ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Spring (2014)
⭐IMDB: 6.7/10 (30 k Votes)
🎬 #Horror #Romance #Sci-Fi #ScienceFiction #SciFi
🗓️ 2014 🎞️ Movie 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 50 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားလေးကတော့ အချစ်ကားတွေ အဖြစ်မှန်လို ထိတ်လန့်စရာတွေကို ကြိုက်တတ်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်
ဇာတ်လမ်းလေးကတော့ အီဗန်ဆိုတဲ့ ကောင်လေးတစ်ယောက်က ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေဖို့ အီတလီကို ခရီးနှင်လာပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်မလေး လူးဝစ်နဲ့ တွေ့ဆုံကြတဲ့ သူတို့ နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်
နယ်မြို့လေးရဲ့ အလှအပလေးတွေ ခံစားရင်း သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးတွေ ဘယ်လိုဘယ်ပုံဖြစ်လာလည်းဆိုတာကြည့်ရင်းနဲ့ အီဗန်က လူးဝစ်ရဲ့ လျှို့ဝှက်ချက်ကြီးကို သိသွားတဲ့အချိန်မှာ ဘာတွေဘယ်လို ဆက်ဖြစ်ကြမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရမှာပဲ ဖြစ်ပါတယ်
ရိုက်ချက်အလှတွေနဲ့ တမူထူးခြားတဲ့ဇာတ်လမ်းလေးဖြစ်တာကြောင့် ဒီဇာတ်ကားလေးက ကြည့်ပြီးရင် ခေါင်းထဲမှာ စွဲကျန်နိုင်စေမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်
Shazam! Fury of the Gods (2023)
⭐IMDB: 6.5/10 (29 k Votes)
🎬 #Action #Adventure #Comedy #Fantasy #Crime #Thriller
🗓️ 2023 🎞️ Movie 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 10 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Shazam! Fury of the Gods (2023)
ရှဇမ်းရဲ့ ဒုတိယမြောက်ရုပ်ရှင်လာပါပြီ။ ပထမရုပ်ရှင်ရဲ့အဆက်အတိုင်းပါပဲ။ပထမရုပ်ရှင်ရဲ့ ဒါရိုက်တာက David F. Sandberg ပါပဲ။ရှဇမ်းလူကြီးအဖြစ်တော့ Zachary Levi ပဲ ပါဝင်ထားပေမဲ့ ကလေးသရုပ်ဆောင်အဖြစ်တော့ အသက်နည်းနည်းကြီးတဲ့ Asher Angel က ပါဝင်ထားပါတယ်။စူပါဟီးရိုးမမ အလန်းအဖြစ် Grace Caroline Currey ပါပါတယ်။ပထမကားထက် ဟာသတွေပိုများပြီး ပေါ့ပေါ့ပါးပါးလေးနဲ့ အပမ်းပြေကြည့်ရှုဖို့သက်သက် ဖန်တီးထားတာပဲဖြစ်ပါတယ်။မိသားစုပညာပေးကားလေးဆိုလည်းမမှားပါဘူး။
ဇာတ်လမ်းအကျဉ်းကတော့ ဂရိနတ်ဘုရားတွေနဲ့ တိုက်ခိုက်ရတာ ဖြစ်ပါတယ်။ရှဇမ်းတို့ကို စွမ်းအားတွေပေးခဲ့တဲ့ မှော်တောင်ဝှေးဟာ ဂရိနတ်ဘုရားတွေရဲ့ အစွမ်းတွေကိုခိုးယူထားပြီး နတ်ဘုရားလောကကို မှော်အစွမ်းတွေမရှိတော့အောင် ဖန်တီးခဲ့တဲ့အရာလည်းဖြစ်ပါတယ်။ဒါပေမဲ့ ရှဇမ်း (၂၀၁၉) မှာ ဘီလီဘတ်ဆန်က ချိုးပစ်လိုက်တဲ့နော်က နတ်ဘုရားတွေ ကမ္ဘာပေါ်ကို ဆင်းလာနိုင်ပြီး သူတို့ရဲ့အစွမ်းတွေကို ပြန်ယူဖို့ ထိပ်တိုက်တွေ့ကြတဲ့အခါ….
အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။

🗓️ 2023 🎞️ Movie 📺 720p

Ratched (2020- )
⭐IMDB: 7.3/10 (62 k Votes)
🎬 #Crime #Drama #History #Mystery #Thriller
🗓️ 2020- 🎞️ Series 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 19 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ratched (2020)
2020 ခုနှစ်က ထွက်ရှိခဲ့တဲ့ Netflix ထုတ် thriller ဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းတွဲထဲမှာတော့ သူနာပြု မေးရက်ဒ် ရက်ချက်ဒ်ကသွေးအေးအေးနဲ့ ဉာဏ်သုံးပြီး အားလုံးကို ကြိုးကိုင်ချယ်လှယ်သွားပုံတွေကို မြင်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ စိတ္တဇဖြစ်နေတယ်လို့ ယူဆရတဲ့ လူတစ်ယောက်က ဘုန်းတော်ကြီးတွေကို သတ်ခဲ့ပါတယ်။ သက်ဆိုင်ရာက သူ့ကိုဖမ်းပြီးတဲ့နောက်မှာ သူ့ရဲ့စိတ်ကျန်းမာရေးအခြေအနေကို စစ်ဆေးဖို့ လူစီယာမြို့နယ်စိတ်ကျန်းမာရေးဆေးရုံကို ပို့ဖို့စီစဉ်ကြပါတယ်။ အဲဒီအချိန်မှာပဲ မျက်နှာခက်ထန်၊ အဝတ်အစား ကြော့မော့နေအောင်ဝတ်စားထားပြီး ကြက်သီးထစရာကောင်းလောက်အောင် စကားပြောလိမ္မာပါးနပ်တဲ့ သူနာပြုတစ်ယောက်က လူစီယာစိတ်ကျန်းမာရေးဆေးရုံမှာ အလုပ်ဝင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ ဆေးရုံအုပ်ဆီက အထင်ကြီးလေးစားမှုရဖို့ စကားနဲ့ပါးနပ်စွာ ပြောနိုင်ခဲ့ပေမဲ့ ဆေးရုံဟာ အစိုးရဆီကနေ ဘက်ဂျက်မရနိုင်လို့ သူ့ကိုအလုပ်ခန့်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သူနာပြုဆရာမကတော့ လက်မလျှော့ဘဲ အဲဒီဆေးရုံမှာ အလုပ်ဝင်နိုင်အောင်၊ ဝန်ထမ်းနေရာလွတ်မရှိရှိအောင်၊ သူ့ကို မဖြစ်မနေအလုပ်ခန့်ရမယ့် အခြေအနေရောက်အောင် ကြိုးစားခဲ့ပါတယ်။ အောင်လည်းအောင်မြင်ခဲ့ပါတယ်။ သူလည်းဆေးရုံမှာအလုပ်ရ၊ စိတ္တဇလူသတ်သမားလည်း ဆေးရုံကိုရောက်လာပါတယ်။ လူသတ်သမားနဲ့ ဆုံတွေ့နိုင်အောင် ကြိုးစားခဲ့တဲ့ သူနာပြုဆရာမနဲ့ အဲဒီလူကြားမှာ ဘယ်လိုဆက်စပ်မှုတွေရှိနေမလဲ၊ အလုပ်စမလုပ်ခင်မှာတင် လက်စွမ်းပြထားတဲ့ သူနာပြုက နောက်ပိုင်းမှာရော သူ့ကြောင့်ဆေးရုံမှာ ဘာတွေဆက်ဖြစ်လာမလဲ၊ သူလိုချင်တာရဖို့ ဘေးကလူတွေကို ဘယ်လိုပါးနပ်စွာ ကြိုးကိုင်ချယ်လှယ်သွားမလဲ စတာတွေကို ရင်ဖိုစိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် စီးရီးကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ File size…430MB / 1.0Gb
The Night Agent (2023- )
⭐IMDB: 7.6/10 (30 k Votes)
🎬 #Action #Drama #Thriller #Mystery
🗓️ 2023- 🎞️ Series 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 46 မိနစ် 17 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Night Agent (2023)
IMDb – 7.7 , RT – 67% တဖွဖွတောင်းဆိုနေကြတဲ့Netflixရဲ့Seriesအသစ်လေးလာပါပြီ။ ဒီSeriesက ထုတ်လွှင့်ပြီးချင်းမှာပဲ နံပါတ် 1နေရာကို အရယူနိုင်ခဲ့တဲ့ ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းလေးက ပြောရရင် ပီတာဆန်သာလန်ဆိုတဲ့ အေးဂျင့်တစ်ယောက်က အမေရိကန်နိုင်ငံရဲ့ အိမ်ဖြူတော်ထဲမှာ နိုက်အက်ရှင်လို့ခေါ်တဲ့ အရေးပေါ်ဖုန်းလိုင်းကိုင်ရတဲ့အလုပ်ကိုလုပ်မိရာကနေ ဇာတ်လမ်းတစ်ခုလုံးစတင်ပါတော့တယ်။ ပီတာတစ်ယောက် အလုပ်ကမ်းလှမ်းခံရတုန်းက အရေးပေါ်ဖုန်းကမြည်တာရှားတယ်ဆိုပြီးကမ်းလှမ်းခံရခဲ့ပင်မယ့် သူအလုပ်လုပ်နေတဲ့အချိန်အတွင်း ဖုန်းတစ်ကောလ် ဝင်လာတဲ့အခါ ….. ။ ဖုန်းကိုင်လိုက်ပြီးတဲ့အချိန်မှာတော့ ဘယ်လိုမျိုးအကြောင်းရာတွေကို ရင်ဆိုင်ကျော်ဖြတ်သွားရမလဲ။ အတားဆီးတွေကိုရော ကျော်ဖြတ်သွားနိုင်ပါ့မလား၊ နောက်ဖြစ်လာမယ့်အရာတွေကိုရော ပီတာဆန်သာလန်တစ်ယောက် တားဆီးနိုင်ပါ့မလား၊ သူယုံကြည်ရတဲ့လူတွေကရော တကယ်ပဲယုံကြည်လို့ရရဲ့လားဆိုတာကို အဖြူအမည်း သဲကွဲသွားအောင် ဇာတ်သိမ်းပိုင်းအထိ ဇာတ်ရှိန်ကျမသွားပဲ ကြည့်ရှူ့ရမှာဖြစ်ပါတယ်။File size…(677 MB)/(382 Mb)
Hello Tomorrow! (2023- )
⭐IMDB: 6.3/10 (3 k Votes)
🎬 #Comedy #Drama #Sci-Fi #SciFi
🗓️ 2023- 🎞️ Series 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 28 မိနစ် 6 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hello Tomorrow! (2023)Hello Tomorrow! (2023)
=================
IMDb Rating – 6.3/10
Comedy, Drama, Sci-fiComedy-Scifi အမျိုးအစားဇာတ်လမ်းတွဲတွေရှားပါးတဲ့
အထဲမှာ Apple TV ကနေ ထုတ်လုပ်တဲ့ Hello Tomorrow
ဆိုတဲ့ ဇာတ်လမ်းတွဲလေးကိုမြည်းစမ်းကြည့်စေချင်ပါတယ်။
ယနေ့ခေတ်မှာ လကမ္ဘာပေါ်ဟန်းနီးမွန်းထွက်ပြီး အခြေချ
နေထိုင်ဖို့ဆိုတာ သန်းကြွယ်သူဌေးကြီးတွေအတွက်တောင်
စိတ်ကူးယဉ်ဆန်နေပါလိမ့်မယ်။
များမကြာမီ အနာဂတ်အချိန်တစ်ခုမှတော့ လူသားကမ္ဘာ
ခေတ်မီတိုးတက်လာပြီး လူနာအခြေစိုက်စီမံကိန်းဆိုပြီး
လကမ္ဘာပေါ်မှာ လူသားများအခြေချနေထိုင်လာပါပြီ ။
အောက်ခြေလူတန်းစားတွေအတွက်လည်း လကမ္ဘာပေါ်က
ဘ၀နေထိုင်မှုတစ်ခုဟာ သိပ်ပြီးအလှမ်းမဝေးတော့ပါဘူး။
ဒီစီးရီးမှာ အဓိကကြည့်ရမှာက လကမ္ဘာမှာ အိမ်ခြံမြေအကျိုး
ဆောင်လုပ်တဲ့ လူတစ်စုရဲ့ ဘ၀အကြောင်းနဲ့ လုပ်ငန်းခွင်
comedy များကို သိပ္ပံစိတ်ကူးယဉ်ဆန်ဆန် စိတ်၀င်တစား
ကြည့်ရှုရမှာဖြစ်ပါတယ်။စုစုပေါင်း(၁၀)ပိုင်းရှိတဲ့ ဒီစီးရီးကို CMမှ ဆက်တိုက်တင်
ပေးသွားပါမယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့
Thiha Yan Naing ဖြစ်ပါတယ်။)File Size………….(190 MB) / (500 MB)
Congo (1995)
⭐IMDB: 5.3/10 (47 k Votes)
🎬 #Action #Adventure #Science Fiction #Mystery #SciFi
🗓️ 1995 🎞️ Movie 📺 720p
🌎 #UnitedStates
⏰ 1 နာရီ 50 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
၁၉၉၅ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီ ‘Congo’ ရုပ်ရှင်ကတော့ Oscar-nominated producer & director ကြီး Frank Marshall ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာကြီး ရိုက်ကူးထုတ်လုပ်ပေးခဲ့တဲ့ ရုပ်ရှင်တွေထဲမှာဆိုရင်ဖြင့်E.T. the Extra-Terrestrial, The Sixth Sense, The Goonies, Jurassic World, Indiana Jones ရုပ်ရှင်အချို့နဲ့Back to the Future trilogy ၃ကားလုံးလည်း ပါဝင်တာဖြစ်တဲ့အတွက် တော်တော်လေးမခေတဲ့ ဒါရိုက်တာတစ်လက်လို့ ဆိုရမှာပါ။
ဒါရိုက်တာကြီးရဲ့ ညွှန်ကြားမှုအောက်မှာတော့ ဒေါက်တာ Karen Ross အဖြစ် The Truman Show နဲ့ Love Actually ရုပ်ရှင်များမှ မင်းသမီးကြီး Laura Linney. The Lake House မှ Dylan Walsh. Ghostbusters ရုပ်ရှင်များမှErnie Hudson နဲ့ Home Alone ပရိသတ်တွေဆို တော်တော်လေးမစိမ်းကြမယ့် မျက်နှာပိုင်ရှင်Tim Curry တို့က ပါဝင်အားဖြည့် သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်
Bridget Jones's Baby (2016)
⭐IMDB: 6.5/10 (78 k Votes)
🎬 #Bridget Jones Trilogy #Comedy #Drama #Romance
🗓️ 2016 🎞️ Movie 📺 720p HD
🌎 #UnitedStates #France #China #UnitedKingdom #Japan #UnitedStatesofAmerica
⏰ 2 နာရီ 3 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bridget Jones’s Baby (2016)
~ IMDb – 6.5/10, RT – 78%, Meta – 59% ~
ဘရစ်ဂျစ်တို့ တတိယမြောက်ကားကတော့2အပြီး ၁၀နှစ်လောက်ကြာ 2016 ခုနှစ်မှာမှ ထွက်ခဲ့ပါတယ်။ 3 မှာတော့ Second Lead ဒယ်နီရယ်ပါမလာတော့ပါဘူး။ အဲဒီအစား နောက်ထပ်မင်းသားတစ်လက်ပါလာပါတယ်။
2 မှာ ဘရစ်ဂျစ်တို့စုံတွဲက ပြန်တွဲခဲ့ပြီး ဇာတ်သိမ်းခဲ့ပေမယ့် 3 မှာတော့ သဘောထားမတိုက်ဆိုင်တာတွေဖြစ်ပြီး နှစ်ယောက်သားပြန်လည် လမ်းခွဲခဲ့ပါတယ်။ မာ့ခ်ကလည်း အခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုပြီး ကွာရှင်းလိုက်ပါသေးတယ်။ သူငယ်ချင်းတွေပါ အိမ်ထောင်အသီးသီးကျပြီး မိသားစုနဲ့ ဖြစ်နေချိန်မှာ ဘရစ်ဂျစ်က တစ်ကိုယ်တည်းပြန်ဖြစ်ပြီး အလုပ်ပဲလုပ်နေခဲ့ပါတယ်။
အလုပ်ကသူငယ်ချင်းရဲ့ တိုက်တွန်းမှုကြောင့် ဂီတပွဲတစ်ခုကိုသွားရာကနေ အဲဒီမှာ အမှတ်မထင်တွေ့တဲ့လူတစ်ယောက်နဲ့အိပ်ခဲ့မိပါတယ်။ နောက်တော့ သူငယ်ချင်းရဲ့ကလေးကင်ပွန်းတပ်ပွဲမှာ မာ့ခ်နဲ့အတူ ခေါင်းကိုင်မိဘတွေလုပ်ရင်း မာ့ခ်နဲ့လည်းပြန်အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ သုံးခဲ့တဲ့အကာအကွယ်ပစ္စည်းတွေက ဒိတ်လွန်နေတော့ ဘရစ်ဂျစ်မှာ ကိုယ်၀န်ရှိလာပါတော့တယ်။ ကိုယ်၀န်က ဘယ်သူ့ဟာလဲဆိုတာ မသိတဲ့အခြေအနေမှာ တစ်ညအတူအိပ်ခဲ့တဲ့သူကလည်း မီလီယံနာသူဌေးတစ်ယောက်ဖြစ်နေပါတယ်။
ကိုယ်၀န်ကိစ္စကို နှစ်ယောက်လုံးသိသွားတဲ့အခါမှာ နှစ်ယောက်လုံးက ဘရစ်ဂျစ်နဲ့ကလေးကို အပြိုင်အဆိုင်ဂရုစိုက်ပါတော့တယ်။ ဒါပေမဲ့လည်း မာ့ခ်ကတော့ အလုပ်များတာနဲ့ ဘရစ်ဂျစ်လိုတဲ့အချိန်မှာ မလာနိုင်တာမျိုးဖြစ်ပြီး ကတောက်ကဆဖြစ်တာမျိုးရှိပါတယ်။ နောက်ဆုံး DNA စစ်ပြီးတဲ့အခါမှာ ကလေးရဲ့ဖခင်အစစ်က ဘယ်သူဖြစ်မလဲ၊ ဘရစ်ဂျစ်ကရော ဘယ်သူ့ကိုရွေးချယ်မှာလဲ၊ ဘရစ်ဂျစ် အမှန်တကယ်ချစ်တဲ့သူက ကလေးဖခင်ဖြစ်ပြီး ပျော်ရွှင်စွာအဆုံးသတ်မှာလားဆိုတာ ဟာသလေးတွေပါရောပြီး စိတ်၀င်စားဖွယ်ကြည့်ရမှာပါ။
နာမည်ကျော်အဆိုတော် Ed Sheeran ကလည်း Guest အနေနဲ့ ပါ၀င်သရုပ်ဆောင်ထားပါသေးတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)
Congo (1995)
⭐IMDB: 5.3/10 (47 k Votes)
🎬 #Action #Adventure #Science Fiction #Mystery #SciFi
🗓️ 1995 🎞️ Movie 📺 1080p
🌎 #UnitedStates
⏰ 1 နာရီ 50 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
၁၉၉၅ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီ ‘Congo’ ရုပ်ရှင်ကတော့ Oscar-nominated producer & director ကြီး Frank Marshall ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာကြီး ရိုက်ကူးထုတ်လုပ်ပေးခဲ့တဲ့ ရုပ်ရှင်တွေထဲမှာဆိုရင်ဖြင့်E.T. the Extra-Terrestrial, The Sixth Sense, The Goonies, Jurassic World, Indiana Jones ရုပ်ရှင်အချို့နဲ့Back to the Future trilogy ၃ကားလုံးလည်း ပါဝင်တာဖြစ်တဲ့အတွက် တော်တော်လေးမခေတဲ့ ဒါရိုက်တာတစ်လက်လို့ ဆိုရမှာပါ။
ဒါရိုက်တာကြီးရဲ့ ညွှန်ကြားမှုအောက်မှာတော့ ဒေါက်တာ Karen Ross အဖြစ် The Truman Show နဲ့ Love Actually ရုပ်ရှင်များမှ မင်းသမီးကြီး Laura Linney. The Lake House မှ Dylan Walsh. Ghostbusters ရုပ်ရှင်များမှErnie Hudson နဲ့ Home Alone ပရိသတ်တွေဆို တော်တော်လေးမစိမ်းကြမယ့် မျက်နှာပိုင်ရှင်Tim Curry တို့က ပါဝင်အားဖြည့် သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်
Bridget Jones's Baby (2016)
⭐IMDB: 6.5/10 (78 k Votes)
🎬 #Bridget Jones Trilogy #Comedy #Drama #Romance
🗓️ 2016 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #France #China #UnitedKingdom #Japan #UnitedStatesofAmerica
⏰ 2 နာရီ 3 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bridget Jones’s Baby (2016)
~ IMDb – 6.5/10, RT – 78%, Meta – 59% ~
ဘရစ်ဂျစ်တို့ တတိယမြောက်ကားကတော့2အပြီး ၁၀နှစ်လောက်ကြာ 2016 ခုနှစ်မှာမှ ထွက်ခဲ့ပါတယ်။ 3 မှာတော့ Second Lead ဒယ်နီရယ်ပါမလာတော့ပါဘူး။ အဲဒီအစား နောက်ထပ်မင်းသားတစ်လက်ပါလာပါတယ်။
2 မှာ ဘရစ်ဂျစ်တို့စုံတွဲက ပြန်တွဲခဲ့ပြီး ဇာတ်သိမ်းခဲ့ပေမယ့် 3 မှာတော့ သဘောထားမတိုက်ဆိုင်တာတွေဖြစ်ပြီး နှစ်ယောက်သားပြန်လည် လမ်းခွဲခဲ့ပါတယ်။ မာ့ခ်ကလည်း အခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုပြီး ကွာရှင်းလိုက်ပါသေးတယ်။ သူငယ်ချင်းတွေပါ အိမ်ထောင်အသီးသီးကျပြီး မိသားစုနဲ့ ဖြစ်နေချိန်မှာ ဘရစ်ဂျစ်က တစ်ကိုယ်တည်းပြန်ဖြစ်ပြီး အလုပ်ပဲလုပ်နေခဲ့ပါတယ်။
အလုပ်ကသူငယ်ချင်းရဲ့ တိုက်တွန်းမှုကြောင့် ဂီတပွဲတစ်ခုကိုသွားရာကနေ အဲဒီမှာ အမှတ်မထင်တွေ့တဲ့လူတစ်ယောက်နဲ့အိပ်ခဲ့မိပါတယ်။ နောက်တော့ သူငယ်ချင်းရဲ့ကလေးကင်ပွန်းတပ်ပွဲမှာ မာ့ခ်နဲ့အတူ ခေါင်းကိုင်မိဘတွေလုပ်ရင်း မာ့ခ်နဲ့လည်းပြန်အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ သုံးခဲ့တဲ့အကာအကွယ်ပစ္စည်းတွေက ဒိတ်လွန်နေတော့ ဘရစ်ဂျစ်မှာ ကိုယ်၀န်ရှိလာပါတော့တယ်။ ကိုယ်၀န်က ဘယ်သူ့ဟာလဲဆိုတာ မသိတဲ့အခြေအနေမှာ တစ်ညအတူအိပ်ခဲ့တဲ့သူကလည်း မီလီယံနာသူဌေးတစ်ယောက်ဖြစ်နေပါတယ်။
ကိုယ်၀န်ကိစ္စကို နှစ်ယောက်လုံးသိသွားတဲ့အခါမှာ နှစ်ယောက်လုံးက ဘရစ်ဂျစ်နဲ့ကလေးကို အပြိုင်အဆိုင်ဂရုစိုက်ပါတော့တယ်။ ဒါပေမဲ့လည်း မာ့ခ်ကတော့ အလုပ်များတာနဲ့ ဘရစ်ဂျစ်လိုတဲ့အချိန်မှာ မလာနိုင်တာမျိုးဖြစ်ပြီး ကတောက်ကဆဖြစ်တာမျိုးရှိပါတယ်။ နောက်ဆုံး DNA စစ်ပြီးတဲ့အခါမှာ ကလေးရဲ့ဖခင်အစစ်က ဘယ်သူဖြစ်မလဲ၊ ဘရစ်ဂျစ်ကရော ဘယ်သူ့ကိုရွေးချယ်မှာလဲ၊ ဘရစ်ဂျစ် အမှန်တကယ်ချစ်တဲ့သူက ကလေးဖခင်ဖြစ်ပြီး ပျော်ရွှင်စွာအဆုံးသတ်မှာလားဆိုတာ ဟာသလေးတွေပါရောပြီး စိတ်၀င်စားဖွယ်ကြည့်ရမှာပါ။
နာမည်ကျော်အဆိုတော် Ed Sheeran ကလည်း Guest အနေနဲ့ ပါ၀င်သရုပ်ဆောင်ထားပါသေးတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)
Kon-Tiki (2012)
⭐IMDB: 7.2/10 (50 k Votes)
🎬 #Action #Adventure #Biography #History #Drama
🗓️ 2012 🎞️ Movie 📺 720p
🌎 #UnitedKingdom #Norway #Denmark #Germany #Sweden
⏰ 1 နာရီ 36 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Genre – Adventure, BiographyIMDB – 7.2/10
ခင်ဗျားတို့သာ ရေမကူးတတ်ဘူးဆို ပစိဖိတ်သမုဒ္ဒရာထဲ မိုင် ၅ ထောင်ကျော်ကို ဖောင်လေးတစ်စင်းနဲ့ ဖြတ်ကူးရဲလား။ ဒါပေမဲ့ ဒီ သောရ်ဆိုတဲ့ဘဲကြီးကတော့ တကယ်လုပ်ခဲ့တယ်ဗျ။ အဲဒီလိုပြောလို့ စိတ်ကူးယဉ်ဇာတ်လမ်း မထင်နဲ့နော် တကယ်အပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က ဖြစ်ရပ်မှန်ဇာတ်လမ်း။ စူးစမ်းရှာဖွေရေးသမား သောရ်ဟာ ပိုလီနီရှားကကျွန်းတွေကို ၁၀ နှစ်ကြာအောင် ဇနီးဖြစ်သူနဲ့ သုတေသနတွေပြုလုပ်ပြီး စာတမ်းပြုစု နေထိုင်ခဲ့တဲ့လူပေါ့။ သူ အဲဒီမှာ နေထိုင်ရင်း ဒီ ပိုလီနီးရှားဒေသကို ဒေသခံတွေဟာ အာရှဖက်ကနေ ရောက်လာကြတာမဟုတ်ပဲ တောင်အမေရိကဖက်က ရောက်လာကြတယ်ဆိုတာကို ထူးဆန်းစွာနဲ့ သိရှိခဲ့ရတယ်။ ဒီတော့ ဆရာသမားက သူတွေ့ရှိခဲ့တဲ့ သီအိုရီကို လိုက်ပြီး ဖြန့်ဝေနိုင်အောင် ဆက်သွယ်တော့တာပဲ ဒါပေမဲ့ ကံဆိုးချင်တော့ ဘယ်သူမှမယုံကြည်ပဲ သူ့ကို ပရော်ဖက်ဆာတစ်ယောက်က ဒါမျိုး ပြောလိုက်ပါတယ်။ “မင်းရဲ့ သီအိုရီကို သက်သေပြချင်ရင် ဒီ တီကီဒေသခံတွေ လုပ်ခဲ့သလို ဖောင်တစ်စင်းနဲ့ ပီရူးနိုင်ငံကနေ ပိုလီနီရှားရောက်အောင်သွားပါလားကွ” တဲ့။ ဒီမှာတင် ကိုယ့်ဆရာက အကြံရသွားပြီး သင်္ဘောသားတွေ လိုက်စည်းရုံးတယ်၊ သေမှာလို့ပြောပြီး အငြင်းခံရတယ် ဒါပေမဲ့ မဆီမဆိုင် ရေခဲသေတ္တာရောင်းတဲ့ အင်ဂျင်နီယာတစ်ယောက်နဲ့ တွေ့သွားတယ်။ နောက်ပြီး သူ့ဘော်ဒါတွေဖြစ်တဲ့ ရေဒီယိုသမားနှစ်ယောက်နဲ့ ငယ်သူငယ်ချင်း ပင်လယ်တကယ်ထွက်ဖူးတဲ့လူကို ခေါ်တယ်။ နောက်ဆုံးတစ်ယောက်အနေနဲ့ ကင်မရာအကြောင်းနားလည်တဲ့လူလည်း ထပ်ပါလာတယ်။
လူအင်အားရပြီဆိုတော့ ငွေကြေးအထောက်အပံ့လိုလာပြန်ရော အဲဒီမှာ သောရ်တစ်ယောက် ဘယ်လိုတွေ ရှာဖွေသွားမလဲ၊ ဒီ မိုင် ၅ ထောင်ခရီးစဉ်ကို ဖောင်နဲ့ရောက်အောင်သွားနိုင်ပါ့မလား၊ လမ်းမှာ ဘယ်လိုအခက်အခဲပေါင်းများစွာ ကြုံရမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရတဲ့ကားလေးပါ။ သိတဲ့အတိုင်း ပင်လယ်ပြင်အန္တရာယ်ဆိုတာလည်း အစုံ မုန်တိုင်းတွေ ငါးမန်းတွေ လမ်းပျောက်တာတွေ ဝေလငါးတွေ သန္တာကျောက်တန်းတွေနဲ့။ ဇာတ်ကားနာမည် ကွန်တီကီဆိုတာ ဗော်လဆာပင်နဲ့ ပြုလုပ်ထားတဲ့ဖောင်ငယ်လေးပါတဲ့။ သူကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ တကယ့်မှတ်တမ်းရုပ်ရှင်ကတော့ ၁၉၅၁ ခုနှစ်မှာ အကယ်ဒမီဆု ရရှိခဲ့ပါတယ် ဒါပေမဲ့ ဒီ ပြန်ရိုက်ထားတဲ့ကားကလည်း ၂၀၁၃ ခုနှစ်မှာ နိုင်ငံခြားရုပ်ရှင်ဆုအနေနဲ့ စကာတင် ပါဝင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော် အရှေ့မှာပြောခဲ့သလိုပါပဲ ရေမကူးတတ်ပဲ ပင်လယ်ပြင်ထဲကို မိုင် ၅ ထောင် ဖောင်နဲ့သွားရဲတဲ့ ဘဲကြီးရဲ့ ဖြစ်ရပ်မှန် စွန့်စားခန်းကြီးကတော့ မကြည့်ရသေးရင် လူဖြစ်ရကျိုးမနပ်ဘူးလို့တောင် ပြောချင်ပါသေးတယ်ဗျာ။
Kon-Tiki (2012)
⭐IMDB: 7.2/10 (50 k Votes)
🎬 #Action #Adventure #Biography #History #Drama
🗓️ 2012 🎞️ Movie 📺 1080p

Autumn Sonata (2017)
⭐IMDB: 5.2/10 (28 Votes)
🎬 #Drama #Family #Romance
🗓️ 2017 🎞️ Movie 📺 1080p FHD
🌎 #SouthKorea
⏰ 1 နာရီ 25 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Autumn Sonata ( 가을 우페국) (2017)===========================
၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့ပြီး အဓိပ္ပာယ်အပြည့်နဲ့ လှပတဲ့ကိုရီးယားဇာတ်ကားဟောင်းလေး ဖြစ်ပါတယ်။ အဆိုတော်သရုပ်ဆောင်မင်းသမီး BoA နဲ့အတူ မင်းသား LeeHak Joo တို့အဓိက ပါဝင်ထားပါတယ်။
ကိုယ့် မွေးရပ်မြေ မြို့လေးနဲ့ သဘာဝတရားကို ချစ်မြတ်နိုးပြီး သင်္ခါရတရားကို သေချာနားလည်ထားတဲ့ ရင့်ကျက်တဲ့ ၂၉ နှစ်အရွယ် မမ “ဆူရွန်း”နဲ့ သူ့နောက်အမြဲ တကောက်ကောက်လိုက်နေတဲ့ ၂၆ နှစ်အရွယ် မောင်လေး “ဂျွန်းလေး”တို့ရဲ့ ကြည်နူးဖွယ်ဇာတ်လမ်းလေး…
• အင်ဆူရွန်း အဖြစ် BoA• ဂျွန်းလေး အဖြစ် Lee Hak Joo
ဇာတ်အလှည့်အပြောင်းတွေနဲ့ ပရိတ်သတ်ကြီးကို ရင်ထဲထိစေမယ့် ရသတစ်ခုခု ပေးမယ်ဆိုတာ ယုံကြည်ပါတယ်။ဇာတ်ရှိန်ပျက်မှာစိုးလို့ ဒီကားလေးကိုတော့ ရှည်ရှည်ဝေးဝေးပြောမနေတော့ဘူးနော်…ပရိတ်သတ်ကြီးတို့ ကိုယ်တိုင်ပဲကြည့်လိုက်ကြဖို့ အကြံပေးချင်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Khaing Khin ဖြစ်ပါတယ်)
Serena (2014)
⭐IMDB: 5.4/10 (30 k Votes)
🎬 #Drama #History #Romance
🗓️ 2014 🎞️ Movie 📺 720p
🌎 #France #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 50 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Serena(2014)
************
မင်းသားကြီးBradley Cooperနဲ့ မမJennifer Lawrenceတို့
အဓိကသရုပ်ဆောင်ထားတဲ့ Dramaကားလေးပါ။
ဂျော့်ဟာ ရည်မှန်းချက်ကြီးတဲ့ သစ်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး
တစ်နေ့မှာတော့ ဆရီနာကို မြင်မြင်ချင်းချစ်ခင်သွားပြီးတွေ့တွေ့ချင်းပဲလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ဆရီနာကလည်း သစ်လုပ်ငန်းရှင်တစ်ဦးရဲ့သမီးဖြစ်တာနဲ့အညီ ဂျော့်နဲ့
လက်တွဲခဲ့ပြီးနောက်မှာ သူ့စီးပွားရေးကိုပါဦးစီးနိုင်လာပါတယ်။အချစ်စစ်တို့မည်သည် ရိုးရှင်းဖြောင့်ဖြူးမနေပါဘူး..
တကယ်တော့ သူတို့ (၂) ဦးလုံးမှာ လျှို့ဝှက်ချက်ကိုယ်စီရှိနေကြပြီး
အဲ့ဒီအရာတွေပေါ်လာတဲ့အခါမှာတော့ သူတို့ဘယ်လိုဆက်ဖြတ်သန်းကြမလဲ..ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို ရိုက်ကွင်းလှလှတွေနဲ့ လိုက်ဖက်လှတဲ့
မမJennifer Lawrenceတို့စုံတွဲကို တစ်ဝကြီးထိုင်ကြည့်နိုင်ပါပြီ။
Murder Mystery 2 (2023)
⭐IMDB: 5.7/10 (22 k Votes)
🎬 #Action #Comedy #Crime #Mystery #Romance
🗓️ 2023 🎞️ Movie 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 32 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Murder Mystery 2 (2023)===================IMDb Rating – 5.7/10
နာမည်ကြီး မင်းသား Adam Sandler နဲ့ မင်းသမီး JenniferAniston တို့ အဓိကသရုပ်ဆောင်ရိုက်ကူးထားတဲ့ MysteryMurder 2 ပြန်လာပါပြီ။ ဇာတ်လမ်းကတော့ တစ်ကားလုံးရယ်စရာဟာသတွေနဲ့ တစ်လွဲတွေကို တွေ့မြင်ရမယ့် Mystery,Comedy Genre ပဲ ဖြစ်ပါတယ်။
Nick Spitz နဲ့ Audrey Spitz တို့ သူတို့ စုံထောက်လုပ်ငန်းမှာအလွဲတွေချည်းလုပ်ပြီး ဒေဝါလီခံလုနီးပါးအချိန်မှာ သူတို့ရဲ့သူငယ်ချင်း ဘီလီယံနာသူဋ္ဌေးဆီက မင်္ဂလာဆောင်ဖိတ်တာကိုခံလိုက်ရတယ်။ သူတို့လည်း လက်ခံလိုက်ပြီး ဥရောပကို ခရီးထွက်လာကြတာပေါ့။ ရောက်လည်းရောက်ရော ဘီလီယံနာသူဋ္ဌေးရဲ့ အပျံ့စားဧည့်ခံမှုတွေကြောင့် ပျော်နေချိန်မှာပဲ မကြာလိုက်ပါဘူး၊ ပြဿနာအကြီးကြီးတက်တော့တာပဲ။ သတို့သားဘီလီယံနာသူဋ္ဌေးကို မင်္ဂလာဆောင်မှာ ပြန်ပေးဆွဲခံလိုက်ရပါတယ်။
အဲဒါကြောင့်Nick နဲ့ Audrey လည်း စုံထောက်တွေအဖြစ် တရားခံကိုရှာဖွေဖို့ သံသယဝင်သူတွေကို စစ်ကြတယ်။ ဒါပေမဲ့ အဲ့ဒီသံသယဝင်ခံရတာက Nick နဲ့ Audreyဆီကို ပြန်လည်ရောက်လာတော့ ပိုရှုပ်ထွေးသွားပြီး Spitzes စုံတွဲရဲ့ ဘယ်လိုအလွဲတွေဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဟာသဇာတ်လမ်းတွေကို သဘောကျတဲ့သူတွေအတွက် Recommend အများကြီးပေးတဲ့ ဇာတ်လမ်းလေးဖြစ်သလို ဒီသရုပ်ဆောင်နှစ်ယောက်ကို ပေါင်းစည်းတွေနေရတာကိုကအတော်လေးမိုက်နေပါပြီ။
Murder Mystery (2019) ကို ဒီလင့်ကနေ ကြည့်ရှုနိုင်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)
Das Boot (1981)
⭐IMDB: 8.4/10 (254 k Votes)
🎬 #Drama #War
🗓️ 1981 🎞️ Movie 📺 720p HD
🌎 #WestGermany #Italy #France #UnitedKingdom
⏰ 3 နာရီ 28 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Genre – War,DramaIMDB – 8.4/10
ဒုတိယကမ္ဘာစစ်ရဲ့ စစ်မျက်နှာပြင်မှာ ကုန်းကြောင်း၊ လေကြောင်းနဲ့ ရေကြောင်းရှိတဲ့အလျောက် ဒီလို ရေငုပ်သင်္ဘောအကြောင်း ရိုက်ထားတာ တော်တော်ကိုရှားတယ် ပြောရမယ်။ မှတ်မိသလောက်ဆို ၂၀၀၀ ခုနှစ်က U-571 ရယ် ထွက်ထားတာ သိပ်မကြာသေးတဲ့ Greyhound တို့ပဲ ရှိမယ်ထင်တယ်။ ပြီးတော့ ဂျာမန်စစ်ကားထုံးစံအတိုင်း ဝါဒဖြန့်မပါပဲ သဘာဝကျကျ ဖြတ်သန်းရတာမျိုးပဲ ကြည့်ရှုရမှာပါ။ ပြောလို့သာပြောတာ WW2 မှာ ဂျာမန်ရေငုပ်သင်္ဘောတွေက အမဲလိုက်မြေခွေးတွေဆိုတဲ့ နာမည်ပြောင်အတိုင်း ပင်လယ်ပြင်တွေမှာ မဟာမိတ်သင်္ဘောတွေကို တစ်စီးတည်းနဲ့ အုပ်လိုက်တွေကို အမဲလိုက်တာ အင်မတန်ကြောက်ဖို့ကောင်းပါတယ်။ မင်းသားကြီး တွန်ဟမ့်သရုပ်ဆောင်ထားတဲ့ Grey Hound မှာ ဥပမာအနေနဲ့ မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီကားမှာကျ ဒီဂျာမန်ရေငုပ်သင်္ဘောသားတွေရဲ့ လက်တွေ့ဘဝ၊ အခက်အခဲ၊ သေရေးရှင်ရေး ကြိုးပမ်းရပုံတွေကို အမြင်တစ်မျိုးနဲ့ ပြန်ခံစားရမှာပါ။
ဇာတ်လမ်းအကျဉ်းကတော့ စစ်သတင်းထောက် ဗိုလ်လေးတစ်ယောက်က ရေငုပ်သင်္ဘောတစ်စင်းပေါ်ကို စစ်ကြောင်းထွက်တဲ့အချိန် လိုက်လာပြီး မှတ်တမ်းတင် အစီရင်ခံစာ တင်ဖို့ပေါ့။ အဲဒီမှာ ကပ္ပတိန်ကြီးရဲ့ အုပ်ချုပ်ပုံ၊ တိုက်ပွဲဖြစ်တဲ့ခါ ညွန်ကြားပုံတွေ နောက်ပြီး ဒီသင်္ဘောကျင်းကျင်းလေးပေါ်က နေထိုင်စားသောက်ရတဲ့ ဘဝတွေ ကြုံရပုံ တစ်ဖက်က ထောက်ပို့ယာဉ်တန်းတွေ တွေ့ရင် ဘယ်လိုအမဲလိုက်ကြပုံ ပြန်ခံရရင်လည်း ဘယ်လိုတွေ ခွာစစ်ဆုတ်ရပုံတွေ ဟိုက်ဒရိုဖုန်းဆိုတာနဲ့ အရပ်လေးမျက်နှာက အသံတွေကို နားထောင်ပြီး သင်္ဘောတစ်စင်းလုံး အပ်ကျသံမကြားရလောက်အောင်ထိ တိတ်ဆိတ်သွားပြီး ရန်သူ့အခြေအနေ အကဲခတ်လှုပ်ရှားရပုံတွေ စသဖြင့် စိတ်လှုပ်ရှားစရာ ဖြစ်ရပ်တွေနဲ့ တင်ဆက်ပြသထားတာပါ။ နောက်ပြီး သူတို့ဘဝတွေက သူများကိုအမဲလိုက်ပြီး ကြမ်းတမ်းကြတယ်ဆိုပေမယ့် တစ်ခုခုဆို သူတို့ဘဝကလည်း လေတပ်ကလူတွေလိုမျိုးပဲ သေဖို့ရာခိုင်နှုန်းများတဲ့ တပ်သားတွေပါပဲ။ ၁၉၈၁ ခုနှစ်ထွက်ရုပ်ရှင်ဆိုပေမဲ့ တော်တော်လေးအဆင်ပြေပြီး အတွေ့အကြုံအသစ်တွေ ပေးစွမ်းနိုင်မှာမို့ ပြေးသာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။
IMDB ကလည်း 8.4 ဆိုတော့ မကောင်းမှာတော့ ပူမနေပါနဲ့တော့။

🗓️ 1981 🎞️ Movie 📺 1080p FHD

Romancham (2023)
⭐IMDB: 8.1/10 (2 k Votes)
🎬 #Bollywood #Comedy #Horror
🗓️ 2023 🎞️ Movie 📺 720p
🌎 #India
⏰ 2 နာရီ 11 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Romancham (2023)IMDb 8.1ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့သရဲခေါ်ဘုတ်ပြားကတစ်ဆင့် ဝိညာဥ်ဆင့်ခေါ်ခဲ့မိတဲ့သူငယ်ချင်း၇ယောက်…ငယ်စဉ်ကလေးဘဝကတုန်းက သရဲခေါ်နည်းပေါင်းစုံကစားဖူးကြမှာပါဘောပင်နဲ့ခေါ်တာ ဘုတ်ပြားပေါ် ဖယောင်းတိုင်တို့၊ဖန်ခွက်တို့နဲ့ခေါ်တာမျိုးတို့ပေါ့
ဒီဇာတ်ကားထဲမှာလည်း စစချင်းမှာ ကိုမာကြောင့်ဆေးရုံမှာလှဲနေရတဲ့ ဂျီဘင်ဆိုသူရှိပါတယ်သူဘာကြောင့်ဒီလိုဖြစ်ခဲ့ရလဲမမှတ်မိဘူးပေါ့ နောက်ကြောင်းပြန်ရရင်တော့သရဲခေါ်ဘုတ်ပြားကနေစမှာပါ တစ်အိမ်တည်းမှာအတူစုနေကြတဲ့သူငယ်ချင်း၇ယောက်ရှိပါတယ်ငှားရမ်းခကို အတူတူစုခံပြီး ညနေဘက်တိုင်း ဘော်လီဘောကစားကြတဲ့ပျော်ပျော်နေတတ်တဲ့သူငယ်ချင်းတစ်သိုက် …
သူတို့ထဲကတစ်ယောက်က ကစားနည်းပျင်းလာလို့ဆိုပြီး သရဲခေါ်ကစားနည်းဆော့ခဲ့ရာမှ ကမောက်ကမဖြစ်ကြရမဲ့သူတို့ဘဝတွေ…ဇာတ်လမ်းကြည့်ရင်းနဲ့ကိုဖြစ်ရပ်မှန်ဆိုတဲ့အသိကြောင့်အသည်းတစ်ယားယားဖြစ်နေမှာပါပဲရှင်