ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
11 A.M. (2013) ⭐IMDB: 5.6/10 (533 Votes) 🎬 #Mystery #SciFi #Thriller #ScienceFiction #Fantasy 🗓 2013 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 39 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 11 A.M (2013)**************အချိန်ခရီးသွားစက်ကို တီထွင်ဖန်တီးဖို့ ကြိုးစားနေကြတဲ့ကိုရီးယားသိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ ဒီကားလေးကသိပ္ပံကားတွေကြိုက်တဲ့ ပရိသတ်ကြီးအတွက် ကွက်တိဖြစ်မှာပါနော် .. ဇာတ်လိုက်တွေ အနေနဲ့ကတော့ Partners for Justice ထဲက မင်းသား Jung Jae Young,High Kick Season 2 ထဲက မင်းသား Choi Daniel နဲ့Children of a Lesser God ထဲက မင်းသမီး Kim Ok Vin တို့ ပါဝင်ထားပါတယ် .. ဇာတ်လမ်းအကျဉ်း************ဂျောင်ဝူဆော့ (Jung Jae Young) က ကင်ဆာရောဂါနဲ့သေဆုံးသွားတဲ့ ဇနီးဆီကိုပြန်သွားဖို့အချိန်ခရီးသွားစက်ကို တီထွင်ချင်နေခဲ့ပါတယ် .. ဆာယောင်အွန်း (Kim Ok Vin) ကတော့ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့သူ့အဖေရဲ့အိပ်မက်ဖြစ်တဲ့ အချိန်ခရီးသွားစက်ကိုတီထွင်ဖို့ရာကိုဆက်လက်အကောင်အထည်ဖော်ဖို့ ကြိုးစားနေသူပါ .. ယောင်အွန်းရဲ့ ကောင်လေးဖြစ်သူ ဂျီဝမ် (Choi Daniel) ကဆေးကျောင်းကနေထွက်ပြီး သိပ္ပံပညာဘက်ကိုလေ့လာရင်းအချိန်ခရီးသွားစက်တီထွင်တဲ့ စီမံကိန်းမှာ ပါဝင်ဖို့ရာဖြစ်လာခဲ့တယ် .. ရုရှားကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုပြီး စီမံကိန်းကို ၃နှစ်တာကြိုးစားခဲ့ပေမဲ့သိသာတဲ့ရလဒ် မရှိတဲ့အတွက် စာချုပ်သစ်ထပ်ချုပ်ဖို့ ခက်ခဲနေတဲ့ သူတို့အဖွဲ့ဟာဓာတ်ခွဲခန်းကနေ ပြန်လည်ထွက်ခွာပေးဖို့ရာဖြစ်လာခဲ့တယ် .. ဒါပေမဲ့ စီမံကိန်းကို လက်မလျှော့ချင်သေးတဲ့အတွက်ကြောင့် စာချုပ်အသစ်ချုပ်ဆိုဖို့အတွက်အချိန်ခရီးသွားစက်ကို စမ်းသပ်လည်ပတ်မှုပြုလုပ်ဖို့ ဖြစ်လာပြီးမနက်ဖြန်ကို အချိန်ခရီးသွားခဲ့ကြတယ် .. မနက်ဖြန်ကို ရောက်သွားတဲ့ အချိန်မှာသူတို့ရဲ့ဓာတ်ခွဲခန်းကြီးက မီးလောင်ပြီး ပြိုကျနေတာကိုတွေ့ခဲ့ရတယ် ဘယ်လိုဖြစ်လို့ ဓာတ်ခွဲခန်းက အဲဒီလိုဖြစ်သွားရတာလဲဆိုတာကို စုံစမ်းရင်းမထင်မှတ်ထားတဲ့ အမှန်တရားတွေကိုတွေ့ပြီး ထိတ်လန့်သွားကြရတဲ့ သူတို့တွေ ..ဘယ်လိုဆက်လုပ်ကြမှာလဲဆိုတာကိုတော့ 11 A.M ဆိုတဲ့Sci-fi / Thriller ဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါဦးနော် .. (ဇာတ်လမ်းအညွှန်းကို Vanessa မှရေးသားထားပါတယ်)...
Pitch Perfect (2012) ⭐IMDB: 7.1/10 (335 k Votes) 🎬 #Comedy #Musical #Romance #Music 🗓 2012 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating 7.2/10 Rotten Tomatoes 81% Pitch Perfect ကားဟာ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် Mucical Comedy ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Barden တက္ကသိုလ်မှ Cappella သီဆိုကြတဲ့ မိန်းကလေးများသာပါဝင်တဲ့ Bella အဖွဲ့ဟာ ၂၀၁၁ခုနှစ် နိုင်ငံအဆင့် Cappella ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေစဉ် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Aubrey က စင်ပေါ်မှာ အန်ချမိခဲ့တဲ့အတွက် ပွဲပျက်ပြီး ရှုံးနိမ့်ခဲ့ရပါတယ်။ ထို့နောက် အဖွဲ့တော်တော်များများက ကျောင်းပြီးသွား၍ အဖွဲ့မှာ မပါဝင်နိုင်တော့သဖြင့် အဖွဲ့ဝင်သစ်တွေကို ပြန်လည်ရွေးချယ်ရပါတော့တယ်။ ရှေ့က Bella တွေရဲ့ပုံစံကတော့ သေးသေးသွယ်သွယ်၊ အရပ်မြင့်မြင့်နဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ ပုံစံမျိုးတွေပဲဖြစ်ပါတယ်။ သို့သော် မနှစ်က ဖြစ်ခဲ့တဲ့ အမှားကြောင့် Bella အဖွဲ့ နာမည်ကျဆင်းခဲ့ရသောကြောင့် လူအများက ဝင်ရောက်အရွေးချယ်ခံဖို့စိတ်ဝင်စားမှုနည်းပါးခဲ့ရသောကြောင့် ရှေးက ပုံစံအတိုင်းအဖွဲ့ဝင်တွေကို မရွေးချယ်နိုင်တော့သောကြောင့် အသံကောင်းပြီး သီချင်းဆိုတတ်တဲ့ မိန်းကလေးများကိုသာ ရွေးချယ်ခဲ့ရပါတော့တယ်။ အဖွဲ့ဝင်သစ်တွေဖြစ်ကြသောကြောင့် တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးမှုနည်းကာ နားလည်မပေးနိုင်ကြသောကြောင့် သီချင်းဆိုရာတွင် အခက်အခဲဖြစ်သည့်အပြင် ခေါင်းဆောင်သစ်ဖြစ်သည့် Aubrey ၏ ရှေးရိုးစွဲလုပ်ဆောင်မှုတွေကြောင့် ပရိသတ်ကို ဆွဲဆောင်နိုင်မှုနည်းပါးခဲ့ရပါတယ်။ နောက်ပိုင်းတွင် အဖွဲ့ဝင်သစ်ဖြစ်သည့် Beca ၏ အကြံပေးမှုများဖြင့် သီချင်းရွေးချယ်ပြီး သီဆိုမှုပုံစံကို ပြောင်းလဲခဲ့ကာမှ နိုင်ငံတကာ Cappella ပွဲကို အနိုင်ရရှိခဲ့ပါတော့တယ်။ ဤဇာတ်ကားတွင် Beca အဖြစ်သရုပ်ဆောင်သည့် မင်းသမီး Anna Kendrick မှ ခွက်ကို အသုံးပြုပြီး ကိုယ်တိုင်သီဆိုခဲ့သည့် When I Gone သီချင်းသည် Billboard Hot 100 တွင် ပါဝင်ခဲ့သည်အထိ နာမည်ကျော်ကြားခဲ့ပါတယ်။ ထူးခြားချက်အနေဖြင့် Aubrey အဖြစ်သရုပ်ဆောင်သည့် Anna Camp နှင့် Jesse အဖြစ်သရုပ်ဆောင်သည့် Skylar Astin နှင့် ၂၀၁၃ ခုနှစ်တွင် စတင် Date လုပ်ကာ ၂၀၁၆ ခုနှစ်တွင် လက်ထပ်ခဲ့ပါတယ်။ Jesse J ၏ Price Tag သီချင်းကိုလည်း Final ပွဲတွင် သီဆိုခဲ့ပြီး တခြားနာမည်ကြီးသီချင်းများစွာကိုလည်း Version အသစ်နဲ့သီဆိုသွားတာကို နားဆင်ခံစားနိုင်ပါတယ်။ လူငယ်များရဲ့ လွတ်လပ်သောဘဝ၊ ဖခင်မေတ္တာ၊ သူငယ်ချင်းသံယောဇဉ်နဲ့အတူ မဆုတ်မနစ်ကြိုးစားမှုတွေကိုလည်း ဤဇာတ်ကားတွင် ကြည့်ရူခံစားရမှာပါ။ IMDb Rating 7.2/10 ရရှိကာ Rotten Tomatoes အနေနဲ့ ၈၁ % ရရှိထားပြီး ဆုပေါင်းများစွာလည်း ရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားကိုကြည့်ရူနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။...
The Silence of the Lambs (1991) ⭐TMDB: 83% User Score 🎬 #Crime #Drama #Horror #Thriller 🗓 1991 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Silence of the Lambs (1991) ဟာ Horror & Thriller အမျိုးအစားဖြစ်ပြီး ၁၉၉၂ ခုနှစ် အော်စကာဆုပေးပွဲမှာ အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု အပါအဝင် စုစုပေါင်း ဆု (၅)ခု ဆွတ်ခူးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ The Exorcist(1973) နဲ့ Jaw (1975) တို့နောက်ပိုင်း Horror Movie တွေထဲမှာ ရှားရှားပါးပါး အော်စကာဆုရခဲ့တဲ့ တတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ သောမတ်စ်ဟာရစ်ရဲ့ ကျော်ကြားခဲ့တဲ့ ဝတ္ထုတွေထဲက လူသားစား မှုခင်းဆိုင်ရာ စိတ်ရောဂါကုဆရာဝန် စိတ္တဇလူသတ်သမားဖြစ်တဲ့ ဒေါက်တာ ဟန်နီဗယ်လက်တာ ဆိုတဲ့ ဇာတ်ကောင်ပေါ်မှာ အခြေတည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒေါက်တာ Lacter ရဲ့ Character ဟာ အလွန်ပဲကျော်ကြားခဲ့ပြီး သူ့အကြောင်းကိုလည်း ရုပ်ရှင်တွေနဲ့ TV Serie တွေအများအပြားရိုက်ကူးခဲ့ကြပါတယ်။ အဲဒီရုပ်ရှင်တွေကတော့ Manhunter (1986)၊ The Silence of the Lambs (1991)၊ Hannibal (2001)၊ Red Dragon (2002) နဲ့ Hannibal Rising (2007) တို့ဖြစ်ပြီး Hannibal ဆိုတဲ့နာမည်နဲ့ပဲ TV Series တစ်ခုကိုလည်း ရိုက်ကူးခဲ့ကြပါတယ်။ Hannibal Lacter အဖြစ် သရုပ်ဆောင်ခဲ့သူများထဲမှ Anthony Hopkins ရဲ့ Hannibal ကို ၂၀၀၃ ခုနှစ်မှာ American Film Institute ကနေပြီး 1st Movie Villain အဖြစ်ရွေးချယ်ခဲ့ကြပြီး ၂၀၁၀ ခုနှစ်မှာ Entertainment Weekly ကလည်း 100 Greatest Characters of Last 20 years ထဲမှာ ထည့်သွင်းခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း Clarice Starling(Jodie Foster)ဟာ ထူးချွန်တဲ့ FBI အကယ်ဒမီရဲ့ကျောင်းသူတစ်ဦးဖြစ်ပြီး စိတ္တဇလူသတ်သမားတွေနဲ့ပါတ်သတ်ပြီး လိမ္မာပါးနပ်စွာ သုံးသပ်နိုင်သူလည်းဖြစ်ပါတယ်။ FBI ရဲ့ Behavioral Science Unit က Jack Crawford (Scott Glenn) က အမျိုးသမီးငယ်လေးတွေကို သတ်ပြီး အရေခွံခွါယူလေ့ရှိတဲ့ “Buffalo Bill” ဆိုတဲ့ နာမည်ပြောင်ရထားတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ကို ဖမ်းဆီးဖို့ရာ စုံစမ်းစစ်ဆေးနေသူဖြစ်ပါတယ်။ တစ်နေ့မှာ Jack Crawford က Clarice Starling ကို ခေါ်ယူပြီး လူတွေကို သတ်ပြီးစားသောက်ခဲ့၍ ထောင်ဒဏ်တစ်သက်ကျခံနေရတဲ့ မှုခင်းဆိုင်ရာစိတ်ရောဂါကုဆရာဝန် လူသားစား စိတ္တဇဝေဒနာရှင် ဒေါက်တာ Hannibal Lacter(Anthony Hopkins) ဆိုသူကို အင်တာဗျူးလုပ်ပေးဖို့ စေခိုင်းပါတယ်။ Crawford က ဒေါက်တာ Lacter အနေနဲ့ “Buffalo Bill” ရဲ့လူသတ်မှုတွေနဲ့ပါတ်သတ်ပြီး အကူအညီပေးနိုင်မယ်လို့ ယုံကြည်မိတာကြောင့် လှပပြီးထက်မြက်တဲ့ Clarice ကို အသုံးချပြီး အကူအညီရဖို့စေခိုင်းခဲ့တာဖြစ်ပါတယ်။ ပါးနပ်ထက်မြက်တဲ့ Clarice နဲ့ အကင်းပါးပြီး ရက်စက်တတ်တဲ့ ဒေါက်တာ Lacter တို့ ဘယ်လိုအပေးအယူတွေနဲ့ ညှိနှိုင်းကြမလဲ??? “Buffalo Bill” ရဲ့ အမှုကိုရော ဘယ်လိုပုံစံမျိုးနဲ့ ဖော်ထုတ်မလဲ??? ဒေါက်တာ Lacter နဲ့ Clarice ရဲ့ကြားထဲမှာရော ဘယ်လိုအဖြစ်အပျက်တွေ ဖြစ်ပေါ်လာမလဲ??? ဆိုတာကတော့ CM ပရိသတ်ကြီးပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါခင်ဗျာ။...
Deadpool & Wolverine (2024) ⭐IMDB: 7.9/10 (301 k Votes) 🎬 #Action #Adventure #Comedy #MarvelUniverse #SciFi #Xmen #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStates #UnitedKingdom #Australia #NewZealand #Canada #UnitedStatesofAmerica ⏰ 2 နာရီ 9 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Deadpool & Wolverine (2024) IMDb Rating (7.9) / Rotten Tomatoes (78%) Official WED-DL Version ရုပ်သံအကြည်ထွက်လာလို့ 4K Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါပြီ။ Deadpool & Wolverine (2024) အပြင် အရင်ထွက်ခဲ့တဲ့ Deadpool နှစ်ကားကိုလည်း Channel Myanmar Web and App မှာ ကြည့်နိုင်ပါပြီ။ပြီးတော့ ဒီရုပ်ရှင်နဲ့ဆက်စပ်တဲ့ MCU ရုပ်ရှင်အကုန်၊ Fantastic Four နှစ်ကား၊ Blade ၃ ကား၊ Loki စီးရီး စတာတွေကိုလည်းChannel Myanmar Web and App မှာ အသင့်တင်ပေးထားပါတယ်။Deadpool & Wolverine (2024) ရုပ်ရှင်ဟာ Loki စီးရီးထဲက TVA အချိန်ခရီးသွားအဖွဲ့နဲ့ ချိတ်ထားတာမို့ ဒါမကြည့်ခင် Loki စီးရီး ကို အရင်ကြည့်ရင် ပိုနားလည်မှာပါ။ ဇာတ်လမ်းအကျဉ်း ဒက်ပူးဟာ အဗန်ဂျာအဖွဲ့ထဲကို ဝင်ဖို့ကြိုးစားပေမဲ့ မအောင်မြင်တာရယ်၊ စော်နဲ့ ပြတ်တာရယ်ကြောင့် စိတ်ဓာတ်ကျပြီးကားအရောင်းစာရေးပဲ လုပ်နေတော့တာပါ။ဒါပေမဲ့ တစ်နေ့မှာတော့ အချိန်စီးကြောင်းကွဲထွက်တာတွေကို ထိန်းချုပ်တဲ့ TVA ဆိုတဲ့အဖွဲ့က လာဖမ်းသွားပါတယ်။အဓိက အကြောင်းရင်းကတော့ ဒက်ပူးရဲ့ စကြဝဠာက ပျက်စီးတော့မှာဖြစ်လို့ဒက်ပူးကို ပျက်စီးတဲ့အထဲ မပါအောင် သူတို့အေးဂျင့်အဖြစ်ခိုင်းလို့ရအောင် ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ဒါပေမဲ့ စကြဝဠာကို မပျက်စီးအောင် ကယ်ဖို့ ဝူးဗရင်းရဲ့ အကူအညီနဲ့ ဖြစ်နိုင်တယ်ဆိုတာ သိလိုက်ရတဲ့အခါစကြဝဠာပေါင်းစုံကို ခြေဆန့်ပြီး ဝူးဗရင်းတစ်ယောက်ကိုရှာပါတော့တယ်။နောက်ပိုင်းမှာတော့ ဝူးဗရင်းနဲ့ဒက်ပူး နှစ်ယောက်သား အချင်းချင်းချလိုက်၊ စွန့်စားခန်းတွေဖွင့်လိုက်ဖြစ်နေတာကို ဆက်ကြည့်ရုံပါပဲ။ဒီရုပ်ရှင်မှာ အရင်ရုပ်ရှင်တွေထဲက နာမည်ကြီး ဇာတ်ကောင်တွေကို ဧည့်သည်အဖြစ်ထည့်ပြီးဟာသတွေလုပ်ထားတာမို့ရယ်လည်းရယ်ရ ကြည့်လို့လည်း ကောင်းပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။...
When Mum Becomes a Murderer (2024) ⭐IMDB: 5.8/10 (97 Votes) 🎬 #Drama #Thriller #TVMovie 🗓 2024 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 29 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အယ်လီဆိုတဲ့ ကောင်မလေးရဲ့ အမေက သမီးကိုထိန်းချုပ်လွန်းပြီး social media တွေဘာတွေပါမသုံးခိုင်းဘဲတင်းကြပ်တဲ့အမေတစ်ယောက်ပါ။ ဒါပေမဲ့တစ်နေ့မှာ အယ်လီရဲ့ သူငယ်ချင်းတစ်ယောက်က ရုတ်တရက် အသတ်ခံလိုက်ရပြီး တရာခံကို အယ်လီကစုံစမ်းရာမှာ မထင်မှတ်ထားတဲ့ plot twist တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ Crime psychological thriller ကားလေးတစ်ကားပါ...
Pet Sematary (1989) ⭐TMDB: 66% User Score 🎬 #Horror #Drama 🗓 1989 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စာရေးဆရာကြီး Stephen King ရဲ့ ဝတ္ထုကိုရိုက်ကူးထားတဲ့ နာမည်ကျော် ဟော်ရာကားတစ်ကား တင်ပေးထားပါတယ်။ ဇာတ်လမ်းခေါင်းစဉ်ရဲ့ အဓိပ္ပါယ်ကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သချႋုင်း လို့ ဖြစ်ပါတယ်။ စာလုံးပေါင်းအမှန်ကတော့ (Pet Cemetery) ပါ။ ဒါပေမယ့် အဲဒီသချႋုင်းကို ပြုလုပ်ခဲ့တဲ့သူတွေက စာလုံးပေါင်းအမှန်ကို မပေါင်းတတ်ဘဲ အသံထွက်အတိုင်း အမှားကြီးရေးခဲ့လို့ ခေါင်းစဉ်မှာကို စာလုံးပေါင်းအမှားဖြစ်နေတာပါ။ (မြန်မာလူမျိုးအများစု ပဲ နဲ့ ဘဲ၊ လဲ နဲ့ လည်း၊ ကျ နဲ့ ကြ၊ တတ် နဲ့ တက်လောက်ကို မကွဲသလို သူတို့တွေလည်း C နဲ့ S မှားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေမို့ မှားခဲ့တာဖြစ်ဖို့များပါတယ်) ဇာတ်လမ်းအကျဉ်း============ မြို့လေးကို အသစ်ပြောင်းလာတဲ့ ဆရာဝန်မိသားစုမှာ သမီးတစ်ယောက်၊ သားတစ်ယောက် နဲ့ ကြောင်လေးတစ်ကောင် ပါလာပါတယ်။ သူတို့ ပြောင်းလာရတဲ့အိမ်က ကားတွေမပြတ်သွားနေတဲ့ အဝေးပြေးလမ်းမရဲ့ လမ်းဘေးလေးတင်ဖြစ်တဲ့အတွက် ကလေးတွေအတွက်ရော ကြောင်လေးအတွက်ပါ အန္တရာယ်များတဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။ သူတို့အိမ်နားက လမ်းသွယ်လေးမှာတော့ အဲဒီမြို့လေးရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို သင်္ဂြိုလ်တဲ့ နေရာလေးတစ်ခု ရှိနေပါတယ်။ အဲဒီနေရာရဲ့ ကြောက်စရာကောင်းတဲ့ ထူးခြားမှုကို မူတည်ပြီး ဒီဇာတ်လမ်းဖြစ်ပေါ်လာတာမို့ နောက်ထပ်ဘာမှ မပြောပြတော့ပါဘူး။ တစ်ခေါက်ကြည့်ပြီးသားကိုဘာသာပြန်တာတောင် ဘာသာပြန်ရင်းနဲ့ ကြောက်လာတဲ့ အမျိုးအစားမျိုးမို့ ဟော်ရာနှစ်သက်သူတွေ စိတ်ချလက်ချ ကြောက်လို့ရပါတယ်။ (Littleneo ဘာသာပြန်ပေးထားပါတယ်)...
Patch Adams (1998) ⭐TMDB: 73% User Score 🎬 #Biography #Comedy #Drama 🗓 1998 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 File size…(1.8 GB)/(877 MB)Quality….Webrip 1080p / 720pFormat…mp4Duration….01:48:00Genre… Drama, ComedySubtitle….Myanmar Subtitle (Hardsub)Encoder….Swan Min HtetTranslated by Mr. Anderson...
Timeless Romance (2019) ⭐IMDB: 4.4/10 (11 Votes) 🎬 #Comedy #Fantasy #Romance 🗓 2019 🎞 movie 🌎 #China ⏰ 1 နာရီ 23 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်ညွှန်ပေးမဲ့ကားလေးကတော့ 2019ထွက် comedy နဲ့drama ရောထားတဲ့ timeless Romance ဆိုတဲ့ကားလေးပါပဲဇာက်လမ်းအညွှန်းလေးကတော့ Qin Duyi ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာဆောက်လုပ်ရေးcompany တစ်ခုမှာ လက်ထောက်မန်နေဂျာတစ်ယောက်ပါသူက တစ်ယောက်တည်းနေတတ်သူဖြစ်ပြီး နေ့တိုင်းအလုပ်နောက်ကျတာမို့ အမြဲ အဆူခံထိသူပါ တစ်နေ့ သူဟာပလုပ်နောက်ကျတာကြောင့် ဆောက်လုပ်ရေးဆိုက်ထဲမှာအလုပ်သွားလုပ်ဖို့အပြစ်ပေးခံရပါတယ် အဲ့ဒီမှာ ဆွဲကြိုးလေးတစ်ကုံးကောက်ရတဲ့အချိန်မှာတော့ သူ့ဘဝကြီးဟာပြောင်းလဲလာပါတော့တယ် သူဟာ ဆွဲကြိုးလေးကို ယူလာပြီးညမှာတော့ သူ့အိမ်ကို ထူးဆန်းတဲ့ မိန်းမလှလေးလေးယောက်ရောက်လာပါတော့တယ် မိန်းမလှလေးတွေက သူ့ကိုပြောတယ် သူတို့ကိုကူညီပါလို့သူတို့ဟာ ရှေးခေတ်ကနေ လာခဲ့ပြီး ကိစ္စတစ်ခုကြောင့် ဆွဲကြိုးထဲမှာပိတ်မိနေကြတာပါ သူတို့ဟာ သူတို့ရဲ့ဖူးစာရှင်ကို ရှာပြီးသူတို့ကို ချစ်တယ်လို့ပြောမှသာ သူတို့ရဲ့ရှေးခေတ်ကိုပြန်နိုင်မှာဖြစ်ပြီးQin Duyi ကတေ့ာ သူတို့ရဲ့ ကယ်တင်ရှင် သူတို့ကဝိဉာဉ်တွေ ဖြစ်တာကြောင့် သူမရဲ့ ခန္တာကိုယ်ကို ငှါးဖို့လိုအပ်တာပါလို့ပြောကြပါတယ် အဲ့မိန်းကလေးလေးယောက်ကတော့Liu Rusi : ရဲရင့်ပြီး ချောမောလှတဲ့ မိန်းမစစ်သူကြီးChen Zilian: စိတ်ကူးယဉ်ဆန်ပြီး မိန်းမယစ်အိုးလေးLi Mengying: အကလဲတော် ရုပ်လေးလဲလှ ဉာဏ်လဲကောင်းလှတဲ့ အကမယ်လေးSusu : ငွေကိုရေလိုသုံးပြီး စိတ်တိုင်းကျနေသော မိန်းမလှလေး သူတို့လေးယောက်ဟာ သူတို့ရဲ့ဖူးစာရှင်ဆီက ချစ်တယ်ဆိုတဲ့စကားကိုကြားဖို့ Qin Duyi ရဲ့ ခန္တာကိုယ်ထဲကို ဝင်ပြီးကြိုးစားကြမှာပါအဲ့ဒီတော့ ကောင်မလေး ငါးယောက်ရဲ့စိတ် ခန္တာကိုယ်ကတစ်ခုထဲ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ဇာက်ကားလေးကို စောင့်ကြည့်လိုက်ပါအုံးနော်...
Wunderland (2023) ⭐IMDB: 7.8/10 (270 Votes) 🎬 #Adventure #Documentary 🗓 2023 🎞 movie 🌎 #India #Germany ⏰ 1 နာရီ 30 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Wunderland (2023) ========IMDb Rating (7.9 ) Miniatur Wunderland လို့ခေါ်တဲ့ ဂျာမနီ ဟန်းဘတ်မြို့ကဂင်းနစ်စံချိန်ဝင်ထားတဲ့ ရထားသံလမ်းမော်ဒယ် တည်ဆောက်ကြတဲ့အမြွှာ၂ယောက်အကြောင်းရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ်။ သာမန် သာကြည့်ရင် အရုပ်သေးသေးလေးတွေလို့ထင်ရတဲ့ မော်ဒယ်ပုံစံလေးတွေကိုလည်းBraun အမြွှာနှစ်ယောက်နဲ့ သူတို့ team က အချိန်တွေအများကြီးပေးပြီးအသေးစိတ်ကျကျ ပုံဖော်ရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Wunderland ကို ဂျာမနီမှာတင်မဟုတ်ပဲ တောင်အမေရိကဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးယိုးမြို့မှာပါ ဆောက်ဖို့ပြင်ဆင်ကြတာတွေပါ ရိုက်ကူးထားပါတယ်။ဘာသာစကားမတူ ယဥ်ကျေးမှုမတူပဲ တောင်အမေရိကသားတွေနဲ့ ဂျာမန်တွေအလုပ်ကို ချစ်စိတ်တစ်ခုတည်းနဲ့ ရီယိုမြို့မှာ Wunderland အကောင်အထည်ပေါ်ဖို့၂နှစ်လောက်အတူကြိုးစားကြတာကို ကြည်နူးဖွယ်ကြည့်ရမှာပါ။ ကမ္ဘာမှတ်တမ်းဝင်အရာတစ်ခုဖြစ်လာဖို့ အချိန်တွေ ပိုက်ဆံတွေအပြင်စိတ်အားထက်သန်မှုတွေအများကြီးနဲ့ အလုပ်လုပ်နေကြတဲ့ Wunderland Team ကနောက်ကွယ်မှာ ဘယ်လိုရှိလဲဆိုတာ ကြည့်လိုက်ရအောင်နော်...
Lost Destiny (2024) ⭐TMDB: 0% User Score 🎬 #Drama #Fantasy 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရှေးယခင်တုန်းက မကောင်းဆိုးဝါးမိစ္ဆာတွေကိုထိန်းချုပ်ဖို့ရန်အတွက်နဂါးမျိုးနွယ်ဇာမဏီမျိုးနွယ်အပြင်ထူးဆန်းစွာနဲ့အမြှီးကိုးချောင်းမြေခွေးမျိုးနွယ်တို့တွေက အသက်နဲ့ပေးဆပ်ပြီးထိန်းချုပ်ထားကြလို့လူ့ပြည်မှာ သာယာအေးချမ်းမှုတွေရရှိခဲ့ကြတယ်။ ဒါပေမဲ့ မြေခွေးမျိုးနွယ် အမြှီးခြောက်ချောင်းနဲ့အမြှီးကိုးချောင်းဆိုပြီး မျိုးနွယ်နှစ်ခုကွဲခဲ့တယ်။အမြှီးကိုးချောင်းကတော့ နတ်အဖြစ်ကျင့်ကြံတဲ့လမ်းစဉ်ကိုကျင့်သုံးပြီး အမြှီးခြောက်ချောင်းကတော့မိစ္ဆာလမ်းစဉ်ကိုကျင့်ကြံကြတယ်။ ဒီလိုနဲ့ တစ်နေ့မှာဒီမျိုးနွယ်နှစ်ခုပဋိပက္ခတွေဖြစ်ခဲ့ပြီးအမြှီးကိုးချောင်းမြေခွေးမျိုးနွယ်တွေပျက်သုဉ်းသွားတဲ့အချိန် လူ့ပြည်မှာမကောင်းဆိုးဝါးတွေ တဖန်ပြန်လည်ခြယ်လှယ်ခဲ့ပါတော့တယ်။အဲ့အချိန်မှာပဲ အမြှီးကိုးချောင်းမျိုးနွယ်ဝင်စူးရှန်ကလည်းဒီပဋိပက္ခကြားမှာပါခဲ့ပြီးဒဏ်ရာရတဲ့အချိန်မှာလူ့ပြည်ကစာပေသမားတစ်ယောက် ကျန်းရှန်းရဲ့ကယ်ဆယ်မှုကြောင့် အသက်ရှင်ခဲ့တယ်။ အချိန်အတော်ကြာတော့စူးရှန်က မြေခွေးကနေလူအသွင်ပြောင်းပြီးနှစ်ဦးသား နှလုံးသားချင်းနီးစပ်ခဲ့ပြီး လက်ထပ်ခဲ့ကြတာပေါ့။ဒါပေမဲ့တနေ့မှာတော့ သူဘေးတွေ့နေတဲ့အချိန်ကျန်းရှန်းဟာ သူ့အသက်ကိုစတေးပြီးဒီစူးရှန်မြေခွေးလေးကိုရှင်သန်အောင်ပေးဆပ်ခဲ့တယ်။ဒါကို စူးရှန်ကဒီကျေးဇူးနဲ့ခံစားချက်ကိုသိမ်းထားပြီး ကျန်းရှန်းလူသားအဖြစ်ပြန်လည်မွေးဖွားလာမယ့်အချိန်ကို နှစ်ငါးရာတိတိစောင့်ဆိုင်းရှာဖွေခဲ့တယ်။နှစ်ငါးရာကြာပြီးနောက်မှာ ကျန်းရှန်းကအင်မတန်မှထူးချွန်တဲ့ ဖူအိမ်တော်ရဲ့ဖူစုန့်လင်အဖြစ်မွေးဖွားလာခဲ့တယ်။ဖူစုန့်လင်ကတော့တိုင်းပြည်မင်းမှုထမ်းစာမေးပွဲတွေမှာအဆင့်တစ်နဲ့အောင်လေ့ရှိပြီး ကျိကျိုးမှာပညာသင်ကြားဖို့အတွက်မိဘအိမ်ဆီပြန်လာခဲ့တဲ့နေ့မှာတင်စူးရှန်ကလည်း သူ့ကိုမှတ်မိနေမလားစိတ်နဲ့ဖူစုန့်လင်နားချဉ်းကပ်ဖို့ရန်ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့နည်းမျိုးစုံကြိုးပမ်းမှုအောက်မှာ ဖူစုန့်လင်စိတ်ယိုင်ခဲ့သွားတဲ့အချိန်မှာတင်စူးရှန်ကအမြှီးကိုးချောင်းမြေခွေးမှန်းသိလိုက်ရတဲ့အချိန်မှာဘာတွေဆက်ဖြစ်နေကြမလဲ။ ဖူစုန့်လင်မွေးဖွားလာတဲ့အချိန်ကလောကကြီးမတည်ငြိမ်ဖြစ်နေတဲ့အချိန် လူနဲ့မကောင်းဆိုးဝါးကြားဒွန်တွဲမှုတွေဖြစ်လာတဲ့အခါ ဘာကိုရွေးချယ်သွားမလဲ။စူးရှန်ကကော သူ့ကိုအသက်နဲ့လဲပြီးပေးဆပ်ခဲ့တဲ့ချစ်ရတဲ့လူကိုဘယ်လိုကျေးဇူးပြန်ဆပ်မလဲဆိုတာတွေတော့ဒီဇာတ်ကားလေးထဲမှာတဝကြီးဆက်လက်ကြည့်ရူရအောင်...
Low Life (2004) ⭐TMDB: 58% User Score 🎬 #Action #Crime #Drama 🗓 2004 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 45 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Low Life (2004)*************** ဘာကိုမှ မကြောက်ရွံ့တတ်ခဲ့တဲ့ ထယ်ဝန်းတစ်ယောက်အနိုင်ကျင့်ခံရတဲ့ သူငယ်ချင်းအစား လက်စားချေဖို့အတွက်Hongik အထက်တန်းကျောင်းကို တစ်က်ုယ်တည်း သွားခဲ့တယ်အနိုင်ကျင့်သူကို ရှာတွေ့သွားပြီး ကောင်းကောင်း ပြန်ရိုက်နိုင်ခဲ့ပေမဲ့လည်းလှည့်အပြန်မှာ မျက်မြင်သက်သေ ကျောင်းသားတစ်ယောက်ရဲ့ ဓားနဲ့ ထိုးတာကို ခံလိုက်ရတယ် .. အဲဒီအခါမှာ ဒေါသတကြီးနဲ့ ဓားထိုးသူအိမ်ကို လိုက်သွားခဲ့ရာဓားထိုးသူက သမ္မတရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်း ဘတ်အီဝန်းရဲ့ သားဖြစ်သူဆွန်းမွန်း ဖြစ်ကြောင်း သိလိုက်ရတယ် .. ဒါပေမဲ့လည်း ရဲကိုတော့ ဖွင့်မဟခဲ့ပါဘူးအဲဒီနောက်ပိုင်းမှာ ဘတ်အီဝန်းက ထယ်ဝန်းကိုသားအနေနဲ့ မွေးစားလိုက်တော့တယ်ဘတ်အီဝန်းဆီမှာ ဟယ်အို့ဆိုတဲ့ သမီးတစ်ယောက်ရှိခဲ့ရာသမီးဖြစ်သူက ထယ်ဝန်းကို တိတ်တိတ်လေး ရင်ခုန်နေခဲ့တယ် .. အဲဒီနောက် ထယ်ဝန်းက မြောင်ဒုံလူမိုက်ဂိုဏ်းက လူမိုက်တစ်ယောက်ဖြစ်လာခဲ့တယ်တစ်နေ့မှာတော့ မွေးစားအစ်မဖြစ်တဲ့ ဟယ်အို့ အပေါ်မှာစိတ်မထိန်းနိုင်ဘဲ ချစ်ကြိုးသွယ်မိသွားတယ် .. ဟယ်အို့နဲ့ လက်ထပ်လိုက်တဲ့နောက်မှာ စီးပွားရေး မပြေလည်လာတဲ့အတွက်မကောင်းတဲ့ ဒုစရိုက်အလုပ်တွေ အကုန်လုပ်ခဲ့တယ်ထယ်ဝန်းတစ်ယောက် ဘဝက နိမ့်လိုက် မြင့်လိုက်နဲ့ ခက်ခဲကြမ်းတမ်းနေခဲ့တယ်ဒီလိုနဲ့ တစ်နေ့မှာ မထိသင့်တဲ့ အရာကို သွားထိမိခဲ့ရာကထယ်ဝန်းတစ်ယောက် ဘယ်လို ဖြစ်လာမလဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် .. (အညွှန်းကို Miri မှ ရေးသားပေးထားပါတယ်)...
Ride Away (2008) ⭐TMDB: 66% User Score 🎬 #Drama #Romance 🗓 2008 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 28 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ride Away (2008)***************** မသိတဲ့သူမရှိတဲ့ Moving , W, Happiness ထဲက မင်းသမီး Han Hyo-joo နဲ့မင်းသား Lee Young-Hoon တို့ရဲ့2008 ခုနှစ်က ထွက်ရှိထားတဲ့ Drama Movie လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း——————Ha-Jung (Han Hyo-joo) လို့ခေါ်တဲ့ ပထမနှစ်ကောလိပ်ကျောင်းသူလေးတို့မိသားစုမြို့လေးတစ်မြို့ကို ပြောင်းလာရာကနေ စတင်ပါတယ်။ Ha-Jung က တစ်ရက် ကျောင်းရဲ့အနီးနားမှာရှိတဲ့ စာအုပ်အဟောင်းဆိုင်လေးကိုစာအုပ်တွေရောင်းဖို့ သွားရာကနေစာအုပ်အဟောင်းဆိုင်က Kim Soo-Wook (Lee Young-Hoon) လို့ခေါ်တဲ့ဝန်ထမ်းကောင်လေးကို စိတ်ဝင်စားသွားပါတော့တယ်။ အဲဒီကောင်လေးကို တွေ့ရဖို့အတွက် စာအုပ်ဆိုင်ကိုသွား၊စက်ဘီးစီးပါသင်ပြီး သူနဲ့ခင်မင်ရင်းနှီးအောင်လုပ်ရာကနေနေ့ရက်တိုင်းဟာ သူ့အတွက်ပဲဖြစ်လာပါတယ်။ ဒီလိုကနေ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားမှုတွေ ပေါ်ပေါက်လာပေမဲ့လည်း…မေ့ဖျောက်လို့မရခဲ့တဲ့ အတိတ်က နာကျင်စရာ၊ဝမ်းနည်းစရာဖြစ်ရပ်တွေကို ငဲ့ညှာနေတဲ့သူတို့ဟာ ..ခံစားချက်တွေကို ပွင့်လင်းသွားနိုင်ပါ့မလားဆိုတာကို…..ငြိမ့်ငြိမ့်လေးနဲ့ ချိုချိုလေး ကြည့်ရှုနိုင်မဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ (အညွှန်းကို Yati Naing မှ ရေးသားပေးထားပါတယ်)...
Heartbeat (2011) ⭐TMDB: 64% User Score 🎬 #Drama #Action #Romance 🗓 2011 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 55 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Heartbeat (2011)******************* ဒီတစ်ခေါက်မှာတော့ CM ပရိတ်သတ်ကြီးတို့ကို ရင်နင့်အောင် ခံစားသွားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်အဓိကပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့Kim Yunjin၊ Park Hae-Il၊ Park Ha-Youngတို့ဖြစ်ပြီးပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပါဝင်အားဖြည့်ထားပါတယ် .. ဇာတ်လမ်းအကျဥ်း*************** ယွန်းဟီးက ခင်ပွန်းဆုံးသွားပြီးတဲ့နောက် တစ်ဦးတည်းသော သမီးလေးယယ်အွန်းကိုပြုစုပျိုးထောင်ရင်း ရှင်သန်နေသူပါ ..နောက်တော့ သမီးလေးယယ်အွန်းမှာ နှလုံးရောဂါရှိနေပြီးတော့နှလုံးအစားထိုးမှ ရတော့မယ်ဆိုတာ သိလိုက်ရတဲ့အချိန်ယွန်းဟီးတစ်ယောက် အင်မတန် စိတ်ထိခိုက်ခဲ့ရပါတယ်နှလုံးအစားထိုးဖို့ရာ နှလုံးအလှူရှင် လိုက်ရှာပေမဲ့လည်း ထင်သလောက် မလွယ်ကူလှပါဘူး .. အီဟီးဒိုကတော့ အလုပ်လည်း ရေရေရာရာမရှိတဲ့အပြင် အကြွေးတွေလည်း ပုံနေပြီးအမေ့ဆီကပဲ ငွေညှစ်နေတဲ့ လူတစ်ယောက်ပါ ..တစ်ရက်မှာတော့ အမေက ဆေးရုံတက်နေရပြီးအသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းပါးနေပြီဆိုတာ သိလိုက်ရပါတယ် .. အသက်ရှင်ဖို့ရာ နည်းပါးနေတဲ့ အီဟီးဒိုအမေရဲ့နှလုံးနဲ့ သမီးဖြစ်သူ ခွဲစိတ်မှုလုပ်ဖို့အတွက်ငွေနဲ့နှလုံးနဲ့ လဲလှယ်ခဲ့ကြပါတယ် ..ဘယ်လောက်ပဲ မသိတတ်တဲ့သားဆိုးဖြစ်နေပါစေအီဟီးဒိုကတော့ အမေ့နှလုံးကို ယူသွားဖို့ရာ တားဆီးပိတ်ပင်ပါတော့တယ် .. သမီးလေးကို ဆက်ပြီး အသက်ဆက်ရှင်စေချင်တဲ့ အမေတစ်ယောက်နဲ့အမေဖြစ်သူက အသက်ရှင်ဖို့ အခြေအနေ နည်းပါးနေတယ်ဆိုရင်တောင် လက်မလွှတ်နိုင်တဲ့ သားဖြစ်သူတို့ကကိုယ်ချစ်ရတဲ့သူ အသက်ဆက်ရှင်အောင် ဘယ်လိုကြိုးစားသွားကြမလဲဆိုတာ ကြည့်ရှူပေးပါဦးနော် .. (အညွှန်းကို Kay Kay မှ ရေးသားပေးထားပါတယ်)...
The Greatest of All Time (2024) ⭐IMDB: 6.6/10 (14 k Votes) 🎬 #Action #Bollywood #SciFi #Thriller #Drama 🗓 2024 🎞 movie 🌎 #India ⏰ 3 နာရီ 1 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Greatest of All Time (2024) [ထင်ပေါ်ကျော်ကြား ပြိုင်စံရှား]TRUE WEB DL Quality UpdateGenre – Action, Thriller, Sci-fi IMDB – 6.7/10မင်းသားကြီး ဗီဂျေးရဲ့ ၂၀၂၄ ခုနှစ် ရုံတင်ကား အသစ်စက်စက်ကြီးကို ကြည့်လို့ရတဲ့ ကွာလတီကောင်းကောင်းနဲ့ ထွက်ရှိလာတဲ့အတွက် အားလပ်ရက်လေးမှာ အပန်းဖြေရအောင် CM ကနေ အမြန်ဆုံး ဦးဦးဖျားဖျား တင်ဆက်ပေးလိုက်ရပါတယ်၊ဇာတ်လမ်းအကျဉ်းလေးကတော့ ဂန်ဒီဆိုတာက တစ်ဖက်မှာ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ အကြမ်းဖက်နှိမ်နှင်းရေး အထူးတပ်ဖွဲ့ခေါင်းဆောင် ငဖိုက်၊ တစ်ဖက်မှာကျ ကိုယ်ဝန်သည်ဇနီးနဲ့ သားလေးနဲ့ အိန္ဒိယခရီးသွားလာရေး ကုမ္ပဏီက ဟန်ဆောင်ပန်ဆောင်ဝန်ထမ်းလေးဆိုပြီး မိန်းမ မသိအောင် နိုင်ငံ့တာဝန် ထမ်းဆောင်နေရသူပေါ့။မိသားစုသိရင် အန္တရာယ်များမှာဆိုလို့ ဖုံးကွယ်ထားရတော့ မိန်းမဖြစ်သူနဲ့ တကျက်ကျက်ပေါ့လေ။ ဒီလိုနဲ့ နောက်ထပ် စစ်ဆင်ရေးတစ်ခုက ထိုင်းနိုင်ငံမှာ ထမ်းဆောင်ရမှာကို မိသားစုကိုပါ အလည်အပတ်ခေါ်ပြီး သွားလိုက်တဲ့ဂန်ဒီတစ်ယောက် ကံဆိုးမိုးမှောင်ကျခဲ့ရပါတော့တယ်။ အဲဒါကြောင့် အရာအားလုံးကနေ အနားယူပြီး အေးချမ်းစွာ နေနေတဲ့ဂန်ဒီကို အထက်ကနေ အရေးကြီးတာဝန်တစ်ခုနဲ့ ပြန်ခေါ်လိုက်တဲ့အခါမှာတော့ နောက်ထပ် အံ့သြသင့်စရာတွေ ဂန်ဒီတစ်ယောက် ကြုံတွေ့ရပြီး ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ ဘယ်လိုတွေ ဖြေရှင်းကြမလဲ နှစ်ကိုယ်ခွဲက ဘာတွေလဲဆိုတာ မင်းသားကြီးဗီဂျေးရဲ့ အလန်းစား သရုပ်ဆောင်ချက် ရင်သပ်ရှုမောဖွယ် အက်ရှင်ခန်းတွေနဲ့အတူ ၃ နာရီခွဲကြာအောင်တိုင် ဖျော်ဖြေပေးမှာပဲ ဖြစ်ပါတယ်။အညွန်းဖတ်နေတာ ကြာပါတယ် ချက်ချင်းပြေးကြည့်လိုက်တာ အကောင်းဆုံးပါပဲ။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)...
The Eve (2021) ⭐TMDB: 57% User Score 🎬 #Action #Crime #Drama 🗓 2021 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 39 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Eve (2021)************ ဒီတစ်ခေါက် CM ပရိသတ်ကြီးကို တင်ဆက်ပေးသွားမယ့်ဇာတ်ကားလေးကတော့Crime/Action အမျိုးအစားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း*************ဂျောင်ဝူးက အစ်မဖြစ်သူဟန်နာနဲ့အတူ မွေးစားအမေရဲ့လက်အောက်မှာ ကြီးပြင်းလာခဲ့သူလေးပါ။အရွယ်ရောက်ပြီးတဲ့နောက် မိသားစုကိုထောက်ပံ့ဖို့အတွက် နိုင်ငံခြားမှာအလုပ်သွားလုပ်နေရင်းတစ်နေ့မှာတော့ မွေးစားအမေက ကားတိုက်ခံရမှုကြောင့် ဆုံးပါးသွားကြောင်း သိလိုက်ရပါတော့တယ်။ဒီလိုနဲ့ မွေးရပ်မြေကိုပြန်လာရင်း အမေဖြစ်သူကို ကားတိုက်ပြေးခဲ့တဲ့ တရားခံဟာအစ်မဟန်နာရဲ့အတန်းဖော်သူငယ်ချင်း တစ်ဖြစ်လဲလောင်းကစားဝိုင်းဖွင့်ထားတဲ့ ထယ်ချန်းဂိုဏ်းအဖွဲ့ဝင် ချောလ်ဂျင်ဖြစ်နေတာကို သိလိုက်ရတဲ့အခါ…. အဲဒီလိုကနေ ချောလ်ဂျင်ကို အမိဖမ်းဖို့ကြိုးစားရင်းဂျပန်ယာကူဇာတွေနဲ့ တရားမဝင်မူးယစ်ဆေးရောင်းဝယ်ဖောက်ကားနေတဲ့ကြားထဲမထင်မှတ်ဘဲ ဝင်ရောက်ပတ်သတ်မိသွားတဲ့အခါမှာတော့အဲဒီအရှုပ်အရှင်းတွေကြားထဲကနေ အမေ့အတွက်ဘယ်လိုလက်စားချေသွားမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ ဂျောင်ဝူးအဖြစ် မင်းသား Seo Han-gyeol,ဟန်နာအဖြစ် Hong Ah-reum နဲ့ဂျပန်ယာကူဇာဂိုဏ်းချုပ်ကြီးအဖြစ် မင်းသားကြီး Kim Myoeng-su တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ (အညွှန်းကို Hsu Pyae မှ ရေးသားပေးထားပါတယ်)...
My New Partner (2008) ⭐TMDB: 40% User Score 🎬 #Action #Comedy 🗓 2008 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 48 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My New Partner (2008) ************************** ပြည်တွင်းရေးရာဌာနမှာ အလုပ်လုပ်နေတဲ့ ဂန်ယောင်းဂျွန်းဟာ အဖေဖြစ်သူရဲ့ ရဲဖြစ်ပြီး အကျင့်ပျက်ခြစားမှုတွေ၊ မိန်းမပွေရှုပ်ပြီး အမေဖြစ်သူကို သေအောင်လုပ်ခဲ့တာတွေကြောင့် အငြှိုးအကြီးကြီးထားပြီး သူ့အဖေလိုလူတွေကို ထောင်ထဲရအောင်ထည့်ဖို့အတွက် ရဲဖြစ်လာသူတစ်ယောက်ပါ။ ၈နှစ်ကြာ သားအဖသံယောဇဥ်ဖြတ်ပြီး နေနေရာမှ မူးယစ်ဆေးမှုတစ်မှုကြောင့် ဘူဆန်ဆင်းပြီး ဒေသခံစုံထောက်တွေနဲ့ အတူပူးပေါင်းဖို့ဖြစ်လာတဲ့အခါမှာတော့ မေ့မေ့ပျောက်ပျောက်နေနေခဲ့တဲ့ သားအဖနှစ်ယောက်ဟာ တစ်ဖွဲ့တည်းမှာ အတူတူဆုံစည်းရဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ သားအဖနှစ်ယောက်ကြား ဘုနဲ့ဘောက် တစ်မျိုးစီ စုံစမ်းစစ်ဆေးကြရင်း မူးယစ်ဖောက်ကားနေတဲ့ အကောင်အကြီးကြီးနဲ့ သွားပတ်သတ်မိကြတဲ့အခါမှာတော့… သွေးဆိုတာရေထက်ပျစ်တယ်ဆိုတဲ့အတိုင်း အဲဒီအမှုနဲ့ဆက်စပ်ပြီး အရင်က သူ့အဖေအပေါ် အထင်လွဲခဲ့မိတာတွေ၊ သူ့အဖေရဲ့မေတ္တာတရားတွေကို နားလည်လာပြီး ပြန်ပေးဆွဲခံလိုက်ရတဲ့ အဖေကို ဒုစရိုက်ကောင်တွေဆီက ကယ်တင်ဖို့ကြိုးစားပါတော့တယ်။ ဒီကားလေးထဲမှာတော့ သားအဖနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေတင်မကဘဲ ဇာတ်ပို့ဇာတ်ရံတွေရဲ့ အလွမ်းအဆွေးဟာသတွေကပါ ပံ့ပိုးမှုအားမြိုင်ဆိုင်လွန်းတာမို့ သေချာပေါက်ကြည့်ပြီး နောင်တမရမယ့်ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းပေးချင်ပါတယ်ရှင်။ (ဇာတ်လမ်းအကျဉ်းကို Hsu Pyae မှ ရေးသားပေးထားပါတယ်။)...
The End of the Affair (1999) ⭐TMDB: 66% User Score 🎬 #Drama #Mystery #Romance 🗓 1999 🎞 movie 🌎 #UnitedStatesofAmerica #UnitedKingdom ⏰ 1 နာရီ 42 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “ချစ်တယ်ဆိုတာကို သဝန်တိုမှုနဲ့ တိုင်းတယ် ငါသူ့ကိုသဝန်တိုတာအဆုံးမရှိဘူး ဒီတော့ချစ်တာကလည်းအဆုံးမရှိဘူး” ဆိုတဲ့ ဒီ ဒိုင်ယာလော့အတိုင်းပဲ မူးရစ်ဆိုတဲ့ နာမည်ကြီးစာရေးဆရာတစ်ယောက်က အိမ်ထောင်ရေးမသာယာတဲ့ သူ့ရဲ့သူငယ်ချင်း မိန်းမ ဆာရာနဲ့ ချစ်ကြိုက်မိသွားပြီး ဖောက်ပြန်ရာကနေ သူ့ယောကျာ်းက သူ့မိန်းမဖောက်ပြန်တဲ့သူကို အလွတ်စုံထောက်နဲ့စုံးစမ်းခိုင်းပါတော့တယ်။ အညွှန်းရေးလိုက်ရင်ပေါ့သွားမှာစိုးတဲ့အတွကိ ဒီတိုင်းပဲကြည့်ကြည့်လိုက်ပါ။ ရင်ထဲမှာတခုခုကျန်ခဲ့မှာတော့သေချာပါတယ်။...
The Entitled (2022) ⭐IMDB: 4.1/10 (735 Votes) 🎬 #Comedy #Drama #Romance 🗓 2022 🎞 movie 🌎 #Philippines ⏰ 1 နာရီ 39 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Entitled (2022) ဆင်းရဲသားရပ်ကွက်မှာ ကြီးပြင်းလာတဲ့ တောသူကောင်မလေး Belinda က ရုတ်တရက် သူ့အဖေအရင်း ဟိုတယ်ပိုင်ရှင်သူဌေးကြီးနဲ့ ပြန်တွေ့ပြီး အထက်တန်းလွှာအဆင့်အတန်းမှာ နေထိုင်နိုင်ဖို့ ကြိုးစားရတော့တယ်။ သူ့ရဲ့ပင်ကိုယ် အာကြမ်းလျှာကြမ်း ရိုးသားတဲ့အပြုအမူကနေ အဆင့်အတန်းမြင့်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်အောင် ကြိုးစားရမဲ့အပြင်၊ သူ့အဖေရဲ့ဟိုတယ်ကိုပါ ကြီးကြပ်ဖို့အတွက် ရှေ့နေအချောလေးနဲ့ လေ့ကျင့်ရေးတွေ ဆင်းရတဲ့အခါ ဘယ်လိုအလွဲတွေဖြစ်မလဲ၊ နောက်ကွယ်က မထင်မှတ်ထားတဲ့အနှောင့်အယှက်တွေ ရှိနေမလားဆိုတာကိုတော့ ဒီဖီလစ်ပိုင် အချစ်ဟာသဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)...
The Perks of Being a Wallflower (2012) ⭐IMDB: 7.9/10 (557 k Votes) 🎬 #Comedy #Drama #Romance 🗓 2012 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Perks of Being a Wallflower (2012)IMDb Rating (7.9) / Rotten Tomatoes (85%)– ” ရှင်ဘာဖြစ်ချင်တာလဲ ” – ” ကိုယ်မင်းကိုပျော်စေချင်တာပါ…”Harry Potter မင်းသမီး Emma Watson ၊ Percy Jackson မင်းသား Logan Lerman ၊ Flash မင်းသား Ezra Miller တို့လို နာမည်ရ လူငယ်သရုပ်ဆောင်တွေနဲ့ ပုံဖော်ထားတဲ့ coming-of-age teen drama ဇာတ်ကားမျိုးပါ။ Stephen Chbosky က သူ့ရဲ့ နာမည်ကြီးစာအုပ် The perks of being a wallflower ကို ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ကူးခဲ့တာပါ။ဆယ်ကျော်သက်လူငယ်လူရွယ်တွေရဲ့ ခံစားချက်တွေ ထင်ဟပ်နေတဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်။ ဒီလို Teen ဇာတ်လမ်းမျိုးဟာ Rating တွေမြင့်ဖို့ခက်ခဲပေမယ့် ဒီဇာတ်ကားကတော့ Rating အကြမ်းကြီးတွေ ရရှိထားတဲ့အပြင် ကြည့်ဖူးသူတိုင်းစွဲမက်ရတဲ့ဇာတ်ကားမျိုးပါ။ စတားတွေကလဲ ရင်းနှီးပြီးသားတွေမို့ လက်လွတ်မခံသင့်ပါဘူး။ဇာတ်လမ်းတော့… အထက်တန်း ပထမနှစ်ကျောင်းသား Charlie ကတော့ သူငယ်ချင်းမရှိပါဘူး၊ သူ့ကို အခြားသူတွေ မမြင်ရဘူးတောင်ထင်နေတဲ့ အရှုံးသမားတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ စိတ်ရောဂါတစ်ခု ရှိပြီးတော့ အဲ့ဒါကြောင့်လည်း သူကိုယ်သူလည်းယုံကြည်မှုမရှိဘဲ ရုန်းကန်နေရတဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။ ရည်းစားလည်းမထားဖူးသလို First Kiss လည်းမပေးဖူးသေးတဲ့ လူရိုးလည်းတစ်ယောက်ဖြစ်ပါတယ်။ နောက်တော့ ကျောင်းဘောလုံးပွဲတစ်ခုမှာ Patrick ဆိုတဲ့ သူငယ်ချင်းတစ်ယောက်စရလာပြီး Sam ဆိုတဲ့ ကောင်မလေးနဲ့ပါ ထပ်ခင်သွားကြပါတယ်။ Sam နှင့် Patrick က အဖေတူအမေကွဲ တွေဖြစ်ပါတယ်။ Charlie ကတော့ Sam ကို သဘောကျနေပြီး သူကိုယ်သူတောင် ယုံကြည်မှုမရှိတာမလို့ ဖွင့်ပြောဖို့ဆိုတာ ဝေးလွန်းလှပါတယ်။ ဒါပေမယ့်လည်း Sam နှင့် Patrick တို့ကိုစတွေ့ပြီး သူငယ်ချင်းဖြစ်တဲ့နေ့ကတည်းက Charlie တစ်ယောက် စပျော်လာပါတယ်။ ဒီလိုနဲ့ Charlie လည်း ပုံမှန်လူတစ်ယောက်လိုပဲ ဖြစ်လာပြီး သူ့ရောဂါကလည်း သက်သာလာပါတယ်။ Charlie တစ်ယောက် Sam ကိုဖွင့်ပြောဖို့ကြောက်နေတုန်းမှာပဲ Sam အခြားတစ်ယောက်နဲ့တွဲသွားပါတယ်။ Charlie ကတော့ လက်မလျော့ပဲ Sam ပျော်ဖို့အတွက် ကျောင်းစာလုပ်တာအစ ကူညီပေးပါတယ်။ Charlie ကလည်း Sam သူငယ်ချင်း Mary နဲ့တွဲလိုက်ပါတယ်။ Charlie က သဘောမကျပေမယ့် ငြင်းရမှာ အားနာလို့ တွဲလိုက်တာဖြစ်ပါတယ်။ ဒီလိုနဲ့ နီးရက်နဲ့ဝေးနေတဲ့ Charlie နှင့် Sam တို့ရဲ့ အချစ်ရေးက ဘယ်လိုဆက်ဖြစ်မလဲ၊ Charlie တစ်ယောက် Sam ကို ဖွင့်ပြောရဲပေါ့မလား၊ Sam ကရော Charlie ရဲ့ အချစ်တွေကို လက်ခံပါ့မလားဆိုတာ……။(ရုပ်ရှင်အညွှန်းကို Movie Shorts Pic FB Page မှ ကူးယူဖော်ပြပါသည်။)File size…(3.6 GB )/(1.4 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by မိုးသောက်...
I Am Happy (2008) ⭐TMDB: 54% User Score 🎬 #Drama #Life 🗓 2008 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 55 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 I Am Happy (2008) ********************** ကျွန်တော်တို့ CM ကနေ ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးက ငိုရမှကြည့်ချင်ပါတယ် ဇာတ်နာမှကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက် ဇာတ်ကားကောင်းလေး တစ်ပုဒ်ဖြစ်တဲ့ I am happy ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေအနေနဲ့လည်း ဂျိုမန်ဆူအဖြစ် ကျွန်တော်တို့ မိန်းမလှလေးတွေ အသည်းစွဲ ဗိုလ်ကြီးမင်းသား Hyun Bin နဲ့အတူ အီဆူဂယောင်းအဖြစ် Hide ထဲက မင်းသမီးချော Lee Bo Young တို့လို ရေလည်မိုက်တဲ့ မင်းသားမင်းသမီးတွေ ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းလေးကတော့.. သူငယ်ပြန်နေတဲ့ အမေဖြစ်သူနဲ့ လောင်းကစားစွဲနေတဲ့ အစ်ကိုဖြစ်သူတို့ကြောင့် စိတ်ဒဏ်ရာပေါင်းများစွာရထားတဲ့ ဂျိုမန်ဆူ တစ်ယောက်ဟာ အချိန်ကြာလာတာနဲ့အမျှ အရူးတစ်ပိုင်းလိုဖြစ်ပြီး စိတ်ရောဂါကုဆေးရုံကို ရောက်လာတော့ပါတယ်။ ထိုဆေးရုံက သူနာပြုမလေး အီဆူဂယောင်းကတော့ ကင်ဆာရောဂါသည် ဖခင်ဖြစ်သူကို ပြုစုရင်း ဆေးရုံခရဖို့ အကြွေးတွေပိကာ စိတ်ဖိစီးမှုကို ပြင်းပြင်းထန်ထန် ခံစားနေရသူတစ်ဦးပါ။ စိတ်ကျန်းမာရေးထိခိုက်ထားသူ ဂျိူမန်ဆူတစ်ယောက် ဆေးရုံကိုရောက်ရောက်ချင်း တာဝန်ကျသူနာပြုမလေး အီဆူဂယောင်းကို ချစ်မိသွားတဲ့အခါ ဘယ်လိုတွေပြုမူမလဲ.. ဂျိုမန်ဆူနဲ့ အီဆူဂယောင်းတို့ရဲ့ ဘဝတွေကရော ဘယ်လောက်တောင်ကြမ်းတမ်းသလဲဆိုတာကို ဇာတ်လမ်းနာမည်နဲ့ မလိုက်တဲ့ I Am Happy ဆိုတဲ့ဇာတ်ကားလေးမှာ ကြည့်ရှူလိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Theint မှ ရေးသားပေးထားပါတယ်။)...
