ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Captain Miller (2024)
⭐IMDB: 7.2/10 (4 k Votes)
🎬 #Action #Adventure #Bollywood #Drama #Thriller
🗓 2024 🎞 movie
🌎 #India
⏰ 2 နာရီ 36 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Captain Miller (2024) “ကပ္ပတိန် မီလာ”
IMDb 7.2 ရထားတဲ့ တမီးလ်စကားပြော ဗြတိသျှခေတ် နောက်ခံကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဝါရင့်မင်းသား ဒနွတ်ရှ်နဲ့အတူ Shiva Rajkumar နဲ့ မင်းသမီး Priyanka Mohan တို့ ပါဝင်သရုပ်ဆောင်ထားကြပြီးရီဗျူးကောင်းတွေရထားရုံမက ရုံတင်ငွေ ၁၀၄ ကုဋေ ရထားတဲ့ ကားလေး ဖြစ်ပါတယ်
ဇာတ်လမ်းအကျဥ်းကတော့ ၁၉၃၀ ဗြိတိသျှခေတ်မှာ အီဆာဆိုတဲ့ ခပ်ဆိုးဆိုးရွာသားတစ်ယောက်ကမျိုးရိုးဇာတ်နိမ့်ဇာတ်မြင့် ကွာခြားမှုတွေကို မနှစ်မြို့သူဖြစ်ပြီး လူလေးစားခံရမှုလိုချင်တာကြောင့်အိန္ဒိယ-ဗြိတိသျှ စစ်တပ်ကို ဝင်နေချင်ပါတယ်
ဒါပေမဲ့ ဗြိတိသျှကို တော်လှန်ပုန်ကန်နေတဲ့ သူ့အစ်ကိုကတော့ ဒါကို သဘောမတူပါဘူး တစ်နေ့ ဗယ်လာမီဆိုတဲ့ ဇာတ်မြင့်မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မိပြီး သူနဲ့အဆင်ပြေရင် ဗြိတိသျှစစ်တပ်ထဲ မဝင်ဘူးလို့ ဆုံးဖြတ်ခဲ့ပေမဲ့ကောင်မလေးမှာ ပိုင်ရှင်ရှိနေတာကြောင့် ကောင်မလေးကို မေ့ပစ်ပြီး ဗြိတိသျှစစ်တပ်ထဲ ဝင်သွားပါတယ်
အီဆာတစ်ယောက် “ကပ္ပတိန်မီလာ” ဆိုတဲ့ နာမည်နဲ့ သူ့သူငယ်ချင်း ရာဖစ် စတီဖင်တို့နဲ့အတူ သောင်းကျန်းပါတော့တယ် ဗြိတိသျှဗိုလ်ချုပ်က သူတို့ကို ပုန်ကန်သူတွေမဟုတ်တဲ့ လူသာမန်တွေကိုပါ သုတ်သင်ခိုင်းတာကြောင့် အပြစ်ရှိစိတ်နဲ့ ကိုယ့်ကိုယ့်ကို သတ်သေဖို့ ကြိုးစားပြီး…
ရာဖစ်က တားလို့ ဗြိတိသျှ စစ်တပ်ကထွက်လာပြီး ရွာကိုပြန်လာခဲ့တဲ့အခါမှာ သူ့အစ်ကို သေပြီလို့သိလိုက်ရတဲ့နောက်ပိုင်း အဖိနှိပ်ခံအိန္ဒိယပြည်သူတွေဘက်ကနေ ရပ်တည်လို့ နယ်ချဲ့တွေကို ဘယ်လိုပြန်တွန်းလှန်မလဲဘယ်လို စစ်ဆင်ရေးတွေ ဆောင်ရွက်မလဲဆိုတာကိုတော့…
နောက်ခံ ခေတ်အပြင်အဆင် အဝတ်အစားဒီဇိုင်းကအစ ပီပြင်အောင် သေချာရိုက်ကူးထားတဲ့ဇာတ်ကားသစ်လေးမှာ ပရိသတ်ကြီးကပဲ တစ်ဝကြီး ဆက်လက်ကြည့်ရှုပေးကြပါဦးအညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Wil (2023)
⭐IMDB: 7.1/10 (2 k Votes)
🎬 #Drama #History #War
🗓 2023 🎞 movie
🌎 #Belgium #Netherlands #Poland
⏰ 1 နာရီ 55 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Will (2024)
~ IMDb – 7.1/10, Rotten Tomatoes – 60% ~
ဒီကားလေးကတော့ ခုလပိုင်းအတွင်းကမှထွက်ရှိထားတဲ့ စစ်ပွဲကာလနောက်ခံ ဘယ်လ်ဂျီယမ်ကားလေးပါ။ ဇာတ်လမ်းကို WW2 ကာလအတွင်း အရေးပါတဲ့ Antwerp ဆိပ်ကမ်းမြို့မှာ ဇာတ်အိမ်တည်ထားပြီး ဂျူးတွေအများအပြား နေထိုင်ခဲ့ကြတဲ့မြို့လည်းဖြစ်ပါတယ်။
သင်တန်းဆင်းခါစရဲတပ်သား “ဝေလ်” နဲ့ရဲဘော်တစ်ယောက်က ဂျာမန်စစ်တပ်ရဲတစ်ယောက် ဂျူးရပ်ကွက်ကို လူသွားဖမ်းထားတာကို အစောင့်အရှောက်အဖြစ်လိုက်သွားရင်း မတော်တဆ စစ်တပ်ရဲကိုသတ်မိလိုက်ပါတယ်။ အဲဒီကနေမှ ဂျုးတွေကိုမုန်းတဲ့ပန်းချီဆရာတစ်ယောက်နဲ့ ပတ်သက်မိပါတယ်။ အဲဒါအပြင် ဝေလ်တစ်ယောက် သူငယ်ချင်းနဲ့ရည်းစားပါရာ ဂျူးအဖွဲ့အစည်းထဲပါ၀င်မိရာမှ အဲဒီအဖွဲ့အတွက်သူလျှိုလုပ်ပေးရင်း နဂိုစစ်တပ်ရဲကိုသတ်မှုကပါ နောက်မှာမီးခိုးကြွက်လျှောက်လိုက်လာတဲ့အခါမှာတော့…
စစ်ပွဲတွေက လူတွေရဲ့ကိုယ်ကျင့်တရားနဲ့ စာရိတ္တတွေကိုပါ တိုက်စားသွားနိုင်တဲ့အရာမျိုးပါပဲ။ ဝေလ်တစ်ယောက် ကြံ့ကြံ့ခံနိုင်ပါ့မလား… အများနည်းတူမိုးခါးရေသောက်မလား… ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ ဝေဖန်ရေးသမားတွေဆီကနေ Review ကောင်းတွေ ရထားတဲ့ကားမလို့ ပေးရတဲ့အချိန်နဲ့တန်မှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
First Snow of Summer (2023)
⭐IMDB: 6.4/10 (227 Votes)
🎬 #Drama #Romance
🗓 2023 🎞 movie
🌎 #Austria
⏰ 1 နာရီ 37 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Best Film ဆု Best Director ဆု စတဲ့ ဆုတွေအများကြီးရရှိထားတဲ့ Austria Romance ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်
ဒီဇာတ်ကားအပါအဝင် Best Director ဆုတွေအများကြီးရထားတဲ့ Chris Raiber ကိုယ်တိုင်းရေးသားရိုက်ကူးထားပြီး Italy မင်းသားချော Thomas Prenn နဲ့ Austria မင်းသမီးချော Verena Altenberger တို့ လိုက်ဖက်ညီညီ သရုပ်ဆောင်ထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်…….
ငယ်စဉ်က ဖခင်ဖြစ်သူရဲ့ အချစ်ကိုရူးသွပ်ပုံကို အဖွားဖြစ်သူဆီက သိခဲ့ရပြီး သူ့ကိုယ်သူမချစ်မိဖို့ ကတိပေးထားခဲ့တဲ့ အလက်ဇန်းဒါး ဆိုတဲ့ ကောင်လေးတစ်ယောက်…..
မိဘမရှိဘဲ ဘဝကိုတစ်ယောက်တည်းဖြတ်သန်းနေတဲ့ မြေအောက်ရထားဘူတာရုံ ဦးထုပ်ဆိုင်ကအချစ်ကိုအလိုမရှိတဲ့ ကောင်မလေးတစ်ယောက်…..
လောကကြီးမှာ ဆုံတွေ့ဖို့ရေစက်ပါလာရင် ရှောင်လွဲလို့မရဘူး၊ အချစ်ဆိုတာ ပေးဆပ်ခြင်းသပ်သပ်ပါ၊အချစ်မှာမျက်စိမရှိဘူး ဆိုတာတွေကို ရိုက်ပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ
ဘယ်လို Ending လေးဖြစ်သွားမလဲဆိုတာကိုတော့…..
ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...
Guntur Kaaram (2024)
⭐IMDB: 6.1/10 (17 k Votes)
🎬 #Action #Bollywood #Drama #Family
🗓 2024 🎞 movie
🌎 #India
⏰ 2 နာရီ 36 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Guntur Kaaram 2024 (IMDB 6.1/10) အမိမဲ့သား
NF WEB DL အကြည်ဗားရှင်းကိုသာ တင်ဆက်ထားပါတယ်
=======================================
အားလုံးနဲ့ရင်းနှီးတဲ့ ဝန်ကြီးချုပ်မင်းသား တောင်ပိုင်းစတားမဟေ့ရှ်ဘာဘူရဲ့ရုံတင်ကားသစ်လေးကို Netflix ကနေ ထုတ်လွှင့်လိုက်တာနဲ့တစ်ပြိုင်နက် CM ကနေပါ တင်ဆက်ပေးလိုက်ပါတယ်….
ခေါင်းဆောင်မင်းသား မဟေ့ရှ်ဘာဘူအပြင် ပရိသတ်တွေနဲ့မစိမ်းတဲ့ Dhamaka ထဲကမင်းသမီးချောလေး ဆရီလီလာကို အဆစ်ငမ်းရမယ့်အပြင် လတ်တလောထွက်ရှိထားတဲ့Hi Nanna ထဲကယောက္ခထီးကြီး ဂျာရရမ် ပါလေရာမင်းသားကြီး ပရာကတ်ရှ်ရာ့ဂျ်တို့လိုဇာတ်ပို့တွေနဲ့ပါ မြိုင်မြိုင်ဆိုင်ဆိုင်ရိုက်ကူးထားတဲ့ ရုံတင်ကားကြီးပဲဖြစ်ပါတယ်
ဇာတ်လမ်းအစ ရာမာနာ(မဟေ့ရှ်ဘာဘူ) ဆယ်နှစ်သားအရွယ်မှာသူ့အမေကသူ့ကိုစွန့်ပစ်ခဲ့ပါတယ် သူ့အဖေကိုလည်းထားခဲ့ပြီးတော့နောက်အိမ်ထောင်ပြု သားထပ်မွေးသွားပါတယ်အရွယ်ရောက်လာချိန်မှာတော့ ရာမာနာဟာ ဘယ်သူမှထိန်းမရတဲ့ဘယ်သူ့ကိုဂရုမစိုက်တဲ့လူတစ်ယောက် ဖြစ်နေခဲ့ပါပြီသူ့စိတ်ထဲမှာမမေ့နိုင်သေးတာတော့ သူ့အမေပေါ့
သူ့အဘိုး ဗန်ကတ်ဆွာမိဟာ နာမည်ကြီး နိုင်ငံရေးသမားတစ်ယောက်ပါအဲ့ဒါအပြင် သူ့အမေရော သူ့ရဲ့အဖေကွဲညီကိုပါ နိုင်ငံရေးလုပ်ခိုင်းထားပါတယ်
သူတို့မိသားစုရဲ့နိုင်ငံရေးလောကမှာ ပထမသားကိုစွန့်ပစ်ခဲ့တယ်ဆိုတဲ့ အမည်းစက်တစ်ခုဖြစ်နေတဲ့အခါမှာရာမာနာကို ဟိုက်ဒရာဘတ်ကိုခေါ်ပြီး အမွေ ဖြတ်ဖို့လုပ်ပါတော့တယ်
အဲ့ချိန်မှာ ရာမာနာနဲ့ သူချစ်ရတဲ့အမေမိသားစုကြားဘာတွေဆက်ဖြစ်မလဲဆိုတာတော့…….CM ပရိသတ်ကြီးပဲ ဒီအချစ်အက်ရှင်ဇာတ်ကားလေးကို ဆက်လက်ခံစားကြည့်ရှုပေးကြပါလို့ ပြောကြားလိုပါတယ်အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team ကနေ တင်ဆက်ပေးထားတာဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Bohemian Rhapsody (2018)
⭐IMDB: 7.9/10 (584 k Votes)
🎬 #Biography #Drama #Music
🗓 2018 🎞 movie
🌎 #USA #UnitedKingdom #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 15 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bohemian Rhapsody (2018)IMDb – 8.0/10_____Rotten – 60%Won 4 Oscars. Another 40 wins & 76 nominations၂၀၁၈ ခုနှစ်အတွင်း အကြိုက်မိဆုံး ရုပ်ရှင်တစ်ကားပါ။
လက်ရှိမှာတေ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ရုပ်ရှင်ဆုနဲ့ အမျိုးသားသရုပ်ဆောင်ဆု ဆွတ်ခူးပြီးသွားပါပြီ။
ဘာကြောင့်ဆုတွေရလဲဆိုတာတော့ ကြည့်လိုက်ရုံနဲ့ သိပါလိမ့်မယ်။ ဇာတ်ညွှန်း၊ သရုပ်ဆောင်၊ အသံ၊ ရိုက်ကွင်းတွေ အားလုံး ကောင်းနေပါတယ်။
Queen တီးဝိုင်းအဖွဲ့ရဲ့ ပင်တိုင်အဆိုတော် ဖရက်ဒီ မာကျူရီရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။
ကွင်းအဖွဲ့ရဲ့ ကမ္ဘာကျော်သီချင်းတွေ ဖြစ်လာပုံနဲ့ သီချင်းတွေကို အကောင်းဆုံး ပြထားတဲ့ ရုပ်ရှင်ပါ။
ကွင်းအဖွဲ့ရဲ့ ဂန္ဓဝင် Live Aid ရှိုးပွဲကြီးရဲ့ ဖျော်ဖြေမှုကို ပြန်တင်ဆက်ထားတာနဲ့တင် အတော်တန်ပြီပြောရမှာပါ။
ဖရက်ဒီမာကျူရီရဲ့ ဂီတအမျိုးအစားပေါင်းစုံ ရောစပ်ထားတဲ့ ဘိုဟီးမီးယမ်း ရာ့ပ်ဆိုဒီ သီချင်းဟာ မာစတာပိစ်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့အကောင်းဆုံး သီချင်းတွေထဲက တစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။
သမိုင်းတစ်လျှောက် ဖျော်ဖြေခဲ့တဲ့ အနုပညာရှင်တွေထဲမှာလည်း ဖရက်ဒီဟာ ပရိသတ်ကို တစ်သားထဲဖြစ်အောင် ဆွဲဆောင်နိုင်ဆုံး အဆိုတော်အဖြစ် သတ်မှတ်ခံထားရပါတယ်။
သူနဲ့ တထပ်တည်းနည်းပါတူအောင် သရုပ်ဆောင်ထားတဲ့ ရာမီမားလက်ခ် ရဲ့ စွမ်းရည်ကြောင့်လည်း ဒီရုပ်ရှင်ကို ပိုကြိုက်မိတယ်ထင်ပါတယ်။...
Oslo, August 31st (2011)
⭐IMDB: 7.6/10 (29 k Votes)
🎬 #Drama
🗓 2011 🎞 movie
🌎 #Denmark #Norway #Sweden
⏰ 1 နာရီ 34 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Oslo, August 31st (2011)
~ IMDb – 7.6/10, RT – 97%, Meta – 84% ~
ဟိုးအရင်နှစ်က အော်စကာရဲ့ အင်တာနေရှင်နယ်ဖီးချားမှာ ဆန်ခါတင်ဝင်ခဲ့ပြီး သူနဲ့အပြိုင်ကားက Drive My Car ဖြစ်နေတာကြောင့် ဆုမရသွားခဲ့တဲ့The Worst Person in the Worldကို သိကြမှာပါ။ The Worst Person in the World ရဲ့ ဒါရိုက်တာ Joachim Trier မှာ Oslo Trilogy ဆိုတဲ့ အော့စလိုမြို့နဲ့ဆက်စပ်နေတဲ့ ဘဝတို့အချစ်တို့အကြောင်း ရုပ်ရှင်သုံးကားရှိတယ်။ Reprise (2006), Oslo, August 31st (2011) နဲ့ The Worst Person in the World (2021) တို့ပါပဲ။ The Worst Person in the World (2021) ကို သဘောကျတဲ့လူတွေတော့ ဒီကားကို သဘောကျကြလိမ့်မယ်။ အကြောင်းအရာကတော့ The Worst Person in the World နည်းတူ ရိုးရိုးရှင်းရှင်းလေးပဲ။ သာမန်လူတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေအကြောင်းပဲ။ ဒီထက် ဘာမှပိုမပါဘူး။
တစ်ခုရှိတာက သူ့တင်ပြပုံက ရိုးရိုးရှင်းရှင်းလေးနဲ့ကို ဇာတ်ကောင်ရဲ့ မရေရာခြင်းနောက်ကနေ သေချာတဲ့ ခံစားချက်တစ်ရပ်ပေးသွားတယ်။ TWPitW နဲ့ မတူတာက Olso Trilogy ပီသအောင်ပဲ အော့စလိုမြို့က အမှတ်တရတွေ အော့စလိုမြို့ရဲ့အရိပ်တွေအကြောင်း ပြထားတယ်။ TWPitW နဲ့တူတာက ဇာတ်ကောင်တွေရဲ့ စိတ်ခံစားချက်အမြင့်ဆုံးအချိန်တွေကို အော့စလိုရဲ့ လှပတဲ့နေရာတွေနဲ့ အမြဲတွဲပြသွားတာပါပဲ။
Trier ရဲ့ တခြားကားတွေနဲ့မတူဘဲ Olso မှာ ပြင်သစ်ဒါရိုက်တာ Louis Malle ရဲ့ ၁၉၆၃မှာထွက်ခဲ့တဲ့ The Fire Within ဆိုတဲ့ ရုပ်ရှင်ကို နည်းနည်းမှီးထားသလို Homage လည်း ပေးထားတယ်။ နောက် ဒီရုပ်ရှင်ရဲ့ ကျောရိုးကိုက Will o’ the Wisp ဆိုတဲ့ ပြင်သစ်စာအုပ်ကိုပဲ နည်းနည်းမှီးထားတယ်။ အဲဒီစာအုပ်ကတော့ သတ်သေဖို့ကြံထားတဲ့ အရက်စွဲနေတဲ့ စာရေးဆရာတစ်ယောက်က နောက်ဆုံးအနေနဲ့ သူနဲ့သူစိမ်းပြင်ပြင်ဖြစ်နေခဲ့တဲ့ သူချန်ရစ်ခဲ့တော့မယ့် ကမ္ဘာကြီးနဲ့လူတွေနဲ့ နောက်ဆုံးအနေနဲ့ တစ်ခေါက်လောက် ပြန်ချိတ်ဆက်ကြည့်တဲ့အကြောင်းပေါ့။ ဒီရုပ်ရှင်က ဒီလိုအကြောင်းအရာကိုပဲ ဆေးသမားတစ်ယောက်နဲ့ အော့စလိုမြို့ကို ပြန်ပြောင်းဖော်ပြထားတယ်။ ပြောရရင် ဒီရုပ်ရှင်က သမုဒ္ဒရာထဲ စုန်းစုန်းမြုပ်တော့မယ့်လူတစ်ယောက်က နောက်ဆုံးကောက်ရိုးလေးတစ်မျှင်ကို လှမ်းဆွဲကြည့်ခဲ့တဲ့အကြောင်းပေါ့။
~~~~~~~~~~~~~~~~~~
မီးငှက်တစ်ကောင်သေဆုံးခြင်း
မီးငှက်တစ်ကောင် ပြန်ရှင်နိုင်ဖို့အရင် သေပေးရသတဲ့။ဒီကမ္ဘာမှာတော့ တိမ်အဝါတွေဟာပြန်မရှင်နိုင်တော့တဲ့ မီးငှက်တို့ရဲ့အတောင်ပံတွေ။
ဘဝဟာ အက်စကိုးဘားပဲဒန်းပေါ်ထိုင်ရင်း ဒီပရက်ရှင်ဝင်လိုက်ပိုက်ဆံတွေ မီးထည့်လှုံလိုက်အဆုံးကျတော့လည်း အရာရာဟာ ဘာမှမဟုတ်နေပြန်လိုက်ဒီလိုပဲ ငါတို့ရှင်ခဲ့ရတယ်။
ဒုက္ခဟာ ဖြစ်နိုင်ခြေနည်းတဲ့ ကမ္ဘာကြီးကြောင့်လားကြိုးစားမှုနည်းတဲ့လူတွေကြောင့်လားငါကတော့ ဖြစ်နိုင်ခြေနည်းတဲ့ကမ္ဘာကြီးပေါ်ကကြိုးစားမှုနည်းခဲ့တဲ့လူတစ်ယောက်ပါပဲ။
ရယ်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုကတော့သူ့အတိုင်း ဒုက္ခမှာ ဒူပေနာပေခံလာတဲ့ လူတွေဟာမနက်ဖြန်ဟာ ဒီလိုနေ့မျိုးပဲဆိုတာကိုလိမ်လည်ပစ်လိုက်ကြတာပါပဲ။
ဘယ်အရာမှာ ငါ ရှင်နေလဲ ကောင်းကောင်းသိပေမဲ့ဘယ်နေရာမှာ ငါ ရှင်နေလဲ မသိသေးဘူး အချစ်ရယ်မင်းကိုငါချစ်ပေမဲ့ ငါ့ကိုယ်ငါတောင် အနိုင်နိုင်ရယ်ပါ။ ။~~~~~~~~~~~~~~~~~~
(ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
ClearMind (2024)
⭐IMDB: 4.5/10 (212 Votes)
🎬 #Comedy #Mystery #Thriller #ScienceFiction
🗓 2024 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 26 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ClearMind (2024)
~ Rotten Tomatoes – 100% ~
ဒီဇာတ်လမ်းတစ်ခုလုံးရဲ့ ရင်ထိတ်သည်းဖိုအဖြစ်ကတော့ ကလေးတစ်ယောက် ရေကူးကန်ပါတီမှာ ရေထဲပြုတ်ကျသေသွားရာကနေ စတင်ပါတယ်။
ကလေးမနာမည်က ဟန်နာဖြစ်ပြီး သူ့မိဘတွေဖြစ်တဲ့ မိုက်ကယ်နဲ့နိုရာတို့ သူငယ်ချင်းတွေနဲ့အတူ ပါတီလုပ်ရာကနေ မတော်တဆသေသွားတာပါ။ အဲဒီကိစ္စကြီးဖြစ်ပြီး နိုရာကတော့ အလဲလဲအပြိုပြိုဖြစ်လို့ သူငယ်ချင်း Therapist လီလီနဲ့ ပြနေရပါတယ်။ တစ်နှစ်လောက်အကြာမှာ မိုက်ကယ်က ဘ၀အသစ်စပြီး ချစ်သူအသစ်ပါရသွားပါတယ်။ ကျန်တဲ့သူငယ်ချင်းတွေကလည်း ကိုယ့်ကိစ္စမဟုတ်တော့ အရမ်းမခံစားရဘဲ ပုံမှန် ပြန်ဖြစ်သွားတာပေါ့။ ပိတ်ရက်ကို တောထဲက အိမ်မှာ အားလုံးစုပြီး ပါတီလုပ်ဖို့တောင် စီစဉ်နေပါတယ်။
ပူဆွေးနေဆဲဖြစ်တဲ့ နိုရာက Therapist လီလီရဲ့ ClearMind ဆိုတဲ့ Simulation Program ကတစ်ဆင့် သူတို့ပါတီလုပ်တဲ့နေရာထဲ ဝင်သွားတဲ့အခါ… အစက ကုထုံးအတွက် ရည်ရွယ်ပေမဲ့ နိုရာရဲ့ လက်စားချေတဲ့ဂိမ်းဖြစ်သွားတဲ့အခါ…
ဒီပရိုဂရမ်ထဲမှာ သူ့သူငယ်ချင်းတွေကို လက်စားချေတာအောင်မြင်မလား… နိုရာပဲ ဘ၀အသစ်စဖို့ အသင့်ဖြစ်သွားမလားဆိုတာ ကိုယ်တိုင်ရှုစားလိုက်ကြပါ။
သူတို့ကြုံတွေ့ရတဲ့ဘဝကို ကျမ်းစာတွေ ဆိုရိုးတွေ ကိုးကားပြောသွားပြီး ဆန်းသစ်ထူးခြားတဲ့ တင်ဆက်ပုံနဲ့ ရိုက်ထားတာမို့ ရသတစ်ခုခုခံစားရမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
Iruttu Araiyil Murattu Kuthu (2018)
⭐IMDB: 4.2/10 (910 Votes)
🎬 #Bollywood #Horror #Comedy
🗓 2018 🎞 movie
🌎 #India
⏰ 1 နာရီ 58 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Iruttu Araiyil Murattu Kuthu (2018) “လာဆင်သရဲ”========================================
၂၀၁၈ က ထွက်ခဲ့တဲ့ တမီလ်စကားပြော သရဲဟာသ လူကြီးရုပ်ရှင်လေးကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။
ဗီရာနဲ့ ဗာဆူဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ရည်းစားကိုယ်စီနဲ့အတူ ဘန်ကောက်မှာအိမ်ကြီးတစ်လုံးငှားကာ အပန်းဖြေခရီးထွက်လာခဲ့ကြပါတယ်။
အခန့်မသင့်ချင်တော့ အဲဒီအိမ်ကြီးမှာ မကောင်းတဲ့ဝိညာဉ်တွေ ကိန်းအောင်းနေပြီးအဲဒီမှာရှိတဲ့ သရဲမတစ်ကောင်က ယောက်ျားလေးနှစ်ယောက်ကိုဘာညာဘာညာဖို့ကြိုးစားလာတဲ့အခါမှာတော့…။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Mad Cats (2023)
⭐IMDB: 5.3/10 (131 Votes)
🎬 #Action #Comedy #Horror
🗓 2023 🎞 movie
🌎 #Japan
⏰ 1 နာရီ 28 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းလေးကတော့ ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့်
ဂျပန်အက်ရှင်ဟာသကားလေးပါ။
ဇာတ်လမ်းအကျဥ်းလေးကတော့…
တာကာဆိုသူဟာ ဘဝမှာဘာကိုမှမည်မည်ရရမလုပ်ဆောင်တတ်ဘဲ
ဖြစ်ရင်ဖြစ်သလို ဆန်ကုန်မြေလေးတတ်သူပါ…။
ဘာမှသိပ်ထူးထူးခြားခြားမရှိတဲ့သူ့ဘဝထဲကို တစ်နေ့မှာတော့
တိတ်ခွေတစ်ခွေရောက်ရှိလာပါတယ်…။
တိတ်ခွေထဲမှာတော့ အမျိုးသမီးတစ်ယောက်အသံနဲ့ သူ့အစ်ကိုကို
ဖမ်းခေါ်ထားကြောင်း၊ ဘယ်နားမှာသွားကယ်ရမည်ဖြစ်ကြောင်း၊
ကယ်ဖို့အတွက်ဘာတွေလုပ်ရမယ်ဆိုကြောင်း စတာတွေပါရှိပါတယ်။
ဒီလိုနဲ့ ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိတဲ့ တာကာဟာ သူ့အစ်ကိုကို
ကယ်ဖို့ဆိုပြီး ခရီးကြမ်းထွက်ခဲ့လိုက်ပါတော့တယ်…။
ဘယ်လို အန္တရာယ်တွေကြုံတွေ့ရမလဲ၊ ဘယ်လိုကြောင်တွေနဲ့ရင်ဆိုင်
တိုက်ခိုက်ရမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။...
Escalation (2023)
⭐IMDB: 5.4/10 (82 Votes)
🎬 #Action #Thriller #Crime
🗓 2023 🎞 movie
🌎 #Canada
⏰ 1 နာရီ 28 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Genre – Action
ခရစ္စတိုဖာဆိုတာက ရဲတွေရဲ့ လုပ်ရိုးလုပ်စဉ်ကို သဘောမကျလို့
ရဲအလုပ်ကထွက်ပြီး အားကစားခန်းမ ဖွင့်ထားကာ ဒဿနနဲ့
ကိုယ်ခံပညာ သင်ကြားပေးနေသူတစ်ယောက်။ အဖေ ဖြစ်သူက
ရဲတစ်ယောက် ဖြစ်ပြီး အစ်ကိုကလည်း ရဲတစ်ယောက် ဒါပေမဲ့
အဖေ ဆုံးပါးပြီး အစ်ကိုနဲ့ စကားသိပ်မပြောဖြစ်ခဲ့ဘူးပေါ့လေ။
တစ်ရက်ကျ အဖေရဲ့ မိတ်ဆွေဖြစ်သူ ဗိုလ်တစ်ယောက်က ခရစ္စတိုဖာကို
အပြင်လူအနေနဲ့ နည်းပြလုပ်ဖို့ ကမ်းလှမ်းခဲ့တယ်။ အဲဒီမှာ
စကားမပြောဖြစ်တဲ့ အစ်ကိုကလည်း တာဝန်ကျနေတယ်။ ဒီလိုနဲ့
ပထမရက် ပြီးတဲ့အချိန် ညရောက်တော့ အစ်ကို ဖြစ်သူက
သွေးသံတရဲရဲနဲ့ ရောက်ချလာပြီး ပစ္စည်းတစ်ခုကို ပေးအပ်ရင်း
သေဆုံးသွားတော့တယ်။ သူကိုယ်တိုင်လည်း စွပ်စွဲခံ သံသယရှိသူ
ဖြစ်လာပြီး ထွက်ပြေးကာ သူ့အစ်ကို လူသတ်မှုအတွက်
တရားမျှတမှုကို သူ့ကို ယုံကြည်တဲ့ စုံထောက်မလေးတစ်ယောက်နဲ့
ဖြေရှင်းဖို့ ဖြစ်လာပါတော့တယ်...
I.S.S. (2023)
⭐IMDB: 5.5/10 (3 k Votes)
🎬 #SciFi #Thriller #ScienceFiction
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 36 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
I.S.S(International Space Station)နိုင်ငံတကာ
အာကာသစခန်းတည်ဆောက်လိုက်ခြင်းဟာ စစ်အေးတိုက်ပွဲအပြီး
အမေရိကန်နဲ့ ရုရှားပူးတွဲဆောင်ရွက်မှုရဲ့ ပြယုဂ်ဖြစ်ခဲ့ပါတယ်…။
ဒီစခန်းမှာက အဓိကအားဖြင့် အဆင့်မြင့်နည်းပညာတွေနဲ့
ဆေးဘက်ဆိုင်ရာတွေ၊ အာကာသလေ့လာရေးအတွက်
သုတေသနပြုမှုတွေလုပ်တာပေါ့။
ဒီကနေ့ခေတ်အရောက်မှာတော့ အမေရိကန်နဲ့ရုရှားနှစ်နိုင်ငံလုံးမှ
အာကာသယာဥ်မှူးတွေဟာ နိုင်ငံတကာအာကာသစခန်းမှာ
အခြေချနေထိုင် သုတေသနပြုလျက်ရှိပြီး…
ကမ္ဘာမြေပြင် ပြင်ပက သီးသန့်သုတေသနနိုင်ငံလေးလိုဖြစ်နေပါပြီ။
သို့ပေမယ့် ကမ္ဘာမြေပြင်မှာ နျူစစ်ပွဲတွေဖြစ်လာပြီး စစ်မီးတွေ
တောက်လောင်လာချိန်မှာတော့ ဒီသုတေသနနိုင်ငံလေးကလည်း
မငြိမ်းချမ်းနိုင်တော့ပါဘူး…။
အမေရိကန်ဘက်ကရော ရုရှားဘက်ကမှာ ဒီအာကာသစခန်းကို
အပိုင်သိမ်းဖို့ သူတို့ရဲ့အာကာသယာဥ်မှူးတွေကို အမိန့်ပေးလာတဲ့
အခါမှာတော့….။
ဒီစခန်းက နျူစစ်ပွဲအတွက် ဘာလို့အရေးပါနေတာလဲ…၊
အာကာသစခန်းထဲက သိပ္ပံပညာရှင်တွေကရော
ဘယ်လိုဆုံးဖြတ်ချက်တွေချသွားမလဲ..
အားလုံးအသက်ရှင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့်
sci-fi၊ thriller မူဗီလေးပဲဖြစ်ပါတယ်...
Calamity Jane (2024)
⭐IMDB: 4.4/10 (198 Votes)
🎬 #Western
🗓 2024 🎞 movie
🌎 #Canada
⏰ 1 နာရီ 36 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ရှေးခေတ်ကောင်းဘွိုင်ကားတွေကြည့်လိုက်ရင် Cowboy ဆိုတဲ့
အတိုင်း အမျိုးသားတွေကပဲကြမ်းပြနေပြီး အမျိုးသမီးတွေ
ကြမ်းပြတယ်ဆိုတာ ခပ်ရှားရှားပါပဲ။
အဲ့ဒါကြောင့် သာမန်ကောင်းဘွိုင်ကားတွေနဲ့မတူပဲ အမျိုးသမီး
တစ်ယောက် ကြမ်းပြတဲ့ကားကိုကြည့်ချင်ရင်တော့
အခုတင်ဆက်ပေးမဲ့ Calamity Jane ဆိုတဲ့ ကားက ရှယ်ပဲ
ဖြစ်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့ ဇာတ်ကားနာမည်ထဲက
ကလမ်မတီဂျိန်းဆိုတာက ကောင်းဘွိုင်သမိုင်းကြောင်းမှာ တကယ်
ရှိခဲ့တဲ့ ခပ်ကြမ်းကြမ်းအမျိုးသမီးတစ်ယောက်ဖြစ်နေလို့ပါပဲ။
သေနတ်ပစ်ရာမှာ ယောက်ျားတွေထက်ပိုကြမ်းသလို လုပ်ခဲ့တဲ့
ရာဇဝတ်မှုတွေကြောင့် သူ့နာမည်ကြားရုံနဲ့ကို ရှိန်နေရတဲ့ အမျိုးသမီး
တစ်ယောက်ဖြစ်ခဲ့ပါတယ်။၁၉၅၃ ခုနှစ်တုန်းကလည်း ဒီနာမည်နဲ့ပဲ
ဇာတ်ကားတစ်ကားထွက်ခဲ့ပြီး အခုကတော့ခေတ်သစ်မှာပြန်လည်
ဆန်းသစ်ရိုက်ကူးထားတယ်လို့ပြောရမှာပါပဲ။အထက်မှာပြောခဲ့တဲ့
အတိုင်းပဲ အဲ့လိုကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ကလမ်မတီဂျိန်းဆိုတဲ့
အမျိုးသမီးရဲ့ ယောက်ျားကို ဖဲဝိုင်းတစ်ဝိုင်းမှာစကားများပြီး
လူတစ်ယောက်က သတ်လိုက်တာကိုသိလိုက်ရတဲ့အခါမှာတော့
ရေဆုံးမြေဆုံးထိ လိုက်ပြီးပြန်လည်လက်စားချေပုံတွေ သူ့ဘ၀ရဲ့
ဘ၀ဇာတ်ကြောင်းအစုံအလင်ကို သေနတ်ပစ်ခန်းတွေအများအပြားနဲ့
ကြည့်ရှုရမဲ့အက်ရှင်ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။...
A Sign of Affection (2024- )
⭐IMDB: 7.8/10 (243 Votes)
🎬 #Animation #Comedy #Drama #Romance
🗓 2024- 🎞 tv series
🌎 #Japan #UnitedStatesofAmerica
⏰ 24 မိနစ် 1 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Sign of Affection (2024)A Sign of Affection (2024)
(Original Title – Yubisaki to Renren)
Genre – Anime, Comedy, Drama, Romance
IMDB – 7.8/10
MyAnimeList – 8.3/10
ကျွန်မ ကမ္ဘာလေးထဲမှာ မွေးဖွားလာကတည်းက အသံတွေဆိုတာ မရှိခဲ့ပါဘူး…။ဟုတ်ပါတယ် ကျွန်မက ဆွံ့အနားမကြားတဲ့ ကောလိပ်ကျောင်းသူတစ်ယောက်ပါ။နာမည်က Yuki တဲ့ ပြောရမယ်ဆို နှင်းစက်လေးပေါ့။အဲဒါကြောင့် စဉ်းစားမိသေးတယ် အချစ်ဆိုတာလည်းကောင်းကင်ပေါ်က ဆင်းသက်လာတဲ့ နှင်းစက်လေးတွေလိုအရည်ပျော်သွားသလားပေါ့လေ။ အချစ်အကြောင်းဆိုလို့ တစ်ရက်ကျ မီးရထားပေါ်မှာ စကားမပြောတတ်တဲ့ကျွန်မကို နိုင်ငံခြားသားတစ်ယောက်က လမ်းလာမေးပါလေရော…စကားမပြောနိုင်တဲ့လူမို့ လက်ဟန်ခြေဟန်နဲ့ ဒုက္ခရောက်နေတုန်းအရပ်ရှည်ရှည် ဆံပင်ငွေရောင်နဲ့ ယောက်ျားတစ်ယောက်ကကူညီပေးသွားခဲ့ပါတယ်။ သူ့ကို ကျွန်မရဲ့ လက်ဟန်ပြဘာသာစကားနဲ့ ကျေးဇူးတင်နေတုန်းမှာကျွန်မကို ထူးဆန်းတဲ့သတ္တဝါလေးတစ်ကောင်လိုတအံ့တသြနဲ့ စူးစူးစိုက်စိုက် ကြည့်သွားခဲ့ပြီး ခေါင်းကိုလည်းသာသာလေးပုတ်ခတ်သွားကာ နောက်မှတွေ့မယ်နော်ဆိုပြီးထွက်ခွာသွားချိန် ကျွန်မရဲ့ နှလုံးသားတစ်စုံလည်းသူနဲ့အတူတူ ပါသွားလေရဲ့…။ ဘာများဆက်ဖြစ်လာမလဲ နောက်ထပ်တွေ့ခွင့်ရှိမလားကျဉ်းမြောင်းတဲ့ကျွန်မရဲ့ ကမ္ဘာလေးက ကျယ်ပြန့်လာမလားနှင်းစက်တွေလိုပဲ အရည်ပျော်သွားမှာလား ဆိုတာကတော့…..။ရိုမန်တစ်ဆန်တာမျိုး ကြည့်ချင်သပဆိုတဲ့လူများ စောင်လေးကိုက်အသဲလေးတယားယားနဲ့ နှလုံးသားတွေပါ နွေးထွေးစေမယ့်ဒီ Anime လေးကို ကြည့်လိုက်ပါတော့။ Anime တွေရဲ့ ထုံးစံအတိုင်း မင်းသမီးလေးကလည်းပုတုလေးနဲ့ ချစ်စရာကောင်း မင်းသားကလည်းနာမည်ကျော် Gojo-sensei လို ရုပ်ပေါက်နဲ့ဆိုတော့ဘာလိုသေးလဲ။ ဆွဲထားတာလည်း ဆောင်းရာသီဆိုတော့ နှင်းစက်လေးတွေနဲ့ အမြင်လှပြီးမင်းသမီးလေးရဲ့ အူကြောင်ကြောင်နဲ့ ချစ်စရာရယ်မောရတဲ့အခန်းလေးတွေ မင်းသားရဲ့ မထုံတတ်တေးနဲ့ မထင်သလိုလုပ်ပြတဲ့အကွက်လေးတွေ ကျန်တဲ့ ဇာတ်ပို့တွေရဲ့ စိတ်ဝင်စားစရာSide-story လေးတွေကိုလည်း မြင်ရမှာပါ။ ခုလက်ရှိမှာလည်း မြန်မာငွေ ၅ ထောင်တန်နဲ့ ၅၀ တန်လေးကိုတိတိကျကျ ပုံဖော်ထည့်သွင်းထားလို့ နာမည်ကြီးနေတဲ့စီးရီးလေးလည်း ဖြစ်ပါတယ်။ Season 1 အနေနဲ့ ၁၂ ပိုင်းထွက်ရှိမှာ ဖြစ်ပြီးလက်ရှိမှာတော့ ၅ ပိုင်းထိ ထွက်ထားပါတယ်စနေနေ့ညတိုင်း အပိုင်းသစ်ထွက်တာနဲ့လည်းတင်ဆက်ပေးသွားဦးမှာပါ။...
American Fiction (2023)
⭐IMDB: 7.8/10 (11 k Votes)
🎬 #Comedy #Drama
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 57 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
American Fiction (2023)
~ IMDb – 7.8/10, RT – 94%, Meta – 81% ~
Poverty Porn ဆိုတဲ့ စကားလုံးကို တော်တော်များများ ရင်းနှီးပြီးလောက်ပြီ။ စာနဲ့ပဲဖြစ်ဖြစ် ဓာတ်ပုံနဲ့ပဲဖြစ်ဖြစ် ရုပ်ရှင်နဲ့ပဲဖြစ်ဖြစ် ချို့တဲ့လူတွေ ချို့တဲ့နေတဲ့အခြေအနေတွေကို ဖော်ပြပြီး လူတွေရဲ့ ကရုဏာကိုရယူပြီး တစ်စိတ်တစ်ဒေသဖြစ်စေ အပြည့်အဝဖြစ်စေ ကိုယ်ကျိုးအတွက် အသုံးချတာမျိုးပေါ့။ ဒီရုပ်ရှင်က အဲဒါနဲ့ခပ်ဆင်ဆင် Black Trauma Porn နဲ့ ဆက်စပ်ပြီး အမေရိကန်အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကို သရော်ထားတဲ့ ရုပ်ရှင်။ Black Trauma Porn ဆိုတာက လူမဲတွေရဲ့ရုန်းကန်ရမှုတွေ ကျွန်ပြုခံရမှုတွေ ခွဲခြားခံရမှုတွေကို ပြပြီး စာနာမှုယူပြီး အပေါ်ကနည်းအတိုင်း အမြတ်ထုတ်တာမျိုးပဲ။ ရုပ်ရှင်ထဲက ဇာတ်ကောင်ကတော့ ဖန်တီးတဲ့လူတွေအပြင် ဒါတွေကို အရသာခံတတ်တဲ့လူတွေကိုပါ သရော်ထားတယ်။ တကယ်စာနာတာနဲ့ ဒီအခြေအနေကို အရသာခံတာရဲ့ကြားက မျဉ်းက တော်တော်ပါးလွန်းတော့ သိဖို့တောင်ခက်လိမ့်မယ်။ American Fiction ဟာ ဒီအကြောင်းတွေကို အားရပါးရကြီး သရော်ထားတဲ့ရုပ်ရှင်ပါပဲ။
American Fiction ဟာ လာမယ့်အော်စကာအတွက် Best Picture, Best Adapted Screenplay, Best Actor, Best Supporting Actor, Best Original Score စတဲ့ ဆန်ခါတင်ငါးခုဝင်ထားတယ်။ Best Picture ဆန်ခါတင်ကားတွေထဲတော့ သူနဲ့အနီးစပ်ဆုံး အရသာတူတာက The Holdovers လို့ ပြောလို့ရတယ်။ The Holdovers လို ဇာတ်လမ်းမျိုးကြိုက်တဲ့လူတွေ ဒီဇာတ်လမ်းကို ကြိုက်မှာသေချာတယ်။ American Film Institute က စာရင်းလုပ်ထားတဲ့ ၂၀၂၃ရဲ့အကောင်းဆုံးရုပ်ရှင်၁၀ကားထဲ နံပါတ်တစ်ချိတ်ထားတယ်။ ချိတ်လည်းချိတ်သင့်တယ်။ ပုဂ္ဂလိကအမြင်အရတော့ မနှစ်က အမေရိကန်ဘက်က ထုတ်ထားတဲ့ကားတွေထဲ ဒီကားက တော်တော်မိုက်နေတယ်။ ဒါရိုက်တာ Cord Jefferson ဟာ အမေရိကန်ဖစ်ရှင်ကို ပွဲဦးထွက်ရိုက်ခဲ့ ဇာတ်ညွှန်းရေးခဲ့တာပေမဲ့ ဘယ်ပွဲဦးထွက်ကားနဲ့မှ မတူရလောက်အောင် တော်တော်လေး သေသပ်ပြီး တာသွားတယ်။ မွန့်ခ်နေရာက သရုပ်ဆောင်တဲ့ Jeffrey Wright ဟာလည်း သရုပ်ဆောင်ဆု ဆန်ခါတင်ဝင်ထားသလို Sterling K. Brown ကလည်း ဇာတ်ပို့ဆု ဆန်ခါတင်ဝင်ထားတယ်။ အော်စကာဆန်ခါတင်ဝင်ထားတာမနည်းလို့ ကြည့်ကိုကြည့်ဖို့တွေးထားရင်တော့ ဇာတ်လမ်းကိုဆက်မဖတ်ဘဲ ကြည့်လိုက်တာက ပိုကောင်းလိမ့်မှာပါပဲ။ ဇာတ်ညွှန်းပါ ဆန်ခါတင်ဝင်ထားတာမို့ ဇာတ်လမ်းကို စိတ်ချပြီး ကြည့်လို့ရတယ်။
မွန့်ခ်ဆိုတဲ့ လူမဲ စာရေးဆရာတစ်ယောက်ရှိတယ်။ သူက ပရော်ဖက်ဆာ စာရေးဆရာ။ စာရေးကောင်းတဲ့လူဆိုတော့ စာပေလောကမှာ သူ့စာအုပ်တွေက ဘောင်ဝင်တယ်။ ပြဿနာက မရောင်းရတာပဲ။ ထုတ်ဝေသူတွေကလည်း သူ့စာအုပ်တွေကို လက်ရှောင်ကြတာများတယ်။ ထုတ်ဝေသူတွေကလည်း သူ့စာအုပ်တွေကို လူမဲသိပ်မဆန်ဘူးဆိုပြီး မထုတ်ချင်ကြဘူး။ သူကလည်း ဒါကြီးကို ခေါင်းထဲတောင် မထည့်တဲ့လူ။ သူ့စာပဲ သူရေးနေတာ အဖြူအမဲဆိုတာတွေ ခေါင်းထဲရှိလှတယ်မဟုတ်ဘူး။ သူ့အမြင်ကလည်း မှန်တာပဲ။ တကယ်တမ်း မခွဲခြားဘူးဆို လူမဲမို့ ထူးပြီး သနားနေစရာ အကြောင်းလည်း မရှိဘူးမလား။ တစ်ချိန်တည်းမှာပဲ သူ့လို လူမဲစာရေးဆရာမတစ်ယောက်က လူမဲတွေရဲ့ ဒုက္ခတွေအကြောင်းရေးပြီး ဘတ်ဆဲလ်လားဖြစ်နေပြီ။ သူကိုယ်တိုင် အဲဒီဒုက္ခတွေခံခဲ့ရတာလားဆိုတော့ မဟုတ်ဘူး။ ချမ်းချမ်းသာသာနေ ကျောင်းကောင်းကောင်းတက် လက်ထောက်အယ်ဒီတာအလုပ်လုပ်နေရင်းက ကောက်ရေးလိုက်တာ။ ဒါကိုမြင်တော့ မွန့်ခ်က တော်တော်သဘောမတွေ့ဘူး။ လူဖြူတစ်ယောက်ကရေးတဲ့ လူမဲတွေရဲ့ ဘဝအကြောင်းစာအုပ်တစ်အုပ်မှာ ဘာတွေပဲရေးထားရေးထား ဘယ်သူမှ တကယ်လို့မထင်သလို အဖက်လည်းမလုပ်ဘူး၊ လူမဲတစ်ယောက်က လူမဲတွေရဲ့ဘဝတွေ ဒုက္ခတွေအကြောင်း ဇာတ်နာအောင် ရေးလိုက်ရင်တော့ လူမဲတွေက သနားစရာတွေပါလားဆိုပြီး လူတွေက ထင်ကြလိမ့်မယ်။ ဒါကို သူသဘောမကျဘူး။ ဒုက္ခရောက်တဲ့အဖြစ်တွေရှိခဲ့ကြပေမဲ့လည်း လူမဲတွေဟာ အသနားခံတွေတော့မဟုတ်ဘူးလို့ သူက ယုံတယ်။ လူမဲတွေဟာ သနားစရာတွေပါလားဆိုတဲ့အသိကြီး စွဲသွားကြမှာ၊ လူမဲတွေကို အထင်သေးကြမှာကို သူက မလိုလားဘူး။
နောက် သူကျောင်းမှာပြဿနာတက်ပြီး အိမ်ကို ခဏပြန်လာတော့ သူ့အမေက အယ်ဇိုင်းမားဖြစ်နေပြီး သူ့ညီမကသေသွားတယ်။ တစ်ချိန်လုံးသူ့ညီမကပဲ သူ့အမေကို ကြည့်ရှုပေးနေခဲ့တာဆိုတော့ သူ့ညီမသေသွားတဲ့အချိန် သူ့အမေကို ကြည့်ဖို့က သူ့ခေါင်းပေါ်ကျလာတယ်။ ငွေကလည်းမရှိ စိတ်ကလည်းရှုပ်နေတော့ စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ လူမဲအဆန်ဆုံး စိတ်ညစ်စရာကောင်းတဲ့ ဘဝတစ်ခုအကြောင်း ရိုင်းရိုင်းစိုင်းစိုင်းတွေချည်း ရေးချလိုက်တယ်။ သူ့သဘောကတော့ ရှင်းပါတယ်။ ဒီလောက်လူမဲတွေရဲ့သနားစရာဇာတ်တွေကို လိုချင်တဲ့ကောင်တွေကို ယူကြစမ်းဆိုပြီး ထုတ်ဝေချင်စရာတစ်စက်မှမကောင်းတဲ့ တော်တော်ဆိုးဆိုး စာအုပ်ကိုရေးချလိုက်တာပဲ။ ပြီးတော့ သူ့မန်နေဂျာဆီဖုန်းဆက်ပြီး ဒီစာအုပ်ကို တိုက်တွ...
Thalaivaa (2013)
⭐IMDB: 6.3/10 (12 k Votes)
🎬 #Action #Bollywood #Crime #Drama #Thriller
🗓 2013 🎞 movie
🌎 #India
⏰ 2 နာရီ 58 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Thalaivaa (2013) “အမွေခံသား”IMDb 6.3
ရုပ်ရှင်နောက်တစ်ကားရိုက်ပြီးရင် အနားယူပြီး နိုင်ငံရေးလောကထဲကို ဝင်တော့မယ်လို့သတင်းထွက်ထားတဲ့ အက်ရှင်မင်းသား Vijay ရဲ့ ၂၀၁၃ က ကားအဟောင်းလေးကိုပြန်တင်ပေးလိုက်ပါတယ် တမီးလ်စကားပြော action/thriller ဂန်းစကားကားတစ်ကား ဖြစ်ပါတယ်
ဇာတ်လမ်းအကျဥ်းကတော့ ၁၉၈၈ ဘုမ်ဘေမှာ အဓိကရုဏ်းတစ်ခုဖြစ်ပွားပြီးသားအဖနှစ်ယောက်ကို လူတစ်စုရဲ့ အန္တရာယ်ကနေ ရာမာဒူရိုင်ဆိုတဲ့ လူက ဝင်ကယ်ပေးလိုက်ပါတယ်
ရာမာဒူရိုင်ဆိုသူက ဘာရာဗီ တမီးလ်ပြည်သူ့ဂိုဏ်းတစ်ဂိုဏ်းရဲ့ အဖွဲ့ဝင်ဖြစ်ပြီး ပြိုင်ဘက်ဂိုဏ်းကတစ်နေ့ သူ့ရဲ့မိန်းမနဲ့ ဂိုဏ်းခေါင်းဆောင်ကို သတ်သွားရာကနေ ဂိုဏ်းခေါင်းဆောင်နေရာကို တာဝန်ဝင်ယူလိုက်ရပါတယ်
မိတဆိုးသားလေး ဗစ်ရှ်ဝါ(Vijay)ကို သူကယ်ခဲ့တဲ့ သားအဖလက်ထဲ ထည့်ပေးလိုက်ပြီးအဝေးတစ်နေရာမှာ စောင့်ရှောက်ခိုင်းထားခဲ့ပါတယ်
ဒီလိုနဲ့ ပစ္စုပ္ပန်ကာလမှာ ဗစ်ရှ်ဝါ လိုဂူနဲ့ သူ့သူငယ်ချင်းတို့ dance group ထောင်ပြီးသာမန်ဘဝလေးကို ဖြတ်သန်းနေပေမဲ့ ဘာရာဗီမှာ ကျန်ခဲ့တဲ့ အဖေဖြစ်သူ ဂိုဏ်းခေါင်းဆောင်ရာမာဒူရိုင် သေဆုံးပြီးနောက်မှာတော့….
ရေသန့်လုပ်ငန်းလုပ်ကိုင်နေတဲ့ dancer ခပ်ပေါပေါ ဗစ်ရှ်ဝါလည်း ဂေါ့ဖားသားထဲက မိုက်ကယ်ကော်လီယွန်နီလိုမျိုးမိသားစုတာဝန်ကို မဖြစ်မနေ ပခုံးထမ်းရမဲ့ အခြေအနေကို ရောက်လာတဲ့အချိန် ရှိရှိသမျှ ပဋိပက္ခတွေကို သူဆက်လက်ပြီး တာဝန်ယူဖြေရှင်းနိုင်ပါ့မလား
တရားဥပဒေက ကာကွယ်မပေးထားနိုင်တဲ့ တမီးလ်နင်းပြားအဖိနှိပ်ခံပြည်သူတွေရဲ့ကယ်တယ်ရှင်အဖြစ် Vijay ကို အက်ရှင်ဇာတ်ကွက် အချစ် အလွမ်း အနု အကြမ်း ရသစုံလင်စွာ ခံစားကြည့်ရှုရမှာဖြစ်ပါကြောင်း အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Robot Dreams (2023)
⭐IMDB: 7.6/10 (1 k Votes)
🎬 #Animation #Drama #Music #Comedy #Family
🗓 2023 🎞 movie
🌎 #France #Spain #UnitedStatesofAmerica
⏰ 1 နာရီ 38 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Robot Dreams (2023)
~ IMDb – 7.6/10, RT – 100%, Meta – 81% ~
Robot Dreams ကို A24 လိုမျိုး ထုတ်သမျှ သျှမ်းသျှမ်းတောက်အောင်မြင်နေတဲ့ Neon ကနေ ထုတ်ထားတယ်။ လက်ရှိအရတော့ A24 ထက် လက်စောင်းထက်နေတယ်ပြောရမယ်။ Animated Tragicomedy လို့ Genre တပ်ထားပေမဲ့ ဒီရုပ်ရှင်မှာ ကျွန်တော့်အနေနဲ့တော့ Comedy ဆိုတဲ့အပိုင်းကို ဘယ်မှာမှမတွေ့ခဲ့ဘဲ Tragic ဆိုတဲ့ တစ်ပိုင်းနဲ့ပဲ အသတ်ခံလိုက်ရတယ်။ Robot Dreams ဟာ အစကနေ အဆုံးထိ စကားတစ်ခွန်းမှကိုမပြောဘဲကို အပြသက်သက်နဲ့သတ်နိုင်တဲ့ ထူးထူးခြားခြား အန်နီမေးရှင်းကားလို့ဆိုရမယ်။ လက်ရှိအော်စကာမှာ အန်နီမေးရှင်းဆု ဆန်ခါတင် ဝင်ထားတာမို့ ကြည့်ကိုကြည့်မယ်ဆိုရင် ဒီတိုင်းသာ ဆက်ဖတ်မနေဘဲ ဒီတိုင်းသာ ကြည့်လိုက်ပါ။ တော်တော်ကောင်းပါတယ်။ ဘာမှမသိဘဲ ကြည့်ရတာတွေက အမြဲ ပိုအရသာရှိတာပဲမို့လား။
အဖော်စုံနေတဲ့လူတွေကိုကြည့်ရင်း ပိုအထီးကျန်လာတဲ့ ခွေးတစ်ကောင်ကနေ ဒီဇာတ်လမ်းစတယ်။ တိုက်တိုက်ဆိုင်ဆိုင် တီဗီကြော်ငြာမှာ ရိုဘော့အဖော်ဝယ်လို့ရတဲ့အကြောင်းတက်လာတယ်။ ရိုဘော့ မှာလိုက်ပြီး နောက်နေ့မှာပဲ ခွေးဆီ ရိုဘော့လာပို့တယ်။ ဒီလိုနဲ့ ခွေးက ဈေးသွားအတူတူ ရုပ်ရှင်ကြည့်အတူတူ မုန့်စားထွက်အတူတူ ပန်းခြံသွားအတူတူ စားအတူ လာအတူ သွားအတူ ရိုဘော့ အဖော်တစ်ကောင် ရသွားတယ်။ တစ်ခုသော အားလပ်ရက်မှာ ခွေးနဲ့ ရိုဘော့ ကမ်းခြေကို အပန်းဖြေခရီးထွက်လာကြတယ်။ ရေပေါ်ရေအောက် ပျော်လို့ပါးလို့ပေါ့။ ကံဆိုးချင်တော့ ရိုဘော့က သံနဲ့လုပ်ထားတဲ့အရာဆိုတော့လည်း ရေတွေအစိုများပြီး သံချေးကိုက်ပြီး လှုပ်မရတော့ဘဲ သဲသောင်မှာ လှဲနေလိုက်ရတယ်။ ခွေးကတော့ နောက်တစ်နေ့မနက်မှ လာပြန်ကယ်မယ်ဆိုပြီး ကမ်းခြေကနေ ထွက်သွားခဲ့တယ်။ နောက်နေ့မနက် သူလာတော့ ကမ်းခြေဟာ တစ်ရာသီစာ ပိတ်သွားခဲ့ပြီ။ သူလည်းတတ်နိုင်သလောက် ကြိုးစားဝင်ပေမဲ့ ဝင်မရသလို ရိုဘော့ကလည်း သဲသောင်ပေါ် လှုပ်မရရှိနေတုန်းပဲ။ သူတတ်နိုင်တာဆိုလို့ ရာသီကုန်လို့ ကမ်းခြေပြန်ဖွင့်တာကို စောင့်လိုက်ဖို့ပဲ ရှိတော့တယ်။
ဒီနောက်ပိုင်း ကျွန်တော်တို့ကို ရုပ်ရှင်ဟာ ရိုဘော့မရှိတော့တဲ့ ခွေးရဲ့လစ်ဟာခြင်းနဲ့ သဲသောင်ပေါ်မှာ နည်းနည်းမှ မလှုပ်နိုင်ဘဲ အန္တရာယ်ပေါင်းစုံကို ခါးစည်းခံနေရတဲ့ ရိုဘော့တစ်ယောက် အိမ်ကိုပြန်နိုင်ဖို့ ခွေးဆီပြန်နိုင်ဖို့ မက်ခဲ့တဲ့အိပ်မက်တွေကို ဆက်ပြတယ်။ လှုပ်မရနိုင်တဲ့သူ့ကို ဖျက်ဆီးသွားကြသူတွေလည်းရှိခဲ့တယ်။ မျှော်လင့်ချက်ပေးတဲ့အရာတွေလည်းရှိခဲ့တယ်။ နှင်းတွေကျလိုက် နေတွေသာလိုက် အရာရာ တရွေ့ရွေ့ပြောင်းသွားပေမဲ့ ရိုဘော့လုပ်နိုင်တဲ့တစ်ခုတည်းသောအရာက အိမ်အပြန်ကို အိပ်မက်မက်နေဖို့ပဲရှိခဲ့တယ်။ ရိုဘော့က ကမ်းခြေမှာ အိပ်မက်တွေ တစ်ခုပြီးတစ်ခုမက်နေတုန်း ခွေးရဲ့ဘဝမှာလည်း လစ်ဟာမှုတစ်ခုကို မေ့ပျောက်နေအောင် ရှင်သန်နေရင်း သူ့ဘဝထဲ တစ်ခုပြီးတစ်ခု ဝင်လာလိုက်ရင်း ထွက်သွားကြရင်းရှိနေခဲ့တယ်။ အင်္ဂါမစုံတော့တဲ့ ရိုဘော့တစ်ကောင်ကတော့ တစ်ခုသော သဲသောင်ပေါ်မှာပဲ နေ့ပေါင်းများစွာ ကြာရှည်အိပ်မက်နေလျက်ပေါ့။
~~~ Spoiler Alert ~~~
နွေဦးပေါက်ကို ရောက်လာတဲ့အခါ ရိုဘော့ကို မျောက်တစ်ကောင်က သဲတွေကြားက တူးထုတ်ပြီး သံတိုသံစအဖြစ်နဲ့ အဟောင်းဆိုင်မှာ သွားရောင်းပစ်ခဲ့တယ်။ ခွေးရောက်လာတဲ့အချိန်မှာတော့ အခါနှောင်းသွားပြီး ရိုဘော့ရဲ့ ခြေထောက်တစ်ဘက်ကိုပဲ တွေ့ရတော့တယ်။ ခွေးဟာ ရိုဘော့အနံ့ကိုခံပြီး သဲသောင်ကို နက်သည်ထက်နက်အောင် တူးပြီး ရိုဘော့ကိုရှာပေမဲ့ ရိုဘော့ကို မတွေ့ရတော့ဘူး။ တစ်နေ့မှာ ကြောင်တစ်ကောင်က အဟောင်းဆိုင်ကနေ တစ်စစီဖြစ်နေတဲ့ ရိုဘော့ကို ဝယ်သွားပြီး အစအဆုံးပြန်ဆင်ခဲ့တယ်။ အဲဒီအချိန်မှာ ခွေးကလည်း နောက်ထပ်ရိုဘော့တစ်ကောင် ဝယ်ခဲ့လိုက်ပြီ။ ဒီလိုနဲ့ ကြောင်နဲ့ ရိုဘော့နဲ့ ပျော်ရွှင်စွာရှင်သန်နေတဲ့အချိန် ခွေးနဲ့ ရိုဘော့အသစ်ကလည်း ပျော်ရွှင်စွာ ရှင်သန်နေခဲ့တယ်။ ခွေးဟာ နောက်ထပ်ရိုဘော့ကို ကမ်းခြေကိုတောင် ခေါ်သွားလိုက်ပါသေးတယ်။ ဒီတစ်ခါတော့ ခွေးဟာ အရင်တစ်ခါအမှားမျိုး မလုပ်တော့ဘူး။ ရိုဘော့အသစ်ကို စက်ဆီတွေ အရင်ဖြန်းပေးခဲ့တယ်။
ဒီလိုနဲ့ တစ်နေ့မှာ ရိုဘော့ဟာ အိမ်ပြတင်းပေါက်ကနေ လှမ်းကြည့်ရင်း ခွေးနဲ့ရိုဘော့အသစ်ကို မြင်လိုက်တယ်။ ခွေးနောက် သူပြေးလိုက်သွားပြီး သူတို့တွေ ပြန်လည်ပေါင်းစည်းသွားကြတယ်။ ဒါလည်း ရိုဘော့ရဲ့ နောက်ထပ်အိပ်မက်တစ်ခုပါပဲ။ တကယ့်အရှိတရားမှာတော့ ရိုဘော့ဟာ ခွေးကို တိုက်ပေါ်က လှမ်းကြည့်ရင်း သူတို့ကြိုက်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖွင့်ခဲ့တယ်။ ရိုဘော့က တိုက်ပေါ်ကနေတဲ့အချိန် ခွေးက သီချင်းသံကို ကြားပြီးအောက်မှာ ကနေခဲ့တယ်။ သူတို့အတူတူမကခဲ့ပါဘူး။ ဒါပေမဲ့ အတူတူကခဲ့တယ်။ ခွေးဟာ ရိုဘော့ကို လှမ်းကြည့်လိုက်တဲ့အချိန်မှာပဲ ရိုဘော့ဟာ နံရံနောက်မှာ ပုန်းလိုက်တယ်။ ဘာလို့လဲတော့ ကျ...
Neighbors 2: Sorority Rising (2016)
⭐IMDB: 5.7/10 (129 k Votes)
🎬 #Comedy
🗓 2016 🎞 movie
🌎 #USA #UnitedStates #China #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Neighbors 2 : Sorority Rising (2016)IMDb-5.7/10
2014 မှာထွက်ရှိခဲ့တဲ့ Neighbors ရဲ့
ဒုတိယမြောက်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းသားကလပ်ကိစ္စကို
ဖြေရှင်းပြီးသွားတဲ့ မက်ခ်နဲ့ ကယ်လီတို့ စုံတွဲနှစ်ယောက်
နှစ်နှစ်အကြာမှာ နောက်ထပ်ကိုယ်ဝန်ထပ်ရသွားခဲ့ပါယ်။
ကလေးနောက်တစ်ယောက်ထပ်ရတော့မှာမလို့
ပြဿနာပေါင်းစုံတက်ခဲ့တဲ့ သူတို့အိမ်ကိုလည်း ရောင်းပြီး
မြို့ပြင်မှာ အေးအေးချမ်းချမ်းနေဖို့ စီစဉ်ထားခဲ့ကြတာပါ။
ပြဿနာက အိမ်အရောင်းအဝယ်လုပ်နေတဲ့ကာလမှာ
သူတို့ဘေးအိမ်ကို ကပ်ပါ နူး ဆိုတဲ့ ကျောင်းသူကလပ်
အသစ်ရောက်လာကြပြီး အရင်ကျောင်းသားကလပ်ထက်
နှစ်ဆပိုသောင်းကျန်းပြပါတော့တယ်။
ဒီလိုနဲ့ မက်ခ်နဲ့ကယ်လီတို့လည်း အိမ်အရောင်းအဝယ်မပျက်ရအောင်လို့
သူတို့ရဲ့ရန်သူဟောင်းကြီးဖြစ်ခဲ့ဖူးတဲ့ ဒယ်တာ ဆိုင်လ်အဖွဲ့ ဥက္ကဋ္ဌဟောင်း
တက်ဒီရဲ့ အကူအညီကိုယူပြီး ကပ်ပါ နူးအဖွဲ့ကိုဖျက်ဖို့
ဘယ်လိုကြိုးစားကြမလဲ၊ ဒီတစ်ကြိမ်မှာရော
သူတို့နိုင်ပါဦးမလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့
ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့
(၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူး။...
Neighbors (2014)
⭐IMDB: 6.3/10 (327 k Votes)
🎬 #Comedy
🗓 2014 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Neighbors (2014)IMDb-6.3/10Rotten Tomatoes-73%
CM ပရိတ်သတ်ကြီးအတွက် 2014က ထွက်ရှိခဲ့တဲ့
ဟာသကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
Seth Rogen, Zac Efron နဲ့ Rose Byrne စတဲ့
သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ မက်ခ်နဲ့ ကယ်လီတို့ဟာ
အခုမှကလေးရထားတဲ့ စုံတွဲလေးဖြစ်ပြီး သူတို့ရဲ့
လူငယ်ဘဝကုန်ဆုံးသွားခဲ့ပြီလို့ ခံစားနေကြရတဲ့ စုံတွဲလေးပါ
ဆိတ်ငြိမ်ရပ်ကွက်လေးမှာ အိမ်လေးတစ်လုံးဝယ်ပြီး
မိသားစုသုံးယောက်အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြပါတယ်။
တစ်နေ့မှာတော့ သူတို့ ဘေးအိမ်ကို ဒယ်တာ ဆိုင်လ်ဆိုတဲ့
တက္ကသိုလ်ကလပ်က ကျောင်းသားတွေအပြုံလိုက်
ပြောင်းချလာပါတော့တယ်။
မက်ခ်နဲ့ ကယ်လီတို့လည်း အနှောက်အယှက်မဖြစ်အောင်
ပြောဆိုထားပေမဲ့ နေ့တိုင်း ရက်ဆက်ပါတီတွေပေးပြီး
ဆူညံနေကြတာမလို့ ရဲကိုတိုင်လိုက်တဲ့ကိစ္စကနေစပြီး
ဒယ်တာဆိုင်လ်အဖွဲ့ဝင်တွေနဲ့ သူတို့နှစ်ယောက်ကြားမှာ
အချင်းချင်းဒုက္ခတွေပေးကြရင်း နောက်ဆုံးဘယ်ဘက်ကနိုင်သွားမလဲ
ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။
အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့
(၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူး။...
Rat Race (2001)
⭐TMDB: 63.0% User Score
🎬 #Action #Adventure #Comedy
🗓 2001 🎞 video movie
🌎 #Canada #UnitedStatesofAmerica
⏰ 1 နာရီ 52 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
90’s born တော်တော်များများ ငယ်ငယ်တုန်းက
ကြည့်ဖူးခဲ့ကြမယ့် Rat Race ဆိုတဲ့ ဇာတ်ကားလေးကို
တင်ဆက်ပေးလိုက်ပါပြီ။
ဒီဇာတ်ကားမှာ တကယ့်ဒိတ်ဒိတ်ကြဲ ဟာသသရုပ်ဆောင်များစွာပါ၀င်ထားပြီး
တစ်ကားလုံး မနားတမ်းကို ရယ်နေရတာမို့ စိတ်ပင်ပန်းမပျော်ရွှင်နေသူတွေ၊ comedy ကြိုက်သူတွေ
ကြည့်သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။
လက်စ်ဗီးဂတ်စ်က ကာစီနိုကြီးတစ်ခုရဲ့ပိုင်ရှင်ဖြစ်တဲ့ ဒေါ်နယ်ဆင်ကလဲ ဟာ
လောင်းကစားလုပ်ဖို့အကြံကြီးကြီးတစ်ခု ရလိုက်ပါတယ်။
တိရစ္ဆာန်ပြိုင်ပွဲတွေလောင်းရတာရိုးလာလို့ သူတို့ထက်ပိုပြီး
ဉာဏ်ကောင်း၊ ကောက်ကျစ်၊ ယုတ်မာနိုင်တဲ့ လူသားတွေကို ပြိုင်ခိုင်းဖို့ပါ။
ဒီအတွက် သူ့ကာစီနိုထဲမှာ ဆန်ကာတင်ရွေးချယ်ဖို့ အကြွေစေ့တွေ ထည့်ထားပေးပြီး
သူတို့ထဲကမှ အနိုင်ရရှိသူကို ဒေါ်လာ၂သန်းဆုငွေမက်လုံးပေးထားပါတယ်။
ပြိုင်ပွဲ၀င်တွေလည်း အင်မတန်များပြားတဲ့မက်လုံးကြောင့် ပြိုင်ပွဲကို၀င်ပြိုင်ဖြစ်ကြပြီး
သူဌေးဒေါ်နယ်နဲ့ သူ့အပေါင်းအပါတွေကတော့
အနိုင်ရရှိသူကို ခန့်မှန်းရင်း လောင်းကစားလုပ်ကြမှာဖြစ်ပါတယ်။
ဒီလိုလူလူချင်း ဂုတ်ခွနင်းနဲ့ကိစ္စကြီးဟာ အဆုံးသတ်မှာ ဘယ်လိုဖြစ်သွားမလဲ။
ပြိုင်ပွဲ၀င်တွေထဲ ဘယ်သူက ဒေါ်လာ၂သန်းပိုင်ဆိုင်သွားမလဲဆိုတာကို
ရယ်ရင်းမောရင်းကြည့်ရှုရမှာဖြစ်တာကြောင့်
ကြည့်မိလို့ နောင်တမရစေမယ့် old school comedy လေးတစ်ကားလို့ ညွှန်းပေးလိုက်ပါတယ်။...
All of Us Strangers (2023)
⭐IMDB: 8.0/10 (13 k Votes)
🎬 #Drama #Fantasy #Romance
🗓 2023 🎞 movie
🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 42 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
All of Us Strangers (2023)
~ IMDb – 8/10, RT – 96%, Meta – 90% ~
ဂျပန်စာရေးဆရာ Taichi Yamada ရဲ့ ၁၉၈၇မှာထွက်ခဲ့တဲ့ Strangers ဆိုတဲ့ စာအုပ်ကို ပြန်ရိုက်ထားတာပါ။ ရိုက်တဲ့ ဒါရိုက်တာ Andrew Haigh က ရိုက်သမျှကားတိုင်း မှတ်ချက်တွေကောင်းသလို LGBTQ+ ကားတွေပဲ အရိုက်များတဲ့ ဒါရိုက်တာပါ။ Sherlock စီးရီးထဲ မိုရီယာတီအနေနဲ့ လူသိများခဲ့တဲ့ Andrew Scott နဲ့ Normal People နဲ့ လူသိများသလို Aftersun နဲ့ မနှစ်က အော်စကာဆန်ခါတင်ဝင်ပြီး နာမည်လည်း တော်တော်ရလာတဲ့အပြင် ဒီနှစ်လည်း ဒီကားမတိုင်ခင် Foe ထွက်ထားသေးတဲ့ Paul Mescal တို့ အဓိကသရုပ်ဆောင်ထားတယ်။ ဒီရုပ်ရှင်က Queer ကားဆိုပေမဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးထက် အင်ဒရူးစကော့ရဲ့ဇာတ်ကောင် အဒမ်ရဲ့ ထရော်မာကိုပဲ အဓိကထားတင်ဆက်ထားတယ်။ မကြည့်ခင်ကတော့ ဂေးရိုမန့်ကားသက်သက်ထင်ခဲ့ပေမဲ့ အထင်နဲ့အမြင် တက်တက်စင်အောင်လွဲတယ် ပြောရမှာပဲ။
ရွှေကမ္ဘာလုံးမှာတော့ အင်ဒရူးစကော့က သရုပ်ဆောင်ဆု ဆန်ခါတင်ဝင်ခဲ့ပေမဲ့ အော်စကာတော့ ဆန်ခါတင် တစ်ခုမှမဝင်ခဲ့ဘူး။ ဒါပေမဲ့လည်း တချို့ကတော့ လီယိုတို့ ဘယ်ရီတို့ထက် အင်ဒရူးစကော့ ဆန်ခါတင်မဝင်တာက အော်စကာရဲ့ Biggest Snub လို့ ပြောကြတယ်။
အဒမ်နဲ့ ဟယ်ရီဆိုတဲ့ Queer နှစ်ယောက်က လူသူသိပ်မနေသေးတဲ့ နေရာတစ်ခုမှာ အခြေချကြရင်း သူတို့ချင်း ချစ်မိသွားကြတယ်။ သူတို့ရဲ့ အချစ်ဇာတ်ကို အဖြစ်လောက်သာထည့်ထားပြီး အဒမ်ရဲ့မိဘတွေအိမ်ကို အဒမ်သွားတဲ့အကြောင်းတွေ… သူ့ Homosexual ဖြစ်တည်မှုကို သူ့ကိုယ်သူနဲ့ သူ့မိဘတွေ သူ့ဘေးကလူတွေ လက်ခံခြင်း မခံခြင်းအကြောင်းတွေဆီကို ဦးတည်ထားတယ်။ တစ်ခုရှိတာက ဒီကားက ရိုမန့်သက်သက်မဟုတ်ဘဲ Fantasy ပါပါတော့ အရှိတရားကနေ ကင်းလွတ်နေတဲ့ Fantasy ဆန်ဆန်အရာတွေကိုလည်း မြင်ရလိမ့်မယ်။ ဒါပေမဲ့ ဒီကားရဲ့ Genre ကို Fantasy Romance လို့တော့ လက်ခံဖို့ခက်တယ်။ All of Us Strangers ဟာ လူတစ်ယောက်ရဲ့ ထရော်မာတွေအကြောင်းကို သရုပ်ဆောင်ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းနဲ့ တင်ဆက်ထားတဲ့ ရုပ်ရှင်ပါပဲ။ မဆန်းတော့တဲ့ဇာတ်ကို ဆန်းတဲ့တင်ဆက်ပုံနဲ့ တင်ဆက်ထားတယ်လို့ ပြောရပါလိမ့်မယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
