ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
https://image.tmdb.org/t/p/original/iRjKpNk4oFcypye3QvzsTCwKo7Q.jpg
Fumiko's Legs (2018)
⭐IMDB: 5.2/10 (114 Votes)
🎬 #Drama
🗓️ 2018 🎞️ Movie 📺 1080p FHD
🌎 Japan
⏰ 1 နာရီ 21 မိနစ် 23 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
[18+] Fumiko’s Legs 2018Tsukakoshi သည် အသက်ရွယ်ကြီးတဲ့လူအိုတယောက်ဖြစ်ပြီး မိန်းကလေးခြေထောက်ရုပ်များကို ဖန်တီးပြီး မိန်းကလေးခြေထောက်များ စွဲလမ်းနေသူတယောက်လည်းဖြစ်သည်။ သူ့တူဖြစ်သူ Unokichi က ပိုက်ဆံလာချေးသောအခါမှာတော့ Geisha Fumiko ရဲ့ခြေထောက်ပုံတူတု၍ ပြုလုပ်စေပြီး အဖိုးအခဖြစ်ပေး ယန်းသန်း200 အမွေပေးမည်ဟု ဆိုကာ ခိုင်းစေပြီးသူကိုယ်တိုင်က Fumikoရဲ့ခြေထောက်အလှမှာ မူးရစ်နေသူလည်းဖြစ်နေသည့်အလျှောက် အရူးအမူးဖြစ်နေလေသည်။Fumiko သည်လည်း နေ့စဉ်အပင်ပန်းခံရသည်နှင့်အမျှ Tsukagoshi ကို နေ့တိုင်း အမုန်းပွားလာသည့်နောက်တွင်..…Reviewed and Translated by AMOEncoded by PhiPhi
https://image.tmdb.org/t/p/original/xnoyG3rPuKAHeRbNlwuyiC08Sya.jpg
A Thursday (2022)
⭐IMDB: 7.7/10 (23 k Votes)
🎬 #Drama #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 India
⏰ 2 နာရီ 08 မိနစ် 58 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
A Thursday (2022)ဒီဇာတ်ကားလေးက ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပြီး အသက် ၃၀ အရွယ်ဝန်းကျင် ကျောင်းဆရာမက သူမရဲ့ ကျောင်းသား ၁၆ယောက်ကို ဓားစာခံအဖြစ်ခေါ်ဆောင်သွားခဲ့ပြီး…ရဲတပ်ဖွဲ့ကို တောင်းဆိုမှုများလည်းရှိကာ တောင်းဆိုမှုက ဘာဖြစ်မလဲ?? ထိုစဉ် ပါဆယ်လာပို့သူ ရောက်လာပြီး.. အိမ်ထဲဝင်ခွင့်ပြုလိုက်သောအခါ…ရဲတပ်ဖွဲ့မှ Catherine ဆိုသူ ကိုယ်ဝန်သည်အမျိုးသမီးရောက်လာသည်ကို သေနတ်နဲ့ပစ်လိုက်သောအခါ…..ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်Translated & Encoded by AMO
https://image.tmdb.org/t/p/original/OKtXyFe0BwIlZ0BKXxFbez67sy.jpg
Girl in the Bunker (2018)
⭐IMDB: 5.8/10 (995 Votes)
🎬 #Drama
🗓️ 2018 🎞️ tv movie 📺 1080p FHD
🌎 Canada
⏰ 1 နာရီ 27 မိနစ် 49 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Girl in the Bunker (2018)ဒီကားကတော့ Pedophile တစ်ယောက် မိန်းမငယ်လေးကို မြေအောက်ဘန်ကာထဲမှာ ဖမ်းဆီးပိတ်လှောင်ထားတဲ့ ဇာတ်ကားပါ။ဇာတ်လမ်းအကျဥ်းကတော့ လစ်ဇီဆိုတဲ့၁၄နှစ်အရွယ် ကောင်မလေးက ကျောင်းကနေအိမ်အပြန်မှာ လူတစ်ယောက်က ရဲဟန်ဆောင်ပြီး မြေအောက်ဘန်ကာထဲကို ဖမ်းခေါ်သွားပါတယ်။အဲဒီကနေ လစ်ဇီတစ်ယောက် လွတ်မြောက်အောင် ဘယ်လိုရုံးကန်ရမလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမှာပါ။ ရဲတွေကလဲအစွမ်းကုန်ကြိုးပန်းရှာဖွေရင်း ဇာတ်သိမ်းလေးက ဘယ်လိုဖြစ်သွားမလဲဆိုတာ ကိုယ်တိုင်ဆက်လက်ရှူကြပါခင်ဗျာ။Reviewed & Translated by LwinMoeEncoded by Siran
https://image.tmdb.org/t/p/original/gNk3AwbmKo2uXRLnhLRwLslr9hS.jpg
Raise a Glass to Love (2021)
⭐IMDB: 6.9/10 (864 Votes)
🎬 #Comedy #Drama #Romance
🗓️ 2021 🎞️ tv movie 📺 1080p FHD
🌎 Canada, United States
⏰ 1 နာရီ 24 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Raise a Glass to Love (2021)
~ IMDb rating – 6.9/10 ~
လောကကြီးထဲ လူနှစ်ယောက်ပေါင်းဖက်ဖို့ဆိုရာမှာ တစ်ဖက်လူရဲ့ ဝါသနာတွေ၊ ခံယူချက်တွေ၊ အိပ်မက်တွေကို နားလည်ပေးနိုင်ဖို့လိုပေမယ့် အရေးကြီးဆုံးကတော့ ယုံကြည်မှုပေးဖို့ အပြန်အလှန်လေးစားမှုရှိဖို့လို့ ထင်မိပါတယ်။
ဒီဇာတ်ကားထဲမှာဆိုရင်လည်း ငယ်ငယ်ကတည်းက အဘွားလက်ထဲမှာ ကြီးပြင်းပြီး ဝိုင်ကို ချစ်မြတ်နိုးပြီး မာစတာတည်ခင်းသူဖြစ်ချင်တဲ့ ဂျန်နာဟာ ဝိုင်လောကသားဖြစ်ပြီး သူနဲ့သုံးနှစ်ကြာတွဲလာတဲ့ အေဒင်နဲ့ ဝါသနာတူ နယ်ပယ်တူချစ်သူတွေမလို့ အပေါ်ယံကြည့်ရင်တော့ အဆင်ပြေနေပေမယ့် တကယ်တမ်းလိုအပ်တဲ့ ယုံကြည်မှုကိုမရခဲ့ပါဘူး။
ဒီလိုနဲ့ သူ့အိပ်မက်ကို အကောင်ထည်ဖော်ဖို့ စာမေးပွဲအတွက်ကြိုးစားနေတဲ့ ဂျန်နာတစ်ယောက် တစ်နေ့မှာတော့ သူ့မိဘတွေရဲ့မင်္ဂလာနှစ်ပတ်လည်ပါတီအတွက် စပျစ်ခြံကိုပြန်ရောက်သွားပြီး သူ့အတွေးတွေကို ပြောင်းလဲပေးနိုင်မယ့် တမူထူးခြားတဲ့လူတစ်ယောက်နဲ့ တွေ့ဆုံမိတဲ့အခါမှာတော့…
(ဒီဇာတ်ကားနဲ့အညွှန်းကိုRobinမှ ပြန်ဆို ရေးသားထားပါတယ်)
https://m.media-amazon.com/images/M/MV5BNDMyODU3ODk3Ml5BMl5BanBnXkFtZTgwNDc1ODkwNjE@._V1_FMjpg_UX1000_.jpg
Magic Mike XXL (2015)
⭐IMDB: 5.6/10 (57 k Votes)
🎬 #Comedy #Drama #Music
🗓️ 2015 🎞️ movie 📺 720p
🌎 United States
⏰ 1 နာရီ 55 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2012ခုနှစ်တုန်းက ထွက်ခဲ့တဲ့Magic Mikeရဲ့ အဆက်ဖြစ်ပြီး2023မှာလည်း sequelအနေနဲ့ထပ်လာဖို့ရှိပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့အဖော်အချွတ်လောကကနေအနားယူပြီး သုံးနှစ်ကြာကိုယ်ပိုင် ပရိဘောဂ လုပ်ငန်းကိုသာတစ်စိုက်မတ်မတ် လုပ်နေတဲ့ Mikeဟာတစ်နေ့မှာတော့ အရင်အဖွဲ့ဟောင်းဆီကနေအဖွဲ့ခေါင်းဆောင်ဖြစ်သူ Dellasဆုံးပါးသွားခဲ့ပြီဆိုတဲ့ သတင်းကိုကြားလိုက်ရပါတယ်။ ဒီလိုနဲ့အသုဘစောင့်အိပ်ရအောင်လို့လိုက်သွားပြီး အရင်အဖွဲ့ဝင်ဟောင်းတွေနဲ့ပြန်ဆုံမိတဲ့နောက် မထင်မှတ်ထားတာတွေဖြစ်ပျက်လာတဲ့အခါမှာတော့..။
IMDb rating 5.6နဲ့Tomatometerမှာ 65% ရရှိထားပြီးပထမတစ်ကားထက် စာရင်Dance sceneတွေSoundtrackတွေ သိသိသာသာပိုကောင်းမွန်လာတာကို တွေ့ရပါတယ်။ဒါရိုက်တာအနေနဲ့ကတော့ပထမတစ်ကားရဲ့ ပရိုဂျူဆာဖြစ်တဲ့ဝါရင့်ဒါရိုက်တာကြီး Gregory Jacobကစီစဉ်ရိုက်ကူး တင်ဆက်ထားပါတယ်။
https://m.media-amazon.com/images/M/MV5BMGViMmNjMGEtMjUwMC00ZjNkLWE4YTItN2RmOWQyNTQ1OWU2XkEyXkFqcGdeQXVyMjUzOTY1NTc@._V1_FMjpg_UX1000_.jpg
Romance (1999)
⭐IMDB: 5.2/10 (11 k Votes)
🎬 #Adult #Drama #Romance
🗓️ 1999 🎞️ Movie 📺 1080p FHD
🌎 France
⏰ 1 နာရီ 39 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အချစ်နဲ့ တဏှာအေကြာင်း တမူထူးခြားတဲ့ခံစားချက်တွေကို ဆင်ဆာမပါ ဘွင်းဘွင်းရှင်းရှင်း ပုံဖေါ်ထားတဲ့ပြင်သစ် ခေတ်နှောင်းကားလေးပါ
အချစ်နဲ့ ကာမတဏှာ ကအဆက်အစပ်မရှိဘူးဆိုတာ ဒီဇာတ်ကားက သက်သေခံနေသလိုပဲမယ်ရင်းတစ်ယောက် မော်ဒယ်ကောင်လေးတစ်ယောက်နဲ့ အချစ်တစ်ခုတည်းကိုဦးစားပေးပြီးလက်ထပ်ခဲ့ပါတယ်။
နောက်ပိုင်းအချိန်တွေမှာစိလိုက်ရတာကတော့ သူ့လင်ပေါလ်က သူ့အပေါ် ကာမစိတ်မရှိဘူးဆိုတာပဲ။အစတုန်းကတော့အဆင်ပြေပေမဲ့ နောက်ပိုင်းတော့ပြဿနာတွေဖြစ်လာပါတယ်မယ်ရင်းက ဆန္ဒရှိပေမဲ့ ပေါ်လ်က လက်နဲ့တောင်အထိမခံချင်အောင် ဖြစ်နေပါတယ်မယ်ရင်း ကိုယ်တိုင်ကလည်း လိင်ကိစ္စပေါ်မှာ သူများနဲ့မတူတဲ့ ခံယူချက်ရှိနေပါတယ်သူ့ခံယူချက်တွေနောက်လိုက်ရင်း အဖိုးကြီးတစ်ယောက်နဲ့တွေ့သွားချိန်မှာတော့ဇာတ်လမ်းဇာတ်ကွက်လေးရော ဖေါ်ကျူးချက်တွေကရော မရိုးမရွဖြစ်စေတာမို့DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။
https://image.tmdb.org/t/p/original/mcISIatRSaP30WZQh1G4ZqLVWQA.jpg
The Doom Generation (1995)
⭐IMDB: 6.0/10 (16 k Votes)
🎬 #Adult #Crime #Drama
🗓️ 1995 🎞️ Movie 📺 720p HD
🌎 United States, France
⏰ 1 နာရီ 13 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
*******************************
ဒီဇာတ်ကားထဲမှာတော့ ချောမောလှပတဲ့မိန်းမပျိုတစ်ယောက် ပါဝင်သော လူငယ်သုံးယောက်ရဲ့
အချစ်ရမ္မက်ထန်မှုနှင့်အတူ ရူးမိုက်မိုက်လုပ်ရပ်တွေကို မြင်တွေ့ရမှာပါ …
18+ကားဆိုပေမယ့် ဇာတ်လမ်းသွားလေးနဲ့ကြည့်လို့ဖီးလို့ကောင်းမှာပါ…ဇာတ်လမ်းအကျဉ်းက အေမီဆိုတဲ့ခပ်မိုက်မိုက်ကောင်မလေးနဲ့ ဂျော်ဒန်တို့ ချစ်သူနှစ်ယောက်ရဲ့ကြားကို
ဇာဗီယာလို့ခေါ်တဲ့ ရူးမိုက်မိုက်ကောင်လေးတစ်ယောက် ဝင်လာခဲ့ရာကစခဲ့တာပါပဲ.
..သူတို့သုံးယောက်ဆုံတဲ့ညမှာပဲ လူသတ်မှုတစ်ခုကိုကျူးလွန်မိခဲ့ကြတယ်..
အဲ့ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့…
https://image.tmdb.org/t/p/original/7Qrf6HrFGnmnSDPdQZ3v55hUlac.jpg
The Emperor: Owner of the Mask (2017)
⭐IMDB: 7.4/10 (652 Votes)
🎬 #Comedy #Romance
🗓️ 2017 🎞️ tv series 📺 720p HD
🌎 South Korea
⏰ 57 မိနစ် 34 စက္ကန့် (တစ်ပိုင်းလျှင်)
👑 FIV ENTERTAINMENT
ဇာတ်ညွှန်း 📜
18 ရာစု Joseon တွင် ဇာတ်အိမ်တည်ထားပြီး အိမ်ရှေ့မင်းသား လီဆန်းနှင့် တိုင်းပြည်ကို နောက်ကွယ်မှ ချုပ်ကိုင်ထားသည့် တန်ခိုးကြီးပြီး ချမ်းသာသော အဖွဲ့အစည်း Pyunsoo hwe ကို တိုက်ခိုက်သည့် ဇာတ်လမ်းကို ရိုက်ကူးထားသည်။ တိုင်းပြည်၏ ရေပေးဝေမှုကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန် ကြိုးပမ်းခဲ့သော Pyunsoo Hwe ၏ လောဘကြောင့် ရေရှားပါးမှု ခံစားနေရသော ပြည်သူများအတွက် မျှော်လင့်ချက်ဖြစ်လာသည်။ သူချစ်တဲ့မိန်းမရဲ့အကူအညီနဲ့ Ga-eun ၊ Lee Sun ဟာ ဒုက္ခတွေကို ကျော်လွှားပြီး တရားမျှတတဲ့အုပ်ချုပ်သူအဖြစ် ကြီးပြင်းလာခဲ့ပါတယ်။
https://image.tmdb.org/t/p/original/7Qrf6HrFGnmnSDPdQZ3v55hUlac.jpg
The Emperor: Owner of the Mask (2017-2017)
⭐IMDB: 7.4/10 (652 Votes)
🎬 #Comedy #Romance
🗓️ 2017-2017 🎞️ tv series 📺 720p HD
🌎 Poland
⏰ 57 မိနစ် 34 စက္ကန့် (တစ်ပိုင်းလျှင်)
👑 FIV ENTERTAINMENT
ဇာတ်ညွှန်း 📜
18 ရာစု Joseon တွင် ဇာတ်အိမ်တည်ထားပြီး အိမ်ရှေ့မင်းသား လီဆန်းနှင့် တိုင်းပြည်ကို နောက်ကွယ်မှ ချုပ်ကိုင်ထားသည့် တန်ခိုးကြီးပြီး ချမ်းသာသော အဖွဲ့အစည်း Pyunsoo hwe ကို တိုက်ခိုက်သည့် ဇာတ်လမ်းကို ရိုက်ကူးထားသည်။ တိုင်းပြည်၏ ရေပေးဝေမှုကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန် ကြိုးပမ်းခဲ့သော Pyunsoo Hwe ၏ လောဘကြောင့် ရေရှားပါးမှု ခံစားနေရသော ပြည်သူများအတွက် မျှော်လင့်ချက်ဖြစ်လာသည်။ သူချစ်တဲ့မိန်းမရဲ့အကူအညီနဲ့ Ga-eun ၊ Lee Sun ဟာ ဒုက္ခတွေကို ကျော်လွှားပြီး တရားမျှတတဲ့အုပ်ချုပ်သူအဖြစ် ကြီးပြင်းလာခဲ့ပါတယ်။
https://m.media-amazon.com/images/M/MV5BOTE0MjQ1NDU3OV5BMl5BanBnXkFtZTgwNTI4MTgwNzM@._V1_FMjpg_UX1000_.jpg
Sex Education (2019- )
⭐IMDB: 8.4/10 (283 k Votes)
🎬 #Comedy #Drama
🗓️ 2019- 🎞️ tv series 📺 720p HD
🌎 United Kingdom
⏰ 52 မိနစ် 40 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sex Education Season 1+2 +3 (2018)Sex Education Season 1အရွယ်ရောက်ပြီးသားလူတွေအတွက်တော့ဒီစီးရီကပုံမှန်18+အခန်းတွေအများကြီးပါတဲ့ဟာသစီးရီးတစ်ခုပါပဲ
ဒါပေမယ့်အခုချိန်ထိလိင်ပိုင်းဆိုင်ရာကိုသေချာရေရေရာရာမသိသေးတဲ့လူတွေအတွက်တော့လိင်ပညာပေးစာအုပ်၁၀အုပ်လောက်နဲ့ညီသွားနိုင်ပါတယ်ကျွန်တော်တို့နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ကိုးကွယ်တဲ့ဘာသာအရလိင်ကိစ္စဟာဂုဏ်ယူစရာကိစ္စမဟုတ်သလိုစူးစမ်းသင့်တဲ့ကိစ္စလည်းမဟုတ်ပါဘူးအဲ့အတွက်ကြောင့်safe sexကိုတောင်သေချာမသိလို့ပြသနာတက်နေကြတာတွေလည်းအခုထိရှိပါသေးတယ်သူတို့နိုင်ငံကဆယ်ကျော်သက်တွေရဲ့sex lifeကရော ဘယ်လိုမျိုးလဲပြီးတော့ဆယ်ကျော်သက်တွေအဓိကပြသနာတွေကိုဘယ်လိုရှင်းရမလဲဆိုတာဒီစီးရီးမှာအကုန်မြင်နိုင်ပါတယ်ဟာသစီးရီးဖြစ်တာကြောင့်ပျင်းဖို့လည်းလုံးဝမကောင်းတဲ့အပြင်တက်သစ်စသရုပ်ဆောင်တွေရဲ့ရုပ်ရည်နဲ့ပီပြင်မှုတွေကစီးရီးတစ်ခုလုံးကိုပြည့်စုံနေစေပါတယ်ဇာတ်လမ်းပုံစံကတော့ အိုတစ်ဆိုတဲ့ကောင်လေးဟာတစ်ကိုယ်ရည်အာသာဖြေလို့မရပါဘူးသူရဲ့အမေကလိင်ပိုင်းဆိုင်ရာအကြံပေးဖြစ်ပြီးသူ့နေ့စဉ်ဘဝကိုအဲ့အရာကအတော်သက်ရောက်နေပါတယ်မမျှော်လင့်ပဲသူတို့ကျောင်းကသူငယ်ချင်းတစ်ယောက်ဘောကြီးချင်လို့ecee2သုံးလုံးသောက်မိပြီးအဆမတန်ကြီးသွားတာကိုမေ့ဖ်လို့ခေါ်တဲ့ကောင်မလေးနဲ့အတူတွေ့သွားပါတော့တယ်ဘာလို့သောက်မိလဲဆိုတာကိုပြန်ရှင်းပြတဲ့အခါမှာတော့သုတ်မလွှတ်နိုင်တဲ့ပြသနာရှိနေကြောင်းဆေးသောက်လိုက်ရင်သုတ်လွှတ်နိုင်မယ့်ထင်လို့သောက်မိကြောင်းပြောပြပါတော့တယ်အိုတစ်ဟာသူ့အမေရဲ့ဆွေးနွေးတဲ့ပုံစံကိုနေ့တိုင်းကြားပြီးအဲ့ကောင်လေးကိုစကားပြောပေးပါတယ်ပါလာတဲ့ပါရမီကြောင့်ပဲပြောရမလားမသိပေမယ့်သုတ်လွှတ်နိုင်သွားပါတယ်မေ့ဖ်ဟာအဲ့ပါရမီကိုသတိထားမိပြီးသူတို့နှစ်ယောက်စပ်တူလုပ်ငန်းတစ်ခုကိုထူထောင်လိုက်ပါတော့တယ်အဲ့တာကတော့SEX EDUCATIONပါပဲဘာသာပြန်တွေကတော့ Shwe Yee Oo,Wai Zin,Linn Kyaw Swar Aung,Hein Thet Naingတို့ပဲဖြစ်ပါတယ်encodeပေးထားတာတော့sithuပါSeason 1Episode 1 :Yoteshin / Megaup / Upstream / UserdriveEpisode 2 : Yoteshin / Megaup / Upstream / UserdriveEpisode 3 : Yoteshin / Megaup / Upstream / UserdriveEpisode 4 :Yoteshin / Megaup / Upstream / UserdriveEpisode 5 :Yoteshin / Megaup / Upstream / UserdriveEpisode 6 :Yoteshin / Megaup / Upstream / UserdriveEpisode 7 : Yoteshin / Megaup / Upstream / UserdriveEpisode 8 : Yoteshin / Megaup / Upstream / UserdriveSeason 1 Complete Zip File VIP / Yotshin / Megaup / UserdriveSeason 2Episode 1 :Yoteshin / Megaup / Upstream / UserdriveEpisode 2 : Yoteshin / Megaup / Upstream / UserdriveEpisode 3 : Yoteshin / Megaup / Upstream / UserdriveEpisode 4 :Yoteshin / Megaup / Upstream / UserdriveEpisode 5 :Yoteshin / Megaup / Upstream / UserdriveEpisode 6 :Yoteshin / Megaup / Upstream / UserdriveEpisode 7 : Yoteshin / Megaup / Upstream / UserdriveEpisode 8 : Yoteshin / Megaup / Upstream / UserdriveSeason 2 Complete Zip File VIP / Yotshin / Megaup / Userdrive Sex Education Season 3 (2021) အညွှန်း
=======================================================
ဒီစီဆင်မှာတော့ ကျွန်တော်တို့ရဲ့ လိင်ပညာပေးဆရာလေး အိုတစ် ကို နှုတ်ခမ်းမွှေးစစနဲ့ ပြန်တွေ့ရမှာပါ။အိုတစ်နဲ့ မေဗ့်နဲ့ ကြားမှာ အိုင်စစ်ဆိုတဲ့ မသန်မစွမ်းကောင် ဝင်မွှေလိုက်လို့ မနီးစပ်နိုင်တော့တဲ့
သူတို့ရဲ့ ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်ဦးမလဲ?စာသင်နှစ်အသစ်မှာ အရှုပ်ထုပ်အသစ်ရော အဟောင်းတွေပေါင်းစုံနဲ့ ဘယ်လိုတွေဖြစ်လာဦးမလဲ?ဇာတ်ကောင်တွေရဲ့ အသက်တစ်နှစ်ကြီးလာတာနဲ့အမျှ ဘယ်လိုမျိုးပြောင်းလဲသွားကြမလဲ?မော်ဒေးကျောင်းမှာ ဘာဇာတ်လမ်းတွေ ထပ်ဖြစ်ကြမလဲမဆိုတာ season 3 မှာဆက်လက်ကြည့်ကြပါဦးအညွှန်းကိုတော့ HWL က ရေးသားပေးထားပြီးတော့ဘာသာပြန်တွေကတော့ HWL, JimX, Chit Tee, Charm Wave တို့ပဲ ဖြစ်ပါတယ်။VIP LInks – Click Here!Episode 01 – Yoteshin | Megaup | Userdirve | Veryfiles | StreamsbEpisode 02 – Yoteshin | Megaup | Userdirve | Veryfiles | StreamsbEpisode 03 – Yoteshin | Megaup | Userdirve | Veryfiles | StreamsbEpisode 04 – Yoteshin | Megaup | Userdirve | Veryfiles | StreamsbEpisode 05 – Yoteshin | Megaup | Userdirve | Veryfiles | StreamsbEpisode 06 – Yoteshin | Megaup | Userdirve | Veryfiles | StreamsbEpisode 07 – Yoteshin | Megaup | Userdirve | Veryfiles | StreamsbEpisode 08 – Yoteshin | Megaup | Userdirve | Veryfiles | Streamsb Season 3 Complete Zip File – VIP | Yotesh
https://m.media-amazon.com/images/M/MV5BMTk1NTQyMDE1N15BMl5BanBnXkFtZTcwNzQyNzA0MQ@@._V1_FMjpg_UX1000_.jpg
Mo gui tian shi (1995)
⭐IMDB: 5.1/10 (140 Votes)
🎬 #Adult #Asian #Drama #Romance #Thriller
🗓️ 1995 🎞️ Movie 📺 1080p FHD
🌎 Taiwan, Hong Kong
⏰ 1 နာရီ 36 မိနစ် 03 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဟောင်ကောင်မင်းသမီးချောလေး Vivian Hsu ကို တချို့လဲ ရင်းနှီးကြမှာပါ…ရှောင်လင်ကလေးနှစ်ယောက်ရဲ့ဇာတ်ကား Shaolin Popey(1994) မှာ မင်းသမီးအဖြစ် စတင်ပွဲထွက်ခဲ့ပြီးတော့ ဂျက်ကီချန်းနဲ့ The Accidental Spy ဇာတ်ကားထဲမှာလဲ ပါဝင်ခဲ့ဖူးပါတယ်။ ဟောင်ကောင်မော်ဒယ်တွေထဲမှာ ချစ်စရာမျက်နှာပေါက်လေးနဲ့ နာမည်ကြီးခဲ့ရာကနေ ရုပ်ရှင်မင်းသမီးအဖြစ်ထိုးထွက်လာခဲ့ပြီး ခုချိန်ထိလဲ ဇာတ်လမ်းရုပ်ရှင်တွေရိုက်ကူးနေဆဲမင်းသမီးဖြစ်ပါတယ်။
ခုတင်ဆက်လိုက်တဲ့ Devil Angel (1995) ဇာတ်ကားကတော့ သူနာမည်ကြီးကာစအချိန်မှာ ရိုက်ကူးထားတဲ့ Drama,Romance,Thriller အမျိုးအစား ဇာတ်ကားတစ်ကားဖြစ်ပြီး အဖော်အချွတ်ခန်းတချို့ကြောင့် 18+ အသက်ရွယ်ပြည့်မီသူများသာ ကြည့်သင့်တဲ့ဇာတ်ကားလဲဖြစ်ပါတယ်။
အပူအပင်ကင်းတဲ့မိဘအိမ်မှာနေရတာ အေးချမ်းလွန်းလို့ အပူရှာဖို့အတွက် အချစ်ဆိုတဲ့ခေါင်းစဉ်ကြီးကြီးတပ်ပြီး လင်နောက်လိုက်သွားတဲ့ အသက်ငယ်ရွယ်တဲ့ကလေးမလေးတစ်ယောက်အကြောင်းကိုရိုက်ကူးထားတာပါ။ အချစ်ဆိုတာရဲ့နောက်ကွယ်က အပူအပင်တွေနဲ့ ငွေရေးကြေးရေးပြသနာတွေကြောင့် ဘဝကို ဘဝဆန်ဆန် ဘယ်လိုဖြတ်သန်းရမလဲဆိုတာ…..။
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။
https://channelmyanmar.org/wp-content/uploads/2022/12/captive.jpg
Captive Files II (2003)
⭐IMDB: 6.3/10 (8 Votes)
🎬 #Adult #Drama #Horror #Thriller
🗓️ 2003 🎞️ Movie 📺 480p SD
🌎 Japan
⏰ 1 နာရီ 38 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကဲ စတော့ဟုမ်းဇာတ်လမ်းလေး အပိုင်းနှစ်လာပါပြီဒီဇာတ်ကားက မှုခင်းစိတ်ပညာ လူ့သဘောသဘာဝ introvert တွေရဲ့စိတ်နေသဘောထားစတဲ့ စိတ်ဝင်စားစရာတွေ အများကြီးပါနေလို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါ
အပိုင်းတစ်ရောအပိုင်းနှစ်ရောစိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်စေချင်ပါတယ်အမှောင်ခန်းတွေပါတာမို့ မိသားစုနဲ့တော့ အတူမကြည့်ပါနဲ့ ကြည့်ချင်ရင်crush နဲ့အတူကြည့်ပါ ပြန်မကြိုက်ပဲကို မနေရဲပါဘူး ဒီဇာတ်ကားပြပြီးငါ့ကိုပြန်မကြိုက်ရင် ဒီဇာတ်ကားထဲကလို လုပ်လိုက်မယ်လို့သာပြောလိုက်ပါရဲဖမ်းခံရရင်တော့ ကျွန်တော်နဲ့မဆိုင်ပါဘူး
https://m.media-amazon.com/images/M/MV5BYWU5MGFhY2QtNDg2MC00MjExLWFiOTktOTkwMjI5ZjhlMzM0XkEyXkFqcGdeQXVyMTEwMTY3NDI@._V1_FMjpg_UX1000_.jpg
Delivery by Christmas (2022)
⭐IMDB: 5.4/10 (620 Votes)
🎬 #Comedy #Romance
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 Poland
⏰ 1 နာရီ 40 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Delivery by Christmas (2022)======================
ခရစ်စမတ်ကာလမှာ မိသားစုနဲ့ ရယ်မောရင်းကြည့်လို့ရမယ့် ခရစ်စမတ် Romance ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ မာရီယာဆိုတဲ့ ကောင်မလေးက Single motherတစ်ယောက်ဖြစ်ပြီး Delivery ကုမ္ပဏီတစ်ခုမှာ ပစ္စည်းပို့တဲ့သူတစ်ယောက်ပါ။ ခရစ်စမတ်အကြိုနေ့မရောက်ခင် တစ်ရက်မှာသူပို့ရမယ့် ပစ္စည်းတွေကို မာရီယာရဲ့ ကြီးကြပ်ရေးမှုးက လိပ်စာတလွဲတွေကို ကပ်ပေးလိုက်တဲ့အချိန်မှာတော့ ပြဿနာအကြီးအကျယ်တက်ပါတော့တယ်။
လိပ်စာမှားသွားတာကြောင့် မာရီယာတစ်ယောက် ခစ်စမတ်အကြိုနေ့မှာ ပစ္စည်းတွေကို ပြန်လည်ပို့ရင်း အချစ်နဲ့ ဘယ်လိုဆုံတွေ့မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ပေးပါဦး။ ဒီဇာတ်ကားကြည့်ပြီး ရယ်မောပျော်ရွှင်ရင်း ခရစ်စမတ်ကာလမှာ မိသားစုတိုင်း ပျော်ရွှင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parrisဖြစ်ပါတယ်)
https://image.tmdb.org/t/p/original/zEpS5YQeWCEWMBSJvmsschfqLwp.jpg
The Wedding Veil Unveiled (2022)
⭐IMDB: 7.3/10 (1 k Votes)
🎬 #Romance
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 United States, Canada
⏰ 1 နာရီ 24 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Wedding Veil Unveiled (2022)
~ IMDb rating – 7.3/10 ~
ဒီကားလေးကတော့ The Wedding Veil Trilogy ရဲ့ ဒုတိယမြောက်ကား The Wedding Veil Unveiled ပဲဖြစ်ပါတယ်။
ဒီဒုတိယကားမှာတော့ မင်္ဂလာမျက်နှာလွှားဇာလေးကို ရှာတွေ့ပြီး ဝယ်ယူခဲ့တဲ့ သူငယ်ချင်းသုံးယောက်ထဲကမှ Emma ရဲ့ အချစ်စစ်နဲ့ တွေ့ဆုံရမယ့် အချိန်ကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။
ဇာတ်လမ်းလေးကို အညွှန်းအတိုလေးနဲ့ ပြောပြရမယ်ဆိုရင်တော့…ဇာတ်လမ်းအစမှာ LDRS ဘဝကနေ ချစ်သူကနောက်ရည်းစားရသွားလို့ အသည်းကွဲသွားရတဲ့ Emma တစ်ယောက် အီတလီကို စာသင်ဖို့ထွက်လာရာက စထားပါတယ်။ သူအီတလီကို မထွက်ခင်မှာ သူတို့ရှာတွေ့ထားတဲ့ ဇာထည်လေးက အီတလီကဖြစ်တာကြောင့် Emma ဟာ ဒီဇာထည်ရဲ့ မူလဇာစ်မြစ်ကိုသိဖို့ သူနဲ့အတူယူသွားပါတော့တယ်။
ဒီတော့ Emmaတစ်ယောက် အီတလီမှာ စာသင်ရင်းတစ်ဖက် ဇာထည်ရဲ့ဇာစ်မြစ်ကို ရှာရာက ဇာထည်ရဲ့အကြောင်းအပြင် Paolo ဆိုတဲ့လူတစ်ယောက်နဲ့ အကြောင်းဖန်ပြီး တွေ့ဆုံရပါတော့တယ်။ သူတို့နှစ်ယောက်တွေ့ဆုံပြီး အရာအားလုံးတိုက်ဆိုင်ရာကနေ နှစ်ယောက်အတူ ဇာထည်ရဲ့ ဇာစ်မြစ်ကိုရှာဖွေရင်း အချစ်စစ်ကိုပါရှာတွေ့သွားကြပေမယ့် LDRS ကို ကြောက်ရွံ့နေတဲ့ Emma အဖို့ သမုဒ္ဒရာခြားနေတဲ့ လူနှစ်ယောက်ချစ်ဖို့ဆိုတာ အတွေးနဲ့တင် မလွယ်ကူလှခဲ့ပါဘူး။
ဒီလိုအချစ်ကားတွေဟာ အရမ်းညွှန်းပြစရာမရှိပေမယ့် ကြည့်နေရင်း လူကိုကြည်နူးစေမယ့်ခံစားချက်ကတော့ ရွှေလိုပဲပေါ့ ခင်ဗျာ။
ဒီတော့ ဒီကားရဲ့အဓိကဇာတ်ဆောင် Emma ရဲ့ အချစ်စစ်နဲ့ တွေ့ဆုံမှုအကြောင်းနဲ့ ဇာထည်ရဲ့ ဇာစ်မြစ်အကြောင်းတွေကို အီတလီရဲ့ အလှအပ၊ အီတလီရဲ့သမိုင်း ပုံပြင်တွေနဲ့အတူ လိုက်ပါကြည့်ရှုရင်း သိပ်လှပပြီး ကြည်နူးစရာကောင်းတဲ့ ချစ်ပုံပြင်လေးတစ်ပုဒ်ထဲရောက်နေမှာအသေအချာပါပဲ ခင်ဗျာ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုLittle PCမှ ပြန်ဆို ရေးသားထားပါတယ်)
https://m.media-amazon.com/images/M/MV5BMDk0ZWY5NjMtMWMwZC00ODUyLTgxZWUtZGFlYzZiZDdhZTdjXkEyXkFqcGdeQXVyNjc3MjQzNTI@._V1_FMjpg_UX1000_.jpg
Wilderness: Part One (2017)
⭐IMDB: 7.2/10 (332 Votes)
🎬 #Adult #Drama
🗓️ 2017 🎞️ Movie 📺 720p HD
🌎 Japan
⏰ 2 နာရီ 44 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
***************************
လက်ဝှေ့သမားဖြစ်တဲ့ ယူးဂျီကို သတ်ပစ်ချင်လောက်အောင် လက်စားချေချင်စိတ် ပြင်းပြနေတဲ့ ရှင်းဂျိက
ဘယ်လိုအနိုင်ယူရမလဲစဉ်းစားရင်း ပိုက်ဆံလည်း မရှိ အိမ်လည်းမရှိ လေလွင့်နေတဲ့အဆုံး
အရှုံးပေါ်လုနီးနီး လက်ဝှေ့သင်တန်းကျောင်းကို ဝင်လိုက်ပါတော့တယ်….
ငယ်ငယ်ကတည်းက အမေဖြစ်သူကလည်း ထားသွား အဖေလည်းသတ်သေသွားတာကြောင့်
တစ်ကောင်ကြွက်ဖြစ်ခဲ့ရသူရှင်းဂျိဟာ အစ်ကိုကြီးခန်းဂျိနဲ့ ဆရာဖြစ်သူကို မိသားစုလို သံယောဇဉ်ရှိလာခဲ့ပါတယ်
ခန်းဂျိကတော့ အထစ်အထစ်ဖြစ်နေပြီး အရမ်းရှက်တတ်တဲ့ ဆံသဆရာပါစကားမထစ် လူရာဝင်ချင်လွန်းတဲ့သူဟာ အရည်အချင်းလည်း ရှိတာကြောင့် လက်ဝှေ့လောကထဲ ခြေချခဲ့ပါတယ်…
အဲ့ဒီနောက်မှာတော့ ….လက်ဝှေ့ကြိုးဝိုင်းထဲ ဘယ်သူတွေအောင်မြင်ကြမလဲဆိုတာကိုတော့..
ဇာတ်လမ်းလည်းကောင်းသလို အိပ်ရာခန်းတွေလည်းပါတာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး…
မင်းသားက ကျွန်တော်တို့ Kamen Rider W တို့ Drowning Love တို့ထဲကမင်းသားမလို့
မစိမ်းလောက်ဘူးထင်ပါတယ် ကြည့်ရှုခံစားလိုက်ပါဦးဗျာ
https://m.media-amazon.com/images/M/MV5BMTczNjIzNjk5N15BMl5BanBnXkFtZTgwNTAyMDk1NDM@._V1_FMjpg_UX1000_.jpg
Breathe (2018-2018)
⭐IMDB: 8.3/10 (20 k Votes)
🎬 #Crime #Drama #Thriller
🗓️ 2018-2018 🎞️ tv series 📺 1080p FHD
🌎 India
⏰ 39 မိနစ် 01 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Breathe(2018) Complete3 idiots ထဲက ရန်ချို့ဘော်ဒါဓာတ်ပုံဆရာ
အဓိကဇာတ်လိုက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် မကြာခင်က တင်ဆက်ခဲ့တဲ့ Breathe into the Shadow ထဲက စုံထောက် ပါဝင်တဲ့
လှို့ဝှက်ဆန်းကြယ် မှုခင်းစီးရီးလေးတစ်ခုကို
တင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်းကို ညွှန်းရရင်တော့
အဆုတ်မကောင်းတဲ့ သားဖြစ်သူ မိတဆိုးလေးကို
အမြဲတယုတယ မွေးလာခဲ့တဲ့ အဖေဖြစ်သူ “ဒန်နီ”
တစ်နေ့မှာ သူ့ရဲ့သားဟာ အဆုတ်အစားထိုးဖို့
ဖြစ်လာခဲ့တယ် ဒါပေမယ့် အဆုတ်အစားထိုးဖို့အတွက်
သူ့သားရှေ့မှာ တန်းစီနေတဲ့ သူတွေကလည်း
အများကြီးပေါ့သူ့သားကလည်း အဆုတ်သာအစားမထိုးရင်
နေရဖို့က ၅ လကနေ ၆ လပဲ ခံတော့မှာဖြစ်တယ်အဲဒီတော့ သူ့သား အမြန်ဆုံး အဆုတ်အစားထိုးနိုင်ဖို့အတွက်
အရှေ့မှာ တန်းစီနေတဲ့ သူတွေမရှိမှ ဖြစ်တော့မှာကို
သူသိသွားတယ်ဒါနဲ့ပဲ သူ အဲဒီလူတွေကို စသတ်တော့တယ်
သူ့ရဲ့ လူသတ်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့ ဖြစ်လာတာက
စုံထောက်ကျော် “ကဘီး”သားဇောနဲ့ ပြစ်မှုတွေကို ကျူးလွန်နေတဲ့ ဒန်နီက
သဲလွန်စမကျန်အောင် စေ့စပ်အောင် အမှုကျူးလွန်နိုင်တဲ့သူ
ဖြစ်တဲ့အပြင် အဲ့ဒီ့အမှုတွေကို ဖော်ထုတ်မယ့်စုံထောက်
ကဘီးကလည်း ခေသူမဟုတ်တော့သူတို့နှစ်ယောက်ရဲ့ အားပြိုင်မှု
လူသတ်မှုတစ်ခုချင်းစီနဲ့ အမှုဖော်ထုတ်မှုတစ်ခုချင်းစီတွေက
လက်ထဲကနေ ဖုန်းမချချင်လောက်အောင်ကို
ဆွဲခေါ်သွားမှာဖြစ်လို့ မကြည့်ရသေးသူများ
ကြည့်ဖြစ်အောင် ကြည့်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေရှင်Quality : 800MB / 400MBTotal Episodes : 8EpsFormat : mp4Genres :Crime, DramaDuration : 40mSubtitle : Myanmar Subtitle ( Hardsub )
https://image.tmdb.org/t/p/original/4WWcunHDT9qqVYDrs2t5VJ0BiNk.jpg
Hell's Garden (2021)
⭐IMDB: 6.4/10 (198 Votes)
🎬 #Action #Comedy
🗓️ 2021 🎞️ Movie 📺 720p HD
🌎 Japan
⏰ 1 နာရီ 43 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hell’s Garden (2021)
ဒီတစ်ခါမှာတော့ Imdb 6.4/10 ရရှိထားတဲ့ ဂျပန်ဟာသအက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် သာမန်ကားတွေနဲ့ မတူတာကတော့ မိန်းကလေးတွေ တိုက်ခိုက်နေကြတာကိုပဲ မြင်ရမှာဖြစ်ပါတယ်။
ဘယ်နယ်ပယ်မှာမဆို ဝန်ထမ်းအမျိုးသမီးတွေရဲ့ အုပ်စုတွေရှိကြပါတယ်။ ကုမ္ပဏီတစ်ခုထဲမှာလည်း အုပ်စုတွေအများကြီးရှိနိုင်သလို အုပ်စုရဲ့ ဘော့စ်ကိုတိုက်လို့နိုင်သွားတာနဲ့ တစ်အုပ်စုလုံး အနိုင်ရတဲ့သူလက်အောက်ရောက်မှာပါ။ အဲဒီလိုနဲ့အုပ်ချုပ်နေကြပါတယ်။
တာနာခနာအိုကိုဆိုတဲ့ မိန်းကလေးကတော့ အဲဒီကိစ္စတွေစိတ်မဝင်စားဘဲ သာမန်ရုံးအလုပ်လေးပဲ လုပ်နေချင်တဲ့သူပါ။ ဒါပေမဲ့ တစ်နေ့ ရုံးကို အသစ်ရောက်လာတဲ့ ဟိုဂျိုရန်ဆိုတဲ့ ဝန်ထမ်းသစ်က ကုမ္ပဏီကို လက်ရှိအုပ်ချုပ်နေတဲ့ အုပ်စု ၃ စုလုံးကိုအနိုင်ရသွားတဲ့အခါ …
ဒါ့အပြင် နာအိုနဲ့လည်း အရမ်းခင်မင်သွားတဲ့အခါမှာတော့ …
ပါဝင်ပတ်သတ်မိတဲ့ နာအိုတစ်ယောက် သူလိုချင်တဲ့သာမန်ဘဝလေးကို ဆက်လက်ထိန်းသိမ်းနိုင်ပါ့မလား?
(ဇာတ်လမ်းအညွှန်းကို ကိုShin Rinaက ရေးပေးထားပါတယ်။)
https://image.tmdb.org/t/p/original/bSqt9rhDZx1Q7UZ86dBPKdNomp2.jpg
It's a Wonderful Life (1946)
⭐IMDB: 8.6/10 (460 k Votes)
🎬 #Drama #Family #Fantasy
🗓️ 1946 🎞️ Movie 📺 1080p FHD
🌎 United States
⏰ 2 နာရီ 11 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
It’s a Wonderful Life (1946)
~ IMDb – 8.6/10, RT – 93%, Meta – 89% ~
It’s a Wonderful Life ကို တချို့က အကောင်းဆုံး ခရစ္စမတ်ကားလို့ သမုတ်ကြတယ်။ သူက Greatest Films of All time လို့ သမုတ်ကြတဲ့ကားတွေထဲက တစ်ကားအပါအဝင်လည်းဟုတ်တယ်။ 100 best American Films Ever Made စာရင်းထဲလည်းဝင်သလို American Film Institute ရဲ့ Greatest Movie List တွေထဲလည်း အမြဲပါတယ်။ Classic မှ ရေမရောတဲ့ ကလပ်စစ်စစ်စစ် ခရစ္စမတ်ကားဆိုလည်း ဟုတ်တယ်။ ခရစ္စမတ်ရုပ်ရှင်တွေထဲကမှ ခရစ္စမတ်အဆန်ဆုံး ရုပ်ရှင်ဆိုလည်း ဟုတ်တယ်။
ဒီကားကို Philip Van Doren Stern ရဲ့ The Greatest Gift လို့ခေါ်တဲ့ ဝတ္တုတိုကလေးကနေ Frank Capraက ရိုက်ထားတာ။ Frank Capraက It Happened One Night တို့ You Can’t Take It with You တို့ကို ရိုက်ခဲ့တဲ့သူ။ ဂန္ထဝင်ဒါရိုက်တာကြီးလို့ပြောရင်လည်း မမှားဘူး။ ဘာလို့ဆို ဒီကားတွေက ကလပ်စစ်ဖြစ်ကုန်ကြသကိုး။ ဒီဝတ္တုကလည်း ခရစ္စမတ်အငွေ့အသက်အပြည့်ရသဆို ခရစ္စမတ်ရဲ့အကျော်ကြားဆုံး ဝတ္တုဖြစ်တဲ့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကို ပါးပါးလေးအခြေတည်ထားသကိုး။ ဒီခရစ္စမတ်ကားဟာ ဒါရိုက်တာကိုယ်တိုင်ကလည်း သူရိုက်ခဲ့သမျှကားတွေထဲ အကြိုက်ဆုံးဖြစ်ခဲ့သလို ဒီရုပ်ရှင်ရဲ့မင်းသားJames Stewart ရဲ့ အကြိုက်ဆုံးကားလည်းဟုတ်ခဲ့တယ်။ သူတို့လက်ရာတွေထဲ သူတို့အကြိုက်ဆုံးဖြစ်ခဲ့တဲ့ကားဆိုတော့ စဉ်းစားကြည့်ပေါ့။ ဒီရုပ်ရှင်ကို ခေတ်အဆက်ဆက်ဗားရှင်းပေါင်းစုံအဖြစ် ကာလာသွင်းလိုက် ဘာလုပ်လိုက် ညာလုပ်လိုက်အသက်သွင်းခဲ့ကြသလို ဖိုးကေအထိပြန်လုပ်ခဲ့ကြပြီးပေမဲ့ မူလအရသာအတိုင်းပဲ ရစေချင်တာမို့ အဖြူအမဲဗားရှင်းကိုပဲ ရွေးချယ်ထားပါတယ်။
ထူးတာက It’s a Wonderful Life ဟာ ခရစ္စမတ်ကားဆိုပေမဲ့ ဆန်တာကလော့မပါ ဘာမပါ အကျိုးနည်းခရစ္စမတ်ကားပါလို့ ပြောရမယ့် ခရစ်စမတ်ကားပါပဲ။ It’s a Wonderful Life ဆိုပြီး စထားပုံကလည်း သတ်သေတော့မယ့် လူတစ်ယောက်နဲ့ စထားတယ်။ ပြီးတော့ ကျွန်တော်တို့ကို မြို့လေးတစ်မြို့က ဂျော့ဘိုင်လေလို့ခေါ်တဲ့လူတစ်ယောက်ရဲ့ ဘဝသမိုင်းကို ဖန်သားပြင်ထက် တရိပ်ရိပ်ပြတယ်။ အဲဒီလူနာမည်က ဂျော့ဘိုင်လေ။ ဒီလူက သာမန်လူတော့ သာမန်လူပါပဲ။ဒါပေမဲ့ သူ့ဘဝကတော့ သာမန်ဟုတ်မနေခဲ့ဘူး။ သူဟာ ကျွန်တော်တို့အားလုံးလိုပဲ အိပ်မက်တစ်ခုနဲ့လူပေါ့။ အရွယ်ရောက်လာရင် ကမ္ဘာကြီးကိုပတ်မယ် အသစ်အဆန်းတွေကို ရှာဖွေမယ်ဆိုတဲ့ လူမျိုး။ ဒါပေမဲ့ သူ့မိသားစုတွေ မိတ်ဆွေရဲ့ အကျိုးနဲ့ယှဉ်လာရင် သူ့အိပ်မက်တွေကို သူနောက်ဆုတ်ပေးရင်းပေးရင်း အချိန်တွေရယ်ကုန်ဆုံးလို့သာ အရွယ်လွန်လာခဲ့တဲ့ လူတစ်ယောက်ပေါ့။ သူ့အဖေရဲ့ပရဟိတလုပ်ငန်းလိုဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ အိမ်ရာနဲ့ချေးငွေလုပ်ငန်းကို အမွေဆက်ခံပြီး ဒီလုပ်ငန်းအတွက် ပြဿနာပေါင်းများစွာကို လူတော်တစ်ယောက်အနေနဲ့ ကျော်လွန်နိုင်ခဲ့ပေမဲ့လည်း သူ့မှာ စုမိဆောင်းမိဆိုလို့ ဒေါ်လာ၅၀၀တန် အသက်အာမခံကလွဲ ဘာမှမရှိခဲ့ဘူး။ တခြားမရှိဆင်းရဲသားတွေအတွက် ချေးငွေနဲ့အိမ်ပေါင်းများစွာကို ဖြစ်အောင် ဆောက်ပေးခဲ့ပေမဲ့ သူ့အပိုင်အိမ်ဆိုတာလည်း မရှိခဲ့ဘူး။ ဒါပေမဲ့လည်း သူဟာ သူ့မိတ်ဆွေတွေအတွက် သူချစ်တဲ့သူတွေအတွက် သူ့ဘဝကို သူကျေနပ်လိုက်ရင်း နေခဲ့တာပါပဲ။ တစ်ခုသော ခရစ္စမတ်အကြိုညမတိုင်ခင်အထိပေါ့။
တစ်ခုသော ခရစ္စမတ်အကြိုညမှာ သူ့ဘဝ ပြောင်းပြန်လန်သွားတဲ့ အဖြစ်မျိုးဖြစ်ခဲ့တယ်။ ဘာနည်းလမ်းမှမရှိတော့တဲ့နောက် ခရစ္စမတ်ညမှာ သတ်သေပစ်ဖို့ရွေးရတဲ့အထိ သူလမ်းဆုံးသွားခဲ့တယ်။ ဒါပေမဲ့ ဒီညက ခရစ္စမတ်ညပဲလေ။ ခရစ္စမတ်ဟာ နေ့တာအတိုဆုံး အအေးစက်ဆုံးလထဲက ရက်တစ်ရက်မှာ တည်နေတဲ့ အနွေးထွေးဆုံး ချစ်ခြင်းတွေအရှည်ကြာဆုံး ရက်တစ်ရက်ပဲမလား။ ခရစ္စမတ်ဟာ အားလုံးရဲ့ ရင်ထဲ ချစ်စိတ်တွေဖြည့်ပေးနိုင်တဲ့နေ့ပေါ့။ ခရစ္စမတ်ဟာ အဆိုးဆုံးလို့ခေါ်တဲ့လူတွေကို စိတ်ကောင်းဝင်စေနိုင်တဲ့နေ့။ ခရစ္စမတ်ဟာ အတွန့်တိုဆုံးလူတွေရဲ့နှလုံးသားကို ပြောင်းလဲစေနိုင်တဲ့နေ့လည်း ဟုတ်တယ်။ မပြေလည်ခဲ့သမျှတွေကိုလည်း ခရစ္စမတ်ဟာ သူ့ထဲက ချစ်ခြင်းတွေနဲ့ ခဝါချပေးနိုင်တယ်။ ခရစ္စမတ်ဟာ ဘာမဆိုဖြစ်နိုင်တယ်။ ဘာလို့ဆို ခရစ္စမတ်ဟာ ခရစ္စမတ်ကိုး။ ခရစ္စမတ်မှာ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်ဟာ ဆန်တာကလော့ဆီမှာမဟုတ်ဘဲ ကျွန်တော်တို့ကိုချစ်တဲ့လူတွေ ကျွန်တော်တို့ကချစ်တဲ့လူတွေဆီမှာရှိနေတယ်။ ဒီရုပ်ရှင်ဟာ ခရစ္စမတ်မှာ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုအကြောင်းပေါ့။ ဂျော့ဘိုင်လေလို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ တစ်ပြားမှမရှိပေမဲ့ အဖိုးအတန်ဆုံးဘဝအကြောင်းဆိုလည်း ဟုတ်တယ်။ ဘဝတွေဟာ လှပချင်မှလည်း လှပမယ်။ အကျည်းတန်ခြင်းက ပိုများနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ကချစ်တဲ့လူတွေအတွက် ကျွန်တော်တို့ကိုချစ်တဲ့လူတွေအတွက် ကျွန်တော်တို့မသိကြသည်ဖြစ်စေ သူတို့မသိကြသည်ဖြစ်စေ ဘဝတွေဟာ It’s a Wonderful Life လို့ ပြောရမယ့် ဘဝတွေချည်းပေါ့။
https://m.media-amazon.com/images/M/MV5BYTYxZjhlZjQtYTlmYi00OWM0LWI4YzgtNjAxZmJkNjM1MTQzXkEyXkFqcGdeQXVyMTEyMjM2NDc2._V1_FMjpg_UX1000_.jpg
The Witcher: Blood Origin (2022-2022)
⭐IMDB: 3.1/10 (1 k Votes)
🎬 #Action #Adventure #Drama
🗓️ 2022-2022 🎞️ tv mini series 📺 1080p FHD
🌎 United States, Poland
⏰ 1 နာရီ 04 မိနစ် 45 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Witcher: Blood Origin (2022)
နာမည်ကျော် The Witcher စီးရီးကြီးရဲ့ မူလအစအကြောင်းကို လေးပိုင်းပါဝင်တဲ့ စီးရီးတစ်ခုအနေနဲ့ နက်ဖလစ်က တင်ဆက်လိုက်ပါပြီ။ ဒီစီးရီးမှာတော့ ကမ္ဘာပေါ်ကို လူသားတွေ မိစ္ဆာတွေမရောက်သေးခင် နတ်သူငယ်တွေရဲ့ခေတ်ကို အခြေခံထားပါတယ်။ နတ်သူငယ်အင်ပါယာကြီးရဲ့ အင်အားကြီးကို စစ်သည်တော် ၇ ယောက်က အံတုတိုက်ခိုက်ရင်း ပထမဆုံးသော ဝစ်ချာ ပေါ်ပေါ်လာပုံကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ ဝစ်ချာစီးရီးရဲ့ ဝိသေသအတိုင်း သတ်တာဖြတ်တာကြမ်းကြမ်းတွေ၊ မျိုးနွယ်စုတွေ၊ မှော်တွေ၊ သတ္တဝါတွေ အဆဲအဆိုတွေနဲ့ ဝေဝေဆာဆာကြည့်ရမှာပဲ ဖြစ်ပါတယ်။ ခေတ်မတူတာကြောင့် ဂဲရော့ကြီး မပါဝင်ပေမဲ့ မင်းသမီးကြီး မီရှဲယိုက ဓားသမားအဖြစ် ပါဝင်ထားပါတယ်။ ခံစားကြည့်လိုက်ပါဦး။ File size… 1Gb / 500 Mb
https://m.media-amazon.com/images/M/MV5BOWRjYzBjNDUtY2UxMS00ZWZmLThkMjgtM2M3NzY5ZjNhMDg3XkEyXkFqcGdeQXVyMjAwNzczNTU@._V1_FMjpg_UX1000_.jpg
A Merry Christmas Wish (2022)
⭐IMDB: 6.2/10 (447 Votes)
🎬 #Comedy #Family
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 United States
⏰ 1 နာရီ 25 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Merry Christmas Wish (2022)=======================IMDb Rating – 6.2/10
၁၂လပိုင်း Christmasကာလလေးမှာ Christmasကားတွေပဲအများဆုံးသရုပ်ဆောင်လေ့ရှိတဲ့ Jill Wagnerရဲ့ ရုပ်ရှင်ကားသစ်လေးလာပါပြီ။
နယူးယောခ့်မြို့ Brandတွေကို ကြောငြာပေးရတဲ့ ဂျင်းနီဆိုတဲ့ကောင်မလေးကChristmasကာလမှာ သူ့ဦးလေး ရန်ဒန်ဆုံးသွားလို့နယ်ဘက်ကို ခေတ္တသွားဖို့ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ရက်အနည်းငယ်ပဲသွားဖို့စီစဥ်ထားတဲ့ခရီးက ဒီထက်ပိုပြီးကြာသွားဖို့ ဖြစ်ခဲ့ပါတယ်။ သူကြာသွားရတဲ့အကြောင်းရင်းက ဘာဖြစ်မလဲဆိုတာ ဒီကားလေးထဲမှာမြင်တွေ့ရမှာဖြစ်ပြီး၊ ပေါ့ပေါ့ပါးပါးလေးကြည့်ရှု့ရမှာဖြစ်ပါတယ်။
နွေးနွေးထွေးထွေးကြင်ကြင်နာနာရုပ်ရှင်လေးမို့လို့ ရည်းစားလေးနဲ့ဖြစ်ဖြစ်၊ မိသားစုလေးနဲ့ဖြစ်ဖြစ် အတူတူကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။ Marry Christmas and Happy New Yearပါ။God Bless you all.(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Minn Khant Kyi Winဖြစ်ပါတယ်)
