uz
Feedback
Tech World MM

Tech World MM

Kanalga Telegram’da o‘tish

Tech သတင်းတွေ Up to Date သိနိုင်ဖို့

Ko'proq ko'rsatish
2 019
Obunachilar
Ma'lumot yo'q24 soatlar
-37 kunlar
-2930 kunlar
Postlar arxiv
၆သိန်းကျော်စျေးနဲ့ ၄ နှစ်အထိ စိတ်ကြိုက်သုံးနိုင်မယ့် Samsung ဖုန်း -- ပိုလန်း ၊ ပိုကြမ်းတဲ့ Galaxy A06 5G ကတော့ စျေးကွက်ထဲရောက်လာပါပြီ ယခင် Galaxy A06 LTE ထက်ဘာတွေပိုကောင်းလဲ? ဘာတွေပိုကောင်းလာလဲဆိုရင် အကုန်ပိုကောင်းလာပါတယ် သိသာတဲ့အချက်တွေဆိုရင် 5G စနစ်ရသွားမယ် Dimensity 6300 SoC ကိုသုံးပေးလာမယ် 6nm SoC ဖြစ်သွားလို့ Performance ပိုင်း ပိုကောင်းတဲ့အပြင် ပါဝါစား ပိုသက်သာတယ် ၊ သုံးရတာ ပိုသွက်မယ် ဒါတင်ပဲလားဆိုရင် ကျန်ပါသေးတယ် Display ပိုင်းမှာဆိုရင် ပို Smooth ဖြစ်မယ့် 90Hz Refresh Rate ပါဝင်လာတာအပြင်ကိုမှ IP54 Rating လို ရေစိုဒဏ် ၊ ဖုန်ဒဏ် ခံနိုင်တဲ့ အားသာချက်တွေက အစ Galaxy A06 5G မှာ ပါဝင်လာပါတယ် ဒါတင်ပဲလား? အသစ်ဝင်လာပါတယ်ဆိုမှတော့ အသစ်ပါလာတာတွေက ဒါနဲ့တင်မရပ်သေးပါဘူး Samsung ရဲ့ နောက်ဆုံးထွက် UI ဖြစ်တဲ့ OneUI 7 ကို ဖုန်းကိုဘူးထဲက စထုတ်တာနဲ့ သုံးလို့ရမယ် ဒါ့အပြင်ကိုမှ စျေးအသက်သာဆုံး Galaxy A Series ဖုန်းတစ်လုံးဖြစ်ပေမယ့် OS Update ကို 4 ကြိမ်အထိ အာမခံထားတယ် Security Update ကတော့ 4 နှစ်ပါ ပြောရမယ်ဆိုရင် OneUI 11 အထိ Update ရနေမယ့်သဘောပဲ ဒီအချက်က Galaxy A0 Model အတွက်ဆိုရင် အရမ်းမိုက်တဲ့ အားသာချက်ပဲ AI စနစ်တွေဆိုရင်လည်း SoC ပိုကောင်းလာတော့ AI Best Face လိုစနစ်တွေကိုသုံးလို့ရသွားမယ် Galaxy A06 5G အကြောင်း ပြောရမယ်ဆိုရင် Galaxy A06 LTE နဲ့ Design ပိုင်းမှာ သိသိသာသာ ကွာခြားတာမျိုးမရှိပါဘူး ဒါပေမယ့် Internal ပိုင်းမှာဆိုရင် ထူးခြားလာတဲ့ အချက်တွေက ပြောပြလို့မကုန်ပါပဲ အပေါ်မှာ ပြောခဲ့သလိုပဲ Display, Performance, Durability ပိုင်းမှာ သိသာတဲ့တိုးတက်မှုတွေ ရှိလာတဲ့အတွက် “ပိုမိုက် ၊ ပိုတန် ၊ ပိုလန်း” လို့ Samsung က ဆိုထားလေရဲ့ Galaxy A06 5G က ဘာကြောင့် ရွေးချယ်ဖို့သင့်တော်တာလဲ? ဖုန်းတစ်လုံးဝယ်ပြီးအချိန်ကကြာကြာ သုံးဖို့ စိတ်ကူးရှိရင် Future Proof တဲ့ Feature တွေပါတဲ့ဖုန်းကိုရွေးသင့်တယ် Galaxy A06 5G မှာက 5G စနစ်ပါလို့ ကိုယ်က နောက်ပိုင်း 5G network ရတဲ့ နေရာသွားဖြစ်မယ်ဆိုရင်တောင်မှ ဖုန်းလဲစရာမလိုဘူးပေါ့ Galaxy A06 5G နဲ့ဆိုရင် Update အတွက် 4x OS Update လို့ပြောထားလို့ နောက်ထပ် 4 နှစ်အထိ Up-To-Date ဖြစ်ဖြစ် နဲ့ စိတ်ကြိုက်သုံးလို့ရတယ့်ဖုန်းပါပဲ Battery ပိုင်းမှာဆိုရင် လည်း 5000 mAh Battery ကိုမှ 25W စနစ်နဲ့တွဲဖက်ပြီး သုံးပေးထားတယ် ဘေးဘောင်မှာ Fingerprint Sensor ပါဝင်ပြီး ဖုန်းရဲ့ စနစ်တွေလုံခြုံစိတ်ချရစေဖို့ Samsung ရဲ့ နာမည်ကြီး Knox Vault ပါဝင်တယ် ဖုန်းကသုံးရတာ အချိန်ကြာလာတဲ့အခါ သိမ်းဆည်းရမယ့် Data ပမာဏများလာရင်တောင်မှ Up to 1.5TB အထိ microSD Card ကိုထပ်တိုး လို့ရဦးမယ် ဒါကြောင့် ဘယ်ရှုထောင့်က ကြည့်ကြည့် Galaxy A06 5G က အချိန်ကြာကြာ သုံးလို့သင့်တဲ့ဖုန်းလို့ ဆိုရမှာပါ Galaxy A06 5G ကိုဝယ်ယူမယ်ဆိုရင် အကျိူးခံစားခွင့်တွေက? Samsung Myanmar သွင်းတဲ့ Galaxy A06 5Gကို ဝယ်ယူမယ်ဆိုရင်တော့ (၁) နှစ်အတွင်းဖုန်းမှန်ကွဲလည်း အေးဆေးဖြစ်နေမယ့် အာမခံချက်ပါဝင်တဲ့ Samsung Care + (1 Year) ပါဝင်တယ် အားသွင်းခေါင်းလဲ သပ်သပ်ထပ်ဝယ်နေစရာမလိုအောင် Travel Adapter ကိုလည်း လက်ဆောင်ရရှိဦးမယ်လို့ သိရတယ် စျေးနှုန်းအနေနဲ့ကတော့ Galaxy A06 5G (4/64 GB) ကို ၆၀၉,၀၀၀ ကျပ်၊ Galaxy A06 5G (6/128 GB) ကို ၇၄၉,၀၀၀ နဲ့လက်ရှိမှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ် ဆိုတော့ Galaxy A06 5G က ဈေးလည်းသင့်တင့်ပြီး ရေရှည်သုံးလို့အဆင်ပြေနိုင်တာမလို့ ရွေးချယ်ဖို့စဥ်းစားသင့်တဲ့ ဖုန်းတစ်လုံးလို့ ပြောရမှာပါ

photo content

အခုနောက်ပိုင်း ဖုန်းဝယ်ရင် Battery ပိုင်းကိုအဓိက ထားကြည့်နေရတဲ့အချိန်မှာ 6500 mAh Battery နဲ့ vivo Y29 က မိတ်ဆွေတို့ မျက်စိကျစရာဖုန်းဖြစ်နေမလား? Battery ပမာဏများလို့ ရှိုးပဲ့မှာ (လေးမှာ၊ထူမှာ) တွေကို မပူနဲ့ အမြင့်ပိုင်း V Series ရဲ့ နာမည်ကြီး BlueVolt Battery နည်းပညာကိုသုံးထားလို့ ဒီဖုန်းမှာ ဒီလောက် Battery ပါတာလားတောင် ပြန်မေးယူရမယ်ဗျ ကဲပါ Y So Cool ဆိုတဲ့ Y29 ကို Cool ဖြစ်စေတဲ့အချက်တွေက ဘာတွေဖြစ်မလဲ ဆက်ကြည့်ကြမယ် Y Series ဆိုတာက အမြဲ Cool ဖြစ်နေတာဆိုတော့ Y29 က ဖက်ရှင်ပိုင်းအတွက်စိတ်ချထားလို့ရတဲ့ဖုန်းပဲ အရောင်နှစ်ရောင်ရွေးနိုင်ပြီး တစ်ခုစီက မတူညီတဲ့ အထာကျတဲ့ Vibe တွေကိုဖန်တီးပေးနိုင်တယ် တိမ်တွေပေါ်လွင့်မြောပြီး နူ့ညံ့တဲ့အသွင်နဲ့ Cloud White ဆိုတဲ့ အရောင်က နာမည်အတိုင်းပဲ ကျောဘက်မှာ တိမ်တွေပုံစံဖော်ပေးထားတယ် ကော်ဖီကြိုက်တဲ့သူတွေအတွက် ထုတ်ထားလားထင်ရတဲ့ နာမည်ကလဲ ကော်ဖီဆန်တဲ့ Espresso Brown က ကျောဘက်မှာ လက်ရာမထင်တဲ့ Texture သုံးထားပေးတယ် ဖုန်းအရောင်တွေက တစ်ခုစီမှာ မတူညီတဲ့ ထူးခြားမှုတွေရှိတယ် နောက်ပြီး ဖုန်းကထူမှာလေးမှာကို စိတ်ပူနေမှာစိုးလို့ပြောပြရရင် 204/208g နဲ့ အထူက 8.5mm ပဲရှိတယ် လက်ထဲကိုင်လို့ကောင်းအောင် ဖုန်းရဲ့ကျောဘက် ကို Quad Curved Design ကိုသုံးပေးထားတယ် နည်းပညာမြင့် BlueVolt Battery ဆိုတာက Y Series ဖုန်းတွေအတွက် ပထမဆုံးပါဝင်လာတာပါ BlueVolt Battery ဆိုတာက 6500 mAh Battery ကို အခုလို ပါးတဲ့ ဖုန်းကိုယ်ထည်ထဲကို ထည့်နိုင်တဲ့ နည်းပညာပဲ ကျန်ပါသေးတယ် Battery အကြမ်းခံမှုကို ပိုကောင်းသွားစေပြီး 5 Year Battery Health တွေပါ ရသွားတယ် ဒီလောက် Battery ကြီးတာ အားသွင်းတာ ကြာမှာပေါ့ တွေးနေရင် စိတ်မပူပါနဲ့! 44W Flash Charge ကို သုံးပေးထားတယ် အားကုန်တာလည်း ကြာမယ် အားသွင်းတာလဲမြန်တယ်ဆိုတော့ ဘယ်လောက်သုံးသုံး Y29 ကို Battery ပိုင်းနဲ့ စိတ်မပူရလို့ စိတ်ကို Cool ဖြစ်နေမှာ အမှန်ပဲ ဖုန်းတစ်လုံးဝယ်ပြီး ကိုယ်နဲ့အချိန်ကြာကြာ အတူရှိနေဖို့မျော်လင့်တယ်ဆိုရင် အကြမ်းခံတဲ့အပိုင်းကိုလည်း ထည့်စဉ်းစားမှဖြစ်မှာပါ Y29 ကတော့ အကြမ်းဒဏ် တွေကြုံတွေ့ရလဲ Cool ဖြစ်ဖြစ်ရင်ဆိုင်နိုင်တဲ့ဖုန်းပဲ Rating တွေဘာရထားလဲမေးရင် SGS 5-Star, Military Grade Resistance နဲ့ IP64 တွေပါမယ် မကြာခင်ရောက်လာတော့မယ့် မိုးရာသီအတွက် မတော်တဆ ရေစိုတာတွေရှိခဲ့ရင်တော့ အေးဆေးဖြစ်နေမယ့် Y29 ပေါ့ ဒါတွေထက်မိုက်တာကဖုန်းကို အကြမ်းခံနိုင်ဖို့ vivo က စတည်ဆောက်ထဲက All Round Protection ရရှိစေနိုင်ဖို့ Anti-Drop Armor Design ကိုသုံးပေးထားတယ် Y29 ရဲ့ ကိုယ်ထည်မှာ Cushioning Structure ကိုထည့်ထားလို့ ပြုတ်ကျလဲ ဖုန်းကို ထိခိုက်မှု နည်းမယ် ၊ ဒါဆို မှန်ပိုင်းကရောဆိုရင် SCHOTT Shield Glass နဲ့ မလို့ Flagship တလုံးရဲ့ မှန်နီးပါး အကြမ်းခံမှုကောင်းပါသတဲ့ 6.68 လက်မ LCD Display မှာ ရုပ်ရှင်ပဲ ကြည့်မလား ဂိမ်းပဲဆော့မလား အဆင်ပြေတယ့်အရွယ်အစားပဲ 120Hz Refresh Rate နဲ့ 1000 nits ကိုတွဲသုံးပေးထားတယ် တကယ်မိုက်တာက 400% Volume စနစ်ကိုလည်း သုံးပေးထားတယ် စိတ်မပူပါနဲ့ Stereo Speaker ကို သုံးပေးထားတယ် ဒါကြောင့် Y29 ကိုသုံးပြီး Multimedia ပိုင်းသုံးတဲ့အခါ ကောင်းမွန်တဲ့ experiecnce ကိုရစေနိုင်မှာပါ SoC က Snapdragon 685 ကိုသုံးထားပေးပြီးတော့ 5 Year Smooth Experience ပါ ရမယ့်အကြောင်းလဲ ပြောထားသေးတယ် ဘက်ထရီကလဲ အကြမ်းခံတဲ့ဖုန်းဆိုတော့ Y29 က ကိုယ်နဲ့ အချိန်ကြာကြာ အတူရှိနေဖို့ သေချာသလောက်ပဲ Camera ကတော့ အခုစျေးတန်းဖုန်းတွေမှာ ပြေးကြည့်စရာမလိုတဲ့ 50MP HD Camera ကိုသုံးပေးထားတယ် ကင်မရာ Bump Design တော့ မိုက်သားဗျ ကင်မရာ Bump ရဲ့ ဘောင်တွေကို စက်သွားပုံစံ ပုံဖော်ပေးထားတယ် Detailed ကျတယ်ပေါ့ ထူးခြားတာပါတာဆိုရင် Dynamic Light ပဲဗျ သူက Light Indicator သဘောမျိုးပဲ ဖုန်းလာတာ ၊ Noti တက်တာတွေအတွက်အသုံးဝင်တဲ့ Cool Feature ပေါ့ ကျန်ပါသေးတယ် AI စနစ်တွေအဖြစ် ပုံထဲက မလိုတာတွေဖျက်နိုင်တဲ့ AI Erase ၊ ပုံတွေကို ရုပ်ထွက်ပိုကောင်းအောင်ပြုပြင်ပေးနိုင်တဲ့ AI Photo Enhance စနစ်တွေထည့်ပေးထားတယ် Y29 အကြောင်းတွေကလဲ စုံနေပါပြီ Y So Cool ဆိုတဲ့အတိုင်းပဲ Y29 ရဲ့ Design က အထာကျသလို ပါတဲ့ Feature တွေကလည်း Cool ဖြစ်တယ် ပြောရမယ့် ဖုန်းတစ်လုံးပါပဲ

photo content
+4

photo content

စျေးတန်းအစုံမှာ Awesome Intelligence ဖြစ်တဲ့ အမိုက်စား Galaxy A26 5G ၊ Galaxy A36 5G ၊ Galaxy A56 5G AI ဖုန်း တွေ ဘယ်လောက်တိုးတက်လာပြီး ဘယ်လို feature တွေပါဝင်လာလဲဆိုတာကို ပြောပြပေးပါမယ်။ Feature စုံတယ် ပြောင်းလဲမှုများတယ် ဒီနှစ် A Series တွေက အတော်လေး အားရစရာကောင်းတယ့်အပြင် မကြာခင် ရောက်တော့မယ့် မိုးရာသီအတွက်လည်း သင့်တော်တဲ့ဖုန်းတွေလို့ဆိုနိုင်တယ် တိုးတက်မှုတွေကို အပိုင်းလိုက် ပြောပြပေးပါမယ် —— စျေးကွက်ထဲက ဖုန်းတွေထက် သာနေတဲ့အချက်တွေက? IP Rating က ဖုန်း (၃) မျိူး လုံးမှာ IP67 Rating ကိုရရှိထားတယ် Galaxy A26 5G အတွက်ဆို သိသာတဲ့ တိုးတက်မှုပဲပေါ့ ရေစိုတာတွေအတွက် စိတ်အေးရတဲ့ဖုန်းတွေပါ နောက်ပြီး Galaxy A36 5G နဲ့ Galaxy A56 5G တွေက ခေတ်စားနေတဲ့ E-Sim သုံးလို့ရနိုင်မယ် UI ပိုင်းမှာလည်း OneUI 7 ကို Out of the Box တန်းသုံးနိုင်ပြီးတော့ Software Update ကလဲ 6 ကြိမ်အထိ ဆိုတော့ OneUI 13 အထိ ရဖို့က 100% သေချာပါတယ် E-Sim နဲ့ OS Update 6x ဆိုတာ စျေးတန်းတူအပြင် ၊ စျေးကွက်ထဲက ဖုန်းတိုင်းမှာတောင် ပါဝင်တာရှားပါတယ် Samsung ရဲ့ AMOLED 120Hz Refresh Rate Display ကလည်း အသစ်ထွက် A Series ဖုန်း (၃) မျိူး လုံးမှာပါဝင်ပါတယ် ——— AI စနစ် ဖြစ်တဲ့ Awesome Intelligence Samsung က Galaxy AI ရဲ့ စနစ် တွေကိုလည်း A-Series အသစ်အတွက် ထည့်ပေးထားသေးတယ် Awesome Intelligence လို့နာမည်ပေးထားပြီး ပါလာတာတွေကစုံသားဗျ Photo Assist ရဲ့ စနစ်တွေဖြစ်တဲ့ Object Eraser ၊ အလင်းပြန်တာဖျက်ပေးနိုင်တဲ့ Erase Refection ၊ အရိပ်တွေဖျောက်ပေးနိုင်တဲ့ Erase Shadow တွေကို ထည့်ပေးထားတယ် ဒါ့အပြင် Best Face လို ပုံတွေထဲက အကောင်းဆုံးမျက်နှာအနေအထားကိုရွေးနိုင်တဲ့စနစ်က Group Photo တွေရိုက်တဲ့အခါ အသုံးဝင်ပါတယ် ဓာတ်ပုံပိုင်းအတွက် ခေတ်မှီတဲ့ AI စနစ် ပါဝင်တယ်လို့တောင် ဆိုနိုင်တယ် Flagship တွေမှာပါတဲ့ Auto Trim လို Video တွေရဲ့ Highlights ကို အလိုလျောက်ရွေးထုတ်ပြီး Edit ပေးနိုင်တဲ့စနစ်ပါတဲ့အပြင် ညဘက် ပုံရိုက်တဲ့အခါ အကောင်းဆုံး ဓာတ်ပုံတွေဖန်တီးပေးနိုင်တဲ့ Nightogrpahy စနစ်ပါ လို့ ဘယ်အခြေအနေမှာသုံးသုံး အဆင်ပြေတဲ့ Vlogging ဖုန်းအနေနဲ့ဆို မျက်စိကျစရာဖြစ်နေမှာပါ ———— Camera ပိုင်းတိုးတက်မှုများ Vlogging ဖုန်းဆိုလို့ ဒီနှစ် Galaxy A36 5G ၊ Galaxy A56 5G တွေက Selfie HDR စနစ်ပါလို့ 4K Video တွေပါရိုက်နိုင်သွားတယ် ကင်မရာပိုင်းက ပြောမကုန်တဲ့ A Series ပါပဲ Galaxy A36 5G ၊ Galaxy A56 5G တွေမှာ Flagship တွေရဲ့ Custom Filter ဆိုတဲ့စနစ်ပါလာတယ် သူက ပုံတစ်ပုံ ကိုရိုက်မယ် ဆိုရဲ့ ကိုယ့်ရဲ့ စိတ်ကြိုက် Preset ကာလာ တစ်ခု ထားနိုင်မယ့်စနစ်ပါ ကိုယ်တိုင်ဖန်တီးလိုက်တဲ့ ပုံတိုင်းက အများနဲ့မတူ ထူးခြားနေဖို့ဆိုရင် အရမ်းအသုံးဝင်တယ် Rear Camera တွေမှာဆိုရင်လဲ ဖုန်း (၃) မျိူးလုံးက Main + Ultra-Wide + Sensor အတွဲကို သုံးပေးထားပြီး 50 MP Main Camera ကတော့ အကုန်တူတူပဲ ကင်မရာ Hardware ပိုင်းမှာဆိုရင်လဲ overall အရ အဆင်ပြေတယ်လို့တောင် ပြောလို့ရပါတယ် ———- Gemini AI စနစ်လဲ ပါဝင်တယ် Gemin i AI ကိုလည်း ဘယ်မေ့ထားလို့ဖြစ်မလဲ Circle to Search က ဖုန်း (၃) ခုလုံးမှာ ပါဝင်လာပြီးတော့ သိချင်တာကို ဝိုင်းပြီး ရှာနိုင်တာအပြင် ၊ မျက်နှာပြင်ပေါ် ကစာတွေကို ဘာသာပြန်တာ ၊ သီချင်းသံတွေကို တန်းရှာ ပေးနိုင်တာတွေ အထိ အသုံးချနိုင်သွားတယ် Gemini AI စနစ်လည်း အသုံးပြုလို့ရနိုင်ပါသေးတယ် —— လျင်မြန်တဲ့အားသွင်းစနစ် 5000-mAh Battery အပြင် Flagship တွေနဲ့တန်းတူ 45W Fast Charging စနစ်ကိုထည့်ပေးလိုက်တာက တော့ A-Series ဖုန်းတွေရဲ့ သိသာတဲ့ တိုးတက်မှုတွေထဲက တစ်ခုလို့တောင် ဆိုနိုင်ပါတယ် ——- A Series အသစ်တွေရဲ့ Feature တွေကိုလည်း သိကြလောက်ပြီလို့ထင်ပါတယ် စာဖတ်သူတို့အတွက် Giveaway ကတော့ အသစ်ဝင်လာတဲ့ Galaxy A26 5G ၊ Galaxy A36 5G ၊ Galaxy A56 5G တွေထဲက အကြိုက်ဆုံး ဖုန်း တစ်လုံး ကိုရွေး နှင့် ဖုန်းရဲ့ အကြိုက်ဆုံး Feature တစ်ခုကို ပြောပြပေးရမှာပါ သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့သူတွေကိုတော့ Phone Bill Giveaway ပေးသွားမှာဖြစ်လို့ ပါဝင်ပေးကြပါဦးဗျ #GalaxyA56 #GalaxyA36 #GalaxyA26 #TheNewGalaxyA #AwesomeIntelligence #GenAIwesome #Samsung

photo content

အကောင်းဆုံး IP69 အတွေ့အကြုံတွေကိုထိတွေ့ခံစားနိုင်စေမယ့် Consumer Event ကြီးနဲ့အတူ realme ရဲ့ New C Series ဖြစ်တဲ့ C75 Series တွေကို မိတ်ဆက်ပေးသွားမည် —————— “ရေစိုရေစိမ်ခံတဲ့အလန်းဆုံးဖုန်း” တွေဖြစ်တဲ့ realme ရဲ့ New C Series “C75 Series” ကတော့ အကောင်းဆုံး IP69 အတွေ့အကြုံတွေကိုထိတွေ့ခံစားနိုင်စေမယ့် Consumer Event ကြီးနဲ့အတူမိတ်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ လာမယ့် မတ်လ ၂၂ ရက်နေ့ (စနေနေ့)မှာတော့ ရန်ကုန်မြို့ရှိ Junction Square (Outdoor Area) မှာ ကြီးကျယ်ခမ်းနားတဲ့ “The Best-Ever IP69 Experience Event” ကို ညနေ ၃နာရီကနေ ည ၇ နာရီအထိ ကျင်းပပြုလုပ်သွားမှာြဖစ်လို့ စျေးအတန်းဆုံးနဲ့ အလန်းဆုံး IP69 ဖုန်းတွေကို ကိုယ်တိုင်ကိုယ်ကျစမ်းသပ်နိုင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ ဂိမ်းတွေကစားပြီး ဆုလက်ဆောင်တွေရယူနိုင်သလို လွယ်ကူရိုးရှင်းတဲ့အဆင့်လေးတွေကိုပါဝင်ကစားပြီး ရေစို၊ရေစိမ်းခံနိုင်မယ့် အသစ်စက်စက် realme C75x ဖုန်းသစ်ကိုပါ ကံထူးခွင့်ရရှိဦးမှာမို့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့အတူ ပါဝင်ဆင်နွှဲဖို့ထပ်လောင်းဖိတ်ခေါ်လိုက်ရပါတယ်။ အနုပညာရှင်တွေ၊ ဖျော်ဖြေတင်ဆက်မှုတွေပါဝင်ဦးမှာဖြစ်သလို ညအလှမီးရောင်စုံတွေနဲ့ အမိုက်စားဓာတ်ပုံတွေကိုပါ အမှတ်တရရိုက်ယူနိုင်စေဦးမှာဖြစ်ပါတယ်။ လူငယ်သုံးစွဲသူတွေအကြောင်းကို ပိုမိုသိရှိနားလည်ထားတဲ့ realme အနေနဲ့ မကြာခင်ရောက်ရှိလာတော့မယ့်သင်္ကြန်ကာလအတွက်ရော မိုးရာသီအတွက်ပါ အကိုက်ညီဆုံးဖုန်းတွေအဖြစ် ရေဒဏ်နဲ့ပတ်သက်ပြီးဘက်စုံ၊​ အလုံးစုံကာကွယ်ပေးနိုင်မယ့် C75 Series ထုတ်ကုန်သစ်တွေကို ဆန်းသစ်ထုတ်လုပ်ပေးထားတာပဲဖြစ်ပါတယ်။ အကြမ်းခံမှုအပိုင်းအတွက်လည်း ခံနိုင်ရည်ရှိသလို မြန်မာပြည်စျေးကွက်အတွက်အထူးလိုအပ်နေတဲ့ ဘက်ထရီအားကြာရှည်ခံစေဖို့နဲ့ အားအမြန်သွင်းစနစ်တို့အတွက်လည်း 6000mAh ဘက်ထရီနဲ့ 45W Fast Charge စနစ်တို့ကိုပါတွဲဖက်ပေးထားတာဖြစ်ပါတယ်။ သိပ်မကြာခင်မှာလည်း တရားဝင်စျေးနှုန်းတွေနဲ့အတူ သင်္ကြန်အထူးလက်ဆောင်နဲ့ ခံစားခွင့်တွေကိုပါ ထုတ်ပြန်ကြေညာပေးသွားမှာဖြစ်ပါတယ်။​ #ရေစိုရေစိမ်ခံတဲ့အလန်းဆုံးဖုန်း #REALME #REALMEC75

Xiaomi Ultra ဖုန်းတွေက ကင်မရာအဝိုင်းကြီးကြီး နဲ့ပဲ ထွက်ခဲ့လေတော့ Xiaomi 15 Ultra ရဲ့ ဒီဇိုင်းကတော့ အားရချက်ပဲ Xiaomi က ဒီဖုန်
Xiaomi Ultra ဖုန်းတွေက ကင်မရာအဝိုင်းကြီးကြီး နဲ့ပဲ ထွက်ခဲ့လေတော့ Xiaomi 15 Ultra ရဲ့ ဒီဇိုင်းကတော့ အားရချက်ပဲ Xiaomi က ဒီဖုန်းရဲ့ Design Language မှာ ကင်မရာအဝိုင်းက ကြီးနေမှတော့ မထူးဘူးဆိုပြီး တကယ့် LEICA Camera လို Style ဖြစ်သွားအောင် နည်းနည်းထပ်ထည့်ထားတာလေးတွေတွေ့ရတယ် ကျောဘက်က Dual Tone ပုံစံဆိုရင် LEICA ရဲ့ ကင်မရာတွေမှာ အတွေ့များရတဲ့ Signature Look ပေါ့ဗျာ နောက်တခုက ဖုန်းရဲ့ အပေါ်ဘက် ထောင့်မှာ Ultra ဆိုတဲ့စာသားကို သီးသန့်ထည့်ပေးထားတာက အတော်လေး အထာကျတယ် တခြား Spec တွေတော့ သိပ်မတွေ့ရသေးပေမဲ့ Camera ပိုင်းမှာ 200MP အထိ ပါလာမယ်လို့ သတင်းတွေထွက်နေပါတယ်

မသေချာတဲ့ iPhone Air လောက်စာရင်းထဲထည့်မနေနဲ့ ခေါက်လို့လဲရတယ် ၊ ပါးလဲပါးရမယ် ဆိုတဲ့ဖုန်း OPPO က တကယ် ထုတ်တော့မယ် နာမည်က Find N
+2
မသေချာတဲ့ iPhone Air လောက်စာရင်းထဲထည့်မနေနဲ့ ခေါက်လို့လဲရတယ် ၊ ပါးလဲပါးရမယ် ဆိုတဲ့ဖုန်း OPPO က တကယ် ထုတ်တော့မယ် နာမည်က Find N5 တဲ့ ဖုန်းကဖြန့်ထားရင် ဘယ်လောက်ပါးလဲဆိုရင် USB ပေါက် တစ်ခုစာပဲ အထူရှိတယ် 4.2mm ပါတဲ့ ဒါတောင် Battery က 5600 mAh ပါဦးမယ် အခု လက်ရှိ အပါးဆုံး Honor Magic V3 က 4.35mm ဆိုတော့ 0.15mm ပိုပါးမယ်ပေါ့ ဒီဖုန်းမှာ ဘာထူးခြားလဲဆိုရင်တော့ ပါးတာပဲ ၊ နောက်တစ်ခုကတော့ ဖုန်းက ခေါက်ဖုန်းဖြစ်ပေမဲ့ Display မှာ ခေါက်ရာ မရှိသလောက် နည်းမယ်ပြောတယ် တကယ်ဟုတ်မဟုတ်ကတော့ ထွက်လာမှပဲသိရမယ်ပေါ့ Visually မြင်ရတာ ပါးတဲ့တချက်ကတော့ တကယ်ပါ

photo content

iPhone 15 က 2024 ရဲ့ရောင်းအကောင်းဆုံးဖုန်းတဲ့ iPhone ဆိုရင် ဟိုဟာမကောင်းတာ ၊ ဒီဟာမကောင်းတာနဲ့ ဝေဖန်တာတွေပဲ တွေ့ကြရတဲ့အချိန်မှာ Counterpoint Research ရဲ့ စစ်တမ်းထွက်လာတော့ လူတစ်စုပြောကြသလို လူတိုင်းက ဂျင်းဖုန်းပဲဝယ်နေကြတာလား? ဒါမှမဟုတ် တကယ်ကောင်းလို့ဝယ်နေကြတာလား? Counterpoint Research ရဲ့စစ်တမ်းကိုရှင်းပြရရင် iPhone 15 က နံပါတ် ၁ iPhone 15 Pro Max က နံပါတ် ၂ iPhone 15 Pro က နံပါတ် ၃ ပါတဲ့ Samsung ကတော့ နံပါတ် ၄ မှာ Galaxy A15 5G က နေရာယူထားပြီး ကျန်တဲ့ နံပါတ် ၁၀ အထိ နောက်ထပ် Samsung ဖုန်း ၃ လုံးထပ်ပါဝင်ပါတယ် ရှင်းအောင်ပြောရရင် ရောင်းအားအကောင်းဆုံး ဖုန်းတွေရဲ့ Top-Ten Chart မှာ Apple က နေရာ ၆ ခု Samsung က နေရာ ၄ ခု ယူထားနိုင်တာပါ ကဲပါ ဒါက 2024 ရဲ့စစ်တမ်းကိုဖော်ပြတာပါ 2023 စစ်တမ်းမှာလဲ မထူးရှာပါဘူး Apple က နံပါတ် ၁ ကနေ နံပါတ် ၇ အထိ ဖုန်း ၇ လုံးနဲ့ Samsung က နံပါတ် ၈ ကနေ နံပါတ် ၁၀ အထိ ဖုန်း ၃ လုံးနဲ့ ကမ္ဘာ့ရောင်းအားအကောင်းဆုံး ဖုန်းစာရင်းမှာနေရာယူထားပါတယ် ဆိုတော့ဗျာ ကျနော်တို့ပြောနေကြတဲ့ P2P ကောင်းတဲ့ Xiaomi Phone တွေဘာလို့ Global Top 10 Best Selling Phone စာရင်းထဲ တလုံးတလေတောင်ပါမလာလဲ စာရင်းကောက်တဲ့သူပဲကျန်ခဲ့လားတော့ စဉ်းစားရင် သတင်းလေးဖော်ပြလိုက်ရပါတယ် ကျနော့်အမြင်မှာဆိုရင် ဖုန်းကို ဖုန်းလို သုံးဖို့ရွေးကြတဲ့အခါ Samsung နဲ့ Apple ဖုန်းလောက်ပဲ ရွေးကြတဲ့ပုံပါပဲ ဒီလိုပါ ဖုန်းတလုံးလိုပဲအသုံးချဖို့လိုတဲ့အခါ P2P လောက်သွားကြည့်ဖို့မလိုတော့ပါဘူး ဒီစျေးမှာ ဒီ Performance ရမှ ဆိုတာထက် ဒီစျေးတန်းမှာ ဒီ Brand က ဘာဖုန်းထုတ်ထားလဲ ကိုယ့်နဲ့ကိုက်ရင် ဝယ်ကြတဲ့ပုံဖြစ်နိုင်ပါတယ် ဒါပေမဲ့ ဖုန်းကို ဖုန်းတလုံးလိုအသုံးမချပဲ ကိုယ်က ဘက်စုံသုံးချင်တာမျိုး၊ စျေးလဲသက်သာဦးမှဆိုရင်တော့ Xiaomi လို P2P ကောင်းတဲ့ ဖုန်းတွေကို ရွေးနေရဦးမှာပါပဲ ဒါကလဲ Performance ကို ပိုအသားပေးတာက လူနည်းစုမလို့ Top-Ten Chart ပေါ်တောင်တက်မလာတာလဲဖြစ်နိုင်ပါတယ်

အခုသိရတဲ့အချက်တွေအရဆိုရင် S25 Edge က 162g ပဲလေးမယ် 6mm ဝန်းကျင် ပဲ ထူမယ်လို့ဆိုပါတယ် ကင်မရာတွေ ပြုံထည့် ၊ Size တွေကြီး ပြီးတဲ
အခုသိရတဲ့အချက်တွေအရဆိုရင် S25 Edge က 162g ပဲလေးမယ် 6mm ဝန်းကျင် ပဲ ထူမယ်လို့ဆိုပါတယ် ကင်မရာတွေ ပြုံထည့် ၊ Size တွေကြီး ပြီးတဲ့အချိန် ဖုန်းတွေက ထူပြီး လေးလာကြပါတယ် အခုနှစ်စမှာတော့ ဖုန်းတွေ ပေါ့ဖို့ ၊ ပါးဖို့ Trend ကိုရောက်သွားကြပြန်ပါပြီ နှစ်စပိုင်းရဲ့ Flagship အပါးဆုံးဖုန်းဆိုရင် S25 Edge ပဲ ထွက်တော့မထွက်သေးပေမဲ့ပေါ့ စိတ်မကောင်းစရာသတင်းက 3900 mAh Battery ပဲပါမယ်လို့ သတင်းထွက်နေတယ် Silicon-Carbon Battery ဆိုတဲ့ အဖြေရှိနေတာကို Samsung သုံးမယ့်ပုံမရှိပါဘူး April 2025 မှာ မိတ်ဆက်မယ်လို့သတင်းကြားနေရပါတယ်