uz
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
The King Tide (2023) ⭐IMDB: 6.5/10 (724 Votes) 🎬 #Drama #Mystery #Thriller 🗓 2023 🎞 movie 🌎 #Canada ⏰ 1 နာရီ 43 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 6.5 ရရှိထားတဲ့ Drama/Mystery/Thriller ရုပ်ရှင်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်းငယ်လေးတစ်ခုပေါ်က ရွာလေးတစ်ခုမှာ အိုင်လာဆိုတဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်။ အိုင်လာမှာ ထူးခြားတဲ့ပါရမီစွမ်းအားတစ်ခုရှိပါတယ်။ ဒါကတော့ သူမက ဒဏ်ရာတွေကို စိတ်စွမ်းအင်နဲ့ကုသပေးနိုင်တာပါ။ အိုင်လာဟာ ဒီကျွန်းလေးပေါ်ကို လျှို့ဝှက်ဆန်းကြယ်စွာနဲ့ရောက်လာခဲ့တာပါ။ အိုင်လာကို ရွာသူကြီးဖြစ်တဲ့ ဘော်ဘီတို့မိသားစုကမွေးစားထားပါတယ်။ ဒီကျွန်းရွာလေးရဲ့ထူးခြားချက်ကတော့ ဒီရွာလေးမှာနေထိုင်တဲ့သူတွေဟာ ပြည်မကြီးနဲ့အဆက်အသွယ်မလုပ်ကြဘဲ တံငါလုပ်ငန်းနဲ့ပဲ သီးခြားရပ်တည်လာကြတာ ဆွေစဉ်မျိုးဆက်ရှိနေပြီဖြစ်တာပါ။ ဒါ့အပြင် ရွာသူရွာသားတွေဟာ ထိခိုက်ဒဏ်ရာရ နေထိုင်မကောင်းဖြစ်တိုင်း အိုင်လာနားကိုသွားလိုက်တာနဲ့ လုံး၀သက်သာပျောက်ကင်းသွားကြတာပါ။ ဒီလိုနဲ့ ရွာသူရွာသားတွေဟာ အိုင်လာလေးရဲ့ကျေးဇူးကြောင့် တစ်ရွာလုံး အသေအပျောက် အထိအခိုက်မရှိဘဲ နေထိုင်လာကြတာ အိုင်လာ‌လေး ကျွန်းပေါ်စရောက်လာတဲ့နေ့ကတည်းကပါပဲ။ ဒါပေမဲ့ အိုင်လာရဲ့အဖွားဟာ အိုင်လာ့ကို လူသားတစ်ယောက်လိုမဆက်ဆံဘဲ ဓာတ်ခွဲခန်းထဲက အစမ်းသပ်ခံကြွက်သဖွယ် လိုတာထက်ပိုပြီးအမြတ်ထုတ်အသုံးချဖို့ ကြိုးစားလာတဲ့နောက်မှာတော့ ဒီကျွန်းရွာလေးဟာ ငါးပါးမှောက်ဖို့ရာအကြောင်းဖန်လာပါတော့တယ်။
...

Masked Hearts (2023) ⭐TMDB: 60% User Score 🎬 #Drama #Romance #Comedy #Family 🗓 2023 🎞 movie 🌎 #Japan ⏰ 2 နာရီ 20 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Masked Hearts ( 2023 ) ==================== ဒီဂျပန်ကားက ကြည့်ရတာတော့ အရမ်းသွက်ချင်မှသွက်မှာပေမဲ့ ကြည့်ရင်းနဲ့ ဇာတ်ရည်လာတဲ့အချိန် အရသာတော်တော်လေးပေါ်လာမယ့် ရုပ်ရှင်မျိုးပါပဲ။ ဇာတ်လမ်းကတော့ ဒါရိုက်တာပေါက်စမလေးတစ်ယောက်ရဲ့ ရုပ်ရှင်လောကက အခက်အခဲတွေနဲ့ စထားတယ်။ သူ့ရဲ့ရုပ်ရှင်အပေါ် ရှုမြင်ပုံတွေ ဘာတွေနဲ့ စတယ်။ ဒါက စီးပွားရေးသမားတွေအတွက် အံမကိုက်တာလား သူ့ကိုအသုံးချလိုက်တာလားတော့မသိပေမဲ့ သူစဉ်းစားထားတဲ့ဇာတ်ကို သူရိုက်ခွင့်မရလိုက်ရဘူး။ ဒီလိုနဲ့ သူက အိပ်မက်တွေကို လက်လျှော့ထားတဲ့လူတစ်ယောက်နဲ့တွေ့တယ်။ သူတို့နှစ်ယောက်အတူတူ ဒါရိုက်တာမရဲ့ဇာတ်လမ်းအတိုင်းပဲ ကိုယ်ထူကိုယ်ထရိုက်ဖို့လုပ်ကြတယ်။ ဒီလိုလုပ်ရင်း သူ့ဇာတ်လမ်းကို သူ့ဘာသာတောင် နားမလည်ခဲ့တဲ့အချက်တွေကို ဒါရိုက်တာမလေးက နားလည်လာတယ်။ သူ့အပြစ်တင်ချင်ခဲ့သမျှတွေက သူထင်သလိုမဟုတ်နေတာကိုလည်းး နားလည်လာတယ်။ ဇာတ်က အေးအေးလေးပေမဲ့ အဲဒီအေးအေးလေးကိုမှ စိတ်ဝင်စားစရာလည်းကောင်းသလို ကြာလေ ထိလေဖြစ်လာအောင် ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ ဂျပန်ရုပ်ရှင်တွေထုံးစံအတိုင်း သူ့ရဲ့လေးပင်တဲ့တန်ပိုကို စိတ်ရှည်နိုင်တဲ့ သူ့ပရိသတ်တွေနဲ့ပဲ ပိုကီးကိုက်ပါလိမ့်မယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(1.9GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
...

Cursed (2024) ⭐TMDB: 30% User Score 🎬 #Horror 🗓 2024 🎞 movie 🌎 #Thailand ⏰ 1 နာရီ 34 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကျိန်စာသင့် ရိုးရာ (၂၀၂၄) ဒီတစ်ခါမှာတော့ ထိုင်းဟော်ရာဖန်တွေရဲ့အကြိုက် ဟော်ရာကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။မျိုးရိုးစဉ်ဆက် ဆက်ခံလာခဲ့တဲ့ နိုရာအကဆိုတဲ့ ဓလေ့ထုံးတမ်းအကတစ်ခုကို ဆက်ခံသူမရှိတဲ့အချိန်မှာချာထရီဟာ သူ့မှာသာ သားယောက်ျားလေးမွေးဖွားလာခဲ့ရင် နိုရာအက အမွေကို ဆက်ခံခိုင်းမယ်ဆိုပြီးတော့ နိုရာဘိုးဘေးတွေဆီမှာ ကတိကဝတ်ပြုခဲ့ပါတယ်။သူတောင်းဆိုတဲ့အတိုင်းပဲ သားယောက်ျားလေးဩဂတ်ကို ဖွားမြင်လာတဲ့အခါမှာ သားလေးကို ဓလေ့ထုံးတမ်းအတိုင်းထားခဲ့ရာကနေမိန်းမဖြစ်သူက ချာထရီ့ကို အစွဲအလမ်းကြီးသူအဖြစ် သတ်မှတ်ပြီးတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး မကြာခဏရန်ဖြစ်ရာကနေ ကွဲခဲ့ကြပါတယ်။ဒီလိုနဲ့ ချာထရီတစ်ယောက် နေမကောင်းဖြစ်ကာ ကွယ်လွန်ခါနီးအချိန်မှာသားဖြစ်သူကို မိုအီထုံးတမ်းကို လမ်ပမ်အိမ်မှာ လုပ်ဖြစ်အောင်လုပ်ဖို့ မှာကြားနေရင်းကနေ အသက်ဆုံးပါးသွားခဲ့ပါတယ်။ဖခင်ဆုံးပါးသွားတဲ့နောက် ဩဂတ်နဲ့ သူ့အမေဟာ လမ်ပမ်အိမ်ကို သွားဖို့ ဖြစ်လာရာကနေ ……..ဘယ်လို ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းတွေ ဖြစ်ပေါ်လာမလဲ ….သူတို့ရဲ့ နောက်ကြောင်းရာဇဝင်ကရော ဘယ်လိုတွေ ဖြစ်ခဲ့တာလဲ ……..မိုအီဓလေ့ကိုရော လုပ်နိုင်လိုက်မှာလား ….. ဆိုတာတွေကို ထိတ်ထိတ်လန့်လန့်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Char Ouပဲ ဖြစ်ပါတယ်။
...

Peninsula (2020) ⭐IMDB: 5.5/10 (39 k Votes) 🎬 #Action #Horror #Thriller #Adventure 🗓 2020 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 56 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Peninsula – Train to Busan 2 (2020) ========================== IMDb Rating – 6.0/10 #Unicode ဒီရုပ်ရှင်မှာတော့ ကိုရီးယားကို နိုင်ငံအားလုံးက ပိတ်ဆို့ထားခဲ့တာ ၄ နှစ်ကြာခဲ့ပါပြီ။ အထဲမှာ အသက်ရှင်ရက် ကျန်ခဲ့သူတွေက လွတ်မြောက်ဖို့ ကြိုးစားနေသလို လောဘသားတွေကလည်း ပိုင်ရှင်မဲ့နေတဲ့ ငွေတွေ ရတနာတွေ ကို ယူဖို့ ခိုးဝင်နေကြပါတယ်။ ကိုရီးယားနိုင်ငံတစ်ခုတည်း ကမ္ဘာပျက်ပြီးနောက်ပိုင်း အခြေအနေကို ပြသလို ပြထား ပြီး အရင်ရုပ်ရှင်လိုပဲ Survival အတွက် စွန့်စားခန်းတွေ ဖွင့်တာကို တွေ့ရမှာပါပဲ။ အရင်က Train To Busan ပထမပိုင်းအနေနဲ့ထွက်ရှိထားပြီး လင့်ကိုတော့ အောက်မှာထည့်သွင်းဖော်ပြပေးထားပါတယ်။ အခုကားကတော့ အပိုင်း ၂ အနေနဲ့ထွက်ရှိလာတာမို့ အားလုံးပဲခံစားကြည့်ရှုပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) Part 1 >>>https://channelmyanmar.to/train-to-busan2016/ #Zawgyi ဒီရုပ်ရှင်မှာတော့ ကိုရီးယားကို နိုင်ငံအားလုံးက ပိတ်ဆို့ထားခဲ့တာ ၄ နှစ်ကြာခဲ့ပါပြီ။ အထဲမှာ အသက်ရှင်ရက် ကျန်ခဲ့သူတွေက လွတ်မြောက်ဖို့ ကြိုးစားနေသလို လောဘသားတွေကလည်း ပိုင်ရှင်မဲ့နေတဲ့ ငွေတွေ ရတနာတွေ ကို ယူဖို့ ခိုးဝင်နေကြပါတယ်။ ကိုရီးယားနိုင်ငံတစ်ခုတည်း ကမာၻပျက်ပြီးနောက်ပိုင်း အခြေအနေကို ပြသလို ပြထား ပြီး အရင်ရုပ်ရှင်လိုပဲ Survival အတွက် စွန့်စားခန်းတွေ ဖွင့်တာကို တွေ့ရမှာပါပဲ။ အရင်က Train To Busan ပထမပိုင်းအနေနဲ့ထွက်ရှိထားပြီး လင့်ကိုတော့ အောက်မှာထည့်သွင်းဖော်ပြပေးထားပါတယ်။ အခုကားကတော့ အပိုင်း ၂ အနေနဲ့ထွက်ရှိလာတာမို့ အားလုံးပဲခံစားကြည့်ရှုပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။)
...

The Summer of Sangaile (2015) ⭐IMDB: 6.4/10 (3 k Votes) 🎬 #Adult #Drama #Romance 🗓 2015 🎞 movie 🌎 #Lithuania #France #Netherlands ⏰ 1 နာရီ 30 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Summer of Sangaile (2015) Sangailes vasara IMDb Rating -6.4  ၊ Rotten Tomatoes -75% စကားတွေအများကြီး မပြောပဲ သရုပ်ဆောင်ချက်လေးတွေ နောက်ခံသံစဉ်လေးတွေ ရိုက်ချက်လေးတွေနဲ့ ဖော်ကျူးသွားတဲ့ ဆယ်ကျော်သက် GL ကားလေး တင်ဆက်ပေးလိုက်ပါရစေ။ ထူးထူးခြားခြား ဖြစ်တာတော့ ကြည့်ဖူးနေကျ မြင်ဖူးနေကြ နိုင်ငံက ရုပ်ရှင်မဟုတ်ပဲ လစ်သူရေနီးယား ရုပ်ရှင်တစ်ကား ဖြစ်နေတာပါ။ ဒါပေမဲ့လည်း Sundance ရုပ်ရှင်ပြပွဲမှာလိုတောင် ထည့်သွင်းပြသခဲ့တဲ့ကားဟောင်း ဖြစ်ပါတယ်။ ဆန်ဂါလီဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးက စတန့်ပြလေယာဉ်တွေကို သဘောကျ နှစ်ခြိုက်သူတစ်ဦးပါ။ မိခင်ဖြစ်သူရဲ့ တင်းကြပ်တဲ့ အုပ်ထိန်းမှုကြောင့် လေးလေးလံလံနဲ့ အဖော်အပေါင်းမရှိ အထီးကျန်သူလေး တစ်ဦးပေါ့။ တစ်နေ့တော့ လေယာဉ်ပြပွဲတစ်ခုကို သွားလည်ရင် သူနဲ့ ဆန့်ကျင်ဖက်လို့ ပြောလို့ရမယ့် တက်တက်ကြွကြွနဲ့ ဖော်ရွေတတ်သူ ကောင်မလေး သြစတီနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ ဒီလိုနဲ့ ခင်မင်ကြတဲ့နောက် ဆန်ဂါလီဟာ သူ့ရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တွေ အကြောက်တရားတွေကိုပါ သြစတီကို ရင်ဖွင့်လာနိုင်တဲ့အထိ နှစ်ဦးသားဆက်ဆံရေးက သူငယ်ချင်းထက် အဆင့်လွန်လာတဲ့အချိန်မှာတော့…..။ (Dark Side Production မှ တင်ဆက်သည်။)
...

First Name: Carmen (1983) ⭐TMDB: 62% User Score 🎬 #Adult #Crime #Drama #Music #Comedy #Romance 🗓 1983 🎞 tv movie 🌎 #France ⏰ 1 နာရီ 26 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 First Name: Carmen (1983) Prénom Carmen IMDb Rating -6.3  ၊ Rotten Tomatoes -88% ကာမင်းဆိုတဲ့အကြမ်းဖက်သမ မိန်းမလှလေးဟာ ရုပ်ရှင်ဒါရိုက်တာဦးလေးဖြစ်သူဆီကကမ်းခြေအိမ်တစ်လုံးကိုခဏငှားရမ်းခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့ သူတို့အဖွဲ့ဘဏ်ဓားပြတိုက်ပြီးရင်ခေတ္တခိုနေစရာတစ်ခုအဖြစ်သုံးဖို့ပါပဲ။ဒါပေမယ့် ဘဏ်လုံခြုံရေးတစ်ဦးကိုသူ ချစ်ကျွမ်းဝင်မိသွားချိန်မှာတော့ကြိုတင်စီမံထားသမျှတွေ ကမောက်ကမဖြစ်ကုန်ပါတော့တယ်။ ပြင်သစ်ရုပ်ရှင်လှိုင်းသစ်ကိုစတင်ခဲ့တဲ့ပိုင်အိုးနီးယားဒါရိုက်တာ Jean-Luc Godard ရဲ့လက်ရာတစ်ခုဖြစ်ပြီးသူ့ရဲ့လက်ရာတွေဟာစမ်းသပ်လေ့လာမှု၊ဇာတ်ကြောင်းပြောပုံတွေကတစ်ဆင့် ရုပ်ရှင်ပုံစံတွေကိုတော်လှန်ပြောင်းလဲစေခဲ့တယ်လို့ဆိုကြပါတယ်။ဒီဇာတ်ကားမှာလည်း အဲ့ဒီလိုထူးခြားတဲ့တင်ဆက်ပုံကိုတွေ့မြင်ရမှာဖြစ်ပြီး မြင်နေကျပုံစံမျိုးမဟုတ်တဲ့အတွက်အစပိုင်းမှာတော့ အတော်သည်းခံရပါလိမ့်မယ်။ပရိသတ်တွေအနေနဲ့လည်း ကြိုက်တဲ့သူနဲ့မကြိုက်တဲ့သူနှစ်ဖွဲ့ကွဲနေတာဖြစ်ပြီး မကြိုက်တဲ့သူတွေကတော့ ကာမင်း သရုပ်ဆောင်မင်းသမီး Maruschka Detmers ရဲ့ထူးခြားတဲ့ဂန္ဓဝင်အလှကိုအားပေးချီးကျူးကြပါတယ်။ ဇာတ်လမ်းကိုမကြိုက်ဘူးဆိုရင်တောင် ခမ်းခမ်းနားနားလှတဲ့ခေါင်းဆောင်မင်းသမီးရဲ့လွတ်လပ်ပွင့်လင်းတဲ့ဇာတ်ဝင်ခန်းတွေကြောင့်အချိန်ပေးရကျိုးနပ်စေမှာအသေအချာပါပဲ။အဲ့ဒီနှစ် ဗင်းနစ်အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်မှာရွှေခြင်္သေ့ဆုရရှိထားပါတယ်။ရှုစားကြပါ။ (Dark Side Production မှ တင်ဆက်သည်။)
...

Train to Busan (2016) ⭐IMDB: 7.6/10 (265 k Votes) 🎬 #Action #Drama #Horror #Thriller #Adventure 🗓 2016 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 58 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂုံယူ, မာဒုံဆော့, ချွဲအူရှစ် စတဲ့မင်းသားကြီးတွေပါဝင်ထားပြီး ဇွန်ဘီကားလို့ ပြောလိုက်တာနဲ့ အရင်ဆုံး ပြေးမြင်မိလောက်တဲ့အထိ အောင်မြင်ပြီးတေ့ာ ဆုကြီးတွေ အများကြီးရရှိခဲ့တဲ့ “Train to Busan” ရုပ်ရှင်ကားကြီးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းကတော့ ဆော့ဝူ(Gong Yoo)ဟာ ငွေကြေးစီမံမန်နေဂျာတစ်ယောက်ဖြစ်ပြီး အလုပ်ကိုပဲ အရမ်းဦးစားပေးလွန်းတဲ့အတွက် သမီးလေးကို အချိန်မပေးနိုင်ဖြစ်နေပါတယ် တစ်နေ့မှာတော့ သမီးဖြစ်သူက သူ့မွေးနေ့မှာ ဘူဆန်မှာရှိတဲ့အမေဆီကို သွားချင်တယ်လို့ အတင်းပူဆာတဲ့အတွက် အလုပ်‌တွေကိုပစ်ပြီး လိုက်ပို့ရပါတော့တယ် အဲဒီနေ့မှာပဲ ဇွန်ဘီပိုးက နိုင်ငံအနှံ့စတင်ပျံ့နှံ့နေပြီး သူတို့စီးတဲ့ ရထားပေါ်မှာလည်း ဇွန်ဘီအကိုက်ခံထားရတဲ့သူတစ်ယောက် ပါလာပါတယ် အဲဒီသူကနေတစ်ဆင့် ရထားတစ်စီးလုံးနီးပါးပါ ဇွန်ဘီပိုးကူးစက်သွားတဲ့အတွက် သူတို့ ဒီရထားပေါ်ကနေ လွတ်မြောက်အောင် ဘယ်လိုကြိုးစားကြမလဲ မင်းသား၃‌ယောက် ပူးပေါင်းပြီး ဇွန်ဘီတွေကို ဘယ်လိုတိုက်ခိုက်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပြီး ရသပေါင်းစုံပေးစွမ်းနိုင်တဲ့ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်
...

Dancing Village: The Curse Begins (2024) ⭐TMDB: 68% User Score 🎬 #Horror #Mystery #Thriller 🗓 2024 🎞 movie 🌎 #Indonesia ⏰ 2 နာရီ 4 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကချေသည်ရွာ – ကျိန်စာများ၏ နိဒါန်း (၂၀၂၄) 2022 ခုနှစ်က ကချေသည်သရဲကားဆိုပြီး အတော်လေးနာမည်ကြီးခဲ့တဲ့စံချိန်တင် အင်ဒိုသရဲကား KKN, Curse of dancing village လေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။အဲဒီတုန်းကတော့ ရွာမှာ ပရဟိတလာလုပ်တဲ့ ကျောင်းသားတစ်သိုက်နဲ့ထူးဆန်းတဲ့ရွာလေးအကြောင်းကို အဓိကရိုက်ကူးပြခဲ့တာဖြစ်ပြီးအခု 2024 Dancing Village, The Curse Beginsမှာတော့ဒီကျောင်းသားတွေ သွားခဲ့တဲ့ရွာလေးရဲ့အကြောင်းကို နောက်ကြောင်းပြန်ရှင်းမယ့် prequelလေးပါ။ဒီကားလေးကို မသိကြသေးသူတွေရော သဘောကျလို့ အဆက်ကိုမျှော်နေသူတွေရောအတွက် ဒီဇာတ်လမ်းလေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။ မစ်လာရဲ့အမေက အကောင်းကြီးကနေ ရုတ်တရက်ဆိုသလို အိပ်ရာထဲလဲသွားပြီးဆေးခန်းပြတော့လည်း ဆရာဝန်တွေလည်း အဖြေမရှာနိုင်တာဖြစ်လို့ နတ်ဆရာတစ်ယောက်နဲ့ခေါ်ပြတော့တာပေါ့။ဒီနတ်ဆရာက မစ်လာ့အမေဆီမှာ ဂျာဗားကျွန်းအရှေ့စွန်းက ပစ္စည်းတစ်ခုရှိနေကြောင်းဒီပစ္စည်းက ဒီကျွန်းပေါ်ကပိုင်ရှင်ဆီပြန်အပ်မှပဲ အမေဖြစ်သူက ပြန်လည်ကောင်းမွန်လာမယ်ဆိုပြီး ပြောသွားတော့မစ်လာလည်း အစ်ကိုဝမ်းကွဲနဲ့ သူငယ်ချင်းတစ်ယောက်နဲ့အတူ လမ်းပြရှာပြီး ကချေသည်ရွာကို ခရီးထွက်လာပါတော့တယ်။ ဒါပေမဲ့ သူတို့မသိလိုက်တာက ဒီကချေသည်ရွာလေးဟာ ကျိန်စာသင့်နေတဲ့ရွာလေးဖြစ်ပြီးတော့မစ်လာပြန်လာပေးဖို့ ယူလာခဲ့တဲ့လက်ကောက်က ကျွန်းပေါ်ကနတ်ဆိုး ဘာဒရာဝူဟီရဲ့လက်ကောက်ဖြစ်နေချိန်မှာတော့….. KKN မှာ အကျယ်တဝင့် မပြောခဲ့တဲ့ ကချေသည်ရွာနဲ့ ဘာဒရာဝူဟီရဲ့ကျိန်စာကရော ဘာလဲ။ဝေးလံခေါင်ဖျားက လူသူမသိတဲ့ရွာငယ်လေးကနတ်ဆိုးရဲ့လက်ကောက်ကရော မစ်လာအမေဆီဘယ်လိုရောက်နေတာလဲ။မသေချာမရေရာခြင်းများစွာနဲ့ မစ်လာတို့အဖွဲ့ကရော ကချေသည်ရွာမှာ ဘာတွေကြုံရမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။
...

Reversed Destiny (2024) ⭐TMDB: 0% User Score 🎬 #Drama #Romance 🗓 2024 🎞 tv movie 🌎 #China ⏰ 1 နာရီ 51 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အတူတူလျှောက်လှမ်းခဲ့တဲ့လူတွေဟာတစ်ချိန်ချိန်မှာ ခွဲခွာရမှာပဲဆုံးရှုံးလိုက်ရတဲ့အရာတွေက အတိတ်လို့ပဲထင်ခဲ့တယ်။ဒါပေမယ့် ငယ်ရွယ်နုပျိုခဲ့တဲ့အချိန်တွေကိုနောက်ပြန်လှည့်ကြည့်လိုက်မှပိုင်ဆိုင်ခဲ့ဖူးတာတွေက အကြီးမားဆုံးကံကောင်းခြင်းဆိုတာသိလိုက်ရတယ်။သဲနာရီဟာတစ်ဖက်ကနေသဲမှုန်တွေအကုန်ကျသွားဖို့ ၉၉စက္ကန့်ကြာတယ်လို့ဆိုတယ်။ဘဝမှာအခက်အခဲတွေဘယ်လောက်ပဲကြုံနေရပါစေ၉၉စက္ကန့်အတွင်းမှာ သဲနာရီလိုအခြေနေတွေပြောင်းလဲသွားဖို့ဖြစ်နိုင်ပါတယ်။ ဇာတ်လမ်းလေးကတော့……အမေဖြစ်တဲ့သူက တခြားကလေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်းသေဆုံးသွားတယ်။အဲဒီအချိန်ကစပြီးတော့ အဖေဖြစ်သူကအရက်ကိုပဲနေ့ညမပြတ်နေခဲ့ပြီးတော့အတန်းဖော်တွေကရှောင်ဖယ်ပြီး အနိုင်ကျင့်တာခံနေရတဲ့မိခင်မဲ့သူ …… မော့ရှင်ရှင်ချမ်းသာပြီး အရာရာပြီးပြည့်စုံတဲ့ တောက်ပတဲ့နေရောင်လိုမှောင်မိုက်တဲ့မော့ရှင်ရှင်ရဲ့ဘဝထဲကိုဝင်လာသူ …… မီရှားဒါရိုက်တာဖြစ်ဖို့အိပ်မက်ရှိပြီး နွေးထွေးတဲ့စီနီယာတစ်ယောက်ဖြစ်တဲ့လုလီ(၃)ယောက်အတူအမှတ်ရစရာကောင်းတဲ့အထက်တန်းကျောင်းသားဘဝကိုကျော်ဖြတ်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ လူငယ်လေးတွေရင်ထဲက ခါးသီးမှု၊ ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်မှုနဲ့ထိရှလွယ်တဲ့စိတ်ခံစားချက်တွေကြောင့် အချစ်နဲ့ကာကွယ်မှုတွေကိုတွန်းဖယ်မိကြတယ်။အချိန်နာရီတွေကြာလာတာနဲ့အမျှနုပျိုခြင်းတွေနဲ့ခွဲခွာကြရတယ်။ဇာတ်လမ်းရဲ့နောက်ဆုံးမှာတော့ မေ့ပျောက်ခံရတဲ့အတိတ်ကအမှတ်တရတွေကို သဲနာရီကပဲအမှတ်ရပေးနေလိမ့်မယ်ထင်ပါတယ်။အတိတ်ကိုပြန်လှည့်ကြည့်တဲ့အခါ ပြုံးနေနိုင်ဖို့လက်ရှိပိုင်ဆိုင်ထားတာတွေကို တန်ဖိုးထားနိုင်ဖို့မျှော်လင့်ပါတယ်။
...

Pandemonium (2023) ⭐TMDB: 50% User Score 🎬 #Horror #Drama #SciFi 🗓 2023 🎞 tv movie 🌎 #France #UnitedStates #Colombia #Mexico #Spain ⏰ 1 နာရီ 35 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pandemonium ( 2023 ) ဒီပြင်သစ်ကားက စိတ်ဝင်စားစရာတော့ကောင်းတယ်။ဇာတ်ကတော့ စစအဖွင့်မှာတင် လူနှစ်ယောက် စကားပြောတာနဲ့ စထားတယ်။သူတို့နှစ်ယောက်စလုံးက သေပြီးသား တစ်ယောက်က သေမှန်းသိတယ်။ တစ်ယောက်က သေမှန်းမသိသေးဘူး။သေမှန်းသိတဲ့လူရဲ့ဆိုင်ကယ်ကို သေမှန်းမသိတဲ့လူက ကားနဲ့တိုက်မိလို့ သူတို့နှစ်ယောက်စလုံးသေသွားကြတာ။ဒီလိုနဲ့ သူတို့စကားပြောကြတယ်။ ခဏနေတော့ တစ်ယောက်က သူတို့တွေဂီတသံကြားရတယ်။ကောင်းကင်ဘုံတံခါးလို့ထင်ရတဲ့ တံခါးတစ်ခု ပေါ်လာတယ်။ သူတို့ထဲကတစ်ယောက်က ဝင်ဖို့ကြိုးစားကြည့်ပေမဲ့ ဝင်လို့မရဘူး။ခဏနေတော့ သူတို့အော်သံတွေကြားလာရတယ်။ ငရဲတံခါးကပေါ်လာတယ်။ဒီကားမှာ ကောင်းဘုံတံခါးရော ငရဲတံခါးရောရှိပေမဲ့ ငရဲဘက်ခြမ်းကိုပဲ အဓိက ပြသွားတယ်။ကောင်းကင်ဘက်ခြမ်းမှာ ဘာတွေဖြစ်လာမလဲတော့မပြသွားပေမဲ့ ငရဲရဲ့ ရက်စက်မှုကို သေချာပြသွားခဲ့တယ်။ငရဲကလူတွေ ဘာလို့ငရဲရောက်လာသလဲလည်း ပြသွားခဲ့တယ်။သေချာတာတော့ ဟော်ရာကားပေမဲ့ ငရဲကိုပြသွားတဲ့ ကြည့်ကောင်းတဲ့ဟော်ရာကားပါပဲ။ဒါပေမဲ့ ငရဲသားရဲ့စကားအတိုင်းဆို ဒီရက်စက်မှုတွေဟာ ငရဲရဲ့အစပဲရှိသေးတယ်လို့ဆိုတယ်။ကျန်တဲ့ငရဲ ဘယ်လောက်ထိ ရက်စက်မလဲတော့ တွေးကြည့်လို့တောင်ရဲချင်စရာမရှိပါဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Wပဲ ဖြစ်ပါတယ်။
...

Fight Against Evil (2021) ⭐TMDB: 64% User Score 🎬 #Action #Crime #Drama 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 24 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကြမ်း မှ ဖိုက်မှ ကြိုက်တဲ့ Action ပရိတ်သတ်တွေအတွက်အက်ရှင်ကားကောင်းလေးတကားတင်ဆက်ပေးလိုက်ပါတယ်ဒီ Fight Against Evil ဇာတ်ကားကတော့ စုန်းပေမြို့မှာဖြစ်ပွားခဲ့တဲ့မှုခင်းတစ်ခုအကြောင်းကိုရိုက်ပြထားတာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့မင်းသား လီဟုမ်ချီက‌တော့ ရဲအရာရှိလေးတစ်ယောက်ပါလီဟုမ်ချီကသူခိုးဖမ်းရင်းနဲ့ ပြည်သူတစ်ယောက်နဲ့စကားများပြီးတိုင်ကြားခံလိုက်ရတာကနေတစ်ဆင့် အလုပ်ခဏနားလိုက်ရပါတယ် လီဟုမ်ချီနဲ့ သူ့ရဲ့ရည်းစားဖြစ်သူတို့က မိန်းကလေးရှင်ဘက်ကအိမ်ပြန်ပြီး မိဘတွေနဲ့တွေ့ဖို့ စုန်းပေမြို့ကိုခဏတာခရီးထွက်လိုက်ချိန်ကနေ ဒီ‌အမှုက စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ် လီဟုမ်ချီကယောက္ခထီးဖြစ်သူနဲ့အဆင်ပြေအောင် ညှိယူရင်းနဲ့ မထင်မှတ်ပဲလူတွေသတ်လိုက် ငွေတွေလိမ်လိုက်နဲ့အမြတ်ထုတ်နေတဲ့ ညီအကို ၃ယောက်နဲ့ တွေ့စုံလိုက်ရပါတယ် သုညအဆင့်ကနေ ဘဝစခဲ့တဲ့ ညီအကို ၃ယောက်ကဘယ်လိုအကြံတွေနဲ့ လောင်းကစားလောကကြီးကို ထိန်းချုပ်သွားမလဲလီဟုမ်ချီကရော အမှုကိုဘယ်လိုလိုက်မလဲ ဒီအမှုကရော သူ့ချစ်ရသူနဲ့ယောက္ခထီးဖြစ်သူကြားမှာ‌ရောပတ်သက်မှုတွေရှိနေလို့ဘယ်လိုအမှုကိုဖြေရှင်းသွားမလဲဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ရအောင်
...

The Enchanting Phantom (2020) ⭐IMDB: 5.6/10 (192 Votes) 🎬 #Adventure #Drama #Fantasy #Comedy #History #Romance 🗓 2020 🎞 movie 🌎 #China ⏰ 1 နာရီ 37 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 90 Born တော်တော်များများ 1987 ခုနှစ်လောက်ကထွက်တဲ့A Chinese Ghost Story ဇာတ်ကား‌လေးကိုသိကြမှာပါခုဒီဇာတ်ကားလေးကတော့ A Chinese Ghost Story ကို 2020 ခုနှစ်မှာပြန်လည်ဆန်းသစ်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ် စာပေသမားလေးနင့်ချိုင်ချန်ဟာ မင်းနေပြည်တော်သို့ ပြည်နယ်စာမေးပွဲဖြေဖို့ သွားရာလမ်းမှာဘုံကျောင်းပျက်မှာတည်းခိုရင်း သောင်းကျန်းလှတဲ့ ကဝေများနဲ့တွေ့ဆုံခြင်းဖြစ်ပါတယ်သူ့ကိုဖမ်းစားဖို့လာတဲ့ကဝေမလေး နိရှောင်ချန့်ဟာ သူ့ရဲ့ရိုးသားပြီးကူညီတတ်တဲ့စိတ်ရင်းလေးကြောင့် မသတ်ရက်ပဲတစ်ယောက်နဲ့တစ်ယောက်စုံမက်မိသွားကြပါတယ် ဒါပေမယ့် ရှောင်ချန့်ရဲ့ဘွားဘွားကဝေအိုမကြီးက သူမကိုတောင်မဲကဝေနတ်ဆိုးနဲ့လက်ထပ်ထိမ်းမြားဖို့ စီစဉ်ထားတဲ့အပြင်သန့်စင်တဲ့အဖိုဓာတ်ရှိတဲ့ စာပေသမားလေးကိုလိုချင်လို့ကဝေမုဆိုးတွေနဲ့ယှဉ်ပြိုင်မှုတွေဖြစ်လာပါတယ်ဇာတ်လမ်းသဘောသဘာဝတူသော်ငြားလည်း ဇာတ်ကားဟောင်းနဲ့မတူဘဲပြောင်းလဲသွားတဲ့တစ်ချို့ဇာတ်ဝင်ခန်းတွေကြောင့် သဘောမတွေ့ဖြစ်နိုင်ပေမယ့်ကြည့်မိလို့စိတ်ပျက်စေမယ့်ကားမျိုးတော့မဟုတ်ပါဘူးနော်ပြီးတော့ ချစ်စရာကောင်းတဲ့ မင်းသမီး Eleanor Lee နဲ့မင်းသား Chen Xingxu တို့အပြင်ဘွားဘွားကဝေအိုမကြီးနေရာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားကြီး Yuein Wah (ပိုးမင်းသားကြီး) ကြောင့်ဇာတ်လမ်းကပိုပြီးအသက်ဝင်နေပါတယ်
...

Zhu Bei Uncrackable Cases (2022) ⭐TMDB: 0% User Score 🎬 #Crime #Mystery 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 16 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မှုခင်းရဲတပ်ဖွဲ့က အဖွဲ့ခေါင်းဆောင်မုံ့တုန်းဟာ ရာထူးခန့်အပ်ခါစမှာပဲခြေထောက်ပြတ်တစ်ခုကို မြစ်ထဲက ဆယ်ခဲ့ရပြီးအမှုစစ်ဆေးစရာဖြစ်လာပါတယ်။ ဒီအမှုအတွက်ကျူးပေမြို့ကလေးကတံငါသည် ရှီဆွေရှန်းက ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့တဲ့အတွက် မုံ့တုန်းစိတ်ထဲ သံသယ ပိုများနေခဲ့ပါတယ်။ ရှီဆွေရှန်းရဲ့ ပြီးပြည့်စုံလှတဲ့ ဖြောင့်ချက်ကတစ်ဆင့် မုံ့တုန်းဟာသဲလွန်စတွေ ရှာဖွေနိုင်ခဲ့ပြီး လီလောင်စန်းကို သံသယဖြစ်ခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးနောက်မှာတော့ မုံ့တုန်းဟာမတော်တဆ လူသတ်မိတဲ့ လီလောင်စန်းကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တရားခံကို ရှာတွေ့ပြီအထင်နဲ့ အမှုပိတ်ခါနီးမှာ ခရိုင်မြို့မှ DNAစစ်ဆေးချက်အဖြေကို ရရှိခဲ့ပြီး ခြေထောက်ပြတ်ရဲ့ပိုင်ရှင်ဟာ တခြားလူတစ်ယောက် ဖြစ်နေမှန်း သိလိုက်ရတဲ့အခါ……မုံ့တုန်းတို့အဖွဲ့ တရားခံအစစ်ကို ဖမ်းဆီးနိုင်ပါ့မလား……ရထားတဲ့ သဲလွန်စတွေထဲမှာ ဘယ်လောက်ကအစစ်ဖြစ်ပြီးဘယ်လောက်က အတုတွေ ဖြစ်နေမလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုလိုက်ရအောင်နော်။
...

Horny House of Horror (2010) ⭐TMDB: 47% User Score 🎬 #Comedy #Horror 🗓 2010 🎞 movie 🌎 #Japan ⏰ 1 နာရီ 13 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Horny House of Horror (2010) review (လိင်ပိုင်းဆိုင်ရာ နှင့် သွေးထွက်သံယို ဇာတ်ဝင်ခန်းများပါရှိသဖြင့် မိသားစုနှင့်ကြည့်ရှုရန် မသင့်တော်ကြောင်း ကြိုတင်သတိပေးအပ်ပါသည်။) မကြာခင် လက်ထပ်တော့မှာဖြစ်တဲ့ နာကတ်စု တစ်ယောက်ဟာ နှစ်ပေါင်းများစွာ ခင်လာခဲ့တဲ့ သူငယ်ချင်း ၂ ယောက် ဖြစ်တဲ့အူနို နဲ့ တိုရှီဒါ တို့ရဲ့ ဘေ့စ်ဘောအသင်းကို စွန့်ခွာပြီး အိမ်ထောင်သည်ဘဝကို ခြေစုံပစ်ဝင်ဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့ရဲ့ နောက်ဆုံး ဘေ့စ်ဘောပွဲကအပြန် Shogun Massage Parlours ဆိုတဲ့ အနှိပ်ခန်းအသစ်တစ်ခုကို လူပျိုဘဝ နောက်ဆုံးအကြိမ်ကဲဖို့ နာကတ်စုကို အတင်းတိုက်တွန်းကြရင်း ဝင်ရောက်ခဲ့ကြပါတယ်။ သူတို့မသိသေးတာတစ်ခုကတော့ ဒီအနှိပ်ခန်းက သာမန်အနှိပ်ခန်းတစ်ခု မဟုတ်ဘဲ ယောက်ျားသားတွေကို လိင်ကိစ္စသာယာမှုကိုပေးရင်းသတ်ဖြတ်နေတဲ့ အနှိပ်ခန်းတစ်ခု ဖြစ်နေခဲ့တာပါပဲ။ သူတို့စိတ်ကြိုက် ကိုင်ရှူရွေးချယ်ထားတဲ့ နာဂီစာ၊ နိုနိုကို နဲ့ ကာအိုရီတို့ ၃ ယောက်နဲ့ တူရဂျီမူစကီလုပ်ဖို့ စိတ်ကူးနေတဲ့ သူတို့ ၃ယောက်ကိုဘယ်လိုကံကြမ္မာဆိုးတွေက စောင့်ကြိုနေမလဲဆိုတာ ရင်တထိတ်ထိတ်ရှုစားနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ရပါတယ်။
...

Kilian Jornet: Path to Everest (2018) ⭐IMDB: 7.2/10 (577 Votes) 🎬 #Documentary 🗓 2018 🎞 movie 🌎 #Spain ⏰ 1 နာရီ 25 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kilian Jornet, Path to Everest (2017)IMDb: 7.1/10Genr: Documentary Kilian Jornet Burgada ကတော့ မိုင်ရှည်မာရသွန်အပြေးချန်ပီယံတစ်ယောက်ဖြစ်ပြီး တောင်တက်သမားတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာစံချိန်တွေအများကြီးတင်ထားတဲ့ လူတစ်ယောက်ဖြစ်ပြီး အတော်လေးလည်းစိတ်အားထက်သန်လှတဲ့ လူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီ Documentary မှာတော့ Kilian တစ်ယောက် ဧဝရတ်တောင်ကို ဘယ်လိုမျိုးတက်ခဲ့လဲဆိုတာကို မြင်ရမှာဖြစ်ပြီး တက်တဲ့လူတွေနဲ့အတူလိုက်ပြီးတော့စိတ်လှုပ်ရှားရမှာဖြစ်ပါတယ်။
...

Mascarpone: The Rainbow Cake (2024) ⭐TMDB: 53% User Score 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #Italy ⏰ 1 နာရီ 45 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ဒါရိုက်တာ Alessandro Guida ရိုက်ကူးထားတဲ့ ၂၀၂၄ ခုနှစ်ထွက် အချစ်ဟာသ အီတလီ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ အောင်မြင်နေတဲ့ကိတ်မုန့်စားဖိုမှူးဖြစ်တဲ့ အန်တိုနီယို နဲ့ သူ့အချစ်ဟောင်း လူကာတို့ ပြန်တွေ့ဖြစ်ကြတဲ့ သူတို့ရဲ့နှစ်ဦးရဲ့သူငယ်ချင်းဖြစ်တဲ့ ဒင်နစ် သေဆုံးပြီး သုံးနှစ်ကြာကာလကို အခြေခံထားပါတယ်။ ပြန်တွေ့ချိန်မှာ အန်တိုနီယို ကတော့ လူကာ အပေါ် ခံစားချက်တွေကျန်နေတုန်းပဲ ဆိုပေမယ့် လူကာမှာတော့ တန်ခရက်ဒီ ဆိုတဲ့ နောက်ထပ်ကောင်လေးတစ်ယောက်ရှိနေပါပြီ။ ဒါပေမယ့် အန်တိုနီယိုက လက်မလျှော့ဘဲ အတိတ်ကသူတို့ရဲ့ ပတ်သက်မှုကြောင့်ပဲ လူကာ နဲ့ အတူပြန်နေရမှဖြစ်မယ်ဆိုပြီး ယုံကြည်ထားတဲ့အခါ အန်တို တစ်ယောက် လူကာ့ကို ပြန်ရဖို့အရေး ကြိုးစားပါတော့တယ်။ အန်တိုနီယို က လူကာနဲ့ပဲ ပြန်တွဲဖြစ်မလား တန်ခရက်ဒီ နဲ့ကရော ဘာဖြစ်သွားမလဲ ခံစားကြည့်ရှုလိုက်ကြပါဦးဗျာ
...

Adi (2023) ⭐IMDB: 5.5/10 (753 Votes) 🎬 #Bollywood #Comedy #Drama #Family 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 5 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Adi (2023)“ရန်ငြှိုး” CM ပရိသတ်အတွက် ဒီတစ်ခါမှာဆိုရင် မလေယာလမ်မိသားစု/ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ် နန်ဒူဟာ ဂီတီဆိုတဲ့ သွက်လက်ချက်ချာ ကောင်မလေးနဲ့စေ့စပ်ထားသူဖြစ်ပြီး လက်ထပ်ရဖို့အရေး စိတ်လှုပ်ရှားလို့မဆုံး ဖြစ်နေသူပါ ရုံးမှာ လက်မှတ်ထိုးတဲ့နေ့ အမျိုးတွေ တရုန်းရုန်းနဲ့ တက်ကြွလှုပ်ရှားဖွယ်နေ့လေးမှာမှ အပြန်လမ်းမှာ ဆိုင်ကယ်နဲ့ လူနှစ်ယောက်ရှေ့မကြည့်နောက်မကြည့် မောင်းလာတာကို ဆဲလိုက်မိရာကနေအချင်းများရန်သတ်ကြပြီး ရခါစဇနီးနုနုထွတ်ထွတ်လေးရှေ့မှာအရိုက်ခံလိုက်ရတဲ့အတွက် ဇနီးအသစ်စက်စက်ရှေ့မှာ သိက္ခာကျသလိုခံစားသွားရတဲ့မင်းသားဖြစ်သူက သူ့သိက္ခာအဖတ်ဆည်ဖို့အရေး ပြန်လက်စားချေဖို့ကြိုးစားရာဘယ်လိုတွေဆက်ဖြစ်မှာလဲ ယောကျာ်းမာနအကြောင်းကိုဟာသနှောပြီး ပုံဖော်ထားတဲ့ ဇာတ်လမ်းလေးကို အားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

Memphis Belle (1990) ⭐TMDB: 67% User Score 🎬 #Action #Drama #War 🗓 1990 🎞 Series 🌎 #Japan #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အချိန်အားဖြင့် ဒုတိယကမ္ဘာစစ် ၁၉၄၃ မှာ တည်ထားတဲ့ ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲတွေ ဒရာမာချိုးတာတွေ သိပ်မပါပေမယ့်လည်း ဟာသနဲ့ ဒရာမာ စစ်ဆင်ရေးနဲ့ မြေပြင်စခန်းက activity တွေကို မျှမျှတတ ရောစပ်ထားတဲ့ စစ်ကားလေးဖြစ်ပါတယ် Memphis Belle ဆိုတဲ့ B17 လေယာဥ်နဲ့အတူ တိုက်လေယာဥ်တပ်စုဟာ ဂျာမနီက လက်နက်စက်ရုံကို ဗုံးကြဲမယ့် စစ်ဆင်ရေးကို လုပ်ကြရမှာပါ မစ်ရှင် ၂၄ ခုအထိ အောင်မြင်ခဲ့ပြီး ၂၅ ခုမြောက်ပြည့်ရင် မှတ်ကျောက်တင်ခံရမယ့်အရေးမို့ စိတ်အားတက်ကြွနေကြပြီး စိုးရိမ်စိတ်လေးတွေကလည်း တွဲလျက်ပေါ့ သူတို့ရဲ့ စစ်ဆင်ရေးခရီးစဥ်မှာကြုံတွေ့ရတဲ့ အခက်အခဲ ဘေးဒုက္ခတွေနဲ့အတူ ဝမ်းနည်းစရာတွေကို ဟာသတွေနဲ့ ဖုံးဖိလို့ သမိုင်းတစ်ခေတ်က အဖြစ်အပျက်သေးသေးလေးတစ်ခုကနေ ခံစားချက်မျိုးစုံရနိုင်မဲ့ ရုပ်ရှင်လေးတစ်ကားလို့ ညွှန်းလိုက်ရပါတယ်
...

Be My Friend (2024) ⭐TMDB: 73% User Score 🎬 #Comedy #Drama 🗓 2024 🎞 Series 🌎 #China ⏰ 1 နာရီ 55 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM တရုတ်ကားဖန်တို့ သတိထားမိမှာပါ တရုတ်ကားတွေကအချိန်ခရီးသွားလိုက် အမေနဲ့ပြန်ဆုံလိုက် အဖေနဲ့ပြန်ဆုံလိုက်အစုံကို ဇာတ်လမ်းမျိုးစုံရေးပြီး ရိုက်ကူးလာတာများတယ်..ဒီနေ့မှာတော့…အမေတစ်ခု သမီးတစ်ခု ဘဝမို့ အမေကိုပိုချစ်တာတော့မဟုတ်ဘဲ…ဒီအမေကို မလိုချင်ဘူး..ဒီအမေရဲ့သမီးဖြစ်မယ့်အစား ဒီလူ့ဘဝကြီးထဲမရောက်လာရင်ပိုကောင်းဦးမယ်ဆိုတဲ့လီကျင့်ပုတစ်ယောက် အမေနဲ့ စကားများကြီးအိမ်ကဆင်းသွားတဲ့အကြောင်းပေါ့… အားလုံးအပြိုင်လောကအကြောင်းသိကြမှာပါ…ဒီကားလေးကတော့ အိမ်ပေါ်ကဆင်းသွားတဲ့ လီကျင့်ပုတစ်ယောက်အပြိုင်လောကရောက်ပြီး သူ့အမေငယ်ဘဝနဲ့ဆုံတဲ့အကြောင်းရိုက်ကူးထားတာပေါ့…လီကျင့်ပုလေးက ငယ်ငယ်တည်းက အဖေဘယ်သူဆိုတာမမြင်ဖူးဘူးသလို နာမည်တောင် အမေမပြောပြလို့ကွာရှင်းစာချုပ်မှာ ခိုးကြည့်ခဲ့ရသူပေါ့…တစ်ကိုယ်တော် အမေ၊ အလုပ်အတည်တကျမရှိတဲ့ အမေ၊နေ့နေ့ညည အရက်နာကျနေတဲ့အမေကြောင့်…ငယ်ငယ်တည်းက ကျောင်းတွေခဏခဏပြောင်းပြီးသူငယ်ချင်းဆိုပြီး မူးလို့ရှူစရာတောင်မရှိခဲ့သူပေါ့… ဒါပေမယ့် သန္ဓေကောင်းလို့ စာတော်ပြီး ပညာသင်ဆုနဲ့သူ့အမေဆီက ထွက်ပြေးမယ်လုပ်ခဲ့တဲ့အစီစဉ်ပါ ပျက်စီးသွားလို့…အိမ်ပေါ်က ဆင်းဖို့အထိဖြစ်သွားတာပေါ့… အမေငယ်ဘဝနဲ့ဆုံချိန်မှာပဲ သူ့အမေကွာရှင်းစာချုပ်ထဲကအဖေဆိုသူပါ ဆုံခဲ့ရတယ်…ဒီလိုနဲ့ပဲ လီကျင့်ပုတစ်ယောက် သူ့ရဲ့ အမေနဲ့အဖေမေတ္တာမမျှဖို့နဲ့ သူမမွေးလာနိုင်ဖို့အတွက်မဟာစီမံကိန်းကြီး ဆောင်ရွက်တော့တာပေါ့… ကဲ လီကျင့်ပုတစ်ယောက် အောင်မြင်မှာလား…ဘယ်လို အဆုံးသတ်တွေ့ရမလဲ…ကြားထဲ ဘယ်လို လှည့်ကွက်တွေရှိနေမလဲ…လီကျင့်ပု တစ်ယောက်မသိတဲ့ ဘာအကြောင်းတွေရှိနေဦးမလဲ….ဇာတ်လမ်းလေးက ဖြေပေးသွားပါလိမ့်မယ်
...

Oliver Twist (1948) ⭐TMDB: 75% User Score 🎬 #Drama #Adventure 🗓 1948 🎞 Series 🌎 #UnitedKingdom ⏰ 1 နာရီ 51 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အိုလီဗာတွစ်ဆိုတဲ့ ကောင်လေးဟာ အဖေဖြစ်သူကိုလည်းမသိရ အမေဖြစ်သူကလည်း သူ့ကို မွေးမွေးပြီးချင်း ဆုံးပါးသွားလို့ ခိုကိုးရာမဲ့ပြီး ပရဟိတအသင်းတစ်ခုမှာ နေရရှာတဲ့ မိဘမဲ့လေးတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့ကို ပရဟိတအသင်းက သူဌေးတစ်ယောက်ရဲ့အိမ်ကို ထမင်းစားကျွန်ခံဘဝနဲ့ လွတ်လိုက်ပါတော့တယ်။ ဖြစ်ချင်တော့ ဒီသူဌေးရဲ့အိမ်မှာ အလုပ်လုပ်နေတဲ့ အသက်ကြီးကြီး အစေခံအဘွားကြီးက အိုလီဗာကို မွေးဖွားပေးခဲ့တဲ့လူဖြစ်ပြီး အိုလီဗာနဲ့ သူ့အမေရဲ့ ဘဝအမှန်ကို သိပြီး မသေခင် အဲဒီအိမ်က သူဌေးမကို ပြောပြသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ အိုလီဗာတစ်ယောက်က လုံးဝမခံစားနိုင်တဲ့အတွက် ထွက်ပြေးရာကနေ မဲဂင်းဆိုတဲ့လူဦးဆောင်တဲ့ ကလေးသူငယ်ခါးပိုက်နှိုက်အဖွဲ့ထဲ ရောက်သွားပါတော့တယ်။ မဲဂင်းဆိုတဲ့လူဟာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို လမ်းမှားရောက်အောင်တွန်းပို့ ခိုးဆိုးလုယက် ခါးပိုက်နှိုက်ခိုင်းတဲ့ လူယုတ်မာဖြစ်ပါတယ်။ ဒီတော့ အိုလီဗာလေးဟာ သူထင်ထားသလို မိဘဆွေမျိုးမရှိတဲ့မိဘမဲ့လေးလား၊ အဘွားကြီးက မဆုံးခင်မှာ သူဌေးမကို အိုလီဗာအမေနဲ့ပတ်သက်ပြီး ဘာပြောပြခဲ့တာလဲ၊ ဒါကို ဘာလို့ သူဌေးမက လျို့ဝှက်ထားတာလဲ၊ အိုလီဗာကရော ခါးပိုက်နှိုက်အဖွဲ့ထဲက လွတ်မြောက်ပြီး သူ့မိသားစုအမှန်ဆီ ပြန်သွားနိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမဲ့ အဖြူအမဲရုပ်ရှင်လေးဖြစ်ပါတယ်
...