uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Wintertide (2023) ⭐IMDB: 4.2/10 (145 Votes) 🎬 #Horror #Drama 🗓 2023 🎞 movie 🌎 #Canada ⏰ 1 နာရီ 36 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကမ္ဘာကြီးရဲ့ မြောက်ပိုင်းစွန်း မြို့လေးတစ်မြို့ဟာ နေရောင်ခြည်ကို လုံးဝမရရှိတော့ဘဲ အဆုံးမရှိတဲ့ ဆောင်းရာသီကို ဖြတ်သန်းရင်း အခြားဒေသတွေနဲ့လည်း အဆက်အသွယ်ပြတ်တောက် သွားခဲ့ပါတယ် နေအလင်းရောင် မရတာကြာတဲ့အခါမှာ လူတွေမှာ စိတ်ကျဝေဒနာနဲ့အတူ ပင်ကိုယ်စိတ် လွတ်ကင်းစေတဲ့ အမျိုးအမည်မသိ ရောဂါလည်း ဖြစ်ပွားလာခဲ့ပါတယ် ဘတ်သ်ဆိုတဲ့ ကောင်မလေးဟာ မိခင်ဖြစ်သူကို ဒီရောဂါနဲ့ ဆုံးရှုံးလိုက်ရပြီး ဖခင်ကလည်း အိမ်ကိုပြန်မလာခဲ့တော့ပါဘူး..မြို့လေးမှာ ကင်းလှည့်တာဝန်ကို ယူရင်း ဖခင်ကို လိုက်လံရှာဖွေနေခဲ့ပါတယ် တဖြည်းဖြည်းနဲ့ လူကောင်းတွေ မရှိတော့သလောက် လျော့နည်းလာသလို ရောဂါဖြစ်ပွားတဲ့ သူတွေဟာ သူမကို မြင်တာနဲ့ ဒေါသတကြီး ရန်မူတော့တာပါပဲ ဒီလိုမျိုး ဖြစ်ပွားလာခဲ့တဲ့ ရောဂါဟာ သူမတို့ မိသားစုနဲ့ ဘယ်လိုများ ဆက်စပ်မှု ရှိနေသလဲ လူတွေကို ပြန်ကောင်းအောင် လုပ်နိုင်မယ့် သော့ချက်ကို သူမ ရှာဖွေတွေ့ရှိနိုင်မလား...

Budak Flat (2023) ⭐IMDB: 7.2/10 (57 Votes) 🎬 #Action #Crime #Thriller 🗓 2023 🎞 movie 🌎 #Malaysia ⏰ 1 နာရီ 46 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အင်္ဂလိပ်အက်ရှင်ကားတွေကြည့်ရတာ ရိုးလာပြီဆိုတဲ့လူတွေအတွက် Budak Flat ဆိုတဲ့ မလေးရှားဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မလေးရှားကားဆိုပေမဲ့ IMDb မှာ Rating 7.3 အထိရရှိထားပြီး တကယ်လည်း ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ဇာတ်ကားနာမည်အတိုင်း ဘူဒက်ဆိုတဲ့ တိုက်ခန်းမှာ အာမန်နဲ့ရစ်ဇ်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်တို့ အဖွဲ့တွေကကြီးစိုးနေကြပါတယ်။ အာမန်ကတော့ လူမိုက်အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ပစ္စည်းတွေခိုးတယ်ရောင်းတယ် ဆိုပေမယ့် ဘယ်တော့မှသူတစ်ပါးအပေါ်မှာ မယုတ်မာတတ်ပါဘူး။သူ့အစ်ကို ရစ်ဇ်ကတော့ မူးယစ်ဆေးတွေကို ကိုယ်တိုင်ထုတ်ပြီးဖြန့်ဖြူးရောင်းချနေသူ တစ်ယောက် ဖြစ်ပါတယ်။အဲ့ဒီမူးယစ်ဆေးတွေက တိုက်ခန်းမှာနေထိုင်သူတွေအပြင် တခြားလူတွေ အများကြီးရဲ့ ဘဝတွေကိုပါပျက်စီးစေခဲ့တာမလို့ အာမန်က အဲ့ဒီလုပ်ငန်းကိုလုံးဝ သဘောမကျဘဲ ရပ်တန့်ပစ်ချင်နေပါတယ်။တစ်နေ့မှာတော့ အဲ့ဒီလုပ်ငန်းကို စထောင်ခဲ့တဲ့ လူဖြစ်တဲ့ သူတို့ရဲ့ဆရာဖြစ်တဲ့ ခေါင်းဆောင်က မူးယစ်ဆေးလုပ်ငန်းကို ရပ်တန့်ဖို့လုပ်ပြီး နောက်မှာ အသတ်ခံလိုက်ရပါတော့တယ်။ဖြစ်ချင်တော့ အသတ်ခံလိုက်ရတဲ့ ခေါင်းဆောင်ရဲ့ ဘေးမှာ အာမန်ရှိနေတာကို ရစ်ဇ်ကတွေ့ခဲ့တဲ့အတွက် ပြဿနာတွေပိုမိုရှုပ်ထွေးလာပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရမယ့်  အက်ရှင်ကားလေးပဲဖြစ်ပါတယ်။...

Ghosts (2002) ⭐TMDB: 0.0% User Score 🎬 #Horror #Thriller 🗓 2002 🎞 movie 🌎 #China ⏰ 1 နာရီ 33 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အလုပ်သင်ဆရာဝန်မလေးနဲ့ သူငယ်ချင်းတစ်စုဟာနယ်ကဘုရားကျောင်းတစ်ကျောင်းမှာယာယီဆေးခန်းဖွင့်ဖို့ရောက်လာခဲ့ပါတယ်။အနီးနားကမြို့လေးမှာ ပလိပ်ရောဂါပြန့်နှံနေပြီး လူနာတွေကဆေးကုဖို့လက်မခံပါဘူး။ အဲဒီလိုလက်မခံအောင် ဘုရားကျောင်းကဘုန်းတော်ကြီးက ချုပ်ကိုင်ထားတာဖြစ်နေပါတယ်။ဘုရားသခင်ကိုယုံကြည်မှသာ စောင့်ရှောက်ခံရမယ်လို့ဆိုပါတယ်။အဲဒီနေရာမှာ ရောဂါထပ်ပိုပြီးကြောက်စရာကောင်းတာကတော့ တစ္ဆေပါ။တစ္ဆေတွေဟာ သူတို့ရဲ့တာဝန်မပြီးမြောက်မချင်း လူတွေကိုလိုက်သတ်နေတယ်လို့ဆိုပါတယ်။ သိပ္ပံပညာကိုပဲယုံတဲ့ ဆရာဝန်အဖွဲ့ဟာ ဒီလိုရှေးရိုးဆန်တဲ့အယူသည်းမှုတွေကြားမှာရောက်လာတဲ့အခါပြဿနာကိုသိပ္ပံနည်းကျဖြေရှင်းဖို့ ကြိုးစားရင်း တစ္ဆေနဲ့ရင်ဆိုင်ကြရပါတော့တယ်။ဒီဘေးဒုက္ခအရာအားလုံးဟာ လူတစ်ယောက်ရဲ့အစွန်းရောက်တဲ့စွဲလန်းစိတ်ကြောင့်လို့သိလိုက်ရတဲ့အချိန်မှာ တော်တော်နောက်သွားပါပြီ...

Stronghold (2023) ⭐IMDB: 5.2/10 (62 Votes) 🎬 #Thriller 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 26 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဥ်းလေးကတော့ ကမ္ဘာပျက်ကပ်ဖြစ်အပြီးမှာ အသက်ရှင်ကျန်ရစ်သူသားအမိနှစ်ယောက်က တောအုပ်ထဲမှာ နှစ်ကိုယ်တည်းဆက်လက်နေထိုင်ခဲ့တယ်။…ဒီတောအုပ်ရဲ့အပြင်ဘက်မှာဘာတွေရှိမလဲဆိုတာကိုတော့ အမေဖြစ်သူကလွဲပြီး သမီးဖြစ်သူဆောလ်က ဘာတစ်ခုမှမသိရပါဘူး။… တနေ့တောထဲကို အပြင်လောကက လူတစ်ယောက်ရောက်လာတဲ့အခါမှာတော့…လက်တွေ့ဖြစ်ရပ်မှန်နဲ့ ဆောလ်တစ်ဘဝလုံးယုံကြည်ထားသမျှတွေက ဘယ်လိုတွေကွဲလွဲနေလဲ၊ ဆောလ်အမေကရော ဆောလ်ကို ဘာအကြောင်းတွေကြောင့် တောထဲမှာထားထားတာလဲဆိုတဲ့ အဖြေတွေကို ဇာတ်လမ်းထဲမှာ ကြည့်ရှူရမှာပါ။...

Noodles (2023) ⭐IMDB: 6.9/10 (621 Votes) 🎬 #Action #Bollywood #Drama #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 47 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Noodles (2023) သပွတ်အူ IMDb-7.7/10 Thrillers ကားကောင်းများစွာရေးသား ရိုက်ကူးဖူးတဲ့ Madhan Dhakshinamoorthy ရိုက်ကူးထားတဲ့ Family Thriller ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ် ပိတ်ရက်ညတစ်ည မိသားစုဝင် သူငယ်ချင်းတွေအိမ်နီးနားချင်းတွေ အတူစုပြီး နာမည်ဖွက်ဂိမ်းအပျော်တမ်းကစားနေကြချိန်ညကြီးသန်းခေါင်ဆူညံပွက်လောရိုက်နေတာပေါ့ ဒါကို လာသတိပေးတဲ့ရဲအရာရှိရဲအရာရှိရဲ့ မချေမငံပြောဆိုမှုတွေကြောင့် အစကရိုကျိုးနေကြတဲ့မိသားစုဝင်တွေက ပြန်ရန်တွေ့ကြနဲ့အချေအတင်တွေဖြစ်လာကြတယ် အဲဒီနောက်မှာတော့ သူတို့စတိုးဆိုင်ကို ဝင်‌‌ရောက်စီးနင်းလာသူတွေရှိခဲ့ပြီး မတော်တဆဖြစ်ရပ်ကြောင့်နဲ့စီးနင်းဝင် ရောက်လာသူထဲကတစ်ယောက် သေဆုံးသွားတဲ့‌‌နောက်မှာတော့ သူငယ်ချင်းဖြစ်သူမိတ်ဆက်ပေးတဲ့ရှေ့နေနဲ့အတူဒီကိစ္စကိုဘယ်လို တွေလက်စဖျောက်ပြီး ရှင်းထုတ်ကြမလဲ …… မကျေမနပ်ပြန်သွားရတဲ့ ရဲအရာရှိနဲ့ရော ဘယ်လိုဇယားတွေ ကပ်လာဦးမလဲ ဆိုတာတွေကိုရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ် အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ V ~ Yunni ~ Alex ~ ToMo ~ Thaik San တို့ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Twisted Neighbor (2023) ⭐IMDB: 5.5/10 (109 Votes) 🎬 #Mystery #Thriller #Uncategorized 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 30 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စာရေးဆရာမ တစ်ဦးဖြစ်တဲ့ ကောလင်း ကက်ဟာ သူမရဲ့ နောက်ကြောင်းအချို့ကြောင့် နယူးယောက်မြို့မှ ဆန်နီဗက်စ်တာ မြို့လေးကို ရောက်ရှိလာခဲ့တယ်။ မြို့လေးဟာ သာယာပျော်ရွှင်စရာကောင်းပြီး အိမ်နီးချင်းတွေဟာလည်း ဖော်ရွေကြတယ်။ ဒါပေမဲ့ နောက်ကွယ်မှာတော့ ထူးဆန်းတဲ့ လူသတ်မှုတစ်ခု ဖြစ်ထားတာကိုတော့ ဘယ်သူမှ မသိခဲ့ကြပါဘူး။ တနေ့မှာတော့ ကောလင်းရဲ့ သူငယ်ချင်းဟာလည်း ခြိမ်းခြောက်စာ ရရှိပြီးနောက် ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားတာကြောင့် သူမဟာလည်း လူသတ်သမားကို ရှာဖွေဖို့ ဖြစ်လာပါတော့တယ်။ သူမကိုယ်တိုင်လည်း ခြိမ်းခြောက်စာ ရရှိလာတဲ့အခါ သူမအနေနဲ့ ဘယ်လိုမျိုး စွန့်စား ရှာဖွေသလဲဆိုတာကို စိတ်ဝင်စားစရာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။...

Enchanted Doll (2014) ⭐TMDB: 0.0% User Score 🎬 #Horror #Thriller 🗓 2014 🎞 movie 🌎 #China ⏰ 1 နာရီ 24 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတခေါက် CM ရဲ့ ပရိသတ်တွေအတွက် စိတ္တဇသဲထိတ်ရင်ဖိုရုပ်ရှင်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- စာရေးဆရာ ပိုင်လန်တုက ဇနီးနဲ့ကွာရှင်းပြီးနောက် သူ့ရဲ့ အသက် ၁၃ နှစ်အရွယ်သမီးလေး Zippo ဟာ အမေနဲ့နေထိုင်ခဲ့ပါတယ်။ သမီးကိုချစ်တဲ့ ပိုင်လန်တုဟာသူ့အပေါ် အမြင်မကြည်တဲ့ သမီးနဲ့ ဆက်ဆံရေးကောင်းအောင်ဆောင်းရာသီကျောင်းပိတ်ရက်မှာ အပန်းဖြေစံအိမ်မှာ အပန်းဖြေဖို့ ခေါ်သွားခဲ့ပါတယ်။ အပန်းဖြေစံအိမ်ဟာ တောင်ကြားအတွင်းမှာရှိပြီး ဥယျာဉ်မှူးတစ်ယောက်ပဲ နေထိုင်ပါတယ်။ပိုင်လန်တု ဝိန်ရှန်းနဲ့ သမီးလေးတို့ စံအိမ်ထဲမှာ နေထိုင်တဲ့အချိန်မှာထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါတယ်။ တခြားဧည့်သည်တွေရောက်လာပြီးနောက်မှာတော့ အရာအားလုံးဟာ မထိန်းချုပ်နိုင်တော့တဲ့ အဆင့်ကို ရောက်သွားပါတော့တယ်။ သမီးလေး ထူးထူးဆန်းဆန်းပျောက်သွားခြင်း၊ ပစ္စည်းပို့သူရဲ့ ဗီဒီယိုဖိုင်တစ်ခု၊အိမ်ရှင်ညီမလေးရဲ့ အလန့်တကြားထွက်ပြေးမှုတွေမှာ သူတို့ကံကြမ္မာက ဘယ်လိုဖြစ်မလဲ……ဘယ်သူကရော ဒီအရာအားလုံးကို ထိန်းချုပ်နေတာလဲ……ဆိုတာကို ရုပ်ရှင်ကြည့်ပြီး အဖြေရှာလိုက်ရအောင်နော်။...

Monster Inside: America's Most Extreme Haunted House (2023) ⭐IMDB: 5.5/10 (1 k Votes) 🎬 #Crime #Documentary #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ရုပ်ရှင်မဟုတ်ပဲအမေရိကရဲ့ ကြောက်စရာ အကောင်းဆုံးအိမ်ကြီးထဲက မကောင်းဆိုးဝါးတစ်ကောင် အကြောင်း ဖြစ်ရပ်မှန်တီဗီအစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ Monster Inside America’s Most Extreme Haunted House ဆိုတဲ့ နာမည်နဲ့ထွက်ရှိထားတာဖြစ်ပြီး သည်းထိပ်ရင်ဖိုဆိုကြိုက်မှကြိုက်ဆိုတဲ့ လူတွေ လက်လွတ်မခံကြည့်သင့်တဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်လောက်တုန်းက အမေရိကမှာဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တဲ့ မက်ကေမီအိမ်ကြီးဆိုတဲ့ နေရာတစ်ခုရှိပါတယ်။အဲ့ဒီနေရာကို ရက်စ်မက်ကေမီဆိုတဲ့ လူက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အဲ့ဒီနေရာကိုအဓိကကြီးကြပ်ဦးစီးနေသူလည်း ဖြစ်ပါတယ်။အဲ့ဒီအိမ်ကြီးက ဘာလို့နာမည်ကြီးသွားရလဲဆိုရင် အဲ့ဒီအိမ်ကြီးထဲကို လာတဲ့ လူတိုင်းကို စစ်မှန်တဲ့ပြင်းထန်တဲ့ အလွန်အမင်းဖြစ်တဲ့သည်းထိတ်ရင်ဖို အတွေ့အကြုံတွေကို ပေးစွမ်းနိုင်လို့ပဲဖြစ်ပါတယ်။အဲ့ဒီအိမ်ကြီးထဲကို ဝင်ချင်တိုင်းလည်း ဝင်လို့မရပါဘူး။ကျန်းမာရေးစစ်ဆေးချက်တွေလုပ်ပြီး သင့်တော်တယ်ဆိုမှ သူတို့ရဲ့ စာချုပ်မှာပါတဲ့ အချက်အလက်တွေကိုသဘောတူလက်မှတ်ထိုးပြီးမှ ဝင်ခွင့်ရှိတာပါ။အဲ့ဒါကြောင့်မလို့ လည်း ယနေ့ထိတိုင်စိတ်ဝင်စားနေတဲ့လူအများအပြား ရှိနေသေးတာဖြစ်ပါတယ်။အဲ့ဒီထဲမှာကိုယ့်ကိုနှိပ်စက်မယ် ရိုက်နှက်မယ် ရေနှစ်မယ် သွားတွေဆွဲထုတ်မယ် မသေရုံတမယ်နှိပ်စက်မယ်ဆိုတဲ့ ၈ နာရီကြာဝန်ဆောင်မှုတွေ အများကြီးရပါတယ်။ဒီတော့ကိုယ့်သတ္တိကိုယ်ယုံကြည်ပြီးတော့ သည်းထိပ်ရင်ဖို အစစ် အမှန်ကိုမှခံစားချင်တယ်ဆိုရင်တော့ အဲ့ဒီကိုသွားကြဖို့အကြံပေးချင်ပါတယ်။ဒါပေမယ့် လူတွေဆိုတာသိတဲ့အတိုင်း ကောင်းတာလုပ်ရင်တောင် ဝိုင်းပြောချင်နေကြတာဆိုတော့ ဒီလိုဆိုးဝါးတဲ့ အရာတစ်ခုအပေါ်မှာလည်း သဘောထားတွေကွဲလွဲလာခဲ့ကြပါတော့တယ်။ ထောက်ခံသူတွေက ထောက်ခံ ဆန့်ကျင်သူတွေကဆန့်ကျင်ပြီးတော့ ပွဲတွေဖြစ်ခဲ့ကြတာဆိုရင် ယနေ့ထိတိုင်ပါပဲ။ဒီထဲမှာ အဲ့ဒီအိမ်ကိုသွားခဲ့ဖူးတဲ့ လူသုံးယောက်ကသူတို့ရဲ့အတွေ့အကြုံတွေ အထင်အမြင်တွေကို ပြောပြထားတာကိုအဓိကထား ရိုက်ကူးထားပါတယ်။ဒီတော့ ကိုယ်လဲစိတ်ဝင်စားလို့ သွားချင်တယ်ဆိုရင်တော့ မသွားခင် ဒီအစီအစဉ်လေးကိုကြည့်သွားဖို့ အတွက်အကြံပေးလိုက်ချင်ပါတယ်။...

Rockstar (2011) ⭐IMDB: 7.7/10 (48 k Votes) 🎬 #Bollywood #Drama #Musical #Music #Romance 🗓 2011 🎞 movie 🌎 #India ⏰ 2 နာရီ 39 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bollywood ရဲ့ လူငယ်မင်းသားတွေအကြောင်း ပြော ကြကြေးဆိုရင် Ranbir Kapoor မပါရင်ပြီးပြည့်စုံမှုရှိမှာ မဟုတ်ပါဘူး။ သူ့ဇာတ်ကား အများစုဟာ အလွမ်းအဆွေးဆောင်ပြီး မျက်ရည်ချူဖို့ များခဲ့ပါတယ်။ ဒီတစ်ချက်က ကျွန်တော်မနှစ်သက်တဲ့ အချက်ဖြစ်ပြီး သူ့ သရုပ်ဆောင်စရိုက် ပိုင်နိုင်မှုကိုတော့ Roctstar (2011) နဲ့ Sanju (2018) ဇာတ်ကားတွေမှာ ကြွေခဲ့ရပြန်ပါတယ်။အစကတော့ Rock သီချင်းတွေနဲ့ မနီးစပ်တာ တကြောင်း Drama ဆန်တဲ့ ဇာတ်လမ်းဖြစ်သည်က တကြောင်းကြောင့် မရေးချင်ခဲ့ပါဘူး ။ ကိုယ့်အရေးအသားမပြည့်စုံမှုက ဒီဇာတ်ကားကို စိတ်ဝင်စားမှု နည်းလာမှာလည်း မဖြစ်စေချင်ခဲ့ဘူး။ ဒီဇာတ်ကားဟာ အသွင်အပြင် ခမ်းနားစွာနဲ့ Rock စရိုက်ပီပြင်တယ်။ အဝတ်အစား ဝတ်ဆင်မှုက Ranbir နဲ့ စောက်ရမ်းလန်းနေတယ်။ ခေတ်စကားအရ ဂေါ်တယ် ပေါ့။ ဂီတာတစ်ဖက် နဲ့ လည်ပင်းကြော ထောင်လာသလို မြင်မိတာက ဒီဇာတ်ကားရဲ့ သံစဉ်တေးတစ်ပုဒ်ပါပဲ။ ဒီတစ်ချက်နဲ့ကြည့်ရဖို့ လုံလောက်ပါတယ်။ ဒီကားမှာ Ranbir ဇာတ်ကောင် နာမည်က JJ (Jordan ) ။ သူရဲ့ ကောလိပ်ဘဘဝက ရိုးရှင်းတယ်။ နည်းနည်းအူကြောင်ကြောင်နိုင်တယ်။ ဒါပေမဲ့ သူ့မှာ အိပ်မက်တစ်ခုတော့ရှိတယ် ။Jim Morrism ဆိုတဲ့ ဘဲကြီးကို Idol ထားပြီး သူ့လို အောင်မြင်ချင်တယ်။ Rock ဂီတ ကို ခပ်နက်နက်တေးသွားစာသားတွေနဲ့ သူ ပျံသန်းချင်နေခဲ့တယ်။ ( Jim Morrison ဆိုတာက Rock ဂီတရဲ့ ရှေ့ပြေးဆရာတစ်ဆူပါပဲ ။ ဆံပင်က အရှည် ဂီတာက တစ်လက် စီးကရက် တစ်ဖွာတရှိုက် နဲ့ သူ့ ပုံစံက ကြည့်ကောင်းနေခဲ့တဲ့ သူ။ Rock ဂီတနဲ့ နီးစပ်တဲ့သူတွေပိုသိပါလိမ့်မယ် ) ဒီလိုမျိုး Jim Morrison ကို ကြိုက်နှစ်သက်တဲ့ သူ့ အဖို့ Morrisonလို ဂီတသွေး ကြွနေဖို့လိုပါမယ်။ ကောလိပ်ကန်တင်းပိုင်ရှင်ကတော့ Jordan ကို ပြောရှာတယ်။ ” ကြေကွဲဖို့ကောင်းနေတဲ့ အခြေအနေဟာ အနုပညာသွေးဆာနေတဲ့ ကာလပဲ ” တဲ့။ ဒီတော့ Jordan စဉ်းစားတယ်။ သူ အသည်းကွဲနေမှဖြစ်မယ်လေ။ ဒါမှ သူ့သီချင်းတွေပြောင်မြောက်ရမှာပေါ့။ ဒီလိုနဲ့ ကောလိပ်က အချောဆုံးဆိုတဲ့ ကောင်မလေး ကို လိုက်ရှာတယ်။ တွေ့မှလည်း တွေ့ရော အသည်းကွဲစက် လို့နာမည်ကြီးနေတဲ့ Heer ကိုမှ သွားတွေ့တယ်။ Jordan ကတော့ သူ့စိတ်ကူးနဲ့သူမို့ Heer ကို အသည်းအသန်လိုက်တယ်။ နောက်တော့ အသည်းကွဲတဲ့အထာနဲ့သီချင်းတွေ စွတ်ရေးတယ်။ Heer ကတော့ မကြိုက်တဲ့သဘော ရှိပေမယ့် ခင်မင်အောင်ပေါင်းတယ်။ Jordan က ရိုးရိုးအအ ဆိုတော့ Heer ခိုင်းသမျှပျော်အောင် လျှောက်လုပ်တယ်။ ဒီမှာမသိမသာလေး ခိုးဝင်လာမိတဲ့ သံယောဇဉ်နှောင်ကြိုးလေးတော့ တွယ်မိကြတာပါပဲ။ ” ဘဝဟာ သိပ်ထူးဆန်းတယ်။ တွေ့မှ ကြုံ ဆိုသော်လည်း ဆုံ ချင်မှ ဆုံဦးမှာလေ ” ဒီလိုနဲ့ တစ်နေ့မှာတော့ Heer က ပါရာဂွေး နိုင်ငံဆီ ထွက်ခွာသွားခဲ့တယ်။ အဲ့အချိန်မှာ Jordan က စောက်ရမ်းအသည်းကွဲပြနေပြီလေ။ သီချင်းတွေလည်း ပြောင်မြောက်လာပြီ။ တစ်နေ့မှာ သတင်းတစ်ခုက Jordan ကို နှိုးဆွလိုက်တော့တယ်။ ပါရာဂွေး နိုင်ငံဆီ လွှတ်ဖို့ အနုပညာရှင် ရွေးချယ်ပွဲ ကျင်းပမယ့် သတင်းပါပဲ။ ဒါဟာ သူ့အတွက် မဟာအခွင့်အရေးပါပဲ။ ဒီလိုနဲ့ Jordan တစ်ယောက် စိတ်ကူူးစိတ်သန်းတွေကြားထဲက Heer ကို ပြန်တွေ့ဖို့ ကိုယ့်ကံကြမ္မာကို ပြန်ဖန်တီးခဲ့တဲ့အချိန်မှာတော့ ……………။ ကဲ ……ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာတော့ မပြောပြတော့ပါဘူး။ ဒီဇာတ်ကား ရဲ့ တဆစ်ချိုးတွေဟာ အပြင်လောကနဲ့ နီးစပ်စေသလို ချစ်ခြင်းမေတ္တာရဲ့ လွတ်လပ်ခြင်းဆီကိုပါ ချဉ်းကပ်စေမိပါတယ်။ သံယောဇဉ် ရဲ့ နှောင်ကြိုးတွေနဲ့ လူ့လောက ကန့်သတ်မှုတွေကြားက စိတ်ခံစားမှုကိုပါ တရေးရေးမြင်လာမိစေတယ်။ အူတူတူ လေး Jordan နဲ့ နာမည်ကြီး ကာလ Jordan အသွင်အပြင် တွေက ခြားနားလာတယ်။ တစ်ဖက်မှာ အောင်မြင်လာသလို တစ်ဖက်မှာ ကျရှုံးလာတယ်။ဒါဟာ လောကဓံရောင်ပြန်လေး တစ်ခုလိုပါ။ ဒီဇာတ်ကား ဟာ Ranbir ရဲ့ ခမ်းနားတဲ့ကာရိုက်တာကြောင့် ကျော်ကြားလာသလို ဇာတ်ဝင်သီချင်းတွေကပါ အဓိပါ္ပယ် ပေါ်လွင်လှပါတယ်။ Drama ကားမို့ ကြည်နူးရမယ်။ ဝမ်းနည်းရမယ်။ နာကျည်းရမယ် ဆိုပေမဲ့Jordan ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒက ခွန်အားတွန်းပေးတဲ့ အထောက်အကူပါပဲ။ ဒါ့ကြောင့် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် ညွှန်းလိုက်ပါရစေဦးတော့။ #linnkhayan ရုပ်ရှင်အညွှန်းကို Linnkhäyañ မှတင်ဆက်ပေးထားပါတယ်။ (ဘာသာပြန်သူကတော့ ကိုဇော်ထူး ပါ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Pet (2016) ⭐IMDB: 5.7/10 (19 k Votes) 🎬 #Horror #Thriller 🗓 2016 🎞 movie 🌎 #Spain #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခွေးထိန်းသိမ်းရေးဌာနမှာ အလုပ်လုပ်နေတဲ့ ဆက် ဆိုတဲ့ကောင်လေးတစ်ယောက် စားပွဲထိုးမလေး ဟော်လီ ကိုအရူးအမူးစွဲလမ်းသွားခဲ့တယ် ကောင်မလေးကလည်း အချေတစ်လိုင်းဆိုတော့ ကြာတော့ ဆိုက်ကိုဖောက်လာတာပေါ့လေ….. အချစ်ကြီးတော့ အမျက်ကြီးတယ် ဆိုတဲ့အတိုင်း ဆိုက်ကိုပါဖောက်လာတော့ မလုပ်သင့်တာတစ်ခုကို သူလုပ်လိုက်မိတယ်လေ အဲဒီအမှားကနေ နောက်ဆက်တွဲဖြစ်လာတာတွေကို ဖြေရှင်းနိုင်ဖို့ကြိုးစားရင်းနဲ့ နောက်ဆုံး ဇာတ်လမ်းရဲ့အလှည့်အပြောင်းက မထင်မှတ်ထားလောက်အောင် ဘယ်လိုတွေပြောင်းလဲသွားလဲဆိုတာကိုတော့ စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရမယ် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်…… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...

South Park: Joining the Panderverse (2023) ⭐IMDB: 7.9/10 (8 k Votes) 🎬 #Animation #Comedy #ScienceFiction #TVMovie #Uncategorized #Fantasy 🗓 2023 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 49 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dark humour တွေကြိုက်တဲ့လူတိုင်း South Park Series လေးကိုတော့ သိမယ်ထင်ပါတယ် ဒီတစ်ကားမှာလည်း ထုံးစံအတိုင်း ‌ဒီခေတ်မှာ ဖြစ်ပျက်နေတာကို သိသိသာသာ Troll ထားတာပါ Disney က ထုတ်သမျှ ဇာတ်ကားတိုင်း လူမည်းနဲ့ အစားထိုးပြီး လူမျိုးရေးခွဲခြားတာလို့ ထိုင်အော်နေတဲ့ အကြောင်းနဲ့ AI ကို အားကိုးလာကြတဲ့ လူတွေအကြောင်းကို သရော်ထားတာဖြစ်ပါတယ် အဲရစ်ကာမန်းဟာ သူ့ပတ်ဝန်းကျင်ကလူတွေ အစားထိုးခံလိုက်ရတယ်ဆိုတဲ့ အိမ်မက်ကို အမြဲမက်နေခဲ့တာပါ တစ်ရက်မှာတော့ သူ့အပေါ်ကို ဂိတ်ပေါက်တစ်ခုဖွင့်လာပြီး တခြား ကမ္ဘာတစ်ခုကို ရောက်ရှိသွားတဲ့အခါ အဲရစ်တစ်ယောက် လူမှန်နေရာမှန်ပြန်ရောက်အောင် လုပ်ရပါတော့တယ်...

Once Upon a Studio (2023) ⭐TMDB: 84.0% User Score 🎬 #Animation #Comedy #Family #Fantasy 🗓 2023 🎞 movie 🌎 #UnitedStatesofAmerica ⏰ 9 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကျွန်တော်တို့ရဲ့ ငယ်ဘဝကို တစ်ဖက်တစ်လှမ်းကနေ ပြည့်စုံအောင် ဖန်တီးပေးခဲ့တဲ့ Disney Studioက နှစ် ၁၀၀ ပြည့်မြောက်ခဲ့ပါပြီ။ Disneyက သူတို့ရဲ့ နှစ်၁၀၀ပြည့် အထိမ်းမှတ်အတွက် အောက်တိုဘာ ၁၆ရက်နေ့က Disney+ နဲ့ Hulu မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုအတိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အဆိုပါ ဗီဒီယိုမှာ Disney ရဲ့ Charactersတွေ အကုန်လုံးကို တစ်စုတစ်စည်းတည်း မြင်တွေ့ရမှာပါ။ Disney ကို ကြည့်ဖူးတဲ့လူတိုင်းအတွက် ယခုဗီဒီယိုအတိုလေးက သင့်ရဲ့ တစ်နေ့တာကို ပြည့်စုံစေမှာပါ။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...

Island of Fire (1990) ⭐TMDB: 61.0% User Score 🎬 #Action #Crime #Drama #JackieChan 🗓 1990 🎞 movie 🌎 #HongKong #Taiwan ⏰ 1 နာရီ 37 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ဟောင်ကောင်စတားတွေဖြစ်တဲ့ Jackie Chan ရယ် Andy Lau ရယ် Sammo Kam-Bo Hung (ဖက်တီးမင်းသား)တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ကားကောင်းလေးတစ်ကားပါပဲ…….. ဇာတ်လမ်းလေးထဲမှာတော့ သူတို့တွေဟာ အကြောင်း အမျိုးမျိုးနဲ့ ထောင်ထဲကို ရောက်သွားကြတဲ့သူတွေပါ။ တစ်ယောက်ကို ပြဿနာတစ်ခုကြုံနေကြရတဲ့ သူတွေပေါ့။ ထောင်မှူးနဲ့ ထောင်စောင့်တွေကလည်း ထောင်သားတွေအပေါ် အနိုင်ကျင့်နှိပ်စက်လာဘ်စားနေကြတာပါ…. ဒီလိုနဲ့ ပြဿနာပေါင်းစုံတဲ့ ထောင်ကြီးထဲမှာ ပြဿနာပေါင်းစုံဖြစ်ကြပြီး တစ်ယောက်ပြီးတစ်ယောက် သေမိန့်ပေးခံလိုက်ရတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်သွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးလို့...

Bicentennial Man (1999) ⭐TMDB: 72.0% User Score 🎬 #Drama #Romance #SciFi #ScienceFiction 🗓 1999 🎞 movie 🌎 #Germany #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 11 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bicentennial Man (1999) ဒီကားလေးကတော့ ၁၉၉၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ ခေတ်ဟောင်းစက်ရုပ်ကားလေးပါ။ အခုခေတ်ကားတွေလို စက်ရုပ်တွေ အကြမ်းဖက် လူသတ် ကမ္ဘာသိမ်းဇာတ်လမ်းမျိုးမဟုတ်ဘဲ စက်ရုပ်တစ်ရုပ်ရဲ့ ဘ၀ဇာတ်ကြောင်းကို အလွမ်းအဆွေး တွေးစရာတွေနဲ့တင်ဆက်ထားတာဖြစ်ပါတယ်။ ဟာသမင်းသားကြီး Robin Williams ရဲ့ အကောင်းဆုံးကားတစ်ကားလို့ရည်ညွှန်းကြတဲ့အတွက် အချိန်ပေးရတန်စေမယ့်ကား၊ သူ့အလွမ်းပြေကြည့်ရမယ့်ကားဆိုလည်း မမှားပါဘူး။ မာတင်မိသားစုက မီးဖိုချောင်သုံးစက်ရုပ်တစ်ရုပ်ကို၀ယ်ခဲ့ပြီး အန်ဒရူးလို့နာမည်ပေးခဲ့ပါတယ်။ အန်ဒရူးက သာမန်စက်ရုပ်မဟုတ်ဘဲ ခံစားချက်တွေ ကိုယ်ရည်ကိုယ်သွေးတွေရှိနေတဲ့အချိန်မှာတော့ မာတင်မိသားစုက မီးဖိုချောင်မှာမခိုင်းတော့ဘဲ သိသင့်သိထိုက်တာတွေသင်ပေးပြီးတဲ့နောက်မှာတော့ အန်ဒရူးတစ်ယောက် စက်ရုပ်အဖြစ်ကနေမှ လူသားအဖြစ်ကို တဖြည်းဖြည်းပြောင်းလဲလာပြီး အချစ်ကိုထိတွေ့ခံစားမိပုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...

Notorious (2009) ⭐TMDB: 69.0% User Score 🎬 #Drama #History #Music #Biography #Crime 🗓 2009 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 9 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နာမည်ကြီး Rapper Biggieရဲ့ ဘဝဇာတ်ကြောင်းကို ရုပ်ရှင်ဆန်ဆန် ပြန်ရိုက်ထားတဲ့ကားပါ။ Biggieရဲ့ Brooklyn မှာ တုန်းက ငယ်ဘဝက စလို့ သူ့အသက်သေဆုံးသွားတဲ့အထိ ဖြစ်သမျှကို ရိုက်ထားပါတယ်။ ငယ်ငယ်က အမေ့သားလေး Biggie အိမ်တွင်းပုန်း လူလိမ္မာလေးကနေ လမ်းပေါ်က ညီအစ်ကိုတွေကို အားကျပြီး ဆေးအရောင်းအဝယ်အလုပ်ကို ကလေးဘဝထဲက စလုပ်ခဲ့ပါတယ်။ ငယ်စဥ်ထဲက ပါရမီပါလာတဲ့ ကာရန်နဘေတွေကို လက်တမ်းရွတ်တတ်တဲ့ Biggie ခေါ် Christopher Wallaceက ကျောင်းစာမှာတော့ တစ်စက်လေးမှ စိတ်မပါခဲ့ပါဘူး။ ဒါပေမယ့် စာညံ့လို့မဟုတ်ဘဲ ဘဝကို သာမန်အလုပ်အကိုင်တွေနဲ့ သာမန် မဖြတ်သန်းချင်ခဲ့သူပါ။ ကျောင်းက ဆရာက သူ့ကို အမှိုက်ကောက်သမားပဲ ဖြစ်မယ်လို့ ဟောတမ်းထုတ်တာကို အမှိုက်ကောက်သမားရဲ့ ဝင်ငွေက ကျောင်းဆရာရဲ့ ဝင်ငွေထက် ပိုများနေကြောင်း ပြန်ပြောပြလို့ အတန်းထဲက နှင်ထုတ်ခံခဲ့ရဖူးပါတယ်။ အရွယ်ရောက်လာတဲ့အခါ ဂီတလောကထဲဝင်တဲ့အချိန်မှာ နာမည်ကြီး Rapper Lil’ Kimနဲ့ အချစ်နဲ့ အိမ်ထောင်ရေးအရှုပ်တော်ပုံတွေ မိန်းမဖြစ်သူ Faith Evans နဲ့ တွေ့ခဲ့ရပုံတွေ သူငယ်ချင်းအဖြစ်ကနေ ရန်သူတွေ ဖြစ်သွားတဲ့ Tupac နဲ့ ဇာတ်လမ်းတွေကိုပါ အပြည့်အဝ ကြည့်ရမယ့်အပြင် တစ်ကားလုံး hip-hop သီချင်းတွေ ဝေဝေဆာဆာကြားရမှာမို့လို့ တစက်မှ မပျင်းဘဲ ကြည့်ရမှာဖြစ်ပါတယ်။...

Next Day Air (2009) ⭐IMDB: 5.7/10 (11 k Votes) 🎬 #Action #Comedy #Crime 🗓 2009 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ Next Day Air ဆိုတဲ့ အက်ရှင်ဟာသကားလေယကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ ဂွတ်ချ်ရယ် ဘရိုဒီရယ် ဟက်စီဆိုတဲ့သူငယ်ချင်းသုံးယောက်ဟာ ဒုစရိုက်မှုတွေလုပ်ကြပါတယ် ဒါပေမဲ့ သူတို့ဟာ ဒုစရိုက်မှုတွေလုပ်တယ်ဆိုပေမဲ့ ပေါက်ကရလုပ်တတ်တဲ့ တလွဲဥာဏ်ကြီးရှင်ဒုစရိုက်သမားတွေပါ လီယိုဆိုတဲ့ကောင်လေးကတော့ ဆေးခြောက်သုံး ပစ္စည်းလိုက်ပို့ပေးရတဲ့ကောင်လေးပါ တနေ့မှာ လီယိုတစ်ယောက်ဆေးကွဲနေတုန်း အရေးကြီးတဲ့ ကိုကိန်းတွေပါတဲ့ ပစ္စည်းပုံးကို အခန်းမှားပို့မိပါတော့တယ် မှားပြီးပို့မိတဲ့အခန်းကလည်း ဂွတ်ချ်နဲ့ဘရိုဒီတို့ရှိနေတဲ့အခန်းဆိုတော့ သူတို့အတွက် ရွှေထုပ်ကြီးပြုတ်ကျလာသလိုပဲပေါ့ သူတို့ဟာ အဲ့ဒီကိုကိန်းအထုပ်တွေကိုရောင်းဖို့ ကြိုးစားပါတော့တယ် တစ်ဖက်မှာလည်း အဲ့ကိုကိန်းထုပ်တွေကိုပို့တဲ့သူဟာ အကြီးစားမူးယစ်ဆေးရောင်းချသူ လူမိုက်ကြီး ဘွန်ဒေဂါ ဖြစ်နေတာကြောင့် သူ့ရဲ့ပစ္စည်းကိုပြန်လိုက်ရှာပါတယ် အဲ့တော့ ပေါက်ကရတွေ တလွဲတွေလုပ်တတ်တဲ့ ဂွတ်ချ်နဲ့ဘရိုဒီတို့နှစ်ယောက်က အဲ့ကိုကိန်းထုပ်တွေကိုရောင်းချနိုင်မလား ဘွန်ဒေဂါတို့အုပ်စုကပဲ ပြန်ပြီး ရယူနိုင်မလား ဒါမှမဟုတ် သူတို့ ဒုစရိုက်အဖွဲ့နှစ်ဖွဲ့ကြားမှာ ပစ္စည်းပို့တဲ့ကောင်လေးလီယိုကပဲ ကြားညပ်သွားမလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာ အက်ရှင်ကားဆိုပေမဲ့ ဟာသနှောပြီးရိုက်ထားတာဖြစ်တဲ့အတွက် အရမ်းအပျင်းပြေစေပါတယ်...

Matcha & Vanilla (2021) ⭐IMDB: 6.6/10 (25 Votes) 🎬 #Drama #Romance 🗓 2021 🎞 movie 🌎 #Australia #Japan ⏰ 1 နာရီ 25 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Matcha & Vanilla (2021) Matcha လို့ခေါ်တဲ့ လက်ဖက်စိမ်းက ခါးသက်တဲ့အရသာရှိပြီး Vanilla အရသာကတော့ ချိုအီတဲ့ဘက်ကဖြစ်ပါတယ်။ ဒီလို ဆန့်ကျင်ဘက် မလိုက်ဖက်ဘူးလို့ ထင်ရတဲ့အရာနှစ်ခု ပေါင်းစပ်လိုက်တဲ့အခါမှာ ထူးခြားတဲ့ နှစ်သက်ဖွယ်ရာ အရသာတစ်ခုထွက်လာသလို ဒီလို ချိုတလှည့် ခါးတလှည့် အရသာကပဲ ဘဝဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ရည်ညွှန်းနေသလိုပါပဲ။ ယုခိနဲ့ အအိဆိုတဲ့ အမျိုးသမီးနှစ်ယောက်က လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ အမှတ်မထင် တွေ့ဆုံခဲ့ကြတာပါ။ ဘဝအမောတွေကို အပြန်အလှန် ဖေးမနိုင်စွမ်းရှိတဲ့ သူတို့နှစ်ယောက်က ချစ်သူတွေဖြစ်သွားကြပြီး အတူနေထိုင်လာကြတာ ခုဆို ၁၀နှစ်တောင် ရှိပါပြီ။ ယုခိက ပန်းချီဆရာမတစ်ယောက်ဖြစ်ပြီးတော့ ပန်းချီကားတွေကို အချိန်ယူပြီး စိတ်နှစ်ရေးဆွဲလေ့ရှိတဲ့သူတစ်ယောက်ပါ။ ယုခိရော အအိရော ၂ယောက်လုံးက ပန်းချီကားတွေကို သူတို့နှစ်ယောက်ရဲ့သားသမီးတွေလို့ မှတ်ယူထားကြတာပါ။ ယုခိက ချောင်းတွေဆက်တိုက်ဆိုးလာလို့ ဆေးစစ်ကြည့်ရင်းနဲ့ ကင်ဆာနောက်ဆုံးအဆင့် ရှိနေတာကို သိလိုက်ရပါတယ်။ ရှေးရိုးစွဲအတွေးအခေါ်ရှိသူတွေ အများအပြားရှိနေတဲ့ဂျပန်မှာ လိင်တူစုံတွဲအတွက် သာမန်အခြေအနေမှာတောင် ရင်ဆိုင်ကြုံတွေ့ရတာတွေက ခက်ခဲပါတယ်။ ခုလို ကင်ဆာနဲ့ ထိပ်တိုက်တွေ့ရချိန်မှာ ငွေကြေးအခက်အခဲတွေနဲ့ ပြဿနာအစုံကို သူတို့နှစ်ဦး ဘယ်လိုရုန်းကန်ကျော်ဖြတ်ရမလဲဆိုတာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ အခုဆိုရင် ဂျပန်မှာ Same Sex Marriage တွေကို တစ်မြို့ပြီးတစ်မြို့က လက်ခံလာကြပါပြီ။ ဒါပေမဲ့ ဥပဒေအရ တရားဝင်အသိအမှတ်မပြုသေးတဲ့အတွက် ဆက်လက်ပြီး တိုက်ပွဲဝင်နေရပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုIngyin Sanမှ ပြန်ဆို ရေးသားထားပါတယ်)...

Johnny Z (2022) ⭐IMDB: 4.2/10 (779 Votes) 🎬 #Action #Horror #ScienceFiction 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခေါက် ဇွန်ဘီ ရုပ်ရှင်ကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ သာမန် ဇွန်ဘီရုပ်ရှင်တွေက ဆေးဝါးကြောင့်ပဲဖြစ်ဖြစ် တီထွင်ဆန်းသစ်မှုကြောင့်ပဲဖြစ်ဖြစ် ဇွန်ဘီ ဗိုင်းရက်စ်က ပြန်နှံ့ပြီး ရောဂါ Outbreak ဖြစ်တတ်တာပါ။ ဒါပေမယ့် အခု ရုပ်ရှင်မှာကတော့ ရှုထောင့်အသစ်ကနေ အမြင်အသစ်နဲ့ ကြည့်ရှု့လို့ ရမယ့် ဇွန်ဘီ ရုပ်ရှင်လေးပါ။ ကမ္ဘာကြီးမှာ ရောင်ခြည်ကြောင့် လူတွေနဲ့ ဓာတ်ပြုပြီး လူသားတွေကို မကောင်းဆိုးဝါး မိစ္ဆာ ဇွန်ဘီတွေအဖြစ် ပြောင်းလဲပစ်လိုက်ပါတော့တယ်။ ဒါပေမယ့် နော်ဒက်ခ် ဆေးဝါးကုမ္ပဏီက ဇွန်ဘီတွေကို စမ်းသပ်ပြီး ကုသဆေးကို ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရုပ်ရှင်က အခုမှ စမှာပါ။ နော်ဒက်ခ် ဆေးကုမ္ပဏီက လူတစ်ပိုင်း၊ ဇွန်ဘီတစ်ပိုင်းဖြစ်နေတဲ့ လူနာဇီကို စမ်းသပ်ပြီး ဆေးတွေဖော်နေတာပါ။ ကုသဆေးပေါ်တာကောင်းပေမယ့် ကုမ္ပဏီတွေရဲ့ ထုံးစံအတိုင်း ရောဂါကို အမြဲတမ်း လုံးဝ ကာကွယ်နိုင်မယ့် ဆေးမျိုးကို မထုတ်ဘဲ တစ်ပါတ်တစ်ခါ ဆေးပြန်ထိုးရတဲ့ ကုသဆေးမျိုးကိုပဲ ထုတ်နေတာပါ။ တစ်ရက်မှာ လူနာဇီကို စမ်းသပ်မှုတွေ လုပ်နေတဲ့ ဒေါက်တာ လားစ်က လူနာဇီရဲ့လွှတ်ပေးလိုက်ပါတော့တယ်။ အဲဒီလိုနဲ့ လွတ်သွားတဲ့ လူနာဇီနဲ့ ဇွန်ဘီ မုဆိုး ဂျွန်ရေးတို့ တွေ့ဆုံဖို့ အကြောင်းဖန်လာပါတော့တယ်။ လူနာဇီနဲ့ ဂျွန်ရေးတို့ တွေ့ဆုံပြီး နော်ဒက်ခ် ကုမ္ပဏီရဲ့ အမျိုးမျိုးအသွယ်သွယ်ရဲ့ ရန်ကနေ ဘယ်လို ကာကွယ်ကြမလဲ၊ ဘယ်လို ခုခံကြမလဲ၊ ဘယ်လို ပြေးလွှားကြမလဲ၊ ဒေါက်တာ လားစ်ကရော လူနာဇီ ( ဂျွန်နီ ) ကို ဘာလို့ လွှတ်ပေးလိုက်တာလဲ၊ အမြဲတမ်း လုံးဝ ရောဂါကာကွယ်နိုင်မယ့် ကုသဆေးကို ရှာတွေ့သွားနိုင်မလားဆိုတာကို စိတ်ဝင်တစား ကြည့်ရှု့ခွင့်ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...

Black Dynamite (2009) ⭐TMDB: 71.0% User Score 🎬 #Action #Comedy 🗓 2009 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb 7.4/10, Rt 83 % ရရှိထားတဲ့ Action/Comedy ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကိုတော့ ၁၉၇၀ ဝန်းကျင်မှာ ဇာတ်အိမ်တည်ပြီး ဒါရိုက်တာ Scott Sanders က ရိုက်ကူးထားတာပါ။ Michael Jai White (Never Back Down) က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဝေဖန်သူတွေရဲ့ ကောင်းမွန်တဲ့မှတ်ချက်တွေနဲ့ ချီးကျူးမှုတွေကို ရရှိထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဗီယက်နမ် စစ်ပြန်ကြီးတစ်ဖြစ်လည်း စီအိုင်အေ အေးဂျင့်ဟောင်းကြီးဖြစ်တဲ့ ဘလက်ဒိုင်းနမိုက်ရဲ့ညီ ဂျင်မီအသတ်ခံရမှုမှာ အစပြုထားတာပါ။ သူ့ရဲ့တစ်ဦးတည်းသော ညီလေးက အသတ်ခံလိုက်ရတာကြောင့် ဘလက်ဒိုင်းနမိုက်တစ်ယောက် အကုန်လုံးကိုမြေလှန်ပြီး စုံစမ်းလိုက်ရာကနေ မထင်မှတ်ထားတဲ့ စစ်ဆင်ရေးကြီးတစ်ခုထဲ ထဲထဲဝင်ဝင် ပတ်သက်မိသွားပါတော့တယ်။ သူ့ညီကို သတ်တဲ့လူဘယ်သူလဲသိအောင် လိုက်စုံစမ်းရင်း သိလိုက်ရတဲ့ စစ်ဆင်ရေးကြီးက ဘယ်လောက်ကြီးကျယ်လဲ.. သူ့ညီက ဘ အကြောင်းကြောင့် ဘယ်သူသတ်လို့များ သေသွားရတာလဲ.. အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်းလို့ဆိုကြသလို ဘလက်ဒိုင်းနမိုက်ကရော ဘာမတော်.. ဘာ..ဖြစ်မလဲဆိုတာ.. ဒီစစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ကို သိသွားပြီးနောက် ပရိသတ်ကြီးရော ဘာလာလာ ကစ်ဖို့ သတ္တိရှိဦးမလားဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)...

Dragons Forever (1988) ⭐TMDB: 72.0% User Score 🎬 #Action #Asian #Comedy #JackieChan #Romance 🗓 1988 🎞 movie 🌎 #HongKong #HongKong ⏰ 1 နာရီ 35 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဂျက်ကီလောင် (ဂျက်ကီချန်း) ဟာ အရည်အချင်းရှိတဲ့ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ တနေ့မှာတော့ ဓာတုဆေးဝါးထုတ်လုပ်တဲ့ကုမ္မဏီဘက်က ရှေ့နေလိုက်ပေးဖို့ဖြစ်လာပါတယ်။ ဝါကုမ္မဏီက စွန့်ပစ်တဲ့ ဓာတုအကြွင်းအကျန်တွေက ရေထဲစီးဆင်းလာပြီး ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ မစ္စရီတို့အတွက် အကြီးအကျယ်ထိခိုက်စေပြီး ငါးတွေအမြောက်အမြားသေဆုံးရတဲ့အတွက် မစ္စရီတို့ ညီအစ်မက ဝါဓာတုဆေးဝါးကုမ္မဏီကို တရားစွဲပါတော့တယ်။ ဒီအချိန်မှာ ဂျက်ကီက ဓာတုဆေးဝါကုမ္မဏီဘက်က ရှေ့နေလိုက်ပေးပြီး မစ္စရီရဲ့ ဝမ်းကွဲညီမ တဖြစ်လည်း ငါးလုပ်ငန်းဘက်ကရှေ့နေဖြစ်တဲ့ ဝမ်မေလင်းကို သဘောကျသွားပါတော့တယ်။ ဒီလိုနဲ့ တရားလိုရှေ့နေနှင့် တရားပြိုင်ရှေ့နေဖြစ်တဲ့ သူတို့နှစ်ယောက် ချစ်မိသွားကြမလား ဘယ်ဘက်က တရားနိုင်သွားမလဲ ဓာတုဆေးဝါးကုမ္မဏီနောက်ကွယ်မှာရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာ ဂျက်ကီချန်းကားသဘာဝအတိုင်း ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော ကြည့်ရမယ့် ဟောင်ကောင်ဇာတ်မြူးလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပါတယ်။...