာဟာ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တာပါ။ ပေါလ်တို့ ဇနီးမောင်နှံနှစ်ယောက် ဒါကိုသိလိုက်တဲ့အချိန်မှာ အထိတ်တလန့်ဖြစ်ပြီး ရဲကိုအကြောင်းကြားရပါတော့တယ်။ အဲ့ဒီနောက် ပေါ်လ်တို့သိရှိလိုက်ရတာကတော့ သူတို့စခန်းချနေတဲ့ အနီးက တောထဲမှာ ထောင်ပြေးတစ်ယောက် လွတ်မြောက်နေတယ်ဆိုတဲ့ သတင်းပါပဲ။ ဒီလိုနဲ့ ရဲတွေတားမြစ်ထားတဲ့ကြားက သားသမီးဇောကြောင့် သမီးဖြစ်သူကို ရှာဖွေဖို့ ကြိုးစားကြတဲ့အခါမှာတော့ ဘယ်လိုပြဿနာတွေကို ရင်ဆိုင်ရမလဲဆိုတာ ရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ။ မထင်မှတ်တဲ့ လှည့်ကွက်တွေတစ်ခုပြီးတစ်ခုတွေ့ရမယ့် psychological thrillerကားကောင်းတစ်ကားဖြစ်လို့ လျှို့ဝှက်သည်းဖို ကြိုက်တတ်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ပေါလ်အဖြစ် သရုပ်ဆောင်တဲ့ မင်းသား Thomas Janeကိုတော့ The Mist (2007)ကြည့်ဖူးသူတွေ ရင်းနှီးကြမယ် ထင်ပါတယ်ဗျ။...