ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
...ing (2003)
⭐IMDB: 7.2/10 (2 k Votes)
🎬 #Drama #Romance
🗓️ 2003 🎞️ Movie 📺 1080p FHD
🌎 #SouthKorea
⏰ 1 နာရီ 44 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
…ing (2003)
IMDb 7.2 / My Drama List 7.4
အင်္ဂလိပ်ဝေါဟာရ “Present” ဟာ မြန်မာလို“လက်ရှိ” လို့ ဘာသာပြန်လို့ ရသလို “လက်ဆောင်” လို့လည်း
ဘာသာပြန်လို့ရပါတယ်
ကိုယ့်ရဲ့”လက်ရှိ”အချိန်ဟာ ကိုယ်လုပ်ချင်တာတွေ လုပ်ဖို့အတွက်
ဘဝကို ပျော်ရွှင်ခံစားဖို့အတွက် ကိုယ်ပိုင်ဆိုင်ထားတဲ့ အကောင်းဆုံး
“လက်ဆောင်” ပါပဲ
အဲ့ဒါကြောင့် “Present is Present❤”
“လက်ရှိက လက်ဆောင်” လို့ ပြောကြပါတယ်
ဒီဇာတ်ကားလေးမှာလည်း သမီးဖြစ်သူ ဘဝကို အဓိပ္ပါယ်မဲ့ ဆွဲဆန့်
ရှင်သန်နေရမယ့်အစား လက်ကျန်အချိန်လေးမှာ ဘဝအရသာကို
ပျော်ရွှင်ခံစားခွင့်ရအောင် ဖန်တီးပေးခဲ့တဲ့ မိခင်တစ်ယောက်ရဲ့
ချစ်ခြင်းမေတ္တာကို အသည်းနင့်ဖွယ် တွေ့မြင်ခံစားရမှာပါ
ကိုရီးယားတွေဟာ melodrama အချစ်ဇာတ်လမ်းတွေကို ရိုက်ကူး
တင်ပြရာမှာ ထိပ်တန်းမှာ ရှိနေတာ အားလုံးအသိပါ
နေမကောင်းဖြစ်နေတဲ့ ကောင်မလေးနဲ့ ကောင်လေးရဲ့ အချစ်ဇာတ်လမ်း
တွေကိုလည်း မရေနိုင်အောင် ရိုက်ကူးခဲ့ ရိုက်ကူးနေကြဆဲပါ
ဒါပေမယ့် ဒီ “…ing” ရုပ်ရှင်လေးလိုမျိုး ငြိမ့်ငြိမ့်လေးနဲ့ ရင်ထဲနင့်နေအောင်
ခံစားရစေတဲ့ ဇာတ်ကားတွေကတော့ ရှားပါတယ်
အားလုံးရဲ့ အချစ်ဦး Kim Rae Won နဲ့ မမလှလှ Lim Su Jeong
တို့ကလည်း ဓာတုဗေဒမိမိ ပါဝင် သရုပ်ဆောင်ထားပါတယ်
ဒီ Old but gold (အိုင့်အတွက်တော့ old but diamond ပါ)
ရုပ်ရှင်ကားကောင်းလေးကို ကြည့်ဖြစ်အောင် ကြည့်ကြပါလို့ တိုက်တွန်းရင်း…
Doraemon: Nobita's Little Star Wars (1985)
⭐IMDB: 7.1/10 (470 Votes)
🎬 #Adventure #Animation #Family #Fantasy #SciFi
🗓️ 1985 🎞️ Movie 📺 1080p FHD
🌎 #Japan
⏰ 1 နာရီ 38 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Doraemon: Nobita’s Little Star Wars———————————————————–ကျွန်တော်တို့ကလေးဘဝရဲ့အချစ်တော် ကြောင်စက်ရုပ်လေးဒိုရေမွန်ရဲ့ ဒီကားဟောင်းလေးကတော့မူရင်း Star Wars ဇာတ်ကားတွေကို parody သဘောနဲ့ရိုက်ထားတာလို့ ယူဆလို့ရပါတယ်။
ဘယ်အရာမှ မဖြစ်နိုင်ဘူးဆိုတာမရှိတဲ့ ဒိုရေမွန်ကားတွေရဲ့ထုံးစံအတိုင်း ဇာတ်လမ်းအစမှာ အာကာသတစ်နေရာမှာတိုက်ပွဲဖြစ်နေပုံနဲ့အစပျိုးထားပြီးနောက် ကမ္ဘာမြေပေါ်မှာတော့ နိုဘိတတို့သူငယ်ချင်းတစ်သိုက်ဟာအရုပ်တွေ ပုံစံငယ်လေးတွေနဲ့ အာကာသတိုက်ပွဲဆိုပြီး ဆော့ကစားနေကြတာပေါ့။
အဲဒီလိုသူတို့ကစားကွင်းကို ကစားစရာဆိုဒ်ဒုံးပျံယာဥ်အစစ်နဲ့အတူ ပါပီဆိုတဲ့ဂြိုဟ်သားပိစိလေးရောက်ချလာပြီးသူဟာသူ့ဂြိုဟ်ကနေထွက်ပြေးလာတဲ့သမ္မတဖြစ်ကြောင်းနဲ့ သူ့ကိုဖမ်းဖို့လိုက်လာတဲ့ရန်သူတွေပါလာကြောင်း ပြောပြတဲ့အခါမှာတော့ ဒိုရေမွန်တို့တွေဟာ ပါပီကိုကာကွယ်ဖို့အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် အဖမ်းခံလိုက်ရလို့ သူ့ဂြိုဟ်အထိပါလိုက်ကယ်ရတဲ့အခါမှာတော့ ဘယ်လိုစွန့်စားခန်းတွေဖွင့်ကြမလဲဆိုတာ…
All of Us Are Dead (2022- )
⭐IMDB: 7.5/10 (53 k Votes)
🎬 #Action #Adventure #Drama #SciFi #Fantasy #Horror #Thriller
🗓️ 2022- 🎞️ Series 📺 1080p FHD
🌎 #SouthKorea
⏰ 53 မိနစ် 21 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
All of Us Are Dead (2022)All of Us Are Dead (2022) ဇာတ်လမ်းတွဲအညွှန်း******************************************
အပိုင်း ၁ မှ ၁၂ (အစ-အဆုံး) “ဇွန်ဘီတွေက ရုပ်ရှင်ထဲမှာပဲ ရှိရမှာလေ…ဘာလို့ ငါတို့ကျောင်းမှာလဲ?” သာမန်နေ့တစ်နေ့ကိုပဲ ဖြတ်သန်းနေတဲ့ Hyosan အထက်တန်းကျောင်းက ကျောင်းသားတွေ…ကျောင်းမှာ ဇွန်ဘီဗိုင်းရပ်စ် ကူးစက်လာပြီး သူငယ်ချင်းတွေက ဇွန်ဘီတွေဖြစ်သွားတဲ့ အခိုက်အတန့်…ဒါ့အပြင် ပိတ်မိနေတာတောင် ကူကယ်မယ့်သူမရှိဘဲ ကိုယ့်လွတ်လမ်းကိုရှာဖွေပြီး အသက်ရှင်ဖို့ကြိုးပမ်းရတဲ့အခါမှာတော့…ကျောင်းသားတွေရဲ့စာအံသံ၊ စလိုက်နောက်လိုက် ရန်ဖြစ်သံတွေနဲ့ ပြည့်နေတဲ့ကျောင်းလေးမှာ သွေးသံတရဲရဲ အော်ဟစ်သံတွေက ကြောက်မက်ဖွယ် ဖုံးလွှမ်းသွားပါတော့တယ်။ ဒီကားလေးထဲမှာ မျက်နှာသစ်သရုပ်ဆောင်အများစုကို သုံးထားပြီး လက်တွေ့ဆန်အောင်ရိုက်ကူးထားတဲ့အတွက် ကိုယ့်ကျောင်းမှာ တကယ်ဖြစ်နေသလိုခံစားရစေမှာပါ။ပိုကောင်းကောင်းခံစားချင်ရင် အခန်းမီးမှိန်မှိန်မှာ အသံကျယ်ကျယ်ဖွင့်ကြည့်ဖို့လည်း ဒါရိုက်တာတစ်ယောက်က recommend ပေးထားပါသေးတယ်^^ တစ်ပြိုင်တည်း ၁၂ပိုင်းလုံးထွက်ရှိမှာဖြစ်လို့ သောကြာနေ့ညကို ကုန်ဆုံးဖို့ ဇာတ်လမ်းကောင်းရှာနေတဲ့ CM ပရိသတ်ကြီးအတွက် ဒီကားလေးကို ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေနော် …(အညွှန်းကို Ei Phyu Khin က ရေးသားပေးထားပါတယ်) Aired: January 28, 2022 Aired On: FridayDuration: 42minsEpisodes: 12Genres: Action, Drama, Thriller, Sci-Fi & FantasyQuality & File Size: 1080p(~1GB), 720p(~600MB)
La traversée (2022)
⭐IMDB: 5.6/10 (227 Votes)
🎬 #Comedy
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #France #Belgium
⏰ 1 နာရီ 49 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Crossing (La Traversée, 2022)
ပြင်သစ်စကားပြော ဟာသဇာတ်ကားလေးဖြစ်ပြီးတော့IMDb 5.5 ရထားတဲ့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် ဇာတ်ကားလေးပါ။
ဇာတ်လမ်းအကျဉ်းကတော့ဆယ်ကျော်သက်ငါးယောက်နဲ့အတူတူ ပင်လယ်ကို လေ့လာရေးခရီးထွက်လာတဲ့ နည်းပြနှစ်ယောက်ရယ်မာလိန်မှူး ရဲဝန်ထမ်းဟောင်းတစ်ယောက်ရယ် သင်္ဘောပေါ်မှာ ဖြစ်ပျက်ကြတာတွေကို ရိုက်ကူးထားတာပါ။ဆယ်ကျော်သက်အရွယ်တွေ ဆိုးသွမ်းကြတာကို သည်းမခံနိုင်တဲ့ ရဲဝန်ထမ်းဟောင်းရယ် ကလေးတွေရယ်ပင်လယ်ထဲက သင်္ဘောပေါ်မှာ ဘယ်လိုဆက်သွားကြမလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာဖြစ်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။
True and False Jigong ( 2023 )
⭐⁉️
🎬 #Action #Comedy
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #China
⏰ 1 နာရီ 22 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
“မိစ္ဆာတွေကို နှိမ်နင်း / အားနည်းသူတွေကိုကူညီပေးပြီး ပြည်သူတွေရဲ့ အချစ်ကို ရရှိနေသူ ၊မသေမျိုးကျင့်စဥ်ရရှိဖို့ ကျင့်ကြံနေသူ ၊ တောင်ပေါ်မှာပဲသီတင်းသုံးနေထိုင်တတ်သူ ဘုန်းတော်ကြီး – ကျိကုန်း”
“ရုပ်ဆိုးလွန်း၍ အားလုံးက မိစ္ဆာတစ်ကောင်လိုသတ်မှတ်ခြင်းခံနေရသူ ၊ဆိုးဝါးလွန်းတဲ့ မျက်နှာကြောင့် အားလုံးရဲ့ အပယ်ခံဖြစ်ပြီး အထီးကျန်နေရသူ ၊ ပြည်သူတွေရဲ့ ချစ်ခြင်းကို ခံရဖို့ ကြိုးစားနေသူ – ဟွမ်ယွမ်”
လွန်ခဲ့တဲ့ အနှစ် ၂၀ က ဘုန်းတော်ကြီး ကျိကုန်းဟာမြွေမိစ္ဆာမောင်နှမကိုနှိမ်နှင်းရင်း အစ်ကိုဖြစ်သူကို သတ်ပစ်ခဲ့မိပါတယ် ။ကျန်တဲ့ မိစ္ဆာညီမလေးကိုတော့ အမှားတွေပြန်လည်ပြင်ဆင်ပေးဖို့လွှတ်လိုက်ပေမဲ့ တကယ်တမ်းမှာတော့ အဲဒီမိစ္ဆာမဟာအစ်ကိုဖြစ်သူအတွက် လက်စားပြန်ချေဖို့ ကြိူးပန်းနေခဲ့ပါတယ် ။
ဒီလိုနဲ့ နှစ် ၂၀ ကုန်ဆုံးလာခဲ့ပြီး ပိုင်ရွှိန်မြို့တော်မှာထူးဆန်းတဲ့ကိစ္စတွေဖြစ်ပေါ်လာခဲ့ပါတော့တယ် ။ ဒါတွေကို ဖြေရှင်းဖို့ အတွက်ဘုန်းတော်ကြီး ကျိကုန်းဟာ ပိုင်ရွှိန်မြို့တော်ကိုရောက်လာခဲ့ပေမဲ့၎င်းမြို့တော်မှာ သူနဲ့ ချွတ်စွပ်တူတဲ့ နောက်တဲ့ ကျိကုန်းတစ်ယောက်ကိုတွေ့လိုက်ရပါတော့တယ် ။
❏ ဘုန်းတော်ကြီး ကျိကုန်းတစ်ယောက်ဘယ်လိုရင်ဆိုင်မလဲ ?
❏ ကျိကုန်းတစ်ယောက် အညှိုးအတေးတွေ အာဃာတတွေကြားမှာပိတ်မိနေတဲ့ ပြည်သူတွေကိုဘယ်လို ကယ်တင်သွားမလဲဆိုတာ ?ကြည့်ရှုရလိုက်ရအောင်ပါနော် ။ ဒီဇာတ်ကားလေးကိုကြည့်ရှုပြီးလူတစ်ယောက်ကို အပေါ်ယံ ကြည့်ယုံနဲ့ မဆုံးဖြတ်သင့်တဲ့အကြောင်းနားလည်သဘောပေါက်သွားစေမှာ အသေချာပါပဲရှင် ။
La traversée (2022)
⭐IMDB: 5.6/10 (227 Votes)
🎬 #Comedy
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #France #Belgium
⏰ 1 နာရီ 49 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Crossing (La Traversée, 2022)
ပြင်သစ်စကားပြော ဟာသဇာတ်ကားလေးဖြစ်ပြီးတော့IMDb 5.5 ရထားတဲ့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် ဇာတ်ကားလေးပါ။
ဇာတ်လမ်းအကျဉ်းကတော့ဆယ်ကျော်သက်ငါးယောက်နဲ့အတူတူ ပင်လယ်ကို လေ့လာရေးခရီးထွက်လာတဲ့ နည်းပြနှစ်ယောက်ရယ်မာလိန်မှူး ရဲဝန်ထမ်းဟောင်းတစ်ယောက်ရယ် သင်္ဘောပေါ်မှာ ဖြစ်ပျက်ကြတာတွေကို ရိုက်ကူးထားတာပါ။ဆယ်ကျော်သက်အရွယ်တွေ ဆိုးသွမ်းကြတာကို သည်းမခံနိုင်တဲ့ ရဲဝန်ထမ်းဟောင်းရယ် ကလေးတွေရယ်ပင်လယ်ထဲက သင်္ဘောပေါ်မှာ ဘယ်လိုဆက်သွားကြမလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာဖြစ်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။
Perfect Strangers (2022)
⭐IMDB: 7.5/10 (280 Votes)
🎬 #Comedy #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Indonesia
⏰ 2 နာရီ 06 မိနစ် 03 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Perfect Strangers(2022)
လကြတ်ချိန်ဟာ နေနဲ့လတို့ကြားက တင်းမာမှု အပြင်းထန်ဆုံးအချိန်ဖြစ်ပြီးလူသားတွေကို စိတ်ကယောက်ကယက်ဖြစ်စေတယ်ဆိုပြီး အဆိုရှိပါတယ်။
အဲဒီလို စိတ်ကယောက်ကယက်ဖြစ်စေတဲ့ လကြတ်ညတစ်ညမှာမိတ်ဆွေသူငယ်ချင်း (၇) ယောက် ညစာအတူစားကြဖို့ စုမိကြပါတယ်။
အန်ဒရီကိုနဲ့အီဗာတို့က သူတို့ရဲ့ အိမ်အသစ်ကြီးမှာ အိမ်တက်ပွဲအထိမ်းအမှတ်အနေနဲ့ ညစာဖိတ်ကျွေးတာပါ။ညစာစားပွဲမှာ အိမ်ရှင် လင်မယားနဲ့အတူ ညားခါစ စုံတွဲ အန်ဂျာ့စ်နဲ့ကီရှာ၊ကလေးနှစ်ယောက်ရနေပြီ ဖြစ်တဲ့ ဝစ်နူနဲ့အီမဲလ်ဒါ၊ ရည်စားရထားတာ မကြာသေးတဲ့ တိုမို ဆိုပြီးစုစုပေါင်း (၇) ယောက် ပါဝင်ပါတယ်။
ပေါင်းလာတာ ကြာပြီဖြစ်တဲ့ အကြောင်းသိတွေ ပျော်ပျော်ပါးပါး စားကြသောက်ကြရင်းအိမ်ကြီးရှင် အီဗာက ဂိမ်းတစ်ခု ကစားကြဖို့ ပြောလိုက်ရာကနေ ဇာတ်လမ်းက စ,ပါတယ်။
သူပြောတဲ့ ဂိမ်းက ဖုန်းတွေအားလုံးကို စားပွဲပေါ်မှာ တင်ထားပြီးဝင်လာသမျှ မက်ဆေ့ဂျ်တွေ၊ ဖုန်းကောလ်တွေ၊ အီးမေးလ်တွေကို အတူတူဝိုင်းဖတ်ကြဖို့ပါ။
ဆော့ရင်လည်း မကောင်း၊ မဆော့ပြန်ရင်လဲ အထင်လွဲခံရမှာစိုးတာနဲ့ အဲဒီဂိမ်းကို ဆော့ကြရင်းကနေတစ်ယောက်ချင်းစီရဲ့ လျှို့ဝှက်ချက်တွေ ပေါ်လာပြီး ပြဿနာတွေက သပွတ်အူလို ရှုပ်ထွေးကုန်ပါတော့တယ်။
လူတွေရဲ့ လူသိမခံနိုင်တဲ့ လျှို့ဝှက်ချက်တွေ၊ ခံစားချက်တွေကို တစ်စချင်းစီ ထုတ်ပြသွားတာကြောင့်(၂ )နာရီကျော်ကျော်က ဘယ်လိုကုန်လို့ကုန်သွားမှန်း မသိလိုက်တဲ့ ဇာတ်ကားမျိုးပါ။
အညွှန်းဖတ်နေရင်းနဲ့ ဒီဇာတ်ကားကို ကြည့်ဖူးသလိုပဲလို့ ခံစားမိလာရင်တော့….ဟုတ်ပါတယ်….2016 က ထွက်ခဲ့တဲ့ အီတလီ ဇာတ်ကားကို remake ပြန်ရိုက်ထားတာပါ။
မူရင်း အီတလီကားက အကြီးအကျယ်အောင်မြင်ခဲ့ပြီးစပိန်၊ မက္ကဆီကို၊ တောင်ကိုရီးယား၊ ပြင်သစ်၊ တရုတ်၊ ရုရှား အပါအဝင်နိုင်ငံပေါင်း ၂၀ ကျော်က remake ပြန်ရိုက်ခဲ့ကြပါတယ်။
အဲဒီ remake တွေထဲကမှ ဒီကားကတော့ 2022 ခုနှစ်မှာ အင်ဒိုနီးရှားက ပြန်ရိုက်ထားတဲ့ ဇာတ်ကားပါ။
အင်ဒို remake ကားဆိုပေမဲ့ အတော်လေး ကြည့်လို့ကောင်းပြီးsetting ပိုင်း၊ သရုပ်ဆောင်ပိုင်း၊ musical ပိုင်း ဘာတစ်ခုမှ အပြစ်ပြောစရာ မရှိတဲ့ ဇာတ်ကားပါ။
အီတလီဒဏ္ဍာရီနဲ့ အင်ဒိုရိုးရာတွေကို ပါးပါးနပ်နပ် ချိတ်ဆက်ပြထားပြီးမူရင်း ဇာတ်ကားရဲ့ အရသာလည်း မပျက်သလို ဆန်းသစ်တဲ့ တင်ဆက်မှုကိုလည်း မြင်တွေ့ရမှာပါ။
mystery ဆန်ဆန် အထုပ်ဖြေပြတာမျိုးကို ကြိုက်ရင်တော့ မြည်းစမ်းကြည့်သင့်ပါတယ်။IMDb rating ကလည်း 7.5 အထိ ရထားပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Roman NoXပဲ ဖြစ်ပါတယ်။
Northeast Zoo ( 2023 )
⭐⁉️
🎬 #Comedy
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #China
⏰ 1 နာရီ 27 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို ဘဝအမောတွေပြေစေဖို့ပေါ့ပေါ့ပါးပါး ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေရှင် ။
“ မြို့ကိုတက်ပြီးအလုပ်လုပ်နေပေမဲ့ အလုပ်မှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရသူ ၊ဖခင်ဖြစ်သူဟာ လျောင်ခရိုင်မှာ တိရိစ္ဆာန်ရုံတစ်ခုကိုဖွင့်လှစ်ထားပေမဲ့၎င်းတိရိစ္ဆာန်ရုံကို ဦးစီးဖို့ နည်းနည်းလေးမှ စိတ်ကူးမရှိသူ ၊ဖခင်နဲ့လဲ ဆက်ဆံရေး အဆင်မပြေသူ – စွင်းရှောင်ဟူ ”
တစ်နေ့မှာတော့ ရင်းနီးမြှုပ်နှံသူတစ်ချို့ဟာ စွင်းရှောင်ဟူ ဖခင်ရဲ့တိရိစ္ဆာန်ရုံကို စီးပွားရေးနယ်ချဲ့ဖို့အတွက် မျက်စိကျနေခဲ့ကာတိရိစ္ဆာန်ရုံမြေနေရာကို လက်ဝါးကြီးအုပ်ဖို့ ကြံစည်လာခဲ့ပါတယ် ။
အဲဒါနဲ့ပဲ အလုပ်အကိုင် / ငွေကြေးအဆင်မပြေတဲ့ စွင်းရှောင် ဟူကိုငွေနဲ့ဖျားယောင်းကာ တိရိစ္ဆာန်ရုံရဲ့ စီးပွားရေးဖျက်ဆီးပစ်ပြီးမြေနေရာကို ဖယ်ခိုင်းခဲ့ပါတယ် ။ ဖခင်အပေါ်လဲ စိတ်ကျေနပ်မှုမရှိတဲ့စွင်းရှောင်ဟူဟာ ဒီသဘောတူညီချက်ကိုလက်ခံပြီးတိရိစ္ဆာန်ရုံကို ဖျက်ဆီးပစ်ဖို့ စီစဥ်လာခဲ့ပါတော့တယ် ။
❏ စွင်းရှောင်ဟူတစ်ယောက် ဖခင်ဖြစ်သူကိုဘယ်လိုရင်ဆိုင်မှာလဲ ?❏ တိရိစ္ဆာန်ရုံဖျက်ဆီးပြစ်ဖို့ အကြံကရော အောင်မြင်နိုင်ပါ့မလား ?❏ သူ့အပေါ်ဆို ဘယ်အရာနေနေ သစ္စာရှိကြတဲ့သူငယ်ချင်းတွေကရော သူ့လုပ်ရပ်အတွက် ခွင့်လွှတ်နိုင်ပါ့မလား ?❏ ဘယ်လိုအလွဲလွဲ အမှားမှားတွေ ဖြစ်လာဦးမလဲဆိုတာဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးကို အခုပဲ ကြည့်ရှုလိုက်ရအောင်ပါနော် ။
Merlin (2008-2012)
⭐IMDB: 7.9/10 (83 k Votes)
🎬 #Action #Adventure #Drama #SciFi #Fantasy
🗓️ 2008-2012 🎞️ Series 📺 480p SD
🌎 #UnitedKingdom
⏰ 47 မိနစ် 44 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Merlin Season 12008 ခုနှစ်ကပြသခဲ့တဲ့ ဗြိတိန်နိုင်ငံရဲ့ Myth တစ်ခုဖြစ်တဲ့ အာသာနဲ့မာလင်ဇာတ်လမ်းကို ပြန်လည်ဆန်းသစ်လို့
ရိုက်ကူးတင်ဆက်ထားတဲ့မာလင်ဇာတ်လမ်းတွဲဟာ IMDb Rate 7.9 အထိရရှိခဲ့ပြီးအောင်မြင်ခဲ့ပါတယ်season 1 ကနေ 5 အထိရှိပြီး Channel Myanmar ကနေ အစအဆုံးတင်ဆက်ပေးသွားပါမယ်လို့သတင်းကောင်းပါးရင်းနဲ့ အညွှန်းလေးကိုဆက်ခံစားလိုက်ရအောင် မှော်ပညာတွေထွန်းတောက်တဲ့အချိန်တုန်းက ကမ်းမလော့လို့ခေါ်တဲ့တိုင်းပြည်ကြီးတစ်ခုရဲ့ကံကြမ္မာဟာလူငယ်လေးတစ်ဦးရဲ့အပေါ်မှာကျရောက်လို့နေပါတယ်..သူ့နာမည်ကတော့ ” မာလင် “ပါမာလင်ဟာ ၀မ်းတွင်းမှော်အတတ်နဲ့မွေးဖွားလာသူတစ်ဦးပါ.ဟောတမ်းတွေအရဆိုရင်အကြီးမြတ်ဆုံးသောမှော်ပညာရှင်ဖြစ်လာမယ့်သူပေါ့..မာလင်ဟာသူ့အမေရဲ့စေလွှတ်မှုနဲ့ကမ်းမလော့ပြည်ကိုလာရောက်ပြီး ဘုရင့်သစ္စာခံသမားတော် ဖြစ်တဲ့ဂားယက်စ်နဲ့မိတ်ဆက်တွေ့ဆုံခဲ့ပါတယ်အဲ့အချိန်က ကမ်းမလော့မှာ အူသာပန်ဒရာဂွန် ဘုရင်အုပ်စိုးနေပြီး မှော်ပညာရှင်တွေကိုသတ်ဖြတ်ပြီးမှော်ပညာကိုနိမ်နင်းနေတာပါ..ဒီလိုတိုင်းပြည်မျိုးမှာမာလင်တစ်ယောက်လျို့၀ွက်စွာနေထိုင်းရင်းမှော်ပညာတွေကိုသင်ယူရင်းကနေ သူကံတရားပါလာတဲ့အတိုင်းအာသာပန်ဒရာဂွန်ကိုကာကွယ်ရင်းတိုင်းပြည်အရေးတွေကိုသူတတ်ကျွမ်းတဲ့မှော်ပညာနဲ့ဘယ်လိုများကာကွယ်ခဲ့မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်….
The Man Who Fell to Earth (2022-2022)
⭐IMDB: 7.2/10 (9 k Votes)
🎬 #SciFi #Fantasy
🗓️ 2022-2022 🎞️ Series 📺 1080p FHD
🌎 #UnitedStates #UnitedKingdom #Germany #UnitedStatesofAmerica
⏰ 55 မိနစ် 15 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Man Who Fell to Earth (2022)
Showtime က ထုတ်ထားတဲ့ အမိုက်စား Sci-Fi Drama စီးရီးတစ်ခုပါ။1976 တုန်းက ထွက်ခဲ့တဲ့ ဒီနာမည်နဲ့ ရုပ်ရှင်ကိုပဲ ပြန်လည် Adapt လုပ်ထားတာပါ။ဇာတ်လမ်းအကျဥ်း: မျိိုးသုဥ်းပျောက်ကွယ်ရတော့မယ့်ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ သူတို့ရဲ့မျိုးစိတ်တွေကိုကယ်တင်ဖို့အတွက် အန်သီရာလို့ခေါ်တဲ့ ဂြိုလ်ပေါ်က ဂြိုလ်သားတစ်ယောက်ဟာ ကမ္ဘာမြေပေါ်ကို စစ်ဆင်ရေးတစ်ခု ဆောင်ရွက်ဖို့ရောက်ရှိလာပါတယ်။အဲဒီလိုရောက်ရှိလာတဲ့အခါ သူ့အတွက် လူသားတွေကြားထဲ လိုက်လျောညီထွေ ဆင့်ကဲပြောင်းလဲနေထိုင်ရမှာဖြစ်ပြီး
လူသားတစ်ယောက်အဖြစ် သတ်မှတ်ခံနိုင်ဖို့လိုလာပါပြီ။ သူ့ရဲ့စစ်ဆင်ရေးကို ပြီးမြောက်စေနိုင်မယ့် အဓိကသော့ချက်ကတော့ နယူးမက္ကစီကိုမှာရှိတဲဲ့ အမျိုးသမီးလေးတစ်ဦးပဲဖြစ်ပါတယ်။
ဒီတော့ ကမ္ဘာမြေပေါ်ကိုဆင်းသက်ပြီး လူတွေအကြောင်းဘာမှမသိတဲ့ ဂြိုလ်သားတစ်ယောက်ဟာ သူ့ရဲ့စစ်ဆင်ရေးအောင်မြင်ဖို့အတွက် ဒီအမျိုးသမီးကို လိုက်လံရှာဖွေရပါတော့တယ်။ဒီစီးရီးဟာ အလွန်စိတ်ဝင်စားဖို့ကောင်း တွေးလို့ကောင်းပြီး Deepဖြစ်တဲ့ဘက်ကို သွားပါတယ်။
မင်းသား Chiwetel Ejiofor ကိုလည်း 12 years a Slave တို့ Doctor Strange တို့မှာ ကျွန်တော်တို့တွေ့ဖူးမှာပါ။
ဂြိုလ်သားတစ်ယောက်အဖြစ် သူ့ရဲ့သရုပ်ဆောင်ချက်တွေကလည်း
တော်တော်လေးမိုက်တယ်လို့ပြောရမယ်။ Storyline ကလည်း တော်တော်ကောင်းပြီး တစ်ပိုင်းပြီးတစ်ပိုင်း ဆက်ကြည့်ချင်အောင်ဆွဲဆောင်နိုင်မယ့် စီးရီးတစ်ခုပါ။ Sci-fi genere ကြိုက်တဲ့သူတွေအတွက် ကြည့်ရတာတန်မယ့် စီးရီးတစ်ခုဆိုတာ မလွဲမသွေပါပဲ။ File size…(505MB) / (894MB)
Kruty 1918 (2019)
⭐IMDB: 6.0/10 (944 Votes)
🎬 #Action #Drama #History #War
🗓️ 2019 🎞️ Movie 📺 1080p FHD
🌎 #Ukraine
⏰ 1 နာရီ 50 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kruty 1918 (2019)=============IMDb Rating – 6.0/10
ယူကရိန်းကို ကမ္ဘာက လွတ်လပ်တဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့အသင့်ဖြစ်နေပါပြီ။ ဒါပေမယ့် လွတ်လပ်ရေးလမ်းကြောင်းကိုအနှောင့်အယှက်ပေးနေတဲ့ ရုရှားစစ်တပ်ဟာ ယူကရိန်းမြို့တွေကိုတစ်မြို့ပြီးတစ်မြို့သိမ်းယူရင်း မြို့တော် ကီဗီ ကိုသိမ်းဖို့အထိစီစဉ်ထားခဲ့ပါတယ်။
နိုင်ငံရဲ့စစ်အင်အားချိနဲ့လာချိန်မှာ ယူကရိန်းမြို့တော်ကီဗီမှာပဲ အကြီးအကဲတွေဟာ ခြေကုပ်ပြီးခုခံဖို့ပြင်ဆင်လာခဲ့တယ်။ တစ်ဖက်မှာလည်းစစ်အင်အားလိုအပ်တဲ့အတွက် မြို့တွင်းစည်းရုံးရေးတွေ ဆက်တိုက်ဆိုသလိုလုပ်နေခဲ့ပါတယ်။ ၁၉၁၈ ခုနှစ်မှာ ရုရှားတွေကိုခုခံတိုက်ခိုက်ဖို့အတွက် ယူကရိန်းတက္ကသိုလ်ကကျောင်းသားအများစုဟာစစ်ထဲကိုဝင်ရောက်ခဲ့ပါတယ်။
စစ်ရေးလိုအပ်ချက်အရစစ်ပညာတစ်ပတ်သာ သင်ကြားပြီးရှေ့တန်းကိုတက်ကြရမှာဖြစ်တဲ့အတွက်စိုးရိမ်မှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းသားအင်အားစုဟာ ကရူတီရထားဘူတာရုံမှာ ခြေကုပ်ပြီး ရုရှားစစ်တပ်တွေကိုအောင်မြင်စွာခုခံတိုက်ခိုက်နိုင်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကိုစိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့အတွက်ကြောင့်ကြည့်ရှုပေးကြပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin MyoLwin ဖြစ်ပါတယ်)
A Kidnap (2022)
⭐IMDB: 3.5/10 (15 Votes)
🎬 #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedKingdom
⏰ 1 နာရီ 33 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Kidnap(2022)
*************
မောင်နှမ နှစ်ယောက်ကို အကြမ်းဖက်သူ (၃) ဦးဟာ ငွေအတွက်နဲ့ ပြန်ပေးဆွဲခဲ့ကြတယ်..
ငွေတောင်းဖို့အရေး ကြာလင့်တဲ့အချိန်ကို အခွင့်ကောင်းယူပြီး ဒီမောင်နှမဟာ
ထွက်ပြေးဖို့ကြံစည်ကြတယ်…
တကယ်တော့ သူတို့ဟာ မောင်နှမအရင်းတွေမဟုတ်မှန်း၊ပြန်ပေးသမားတွေက သိနေတဲ့အပြင်…
မိသားစုရာဇဝင်တွေလည်းစုံစမ်းသိရှိထားကြပါသတဲ့။ဒါ့အပြင် ပြန်ပေးသမားသုံးယောက်ကလည်း တစ်ယောက်နဲ့တစ်ယောက်
အခဲမကြေတာလေးတွေ၊အရှုပ်အရှင်းလေးတွေ၊ အကြံအစည်တွေသပ်သပ်ရှိတဲ့အခါမှာတော့…သူတို့လွတ်အောင်ထွက်ပြေးနိုင်ကြမလား၊ ပြန်ပေးသမားတွေရဲ့ ရည်ရွယ်ချက်ကရောဘာလဲ
ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။
Runaway God of Wealth 3 (2022)
⭐TMDB: 0.0% User Score
🎬 #Comedy #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #China
⏰ 1 နာရီ 20 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အားလုံးအတွက် ဘဝအမောပြေဖို့ ဟာသကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်…တရုတ်လူမျိုးတွေရဲ့ ဥစ္စာနတ်မင်း ငွေနတ်မင်းကို ကြားဖူးကြမယ်ထင်ပါရဲ့…အခုကားလေးကတော့ ဥစ္စာနတ်မင်းနဲ့ ဆက်စပ်တဲ့ ဇာတ်ကားလေးပေါ့…
ဥစ္စာနတ်မင်းကြီးတစ်ယောက် နတ်ဘုံနတ်နန်းမှာ မွေးနေ့ပွဲကြီးကျင်းပချိန်မှာနိုင်ငံခြား ဥစ္စာနတ်မင်းတို့က လာနှောင့်ယှက်တဲ့အပြင်ဥစ္စာနတ်နန်းကို ကာကွယ်နေတဲ့ ရှန်ကူ (နတ်အရိုး)ပျောက်သွားပြီး လူ့ပြည်က ရေစက်ရှိသူတစ်ဦးဆီရောက်သွားခဲ့တယ်…
တစ်ချိန်တည်းမှာပဲ အလုပ်မလုပ်ဘဲ တစ်နေ့တစ်နေ့ ချမ်းသာဖို့ဥစ္စာနတ်မင်းကိုပဲ တောင်းဆိုနေတဲ့ ဝမ်ကျားချန်တစ်ယောက်လည်း ဥစ္စာနတ်မင်းကို တောင့်တနေခဲ့တာပေါ့လေ…အားလုံးခန့်မှန်းတဲ့အတိုင်းပဲ ဝမ်ကျားချန်ဟာ ရှန်ကူနဲ့ ရေစက်ရှိသူဖြစ်နေပြီး…ဝမ်ကျားချန်ကလည်း ဥစ္စာနတ်မင်းကို ငွေပေးမှ ရှန်ကူပေးမယ်..ဥစ္စာနတ်မင်းကလည်း လူ့ပြည်ရောက်တော့ အစွမ်းကမသုံးနိုင်နဲ့…တိုင်းတစ်ပါးက ဥစ္စာနတ််မင်းတွေကလည်း တစ်ဖက်လှည့်နဲ့ ရှန်ကူကိုရဖို့ ကြိုးစားပြန်တော့…
ကဲ ရှန်ကူကို ဘယ်သူပိုင်နိုင်မလဲ…ဘယ်လို ရယ်သံတွေကြားမှာ စိတ်ဝင်စားစရာ ဇာတ်ကွက်တွေနဲ့တွေ့မြင်ရမယ်ဆိုတာတော့ ဇာတ်ကားလေးကြည့်ရင်းနဲ့ရယ်မောရင်း ဘဝအမောဖြေလိုက်ကြပါတော့…
Viking Wolf (2022)
⭐IMDB: 5.4/10 (1 k Votes)
🎬 #Horror #Thriller #Mystery
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Norway
⏰ 1 နာရီ 40 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Viking Wolf (2022)
လွန်ခဲ့သော နှစ်တစ်ထောင်က ဗိုက်ကင်းမျိုးနွယ်စု အကြီးအကဲ ဂတ်ဘရန်ဟာ သင်္ဘောအစင်း ၂၀ နဲ့ အတူ နော်မန်ဒီကို ဓားပြတိုက်ဖို့ ခရီးဆက်ခဲ့တယ်…
ဘုရားကျောင်းတစ်ကျောင်းမှာ လျှို့ဝှက်ခန်းတစ်ခုကို တွေ့ခဲ့တယ်။ ဘုန်းတော်ကြီးတွေက အထဲကို မဝင်ဖို့ တောင်းပန်ကြပေမယ့် လောဘသား ဗိုက်ကင်းတို့ဟာ စကားကို နားမဝင်ခဲ့ကြပါဘူး။
ဒီလိုနဲ့ ငရဲခွေးကြီးဟာ လွတ်သွားတယ်။ အပြန်လမ်းထိ ဗိုက်ကင်းတွေနဲ့အတူ လိုက်ပါလာခဲ့ပြီး သူတို့သင်္ဘော နော်ဝေကို မဆိုက်ခင်မှာ ဗိုက်ကင်းတွေအကုန် သေသွားခဲ့တယ်။ ဒီသတ္တဝါကြီးတစ်ကောင်တည်းသာ ကုန်းပေါ်ကို ရောက်ပြီး နော်ဒစ်အမည်ရတဲ့ တောနက်ကြီးထဲကို ဝင်သွားခဲ့သတဲ့…
———————
ယခုလက်ရှိအချိန်…လစ်ဗ်နဲ့ သာလာတို့ သားအမိဟာ နီဘိုဆိုတဲ့ မြို့ကို မကြာသေးခင်ကမှ ပြောင်းရွှေ့လာတဲ့သူတွေပေါ့။ ဖခင်ဖြစ်သူ သေဆုံးပြီးနောက် ပထွေးနဲ့ နေရတဲ့ သာလာဟာ မြို့သစ်လေးမှာ စိတ်ပြေလက်ပျောက် ဂျိုးနက်စ်ဆိုတဲ့ ကောင်လေးနဲ့ အပေါင်းအသင်းဖွဲ့မိပါတယ်။
တစ်နေ့တော့… လူငယ်တွေဟာ ပင်လယ်အော်တစ်နေရာမှာ စခန်းချရင်း သောက်ကြစားကြ ပျော်ကြပါးကြပါတယ်။ သို့ပေမဲ့ မထင်မှတ်ဘဲ ပင်လယ်အော်က တောထဲတစ်နေရာမှာ မလှမပတဲ့ မတော်တဆမှုတစ်ခုကြောင့် အယ်လင်ဆိုတဲ့ ကောင်မလေး တစ်ယောက် သေဆုံးသွားပြီး ရဲတွေပါ အဖြေရှာမရတဲ့ ပဟေဠိဆန်ဆန် အဖြစ်အပျက်တွေဟာ ဆက်တိုက်ဖြစ်လာပါတော့တယ်…
(ဒီဇာတ်ကားနဲ့အညွှန်းကိုAct Molemyမှ ပြန်ဆို ရေးသားထားပါတယ်)
(18+)10-Day Lover (2022)
⭐⁉️
🎬 #Adult #Drama #Romance
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #⁉️
⏰ 1 နာရီ 29 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(18+)10-day Lover 2022
ဒီတစ်ခေါက်တော့ လူကြီးကားဆိုပေမဲ့ Sex အခန်းသာမပါရင်တကယ့်ကို ကျားမမရွေး ကြည့်သင့်တဲ့ ပညာသားပါတဲ့ ကားလေးကို ညွှန်းပါရစေ
ဇာတ်လမ်းက တက္ကသိုလ်က ဆရာတစ်ယောက်က ကျောင်းသူလေးနဲ့ ချစ်သူဖြစ်တယ်အဲလိုနဲ့ တစ်နေ့တာ့ကျောင်းသူလေးက ကျောင်းနားလိုက်ရတယ်ဘာလို့မှန်းမသိ ကျောင်းသူလေးနဲ့ ဆယ်နှစ်ကျော်ကြာ အဆက်ပြတ်သွားတယ်အဲနောက်မှာ သူငယ်ချင်း အကူအညီနဲ့ အချစ်ဦးရှာဖွေရေး အေဂျင်စီတစ်ခုကနေအဲကောင်မလေးကို ရှာအတွေ့မှာ ကောင်မလေးနဲ့ တစ်ရက်ကိုတစ်နှစ်စာ အချစ် စုစုပေါင်းဆယ်နှစ်စာအချစ်ကို ဆယ်ရက်နဲ့ ဖြေဖျောက်ခဲ့တဲ့ ဇာတ်ကားလေးပါ။
ဒါ့အပြင် သူငယ်ချင်းဖြစ်သူရဲ့ မျှော်လင့်မထားတဲ့ သစ္စာဖောက်မှု နဲ့Are we dating the same girl လို့ ဆိုရလောက်တဲ့ အနေအထားတွေပါ ပါတဲ့ ဇာတ်ကားမို့ညိုကီတို့ ဘရိုဝီတို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်
အညွှန်း နဲ့ ဘာသာပြန်ကတော့Rookieပဲ ဖြစ်ပါတယ်။
Battlebox (2023)
⭐IMDB: 5.1/10 (278 Votes)
🎬 #Drama #History #War
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #HongKong
⏰ 1 နာရီ 18 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Battlebox (2023)
၁၉၄၁ ခုနှစ်၊ ဟောင်ကောင်ဟာ ဗြိတိသျှအင်ပိုင်ယာကြီးရဲ့ အရှေ့ဘက်စစ်မျက်နှာခံတပ်တစ်ခု ဖြစ်နေတဲ့ကာလ……ဂျပန်တပ်တွေရုတ်တရက်တိုက်ခိုက်လာခဲ့တဲ့အခါ….အလွဲလွဲအမှားမှား ဖြစ်ကုန်တဲ့ စစ်ဖက်ထောက်လှမ်းရေးပြဿနာကြားမှာ ပါဝင်ပတ်သက်နေမိတဲ့ တရုတ်ညီအစ်မနှစ်ယောက်ရဲ့ ဇာတ်လမ်း….Gin Drinker ခံစစ်ကြောင်းမှာ ဂျပန်တွေအဝိုင်းခံလိုက်ရတဲ့ ဗြိတိသျှ-အိန္ဒိယစစ်သားတွေရဲ့ ဖြစ်ပုံပျက်ပုံတွေ….သွေးပျက်ချင်စရာ စစ်ပွဲရဲ့မြူနှင်းတွေကြားမှာ မေဂျာဂျင်နရယ် မော့ဘီနဲ့ သူ့ရဲ့ အထက်တန်းအရာရှိတွေ အရှက်ကွဲခံပြီးလက်နက်ချကြမှာလား၊အသက်အသေခံပြီး အဆုံးထိခံတိုက်သွားကြမှာလား….(ဘယ်လမ်းကိုရွေးဖို့ သတ္တိပိုလိုမလဲ) စတာတွေကို ဇာတ်ကားလေးကြည့်ရင်းဆက်လက်ရှုစားလိုက်ကြပါဦး………….
အညွှန်း နဲ့ ဘာသာပြန်ကတော့Bruceပဲ ဖြစ်ပါတယ်။
Vadh (2022)
⭐IMDB: 7.3/10 (1 k Votes)
🎬 #Bollywood #Crime #Drama #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 1 နာရီ 52 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Vadh (2022)
IMDb-7.4/10
အိန္ဒိယကားတွေက ကခုန်ခြင်း မင်းသားရဲ့ အိုဗာပါဝါတွေနဲ့ နာမည်ကြီးသလိုဒရမ်မာဇာတ်ကားတွေ ရိုက်တဲ့နေရာမှာလဲ မညံ့ကြောင်း 3 idiots တို့PK တို့ Super 30 တို့လိုဇာတ်ကားတွေမှာလဲ တွေ့နိုင်မှာပါ
ယခုဇာတ်ကားက အိန္ဒိယကားထဲမှာ ရှားရှားပါးပါး Thriller အမျိုးအစားပါThriller ကိုမှ ရိုးရိုးစိတ်လှုပ်ရှားရရုံတင်မက စိတ်မွန်းကျပ်လာအောင်ကို လုပ်တဲ့ အမျိုးအစားပါ
အသက်ကြီးကြီး ကျောင်းဆရာအိုကြီးနဲ့ သူ့မိန်းမဟာ သားကိုနိုင်ငံခြားပို့ဖို့အတွက်အကြွေးတွေယူခဲ့ပြီး အဲဒီအကြွေးတွေလည်ပင်းနစ် ဘဝပျက်နေတဲ့ အချိန်မှာကံဆိုးမသွားရာ မိုးကြိုးပါပစ်ချတဲ့ ဇာတ်လမ်းသွားက Thriller ဆိုတဲ့အတိုင်းတဖြည်းဖြည်းဇာတ်ရှိန်မြင့်လာပြီး အဘိုးကြီးရဲ့မွန်းကျပ်မှုတွေနဲ့အတူဝင်ခံစားရင်း ထိုင်ရာမထကြည့်ဖြစ်သွားမှာမို့ပရိသတ်ကြီးကိုလဲ လက်တို့ပေးလိုက်ပါတယ်
Sembi (2022)
⭐IMDB: 8.2/10 (562 Votes)
🎬 #Bollywood #Drama #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 2 နာရီ 20 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sembi (2022)
IMDb-8.3/10
အန်ဘူးဆိုတဲ့ဘက်စ်ကားလေးကပြောပြတဲ့ ဇာတ်ကြောင်းလေးပါတောင်ပေါ်ဒေသလေးမှာ ရိုးရိုးသားသားမြေးအဘွားနှစ်ယောက်ထဲနေကြတယ်တစ်နေ့မြေးမလေးကံဆိုးပြီး တဏှာရူးသုံးကောင်ရဲ့ ယုတ်မာမှုကိုခံလိုက်ရတယ်သူ့အဘွားကရဲတိုင်တာပေါ့
ရဲကအစကတော့ တကယ်ပဲကိုယ်ချင်းစာသလိုကြိုးစားပမ်းစားလိုက်ပေးတယ်တရားခံဟာ လက်တလောရွေးကောက်ပွဲနိုင်ခြေများတဲ့ အမတ်လောင်းရဲ့သားဆိုတာသိသွားတော့ငွေမက်ပြီး အဘွားကိုနားချပြီး အမှုပိတ်အဝေးကိုထွက်သွားဖို့ပြောပါတော့တယ်ဘယ်အားကိုးရာမှမရှိတဲ့တောင်ပေါ်ကရိုးသားတဲ့မြေးအဘွား ဒီလိုပဲခံလိုက်ရတော့မှာလားတရားကိုနတ်စောင့်ပါ့မလားဆိုတာ ရှုစားကြည့်ပါဦး
Aligarh (2015)
⭐IMDB: 7.8/10 (7 k Votes)
🎬 #Biography #Bollywood #Drama
🗓️ 2015 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 1 နာရီ 58 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Aligarh (2015)
IMDb-7.8/10
အိန္ဒိယနိုင်ငံ Aligarh University မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုရိုက်ကူးထားတာဖြစ်ပါတယ်အဓိကဇာတ်ဆောင်မင်းသားကြီး Manoj Bijpayeeဟာလည်း ဒီထဲက စီရပ်ဇာတ်ကောင်နဲ့Best Actor ဆု 3 ဆုဆွတ်ခူးရရှိခဲ့ပြီး nomination 2 ဆု၀င်ခဲ့ပါတယ်ဒီဆုတွေရခဲ့လောက်အောင်လည်း ဒီထဲကသူ့ရဲ့ ဇာတ်ရုပ်ကိုပီပြင်ဟာသရုပ်ဆောင်မှုဟာလွန်ခဲ့တဲ့နှစ်ပေါင်း ၁၀ ကျော်က ပုဂ္ဂိုလ်တစ်ဦးကို မျက်မြင်တွေ့ကြုံရသလိုပါပဲဒီပူးဇာတ်ကောင်နဲ့ Rajkumar Rao က Best Supporting actor nomination ငါးဆုထိ၀င်ခဲ့ပါတယ်
“ငါ့ရဲ့ခံစားချက်တွေကို ဒီ (g a y) စကားလုံးလေးသုံးလုံးနဲ့ ဘယ်လိုဖော်ပြလို့ရမှာလဲ”
ပရော်ဖက်ဆာစီရပ်ဟာ အူရဒူဘာသာစကားပြောတဲ့မြို့မှာ မာရသီဘာသာစကားသင်ပေးတဲ့ပရော်ဖက်ဆာတစ်ယောက်ပါအိမ်ထောင်သည်ဆရာတွေကြားမှာလည်း သူတစ်ယောက်တည်းလူပျိုလူလွတ်တစ်ယောက်ဖြစ်နေခဲ့တယ်ဒါတွေတင်မက သူ့ရဲ့ချစ်စိတ်တိမ်းညွှတ်မှုဟာလည်း အများသတ်မှတ်ထားတဲ့စံညွှန်းတွေနဲ့မတူတစ်မူထူးခြားနေလေတော့…သူ့ရဲ့ထူးခြားထူးချွန်မှုတွေကို အမြင်မကြည်တဲ့တက္ကသိုလ်အကြီးအကဲတွေရဲ့ ချောက်ချခံရပါတော့တယ်သူ့ရဲ့လိင်တိမ်းညွှတ်မှုမတူကွဲပြားမှုကိုသာ ထောက်ပြပြစ်တင်တဲ့ တက္ကသိုလ်အသိုင်းအဝိုင်းနဲ့စီရပ်ရဲ့ လူအခွင့်အရေးချိုးဖောက်ခံရပြီး အိမ်ထဲထိကိုယ်ထိလက်ရောက်ကျူးလွန်ခံရမှုတွေအတွက်ရပ်တည်ပေးသူတို့ တရားရုံးမှာထိပ်တိုက်တွေ့ရင်ဆိုင်ကြပါတော့တယ်
ဒီဇာတ်လမ်းမှာလူ့အဖွဲ့အစည်းရဲ့ လိုရာဆွဲတွေးတစ်ဖက်စောင်းနင်းပြုမူသူတွေနဲ့မတူကွဲပြားမှုအရှိတရားကိုလက်ခံကျင့်သုံးသူတို့ရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာဖြစ်ပါတယ်
Sembi (2022)
⭐IMDB: 8.2/10 (562 Votes)
🎬 #Bollywood #Drama #Thriller
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 20 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sembi (2022)
IMDb-8.3/10
အန်ဘူးဆိုတဲ့ဘက်စ်ကားလေးကပြောပြတဲ့ ဇာတ်ကြောင်းလေးပါတောင်ပေါ်ဒေသလေးမှာ ရိုးရိုးသားသားမြေးအဘွားနှစ်ယောက်ထဲနေကြတယ်တစ်နေ့မြေးမလေးကံဆိုးပြီး တဏှာရူးသုံးကောင်ရဲ့ ယုတ်မာမှုကိုခံလိုက်ရတယ်သူ့အဘွားကရဲတိုင်တာပေါ့
ရဲကအစကတော့ တကယ်ပဲကိုယ်ချင်းစာသလိုကြိုးစားပမ်းစားလိုက်ပေးတယ်တရားခံဟာ လက်တလောရွေးကောက်ပွဲနိုင်ခြေများတဲ့ အမတ်လောင်းရဲ့သားဆိုတာသိသွားတော့ငွေမက်ပြီး အဘွားကိုနားချပြီး အမှုပိတ်အဝေးကိုထွက်သွားဖို့ပြောပါတော့တယ်ဘယ်အားကိုးရာမှမရှိတဲ့တောင်ပေါ်ကရိုးသားတဲ့မြေးအဘွား ဒီလိုပဲခံလိုက်ရတော့မှာလားတရားကိုနတ်စောင့်ပါ့မလားဆိုတာ ရှုစားကြည့်ပါဦး
