cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

Lynn Moe Set Channel

Digital Marketing & Content Creation နဲ့ပက်သက်တာတွေ လေ့လာကြမယ် ။ အလုပ်အကိုင်အခွင့်အလမ်းရှာဖွေကြမယ် ။

Ko'proq ko'rsatish
Reklama postlari
937
Obunachilar
+124 soatlar
+17 kunlar
+4930 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

🔳 Social Media ပေါ်မှာ 𝐂𝐨𝐧𝐭𝐞𝐧𝐭 ကောင်းတွေဖန်တီးပြီး လုပ်ငန်းတိုးတက်ချင်သူတွေအတွက် 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐖𝐫𝐢𝐭𝐢𝐧𝐠 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐀𝐝𝐯𝐚𝐧𝐜𝐞 အတန်းလာပါပြီ ယနေ့ခေတ်အွန်လိုင်းပေါ်မှာငွေရှာနိုင်ဖို့ Content ကောင်းတွေက အရေးကြီးပါတယ်။ Content ကောင်းတစ်ခုရဲ့ စွမ်းပကားက သင့်ကို အချိန်တိုတွင်း လူသိများအောင်လုပ်ပေးနိုင်ပါတယ်။ Facebook ပေါ်မှာတင်မက TikTok ၊ YouTube ၊ Telegram ၊ Viber အစရှိတဲ့ အခြားPlatform ပေါ်မှာလည်း Content တွေ ဘယ်လိုဖန်တီးရမလဲ မသိဖြစ်နေတယ်၊ ရောင်းအားတွေကျပြီး Page မှာဘာတင်ရမှန်းမသိဖြစ်နေတယ်၊ Page မှာ Content ကောင်းတွေဖန်တီးပြီး ဝင်ငွေတိုးချင်သူတွေအတွက်လည်း 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐖𝐫𝐢𝐭𝐢𝐧𝐠 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐀𝐝𝐯𝐚𝐧𝐜𝐞 ဆိုပြီး မကြာခင်ဖွင့်လှစ်ပေးတော့မှာဖြစ်ပါတယ် ။ ‼️လက်ရှိအချိန်မှာ သင့်လုပ်ငန်းကို တိုးတက်ပြောင်းလဲအောင် Content တွေအပေါ်မှာ Invest လုပ်ပါ။ တစ်ရက်တက်ပြီး နောက်ရက်မပျက်ချင်အောင် Content နဲ့ပတ်သတ်ပြီး Ideas ကောင်းတွေရဖို့ အာမခံပါတယ်။ 🔳 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐖𝐫𝐢𝐭𝐢𝐧𝐠 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 ဆိုတာ -2022မတိုင်ခင်ကတည်းကစတင်ခဲ့ပြီးသင်တန်းသား(4000)နီးပါးတက်ရောက်ခဲ့တဲ့ Content Writing Training -ပို့စ်မတင်ခင်ကတည်းက လူမေးများပြီးကြိုတင်စာရင်းပေးနေကြတဲ့ အွန်လိုင်းသင်တန်း -ပေးရတဲ့ဈေးထက် ဆယ်ဆသာတဲ့ အသိပညာ၊လက်တွေ့အသုံးချသင့်တာတွေ မျှဝေပေးနေတဲ့ Reviews အကောင်းဆုံး သင်တန်း ဖြစ်ပါတယ်။ 🎉သင်တန်းနှစ်ခုလုံးကို Zoom ကနေ Face to Face သင်ပေးမှာဖြစ်ပြီး Zoom တိုက်ရ်ိုက်မတက်နိုင်သူတွေအတွက် အချိန်မရွေးနေရာမရွေး လေ့လာနိုင်အောင် Record Video လည်း ပြန်တင်ပေးထားပါတယ်။ သင်တန်းပြီးလို့ Content Writer လုပ်ချင်သူတွေအတွက်လည်း Internship Program လေးတွေစီစဉ်ပေးထားပါတယ်။ 📌Bonus အစီအစဉ်အနေနဲ့ ဘာတွေရှိသေးလဲ ? -သင်ထောက်ကူအဖြစ် PDF Course -လုပ်ငန်းအတွေ့အကြုံရစေမည့် Internship Program -အခမဲ့လေ့လာနိုင်မည့်Free Learning Resource -အခမဲ့ Content Creator Free Class -တစ်သက်တာမေးမြန်းနိုင်မည့် Messenger Group -Assignments ထပ်သူတွေအတွက် Certificate -နောက်သင်တန်းတွေအတွက် 20%Discount -နားမလည်ရင် နောက်ထပ် သင်တန်းတစ်ကြိမ်ပြန်တက်ခွင့်စတာတွေ Bonus ရရှိမှာပါ။ 📌သင်တန်းကာလ Advance : 15.7.2024 - 21.7.2024 (8PM -10PM) 📌သင်တန်းကြေး Advance : 150000 MMK (သင်တန်းသားဟောင်းတွေက 120000 နဲ့တက်ရောက်နိုင်ပါတယ်) 📌ဘယ်လိုလူတွေတက်သင့်လဲ ? -Content Writer အဖြစ်ရပ်တည်ချင်တဲ့ လူငယ်တွေ -Content ကောင်းတွေဖန်တီးပြီး လုပ်ငန်းတိုးတက်ချင်တဲ့ Business Owner တွေ -အားလပ်ချိန်မှာ စာရေးပြီး ဝင်ငွေရှာချင်တဲ့ Freelancer တွေ -Page မှာဘာတင်ရမှန်းမသိဖြစ်နေတဲ့ Page Admin တွေ -ကိုယ့်ရဲ့ Fan စစ်စစ်တည်ဆောက်ချင်တဲ့ Blogger တွေ၊ Youtuber တွေ -Content နဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့မည်သူမဆို 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐖𝐫𝐢𝐭𝐢𝐧𝐠 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 ( 𝐀𝐝𝐯𝐚𝐧𝐜𝐞 ) ကို Join နိုင်ပါတယ် ။ ကိုယ်တိုင်က Digital Marketing Agency တစ်ခုကိုဦးဆောင်နေသူဖြစ်လို့ အလုပ်အကိုင်၊အခွင့်အလမ်းနှင့် လုပ်ငန်းတိုးတက်ဖို့ အကြံဉာဏ်ကောင်းတွေပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ် ။ အဆင်မပြေမှုတွေကို စာဖွဲ့နေမည့်အစား အခွင့်အလမ်းတွေကို လက်တွေ့ရှာဖွေကြည့်ပါ။ Content နဲ့ပတ်သက်ပြီး ကူညီပေးဖို့ အဆင်သင့်ရှိနေပါတယ် ။သင်ခန်းစားအသေးစိတ်က်ု Comment မှာကြည့်နိုင်ပါတယ်။ “အွန်လိုင်းပေါ်မှာ အခွင့်အလမ်းဖွေရှာပါ “ #LynnMoeSet #contentwritingtraining #advanced #AdvanceClas
Hammasini ko'rsatish...
1
Photo unavailableShow in Telegram
▪️TikTokပေါ်မှာ လုပ်ငန်းစမယ်ဆိုရင် ဒီအချက်လေးတွေသိထားပါ အခုနောက်ပိုင်း TikTok နဲ့ပတ်သက်ပြီးလာမေးကြတာများလို့ အခုမှစသုံးမည့်သူတွေ သိထားရမည့် အခြေခံအချက်လေးတွေဖော်ပြပေးလိုက်ပါတယ်။ -TikTokမှာ အသက်၁၃ကနေစပြီး အကောင့်စဖွင့်လို့ရပါတယ် ။ -ရက်၃၀အတွင်း တစ်ကြိမ်နာမည်ပြောင်းလို့ရပါတယ် ။ -Followers ၁၀၀၀အနည်းဆုံးရှိမှ Live စလွှင့်လို့ရမှာဖြစ်ပါတယ် ။ -Engagement ကောင်းချင်ရင် အတက်နိုင်ဆုံး 60 seconds မကျော်တဲ့ Short Video တွေဖန်တီးပါ ။ -မတူညီတဲ့အကောင့်၃ခုနဲ့ အခြားသော Apps တွေမှာ ဝင်ရောက်ထားနိုင်ပါတယ် ။ -တစ်နေ့မှာ Like ၅၀၀ ထက်ပိုပေးလို့မရပါဘူး ။ -တစ်နေ့ကို အကောင့် 200 အထိ Follow လို့ရပါတယ် ။ -Policy အရ Profile မှာ Active ဖြစ်တဲ့လင့်ခ်တွေပဲ ထည့်ထားသင့်ပါတယ် ။ -Friends တွေကို Mention ခေါ်လို့ရသလို Trend နဲ့အညီ Hashtags တွေ သုံးလို့ရပါတယ် ။ -Live Comment တွေရဲ့အောက်မှာ 150 symbols သုံးလို့ရပြီး တိုက်ရိုက်စာပို့ချိန်မှာ 6000 Symbols လောက်အထိ အသုံးပြုနိုင်ပါတယ် ။ -ဖြစ်နိုင်ရင် တစ်နေ့ ၃ပို့စ်လောက်တင်သင့်ပြီး ပို့စ်မတင်ပဲအကြာကြီး မတင်ပဲပြစ်မထားသင့်ပါဘူး။ -Entertainment / Education / Trending / Challenges ဖြစ်မည့် ပို့စ်မျိုးတွေဦးစားပေး ဖန်တီးသင့်ပါတယ် ။ -တကယ်လို TikTok ပေါ်မှာ ဘယ်လိုစတင်ရမလဲမသိဖြစ်နေတယ် ၊ TikTokနဲ့ပတ်သက်ပြီး Video ဖန်တီးဖို့အခက်တွေ့နေရင် TikTok Package လေးတွေ Cbမှာစုံစမ်းလို့ရပါတယ် ။ -TikTok Video ဖန်တီးပုံအဆင့်ဆင့် -TikTok မှာငွေရှာနိုင်ပုံတွေ -TikTok Trend အကြောင်းလေ့လာနိုင်ပုံတွေ -View တက်အောင်လုပ်ဆောင်ရမည့် သော့ချက်တွေ -TikTok ရဲ့ စည်းမျဉ်းစည်းကမ်းတွေအကြောင်းအသေးစိတ်သိချင်ရင်လည်း မကြာခင်စတင်မည့် Digital Marketing Essential အတန်းလေးကို join နိုင်ပါတယ်။အသေးစိတ်ကို Comment မှာကြည့်လို့ရပါတယ်။ #lynnmoeset #DigitalMarketingEssentials #Batch23
Hammasini ko'rsatish...
👍 5
Photo unavailableShow in Telegram
▪️TikTok Marketing စိတ်ဝင်စားသူတွေအတွက် ဒါလေးနှိပ်ကြည့်ပါ https://www.facebook.com/share/DoMhF7QT3KpHksQv/?mibextid=WC7FNe
Hammasini ko'rsatish...
Log in or sign up to view

See posts, photos and more on Facebook.

▪️Creative Content ဖန်တီးနိုင်ဖို့ လိုအပ်တဲ့ အချက်(၄)ချက် ယနေ့ခေတ်ရဲ့ပြောင်းလဲမှုတွေနောက်မှာ Creative Content ဆိုတာကလည်း အားလုံးဂရုစိုက်လာရတဲ့ အချက်ဖြစ်ပါတယ် ။ သာမန်Content တွေနဲ့လုပ်ငန်းစီးပွားတွေကို ထိုးဖောက်လို့မရတော့တဲ့အခါ ကိုယ်ဖန်တီးတဲ့ Content ရဲ့ Headline ၊ Format ၊ CTA တွေကိုလည်း ပုံစံပြောင်းမှ ရပါလိမ့်မယ် ။ ဒီနေရာမှာ သူများတွေက ဘာလို့ဒီလောက် Creative ဖြစ်နေတာလဲဆိုတာ မေးခွန်းထုတ်မည့်အစား အခုပြောမည့် အချက်ကလေးတွေ ကိုယ့်ဆီမှာ ရှိလား အရင်လေ့လာကြည့်ပါ ။ ✴️Ideas Generate လုပ်တတ်ပြီလား Product တစ်ခုလက်ထဲရောက်လာပြီဆိုတာနဲ့ သူ့ရဲ့အားသာချက်၊ အခြားProduct တွေနဲ့ဘာတွေကွဲလဲ ၊ ဘာတွေထူးခြားလဲ ၊ ဘယ်လိုဖန်တီးထားတာလဲ ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ထုတ်ထားတာလဲ ၊ သူ့ရဲ့သမိုင်းကြောင်းက ဘာလဲ ၊ လူတွေဘာကြောင့်သုံးသင့်တာလဲ စသဖြင့် Product ကို အခြေခံပြီး Ideas Generate လုပ်တတ်ဖို့လိုပါတယ် ။ ဒီလိုမှ မစဉ်းစားနိုင်ရင် ကိုယ့်Product ကိုလူတွေသိအောင် ကြိုးစားတဲ့အခါ အခက်အခဲရှိနိုင်ပါတယ် ။ ✴️Critical Thinking ရှိပြီလား ဝေဖန်ပိုင်းခြားနိုင်စွမ်းလို့ပဲ ဆိုရမလား တစ်ခုခုဆို လူစိတ်ဝင်စားအောင် Content ကို ဘယ်လိုလေးရေးလိုက်မယ် ၊ ဘာခေါင်းစဉ်လေးပေးလိုက်မယ် စသဖြင့် ကိုယ့်မှာ Critical Thinking ရှိဖို့လိုတယ် ။ သူများမစဉ်းစားမိတာ ၊သူများမလုပ်သေးတာတွေကိုလည်း Risk ယူပြီး စွန့်စားနိုင်ဖို့ လိုတယ် ။တစ်ချို့သူတွေဘာကြောင့် အိုင်ဒီယာကောင်းတာလဲ သူတို့က အဟောင်းထက် အသစ်တွေကို ဖန်တီးဖို့ အစဉ်သဖြင့် ကြိုးစားနေလို့ပါ ။ ✴️Keywords Research သေချာလုပ်နိုင်ပြီလား မြန်မာနိုင်ငံမှာ လူကြိုက်များမည့် စာလုံးအသုံးအနှုန်းတွေ ၊လူတွေဘာကို အာရုံစိုက်ကြလဲဆိုတာလောက်တော့ Content ဖန်တီးမည့်သူက သိနေသင့်ပါတယ် ။ ဘယ်လို Keywords တွေနဲ့ ကိုယ့်Product ကို တင်စားရမယ်၊ ဖန်တီးရမယ် ဆိုတာ တွေးတောနေဖို့လိုပါတယ် ။ ဥပမာတွေနဲ့ပြတာ ၊ ဇာတ်လမ်းသွားတွေနဲ့စဉ်းစားတာ ၊ လူကြိုက်မည့်အစီအစဉ်တွေကို ပြန်အသုံးချတာတွေ လုပ်ဆောင်သင့်ပါတယ် ။ ✴️Trend ကိုမျက်ခြေမပျက်စောင့်ကြည့်တတ်လား Content ကောင်းတွေဖန်တီးတတ်ချင်ရင် နေ့စဉ် Trend ကို ခြေရာကောက်တတ်ဖို့လိုပါတယ် ။ Trend နဲ့ကိုက်ညီတဲ့ အကြောင်းအရာကို Content ထဲမှာ မြှပ်နှံပြီး လူတွေရဲ့ Attention ရဖို့ စဉ်းစားသင့်ပါတယ် ။ တစ်ခုသတိထားရမှာက Trend နောက်ကို အတင်းလိုက်ပြီး မဆိုင်တာတွေကို Content ထဲ အတင်းဇွတ်ထည့်လိုက်မယ်ဆိုရင်တော့ အဆဲခံရဖို့များပါတယ်။ ဒါ့ကြောင့် ဖန်တီးမည့်သူ ပါးနပ်ဖို့လည်း အရေးကြီးပါတယ် ။ ဒီတော့ ကိုယ်ဖန်တီးတဲ့ Content ကျစ်ကျစ်လစ်လစ်ဖြစ်ချင်တယ် ။ မြင်လိုက်တာနဲ့ လူတွေတစ်ခုခုခံစားမိစေချင်တယ်။ ရှယ်စေချင်တယ်ဆိုရင် မကြာခင် ပြုလုပ်မည့် Content Writing Training Advance အတန်းလေးမှာ တက်ရောက်နားထောင်စေချင်ပါတယ်။ လူဦးရေကန့်သတ်ထားလို့ စိတ်ဝင်စားရင် CB မှာစာရင်းပေးလို့ရပါသေးတယ် ။ “အွန်လိုင်းပေါ်မှာ အခွင့်အလမ်းဖွေရှာပါ” #lynnmoeset #creativecontent
Hammasini ko'rsatish...
2
Photo unavailableShow in Telegram
▪️အိမ်မှာနေရင်း ဝင်ငွေရှာနိုင်မဲ့ Freelance Website ( ၇ ) ခု ဒီနေ့မှာတော့ Freelance နဲ့ပတ်သက်ပြီး အတွေ့အကြုံမရှိတဲ့ လူငယ်တွေကနေ Professional အဖြစ် ရပ်တည်ဖူးသူတွေအထိ အိမ်မှာနေရင်း ဝင်ငွေရှာနိုင်မဲ့ Freelance Website ( ၇ ) ခုကို ဖော်ပြပေးလိုက်ရပါတယ် ။ - Freelancer Freelance လုပ်ဖို့ စဉ်းစားနေတဲ့ beginner အတွက် သင့်တော်လှတဲ့ Data Entry, Sales & Marketing, HR, content-writing, translation အတွက် အသင့်တော်ဆုံး website ပဲ ဖြစ်ပါတယ် ။ အခြားနယ်ပယ်တွေလည်း ရှိသေးတာမို့ Freelancing လုပ်တော့မယ်ဆိုရင် ဒီမှာအရင်စမ်းလုပ်သင့်ပါတယ် ။ 🌐 www.freelancer.com - Guru Beginner တွေအတွက် အလုပ်ခေါ်စာအများဆုံး နောက်ထပ် website ဖြစ်ပါတယ် ။ Profile တစ်ခုဖန်တီးပေးပြီး အလုပ်ပြီးဆုံးသွားပြီဆိုရင်တော့ 5% ကနေ 9% service fees ပေးရပါတယ် ။ 🌐 www.guru.com - Upwork Service fees အနည်းငယ်များပေမဲ့လည်း လက်ရှိမှာတော့ IT လောကသားအများစုအတွက်တော့ ယုံကြည်စိတ်ချရတဲ့ freelance website တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ် ။ နယ်ပယ်ပေါင်းများစွာအတွက် အလုပ်ခေါ်စာတွေရှိပြီး client နဲ့သင့်ကြား အလုပ်လုပ်ဖြစ်မှသာ service fees ကို ဖြတ်သွားမှာ ဖြစ်ပါတယ်။ 🌐 www.upwork.com - Fiverr Digital Marketing , Audio & video editing, content-writing သမားတွေအတွက်တော့ ပိုအသုံးတည့်ပါတယ် ။ ကောင်းတာတစ်ခုက Portfolio ကောင်းတစ်ခုကိုပါ ရိုးရှင်းလွယ်ကူစွာနဲ့ တည်ဆောက်ပေးနိုင်တာပါပဲ ။ 🌐 www.fiverr.com - Toptal E-commerce, Banking နဲ့ ‌Finance ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေပါ တွေ့မြင်နိုင်တဲ့ freelance site တစ်ခုဖြစ်ပါတယ် ။ နယ်ပယ်စုံအတွက် အလုပ်လုပ်နိုင်သလို နာမည်ကျော် company တွေရဲ့ အလုပ်ခေါ်စာတွေကိုလည်း တွေ့မြင်နိုင်ပါသေးတယ် ။ 🌐 www.toptal.com - Behance ဓာတ်ပုံရိုက်တာတွေ၊ ဒီဇိုင်းဆွဲရတာတွေနဲ့ ပက်သက်လို့ စိတ်ဝင်တစားအလုပ်လုပ်ချင်ရင်တော့ Behance က သင့်အတွက်ပါပဲ ။ တီထွင်ဖန်တီးမှုအားကောင်းရင်ကောင်းသလောက် အလုပ်ရနိုင်တဲ့အပြင် အသိုင်းအဝိုင်းကောင်းတစ်ခုလည်း ပိုင်ဆိုင်သွားနိုင်ပါတယ် ။ 🌐 www.behance.net LinkedIn အလုပ်ခေါ်စာ၊ work from home ၊ Freelance ဆိုတဲ့စကားလုံးတွေ ပါလာတိုင်းမှာ လူတိုင်းလိုလို သတိရတတ်တဲ့ LinkedIn ကိုတော့ ချန်ထားခဲ့လို့ရမယ် မထင်ပါဘူး ။ ဝင်ငွေလည်း ရှာပေးနိုင်သလို ပညာလည်း ကောင်းကောင်းရှာပေးနိုင်တဲ့ website ဖြစ်တာမို့ နောက်ဆုံးပိတ် အိတ်နဲ့လွယ် အဖြစ် ဖော်ပြပေးလိုက်ရပါတယ် ။ 🌐 www.linkedin.com/ အထက်ပါ website တွေကတော့ အိမ်မှာနေရင်း ဝင်ငွေတိုးစေမဲ့ freelance website တွေပဲ ဖြစ်ပါတယ် ။ Business, Digital Marketing, Computer Science, Web Devlopment, Social Media, Data Entry, Translation, Content-writing, Management, Graphic Design စတဲ့ နယ်ပယ်ပေါင်းများစွာက အလုပ်အကိုင်ပေါင်းများစွာကို တစ်နေရာတည်းမှာ ရှာဖွေနိုင်တဲ့ website တွေပဲဖြစ်တာကြောင့် အလုပ်အကိုင်ရှားပါးတဲ့ ဒီကာလမှာ ကျွမ်းကျင်မှုကို အရင်းပြုရင်း ဝင်ငွေဖန်တီးနိုင်ကြပါစေလို့လည်း တိုက်တွန်းလိုက်ရပါတယ် ။ 😊 “အွန်လိုင်းပေါ်မှာအခွင့်အလမ်းဖွေရှာနိုင်ကြပါစေ” #lynnmoeset #freelancertips
Hammasini ko'rsatish...
LinkedIn: Log In or Sign Up

1 billion members | Manage your professional identity. Build and engage with your professional network. Access knowledge, insights and opportunities.

Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.