cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qilingÂť, bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

Myanmar News 🇲🇲

Ko'proq ko'rsatish
Reklama postlari
5 319
Obunachilar
Ma'lumot yo'q24 soatlar
-517 kunlar
-13730 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

06:26
Video unavailableShow in Telegram
အားလုံး မင်္ဂလာရှိကြပါစေ။ တိုင်းပြည်အခြေအနေလည်း အရင်လောက်မဆိုးတော့ဘူး။ ဒါကြောင့် ဘာမှမတင်ဖြစ်တာပါ။ ဝေဖန်လေကန်ရေးတွေ လျှော့ပြီး အလုပ်ပြန်လုပ်ကြရမယ့်အချိန်ရောက်ပြီလေ။ လူငယ်တွေ အတတ်ပညာသင်ပြီး အလုပ်ကိုအင်တိုက်အားတိုက်လုပ်ရမယ်။ လူကြီးတွေလည်း ကုသိုလ်အလုပ်လုပ်ကြပါ။ ကိုမျိုးဝင်းထောင်အချခံလိုက်ရတယ်ကြားကတည်းက ဘာမှဝင်ပြီး ဝေဖန်လေကန်လိုစိတ်မရှိတော့တာ၊ အင်တာနက်မသုံးဘဲနေတော့လည်း တော်တော်အေးချမ်းတယ်။ Video လေးကတော့ Facebook မှာ ခုတလောတွေ့တွေ့နေရလို့ YouTube မှာသွားရှာထားတာ။ ခိုင်မာလွင်တဲ့။ အကကောင်းတယ်။ သီချင်းလေးလည်း ကောင်းတယ်။
Hammasini ko'rsatish...
💎ရတနာပုံ💎_ရေး_အင်္လကာကျော်စွာရွှေပြည်အေး_ဆို_မြန်မာပြည်သိန်းတန်.mp457.02 MB
“GameChange ပုံပြောင်းပွဲ” ရုရှားယူကရိန်းစစ်က တဖြေးဖြေးနဲ့ Game change ဆိုတဲ့ ပုံပြောင်းပွဲပုံစံဖြစ်လာတယ်။ ယူကရိန်းစစ်ကိုစတိုက်တဲ့အချိန်မှာ ရည်ရွယ်ချက်နဲ့တုန့်ပြန်မှုတွေကတစ်မျိုးဖြစ်ပြီး အခုနောက်ဆုံးတဖြေးဖြေးပုံသဏ္ဍန်ကော အနှစ်သာရကော ပြောင်းလာတယ်။ အစက ယူကရိန်းကိုသင်္ခန်းစာပေးပြီး Regime change လောက်အထိသာ ထင်မှတ်ခဲ့ရပြီး အခုတော့ ကမ္ဘာ့ချိန်ခွင်လျှာပါ အပြီးပြောင်းမယ့်ပွဲလို ဖြစ်လာတယ်။ အနောက်အုပ်စုက ရုရှားကို ဒီတစ်ခေါက်အပြီးရိုက်ချတော့မယ်ဆိုတဲ့ပုံစံနဲ့ ကိုယ်ပါအနာခံပြီး လောင်းကြေးထပ်လာသလို ရုရှားဖက်ကလည်း အနောက်အုပ်စုလောင်းကြေးအတိုင်း ပုံပြောင်းပွဲပုံစံ ဆက်လိုက်လာတယ်။ အနောက်အုပ်စုဖက်က အိပ်သွန်ဖာမှောက် အကုန်လောင်းကြေးထပ်ထားပြီးသလိုဖြစ်နေပြီး ရုရှားဖက်မှာ တရုတ်နဲ့ အိန္ဒိယဆိုတဲ့ ဖဲနှစ်ချပ်ကျန်နေသေးတယ်။ အမေရိကန်က တရုတ်ကို ထိုင်ဝမ်နဲ့ပွဲလုပ်ပြီး ရုရှားမှာဝင်မပါနိုင်ဖို့လုပ်ခဲ့ပေမယ့် တရုတ်က ထိုင်ဝမ်ပွဲကိုမကခဲ့ဘူး။ တရုတ်ရဲ့ရည်ရွယ်ချက်က ကိုယ်တိုင်ဝင်မကစားပဲ ရုရှားဖက်ကဘေးထိုးပေးမယ့်သဘော တွေ့ရပါတယ်။ ၁၅ ရက်နေ့က ရုရှားသမ္မတနဲ့တရုတ်သမ္မတတို့ ဥဇဘက်ကစ္စတန်မှာတွေ့ဆုံမယ့်ပွဲရဲ့ ဆွေးနွေးမယ့်အကြောင်းအရာတွေက ယူကရိန်းစစ်နဲ့ ထိုင်ဝမ်ကိစ္စဆွေးနွေးမယ်လို့ အတိအလင်းကြေငြာထားတယ်။ ဒါကြောင့် ယူကရိန်းရုရှားစစ်မှာ တရုတ်ပါဝင်ပတ်သက်မှုရှိလာနိုင်တယ်။ အိန္ဒိယက အမေရိကန်ဦးဆောင်တဲ့ အင်ဒိုပိစိဖိတ်စီးပွားရေးဖိုရမ်အဖွဲ့ IPEF ကနေ စက်တင်ဘာ ၁၅ နေ့ကနှုတ်ထွက်ခဲ့တယ်။ အဲ့ဒီကထွက်ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးကို အိန္ဒိယဝန်ကြီးချုပ်မိုဒီတက်ဖို့ လုပ်ဆောင်လာတယ်။ ဒါကိုကြည့်ရင် အိန္ဒိယက လတ်တလောပိုအကျိုးဖြစ်မှာသေချာတဲ့ အရှေ့အုပ်စုဖက်ကိုရွေးချယ်မယ်လို့ သုံးသပ်လို့ရတယ်။ ရုရှားတစ်နိုင်ငံတည်းနဲ့ အနောက်အုပ်စုကို ယူကရိန်းမှာယှဉ်နေတာ ရုရှားကနျူလက်နက်မသုံးဘူးဆိုရင် ကြာရင်ရှုံးသွားပါလိမ့်မယ်။ တကယ်လို့ တရုတ်သာ ရုရှားဖက်ပူးပေါင်းလာရင်တော့ အဖြေတစ်မျိုးပြောင်းလာနိုင်တယ်။ အနည်းဆုံး အချိန်ပိုကြာကြာ စစ်တိုက်နိုင်မှာပေါ့။ ဒါလည်းဗျူဟာလိုပါအုံးမယ်။ လက်ရည်တူရုံသာရှိသေးတဲ့အတွက် အကွက်ရွေ့မှားတဲ့ဖက် စားခံရမှာပဲ။ အမေရိကန်ဖက်က ဒေါ်လာရယ် Swift ရယ်ကိစ္စမှာ အသာရထားပြီး ရုရှားဖက်က ရေနံနဲ့တရားဝင်စစ်တိုက်ခွင့်ရထားတယ်။ သဘောက စစ်ပွဲအတိုးအဆုတ်ကို ရုရှားဆုံးဖြတ်ပိုင်ခွင့်ရှိနေတယ်။ ရူဘယ်လ်နဲ့ယွမ်ကို အချိုးကျကျလှုပ်ရှားနိုင်ရင် ဒေါ်လာကိုမနိုင်တောင် ခြေရည်တူကစားနိုင်လိမ့်မယ်။ ရုရှားဖက်မှာ အိန္ဒိယနဲ့နိုင်ငံတချို့ရှိနေနိုင်သေးတယ်။ ရုရှားရဲ့ဝင်ငွေနဲ့လိုအပ်ချက်တွေကို အိန္ဒိယနဲ့တချို့နိုင်ငံတွေကလည်း ဖြည့်ပေးနိုင်ပါတယ်။ ဥပမာ အီရန်တို့ မြောက်ကိုရီးယားတို့လည်း လိုအပ်ရင်ရုရှားကိုပံ့ပိုးနိုင်တယ်။ ဘာလို့ဆို အဲ့ဒီနိုင်ငံတွေက အမေရိကန်ကိုကြည့်မရကြဘူးလေ။ ယူကရိန်းစစ်ရဲ့အမြင့်ဆုံး Tempo က ဥရောပဆောင်းရာသီမှစပါလိမ့်မယ်။ ဥရောပနိုင်ငံတွေက ပြည်သူတွေရဲ့သည်းခံနိုင်မှုက အဆုံးအဖြတ်ပေးလိမ့်မယ်။ ပြည်သူတွေသည်းမခံနိုင်မှုမြင့်တက်လာရင် ဥရောပနိုင်ငံတွေအလျော့ပေးရလိမ့်မယ်။ မလျော့ရင် အစိုးရအပြောင်းအလဲတွေမြင်လာရမှာပဲ။ ယူကရိန်းစစ်ကြောင့် လောလောဆယ် နေတိုးဝင်ပါမယ်ဆိုတဲ့ ဆွီဒင်ဝန်ကြီးချုပ် ထပ်ပြုတ်သွားပြီ။ ဗီယက်နမ်နိုင်ငံကစက်ရုံတွေ အမေရိကန်နဲ့ဥရောပကအမှာစာတွေ လျော့ကျသွားပြီ။ ပြင်သစ်မှာ အီဖယ်မျှော်စင်အပါအဝင် အားလုံးကို မီးစောစောပိတ်ဖို့ကြေငြာလိုက်ရပြီ။ ယူကရိန်းနဲ့ရုရှားစစ်ဖြစ်တာ တခြားဥရောပနိုင်ငံကပြည်သူတွေ မှောင်ထဲမှာရေခဲတွေနဲ့အတူထိုင်နေရမယ့်ကိစ္စကို ဥရောပသားတွေ ဘယ်လောက်တောင့်ခံမလဲဆိုတာ ကြည့်ရပါမယ်။ ဥရောပဖက်ကဆောင်းရာသီမှာ ဥရောပသားတွေကျော်လွှားနိုင်ဖို့ လိုအပ်မယ့်လောင်စာကို အရှေ့အလယ်ပိုင်းကရယူရမှာဖြစ်ပေမယ့် ဒီနှစ်တော့ အဆင်သင့်မဖြစ်လောက်သေးပါဘူး။ ရုရှားဖက်က ပိတ်ဆို့ခံထားတဲ့ငွေရပေါက်တွေကို တရုတ်အိန္ဒိယအပါအဝင် သူ့ရဲ့မိတ်ဆွေနိုင်ငံတွေကနေ ရအောင်ယူနိုင်မှရလိမ့်မယ်။ အဲ့ဒီအချက်တွေက ရုရှားနဲ့အနောက်အုပ်စုရင်ဆိုင်ပြီးရအောင် ကျော်လွှားရမယ့်ကိစ္စတွေသာဖြစ်တယ်။ အောင်မြင်အောင်ဖြတ်ကျော်နိုင်တဲ့ဖက်က အသာရမှာဖြစ်ပြီး နှစ်ဖက်စလုံးကဖြတ်ကျော်နိုင်ရင် ကမ္ဘာကြီးကနောက်ပိုင်း အဲ့ဒီဖြတ်ကျော်ပြီးတဲ့ပုံစံအတိုင်းသာ ရှိနေတော့လိမ့်မယ်။ အဲ့လိုရှိနေတော့မှာက လက်ရှိအနေအထားကနေ ပုံသဏ္ဍန်ပြောင်းသွားမယ့် Game change ပုံစံဖြစ်သွားစေတာပါပဲ။ ရုရှားနဲ့ဥရောပ အကြောပြတ်သွားပြီး ရုရှားကအာရှဖက်ကိုရောက်လာလိမ့်မယ်။ အနောက်အုပ်စုက အရှေ့ဖက်ကိုလာပြီးစွက်ဖက်ဖို့ အရင်ကလောက်အာဏာထက်တော့မှာမဟုတ်တော့ဘူး။ ဒါကြောင့် နေရာမပျောက်သွားအောင် ထိုင်ဝမ်ကိုဥပဒေပြုပြီး ဆက်ပတ်သက်နေဖို့အမေရိကန်လုပ်တာ။ အရှေ့အုပ်စုက အမေရိကန်နဲ့အနောက်အုပ်စုမပါတဲ့ အသိုက်အဝန်းတစ်ခုအဖြစ် လည်ပတ်စေလိမ့်မယ်။ ဥရောပက အရင်လိုအဆင်ပြေပြေ ဈေးသက်သက်သာသာနဲ့ စီးပွားရေးလည်ပတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ အမြဲတမ်းရုရှားနဲ့ စစ်ရေးထိပ်တိုက်ရင်ဆိုင်နေရပြီး စစ်စရိတ်ပိုသုံးနေရပါတော့မယ်။
Hammasini ko'rsatish...
ဘယ်လိုအဆုံးသတ်ပါစေ ကမ္ဘာကြီးက အရင်ပုံစံအမေရိကန်တစ်နိုင်ငံတည်းရဲ့ကမ္ဘာကြီးတော့ မဖြစ်နိုင်တော့သလို ပုံမှန်တိုးတက်နေတဲ့ဥရောပဆိုတာမျိုး မဖြစ်နိုင်တော့ဘူး။ ကမ္ဘာ့စီးပွားရေးဗဟိုချက် အာရှဖက်ရောက်လာပါလိမ့်မယ်။ တစ်ဖက်ဖက် (ရုရှားက Underdog ဖြစ်နေတော့ ဥရောပဖက်ကစညှိရမယ်ထင်တယ်) က အလျော့ပေးလိုက်ရင်တော့ ပုံစံတစ်မျိုးဖြစ်သွားနိုင်တယ်။ မိုးတင့်(ရန်ကုန်တက္ကသိုလ်) ၁၅၊၉၊၂၀၂၂
Hammasini ko'rsatish...
ဘယ်လိုအဆုံးသတ်ပါစေ ကမ္ဘာကြီးက အရင်ပုံစံအမေရိကန်တစ်နိုင်ငံတည်းရဲ့ကမ္ဘာကြီးတော့ မဖြစ်နိုင်တော့သလို ပုံမှန်တိုးတက်နေတဲ့ဥရောပဆိုတာမျိုး မဖြစ်နိုင်တော့ဘူး။ ကမ္ဘာ့စီးပွားရေးဗဟိုချက် အာရှဖက်ရောက်လာပါလိမ့်မယ်။ တစ်ဖက်ဖက် (ရုရှားက Underdog ဖြစ်နေတော့ ဥရောပဖက်ကစညှိရမယ်ထင်တယ်) က အလျော့ပေးလိုက်ရင်တော့ ပုံစံတစ်မျိုးဖြစ်သွားနိုင်တယ်။ မိုးတင့်(ရန်ကုန်တက္ကသိုလ်)
Hammasini ko'rsatish...
“GameChange ပုံပြောင်းပွဲ” ရုရှားယူကရိန်းစစ်က တဖြေးဖြေးနဲ့ Game change ဆိုတဲ့ ပုံပြောင်းပွဲပုံစံဖြစ်လာတယ်။ ယူကရိန်းစစ်ကိုစတိုက်တဲ့အချိန်မှာ ရည်ရွယ်ချက်နဲ့တုန့်ပြန်မှုတွေကတစ်မျိုးဖြစ်ပြီး အခုနောက်ဆုံးတဖြေးဖြေးပုံသဏ္ဍန်ကော အနှစ်သာရကော ပြောင်းလာတယ်။ အစက ယူကရိန်းကိုသင်္ခန်းစာပေးပြီး Regime change လောက်အထိသာ ထင်မှတ်ခဲ့ရပြီး အခုတော့ ကမ္ဘာ့ချိန်ခွင်လျှာပါ အပြီးပြောင်းမယ့်ပွဲလို ဖြစ်လာတယ်။ အနောက်အုပ်စုက ရုရှားကို ဒီတစ်ခေါက်အပြီးရိုက်ချတော့မယ်ဆိုတဲ့ပုံစံနဲ့ ကိုယ်ပါအနာခံပြီး လောင်းကြေးထပ်လာသလို ရုရှားဖက်ကလည်း အနောက်အုပ်စုလောင်းကြေးအတိုင်း ပုံပြောင်းပွဲပုံစံ ဆက်လိုက်လာတယ်။ အနောက်အုပ်စုဖက်က အိပ်သွန်ဖာမှောက် အကုန်လောင်းကြေးထပ်ထားပြီးသလိုဖြစ်နေပြီး ရုရှားဖက်မှာ တရုတ်နဲ့ အိန္ဒိယဆိုတဲ့ ဖဲနှစ်ချပ်ကျန်နေသေးတယ်။ အမေရိကန်က တရုတ်ကို ထိုင်ဝမ်နဲ့ပွဲလုပ်ပြီး ရုရှားမှာဝင်မပါနိုင်ဖို့လုပ်ခဲ့ပေမယ့် တရုတ်က ထိုင်ဝမ်ပွဲကိုမကခဲ့ဘူး။ တရုတ်ရဲ့ရည်ရွယ်ချက်က ကိုယ်တိုင်ဝင်မကစားပဲ ရုရှားဖက်ကဘေးထိုးပေးမယ့်သဘော တွေ့ရပါတယ်။ ၁၅ ရက်နေ့က ရုရှားသမ္မတနဲ့တရုတ်သမ္မတတို့ ဥဇဘက်ကစ္စတန်မှာတွေ့ဆုံမယ့်ပွဲရဲ့ ဆွေးနွေးမယ့်အကြောင်းအရာတွေက ယူကရိန်းစစ်နဲ့ ထိုင်ဝမ်ကိစ္စဆွေးနွေးမယ်လို့ အတိအလင်းကြေငြာထားတယ်။ ဒါကြောင့် ယူကရိန်းရုရှားစစ်မှာ တရုတ်ပါဝင်ပတ်သက်မှုရှိလာနိုင်တယ်။ အိန္ဒိယက အမေရိကန်ဦးဆောင်တဲ့ အင်ဒိုပိစိဖိတ်စီးပွားရေးဖိုရမ်အဖွဲ့ IPEF ကနေ စက်တင်ဘာ ၁၅ နေ့ကနှုတ်ထွက်ခဲ့တယ်။ အဲ့ဒီကထွက်ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးကို အိန္ဒိယဝန်ကြီးချုပ်မိုဒီတက်ဖို့ လုပ်ဆောင်လာတယ်။ ဒါကိုကြည့်ရင် အိန္ဒိယက လတ်တလောပိုအကျိုးဖြစ်မှာသေချာတဲ့ အရှေ့အုပ်စုဖက်ကိုရွေးချယ်မယ်လို့ သုံးသပ်လို့ရတယ်။ ရုရှားတစ်နိုင်ငံတည်းနဲ့ အနောက်အုပ်စုကို ယူကရိန်းမှာယှဉ်နေတာ ရုရှားကနျူလက်နက်မသုံးဘူးဆိုရင် ကြာရင်ရှုံးသွားပါလိမ့်မယ်။ တကယ်လို့ တရုတ်သာ ရုရှားဖက်ပူးပေါင်းလာရင်တော့ အဖြေတစ်မျိုးပြောင်းလာနိုင်တယ်။ အနည်းဆုံး အချိန်ပိုကြာကြာ စစ်တိုက်နိုင်မှာပေါ့။ ဒါလည်းဗျူဟာလိုပါအုံးမယ်။ လက်ရည်တူရုံသာရှိသေးတဲ့အတွက် အကွက်ရွေ့မှားတဲ့ဖက် စားခံရမှာပဲ။ အမေရိကန်ဖက်က ဒေါ်လာရယ် Swift ရယ်ကိစ္စမှာ အသာရထားပြီး ရုရှားဖက်က ရေနံနဲ့တရားဝင်စစ်တိုက်ခွင့်ရထားတယ်။ သဘောက စစ်ပွဲအတိုးအဆုတ်ကို ရုရှားဆုံးဖြတ်ပိုင်ခွင့်ရှိနေတယ်။ ရူဘယ်လ်နဲ့ယွမ်ကို အချိုးကျကျလှုပ်ရှားနိုင်ရင် ဒေါ်လာကိုမနိုင်တောင် ခြေရည်တူကစားနိုင်လိမ့်မယ်။ ရုရှားဖက်မှာ အိန္ဒိယနဲ့နိုင်ငံတချို့ရှိနေနိုင်သေးတယ်။ ရုရှားရဲ့ဝင်ငွေနဲ့လိုအပ်ချက်တွေကို အိန္ဒိယနဲ့တချို့နိုင်ငံတွေကလည်း ဖြည့်ပေးနိုင်ပါတယ်။ ဥပမာ အီရန်တို့ မြောက်ကိုရီးယားတို့လည်း လိုအပ်ရင်ရုရှားကိုပံ့ပိုးနိုင်တယ်။ ဘာလို့ဆို အဲ့ဒီနိုင်ငံတွေက အမေရိကန်ကိုကြည့်မရကြဘူးလေ။ ယူကရိန်းစစ်ရဲ့အမြင့်ဆုံး Tempo က ဥရောပဆောင်းရာသီမှစပါလိမ့်မယ်။ ဥရောပနိုင်ငံတွေက ပြည်သူတွေရဲ့သည်းခံနိုင်မှုက အဆုံးအဖြတ်ပေးလိမ့်မယ်။ ပြည်သူတွေသည်းမခံနိုင်မှုမြင့်တက်လာရင် ဥရောပနိုင်ငံတွေအလျော့ပေးရလိမ့်မယ်။ မလျော့ရင် အစိုးရအပြောင်းအလဲတွေမြင်လာရမှာပဲ။ ယူကရိန်းစစ်ကြောင့် လောလောဆယ် နေတိုးဝင်ပါမယ်ဆိုတဲ့ ဆွီဒင်ဝန်ကြီးချုပ် ထပ်ပြုတ်သွားပြီ။ ဗီယက်နမ်နိုင်ငံကစက်ရုံတွေ အမေရိကန်နဲ့ဥရောပကအမှာစာတွေ လျော့ကျသွားပြီ။ ပြင်သစ်မှာ အီဖယ်မျှော်စင်အပါအဝင် အားလုံးကို မီးစောစောပိတ်ဖို့ကြေငြာလိုက်ရပြီ။ ယူကရိန်းနဲ့ရုရှားစစ်ဖြစ်တာ တခြားဥရောပနိုင်ငံကပြည်သူတွေ မှောင်ထဲမှာရေခဲတွေနဲ့အတူထိုင်နေရမယ့်ကိစ္စကို ဥရောပသားတွေ ဘယ်လောက်တောင့်ခံမလဲဆိုတာ ကြည့်ရပါမယ်။ ဥရောပဖက်ကဆောင်းရာသီမှာ ဥရောပသားတွေကျော်လွှားနိုင်ဖို့ လိုအပ်မယ့်လောင်စာကို အရှေ့အလယ်ပိုင်းကရယူရမှာဖြစ်ပေမယ့် ဒီနှစ်တော့ အဆင်သင့်မဖြစ်လောက်သေးပါဘူး။ ရုရှားဖက်က ပိတ်ဆို့ခံထားတဲ့ငွေရပေါက်တွေကို တရုတ်အိန္ဒိယအပါအဝင် သူ့ရဲ့မိတ်ဆွေနိုင်ငံတွေကနေ ရအောင်ယူနိုင်မှရလိမ့်မယ်။ အဲ့ဒီအချက်တွေက ရုရှားနဲ့အနောက်အုပ်စုရင်ဆိုင်ပြီးရအောင် ကျော်လွှားရမယ့်ကိစ္စတွေသာဖြစ်တယ်။ အောင်မြင်အောင်ဖြတ်ကျော်နိုင်တဲ့ဖက်က အသာရမှာဖြစ်ပြီး နှစ်ဖက်စလုံးကဖြတ်ကျော်နိုင်ရင် ကမ္ဘာကြီးကနောက်ပိုင်း အဲ့ဒီဖြတ်ကျော်ပြီးတဲ့ပုံစံအတိုင်းသာ ရှိနေတော့လိမ့်မယ်။ အဲ့လိုရှိနေတော့မှာက လက်ရှိအနေအထားကနေ ပုံသဏ္ဍန်ပြောင်းသွားမယ့် Game change ပုံစံဖြစ်သွားစေတာပါပဲ။ ရုရှားနဲ့ဥရောပ အကြောပြတ်သွားပြီး ရုရှားကအာရှဖက်ကိုရောက်လာလိမ့်မယ်။ အနောက်အုပ်စုက အရှေ့ဖက်ကိုလာပြီးစွက်ဖက်ဖို့ အရင်ကလောက်အာဏာထက်တော့မှာမဟုတ်တော့ဘူး။ ဒါကြောင့် နေရာမပျောက်သွားအောင် ထိုင်ဝမ်ကိုဥပဒေပြုပြီး ဆက်ပတ်သက်နေဖို့အမေရိကန်လုပ်တာ။ အရှေ့အုပ်စုက အမေရိကန်နဲ့အနောက်အုပ်စုမပါတဲ့ အသိုက်အဝန်းတစ်ခုအဖြစ် လည်ပတ်စေလိမ့်မယ်။ ဥရောပက အရင်လိုအဆင်ပြေပြေ ဈေးသက်သက်သာသာနဲ့ စီးပွားရေးလည်ပတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ အမြဲတမ်းရုရှားနဲ့ စစ်ရေးထိပ်တိုက်ရင်ဆိုင်နေရပြီး စစ်စရိတ်ပိုသုံးနေရပါတော့မယ်။
Hammasini ko'rsatish...
နောက်ဘဝ မြန်မာပြည်မှာ လူလာမဖြစ်ပါ​စေနဲ့ ဆိုတာမျိုး​တွေ့ရင် ဟာ ​စောက်​ပေါ ​စောက်​ပေါမ ပါလားလို့​တွေးမိတယ်... မသိရင်ဘဲ မြန်မာပြည်ကလွဲ ကျ​န်​နေရာ​တွေက နတ်ပြည်လိုလို ဘာလိုလို​ပေါ့ 😛😛 ကံကံ၏အကျိုး ဝဋ်​ကြွေးသ​ဘော နားမလည်​သေးတာကသာ... လူဖြစ်ရကျိုးမနပ်တာ 🤔🤔 Yz
Hammasini ko'rsatish...
ရုရှား မိတ်ဆွေတစ်ယောက်နဲ့ စကားပြောဖြစ်တယ် လဲမှို့၊ ဝါဂွမ်း ခေါင်းအုံးတို့ စောင်တို့ ရုရှားကိုပို့ပါလားတဲ့ ဆောင်းရာသီဆိုနွေးတယ်တဲ့ ဒီဇိုင်းလေးတွေတော့ စွဲဆောင်မှုရှိအောင်လုပ်ပေါ့တဲ့ ငါတို့ ထိုင်းကိုအလည်သွားရင် ဒေါ်လာရာချီပေးဝယ်နေရတယ်တဲ့ ခေါင်းအုံးလေးကအိပြီး စောင်လေးကနွေးတယ်တဲ့ ငါတို့လူမျိုးတွေကြိုက်ကြတယ်တဲ့... ဒီမှာ အဲ့ လဲမှို့ဆိုတဲ့ အပင်မပေါက်ဘူးလေတဲ့ Kyaw Swar Htet (ဝယ်ချင်တဲ့သူရှိမရှိ အွန်လိုင်းကနေ အရင်ဆုံး အစမ်းသဘောရောင်းကြည့်ပေါ့။ ဒါက ဥပမာပြောတာပါ။ ရုရှားနဲ့တိုက်ရိုက်လေကြောင်းလိုင်းလည်းရှိတော့မှာဆိုတော့ တခြားပစ္စည်းတွေလည်း ရောင်းစရာစျေးကွက်တစ်ခုတော့ တိုးမယ်ထင်တယ်။)
Hammasini ko'rsatish...
ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ (Shanghai Cooperation Organization (SCO) သို ဆွေးနွေးဖက်နိုင်ငံ (Dialogue Partner) အဖြစ် ဝင်ရောက်ရန် မြန်မာနိုင်ငံက လျှောက်ထားမှုအား စက်တင်ဘာ ၁၅ မှ ၁၆ ရက်အထိ ပြုလုပ်မည့် SCO နိုင်ငံ့အကြီးအကဲများ ကောင်စီ (Council of Heads of State) အစည်းအဝေးတွင် လက်ခံစဉ်းစားမည်ဖြစ်ကြောင်း ရုရှားသမ္မတ၏ SCO ဆိုင်ရာ အထူးကိုယ်စားလှယ် Bakhtiyor Khakimov က ထုတ်ဖော်ပြောကြားခဲ့တယ်လို သိရှိရ။
Hammasini ko'rsatish...
အာမေးနီးယား မှာလည်း RE သိုက်က ကြောက်စရာ ဒါကြောင့် အာမေးနီးယား အဇာဘိုင်ဂျန် နယ်စပ်ပြသနာတင်သာမက စစ်ပါဖြစ်သွားခဲ့လေပြီးပြီ ယူကရိမ်းမှာ ရှိတဲ့ သံရိုင်းသိုက် သတ္တုသိုက်(အဓိက RE) ကျောက်မီးသွေးသိုက်တွေ ရှိသမျှ Resources တွေ အကုန် ရုရှားထိမ်းချုပ်နယ်မြေထဲမှာ ၇ ကြိမ်မြောက် EEF မှာ ပူတင်ရဲ့ ဝဲယာ ၂ ဖက်က လူတွေကို ကြည့်မိရင်း ပူတင်ဟာ ကုန်းတွင်းပိတ် အာမေးနီးယားလို သေးငယ်တဲ့နိုင်ငံလေးနဲ့ ကမ္ညာကဆန်ရှင်တွေချမှတ်ခံထားရတဲ့ မြန်မာလိုနိုင်ငံငယ်လေးက ခေါင်းဆောင် 2ယောက်ကို ပွဲထုတ်ခြင်းက ကမ္ဘာကို RE နဲ့ ခြိမ်းခြောက်ခြင်းပါပဲ.... ကမ္ဘာပေါ်မှာ RE နယ်စုံမှာ ထွက်တယ်လို ပြောနေကြပေမယ့် တကယ်လိုအပ်တဲ့ ရှားပါး RE သတ္တုက နိုင်ငံတိုင်းမထွက်ပါဘူး လက်ချိုးရေလိုရပါတယ် အာဖရိကမှာရှိတဲ့ နိုင်ငံတိုင်းနီးပါး RE ရှိတယ် ဒါပေမယ့် အဲ့ RE က တန်ဖိုးရှိတဲ့ RE ရှားပါး RE ဆိုရင် တော့ အမေရိကန်ဟာ အာဖရိကတတိုက်လုံးနီးပါး တရုတ်ကို စီးပွားရေးအရ သိမ်းထားတာကို လက်ခံမှာမဟုတ်ပဲ တရုတ်ထက် သူလက်ဦးမှုယူလို သူ့အရင် လုပ်နေမှာပေါ့ဗျာ ... မဟုတ်ဘူးလား ပြော? ကမ္ဘာ့ ပေါ်မှာ တရုတ်ပြီးရင် ဒုတိယ အများဆုံး RE reserve ရှိတဲ့ ဗီယက်နမ် နိုင်ငံမှာ အမေရိကန် အနေဖြင့် ဖွံဖြိုးမှုတွေ လုပ်ပေးတယ်ဆိုပြီး RE တွေက်ိ တူးနေမှာပေါ့.. .. ဟုတ်တယ်.. ဟုတ်? ?? RE က နိုင်ငံတိုင်းနီးပါးမှာ ရှိတယ် ဒါပေမယ့် စီးပွားဖြစ်ထုတ်လို ကိုက်မကိုက်ဆိုတာလည်း ကျန်သေးတယ် ယူရေနီယံ ဆိုတာတောင် RE ထဲ မပါဘူး နောက်ပြီး ရှားပါး တန်ဖိုးကြီးတဲ့ RE ဟာ နေရာတိုင်း နိုင်ငံတိုင်းမှာ မရှိဘူး RE အုပ်စုက စုစုပေါင်း 17 မျိုးရှိတယ်.. ပူတင်ကတော့ အချဥ်မဟုတ်ဘူးဗျ 1997 မှာ Economic နဲ့ Ph.D ရခဲ့တယ်... သူ့ Ph.D စာတမ်းခေါင်းစဥ်က (a thesis on the strategic planning of the mineral economy) တဲ့...ဗျာ #ထူးဥာဏ်
Hammasini ko'rsatish...
07:41
Video unavailableShow in Telegram
မြန်မာမှာ ရုရှားတည်ဆောက်မယ့် နျူကလီးယား ဓါတ်အားပေးစက်ရုံ - အပိုင်း ၁ https://burmese.voanews.com/a/6739483.html
Hammasini ko'rsatish...
မြန်မာမှာ_ရုရှားတည်ဆောက်မယ့်_နျူကလီးယား_ဓါတ်အားပေးစက်ရုံ_အပိုင်း.mp433.98 MB
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.