uz
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Tom and Jerry: A Nutcracker Tale (2007) ⭐IMDB: 6.3/10 (2 k Votes) 🎬 #Adventure #Animation #Comedy #Family #Action #Fantasy #Musical 🗓 2007 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 49 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခရစ္စမတ်အချိန်အခါ နီးလာတာနဲ့အမျှ ကျွန်ုပ်တို့ငယ်စဉ်က သဘောကျခဲ့ရတဲ့ Tom and Jerryတို့ရဲ့ ခရစ္စမတ်ကာလ ဇာတ်ကား‌ကောင်းလေးတစ်ကားကို ပြန်ပြီးတင်ဆက်ပေး လိုက်ပါတယ်။ ဒီဇာတ်ကားလေးကို ကြည့်ဖူးသူအများစုရှိလောက်ပေမဲ့ ငယ်ဘဝအမှတ်တရအနေနဲ့ ပြန်ကြည့်နိုင်ဖို့ Quality updateပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ ခရစ္စမတ်စစ်သားရုပ်ဘဲလေးပြဇာတ်ကို အရမ်းသဘောကျတဲ့ Jerryလေးတစ်ကောင် မထင်ထားတဲ့အံ့ဖွယ်မှော်အစွမ်းတစ်ခုကြောင့် သူကိုယ်တိုင် စစ်သားလေး ဖြစ်သွားသလို စံစားစရာ တိုင်းပြည်တစ်ခုကိုပါ ပိုင်ဆိုင်သွားပါတယ်။ ဒါပေမဲ့ အဲဒီမှော်အစွမ်းက Jerry ရဲ့ မဟာရန်ဘက် Tomတို့ ကြောင်အဖွဲ့ကိုပါ သက်ရောက်သွားတဲ့အခါ Jerryတို့ကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌နှင်ထုတ်ပြီး အဲဒီတိုင်းပြည်လေးကို အပိုင်စီးဖို့ကြိုးစားပါတော့တယ်။ ဒါကြောင့် Jerry နဲ့ သူ့ရဲ့မိတ်ဆွေတစ်သိုက်တို့ Tomတို့အဖွဲ့ရဲ့လက်ထဲကနေ သူတို့ပိုင်ဆိုင်တဲ့ တိုင်းပြည်ကို ပြန်ရအောင် ကြိုးစားရပါတော့တယ်။
...

Ghosts of Red Ridge (2024) ⭐IMDB: 3.9/10 (116 Votes) 🎬 #Action #Western #Horror 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 22 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါရိုက်တာ Stefan Colson ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးဟာ သဘာဝလွန်အက်ရှင် ကောင်းဘွိုင်ဇာတ်ကားမျိုးဖြစ်ပြီးတော့ အဓိကသရုပ်ဆောင်တွေအဖြစ် Owen Williams, Trent Culkin, Griffin Wade တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ Texas ပြည်နယ် Red Ridge မြို့လေးမှာ ဇာတ်အိမ်တည်ထား ပြီးတော့ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် မြို့ရဲ့ရဲမှူးဟာ ဝရမ်းပြေးအုပ်စုတစ်စုနဲ့ပတ်သတ်နေတဲ့ သူစိမ်းတစ်ယောက်ကို ဖမ်းမိသွားခဲ့ပါတယ်။ အဲဒီအုပ်စုသတ်တာကိုခံခဲ့ရတဲ့ဝိညာဉ်တွေက ရဲမှူးဆီကိုရောက်လာပြီးတော့ သူတို့အတွက် လက်စားချေပေးဖို့ ပြောရင်း အဖမ်းခံလိုက်ရတဲ့သူနဲ့ပူးပေါင်းကာ ဝိညာဉ်တွေအတွက် တရားမျှတအောင်လုပ်ပေးပုံကို ကြည့်ရှုကြရမှာပါ။ ဂန္တဝင် အနောက်တိုင်းကောင်းဘွိုင်အငွေ့အသက်တွေကို ခြောက်ခြားဖွယ် Story နဲ့ ပေါင်းစပ်ထားပြီးတော့ ထူးခြားတဲ့ ရသတစ်ခုကိုပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
...

A Good Enough Day (2024) ⭐IMDB: 6.1/10 (116 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သားဖြစ်သူဆုံးပါးသွားပြီးတဲ့နောက်မှာ တိုင်လာ ဟာ မိသားစုရဲ့ အဝေးကိုထွက်သွားခဲ့ပြီးတော့ ဓာတ်ပုံပညာအလုပ် ထဲမှာပဲ စိတ်နှစ်ရင်း ဘဝကို မြှုပ်နှံထားခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ရောဂါဖြစ်နေကြောင်းသိလိုက်ရပြီးတော့ ဘဝမှာ ဆက်လက်နေထိုင်ဖို့ အချိန်သိပ်မကျန်တော့ကြောင်း သိလိုက်ရတဲ့ အခါ တိုင်လာတစ်ယောက် ဘဝရဲ့ နောင်တရခဲ့ရတဲ့ ကိစ္စတွေအတွက် မိသားစုကို ပြန်ဆက်သွယ်ဖို့ ကြိုးစားခဲ့ ပါတော့တယ်။ ဒီ ဇာတ်ကားလေးကတော့ ရိုးရိုးအေးအေး conversation လေးတွေကိုပဲ တင်ဆက်ထားပြီးတော့ သေဆုံးရတော့မဲ့ လူတစ်ဦးရဲ့ နောက်ဆုံးအချိန်လေးအတွင်းက အတွေးတွေ, သူ့ရဲ့စိတ်ကူးအိပ်မက်တွေကို ခံစားသက်ဝင်ရင်း ကြည့်ရှုကြရမှာပါ။ ဒီ ဇာတ်ကားလေးကတော့ Rotten Tomatoes မှာ Rating 97% အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
...

The House of the Spirits (1993) ⭐TMDB: 69% User Score 🎬 #Drama #Romance 🗓 1993 🎞 movie 🌎 #Denmark #Germany #Portugal ⏰ 2 နာရီ 27 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 6.9/10 ရရှိထားတဲ့ Romance/Drama ဇာတ်ကားကောင်းလေးတစ်ကား ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၈၂ ခုနှစ်ထုတ် လက်တင်ဝတ္ထုတစ်ပုဒ်ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာပါ။ ထွက်ထွက်ချင်းမှာပဲ တစ်နှစ်တာအကောင်းဆုံးဆုရရှိခဲ့တဲ့ အဆိုပါဝတ္ထုဟာ ဘာသာစကားပေါင်း ၂၀ ကျော်အထိ ပြန်ဆိုထုတ်ဝေခဲ့ရပြီး နေ့ချင်းညချင်း ရောင်းအားအကောင်းဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ရုပ်ရှင်အနေနဲ့လည်း Jeremy Irons, Antonio Banderas တို့အပါအဝင် အခြားဟောလိဝုဒ်ဂန္ထဝင်သရုပ်ဆောင်များကို အသုံးပြုထားပြီး ဆုပေါင်း ၁၂ ဆုထိရရှိခဲ့ကာ ဥရောပတစ်လွှားမှာ အတော်လေးအောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ • ဇာတ်လမ်းအကျဉ်း • ဇာတ်အိမ်က ၁၉၂၀ – ၁၉၇၀ ဝန်းကျင်ကာလ ချီလီနိုင်ငံမှာ တည်ပါတယ်။ “ကလယ်ရာ” ဆိုတဲ့ သူဋ္ဌေးသမီးလေးဟာ မွေးရာပါအကြားအမြင်စွမ်းအားတစ်မျိုး ရထားသူပါ။ အရွယ်ရောက်လာတော့ “အက်စ်တဘန်” ဆိုတဲ့ ရိုးသားကြိုးစားလူငယ်တစ်ယောက်နဲ့ အကြောင်းပါပြီး “ဘလန်ကာ” ဆိုတဲ့ သမီးလေးတစ်ဦးထွန်းကား‌လေရဲ့။ “အက်စ်တဘန်” ဟာလည်း မိန်းမ မရခင်ရော ရပြီးနောက်ပိုင်းရော အလုပ်ကိုကြိုးစားပြီးရင်းကြိုးစားလိုက်တာ တစ်စထက်တစ်စ ပိုပိုချမ်းသာလာပြီး နောက်ဆုံးမှာ ကွန်‌ဆာဗေးတစ်လွှတ်တော်အမတ်ပါ ဖြစ်သွားပါတယ်။ အဲဒီအချိန်မှာ သမီးဖြစ်သူက သူ့အိမ်က သူရင်းငှားတစ်ဖြစ်လည်း နောင်မှာ အတိုက်အခံပါတီ‌ခေါင်းဆောင်ဖြစ်လာမယ့် “ပီဒရို” ဆိုတဲ့သူငယ်နဲ့ ကြိုက်ပါလေရော။ ဆိုတော့ကာ ထုံးစံအတိုင်း “အက်စ်တဘန်” မှာ သူ့သမီး “ဘလန်ကာ” နဲ့ ဆင်းရဲသားနိုင်ငံရေးသမား “ပီဒရို” တို့ရဲ့ချစ်ခြင်းကို နည်းလမ်းမျိုးစုံသုံးပြီး အသည်းအသန်လိုက်ခွဲပါတယ်။ ဒါပေမယ့် သမီးရည်းစားနှစ်ယောက်ကလည်း ဘယ်လိုခွဲခွဲ မကွဲတဲ့အပြင် “ဘလန်ကာ” က ဗိုက်ကြီးပြီး ကလေးပါမွေးသွားတဲ့အခါ… ကွန်ဆာဗေးတစ်ပါတီနဲ့ဆက်နွယ်နေတဲ့ ချီလီစစ်တပ်ကလည်း အာဏာ ထ သိမ်းပြီး အတိုက်အခံပါတီဝင် “ပီဒရို” ကို အ‌ေ-သရရ အရှင်ရရ လိုက်ဖမ်းတဲ့အခါ… ခေါင်းမာလွန်းတဲ့ “အက်စ်တဘန်” တစ်ယောက် အခက်အခဲတွေကြားမှာ နိုင်ငံရေးကိုရွေးမလား မိသားစုကိုရွေးမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာ။ ဝတ္ထုကို ပြန်အသက်သွင်းထားတဲ့ရုပ်ရှင်ဖြစ်တာမို့ ကြည့်ရတာ “လေထန်ကုန်း” ၊ “မျှော်တလင့်လင့်” အစရှိတဲ့ ဂန္ထဝင်ဝတ္ထုတစ်ပုဒ်ကို ဖတ်နေရသလိုခံစားမှုမျိုး ရစေမှာပါ။ ဝုန်းဒိုင်းကြဲအက်ရှင်ကားတွေကနေ ခဏရုန်းထွက်ပြီး ရသစုံ drama ကားကောင်းလေးတွေကို ငြိမ့်ငြိမ့်လေးဇိမ်ခံကြည့်ချင်သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်ခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန် Random Guy ပါ)
...

Lonesome Soldier (2023) ⭐IMDB: 6.5/10 (2 k Votes) 🎬 #Biography #Drama #Thriller #War 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Lonesome Soldier ဇာတ်ကားဟာ ၂၀၂၃ ခုနှစ်ထွက် ဖြစ်ရပ်မှန် Drama/Thriller/War ဇာတ်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ အပြင်မှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင်ကတော့ Jackson Harlow လို့ခေါ်တဲ့ အသက်ငယ်ငယ် အမေရိကန် စစ်သားဟောင်းတစ်‌ယောက်ဖြစ်ပါတယ်။ စစ်မြေပြင်ရဲ့ ထုထောင်းမှုတွေကြောင့် သူ့ရဲ့ဘဝက ဘယ်လိုမျိုး နောက်ဆက်တွဲပြဿနာတွေကို ရှိခဲ့လဲ သူ့ကိုချစ်တဲ့သူတွေကိုပါ ဘယ်လိုသက်ရောက်မှုရှိစေခဲ့သလဲဆိုတာတွေကို ထိထိမိမိ ရိုက်ပြထားတာမို့ ကိုယ်ကပါ သူ့မိသားစုဝင် တစ်ယောက်လိုမျိုး လိုက်ပါခံစားစေနိုင်တဲ့ ဇာတ်ကားကောင်းဖြစ်တာမို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
...

Chateau (2024) ⭐IMDB: 3.8/10 (149 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Chateau (2024) ဂျိမ်းစ်ဆိုတဲ့ နာမည်ကြီးအင်ဖလူယန်ဆာဖြစ်ဖို့ ကြိုးစားနေတဲ့ကောင်မလေးတစ်ယောက်ဟာ သရဲခြောက်တယ်လိုနာမည်ကြီးနေတဲ့အိမ်ကြီးမှာ သန့်ရှင်းရေးအလုပ်လုပ်ဖို့လက်ခံခဲ့လိုက်ပါတယ်။ အဲ့ဒီအိမ်ကြီးကသရဲတစ်ကယ်ခြောက်တာလား ဘာလျှို့၀ှက်ဆန်းကြယ်မှုတွေရှိနေလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရမဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Aung Kyaw ဖြစ်ပါတယ်။)
...

The Christmas Room (2024) ⭐IMDB: 6.4/10 (47 Votes) 🎬 #Drama #Family 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 39 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Christmas Room (2024) IMDb Rating (6.0) မိသားစုရဲ့ ချစ်ခြင်းမေတ္တာကို ပြသထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Grace Dorsey (Maya Jai Pinson) ဟာ ခရစ္စမတ်အတွက် မိသားစုဆီပြန်လာပြီး သူ့အဖိုးရဲ့ ကျန်းမာရေးကို ဘယ်သူမှ မစိုးရိမ်ကြောင်း သိရှိသွားတဲ့အချိန်မှာ မိသားစုအတွက် တာဝန်ယူပြီး အလေးထားဖို့ ကြိုးစားခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကအချက်က ခရစ္စမတ်ရဲ့ အဓိပ္ပာယ်အပြင် မိသားစုဆက်ဆံရေးတွေကို ထိထိမိမိ ပြသနိုင်တာပါ။ ဒါရိုက်တာ Maya Jai Pinson ရဲ့ လက်ရာဟာ ခံစားမှုတွေနဲ့ စိတ်လှုပ်ရှားစရာအချိန်တွေကို ပေါင်းစပ်ပြီး ပရိသတ်တွေကို ရင်ထဲထိမှန်စေတဲ့ ဇာတ်လမ်းဖြစ်လာစေပါတယ်။ ဒီဇာတ်ကားဟာ ခရစ္စမတ်အချိန်မှာ မိသားစုနဲ့အတူ ကြည့်ရှုဖို့ အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)
...

A Long Way Home (2023) ⭐TMDB: 0% User Score 🎬 #Crime #Drama #Mystery 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 29 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယန်ထန်မြို့လေးက အေးချမ်းသာယာတယ်လို့ထင်ရပေမဲ့ တကယ်တမ်းမှာတော့ကြီးမားတဲ့အမှုကြီးတစ်ခုဖြစ်နေခဲ့တယ်။ဒါကတော့ ကလေးတွေကိုပြန်ပေးဆွဲရောင်းစားတဲ့အမှုပေါ့။အုတ်စက်ရုံမှာအလုပ်လုပ်နေတဲ့အဖေကို အဖော်ပြုပေးနေတဲ့လင်ခဲ့တစ်ယောက်တစ်နေ့မှာတော့အဖေဖြစ်သူဒဏ်ရာရတာကိုကြားသိပြီးအလျင်အမြန်အဖေ့ကိုသွားကြည့်ခဲ့ပေမဲ့အဖေကသားကို စိတ်မပူစေချင်တာကြောင့် ဘာမှမဖြစ်သလိုနေခဲ့တယ်။ အဲ့အချိန်မှာစက်ရုံပိုင်ရှင်ရဲ့တူဖြစ်သူ ဟောက်ကျီကလည်းဒဏ်ရာဖြစ်တာကြောင့်သူ့ဆီအကြောင်းအရင်းသွားမေးမြန်းပြီးနှစ်ဦးသား အဖေ့ကိုထိခိုက်အောင်လုပ်တဲ့လူတစ်စုကိုသွားရန်ဖြစ်ထိုးကြိတ်ခဲ့တယ်။ဒီလိုနဲ့နှစ်ဦးသားသူငယ်ချင်းဖြစ်သွားပြီးဟောက်ကျီကယန်ထန်ဇာတိဖြစ်ကြောင်းပြောခဲ့တာပေါ့။ ဒီလိုနဲ့နောက်တစ်နေ့လင်ခဲ့ကို ခြိမ်းခြောက်ပြီးကလေးအပေးအယူကိစ္စကိုပေးခဲ့တယ်။ဒါကိုလင်ခဲ့သိသွားတဲ့အခါမှာ သူ့ကိုယ်ပေါ်မှာဆောင်ထားတဲ့အရာလေးနဲ့ကလေးတွေကိုယ်ပေါ်မှာပါလာတာနဲ့ တစ်ထပ်တည်းဖြစ်နေတာကိုတွေ့တဲ့အခါမှာသိလိုက်ရတာကဒီအမှုအမှန်တရားကိုစုံစမ်းဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်အန္တရာယ်ကြားကနေစုံစမ်းဖော်ထုတ်တဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ဒီဇာတ်ကားလေးဟာ မှုခင်းဇာတ်လမ်းတစ်ပုဒ်ထက်ပိုသောပဟေဋိဆန်တဲ့ဇာတ်ကွက်ပေါင်းများစွာထည့်ထားတာကြောင့် CM ကနေတင်ဆက်လိုက်တဲ့ဒီဇာတ်ကားလေးကို စောင့်မျှော်ကြည့်ရူလိုက်ရအောင်
...

De Dana Dan (2009) ⭐TMDB: 56% User Score 🎬 #Action #Bollywood #Comedy #Crime 🗓 2009 🎞 movie 🌎 #India ⏰ 2 နာရီ 48 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 De Dana Dan (2009)(ဘယ်တစ်ယောက် ညာတစ်ယောက်) ဒီတစ်ခါမှာတော့ ဟောင်းပေမဲ့ကောင်းနေဆဲ ဇာတ်ကားတစ်ခု တင်ဆက်ပေးပါရစေဗျ။ De Dana Dan ဆိုတဲ့ ၂၀၀၉ ခုနှစ်ထွက် အိန္ဒိယ-ဟင်ဒီစကားပြောဟာသအချစ်ဇာတ်ကားဟာ ဆုပေါင်း ၉ ခုတောင် လျာထားစာရင်းဝင်ခဲ့တဲ့အပြင်Box Office မှာလည်း အထူးအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။အောင်မြင်တာလည်း မပြောနဲ့လေ။ ဆုပေါင်းမရေမတွက်နိုင်လောက်အောင်ရရှိထားတဲ့နာမည်ကျော်မင်းသားကြီး အရှေးကူးမားကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတာကိုးဗျ။ IMDb rating ကလည်း 5.9 ရရှိထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့နီတင်ဘန်ကာလို့ခေါ်တဲ့ ကောင်လေးဟာ လက်အောက်ငယ်သားများအပေါ်အင်မတန်နှမြောတွန့်တိုတတ်တဲ့သန်းကြွယ်သူဌေးမကြီးကူဂျိကာအတွက် ကားမောင်းပေးရတဲ့ မျက်နှာမွဲလူဆင်းရဲဒရိုင်ဘာလေးတစ်ယောက်ပေါ့ဗျာ။ ဒါပေမဲ့ သူ့မှာ သူ့ကိုအင်မတန်ချစ်ပေးတဲ့ နီတင်ဆိုတဲ့ ချစ်သူလေးတစ်ယောက်ရှိသတဲ့။သူ့ချစ်သူလေးတို့မိသားစုဟာ အရင်က မိဘချင်းခင်မင်ရင်းနှီးကြပေမဲ့ထီဆုကြီးပေါက်သွားတဲ့နောက်မှာတော့ သူ့အဖေကြီးကဘဝမေ့ပြီး ဆင်းရဲသားနင်းပြားနီတင်နဲ့ သဘောမတူဘဲသူ့သမီးကို ချမ်းသာတဲ့သူနဲ့ပဲလက်ထပ်ပေးချင်နေပါတယ်။ နီတင်ဘန်ကာရဲ့အချစ်ဆုံးသူငယ်ချင်း ရမ်မီရှာရာဆိုတဲ့ကောင်လေးဟာလည်းအကြွေးတွေနစ်နေပြီး အမေနဲ့ညီမအတွက်ဘဝကိုရုန်းကန်နေရတဲ့သူပဲဖြစ်ပါတယ်။သူ့ရဲ့ချစ်သူလေးဟာလည်း စင်္ကာပူမှာအချမ်းသာဆုံးမိသားစုတွေကနေ ဆင်းသက်လာသူလေးပါ။သူ့ရဲ့ဇာတာခွင်က ထူးခြားတာကြောင့် သူနဲ့ဇာတာတူသူ အမျိုးသားကိုပဲ လက်ထပ်ခွင့်ရမယ့်သူဖြစ်ပါတယ်။ ဒီလိုနဲ့ နီတင်နဲ့သဘောမတူတဲ့ သူဌေးလက်သစ်ရယ် ချမ်းသာသလောက်ဇာတာခွင်ကိုယုံကြည်တဲ့စင်္ကာပူသူဌေးကြီးရယ်တို့ဟာသူတို့စိတ်ကြိုက်သတို့သားလောင်းတစ်ယောက်ကိုတွေ့ပြီးလက်ထပ်ပေးဖို့စီစဉ်ပါတော့တယ်။ ဖြစ်ချင်တော့ အဲဒီသတို့သားက တစ်ဦးတည်းဖြစ်နေသလိုသူတို့ထင်သလို သူဌေးသားစင်းလုံးချောလေးဖြစ်မနေဘဲလူလိမ်လူညာမိသားစုသာ ဖြစ်နေတဲ့အခါမှာတော့… Nomination ၆ ခု စာရင်းဝင်ထားတဲ့ဇာတ်ကားဖြစ်တာကြောင့်မင်းသားကြီးအရှေးကူးမားရဲ့ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့အတူသီချင်းသံတွေ အကအလှတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ဇာတ်လမ်းဇာတ်ကွက်တွေကို မပျင်းရဘဲ ခံစားကြည့်ရှုနိုင်မှာပါဗျ။ ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team ပဲဖြစ်ပါတယ်
...

Gold (2016) ⭐IMDB: 6.7/10 (71 k Votes) 🎬 #Adventure #Drama #Thriller #Biography #Crime #Mystery 🗓 2016 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 1 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gold (2016) *********** IMDb….6.7 စီးပွားရေးနဲ့သက်ဆိုင်တဲ့ကားတွေထဲမှာ ကြည့်ပြီးသလောက် ကျွန်တော့်ရင်ထဲကို တသသစွဲကျန်စေလောက်အောင်ကောင်းတဲ့ (၂)ကားရှိတယ်…ပထမ တစ်ကားကတော့ The Wolf of Wall Street (2013) ဖြစ်ပြီး ဒုတိယကားကတော့ ယခု Gold (2016) ဆိုတဲ့ကားပါပဲ….(၂)ကားလုံးဟာ ဖြစ်ရပ်မှန်ကို အခြေခံထားကြသလို  သရုပ်ဆောင်တွေကလည်း ဒိတ်ဒိတ်ကျဲမင်းသားတွေဖြစ်တဲ့ Leonardo  နဲ့ Matthew တို့ ကိုယ်စီသရုပ်ဆောင်ထားကြတယ်…Rating အနေအထားအရ The Wolf of Wall Street ကိုတော့ မမီနိုင်ပေမဲ့ အဲဒီကားနီးပါးကောင်းတယ်လို့တော့ ပြောလို့ရမယ်ထင်တယ်…ဒီကားအတွက် Matthew  ဟာ ကိုယ်အလေးချိန် ပေါင်(၄၀)တက်အောင်ပြုလုပ်ခဲ့ရတယ်…ဗိုက်ရွှဲရွှဲ အရက်တမြမြ  စစ်ကရက်မီးခိုးတစ်အူအူနဲ့ Matthew ကို အားမာန်ပါပါ ဒီကားထဲမှာတွေ့ရလိမ့်မယ်… ဇာတ်ကားအကြောင်းကိုနည်းနည်းသွားရအောင်….ကန်နီဝဲလ်စ်ဆိုတဲ့သူတစ်ယောက်ပိုင်တဲ့  ရွှေတူးဖော်ရေးကုမ္ပဏီတစ်ခုရှိတယ်…..ကန်နီတို့ ဘိုးဘွားစဉ်ဆက်ပိုင်ခဲ့တဲ့ကုမ္ပဏီဖြစ်သလို သူကိုယ်တိုင်ကလည်း ဒီအလုပ်ကို ချစ်မြတ်နိုးတယ်…သို့ပေမဲ့ ကန်နီလက်ထက်မှာ ကုမ္ပဏီက ကျရှုံးလုနီးပါးဖြစ်နေတယ်…ဒီလိုအခြေအနေမှာ ကုမ္ပဏီကိုပြန်အဖတ်ဆယ်ဖို့ ဘယ်သူမှမလုပ်ရဲတဲ့အလုပ်တစ်ခု လုပ်ဖို့သူဆုံးဖြတ်လိုက်တယ်…အဲဒါကတော့ အင်ဒိုနီးရှာကိုသွားပြီး ရွှေကြောကြီးရှာဖို့ ဘုမိဗေဒပညာရှင်တစ်ယောက်နဲ့ ပေါင်းပြီး ရှာဖွေဖို့ စွန့်စားခဲ့ပါတော့တယ်…ဒီရှာဖွေဖို့အတွက် ရှိသမျှစည်းစိမ်ပုံအောရသလို သူပူးပေါင်းတဲ့ ဘူမိဗေဒပညာရှင်ပြောဆိုတဲ့ ရွှေတူးဖို့နေရာကလည်းတခြားပညာရှင်တွေအားလုံးက ငြင်းပယ်ထားတဲ့ နေရာကြီးဖြစ်နေပါတယ်..ကိုင်းရွှေကြောကြီးကိုတွေ့မလား…..သူအောင်မြင်မလား…. ခေါင်းပုံဖြတ်ချင်တဲ့ကုမ္ပဏီကြီးတွေကရော ကန်ကို ဘယ်လိုတွေဖိအားပေးမလဲ….ကိုင်းခံစားကြည့်လိုက်ပါဦး…. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoonwahwah Theint ပဲဖြစ်ပါတယ်
...

Tears of the Shark: Kunlun Tribulation (2023) ⭐TMDB: 50% User Score 🎬 #Action #Drama 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 24 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရေသူမမျက်ရည်ဟာ ရောဂါဒဏ်ရာအားလုံးကိုကုသပေးနိုင်တယ်လို့ဆိုကြတယ်။သိုင်းလောကရဲ့ အင်အားကြီးဂိုဏ်းဖြစ်တဲ့ ခွန်လွန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးဟာသူ့ရဲ့ရောဂါကိုကုဖို့အတွက် ရေသူမျိုးနွယ်တွေကိုအကြပ်ကိုင်ပြီးတော့ရေသူမမျက်ရည်ကိုအတင်းတောင်းယူပြီး မရတဲ့အတွက်ရေသူမတွေကိုဖမ်းခေါ်သွားပြီး ကျန်တဲ့ရေသူမျိုးနွယ်တွေကိုသတ်ပစ်လိုက်တယ်။ဒီလိုနဲ့ ရေသူမျိုးနွယ်နဲ့ခွန်လွန်ဂိုဏ်းကြားက ရန်ငြှိုးမီးဟာ စတင်လာခဲ့တယ်။ စိတ်ထားကောင်းပြီး စာနာတတ်တဲ့ ခွန်လွန်ဂိုဏ်းရဲ့အမွေဆက်ခံသူ ထျန်းယန်ဟာသစ္စာဖောက်ခံရပြီး ခွန်လွန်ဂိုဏ်းကနေထွက်ပြေးလာခဲ့ရတယ်။ဒီလိုနဲ့ သူကခွန်လွန်ဂိုဏ်းသားတွေလိုက်သတ်တဲ့ရန်က ထွက်ပြေးနေရတဲ့အချိန်မှာ ရေသူမမင်းသမီးလေးကသူ့အသက်ကိုကယ်လိုက်ပါတယ်။နှစ်ယောက်လုံးကခွန်လွန်ဂိုဏ်းကိုလက်စားချေချင်တဲ့ရည်ရွယ်ချက်ချင်းတူတာကြောင့် အတူလက်စားချေဖို့သဘောတူလိုက်ကြပါတယ်။သူတို့ရဲလက်စားချေတဲ့လမ်းခရီးမှာဘယ်လိုအန္တရာယ်တွေနဲ့ပြည့်နှက်နေမလဲ
...

Dirty Angels (2024) ⭐IMDB: 4.2/10 (2 k Votes) 🎬 #Action #Drama #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #Bulgaria #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dirty Angels (2024) Casino Royale ရဲ့ ဒါရိုက်တာကြီး Martin Campbell ရဲ့ လက်ရာ စစ်ကားအသစ်ပါ။ တာလီဘန် နဲ့ ISIS တွေ ကြားထဲကနေ အမေရိကန် ဓားစာခံ ကျောင်းသူလေးတွေကို ကယ်ထုတ်ရမဲ့ အထူးတပ်ဖွဲ့အကြောင်းကို ရိုက်ကူးထားတာပါပဲ။ ဒီလိုစစ်အက်ရှင်ကြမ်းကြမ်း ထွက်တာ ရှားတာမို့ ဒီတစ်ခါတော့ အဝကြည့်လို့ရပါပြီ။ မင်းသမီးကတော့ Casino Royale ထဲက မင်းသမီး Eva Green ပါပဲ။ ဇာတ်လမ်းအကျဉ်း ISIS အဖွဲ့တစ်ဖွဲ့ကနေ ကျောင်းသူလေးတွေကို ဓားစာခံ ဖမ်းခေါ်သွားပြီး တစ်ယောက်ကို ဒေါ်လာ ၁၀ သန်းနှုန်းနဲ့အတူ ဘာသာရေးခေါင်းဆောင်တစ်ယောက်ကိုပါ ပြန်လွှတ်ပေးဖို့ တောင်းဆိုလာပါတယ်။ အကြမ်းဖက်အဖွဲ့ကို ပြန်ပေးငွေ ပေးလေ့မရှိတဲ့ အမေရိကန်ထုံးစံအတိုင်း အထူးတပ်ဖွဲ့နဲ့ ကယ်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ ISISနဲ့ချရမှာဆိုပေမဲ့ တာလီဘန်တွေမသိအောင်လည်း ဝင်ရမှာဖြစ်လို့ သဘာဝကျအောင်လို့ ဆေးကယ်ဆယ်ရေးပရဟိတသဘောမျိုးနဲ့ ယောကျာ်းလေးနည်းနည်း မိန်းကလေးများများ အဖွဲ့ဖန်တီးပြီး လွှတ်လိုက်ရပါတယ်။ အဲဒီအဖွဲ့က တာလီဘန် နဲ့ISIS တွေကြားထဲမှာ ဘယ်လို ရုန်းကန်တိုက်ခိုက်ကြရမလဲဆိုတာ ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။)
...

Last Known Location (2024) ⭐TMDB: 29% User Score 🎬 #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Last known location ဆိုတဲ့ကားလေးကတော့ plot twist ကောင်းကောင်းနဲ့ စိတ်ကိုဆွဲဖမ်းမဲ့ Thriller Movie လေး တစ်ပုဒ်ဖြစ်ပါတယ်။ ဒီmovieကတော့ တစ်ကိုယ်တည်းနေကြတဲ့အမျိုးသမီးတွေကို ပစ်မှတ်ထားဖမ်းခေါ်ပြီး ကိုယ့်တစ်ကိုယ်ရည်အတွက်အသုံးချခြင်းကို ခံရတဲ့ အမျိုးသမီးသုံးယောက်ရဲ့အကြောင်းကို ရိုက်ကူးပြသ ထားတာဖြစ်ပါတယ်။ ကိုယ့်ဘဝကိုယ်အေးအေးလူလူသာမာန်အတိုင်းဖြတ်သန်းနေတဲ့ အချိန်မှာ ပြန်ပေးဆွဲခံရပြီး မြေအောက်ခန်းမှာရုတ်တရက် အပိတ်ခံထားရမယ်ဆိုရင် ဘယ်လိုခံစားရမလဲ.. ဒီအမျိုးသမီးသုံးယောက်လုံးမှာ ငယ်စဥ်က ရထားတဲ့ကိုယ်စီ စိတ်ဒဏ်ရာလေးတွေရှိပါတယ်။သူတို့အဖမ်းခံထားရတဲ့အချိန်မှာ အတိတ်ကအကြောင်းတွေကိုမျှဝေပြီးအချင်းချင်းအားပေးကြပါတယ်။ တစ်နေ့မှာ ပြစ်မှုကျူးလွန်သူကို စုံထောက်နှစ်ယောက်ကခြေရာခံ မိသွားတဲ့အခါ သူတို့ဘာဆက်လုပ်ကြမလဲ…. ဘယ်လိုအကြံတွေထုတ်ကြမလဲ…… ဘာလျှို့ဝှက်ချက်တွေများသိသွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရှုစားနိုင်မှာပဲ ဖြစ်ပါတယ် Rating5.3ရရှိထားပြီး ဇာတ်ဝင်ခန်းတိုင်းဟာလည်း စိတ်ဝင်စားဖွယ် ကောင်းလို့ ညပိုင်းမှာအေးအေးဆေးဆေးကြည့်ဖို့ recommend ပေးပါတယ်
...

An Evening with Dua Lipa (2024) ⭐IMDB: 7.8/10 (260 Votes) 🎬 #Music 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 48 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 An Evening with Dua Lipa (2024) IMDb Rating (7.3) Dua Lipa ရဲ့ ဒီနှစ်(2024) ထဲမှာထွက်ရှိထားတဲ့ musical short documentary လေး ဖြစ်ပြီး ဒါရိုက်တာ Paul Dugdale က ရိုက်ကူးထားပါတယ်။ Dua Lipa ရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတွေကို Heritage သံစုံတီးဝိုင်းနဲ့အတူ လန်ဒန်မှာရှိတဲ့ Royal Albert ခန်းမကြီးထဲမှာ ဖျော်ဖြေခဲ့တဲ့ ဖျော်ဖြေမှုတွေကို အဓိကပြသထားပါတယ်။ သူမအဆိုတော်ဖြစ်လာဖို့ ဘယ်လိုအရာတွေက တွန်းပို့ပေးခဲ့လဲ ဘယ်သူတွေက သူ့အတွက် အားဖြစ်စေခဲ့လဲဆိုတာတွေကိုလည်း စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ Dua Lipa ရဲ့ ပရိတ်သတ်တွေ အနေနဲ့ကတော့ လုံးဝလက်မလွှတ်သင့်တဲ့ film လေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။)
...

Skiptrace (2024) ⭐TMDB: 0% User Score 🎬 #Action #Crime 🗓 2024 🎞 movie 🌎 #China ⏰ 1h 20 min 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ CM ကနေခပ်မိုက်မိုက်အက်ရှင်ဇာတ်ကားလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးလိုက်ချင်ပါတယ်။နာ့ရှ်အုပ်စုရဲ့မင်းသမီးကို စေတန်အဖွဲ့ပြန်ပေးဆွဲထားတာကြောင့်စနိုက်ပါအဖွဲ့ဖြစ်တဲ့မြေခွေးအမဲလိုက်အဖွဲ့က မင်းသမီးကိုကယ်ထုတ်ဖို့ကြိုးစားပါတယ်။ မြေခွေးအမဲလိုက်အဖွဲ့ဆိုတာကတော့ ကြေးစားသေနတ်သမားတွေဖြစ်ပေမဲ့ အားနွဲ့သူကိုကူပြီး မတရားအနိုင်ကျင့်တဲ့လူတွေကိုရှင်းပစ်တဲ့အဖွဲ့တစ်ဖွဲ့ပေါ့။တစ်နေ့မှာခေါင်းဆောင်ချာကျင့်နှုတ်ထွက်သွားတဲ့နောက်မှာတော့ အဖွဲ့လည်းပျက်သွားခဲ့တယ်။ ဒီလိုနဲ့ ၃ နှစ်ကြာပြီးနောက် ချာကျင့်နဲ့သူ့ဇနီးလောင်းလေး စူးယာတို့ကအေးအေးချမ်းချမ်းနဲ့၂ ယောက်သားဘဝကိုကြည်ကြည်နူးနူး ဖြတ်သန်းနေချိန် တိုနီဆိုတဲ့ အရင်တုန်းကမြေခွေးအမဲလိုက်အဖွဲ့ဝင်ကချာကျင့်ကိုလာရှာခဲ့တယ်။ အကြောင်းရင်းကတော့ Bettre ပိုးတွေပြန့်နှံ့နေပြီးအဲ့ပိုးဟာတမင်စေတန်ကကြံစည်ထုတ်လွှတ်တာဖြစ်ပြီး အဲ့အတွက်ပိုးသတ်ဆေးကိုစျေးကွက်ထဲမှာအဆမတန်စျေးနဲ့ ရောင်းအမြတ်ထုတ်ဖို့ရည်ရွယ်နေတာကြောင့်အဲ့ပိုးဖြန့်ရာစက်ရုံကိုရှင်းဖို့ ချာကျင့်ဆီအကူအညီတောင်းခဲ့တယ်။ ဒါပေမဲ့လည်းချာကျင့်က သူ့ဇနီးနဲ့ဘဝကိုအေးအေးချမ်းချမ်းကုန်ဆုံးခြင်းကြောင်းငြင်းဆန်လိုက်တာပေါ့။ဒီလိုနဲ့ ဒုတိယမြောက်နေ့မှာ စူးယာတစ်ယောက်ပြန်ပေးဆွဲခံလိုက်ရတာသိတော့ချာကျင့်တစ်ယောက်ဒေါတပုန်ထပြီး တိုနီကိုသွားရှာပြီး တိုနီနဲ့ပူးပေါင်းကာမိန်းမကိုကယ်ထုတ်ဖို့ ကြိုးစားပါတော့တယ်။မထင်ထားတဲ့လှည့်ကွက်တချို့နဲ့အမိုက်စားအက်ရှင်တွေနဲ့ဖြစ်တာကြောင့် အက်ရှင်ကားကြိုက်နှစ်သက်သူတွေအတွက်သဘောကျမဲ့ဇာတ်ကားလေးတကားပဲဖြစ်ပါတယ်
...

My Son (2007) ⭐TMDB: 62% User Score 🎬 #Drama #Melodrama 🗓 2007 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 49 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Son (2007) ******************* ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ မင်းသားကြီး Cha Seung Wonရဲ့ best actorဆုရခဲ့တဲ့ movieတွေထဲကတစ်ကားဖြစ်တဲ့ ရယ်လည်းရယ်ရ ငိုလည်းငိုရတဲ့ ရုပ်ရှင်ကားကောင်းဖြစ်ပါတယ် .. အီဂန်ရှစ်(Cha Seung Won)ဟာ လူသတ်မှုနဲ့ လုယက်မှုကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရတဲ့ အကျဉ်းသားဖြစ်ပါတယ် .. ထောင်မကျခင်တုန်းက သူ့မှာ အမေနဲ့ ၃နှစ်အရွယ်သား‌လေးတစ်ယောက်ကျန်ခဲ့ပါတယ် .. တစ်နေ့မှာတော့ ထောင်ကျတာ ၁၅ နှစ်ရှိပြီဖြစ်တဲ့ အီဂန်ရှစ်ဟာ စံပြအကျဉ်းသားတစ်ဦးဖြစ်တာကြောင့် မိသားစုဆီကို အလည်သွားဖို့ အထူးလွတ်ငြိမ်းချမ်းသာခွင့် ၁ရက် ရပါတော့တယ် .. ဒါကြောင့် သူအိမ်ပြန်လာတဲ့အခါ ၁၅ နှစ်လုံးလုံး တစ်ခါမှမတွေ့ခဲ့ရတဲ့ သားဖြစ်သူနဲ့ အမေက ဘယ်လိုတုံ့ပြန်မလဲ သူကရော အထူးလွတ်ငြိမ်းချမ်းသာခွင့် ၁ ရက်ကို မိသားစုနဲ့ ဘယ်လိုဖြတ်သန်းခဲ့မလဲ .. မထင်မှတ်ထားတဲ့ လှည့်ကွက်လေးတွေနဲ့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်ကားကောင်းဖြစ်တာမို့လို့ရှုစားကြည့်လိုက်ပါဦးနော် .. (အညွှန်းကို Toe Toe Aung မှ ရေးသားထားပါတယ်)
...

Allen Sunshine (2024) ⭐IMDB: 6.4/10 (111 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating: 6.1/10 ဒီဇာတ်ကားကိုတော့ အသက် ၂၅ နှစ်ပဲရှိသေးတဲ့ လူငယ်ဒါရိုက်တာ Harley Chamandy ရိုက်ကူးထားပြီး တီထွင်ဖန်တီးမှုအတွက် ပေးတဲ့ 2024 Werner Herzog Film Award ရရှိထားပါတယ်။ ဒီကားမှာတော့ ဂီတပညာရှင် အယ်လန် ဆန်းရှိုင်း ဟာ နာမည်ကြီး အဆိုတော်ဖြစ်တဲ့ သူ့အမျိုးသမီး ကိုယ့်ကိုကိုယ် သတ်သေသွားလို့ ဖြစ်ပေါ်လာတဲ့ ဝမ်းနည်းပူဆွေးမှုတွေကို ဖြေဖျောက်ဖို့ လူသူ တိတ်ဆိတ်တဲ့ ရေကန်နံဘေးက သစ်လုံးအိမ်လေးကို ပြောင်းရွှေ့ ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့မိန်းမအပေါ် ပျက်ကွက်ခဲ့တာတွေ အတွက် သူ့မှာ အမြဲယူကြုံးမရဖြစ်လို့ ကိုယ့်ကိုကိုယ်အပြစ်တင်ပြီး ပျော်ရွှင်ဖို့မထိုက်တန်တဲ့သူလို ခံစားနေခဲ့ရပါတယ်။ ဒီလိုနဲ့ မထင်မှတ်ဘဲ ဒေသခံ ကလေး ၂ ယောက်နဲ့ ဆုံခဲ့ပြီး သူတို့ဆီက လွတ်လပ်မှု၊ ပျော်ရွှင်မှု၊ အပြန်အလှန်ဖေးမမှုတွေခံစားလာရပြီးတဲ့နောက် ပတ်ဝန်းကျင်နဲ့သီးခြားနေဖို့ လုပ်ခဲ့တဲ့ အယ်လန်တစ်ယောက် ပတ်ဝန်းကျင်နဲ့ဘယ်လိုပြန်ချိတ်ဆက်လာမလဲ… ကိုယ့်ဘဝကို ဘယ်လိုပြန်ရှာဖွေမလဲဆိုတာကို မျက်စိပသာဒဖြစ်စရာ တောတောင်ရှုခင်းတွေ၊ ရေပြင်ကျယ်ကြီးတွေကို ကြည့်ရင်းနဲ့ ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
...

Mr. Brooks (2007) ⭐TMDB: 69% User Score 🎬 #Drama #Thriller #Crime #Mystery 🗓 2007 🎞 movie 🌎 #UnitedStates #Ireland #UnitedStatesofAmerica ⏰ 2 နာရီ 1 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mr. Brooks (2007) *********************** IMDb – 7.3/10_____Rotten – 55% အခုတစ်ခါ တင်ဆက်ပေးမှာကတော့ 2007 ခုနှစ်က ထွက်ခဲ့တဲ့ Mr. Brooks ဆိုတဲ့ မှုခင်းဒရမ်မာ ဇာတ်ကားပါ… အားလ်ဘရွတ် အမည်ရတဲ့ လူတစ်ယောက်ဟာ လူတွေလေးစားခံရလောက်အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါ… ဒါပေမဲ့ သူ့မှာ ဘယ်သူမှ ထင်မထားတဲ့ စွဲလမ်းမှု တစ်ခုရှိနေခဲ့တယ်…. အဲဒါကတော့ လူသတ်ရကို နှစ်ခြိုက်နေတာပါပဲ …သူ့ရဲ့ မကောင်းတဲ့စိတ်ကို ၂ နှစ်ကျော်အောင် ထိန်းချုပ်ခဲ့ပေမဲ့ တစ်နေ့မှာတော့ ကချေသည်စုံတွဲ ကို စိတ်မထိန်းနိုင်ဘဲ ပြန်သတ်မိရာကနေ ဇာတ်လမ်းစလာပါတော့တယ်… သိပ်မကြာခင်မှာပဲ သူ့ဆီကို ဓာတ်ပုံတစ်ချို့ရောက်လာတယ်… ဒီဓာတ်ပုံတွေမြင်ပြီးတဲ့ သူသွေးပျက်သွားတယ်.. တစ်ချိန်တည်းမှာပဲ ပြသနာတွေ တစ်ပွေ့တစ်ပိုက်နဲ့ ကျောင်းတက်တက်နေတဲ့သမီးဟာ ပြန်ရောက်လာတယ်… ကိုင်း အားလ်ဘရွတ် တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ… ဓာတ်ပုံထဲမှာရော ဘာတွေများပါနေလို့လဲ… ဒီကားထဲက မင်းသားကြီး Kevin Costner ကိုတော့ အတော်များများသိကြမယ်ထင်ပါတယ်… ကိုင်း plot twist လေးတွေနဲ့ စိတ်ဝင်စားစရာတွေ ရိုက်ပြထားတဲ့ မှုခင်းဇာတ်ကားတစ်ကားပါ IMDb rating ကလည်း 7.3 ထိရထားလေတော့ ခပ်ကြောင်ကြောင်ကားတွေ ကြိုက်တဲ့သူတွေအဖို့ မိုက်ရူးဆန်စွာကြည့်သင့်ပါကြောင်း ညွှန်းဆိုပါရစေ…. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ဖြစ်ပါတယ်
...

12 to Midnight (2024) ⭐IMDB: 3.7/10 (223 Votes) 🎬 #Action #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သမန်းဝံပုလွေလို့ခေါ်တဲ့ ဝံပုလွေတစ်ပိုင်း လူသားတစ်ပိုင်း တွေကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများသိပြီး ကြပြီးသားဖြစ်မှာပါ။အခုတင်ဆက်ပေးမဲ့ 12 To Midnight ဆိုတဲ့ဇာတ်ကားလေးကလည်း ဒီသမန်းဝံပုလွေအကြောင်းကိုပဲ အဓိကထားရိုက်ကူးထားတာဖြစ်ပြီး Production ပိုင်းကတော့ အရမ်းကြီးမကြမ်းပေမဲ့ အပျင်းပြေပေါ့ပေါ့ပါးပါးဇာတ်ကားလေးတွေ ကြည့်ရှုချင်သူတွေအတွက်တော့ အဆင်ပြေစေမှာပါ။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ကတော့တော့ဒ်လို့ခေါ်တဲ့ စုံထောက်ကြီးဖြစ်ပြီး သူကတော့ ရာဇဝတ်သားတွေကိုထောင်ထဲ ထိမခေါ်သွားပဲ သေနတ်တစ်လက်နဲ့တရားစီရင်ပေးနေကျမလို့ နာမည်ကြီးနေသူတစ်ယောက်ဖြစ်ပါတယ်။အထူးသဖြင့်တော့ သူ့မိန်းမ ပုံပျက်ဆင်းပျက်ဖြစ်အောင် ရက်ရက်စက်စက်အသတ် ခံရပြီးနောက်ပိုင်း တာဝန်မကျေခဲ့တဲ့လူတစ်ယောက်လိုခံစားချက် တွေနဲ့ မူးရူးနေပြီး လက်လည်းပိုရဲနေခဲ့ပါတော့တယ်။ ဒါပေမယ့်သိပ်မကြာခင်မှာပဲ သူ့မိန်းမအသတ်ခံထားရတဲ့ပုံစံနဲ့ ဆင်တူတဲ့ မိန်းကလေးတွေအသတ်ခံရတဲ့အမှုတွေတစ်ခုပြီးတစ်ခု များလာတဲ့အခါမှာတော့ အဲ့ဒီအမှုတွေလိုက်ဖို့သူ့ကိုတာဝန်ပေးခဲ့ ပါတော့တယ်။ဒီအမှုတွေမှာထူးဆန်းနေတာက အသတ်ခံရတဲ့ နေရာတိုင်းမှာ ဝံပုလွေလိုအမွှေးအမြင်တွေတွေ့နေရပြီး ဒဏ်ရာ တွေကလည်း ဝံပုလွေလက်သည်းရာတွေလိုဖြစ်နေတာပါပဲ။ ဒီတော့ စုံထောက်ကြီးတော့ဒ်တစ်ယောက် ဒီလိုကြမ်းကြုတ်တဲ့ ရက်စက်မှုတွေကို တားမြစ်ဖို့တရားခံကိုလိုက်ရှာရင်း သူ့မိန်းမ အတွက်လက်စားချေပေးနိုင်ပါ့မလား တရားခံကရောဘယ်သူ ဖြစ်နေမလဲ ဘယ်လိုကောင်ဖြစ်နေမလဲဆိုတာတွေကိုရှုစားရမှာ ဖြစ်တဲ့အတွက် အပျင်းပြေကြည့်ရှုဖို့ညွှန်းပေးလိုက်ချင်ပါတယ်။
...

Sinakagon (2024) ⭐IMDB: 7.0/10 (23 Votes) 🎬 #Drama #Horror 🗓 2024 🎞 movie 🌎 #Malaysia ⏰ 1 နာရီ 56 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sinakagon (2024) ******************* မလေးရှားရှေးဒဏ္ဍာရီတစ်ပုဒ်ဖြစ်တဲ့ Huminodun folkloreကို အခြေခံရိုက်ကူးထားပြီးမလေးရှားနိုင်ငံရဲ့ သိပ်လှတဲ့ ဆားဘားကျွန်းမှာ ရိုက်ကကူးထားတာဖြစ်လို့ ရှုခင်းလှလှလေးတွေပါရှုစားရမယ့် horrorကားလေးပေါ့လေ .. အညွှန်းကိုမစခင် အရင်ရှင်းပြရမှာကတော့ဟူမီနိုဒွန် ‌ခေါ် ဆန်နတ်ရဲ့ ဒဏ္ဍာရီ တစ်စွန်းတစ်စပေါ့ .. ကီနိုအင်ဂန်နဲ့ ဆူမွန်ဒူတို့က လူသားတွေရဲ့ဖန်ဆင်းရှင်ဖြစ်ပြီး သူတို့မှာ ပိုနွမ်ပူလန်ဆိုတဲ့သားတစ်ယောက်နဲ့ ပိုနွမ်ပူအန်ဆိုတဲ့သမီးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ ပိုနွမ်ပူလန်က သူ့ရဲ့မိဘတွေဖြစ်တဲ့ ဖန်ဆင်းရှင်နဲ့ လူသားတွေကိုရန်တိုက်ပေးပြီးပုန်ကန်ဖို့ကြိုးစားရာကနေ ဖန်ဆင်းရှင်ကီနိုအင်ဂန်က အမျက်တော်ရှပြီး သားကိုလည်းပြည်နှင်ဒဏ်ပေးခဲ့သလို လူသားတွေကိုလည်း ကျိန်စာဆိုး ၇ ခု သက်ရောက်စေခဲ့ပါသတဲ့။ဒီထဲက နောက်ဆုံးကျိန်စာက ရေရှားပါးပြီး ငတ်မွတ်ခေါင်းပါးစေတဲ့ကပ်ဘေးပါပဲ။ ဒီကျိန်စာဆိုးကိုပယ်ဖျက်ဖို့ သမီးတော် ပိုနွမ်ပူအန်ကိုစတေးလိုက်ရပြီး သူ့ရဲ့ဝိညာဉ်က‌နေဟူမီနိုဒွန်ဆိုတဲ့ ဆန်နတ်ရယ်လို့ ဖြစ်လာတာဖြစ်ပြီး ဟူမီနိုဒွန်ကို ကိုးကွယ်ရင်ကောက်နှံအထွက်တိုးတယ်ဆိုတဲ့ အယူအဆလည်းရှိပါတယ်။ အခုဒီဇာတ်ကားလေးမှာတော့ အိဗ်တစ်ယောက် ဟူမီနိုဒွန်အထိမ်းအမှတ်အနေနဲ့ နှစ်စဉ်ကောက်ရိတ်သိမ်းပွဲမှာ ကျင်းပတဲ့ အလှမယ်ပြိုင်ပွဲမှာ အနိုင်ရလာပြီး သူငယ်ချင်းဖြစ်သူ လီဆာဆီကို အလည်ရောက်လာပါတယ်။ ဒီအချိန်မှာပဲ ရွာမှာ ကြက်တွေအစုအပြုံလိုက်သေတာကစလို့ ကပ်ဆိုက်သလိုဖြစ်စဉ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာတဲ့အတွက် လီဆာရဲ့အဖေ နတ်ဆရာကြီးလည်း ခေါင်းခဲနေတာပေါ့။ ဒီအချိန်မှာ အသံတစ်သံက ကပ်ဘေးကိုရပ်တန့်ချင်ရင် ဟူမီနိုဒွန်ရဲ့မျိုးဆက်ကို စတေးရမယ်။ ဒီဟူမီနိုဒွန်ရဲ့မျိုးဆက်က သူတို့ထဲမှာပဲရှိနေတယ်လို့ ပြောလိုက်ချိန်မှာတော့….. (အညွှန်းကိုMary Christမှ ရေးသားထားပါတယ်)
...