ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Lucky Man (2023)
⭐IMDB: 7.1/10 (267 Votes)
🎬 #Action #Bollywood #Comedy #Drama
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 15 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Lucky Man (2023)
IMDB rating 7.2 ရထားတဲ့ တမီးလ် စကားပြော ဟာသ/ဒရာမာ ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဗီရာနဲ့ အတူ ခါတိုင်းရွှတ်နောက်နောက်နဲ့ အမြဲနောက်ပြောင်တတ်တဲ့ ဟာသမင်းသားကြီးယိုဂီဘာဘူကိုဒီတစ်ခါတော့ အတည်ပေါက်ဇာတ်ရုပ်နဲ့မြင်တွေ့ရမှာဖြစ်ပါတယ်
အဓိက ဇာတ်ကောင် မူရူဂန်ဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်က ငယ်ငယ်တည်းက ကံမကောင်းခဲ့တဲ့လူ..ဘယ်လောက်တောင်လဲဆိုရင် ရေဒီယိုအစီအစဥ်က မေးခွန်းကို ခက်ခက်ခဲခဲ မှန်အောင် ဖြေပြီးတာတောင် ဆုငွေလှည့်တော့ ဗလာပဲ ကျတဲ့အထိသူ့အနေနဲ့လည်း ဒရာမာခင်းမျက်ရည်ချူနေဖို့ထက် အတည်ပေါက်ကြီးတွေပဲ ထေ့လုံးပြောရတာကို အရသာတွေ့တဲ့လူပါ
မြေအကျိုးဆောင်လုပ်ငန်း လုပ်ကာမှ မြေကွက်မကြည့်ရသေးခင် ဖောက်သည်ရဲ့ အဘွားဆုံးပြီး လှည့်ပြန်ရတဲ့ အဖြစ်အလုပ်အတွက် ဆိုင်ကယ်ကောင်းကောင်း အသစ်လိုနေတာကို လှည့်ပတ်ချေးဖို့ ကြိုးစားနေရတဲ့အချိန်….စုကြေးကုမ္ပဏီကနေ ကားဆုကြီးထပေါက်ပါတော့တယ်..တစ်သက်လုံးကံဆိုးလာတဲ့မူရူဂန်တစ်ယောက် ကံကောင်းခြင်းတွေအစပျိုးလာတာဟုတ်ရဲ့လားသူ့ရဲ့ကံဆိုးမှု အလွဲအချော်တွေက ဘယ်လောက်ထိဆက်ဖြစ်နေဦးမလဲ…….
ဒီကားက ဟာသမင်းသားကြီး ယိုဂီဘာဘူရဲ့ အတည်ပေါက်နဲ့ ထေ့ပြောပြောတာတွေက အဓိကဆွဲဆောင်မှုပါcomedy ဆိုတာထက် ဒါမျိုး genre ကို dark-comedy သို့မဟုတ် Dra-Medy(drama+comedy)လို့လဲခေါ်ပါသေးတယ် ပုံမှန်ဟာသကားနဲ့တော့ ကွဲထွက်နေမှာပါ ရှုစားလိုက်ကြပါဦး
အညွှန်းရေးသူက KKKZ ဖြစ်ပြီး CM Bollywood Team က ဘာသာပြန်ပေးထားပါတယ်...
Lucky Man (2023)
⭐IMDB: 7.1/10 (267 Votes)
🎬 #Action #Bollywood #Comedy #Drama
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 15 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Lucky Man (2023)
IMDB rating 7.2 ရထားတဲ့ တမီးလ် စကားပြော ဟာသ/ဒရာမာ ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဗီရာနဲ့ အတူ ခါတိုင်းရွှတ်နောက်နောက်နဲ့ အမြဲနောက်ပြောင်တတ်တဲ့ ဟာသမင်းသားကြီးယိုဂီဘာဘူကိုဒီတစ်ခါတော့ အတည်ပေါက်ဇာတ်ရုပ်နဲ့မြင်တွေ့ရမှာဖြစ်ပါတယ်
အဓိက ဇာတ်ကောင် မူရူဂန်ဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်က ငယ်ငယ်တည်းက ကံမကောင်းခဲ့တဲ့လူ..ဘယ်လောက်တောင်လဲဆိုရင် ရေဒီယိုအစီအစဥ်က မေးခွန်းကို ခက်ခက်ခဲခဲ မှန်အောင် ဖြေပြီးတာတောင် ဆုငွေလှည့်တော့ ဗလာပဲ ကျတဲ့အထိသူ့အနေနဲ့လည်း ဒရာမာခင်းမျက်ရည်ချူနေဖို့ထက် အတည်ပေါက်ကြီးတွေပဲ ထေ့လုံးပြောရတာကို အရသာတွေ့တဲ့လူပါ
မြေအကျိုးဆောင်လုပ်ငန်း လုပ်ကာမှ မြေကွက်မကြည့်ရသေးခင် ဖောက်သည်ရဲ့ အဘွားဆုံးပြီး လှည့်ပြန်ရတဲ့ အဖြစ်အလုပ်အတွက် ဆိုင်ကယ်ကောင်းကောင်း အသစ်လိုနေတာကို လှည့်ပတ်ချေးဖို့ ကြိုးစားနေရတဲ့အချိန်….စုကြေးကုမ္ပဏီကနေ ကားဆုကြီးထပေါက်ပါတော့တယ်..တစ်သက်လုံးကံဆိုးလာတဲ့မူရူဂန်တစ်ယောက် ကံကောင်းခြင်းတွေအစပျိုးလာတာဟုတ်ရဲ့လားသူ့ရဲ့ကံဆိုးမှု အလွဲအချော်တွေက ဘယ်လောက်ထိဆက်ဖြစ်နေဦးမလဲ…….
ဒီကားက ဟာသမင်းသားကြီး ယိုဂီဘာဘူရဲ့ အတည်ပေါက်နဲ့ ထေ့ပြောပြောတာတွေက အဓိကဆွဲဆောင်မှုပါcomedy ဆိုတာထက် ဒါမျိုး genre ကို dark-comedy သို့မဟုတ် Dra-Medy(drama+comedy)လို့လဲခေါ်ပါသေးတယ် ပုံမှန်ဟာသကားနဲ့တော့ ကွဲထွက်နေမှာပါ ရှုစားလိုက်ကြပါဦး
အညွှန်းရေးသူက KKKZ ဖြစ်ပြီး CM Bollywood Team က ဘာသာပြန်ပေးထားပါတယ်...
The Jane Mysteries: Inheritance Lost (2023)
⭐IMDB: 6.0/10 (487 Votes)
🎬 #Mystery #TVMovie #Drama #Romance
🗓 2023 🎞 tv movie
🌎 #Canada
⏰ 1 နာရီ 24 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂျိနးဒါဆေးလဗားဟာ ဥရောပတစခွငမှာ နယလှည့ဖျောဖြေနေတဲ့ ပြဇာတအဆိုတောတစဦးပါ တစနေ့မှာတော့ သူမဟာ သူမရဲ့ ဦးလေးဖြစသူ ဟာရိုးဆီကနေ အကျိုးအမြတမယူတဲ့စုံထောကအေဂျငစီတစခုကို အမွေရရှိခဲ့ပါတယ သူမရဲ့ ဦးလေးဖြစသူက ဒီအေဂျငစီကို သူမကိုဆကလကဦးစီးစေချငပြီး လူတွေကို ကူညီစေချငပေမယ့ သူမဟာ သူမရဲ့ ပြဇာတအဆိုတောဘဝကို ခုံမငတဲ့အတွက လကခံဦးစီးဖို့ မစဉးစားခဲ့ပါဘူး ဒီလိုနဲ့ ဦးလေးအိမကို ခဏတာပြနလာတဲ့အချိနမှာ လီယာဆိုတဲ့ ငယစဉကတညးက အမေ့ကို ဆုံးရှုံးလိုကရတဲ့မိတဆိုးလေးက သူအမေ့ သေဆုံးရတဲ့ အကြောငးအရငးအစစအမှနကို သိချငတဲ့အတွက လာပြီးတော့ အကူအညီတောငးပါတော့မယ သူမအနေနဲ့ ငြငးချငပေမယ့ ဂျိနးကိုယတိုငကလညး ငယငယကတညးက အမေ့ကို ဆုံးရှုံးလိုကရတဲ့အတွက လီယာ့ကို ကိုယချငးစာပြီး ဥရောပကို မပြနခင ဒီအမှုတစခုကို လကခံဖြေရှငးပေးဖို့ အကြောငးဖနလာပါတော့တယ ဒီလိုနဲ့ ရဲတွေက သတသေမှုလို့ ခေါငးစဉတပပြီး လွယလွယပိတသိမးလိုကတဲ့အမှုကို သူစပြီးစုံစမးပါတော့တယ ဒီတော့ လီယာ့ရဲ့အမေက တစကယပဲသတသေခဲ့တာလား၊ လီယာရဲ့အမေရရမယ့ အမွေဒေါလာနှစသိနးခွဲကလညး ဘယပျောကသွားတာလဲ၊ ဒီသေဆုံးမှုကို ရိုးမှရိုးရဲ့လား၊ တရားခံလကသညကိုရော ဂျိနးတစယောကရှာဖွေတွေ့ရှိနိုငမလားဆိုတာကို ဇာတလမးဇာတအိမကောငးကောငးနဲ့ စိတဝငစားဖွယ ကြည့ရှုရမယ့ IMDb မှာလညး Rating 6/10 ရရှိထားတဲ့ Mystery Thriller ဇာတလမးအမျိုးအစားဖြစပါတယ...
Karen Pirie (2022- )
⭐IMDB: 7.6/10 (8 k Votes)
🎬 #Crime #Drama #Mystery
🗓 2022- 🎞 tv series
🌎 #UnitedKingdom
⏰ 1 နာရီ 30 မိနစ် 51 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
KarnPr222KarnPr222
==============Crm,Dramaဇာတလမးကောငးကြိုကတဲ့သူတွေအတွကRottn
Tomatos9%,ID76ရရှိထားတဲ့စုံထောကဇာတလမးလေး
တငဆကပေးလိုကပါတယအခုasonမှာတော့အပိုငး၃ပိုငးတညး
ပါဝငတာမို့အပိုငးအများကြီးကြည့ရမှာပျငးတဲ့သူတွေအတွကလညး
အဆငပြေမှာပါဇာတအိမခိုငမာပြီးကြည့နေကြHoywoodproducton
တွေကမဟုတဘဲUKကမို့လို့မတူညီတဲ့ရသကိုခံစားနိုငမှာပါ
ဇာတလမးအကျဉးကတော့ကယရနပီရီဟာရာဇဝတမှုဌာနသို့ရာထူး
တိုးရငးနဲ့လွနခဲ့တဲ့၁၉၉၆ခုနှစကတရားခံမပေါခဲ့တဲ့လူသတမှုဟောငး
တစခုကိုပြနလညစုံစမးဖို့ရာဖြစလာပါတယအဆိုပါအမှုကတော့ရိုစီ
ဒကဖဆိုတဲ့မိနးကလေးအသတခံရမှုပါရိုစီအသတခံရတဲ့ညမှာအဲလကစ၊
တွမနဲ့ဇစကီဆိုတဲ့ကျောငးသားလေးသုံးယောကဟာဒဏရာတွေနဲ့လဲ
နေတဲ့ရိုစီ့ကိုတွေ့ခဲ့ပြီးရဲတွေကိုအကူအညီတောငးခဲ့ပါတယမျကမြင
သကသေသုံးယောကကိုရဲတွေကခေါယူမေးမြနးခဲ့ပြီးခိုငမာတဲ့သကသေ
မတွေ့တာမို့ပြနလွှတပေးလိုကရပါတယ၂၆နှစအကြာမှာကယရနတစ
ယောကပြနစုံစမးရငးဘာတွေတွေ့လာရမလဲ၊ကျောငးသားသုံးယောက
ကတော့ဘဝတွေကိုယစီမှာလျှောကလမးရငးဒီအမှုကြောင့ဘာတွေသက
ရောကမှုရှိမလဲဆိုတာကိုတော့ဇာတလမးထဲမှာဆကလကခံစားလိုကပါဦးဒီစီးရီးရဲ့အညွှနးနဲ့ဘာသာပြနရေးသားပေးသူကတော့
LonardLnဖြစပါတယ...
My Tutor Teases Me With Sweet Kisses – Yotsuba Kominato ( STARS-842 – Decensored )
⭐-
🎬 #Adult
🗓 - 🎞 movie
🌎 #Japan
⏰ 2 နာရီ 24 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Yotsuha Kominato လေးရဲ့ တည်ငြိမ်တဲ့အလှလေးနဲ့ မိတ်ဆက်ပေးမယ် ဂရိပန်းပုရုပ်လေးလို အချိုးကျတဲ့ ခန္ဓာကိုယ်လေးရယ် အပြစ်ကင်းစင်ပြီး ရင့်ကျက်တဲ့ မျက်နှာထားလေးရယ် ပေါင်းစပ်လိုက်တဲ့အခါမှာ မိတ်ဆွေတို့အကြိုက်ဖြစ်စေမှာအမှန်ပါပဲ
ဒီ Star-842 ဆိုတဲ့ဇာတ်လမ်းလေးကလဲ ဖြူစင်တဲ့ဂိုက်ဆရာမလေးရဲ့ စာညံ့တဲ့ကျောင်းသားလေးကို စေတနာတွေပိုပြီး အဆင့်ကောင်းတိုင်း ဆုချပေးတဲ့ မမဆရာမရဲ့ အလှတွေ စာပေသာမက ကုတင်ပေါ်ကပညာတွေကိုပါ သင်ကြားပေးတာကို ကျွန်တော်တို့ ဖန်သားပြင်က တပည့်ကျော်တွေလဲ တူတူသင်ယူရအောင်လို့ တင်ဆက်ပေးလိုက်ပါတယ်။
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပ...
Memento (2000)
⭐TMDB: 82.0% User Score
🎬 #Mystery #Thriller
🗓 2000 🎞 movie
🌎 #USA #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 53 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Memento (2000)
သူ………ည တစ်ရေးနိုးလာခဲ့သည်။ အိပ်ရာပေါ်က သူ့ဘေးမှာ သူ့ဇနီးရှိမနေ။ အပေါ့သွားတာဖြစ်ရမည်။ အင်း……….မဟုတ်သေးဘူး။ သူ့စိတ်ထဲမှာ သူ့ရဲ့ဇနီး အိပ် ရာပေါ် ဘယ်တော့မှပြန်မလာတော့မှာကို တစ်နည်းတစ်ဖုံ သိနေသည်။ ရေချိုးခန်းထဲက ရုန်းရင်းဆန်ခတ်အသံတွေ………………….ရိုင်းစိုင်းမှုတွေ……………အသနားခံမှုတွေ………။ သေချာသွားပြီ………သူ့ဘဝထဲမှာ သူ့ဇနီးရှိမနေတော့ဘူး။ အဲဒါကလွဲပြီး ကျန်တာသူမသိ။ မနေ့ညက သူဘာလုပ်ခဲ့လဲ၊ မနက်လင်းရင်သူဘာလုပ်ရမှာလဲ သူမသိ။ သူ့ကိုယ်ပေါ်က tattoo တွေ ဘယ်လိုပေါ်လာလဲသူမသိ။ သူ မှန်ရှေ့မှာရပ်ကြည့်လိုက်ရင်တော့ သူ့ရင်ဘတ်ပေါ်မှာ မှန်စာလိုရေးထားတဲ့ အထင်ရှားဆုံး tattoo ကိုတွေ့လိမ့်မယ်။ “John G. raped and murdered my wife.”
Christopher Nolan ဟာ Following ဆိုတဲ့ ဒေါ်လာ 6000 လောက်သာကုန်ကျတဲ့ ဇာတ်ကားကိုရိုက်ကူးပြီး ဒါရိုက်တာအဖြစ် ခြေလှမ်းစခဲ့တယ်။ အဲဒီကားနဲ့ သူ့ကိုစတင်အာရုံစိုက်စေခဲ့ပြီး သူ့ရဲ့ ဒုတိယကားမှာတော့ ဒေါ်လာငါးသန်းလောက် budget ရခဲ့ပါတယ်။ အဲ့ဒီကားက Memento ပါပဲ။
Memento ဇာတ်ကားမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ Leonard Shelby ဟာ Anterograde amnesia လို့ဆိုတဲ့ ရောဂါကိုခံစားနေရပါတယ်။ သူဟာ မှတ်ဉာဏ်အသစ်တွေကို ဖန်တီးနိင်စွမ်းမရှိပါဘူး။ သူဟာ စားသောက်ဆိုင်တစ်ခုကို ဝင်ရောက်စားသောက်ပြီး ခဏနေရင် သူဒီဆိုင်ကိုဘယ်လိုရောက်လာလဲ သိတော့မှာမဟုတ်ဘူး။ တစ်ခါတစ်လေ ညတစ်ရေးနိုးလာရင် အချိန်၊ နေရာ တွေကိုတစ်ခဏမေ့ပျောက်သွားပြီး စဉ်းစားလို့မရနိုင်တာမျိုး တော်တော်များများဖြစ်ဖူးလိမ့်မယ်။ ငါဘယ်လိုလုပ် ဒီအိပ်ရာပေါ်ရောက်လာသလဲပေါ့။ Leonard အတွက်တော့ အချိန်အပိုင်းအခြားတိုင်းက အဲသလိုပဲ ဖြစ်နေတယ်။ အဲ့ဒါကြောင့် သူဟာ ကင်မရာတစ်လုံး၊ ဘောပင်၊ စာရွက်အလွတ်တွေကိုအမြဲဆောင်ထားရတယ်။ သူ့ရဲ့ မော်တော်ကား၊ သူတည်းတဲ့နေရာ၊ သူ့မိတ်ဆွေသစ်တွေကို ဓာတ်ပုံရိုက်ပြီး အမြဲမှတ်ထားရတယ်။ အရမ်းအရေးကြီးတဲ့ ကိစ္စတွေကိုတော့ သူ့ကိုယ်ပေါ်မှာ tattoo ရေးထိုးထားလိုက်တော့တယ်။
Christopher Nolan နဲ့ ညီဖြစ်သူ Jonathan Nolan တို့ကားတစ်စီးနဲ့ခရီးအတူထွက်ဖြစ်ခဲ့ရာမှာ Jonathan ကသူစိတ်ကူးထားတဲ့ ဒီဇာတ်လမ်းကို Christopher ကိုပြောပြခဲ့တယ်။ Christopher ကအရမ်းစိတ်ဝင်စားသွားပြီး ညီဖြစ်သူကို ဝတ္ထုအဖြစ် အပြီးသတ်ရေးဖို့တိုက်တွန်းခဲ့ပါတယ်။ ဒီလိုနဲ့ Jonathan က ဝတ္ထုတိုအဖြစ်ကြိုးစားရေးသားခဲ့ပြီး ရေးပြီးသမျှကိုလည်း အစ်ကိုဖြစ်သူဆီ မပြတ်ပို့ပေးနေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ Christopher ကသူ့ညီပို့ပေးသမျှကို ဇာတ်ညွှန်းအဖြစ်ပြောင်းလဲနေခဲ့တယ်။ Jonathan က Memento mori ဆိုတဲ့ဝတ္ထုတိုကိုအဆုံးသတ်ပြီးချိန်မှာ Christopher ကလည်း Memento ဇာတ်ကားအတွက် ဇာတ်ညွှန်းကိုအပြီးသတ်နိုင်ခဲ့ပါတယ်။
Leonard အဖြစ် Guy Pearce သရုပ်ဆောင်ပြီး The matrix မှာအတူတွဲသရုပ်ဆောင်ဖူးခဲ့ကြတဲ့ Carrie-anne Moss နဲ့ Joe Pantoliano တို့လည်းပါဝင်ပါတယ်။ အစက lead actor အဖြစ် Brad Pitt, Aaron Eckhart တို့ကိုစဉ်းစားခဲ့သေးပေမယ့် ဒီဇာတ်လမ်းအတွက်စိတ်အားထက်သန်လွန်းနေခဲ့တဲ့ Guy Pearce ကို Christopher Nolan ကရွေးလိုက်တာပါ။
ဝတ္ထုနဲ့ဇာတ်ညွှန်း ကွာခြားမှုလေးတွေတော့ရှိပါတယ်။ ဒီ Memento ဇာတ်ကားက မိတ်ဆွေတို့ကြည့်ဖူးသမျှဇာတ်ကားတွေနဲ့ ကွဲနေပါလိမ့်မယ်။ ဒီကားမှာ ပထမဆုံးအခန်းဟာ ဇာတ်သိမ်းခန်းဖြစ်ပါတယ်။ နောက်ဆုံးခန်းကတော့ ပထမဆုံးအခန်းဖြစ်ပါတယ်။ ဒီလို Reverse timeline နဲ့တင်ဆက်တာက Christopher ရဲ့ Idea ဖြစ်ပါတယ်။ Timeline ကိုမဖော်ပြဘဲ ဟိုတစ်ခန်း ဒီတစ်ခန်းပြတဲ့ ဇာတ်ကားတွေကြည့်ဖူးပါတယ်။ ဒါပေမယ့် ဒီလို နောက်ကနေရှေ့ကိုပြန်သွားတဲ့ ကားတော့ ဒီတစ်ကားသာကြည့်ဖူးတယ်။ နောက်ပြန်ကြည့်ရတာ ကျွန်တော်တို့ကို ဦးနှောက်ခြောက်စေဖို့မလုံလောက်သေးဘူးလို့ Christopher ကယူဆသလားမသိ။ နောက်ထပ် Time sequence မဖော်ပြထားတဲ့ အခန်းစဉ်တစ်ခုကို တစ်ခန်းနဲ့တစ်ခန်း အကူးအပြောင်းမှာ Black & white colour နဲ့ ကြားဖြတ်ပြထားပါသေးတယ်။ Black & white အခန်းတွေကျတော့ chronological order အတိုင်းပြန်ဖြစ်သွားပါတယ်။ ကျွန်တော်တော့ ပထမတစ်ခေါက်ကြည့်တုန်းက တော်တော်လေးကို မူးနောက်သွားတယ်။ ဒုတိယတစ်ခေါက်ကြည့်တော့မှ နားလည်သွားတော့တယ်။ ဒါကြောင့် ဒီဇာတ်ကားကို non-linear presentation လို့ပြောရင်မလုံလောက်သေးဘူး။ Extreme non-linear လို့ပြောရလိမ့်မယ်။
ဒီလိုဆန်းသစ်လှပတဲ့ စိတ်ကူးစိတ်သန်းကြောင့် ဇာတ်ညွှန်းနဲ့ editing တို့က အော်စကာဆန်ခါတင်မှာ ထိုက်ထိုက်တန်တန်ပါခဲ့ပါတယ်။ Christopher Nolan ဆိုတဲ့နာမည်လည်း ထင်ရှားလာခဲ့ပြီး Imsomnia, The prestige, The dark knight trilogy, Inception စတဲ့ budget ကြီးတဲ့ blockerbusters/crowdpleasers ဇာတ်ကားတွေကို ဆက်တိုက်ရိုက်ကူးခွင့်ရစေခဲ့ပြီး ဒီနေ့ဒီအချိန်မှာတော့ Hollywood ရဲ့လက်ရှိအထွန်း...
Barber (2023)
⭐IMDB: 5.0/10 (281 Votes)
🎬 #Crime #Drama #Mystery #Thriller
🗓 2023 🎞 movie
🌎 #Ireland
⏰ 1 နာရီ 29 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Barber (2023)
~ IMDb – 5/10, Rotten Tomatoes – 75% ~
ဒီကားလေးကတော့ လတ်တလောမှ ပူပူနွေးနွေးထွက်ရှိလာတဲ့ Crime, Drama, Mystery ကားလေးပါ။ Game of Thrones မှာ ပရိသတ်တွေရဲ့အချစ်များစွာကို ပိုင်ဆိုင်သွားခဲ့တဲ့ “Little Finger” သရုပ်ဆောင်မင်းသား Aidan Gillen က အဓိကဇာတ်ကောင် အလွတ်စုံထောက်ဗယ်လ်ဘာဘာ အနေနဲ့ သရုပ်ဆောင်ထားပါတယ်။
ဇာတ်အိမ်ကိုတော့ အိုင်ယာလန်နိုင်ငံ ကိုဗစ်လော့ဒေါင်းအချိန်ကာလအတွင်းကို တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဗယ်လ်ဆီကို မုဆိုးမအဖွားကြီးတစ်ယောက်က ဆာရာဆိုတဲ့ မြေးမလေးပျောက်ဆုံးမှုအတွက် အမှုလိုက်ပေးဖို့ လာငှားရမ်းရာကနေ စတင်ပါတယ်။ ဗယ်လ်တစ်ယောက် အမှုလိုက်ရင်း ရဲတပ်ဖွဲ့အင်စပက်တာနဲ့ ကျောင်းတော်ဟောင်းက ရန်စတွေအပြင် ဗယ်လ်ရဲ့သပွတ်အူလိုဘ၀ကိုပါ စိတ်၀င်တစားကြည့်ရှုရမှာပါ။ သာမန်လူပျောက်မှုလေးတင်မဟုတ်ဘဲ နောက်ကွယ်မှာ Plot Twist လေးတွေပါ ရှိနေတာမို့ အားလုံးပဲ ဗယ်လ်နဲ့အတူ ဆာရာကိုလိုက်ရှာကြည့်ကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
Crescent Gang (2023)
⭐IMDB: 6.1/10 (76 Votes)
🎬 #Family #Drama #Adventure
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 22 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CM ပရိတ်သတ်ကြီးအတွက် အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့
ရသတစ်မျိုးလေးပေးစွမ်းမယ့် Crescent Gangဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းကျဉ်းကိုပြောပြရမယ်ဆိုရင် အနောက်တိုင်းနိုင်ငံတွေရဲ့ ဥပဒေအရ
ကလေးငယ်တွေရဲ့ အဖေအမေတွေ သေဆုံးသွားတဲ့အခါ ကျန်တဲ့အဖိုးအဖွား
ဆွေမျိုးတွေကစောင့်ရှောက်ဖို့ မသင့်တော်ဘူးဆိုရင် မြို့နယ်တရားရုံးကနေ
အဲ့ကလေးတွေကို စောင့်ရှောက်ရေးအိမ်တွေ ဂေဟာတွေကိုပို့ပေးလေ့ရှိပါတယ်။
ဒီဇာတ်ကားထဲမှာပါဝင်ကြတဲ့ကလေးတွေကလည်း အဲ့လိုစောင့်ရှောက်ရေးအိမ်မှာ
နေနေကြတဲ့ကလေးတွေပေါ့။ တစ်နေ့မှာ Crescent လမ်းက ကလေးစောင့်ရှောက်ရေး
အိမ်ကို လစ်ဘာတီဆိုတဲ့ကောင်မလေးတစ်ယောက်အသစ်ရောက်လာပါတယ်။
သူရောက်လာပြီးမကြာဘူး အိမ်ပိုင်ရှင်ကအိမ်ကိုရောင်းထုတ်လိုက်လို့ အဲ့မှာရှိတဲ့
ကလေးတွေအကုန်တကွဲတပြားဖြစ်ကုန်တော့မယ့် အခြေအနေကိုရောက်လို့လာပါ
တော့တယ်။ လစ်ဘာတီက အိမ်သန့်ရှင်းရေးလုပ်ရင်း လွန်ခဲ့တဲ့ 25 နှစ်ကျော်လောက်က
အဲ့အိမ်မှာနေခဲ့တဲ့ ကရီနာဆိုတဲ့ကောင်မလေးရေးထားတဲ့စာကိုရှာတွေ့သွားပြီး
သူတို့ကလေးတစ်သိုက် စာထဲမှာရေးထားတဲ့အတိုင်း ကရီနာကိုလိုက်ရှာပါတော့တယ်။
ဒီကလေးတစ်သိုက် ကရီနာကိုရှာတွေ့သွားမှာလား အိမ်ပြောင်းပြီးတကွဲတပြားတွေဖြစ်ကုန်
ကြမှာလား ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာတွေကို ပေါ့ပေါ့ပါးပါးလေးခံစားကြည့်ရှုလို့ရမယ့်
ဇာတ်ကားလေးပဲဖြစ်ပါတယ်။...
Overhaul (2023)
⭐IMDB: 4.8/10 (297 Votes)
🎬 #Action #Crime #Drama #Thriller #Sport
🗓 2023 🎞 movie
🌎 #Brazil
⏰ 1 နာရီ 40 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Fast And Furious လိုမျိုးကားပြိုင်တာတွေ အက်ရှင်ဇာတ်ကြမ်းတွေပါတဲ့
ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ လူတွေအတွက် ဘရာဇီးသားတွေက
တစ်ကွက်ပြပြီး ရိုက်ကူးထားတဲ့ Overhaul ဆိုတဲ့ဇာတ်ကားလေးကို
တင်ဆက်ပေးလိုက်ပါတယ်။ဘာထူးခြားသွားလဲဆိုတော့ ဒီဇာတ်ကားထဲမှာ
ပြိုင်တဲ့ကားတွေက အလန်းစားပြိုင်ကားတွေမဟုတ်ဘဲ ကုန်တင်ကားကြီးတွေဖြစ်ပါတယ်။
ဒါပေမယ့် သူတို့ယှဉ်ပြိုင်တဲ့ ပုံတွေကိုကြည့်ရင် ထရပ်ကားပါမောင်းချင်သွားလောက်အောင်
ရှယ်ကြမ်းတာကိုတွေ့ရမှာပါ။Imdb မှာ Rating နည်းပေမယ့် စာအုပ်တစ်အုပ်
ကောင်းမကောင်းကိုအဖုံးကြည့်ပြီး ဆုံးဖြတ်လို့မရသလို ရုပ်ရှင်တစ်ကား
ကောင်းမကောင်းကိုလဲ Rating နဲ့ဆုံးဖြတ်လို့မရပါဘူး။ဇာတ်လမ်းအကျဉ်းချုပ်ကတော့
အပေါ်မှာပြောသွားခဲ့တဲ့ ထရပ်ကားပြိုင်ပွဲမှာ နာမည်ကြီးတဲ့ ရော်ဂျာက အရည်အချင်း
ရှိပေမဲ့ ပိုက်ဆံမရှိတော့ ကားကမလိုက်နိုင်တဲ့အခါ ပြိုင်ပွဲတွေမနိုင် စပွန်ဆာတွေ
မရတော့ ပိုက်ဆံလည်းမရှိနဲ့ အဲ့ဒီသံသရာနဲ့လည်ပတ်နေပါတော့တယ်။အဲ့ဒီအချိန်မှာ
သူ့အဖေဆုံးပါးသွားခဲ့ပြီး အမွေရရှိခဲ့ပါတော့တယ်။ဒါပေမယ့် ကံဆိုးချင်တော့ရခဲ့တဲ့
အမွေကလည်း အကြွေးတွေကြားထဲမှာ နှစ်နေတဲ့ကားပြင်ဆိုင်တစ်ဆိုင်ဖြစ်နေပြီး
သူကပါ အဲ့ဒီအကြွေးတွေကိုဆပ်ရမဲ့ကိန်းဆိုက်လာပါတော့တယ်။ရော်ဂျာလည်း
အကြွေးရှင်နဲ့ စကားသွားပြောလိုက်တဲ့အခါမှာတော့ သူ့အတွက်ကားမောင်းတဲ့
အလုပ်လုပ်ပေးရင် အကြွေးတွေကြေမယ့်အပြင် သူ့အတွက်ပိုက်ဆံတွေအများကြီး
ရမယ်လို့ကမ်းလှမ်းလာပါတယ်။ရော်ဂျာလည်း သေမထူးနေမထူးဘဝဖြစ်နေတဲ့
အတွက် အလုပ်ကိုလက်ခံခဲ့ပါတယ်။ပိုက်ဆံတွေရလာပြီး အောင်မြင်မှုတွေရလာပေမဲ့
လူဆိုးတွေနဲ့ ပတ်သတ်နေတဲ့အလုပ်ဖြစ်တဲ့အတွက် မလွဲမသွေကြုံတွေ့ရမဲ့အရာတွေကို
ရင်ဆိုင်လာရတဲ့အခါမှာတော့ ရော်ဂျာဘယ်လိုတွေဆက်ပြီး ရင်ဆိုင်မလဲဆိုတာကို
စိတ်ဝင်စားဖွယ်ရာရိုက်ကူးထားတာပဲဖြစ်ပါတယ်။...
Sons of Summer (2023)
⭐IMDB: 3.8/10 (127 Votes)
🎬 #Action #Mystery #Thriller
🗓 2023 🎞 movie
🌎 #Australia
⏰ 1 နာရီ 10 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CM ပရိတ်သတ်ကြီးအတွက် လောလောလတ်လတ် 2023 ဂျူလိုင်လကမှ
ထွက်ရှိထားတဲ့ ဇာတ်ကားသစ်လေးကိုတင်ဆက်ပေးပါရစေ။
ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ ဒီဇာတ်ကားရဲ့ အဓိဇာတ်လိုက်
ရွှန်း ဟာ ပင်လယ်ကမ်းခြေမြို့လေးမှာနေထိုင်ပါတယ်။ ပင်လယ်
ကမ်းခြေမြို့ဖြစ်တဲ့အလျှောက် လူတိုင်းနီးပါးက လှိုင်းစီး (surfing )ကြတယ်ပေါ့လေ။
ရွှန်းနဲ့ သူ့သူငယ်ချင်းတွေကလည်းဒီလိုပါပဲ ပင်လယ်ပျော်လေးတွေပေါ့။
သူတို့အဖေတွေကလည်း သူတို့လို သူငယ်ချင်းအရင်းကြီးတွေဖြစ်ပြီး
ငယ်ငယ်ကလည်း ရွန်းတို့သူငယ်ချင်းအုပ်စုလို လှိုင်းစီးရင်းပျော်ပါးခဲ့ကြခဲ့လူတွေပါပဲ။
ဒါပေမယ့် စိတ်မကောင်းစရာကတော့ ရွှန်းရဲ့အဖေဟာ ရွှန်းအသက်ငယ်ငယ်လေး
ကတည်းက အသတ်ခံလိုက်ရတာပါပဲ။ ငယ်ဘဝစိတ်ဒဏ်ရာတွေရှိခဲ့တော့သူက
လမ်းမှားရောက်သွားခဲ့ဖူးပါတယ်။ ဆေးရောင်းဆေးဝယ်ဆေးကိစ္စတွေလုပ်ခဲ့ဖူးတာမျိုးပေါ့။
ဒါပေမယ့် သူအရမ်းချစ်ရတဲ့ ကောင်မလေး ကေတီကြောင့် အဲ့လိုကိစ္စတွေကိုမလုပ်တော့ပဲ
ကင်းကင်းနေပါပြီဆိုကာမှ ရစ်ခ်ဆိုတဲ့ ဘော်ဒါဟောင်းတစ်ကောင်က သူအကြွေး
ဆပ်စရာတွေရှိလို့ ကူညီပါလားဆိုပြီး ရွှန်းကိုအကူအညီတောင်းပါတော့တယ်။ ဒီကိစ္စကို
အတူတူလုပ်မယ့် ပိ့ထ်ဆိုတဲ့လူကလည်း သူ့ရဲ့ မွေးစားဖခင်လိုဖြစ်နေတဲ့အတွက်
နောက်ဆုံးတစ်ခေါက်တော့ကူညီလိုက်မယ်ဆိုပြီး ဆေးတွေ ခိုးပေးရာကနေ…..
ဘယ်လိုတွေဖြစ်ကုန်မလဲ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကတော့ ဇာတ်ကားထဲမှာပဲ
ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။...
Never Say Never (2023)
⭐TMDB: 69.0% User Score
🎬 #Action #Drama
🗓 2023 🎞 short
🌎 #China
⏰ 1 နာရီ 57 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CM ကနေဇာတ်ကားတွေထဲမှာတင်ဆက်ပေးချင်တာကတော့Never say neverဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်
ဇာတ်လမ်းလေးကတော့ လက်ဝှေ့ချန်ပီယံဆုရှင်ရှန့်ထိန်ဟွေးက သူများရဲ့မတရားအကောက်ကြံမှုကြောင့် ထောင်ကျခဲ့ပြီးထောင်ကလွတ်လာတဲ့အချိန်သဲလုပ်ငန်းလုပ်တဲ့ သူဌေးဖြစ်လာခဲ့တယ်။
သူဌေးဆိုပေမဲ့လည်းအကြွေးတွေနစ်နေတာကြောင့် သူ့သူငယ်ချင်းကနေလက်ဝှေ့သရုပ်ပြပွဲလုပ်ဖို့အတွက်မိဘမဲ့ကလေးတွေကို စုဆောင်းဖို့အကြံပေးခဲ့တယ်။ ဒီလိုနဲ့ရှာတွေ့လာတဲ့ကလေးတွေက ချို့တဲ့လှတဲ့မြက်ရိုင်းပင်လေးတွေဖြစ်တာကြောင့် မကြာခဏပြဿနာတွေဖြစ်လာတာပေါ့။ ဒီလိုနဲ့ရှန့်ထိန်ဟွေးကလက်ဝှေ့သရုပ်ပြဖို့လေ့ကျင့်ပေးရင်းသူ့သူငယ်ချင်းက ဒီကလေးတွေကိုမြေတောင်မြှောက်ပေးဖို့တိုက်တွန်းလာခဲ့အချိန်ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဒီကလေးတွေကတော့ဘယ်လိုတွေကြိုးစားရုန်းကန်ကြမလဲစတာတွေကို ဒီဇာတ်ကားလေးကနေပြသပေးသွားမှာဖြစ်ပါတယ်။...
Harkara (2023)
⭐IMDB: 9.2/10 (54 Votes)
🎬 #Bollywood #Drama #History
🗓 2023 🎞 movie
🌎 #India
⏰ 1 နာရီ 52 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Harkara (2023)
IMDb-9.7/10
ပထမဆုံးစွန့်စားတီထွင်သူတွေ ကမ္ဘာ့ပထမဆုံးအရာတွေအကြောင်းစိတ်ဝင်စားသူတွေ အကြိုက်တွေ့မဲ့ဇာတ်လမ်းတစ်ပုဒ်ပါဟာကာရာ ဆိုတာ စာပို့သမားလို့အဓိပ္ပာယ်ရပါတယ်
အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ ကာလီတစ်ယောက်အိမ်ထောင်ပြုပြီးဘဝကို အခြေချနေချင်လို့ အစိုးရအလုပ်ကိုလျှောက်ထားတဲ့သူသူရသွားတဲ့အစိုးရအလုပ်က ဟိုး..လူအရောက်ပေါက်နည်းတဲ့တောင်ပေါ်ရွာလေးပေါ်မှာရုံးထိုင်ရတဲ့ စာပို့သမား လစာလည်းမများ ရွာကလည်းခေါင်တာမို့ သတို့သမီးလောင်းတွေကလည်းလက်မခံသူ့ဘဝလည်းတက်လမ်းပိတ်နဲ့ ပြောင်းပြေးချင်တော့တာပေါ့
ပြောင်းပြေးလို့မရခင်မှာပဲ သူတာဝန်ကျတဲ့ရွာထက်ပိုခေါင်တဲ့ တောင်ထိပ်ကရွာလေးဆီကိုစာသွားပို့ရချိန်မှာသူသိခဲ့ရတဲ့….လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ က စာပို့သမားလုပ်ခဲ့တဲ့အိန္ဒိယပထမဆုံးစာပို့သမားရဲ့ ဇာတ်လမ်းကို ရှုစားရမှာဖြစ်ပါတယ်
အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ KKKZ ~ YH တို့ပဲဖြစ်ပါတယ်...
The Wonderful Story of Henry Sugar (2023)
⭐IMDB: 7.5/10 (15 k Votes)
🎬 #Fantasy #Comedy #Adventure #Short #Drama
🗓 2023 🎞 short
🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica
⏰ 42 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Wes Anderson’s Short Films Event (2023)Wes Anderson’s Short Films Event (2023)
လွန်ခဲ့တဲ့၁၄နှစ်တုန်းက ဝက်စ်အန်ဒါဆန်ဟာ ဗြိတိန်စာရေးဆရာ Roald Dahl ရဲ့ Fantastic Mr. Fox လို့ခေါ်တဲ့ Children’s Novel တစ်ပုဒ်ကို ပြန်ရိုက်ခဲ့ဖူးတယ်။ တော်တော်လည်း ကောင်းခဲ့ပါတယ်။ Roald Dahl ဟာ Children’s Literature ခေါ် ကလေးစာပေနဲ့ နာမည်ကြီးသလို ဇာတ်လမ်းတိုတွေ ကဗျာတွေလည်းရေးခဲ့တဲ့သူဆိုလည်း မမှားဘူး။ Dahl ကို “၂၀ရာစုရဲ့ အကြီးကျယ်ဆုံး ကလေးပုံပြင်ရေးဆရာတွေထဲက တစ်ယောက်” လို့တောင် ဆိုကြတယ်။ Wes Anderson ကလည်း သူ့ကို တော်တော်သဘောကျပုံပါပဲ။ ဒီနှစ်မှာလည်း Dahl ရဲ့ ဇာတ်လမ်းတို ပုံပြင်တိုလေးတွေကိုသုံးပြီး သူလည်း ဇာတ်လမ်းတို လေးပုဒ်ရိုက်ခဲ့တယ်။ ဒီလေးပုဒ်လုံးဟာလည်း မူရင်းစာရေးဆရာကို သစ္စာရှိတဲ့အတွက်ရော၊ ပါဖောမင့်န်ကောင်းတဲ့ သရုပ်ဆောင်တွေကြောင့်ရော၊ ဒါရိုက်တာကောင်းလို့ရော ကောင်းသတင်းတွေချည်း ကြိုင်ခဲ့တယ်။ ဝက်စ်အန်ဒါဆန်ဟာ သိပ်မကြာသေးခင်ကတင် Asteroid City ထွက်ထားတာဆိုတော့ ဒီနှစ်သူ့ကားတွေ တော်တော်ဖောဖောသီသီကြည့်ရတယ်ပြောရမယ်။ ဒီလေးပုဒ်ထဲက တစ်ချို့ဇာတ်လမ်းတွေဆို ဇာတ်လမ်းတိုပေမဲ့ Asteroid City ထက်တောင် ပိုကြည့်ကောင်းပါတယ်။ ဇာတ်လမ်းတိုဆိုပေမဲ့လည်း Ralph Fiennes လို သရုပ်ဆောင်ဆရာကြီးက လေးပုဒ်လုံးမှာပါထားသလို Benedict Cumberbatch တို့၊ Ben Kingsley တို့၊ Dev Patel တို့၊ Rupert Friend တို့လိုလူတွေကိုလည်း ၂ပုဒ်ထည့်သုံးထားတယ်။ မူရင်းဇာတ်လမ်းတွေကိုက လှလှပပနဲ့ အသက်ဝင်နေပြီးသားကို Wes Anderson က ပြန်အသက်သွင်းလိုက်တယ်ဆိုတော့ ဒီဇာတ်လမ်းတွေ ဘယ်လိုလှပကြောင်း ပြောစရာလည်းမလိုတော့ပါဘူး။
The Wonderful Story of Henry Sugar (Runtime: 37 minutes) Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid ~ IMDb – 7.5/10, Rotten Tomatoes – 98% ~ ဒီဇာတ်လမ်းတိုမှာတော့ Benedict Cumberbatch, Ralph Fiennes, Dev Patel နဲ့ Ben Kingsley တို့က ဝင်သရုပ်ဆောင်ထားတယ်။ Benedict ဖန်တွေဆို သူက ဘယ်လိုကာရိုက်တာတွေနဲ့ အံဝင်ခွင်ကျ အသက်ဝင်တတ်လဲ ကောင်းကောင်းသိကြမှာပါ။ များသောအားဖြင့်လည်း Benedict က အဲဒီလိုကာရိုက်တာမျိုးတွေကိုပဲ ရွေးတာများပါတယ်။ ဒီတစ်ခါလည်း သစ္စာမဖောက်ဘူးပြောရမှာပဲ။ သူနဲ့ အံဝင်ခွင်ကျ ကွက်တိကျလွန်းတဲ့ ကာရိုက်တာကိုပဲ ထပ်ရွေးလိုက်ပါတယ်။ ဒီဇာတ်က ဒီလေးပိုင်းထဲ ကျွန်တော်တော့ အကြိုက်ဆုံးဇာတ်ပါပဲ။ အနောက်တိုင်းနဲ့ အိန္ဒိယ သမထားတဲ့ဇာတ်မျိုးပေါ့။ ဒါမျိုးတွေ အရင်ကလည်း သူရိုက်ဖူးပါတယ်။ ဆန်းတော့လည်းမဆန်းပါဘူး။ သူက ဆတ္တရာဂျစ်ရေးဖန်ပဲမို့လား။ ဇာတ်က မျက်လုံးမသုံးဘဲ မြင်ရတဲ့လူတစ်ယောက်ရှိတဲ့အကြောင်းကို လူတစ်ယောက်က မှတ်တမ်းစာအုပ်တစ်အုပ်ထဲ ဖတ်မိရာက ထူးခြားသွားတဲ့အကြောင်းကို စာရေးဆရာတစ်ယောက်က ပြန်ပြောတာကို နားထောင်ရတဲ့ဇာတ်မျိုး။ စားတော့စားတယ်မလား။ ပိုစားတာက ဒါကို Wes Anderson က ပြန်တင်ဆက်သွားတဲ့ပုံစံပဲ။ ကကျိုးကကြောင်နဲ့ကို တင်ဆက်သွားတာပါ။ ရယ်လည်းရယ်ရ စားလည်းစား ဒါပေမဲ့ ဒီလိုတင်ဆက်ပုံက တော်တော်လည်းကြည့်လို့ကောင်းနေပြန်တာပဲ။ အိန္ဒိယက ဂုရုတွေဘာတွေနဲ့ ပဉ္စလက်တွေဘာတွေနဲ့ နောက် ဒီအစွမ်းနဲ့ လူ့အကျိုးဆောင်သွားတဲ့ လူတွေဘာတွေနဲ့ပေါ့။ အကြောင်းအရာမိုက်တယ်… ကြည့်လို့ကောင်းတယ်… ကြည့်ရတာလည်း တော်တော်အရသာရှိတယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ ခင်ဗျားသာ နက္ခတ္တရောင်ခြည်တို့ သူရဇ္ဇတို့ထဲက ဂမ္ဘီရနှောတဲ့စာတွေကို ဖတ်ရတာအရသာတွေ့ဖူးတဲ့လူဆို ဒီအရသာကို သိလောက်မှာပဲ။ ဒီဇာတ်လမ်းက အဲဒီလိုပဲ။ ယုံရလည်းခက်တယ်။ အရသာလည်းရှိတယ်။ ဒီလိုဇာတ်ပဲ။ အရသာရှိရှိကြည့်ချင်ရင် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်လမ်းတိုပါပဲ။ (ဒီဇာတ်လမ်းတိုတွေနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်)Size – 820MB...
Saptha Sagaradaache Ello - Side A (2023)
⭐IMDB: 8.6/10 (3 k Votes)
🎬 #Bollywood #Drama #Romance
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 22 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Saptha Sagaradaache Ello Side A (2023)
IMDB 8.8 ရရှိထားတဲ့ 777Charliesနဲ့ ပရိတ်သတ်တွေအားပေးမှုကိုရရှိခဲ့တဲ့မင်းသား Rakshit Shettyရဲ့ Kannada ဘာသာစကားအချစ်ဒရာမာဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်
အချစ်ကားဆိုပေမယ့် “လက်တွေ့ကျတဲ့ သရုပ်ဖော်မှု၊ကဗျာဆန်တဲ့ visual storytelling” ဆိုပြီးတော့ရုပ်ရှင်ဝေဖန် ရေးဆရာများက ချီးကျူးထားကြပါတယ်
သီချင်းသံတွေနဲ့ အတင်းလုပ်ယူထားတာမရှိပဲသဘာဝကျကျ ရိုးစင်းတဲ့ဒိုင်ယာလော့ လေးတွေနဲ့ အချစ်ကို လက်တွေ့ကျကျသရုပ်ဖော်ထားတယ်လို့ ဝေဖန်ရေးဆရာတွေက ဆိုပါတယ်
ဇာတ်လမ်းအကျဥ်းကတော့ မာနူနဲ့ ပရီယာတို့ ချစ်သူနှစ်ဦးကအခြေခံ လူတန်းစားဖြစ်တာနဲ့အညီ အိပ်မက်တွေနောက်လိုက်ရင်းနှစ်ယောက်အတူ အိမ်လေးတစ်လုံးငှားပြီး အခြေချဖို့အတွက်ကြိုးစားနေကြသူတွေပါ
မာနူက သူဌေးရဲ့ ကားမောင်း တောက်တိုမယ်ရ လုပ်ပေးရပြီး ပရီယာကတော့ အဆိုတော်ဖြစ်ဖို့ ကြိုးစားနေသူပါ ပရီကာက ချုပ်ချယ်သမျှ ဆူပူသမျှ မြည်တွန်သမျှကိုမာနူကလည်း အရာရာသည်းခံပြီး ချစ်တတ်ပါတယ်
ဆိုလို့ ပရီယာကလည်း မချစ်တတ်တာတော့ မဟုတ်ပါဘူး တခါတလေတော့သူ့ချစ်သူကောင်လေးကိုချစ်ကြောင်း နုနုရွရွ ပြောတတ်ပါသေးတယ်
“ရို” တယ်ဆိုလို့ နှစ်ယောက်တစ်ကမ္ဘာ မှော်လောကကြီးမှာ နောက်ခံသီချင်းဖွင့်ပြီးကနေဖို့ အချိန်မရှိပဲ ကံကြမ္မာဆိုးတစ်ခုက သူတို့ နှစ်ယောက်အချစ်ကို ခွဲခွာဖို့ အကြောင်းဖန်လာပါတော့တယ်
အချစ် – ဒရာမာ မျှတအောင် တင်ဆက်ထားတဲ့ ဇာတ်ကားလေးကို အားပေးလိုက်ကြပါဦး
အညွှန်းရေးသားသူက ကျွန်တော် KKKZ ဖြစ်ပြီး ဘာသာပြန်ကတော့ KKKZ, Dee, ToMo, Aditi တို့ပဲဖြစ်ပါတယ်...
Seven Days (2023)
⭐IMDB: 7.1/10 (17 Votes)
🎬 #Drama
🗓 2023 🎞 movie
🌎 #China #Singapore
⏰ 1 နာရီ 42 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
သင်ကြောက်နေရတဲ့ သရဲတစ္ဆေဆိုတာ တစ်စုံတစ်ယောက်နေ့ညမရွေး ပြန်တွေ့ချင်နေတဲ့ လူတစ်ယောက်ပါ။အိုက်ရှီးဟာ နှစ် ၂၀ ကြာ လူ့ပြည်မှာ လေလွင့်နေတဲ့ ဝိညာဉ်လေး ဖြစ်ပါတယ်။ဆယ်ကျော်သက်အရွယ်မှာ ကားမတော်တဆတစ်ခုကြောင့်သူမဟာ မိသာစုကို နှုတ်ဆက်ခွင့်မရပဲ သေဆုံးသွားခဲ့ပြီးဘဝကူးဖို့ မရွေးခဲ့ပဲ မိသားစုဘေးမှာ အဖော်ပြုနေခဲ့ပါတယ်။
ကံကြမ္မာရဲ့ အခွင့်အရေးပေးမှုကြောင့် အိုက်ရှီးဟာ မောင်လေးဖြစ်သူအိုက်ရှန်ရဲ့ ခန္ဓာကိုယ်ထဲ ဝင်ပူးခဲ့ရပြီး ၇ ရက်တာ အချိန်ရခဲ့ပါတယ်။အိုက်ရှန်ရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရှိနေနဲ့ ၇ ရက်တာ အချိန်ကိုအသုံးချပြီး သူမဟာ ဘဝမှာ မေ့ရခက်တဲ့ အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်။
ဒီတရုတ်စကားပြောရုပ်ရှင်ကတော့ တရုတ်ပြည်မကရိုက်ကူးတဲ့ရုပ်ရှင်မဟုတ်ပဲစင်ကာပူက အမျိုးသမီးဒါရိုက်တာရိုက်ကူးထားတဲ့ ရုပ်ရှင်လေး ဖြစ်ပါတယ်။ဝမ်းနည်းစရာ၊ ဝမ်းသာစရာ၊ တွေးတောစရာ စတဲ့ ရသမျိုးစုံကိုပေးနိုင်မယ့် ရုပ်ရှင်လေးဖြစ်တာကြောင့် ဇာတ်လမ်းအေးအေးလေးတွေကိုသဘောကျတဲ့ ပရိသတ်တွေအတွက် ကြည့်သင့်တဲ့ ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။...
Let's Get Married (2023)
⭐IMDB: 5.4/10 (392 Votes)
🎬 #Bollywood #Comedy #Romance #Family
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 18 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Let’s Get Married (2023)
IMDb-6.3/10
CM ပရိသတ်ကြီးအတွက် ရုံတင်ပြီး ပထမဆုံး၄ ရက်အတွင်း ရုံတင်ငွေ ၈ ကုဋေထိရခဲ့တဲ့ရိုမန့်ဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ် အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့Harish Kalyan နဲ့ Ivana တို့နှစ်ယောက်လုံးက ချောချောလေးနဲ့ လိုက်ဖက်ညီကြတာရော ၊ |ဟာသမင်းသားကြီး ယိုဂီဘာဘူပါဝင်ထားတာရောကြောင့် ချစ်လိုက်သတ်လိုက် ရယ်လိုက်မောလိုက်နဲ့ ရှုစားရမှာပါ
“ချစ်သူတွေအဖြစ်မသတ်မှတ်သေးဘဲ အရင်တွဲကြည့်ကြမယ်”“လက်မထပ်ခင်တစ်ယောက်အကြောင်းတစ်ယောက်သိအောင်|ခရီးတွေအတူထွက်ကြမယ် အတူနေကြည့်ကြမယ်” ဒါတွေက ကြားဖူးနေကျပါ“လက်မထပ်ခင် ယောက္ခမနဲ့အဆင်ပြေမပြေနေကြည့်ကြမယ်” ဆိုတာမျိုးရော ကြားဖူးကြလား
ဂေါ်သမ်နဲ့ မီရာတို့က နှစ်နှစ်လောက်တွဲကြည့်ကြမယ်ဆိုရာက နှစ်နှစ်ကြာအပြီးမှာလက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြတဲ့ချစ်သူတွေအမေ့ကို တစ်ယောက်တည်းပစ်မထားချင်ခဲ့တဲ့ဂေါ်သမ် နဲ့ နှစ်ယောက်တည်းပဲဘဝကိုစချင်တဲ့ မီရာ..အားလုံးညှိကြနှိုင်းကြပြီးနောက်မှာဆုံးဖြတ်လိုက်တာကယောက္ခမနဲ့အဆင်ပြေမပြေကြိုသိရအောင် လက်မထပ်ခင် ခရီးအတူထွက်ကြည့်ကြဖို့ပါ
သမီးယောက္ခမနှစ်ယောက်အတူထွက်ကြတဲ့ ခရီးမှာ ပူပူလောင်လောင်တွေမပါဘဲ၅၂၈ မေတ္တာရှင်နဲ့ ၁၅၀၀ အချစ်တို့ကြား သံစဉ်ချိုချိုအရယ်အမောလေးတွေနဲ့ ကြည့်ရှူရမှာပါ
အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ Dee ~ ToMo ~ Dee တို့ပဲဖြစ်ပါတယ်...
The Perfect Score (2004)
⭐TMDB: 58.0% User Score
🎬 #Comedy #Crime #Drama
🗓 2004 🎞 movie
🌎 #UnitedStates #Germany #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Perfect Score Movie Synopsis
IMDb 5.7/10
အားလုံးသိကြတဲ့ Marvel သရုပ်ဆောင်တွေဖြစ်တဲ့ Chris Evans နဲ့
Scarlett Johansson တို့ရဲ့ ဆယ်ကျော်သက်အရွယ်
လူငယ်ဆန်တဲ့ သရုပ်ဆောင်ပုံတွေကို မြင်ရမဲ့
မိသားစုကြည့်လို့ရတဲ့ မှုခင်း ဟာသဆန်ဆန် ပေါ့ပေါ့ပါးပါး
ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
အထက်တန်းကျောင်းသား Kyle (Chris Evans) ဟာ ရည်မှန်းချက်ကြီးပြီး ကြိုးစားတဲ့
လိမ္မာတဲ့ကျောင်းသားတစ်ယောက်ပါ။
GPA လို့ခေါ်တဲ့ အတန်းတွင်းရမှတ်ကောင်းတယ်ဆိုပေမဲ့
သူတက်ချင်တဲ့ ဗိသုကာကောလိပ်ကိုတက်ခွင့်ရဖို့
ကောလိပ်ဝင်ခွင့် S.A.T စာမေးပွဲမှာ သတ်မှတ်ထားတဲ့
အမှတ်မရတဲ့အခါမှာတော့ သူနဲ့ အခြေအနေအတူတူပဲဖြစ်တဲ့
သူငယ်ချင်း Matty နဲ့ပေါင်းပြီး ရသမျှနည်းလမ်းနဲ့
အဖြေလွှာတွေခိုးဖို့ ကြံစည်ပါတော့တယ်။
Matty နဲ့ Kyle နှစ်ယောက်သားဟာ အကူအညီရနိုင်တဲ့နေရာမှန်သမျှ
လိုက်စုံစမ်းကြည့်တဲ့အခါ Francesca (Scarlett Johansson) လို့ခေါ်တဲ့
ကောင်မလေးရဲ့ အဆက်အသွယ်တွေနဲ့
အဖြေလွှာတွေခိုးလို့ရနိုင်ကြောင်း သိသွားတဲ့နောက်မှာတော့
လိမ္မာတဲ့ကျောင်းသားလေး Kyle၊ ကံဆိုးသူ သူငယ်ချင်း Matty၊ ကလန်ကဆန်ကောင်မလေး Francesca တို့နဲ့
အတူ နောက်ထပ် သုံးယောက်အနေနဲ့ ဘယ်သူတွေထပ်ပါလာပြီး
အဖြေလွှာတွေ ဘယ်လိုခိုးဖို့ ကြံစည်ကြလဲ
အထက်တန်းကျောင်းသား ၆ ယောက်ကကော အဖြေလွှာတွေ
ခိုးဖို့ အောင်မြင်သွားကြလား၊ သူတို့ တက်ချင်တဲ့ ကောလိပ်တွေမှာကော
ဝင်ခွင့်တွေရသွားမလား ဆိုတာကို စိတ်ဝင်စားစရာအဖြစ်ကြည့်ရမှာပဲဖြစ်ပါတယ်။
Perfect Score ရုပ်ရှင်ဟာ ကောလိပ်ဝင်ခွင့် SAT စာမေးပွဲရဲ့ အဖြေတွေကို
ခိုးဖို့ ကြံစည်ကြတဲ့ အထက်တန်းကျောင်းသား ၆ ယောက်ရဲ့အကြောင်းပြောပြထားပြီး
ကျောင်းစာမေးပွဲမှာ အမှတ်ကောင်းရဖို့ အရေးကြီးတယ်ဆိုပေမဲ့
ဘဝမှာ စာမေးပွဲအမှတ်ထက်ပိုတဲ့ သင်ယူစရာတွေ
အတွေ့အကြုံတွေလည်း အများကြီးရှိသေးတယ်ဆိုတဲ့အကြောင်း၊
ကိုယ့်အကြောင်း သေချာမသိပဲ အမြင်နဲ့ သတ်မှတ်လိုက်တဲ့
လူတစ်ချို့ရဲ့စံနှုန်းသတ်မှတ်ချက်တွေအကြောင်း
ပညာပေးတဲ့ အယူအဆ ရိုက်ချက်တွေပါဝင်တဲ့ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။...
The Little Hours (2017)
⭐IMDB: 5.8/10 (25 k Votes)
🎬 #Comedy #Romance
🗓 2017 🎞 movie
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 29 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Little Hours (2017)
IMDb – 5.8
ဇာတ်လမ်းအညွှန်း
ဒီဇာတ်လမ်းလေးက အလယ်ခေတ်ပိုင်းက အီတလီစာရေးဆရာ Giovanni ရဲ့
The Decameron ဆိုတဲ့ စာအုပ်၊ ၁၀ရက်လို့ အဓိပ္ပာယ်ရပြီး
ပြောရရင် “ဆယ်ရက်ဆယ်ညပုံပြင်များ”ပေါ့၊ ဒီထဲကနေမှ တတိယနေ့က ဇာတ်လမ်းကို
အခြေခံပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဆိုတော့ အလယ်ခေတ်ပိုင်း ၁၃၄၇ ခုနှစ်ပိုင်းကို ဇာတ်အိမ်တည်ထားပါတယ်။
အဲလက်ဇန်းဒါး၊ ဖာနန်ဒါ၊ ဂျင်နာဗာ ဆိုတဲ့ စစ္စတာလေး သုံးယောက်ဟာ
သူတို့ကိုယ်ပိုင်စိတ်ကူး၊ရည်ရွယ်ချက်တွေကိုယ်စီနဲ့
ဘုရားကျောင်းတစ်ခုမှာ နေနေကြတယ်။
တစ်နေ့တော့ ခရီးသွားရင်း ဖာသာတွမ်မာစ်ဆိုဟာ
မက်ဆက်စ်တို ဆိုတဲ့ လူငယ်လေးနဲ့ တွေ့ဆုံတယ်။
မက်ဆက်စ်တိုဆိုတာက အရှင်ဘရူနိုရဲ့ရဲတိုက်မှာ အမှုထမ်းနေစဉ်
အရှင့်ရဲ့မိန်းမနဲ့ဖောက်ပြန်တာမိသွားလို့ ထွက်ပြေးလာခဲ့ရသူပါ။
သနားတတ်တဲ့ဖာသာက မက်ဆက််စ်တိုကို ဘုရားကျောင်းကို
ခေါ်သွားပေးမယ်၊ ဒါပေမဲ့ အခြေအနေတစ်ခုရှိတယ်၊
မက်ဆက်စ်တိုဟာ ဆွံ့အနားမကြား တစ်ယောက်အဖြစ် ဟန်ဆောင်ရမှာဖြစ်ပါတယ်။
ဒီလိုနဲ့ ဆွံ့အနားမကြားအဖြစ် မက်ဆက်စ်တိုတစ်ယောက်
ဘုရားကျောင်းမှာ စစ္စတာလေးတွေနဲ့ ဘာတွေဆက်ကြုံတွေ့ရမလဲပေါ့။
ယောကျ်ားမိန်းမအကြား သဘာဝတရား၊ လိင်ကိစ္စတွေ
ကန့်သတ်ထားတဲ့နယ်ပယ်တစ်ခုမှာ ဖြစ်တတ်တဲ့သဘာဝတွေ၊
ပျင်းရိဖွယ်ဘဝကနေ လွတ်မြောက်ဖို့ လူငယ်သဘောသဘာဝ
လက်တည့်စမ်းမှုလေးတွေကို ဟာသရောပြီး
သဘာဝဆန်ဆန်ရိုက်ကူးထားပါတယ်။
စစ္စတာလေးတွေရဲ့ လုပ်ရပ်လေးတွေကို ရယ်ရင်း အံ့ဩရင်း
ရသစုံခံစားရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။
စစ္စတာလေး သုံးယောက်အဖြစ် Alison Brie၊ Aubrey Plaza နဲ့ Kate Micucci
မင်းသမီးသုံးလက်က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
R rated ဇာတ်ဝင်ခန်းတွေ၊ ဒိုင်ယာလော့တွေလည်း
ပါဝင်ပါကြောင်း ကြိုတင်သတိပေးလိုက်ပါတယ်။...
Bogowie (2014)
⭐IMDB: 7.6/10 (7 k Votes)
🎬 #Biography #Drama
🗓 2014 🎞 movie
🌎 #Poland
⏰ 1 နာရီ 56 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးကို ဆေးလောကနဲ့ သက်ဆိုင်တဲ့
ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်ကားနာမည်ကတော့ Bogowie ပါ။
2014 ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb rating 7.6 နဲ့
Rotten tomatoes မှာ rating 82% ရထားတဲ့
ဇာတ်ကားဖြစ်သလို ပိုလန်နိုင်ငံက ချီးမြှင့်တဲ့
ရုပ်ရှင်ဆုတွေအများကြီး ဆွတ်ခူးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။
ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။
ပိုလန်နိုင်ငံမှာ ပထမဆုံး နှလုံးအစားထိုးကုသမှုကို ဦးစီးဆောင်ရွက်ခဲ့တဲ့
ဒေါက်တာရလီဂါအကြောင်းကို ရိုက်ကူးထားတာပါ။
ဇာတ်လမ်းအကျဉ်းပြောပြရရင် ဒေါက်တာရလီဂါဟာ
နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက်ပါ။
ခွဲစိတ်ဆရာဝန်တစ်ယောက်အနေနဲ့ ခွဲစိတ်မှုများစွာ
လုပ်ဆောင်ရသလို ခွဲစိတ်မှုမအောင်မြင်ဘဲ
ဆုံးပါးသွားရသူတွေလည်း အများကြီးပါ။
ဒေါက်တာရလီဂါဟာ လူတွေ နှလုံးရောဂါကြောင့်
မသေကြစေဖို့အတွက် နှလုံးအစားထိုးကုသဖို့
စိတ်ကူးကို အကောင်အထည် ဖော်ချင်ခဲ့တယ်။
ဒါပေမဲ့ အထက်လူကြီးတွေက လက်အခံခဲ့ပါဘူး။
နောက်တော့ ဒေါက်တာရလီဂါက သူ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့
နှလုံးအစားထိုးကုသမှုကို ဆောင်ရွက်ဖို့ လုပ်လက်စ ဆေးရုံက နုတ်ထွက်ခဲ့ပြီး
ကိုယ်ပိုင်ဆေးရုံတစ်ခု ထောင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ဘဝဆိုတာ ထင်သလို မလွယ်ကူတာမလို့
ဒေါက်တာရလီဂါတစ်ယောက် ဆေးရုံကို ဦးစီးနိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ၊
သူ နှလုံးအစားထိုးကုသမယ့် လူနာတွေကရော အသက်ရှင်နိုင်ပါ့မလားဆိုတာကို
ဟောဒီ Bogowie ဇာတ်ကားထဲမှာ ပရိသတ်ကြီးတို့ကိုယ်တိုင် ကြည့်ရှုလိုက်ပါ။...
Café de Flore (2011)
⭐IMDB: 7.3/10 (17 k Votes)
🎬 #Drama #Romance
🗓 2011 🎞 movie
🌎 #Canada #France
⏰ 2 နာရီ 1 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Café De Flore (2011)
IMDb – 7.3/10
ဒီတစ်ခေါက် ဇာတ်လမ်းလေးက စော်ပစ်၊ဘဲပစ်၊ ကြူရစ်လန် ကျန်ရစ်လူလေးတွေအတွက်
ငါ့အကြောင်းနဲ့တိုက်ဆိုင်လိုက်တာလို့ ထအော်ရမယ့် ဇာတ်လမ်းမျိုးပါ။
ဇာတ်လမ်းကြည့်ပြီးတဲ့အခါ move on လုပ်သွားနိုင်ရင်တော့ ဝမ်းသာစရာပေါ့နော်။
မုအွန်မလုပ်သွားနိုင်ဘူးဆိုရင်လည်း ကြေကွဲလိုက်….
ဇာတ်လမ်းအညွှန်း
၁၉၆၀နှစ်ပိုင်းက ပဲရစ်မြို့မှာ လောရန့်ဆိုတဲ့ ဒေါင်းဆင်ဒရုန်းကလေးလေးနဲ့
သူ့မိခင် ဂျက်ကွာလင်းတို့အဖြစ်က မျှော်လင့်ချက်တွေအပြည့်၊
တစ်ဖက်မှာလည်း ဝမ်းနည်းစရာအပြည့်ပါပဲ။
၂၁ရာစု မွန်တီရယ်မြို့မှာ နာမည်ကြီးဒီဂျေတစ်ယောက်ဖြစ်တဲ့
အန်တိုနီဟာ ဇနီးဟောင်းနဲ့သမီးလေးနှစ်ယောက်နဲ့ ပြိုကွဲသွားတဲ့မိသားစု၊
တစ်ဖက်မှာလည်း အချစ်သစ်ကို ပိုင်ဆိုင်ထားပါတယ်။
ဒီဇာတ်လမ်းရဲ့ ဆွဲဆောင်မှုရှိတဲ့အချက်ဟာ နေရာမတူတဲ့၊ကွာဟနေတဲ့အချိန်အပိုင်းအခြားက
ဒီဇာတ်ကြောင်းတွေကို parallel line တစ်ခုအနေနဲ့ ရိုက်ပြထားတာ ဖြစ်ပါတယ်။
ဂျက်ကွာလင်းဟာ ယောကျ်ားပစ်ထားခံခဲ့ရပြီး တစ်ခုလပ်မိခင်တစ်ယောက်အနေနဲ့
ဒေါင်းဆင်ဒရုန်းလေး လောရန့်ကို စောင့်ရှောက်နေပါတယ်။
သူ့သားလေးအတွက် သူ့ဘဝကို မြှုပ်နှံထားပြီးတော့
သူ့သားလေးဟာ သူ့ဘဝရဲ့မျှော်လင့်ချက်လေးဖြစ်လာပါတယ်။
တစ်နေ့တော့ လောရန့်ဟာ ကျောင်းမှာ
သူ့လိုဒေါင်းကလေးမလေး ဗယ်ရိုကို ချစ်မိသွားပါတယ်။
အန်တိုနီနဲ့ ကာရိုးလ်တို့ဟာ ၁၅နှစ်အရွယ်တည်းက တွေ့ဆုံခဲ့ကြပြီး
စွယ်တော်ရွက်လေးလို နှစ်လွှာပေါင်းမှတစ်ရွက်လို့ ခံယူခဲ့တဲ့သူတွေပါ။
ယခုလက်ရှိ ကွာရှင်းပြီးတဲ့နောက်မှာ အန်တိုနီဟာ ရို့စ်ဆိုတဲ့
ကောင်မလေးနဲ့ အချစ်ဇာတ်လမ်းခင်းထားတယ်။
တစ်ဖက်မှာ ကာရိုးလ်တစ်ယောက်ကတော့ ကွာရှင်းမှုကို
လက်မခံနိုင်သေးဘဲ move on မလုပ်နိုင်သေးတဲ့သူ၊
ဆုံးရှုံးလိုက်ရသူကို လက်မလွှတ်နိုင်သေးဘဲ နာကျင်ခံစားနေရတဲ့သူဖြစ်ပါတယ်။
ကွဲပြားတဲ့ ဇာတ်ကြောင်းနှစ်ခုမှာ တူညီတဲ့အချက်ကတော့
အဆုံးမဲ့တဲ့ချစ်ခြင်းမေတ္တာတွေ၊ စွဲလမ်းစိတ်တွေ၊ ဝမ်းနည်းစရာတွေ ဖြစ်ပါတယ်။
သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းမှာ ပိုချစ်ရတဲ့သူက နာကျင်တဲ့သူလား၊
ကျန်ခဲ့တဲ့သူက ပိုချစ်ရတဲ့သူဖြစ်မလား။
ပိုချစ်ရတဲ့သူက ကိုယ်ပဲဖြစ်ပါစေလို့ ဆုတောင်းရင်း
ကိုယ့်ဘဝနဲ့ကိုယ် ရှေ့ဆက်လျှောက်ကြရမလား။
ဇာတ်ဆောင်တွေရဲ့ ခံစားချက်တွေကို ပေါ််လွင်အောင် ရိုက်ပြထားပါတယ်။
ဇာတ်ကြောင်းနှစ်ခုတည်ထားရတဲ့အကြောင်းရင်း plot twist ကိုတော့
ဆက်လက်ကြည့်ရှုပြီးတော့ ခံစားလိုက်ပါ။
နာမည်ကြီးပြင်သစ်ဒါရိုက်တာ Jean-Marc Vallée ရဲ့
လက်ရာမြောက်ဇာတ်လမ်းတွေထဲကတစ်ပုဒ်ဖြစ်ပါတယ်။
IMDb 7.3 ထိတောင် rating ကောင်းကောင်းရထားတာဆိုတော့
ဘယ်လိုဇာတ်လမ်းကောင်းဖြစ်မလဲဆိုတာ ကိုယ်တိုင်ကြည့်ရှုခံစားနိုင်ပါပြီ။...
