uz
Feedback
Update Information Myanmar(UIM)

Update Information Myanmar(UIM)

Kanalga Telegram’da o‘tish

ကျနော်တို့ Channel သည် မြေပြင်သတင်းအချက်အလက်များအား ပြည်သူလူထုထံသို့ အတိကျဆုံးနှင့် အမှန်ကန်ဆုံးဖြစ်အောင် သတင်းပေးရန်ဖြစ်ပါသည်။

Ko'proq ko'rsatish
9 645
Obunachilar
Ma'lumot yo'q24 soatlar
Ma'lumot yo'q7 kun
Ma'lumot yo'q30 kun

Ma'lumot yuklanmoqda...

O'xshash kanallar
Ma'lumot yo'q
Muammo bormi? Iltimos, sahifani yangilang yoki bizning qo'llab-quvvatlash boshqaruvchimizga murojaat qiling>.
Taglar buluti
Ma'lumot yo'q
Muammo bormi? Iltimos, sahifani yangilang yoki bizning qo'llab-quvvatlash boshqaruvchimizga murojaat qiling>.
Kirish va chiqish esdaliklari
---
---
---
---
---
---
Obunachilarni jalb qilish
Dekabr '24
Dekabr '240
0 kanalda
Noyabr '240
0 kanalda
Get PRO
Oktabr '240
0 kanalda
Get PRO
Sentabr '240
0 kanalda
Get PRO
Avgust '240
0 kanalda
Get PRO
Iyul '240
0 kanalda
Get PRO
Iyun '240
0 kanalda
Get PRO
May '240
0 kanalda
Get PRO
Aprel '240
1 kanalda
Get PRO
Mart '240
0 kanalda
Get PRO
Fevral '240
0 kanalda
Get PRO
Yanvar '240
0 kanalda
Get PRO
Dekabr '230
0 kanalda
Get PRO
Noyabr '230
0 kanalda
Get PRO
Oktabr '230
0 kanalda
Get PRO
Sentabr '23
+1
0 kanalda
Get PRO
Avgust '23
+5
0 kanalda
Get PRO
Iyul '23
+1
0 kanalda
Get PRO
Iyun '23
+1
0 kanalda
Get PRO
May '230
0 kanalda
Get PRO
Aprel '23
+1
0 kanalda
Get PRO
Mart '230
0 kanalda
Get PRO
Fevral '230
0 kanalda
Get PRO
Yanvar '230
0 kanalda
Get PRO
Dekabr '220
0 kanalda
Get PRO
Noyabr '220
0 kanalda
Get PRO
Oktabr '220
0 kanalda
Get PRO
Sentabr '220
0 kanalda
Get PRO
Avgust '22
+1
0 kanalda
Get PRO
Iyul '220
0 kanalda
Get PRO
Iyun '220
0 kanalda
Get PRO
May '220
0 kanalda
Get PRO
Aprel '220
0 kanalda
Get PRO
Mart '220
0 kanalda
Get PRO
Fevral '220
0 kanalda
Get PRO
Yanvar '22
+1
0 kanalda
Get PRO
Dekabr '210
0 kanalda
Get PRO
Noyabr '21
+113
0 kanalda
Get PRO
Oktabr '21
+859
0 kanalda
Get PRO
Sentabr '21
+137
0 kanalda
Get PRO
Avgust '21
+480
0 kanalda
Get PRO
Iyul '21
+371
0 kanalda
Get PRO
Iyun '21
+1 899
0 kanalda
Get PRO
May '21
+11 703
0 kanalda
Get PRO
Aprel '21
+20 037
0 kanalda
Kanal postlari
ကိုးကန့်တပ်ထိန်းချုပ်မှုအောက် လောက်ကိုင်မှာ ပထမဆုံးအကြိမ် သေဒဏ်ပေး ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းပိုက်ရရှိခဲ့တဲ့ လောက်ကိုင်မြို့မ
+2
ကိုးကန့်တပ်ထိန်းချုပ်မှုအောက် လောက်ကိုင်မှာ ပထမဆုံးအကြိမ် သေဒဏ်ပေး ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းပိုက်ရရှိခဲ့တဲ့ လောက်ကိုင်မြို့မှာ မနေ့ ဧပြီ ၂၄ ရက်တုန်းက ကိုးကန့်တပ် (MNDAA) က ပထမဆုံးအကြိမ် သေဒဏ်ပေးမှုပြုလုပ်ခဲ့တဲ့အကြောင်း ထုတ်ပြန်ပါတယ်။ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA )က အမျိုးသား ၁၀ ယောက်ကို အများပြည်သူတွေ့မြင်ရတဲ့နေရာမှာပဲ သေဒဏ်စီရင်တာဖြစ်ပြီး သူတို့ဟာ ကိုးကန့်တပ်ဖွဲ့ဝင်တွေလို့ သိရပါတယ်။ သေဒဏ်ပေးခံရသူတွေက ဘယ်သူတွေလဲ ဒီသတင်းအပြည့်အစုံအပါအဝင် ဘီဘီစီရဲ့ ဧပြီ ၂၅ ရက် တိုက်ရိုက်သတင်းထုတ်လွှင့်ချက်ကို https://www.bbc.com/burmese/live/cglxj5gmrvgt ဒီလင့်ကနေ ဆက်လက်ဖတ်ရှုနိုင်ပါပြီ။ #ဘီဘီစီမြန်မာပိုင်း #ကိုးကန့်တပ် #MNDAA #လောက်ကိုင် #သေဒဏ် #၁၀၂၇စစ်ဆင်ရေး

2
စစ်မှုထမ်းဟောင်းများကို ဆင့်ခေါ်ကာ ၁ နှစ်တာ၀န် ထမ်းဆောင်ပါမည်ဟု လက်မှတ်ထိုးခိုင်းသည့်အပြင် နေအိမ်ရှိ လူကုန်ခေါ်ယူမှုများရှိနေ
စစ်မှုထမ်းဟောင်းများကို ဆင့်ခေါ်ကာ ၁ နှစ်တာ၀န် ထမ်းဆောင်ပါမည်ဟု လက်မှတ်ထိုးခိုင်းသည့်အပြင် နေအိမ်ရှိ လူကုန်ခေါ်ယူမှုများရှိနေ ဧရာ၀တီတိုင်းမ် ဧပြီ ၂၄ ရက် စစ်ကောင်စီက အရန်တပ်ဖွဲ့ဥပဒေဖြင့် စစ်မှုထမ်း ဟောင်းများကို ဆင့်ခေါ်၍ စစ်သင်တန်းပေးရာတွင် တစ်နှစ်တာ၀န်ထမ်းဆောင်ပါမည်ဟု လက်မှတ်ရေးထိုးခိုင်း နေကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့က ပဲခူးတိုင်းအတွင်းရှိ စစ် မှုထမ်းဟောင်းများကို ဆင့်ခေါ်ရာတွင် ဆင့်ခေါ်သည့် နေ့မှစ၍ တစ်နှစ်တာ၀န်ထမ်းဆောင်ပါမည်ဆိုသည့် အကြောင်းကို လက်မှတ်ထိုးရကြောင်း စစ်မှုထမ်း ဟောင်းမိသားစု၀င်များထံက သိရသည်။ "အိမ်ကအဖေတော့ပါသွားတယ်။ သက်ပြည့်ပင်စင် ယူထားတာ မကြာသေးဘူး။ ခုပြန်ပါသွားပြီ။ သူတို့က ခေါ်တဲ့အခါမှာ သက်ပြည့်ပင်စင်လစာရော၊ အခုတာ၀န်ထမ်းဆောင်စရိတ်ရော ပေးမယ်ပြောတယ်။ အဖေကလည်း နားချင်နေတာ ငွေကြေးမမက်ပါဘူး။ တစ်နှစ်တာ၀န်ထမ်းဆောင်ရမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်" ဟု စစ်မှုထမ်းဟောင်း မိသားစု၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။ သတင်းအပြည့်အစုံဖတ်ရန် - https://www.facebook.com/share/p/tdCRSiVg4mHWw4dm/?mibextid=WC7FNe
0
3
တောင်ပိုင်းမှာ သိမ်းလိုက်ပီကြေညာပီးတိုင်း ဖစ်နေကြအတိုင်းအခုစဖစ်ပါပီ ဒါကြောင့် မနေ့ကရဲဘော်အချို့ ဒေါသထွက်နေခဲ့ကြတာ အခုတော့အဖြေကရှင်းပါတယ် သူတို့အချင်းချင်းပဲသူတို့ကြည့်မယ် အောက်ခြေက ကလေးတွေထိုးကြွေးမယ်ဆိုတာကြီးလိုမျိူး ခံစားနေရတယ် သည်နေရာထိရောက်ခဲ့ဖို့ ပေးခဲ့ရတဲ့အသက်တွေကအလကားသက်သက်ဖစ်ကုန်ပီလား.....
0
4
BGF အကူအညီဖြင့် မြဝတီ ခလရ (၂၇၅) ကို စစ်ကောင်စီပြန်ထိန်းချုပ် စောရယ်/Myanmar Now ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့က ကရင်တပ် KNU က သိမ+1
BGF အကူအညီဖြင့် မြဝတီ ခလရ (၂၇၅) ကို စစ်ကောင်စီပြန်ထိန်းချုပ် စောရယ်/Myanmar Now ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့က ကရင်တပ် KNU က သိမ်းပိုက်ထားသည့် ခလရ (၂၇၅) တပ်စခန်းကို စစ်ကောင်စီက ယနေ့တွင် ပြန်လည်သိမ်းပိုက်လိုက်သည်ဟု မြဝတီဒေသခံများကပြော ၂၇၅မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကုန်တင်ယာဉ်ရပ်နားဝင်းတွင် နေထိုင်ကာ ခံစစ်ပြင်ခဲ့ပြီး ဧပြီလ ၁၉ ရက် ညပိုင်းနှင့် ၂၀ ရက် နံနက်ပိုင်းတွင် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ဆင်တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရသည်။ ဧပြီလ ၂၁ ရက်နံနက်ပိုင်းတွင် ပစ်ခတ်မှုရပ်စဲသွားသည်။ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက တပ်ဆုတ်ပေးလိုက်သဖြင့် တိုက်ပွဲရပ်သွားခြင်းဖြစ်သည်။ ထို့နောက် ဧပြီလ ၂၃ ရက် နေ့လယ်ပိုင်းတွင် မြဝတီမြို့ကို လုံခြုံရေးယူထားသည့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) ၏ အကူအညီရယူပြီး အမှတ် (၂) တံတားမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခလရ (၂၇၅) အတွင်း ပြန်လည် ဝင်ရောက်နေရာယူလိုက်ခြင်းဖြစ်ကြောင်း မြဝတီဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။ သတင်းအပြည့်အစုံ - https://www.facebook.com/share/p/fjpAYbNuCv61bEVn/?mibextid=WC7FNe
0
5
https://ayartimes.com/?p=35957
0
6
မြဝတီတိုက်ပွဲအတွင်းဒဏ်ရာရရှိသူ ၄၀ ကျော်ကို နယ်စပ်ထိုင်းဆေးရုံတွင် ကုသပေးထား **** သံလွင်ခက် ဧပြီ ၂၃၊ ၂၀၂၄။ ထိုင်း - မြန်မာနယ်စ
မြဝတီတိုက်ပွဲအတွင်းဒဏ်ရာရရှိသူ ၄၀ ကျော်ကို နယ်စပ်ထိုင်းဆေးရုံတွင် ကုသပေးထား **** သံလွင်ခက် ဧပြီ ၂၃၊ ၂၀၂၄။ ထိုင်း - မြန်မာနယ်စပ်အနီးတိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၃၈ ဦးကို မဲဆောက်မြို့ရှိဆေးရုံ ၁ ရုံတွင် ဆေးကုသမှုပေးထားသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီး Cholnan Srikaew ကပြောသည်။ "သူတို့အခြေအနေအရ ကျွန်တော်တို့က ဆေးကုသပေးနေတယ်။ အများစုကတော့ ခွဲစိတ်ကုသရမယ့် အခြေအနေ မှာရှိပါတယ်"ဟု မဲဆောက်အထွေထွေရောဂါကုဆေးရုံကြီးတွင် ယမန်နေ့ကကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် ၎င်းကပြောသည်။ "ပြီးခဲ့တဲ့ စနေနေ့က လူနာ ၂၂ ယောက်လက်ခံခဲ့ပြီး နောက်ထပ် ၁၆ ယောက်ကတော့ တနင်္ဂနွေနေ့က ရောက်လာ ကြတယ်" ဒဏ်ရာရရှိသဖြင့် ဆေးကုသမှုခံယူနေရသူများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက် မည်မျှရှိကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အရေအတွက် မည်မျှရှိကြောင်းကိုတော့ ကျန်းမာရေးဝန်ကြီးကဖြေဆိုခဲ့ခြင်းမရှိပါ။ သတင်းအပြည့်အစုံဖတ်ရန် - https://www.facebook.com/share/Tg8bpQXBipnAMC6Q/?mibextid=WC7FNe
0
7
Emergency 🚨 ———————- ယခုပုံပါကားပိုင်ရှင်ခင်ဗျာ သုဝဏ္ဏ ဒေါင်လဘက်ရည်ဆိုင် သံသုမာလမ်းမကြီးရှေ့သို့ အမြန်လာရောက်ပေးပါရန် ခိုးခံ+2
Emergency 🚨 ———————- ယခုပုံပါကားပိုင်ရှင်ခင်ဗျာ သုဝဏ္ဏ ဒေါင်လဘက်ရည်ဆိုင် သံသုမာလမ်းမကြီးရှေ့သို့ အမြန်လာရောက်ပေးပါရန် ခိုးခံရတဲ့ကားလို့သိရပါတယ် သူခိုးကမောင်းလာတာ ဘိန်းတစ်စုံပါကျွတ်ထွက်နေပီ
0
8
ဘဘကတော့စစ်ကူဆိုပီးပို့တာပဲ မြွေစာဖစ်ဖစ်သွားတာလေးပဲရှိတယ် 🫢+2
ဘဘကတော့စစ်ကူဆိုပီးပို့တာပဲ မြွေစာဖစ်ဖစ်သွားတာလေးပဲရှိတယ် 🫢
0
9
မြဝတီမြို့ကိုစစ်ကူလာသည့် “အောင်ဇေယျ” ကြောင်းမှ ဗိုလ်ကြီး (၁)ဦး နှင့် ဗိုလ်လေး တစ်ဦး အပါအဝင် (၆) ဦးသေဆုံး။ ခလရ-၂၇၅ မှ တပ်မ ၄၄+2
မြဝတီမြို့ကိုစစ်ကူလာသည့် “အောင်ဇေယျ” ကြောင်းမှ ဗိုလ်ကြီး (၁)ဦး နှင့် ဗိုလ်လေး တစ်ဦး အပါအဝင် (၆) ဦးသေဆုံး။ ခလရ-၂၇၅ မှ တပ်မ ၄၄ မှူး ဗိုလ်မှူးကြီး စိုးမင်းထက်အပါအဝင် ၃၀ ဦး နှင့်အထက်ဒဏ်ရာရ Salween Press ဧပြီလ ၂၂ ရက် ၂၀၂၄ မြဝတီမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များအား ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA မှ ဦးဆောင်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သံချပ်ကာယာဉ် ၁ စီး၊ စစ်သုံးကား ၂ စီး အပါအဝင် လက်နက်ခဲယမ်း များစွာ သိမ်းဆီးရမိပြီး ဗိုလ်ကြီး (၁)ဦး နှင့် ဗိုလ်လေး တစ်ဦး အပါအဝင် (၆) ဦးသေဆုံးခဲ့သည်ဟု KNU ၏ ဒူးပလာယာခရိုင် - သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။ ဧပြီလ ၂၀ ရက်နေ့တွင် စခန်းအားစွန့်ခွာ၍ မြဝတီ ထိုင်း−မြန်မာချစ်ကြည်ရေး တံတား အမှတ် (၂) အောက်သို့ ထွက်ပြေးတိမ်းရှောင် ခိုအောင်းနေသော ခလရ-၂၇၅ မှ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များအား KNLA နှင့် PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာလည်း စစ်ကောင်စီတပ်မှ ၃၀ ဦးအထက် သေဆုံးခဲ့ပြီး တပ်မ(၄၄) မှူး ဗိုလ်မှူးကြီး စိုးမင်းထက်အပါအဝင် (၃၀) ဦး နှင့်အထက် ဒဏ်ရာရခဲ့သည်။ အပြည့်အစုံဖတ်ရန် - https://www.facebook.com/share/p/SyrCN7BhseMCXKtc/?mibextid=WC7FNe
0
10
နေပြည်တော် လေတပ် အတိုက်ခံရအပြီး အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများ အဖမ်းခံရ ---------------- စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော
နေပြည်တော် လေတပ် အတိုက်ခံရအပြီး အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများ အဖမ်းခံရ ---------------- စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ အေလာလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် ထိုလေဆိပ်အနီးရှိ ကျေးရွာ ၂ ရွာမှ အုပ်ချုပ်ရေးမှူးများအပါအဝင် ဒေသခံ ၇ ဦးကို စစ်တပ်က ဖမ်းဆီးထားသည်။ ဖမ်းဆီးခံရသူများနှင့် ပတ်သက်၍ ပျဉ်းမနားနှင့် လယ်ဝေး ရဲစခန်းများသို့ လိုက်လံ စုံစမ်းမေးမြန်းသော်လည်း မသိရှိကြောင်းနှင့် သိရှိပါက အကြောင်းကြားပေးမည်ဟု ပြောဆိုမှုသာရှိသည်၊ ၁၀ ရက်ကျော်သည်အထိ အဆက်အသွယ်မရရှိသေးသည့်အတွက် မိသားစုဝင်များမှာ လွန်စွာစိတ်ပူပန်နေကြသည်။ အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/51420/ ပုံစာ - Power of Ababil တပ်ဖွဲ့ဝင်တစ်ဦး ဒရုန်းလွှတ်တင်နေသည်ကို ၂၀၂၃ နှစ်ကုန်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-POA) #MyanmarNow #Naypyitaw #နေပြည်တော်
0
11
မြဝတီမြို့ ပြင်းထန်တိုက်ပွဲကြားက သေဆုံးခဲ့ရသော ပြည်သူများ ------------------–--------------------- ဧပြီလ ၂၀ ရက်တွင် ဖြစ်ပွားခ+6
မြဝတီမြို့ ပြင်းထန်တိုက်ပွဲကြားက သေဆုံးခဲ့ရသော ပြည်သူများ ------------------–--------------------- ဧပြီလ ၂၀ ရက်တွင် ဖြစ်ပွားခဲ့သော ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၂ တံတားအနီးတိုက်ပွဲတွင် ရပ်ကွက်နေပြည်သူ ၈ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။ သေဆုံးခဲ့သူများမှာ ထိတွေ့တိုက်ပွဲနှင့် လေကြောင်းပစ်ခတ်မှုများဖြစ်ပွားခဲ့သည့် မြဝတီမြို့ ရပ်ကွက် ၄ နှင့် ၅ အတွင်း နေထိုင်သူများဖြစ်သည်။ စစ်ရှောင်ရန်နေအိမ်မှထွက်ခွာပြီး မိနစ်အနည်းငယ်အတွင်း ရပ်ကွက် ၄ အဝင်၊ လမ်းမပေါ်၌ ပစ်ခတ်ခံရခြင်းဖြစ်ပြီး အဆိုပါ အိမ်စီးကားအား အမှတ် ၂ အဝင်လမ်းဘေးနေရာသို့ ထိုးကျနေသည်ကို တွေ့ရသည်။ “ကားပေါ်မှာက လူကြီး ၂ ယောက် ပါတယ်။ သူ့ချွေးမနဲ့ သမီး ၂ ယောက်ပါတယ်။ မြေးအသေးလေး ၂ယောက်နဲ့ ဆိုင်မှာ အလုပ်လုပ်တဲ့ ကလေးတစ်ယောက် ပါတယ်။ ကလေး ၃ ယောက်၊ လူကြီး ငါးယောက်ပါတာ။ အဲဒီအထဲမှာ ချွေးမနဲ့ သမီးအငယ်ရယ်၊ ဆိုင်မှာ အလုပ်လုပ်တဲ့ ကလေးရယ် သေသွားတယ်” ဟု မိသားစုနှင့် ဆွေမျိုးတော်စပ်သူ ကိုဇက ပြောသည်။ သတင်းအပြည့်အစုံဖတ်ရန် - https://www.facebook.com/share/1gmjTAqeiXeSAtZF/?mibextid=WC7FNe
0
12
အာဏာသိမ်းမှုစတင်ခဲ့တဲ့ Febuary 1 ရက်နေ့ 2021မှစ၍ April.19ရက်နေ့ 2024ထိ သုံးနှစ်တာ စစ်တမ်းကောက်ချက်အရ အာဏာရူးစစ်တပ်ရဲ့ ရမ်းကား
အာဏာသိမ်းမှုစတင်ခဲ့တဲ့ Febuary 1 ရက်နေ့ 2021မှစ၍ April.19ရက်နေ့ 2024ထိ သုံးနှစ်တာ စစ်တမ်းကောက်ချက်အရ အာဏာရူးစစ်တပ်ရဲ့ ရမ်းကားစွာပစ်ခတ်မှုကြောင့် ကျဆုံး ပြည်သူဦးရေ ၄၉၀၀ ဦးခန့် ရှိပီး မတရားဖမ်းဆီးခံထားရသော ပြည်သူ ၂၆၅၄၅ ယောက်၊ လွတ်ငြိမ်းခွင့်ဖြင့်ပြန်လွတ်လာသူ ၆၁၉၆ ယောက် နှင့် မတရားပုဒ်မတပ် ဖမ်းဝရမ်းထုတ်ဖမ်းစီးခံထားရဆဲလူ ၂၀၃၄၉ ဦး ခန့် ရှိပီဖြစ်ကြောင်း သိရှိရပါတယ် မူရင်း Link- https://x.com/aapp_burma/status/1781268788245418475?s=46
0
13
စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် လူငယ် ၅၀၀၀ ဝန်းကျင် တပ်သားသစ် စုဆောင်းခဲ့ပြီးနောက် ဒုတိယအသုတ်အတွက် တပ်သားသစ်ခေါ်ယူရန် ထပ်မံလု
စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် လူငယ် ၅၀၀၀ ဝန်းကျင် တပ်သားသစ် စုဆောင်းခဲ့ပြီးနောက် ဒုတိယအသုတ်အတွက် တပ်သားသစ်ခေါ်ယူရန် ထပ်မံလုပ်ဆောင်လာ နိုင်မင်းလွင်/ဧရာဝတီတိုင်းမ် ဧပြီ ၂၁ ရက် စစ်ရေးအပါအဝင် ဘက်ပေါင်းစုံတွင် မရှုမလှ ရှုံးနိမ့်လာသည့် အာဏာသိမ်း စစ်ကောင်စီက တပ်သားအင်အား အရေးပေါ် လိုအပ်ချက်ကို ဖြည့်တင်းနိုင်ရေးအတွက် အသက်သွင်းလိုက်သော ပြည်သူ့စစ်မှုထမ်း ဥပဒေအရ နှစ်လအတွင်း လူငယ် ၅၀၀၀ ဦးဝန်းကျင်ကို တပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရပြီးနောက် လက်ရှိတွင် ဒုတိယအသုတ် အတွက် ထပ်မံလှုပ်ရှားလာကြောင်း လေ့လာစောင့်ကြည့်သူများထံက သိရသည်။ ဥပဒေနှင့် ပတ်သက်၍ နည်းဥပဒေ ထွက်ရှိရန်ကိုပင် မစောင့်တော့ဘဲ ၎င်းတို့၏ အခြေခံအကျဆုံး ယန္တရားဖြစ်သော ရပ်ကျေးအုပ်ချုပ်ရေး မှူးများဖြင့် ခြေလှမ်းသွက်သွက်ဖြင့် အကောင်အထည်ဖော်ခဲ့ရာ နှစ်လအတွင်း လူငယ် ၅၀၀၀ ဦးဝန်းကျင်ကို ပထမအသုတ်အဖြစ် စုဆောင်းနိုင်ခဲ့ကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့ လာရေးအဖွဲ့ (BACS) က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ သတင်းအပြည့်အစုံဖတ်ရန် - https://www.facebook.com/share/fnxb4U4xpg2JVZpN/?mibextid=WC7FNe
0
14
မိုးဗြဲ (၄၂၂) စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ပေါင်းစုက (၂၅) ဦး ကျဆုံး ဖက်ဒရယ် FM | ဧပြီလ ၂၁ ရက် ရှမ်း - ကယားနယ်စပ် မ+3
မိုးဗြဲ (၄၂၂) စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ပေါင်းစုက (၂၅) ဦး ကျဆုံး ဖက်ဒရယ် FM | ဧပြီလ ၂၁ ရက် ရှမ်း - ကယားနယ်စပ် မိုးဗြဲ (၄၂၂) စခန်းသိမ်းတိုက်ပွဲ (၂) ပတ် အတွင်းမှာ တော်လှန်ရေးတပ်ပေါင်းစုတွေထဲက (၂၅) ဦး ထိခိုက် ကျဆုံးခဲ့ကာ ခြေထောက်ဆုံးရှုံးခဲ့ရတဲ့ ရဲဘော် (၁၅) ဦးခန့် ရှိနေတယ်လို့ သိရပါတယ်။ "တပ်တွင်းမှာ စခ အင်အားအများကြီးမကျန်ပေမယ့် နှစ်နဲ့ချီ ခံတပ်ကာဗာ ကို အထူး တည်ဆောက်ထားတော့ ကျွန်တော်တို့ရဲဘော်ဖက်လည်း မြေပြင်အရ အနီးကဝင်ဆော်ဖို့ အရမ်းစိတ်ခေါ်မူများနေတယ်။ရဲဘော်တွေက မြေပြင်မှာ ထိခိုက်မူများတယ် မနားရဘူး။ ကင်းစောင့်လိုက် ချေမှုန်းရေးဝင်လိုက်နဲ့ အရမ်းပင်ပန်းနေကြပြီဆိုပေမဲ့ ဆက်ပြီးတောင့်ခံနေအုံးမှာဖြစ်တယ်" လို့ ရှေ့တန်းရောက်နေတဲ့ ရဲဘော်တစ်ဦးက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။ အပြည့်အစုံဖတ်ရန် - https://www.facebook.com/share/p/uCb5bhW4LWW4u354/?mibextid=WC7FNe
0
15
မြဝတီ တစ်ရက်တာတိုက်ပွဲအတွင်း ရပ်ကွက်နှစ်ခုရှိ နေအိမ်များ ပျက်စီး (Photo News) **** သံလွင်ခက် ဧပြီ ၂၁၊ ၂၀၂၄။ ဧပြီ ၂၀ ရက်တွင် တ+7
မြဝတီ တစ်ရက်တာတိုက်ပွဲအတွင်း ရပ်ကွက်နှစ်ခုရှိ နေအိမ်များ ပျက်စီး (Photo News) **** သံလွင်ခက် ဧပြီ ၂၁၊ ၂၀၂၄။ ဧပြီ ၂၀ ရက်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ခံခဲ့ရသည့် မြဝတီမြို့ ရပ်ကွက် ၄ နှင့် ၅ အတွင်း နေအိမ်ခြံဝင်း၊ ဟိုတယ်နှင့် ကားများ မီးလောင်ပျက်စီးမှု ရှိခဲ့သည်ကို သံလွင်ခက်သတင်းဌာန၏ ကွင်းဆင်းသတင်းရယူမှုအရ တွေ့ရသည်။ အဆိုပါ ရပ်ကွက်များမှာ ထိုင်း မြန်မာချစ်ကြည်‌ရေးတံတား ၂ အနီးတွင် ကပ်လျက်တည်ရှိသော ရပ်ကွက်များ ဖြစ်သည်။ ရပ်ကွက်နှစ်ခုပေါင်းတွင် အိမ်ခြေ ၁၀ လုံးကျော်လောက် ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီ၏ လေယာဉ်ဗုံးကြဲမှုကြောင့် မီးလောင်ခြင်းနှင့် တိုက်ပွဲအတွင်း လက်နက်ကြီး လက်နက်ငယ် ကျရောက်ထိမှန်မှုကြောင့် ပျက်စီးခဲ့ရခြင်း ဖြစ်သည်။ ဧပြီ ၂၀ ရက် တစ်နေ့တာလုံးနှင့် ဧပြီ ၂၁ နံနက်ပိုင်းအထိ စစ်ကောင်စီဘက်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်မှာ ဗုံးအလုံးရေ ၁၆၀ ကျော်အထိ ကြဲချခဲ့သဖြင့် လူနေအိမ်နှင့် ပြည်သူ ထိခိုက်မှုများ ရှိခဲ့ခြင်း ဖြစ်သည်။ မူရင်းသတင်း link- https://www.facebook.com/share/3JWFerxqffpLDyZt/?mibextid=WC7FNe
0
16
ကော့ကရိတ်တွင် စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်နေသဖြင့် KNLA ပူးပေါင်းတပ်များ ယာယီဆုတ်ခွာ ဧပြီလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်တွင် စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်နေသဖြင့် KNLA ပူးပေါင်းတပ်များ ယာယီဆုတ်ခွာ ဧပြီလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီ၏ခြေလျင်တပ်ရင်း ခလရ-၉၇ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ကော့ကရိတ်မြို့မြောက်ပိုင်းသို့ ဧပြီလ(၂၀)ရက်နေ့မှစ၍ အပြင်းအထန်ထိုးစစ်ဆင်လာသဖြင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ် တပ်စွဲထားသည့် မြို့အချို့နေရာများမှ ယာယီဆုတ်ခွာထားရကြောင်း စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။ လေးလာကြာမြင့်လာသည့် ကော့ကရိတ်တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်က စစ်တပ် တပ်စွဲထားသည့် ကော့ကရိတ်မြို့ပေါ်အချို့နေရာများကို သိမ်းပိုက်ထားနိုင်ခဲ့သော်လည်း ဧပြီလ(၁၁)ရက်နေ့ကစ၍ မြဝတီမြို့သို့ စစ်ကူပေးရန် အင်အားအများအပြားဖြင့် တက်လာသော စစ်ကောင်စီတပ်များကို မြို့အနီးတဝိုက်တွင် ကြားဖြတ် တိုက်ခိုက်နေရာမှ စစ်တပ်၏ထိုးစစ်ဆင်မှုနှင့် လက်နက်ကြီး၊လေကြောင်း အများအပြားသုံးမှုကြောင့် ယာယီဆုတ်ခွာထားရခြင်းဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန် - https://www.facebook.com/share/TzwkowCb4yZgKAra/?mibextid=WC7FNe
0
17
စစ်တပ်ကို တော်လှန်နေတဲ့ အင်အားစုတွေဟာ အခုဆိုရင် မဟာဗျူဟာကျကျ အချိန်ကိုက် ညှိပြီး တိုက်ခိုက်ရေးကို လုပ်ဆောင်ကြဖို့ အခွင့်အရေး ရနေပါတယ်။ အခုချိန်မှာ ကျယ်ဝန်းလှတဲ့ တပြည်လုံးအနှံ့က စစ်တပ်စခန်းချရာ ပစ်မှတ်တွေနဲ့ တပ်ရင်း တပ်ဖွဲ့တွေကို အဆက်မပြတ် တိုက်ခိုက်တာရော တိုက်ချင်ယောင်ပြုပြီး ပရိယာယ်သုံးတာကိုရော တတ်နိုင်သလောက် များနိုင်သမျှများများ ဆောင်ရွက်ဖို့ အခြေအနေ ပေးနေပါတယ်။ Website တွင် ဖတ်ရန် https://bit.ly/4aU3mfL #WhatsHappeningInMyanmar --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
0
18
◼ပြင်ဦးလွင်-နောင်ချိုအစပ်တွင် MDY PDF နှင့် စကစ တို့ တိုက်ပွဲဖြစ်ပွား ၂၁ ဧပြီ မန္တလေး၊ ပြင်ဦးလွင်-နောင်ချိုအစပ်မှာ လက်နက်ကြီး
◼ပြင်ဦးလွင်-နောင်ချိုအစပ်တွင် MDY PDF နှင့် စကစ တို့ တိုက်ပွဲဖြစ်ပွား ၂၁ ဧပြီ မန္တလေး၊ ပြင်ဦးလွင်-နောင်ချိုအစပ်မှာ လက်နက်ကြီးပစ်ခတ်သံတွေကြားရပြီး MDY PDF နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ ဧပြီ ၂၁ ရက် မနက်အစောပိုင်းမှာ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သရက်ကုန်းရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို MDY PDF က ဧပြီ ၁၅ ရက်မှာ သိမ်းပိုက်တိုက်ခိုက်ခဲ့ရာ စကစ ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းပိုက်ရရှိခဲ့တာကြောင့် အကြမ်း ဖက် စကစ က စစ်စခန်းပြန်လည်ရရှိရေး ပြန်လည်တိုက် ခိုက်နေတာဖြစ်ကြောင်း တိုက်ပွဲအခြေအနေ အသေးစိတ်ကို အတိအကျမသိရသေးကြောင်း သတင်းရင်းမြစ်တွေ က ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်ညပိုင်းက ပြင်ဦးလွင်မြို့ရှိ စစ်တက္က သိုလ်(DSA)ကို ရှော့တိုက်ဒုံးအလုံး ၂၀ ကျော်နဲ့ MDY PDF က ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ ဓာတ်ပုံ | သရက်ကုန်းတပ်စခန်းကို MDY PDF က တိုက်ခိုက်သိမ်းပိုက်ခဲ့စဥ်
0
19
မြန်မာနိုင်ငံတွင်း အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ထိုင်း ပြော ဧရာဝတီတိုင်းမ် ဧပြီ ၂၁ ရက် ထိုင်းစစ်တပ်နဲ့ အာဏာပိုင်တွ
မြန်မာနိုင်ငံတွင်း အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ထိုင်း ပြော ဧရာဝတီတိုင်းမ် ဧပြီ ၂၁ ရက် ထိုင်းစစ်တပ်နဲ့ အာဏာပိုင်တွေဟာ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အရပ်သားတွေကို ကာ ကွယ်ပေးမယ့် ကြိုးပမ်းမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေပြီး လူသားချင်းစာနာမှု အကူအညီတောင်းခံတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီဖို့နဲ့ ထိုင်းနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ပျံ့နှံ့လာတာကို တားဆီးဖို့ ရည် ရွယ်ပါတယ်။ စနေနေ့က မြဝတီမြို့အနီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီ တပ်ဖွဲ့တွေကို အမှတ် ၂ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီး မောင်းထုတ်ခဲ့သလို တိုက်ပွဲတွေကြောင့် အရပ်သား ၁၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရပါတယ်။ ဧပြီလ ၅ ရက်ကတည်းက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာခဲ့တဲ့ စစ် ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့်ကို ၄၀ မီလီမီတာ စက်သေနတ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက် ခိုက်ခဲ့သလို ဒရုန်းတွေနဲ့ ဗုံး ၂၀ ချခဲ့တယ်လို့ ထိုင်းရုပ်သံလွှင့်ဌာန NBT က လူမှုကွန်ရက် X မှာ ဖော်ပြပါ တယ်။ သတင်းအပြည့်အစုံဖတ်ရန် - https://www.facebook.com/share/p/bF2tkcCK6gH9QKLB/?mibextid=WC7FNe
0
20
မြ၀တီတွင် စစ်ဘေးရှောင် ကား ၂ စီးအပေါ် စစ်တပ်က ပစ်ခတ်သော ကျည်ကျရောက်ပေါက်ကွဲ၍ သေဆုံးမှုများပြား၊ ယခုည စစ်တပ်က တိုက်လေယာဉ်များဖ
မြ၀တီတွင် စစ်ဘေးရှောင် ကား ၂ စီးအပေါ် စစ်တပ်က ပစ်ခတ်သော ကျည်ကျရောက်ပေါက်ကွဲ၍ သေဆုံးမှုများပြား၊ ယခုည စစ်တပ်က တိုက်လေယာဉ်များဖြင့် တောက်လျှောက် ဗုံးကျဲနေ၍ ပြည်သူ့နေအိမ်များ မီးလောင်ကျွမ်း ရန်ကုန်၊ ဧပြီ ၂၀ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ယနေ့ စစ်ဘေးရှောင် ကား ၂ စီးအပေါ် စစ်တပ်က ပစ်ခတ်သော ကျည်ကျရောက်ပေါက်ကွဲ၍ သေဆုံးမှုများပြားကြောင်း မြ၀တီမြို့မှ စစ်ဘေးရှောင်များကို ကူညီပေးနေသော ပရဟိတသမားတချို့ထံမှ သိရှိရသည်။ ယနေ့ နံနက်ပိုင်း အမှတ် ၂ တံတားအနီးတွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွား၍ ဒေသပြည်သူများက ကားများ ၊ ဆိုင်ကယ်များဖြင့် ထွက်ပြေးကြကြောင်း၊ ယင်းသို့ ထွက်ပြေးစဉ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ရာ စစ်ဘေးရှောင် ကား ၂ စီး ထိမှန်ခဲ့ကြောင်း၊ ထို့ကြောင့် ကားပေါ်လိုက်ပါသော ကလေး အပါအဝင် စစ်ဘေးရှောင်ပြည်သူများ ထိခိုက်သေဆုံးမှုများရှိကြောင်း ၊ လက်ရှိအချိန်အထိ ထိုင်းဘက်ခြမ်းသို့ လူနာတင်ပို့မှု ၁၀ ဦးထက်မနည်းရှိနေပြီဖြစ်​ကြောင်း သိရှိရသည်။ သတင်းအပြည့်အစုံဖတ်ရန် - https://www.facebook.com/share/p/gn7uXNe1XRK8PMYz/?mibextid=WC7FNe
0