cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

PVTV Myanmar

Public Voice is Public Power.

Ko'proq ko'rsatish
Reklama postlari
15 689
Obunachilar
+224 soatlar
+27 kunlar
-4830 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

01:23
Video unavailableShow in Telegram
မြိုင်သံဃာတော်တွေက အကြမ်းဖက်စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက် ဇွန် ၂၇ ၊၂၀၂၄ မကွေးတိုင်း၊ မြိုင်မြိုနယ်အတွင်းရှိ သံဃာတော်တွေက အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ပွဲကို ဒီနေ့ ဇွန် ၂၇က် မနက်၈နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှာ သံဃာတော်အပါး ၁၀၀ကျော်နဲ့ ဒါကာ ၊ ဒါကာမများဝန်းရံပြီး သပိတ်မှောက်ခဲ့ကြပါတယ်။ အကြမ်းဖက်စစ်ကောင်စီက ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ကို ဇွန် ၁၉ ရက်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့သလို ဇွန် ၂၂ ရက်မှာလည်း မြင်းခြံမြို့၊ ဆခမကျေးရွာက ခန်းနေဆရာတော် ဦးဥတ္တမကို ထပ်မံသတ်ဖြတ်ခဲ့တာတွေကြောင့် သံဃာတော် တွေက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်နေကြတာပါ။ #SpringRevolution #PVTV #PVTVNews #PVTV Telegram Channel -https://t.me/pvtvmyanmar #PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
Hammasini ko'rsatish...
449141942_1022700962848387_9214725652467082251_n.mp46.74 MB
အကြမ်းဖက်စစ်တပ်ရဲ့ စခန်းတွေ ထပ်မံသိမ်းပိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်း ရမိတယ်လို့ TNLA ထုတ်ပြန် ဇွန် ၂၇ ၊ ၂၀၂၄ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) တတိယရက်မှာ အကြမ်းဖက်စစ်တပ်ရဲ့ စခန်းတွေကို ထပ်မံသိမ်းပိုက်ပြီး လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းဆည်းရမိတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။ တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ မိုးကုတ်မြို့နယ် အေးစေတီမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ ခလရ(၈၈)လက်အောက်ခံ လပခ၊ ခလရ- ၁၄၈တပ်စခန်းအား ဒီနေ့မနက် ၈ နာရီ ၃၀ မိနစ်မှာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ TNLA က အသိပေးထားပါတယ်။ ကျောက်မဲမြို့မှာလည်း ဒီနေ့မနက် ၅ နာရီ ၄၀ မိနစ်မှာ TNLA နဲ့ MDY-PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စကခ(၁)၊ ခမရ(၅၀၁)၊ (၅၀၂)တပ် တို့အကြား စည်ပင်ဘုန်းတော် ကြီးကျောင်းနဲ့ နောင်ပြစ် နေရာတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ နောင်ချိုမြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ - ၁၁၅ တပ်စခန်းအား တအာင်းတပ် TNLA စစ်ကြောင်းမှ ဒီနေ့မနက် ၆ နာရီကျော်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့သလို မနက် ၁၀ နာရီခန့်မှာလည်း အုမ္မခါးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်းကို တအာင်းတပ် TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ နောင်ချိုမြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ တပ်ရင်း ၁၁၄ စခန်းကို တအာင်းတပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်နေချိန် ဒီနေ့မနက် ၁၁ နာရီ ၁၄ မိနစ်မှာ အကြမ်းဖက် စစ်တပ်က အဆိုပါ စခန်းကို Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို မွန်းလွဲ ၁၁ နာရီ ၃၀ မိနစ် မှာ လည်း ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။ တအာင်းတပ်မတော် TNLA နဲ့ MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့မှ အကြမ်းဖက် စစ်ကောင်စီတပ်ရင်း (၆၀၆)တပ်စခန်းအား ဒီနေ့မနက် ၁၁ နာရီမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ၁၁ နာရီ ၅၀ မိနစ် မှာ အကြမ်းဖက်စစ်တပ်က Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ကျောက်မဲမြိုနယ်မှာ တအာင်းတပ်ထံ လက်နက်ချအလင်းဝင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲဝင် (၁၇) ဦးနဲ့အတူ ၆၀မမ ( ၂) လက်၊ စလတ် (၆)လက်၊ RPG-7 (၂)လက်၊ စနိုက်ဘာ (၁) လက်၊ ပစ္စတို(၅)လက်၊ မိုင်း(၅)လုံး၊ ၆၀မမ ဗုံးသီးနဲ့ RPG ဗုံးသီးများအပြင် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်မျိုးစုံ (၅၉)မျိုးနဲ့ ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့တယ် လို့လည်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်အသိပေးထားပါတယ်။ #SpringRevolution #PVTV #PVTVNews #PVTV Telegram Channel -https://t.me/pvtvmyanmar #PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
Hammasini ko'rsatish...
PVTV Myanmar

Public Voice is Public Power.

👍 10 1
ပတ္တနိက္ကုဇ္ဇန ကံဆောင် သံဃာသပိတ်အား ထောက်ခံတဲ့ လှုပ်ရှားမှု ပြုလုပ် ဇွန် ၂၇ ၊ ၂၀၂၄ ရန်ကုန်မြို့ တော်လှန်ညီနောင်လေးဖွဲ့မှ ဓမ္မဘက်မှ ရဲဝံစွာ ရပ်တည်ပြီး တိုက်ပွဲဝင်နေတဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင် သံဃာသပိတ်အား ပူးပေါင်းထောက်ခံတဲ့ သပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သံဃာတော်များရဲ့ ကံဆောင်သပိတ်အား ထောက်ခံတဲ့လှုပ်ရှားမှုကို ဇွန် ၂၆ မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး၊ တဆက်တည်း ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးတဲ့ (၄၈) နှစ်ပြည့် အဖြစ် “မင်းတို့ စစ်ဖိနပ်အောက်မှာ ငါတို့ဘယ်တော့မှ ဒူးမထောက်ဘူး၊ အမှန်တရား ဘက်မှာ ငါတို့ ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်” ဆိုတဲ့ ဆလိုင်းတင်မောင်ဦး စိတ်ဓာတ်ကို ကိုင်စွဲ ကြပါလို့လည်း ဆိုပါတယ်။ ဒီလှုပ်ရှားမှုတွေကို Owl Community၊ LinnYoung Ni Youth Association (LYNYA)၊ Kyimyindaing Networks (KMD18) နဲ့ Mayangone Democratic Front (MDF) တို့မှ ပူပေါင်း ပြုလုပ် ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ #SpringRevolution #PVTV #PVTVNews #PVTV Telegram Channel -https://t.me/pvtvmyanmar #PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
Hammasini ko'rsatish...
👍 4
ရန်ကုန်မြို့ မှာ “ဖက်ဆစ်တပ်ကိုစွန့်ခွာကြ ပြည်သူ့ရင်ခွင်ခိုလှုံကြ” စတေကာများ ဖြန့်ဝေ ဇွန် ၂၇ ၊ ၂၀၂၄ ရန်ကုန်မြို့ နေရာအနှ့မှာ “မင်းတို့အလှည့်ကျ ငိုမပြကြေး သွေးကြွေး ကို သွေးနဲ့ပဲတောင်းမယ်” ဖက်ဆစ်တပ်ကို စွန့်ခွာကြ ပြည်သူ့ရင်ခွင် ခိုလှုံကြ” စာသားပါ စတေကာများ လိုက်လံဖြန့်ဝေကာ စစ်အာဏာရှင် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလှုပ်ရှားမှုကို ဒဂုံမြို့သစ်မြောက်ပိုင်း အဖိနှိပ်ခံ သပိတ်အင်အားစုမှ ဇွန် ၂၆ မနေ့က ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ #SpringRevolution #PVTV #PVTVNews #PVTV Telegram Channel -https://t.me/pvtvmyanmar #PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
Hammasini ko'rsatish...
👍 13 8
ဖားကန့်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကြောင့် ဒေသခံပြည်သူတစ်ဦးသေဆုံးပြီး ၁၀ဦးကျော် ဒဏ်ရာရ ဇွန် ၂၇ ၊ ၂၀၂၄ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာမှာ ဇွန် ၂၆ရက် မနက် ၁၀နာရီမှာ အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီး ၁၀လုံးပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတစ်ဦး သေဆုံးပြီး ၁၀ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံပြည်သူတစ်ဦးက PVTVကို ပြောပါတယ်။ “စစ်ကောင်စီတပ်က လှမ်းပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေကြောင့် ဒေသခံပြည်သူ ၁၀ဦးကျော် ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ စိုးရိမ်ရတဲ့သူတွေလည်း ရှိတယ်၊ တစ်ဦးကတော့ ဆုံးသွားပြီ”လို့ ဒေသခံပြည်သူတစ်ဦးက PVTVကို ပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေက စိန်မြသုက္ခဘုန်းကြီး ကျောင်းနောက်မှာ တစ်လုံး၊ အားမာန်သစ်လျှပ်စစ်ပစ္စည်းပြုပြင်ရေးဆိုင်နားမှာ တစ်လုံးနဲ့ ရှမ်းကုန်းစျေးနားက အိမ်မှာ တစ်လုံး အသီးသီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံပြည်သူ ၁၀ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်း ၃ကြောင်း ထိုးလာ တာကြောင့် စစ်ရေးတင်းမာလျက်ရှိနေပြီး ဒေသခံပြည်သူတွေအနေနဲ့လည်း အပြင်မထွက်ကြဘဲ ဆိုင်တွေအကုန်ပိတ်ပြီး နေအိမ်ထဲမှာပဲ နေကြရတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ် ဇွန် ၂၆ရက် မနက် ၁၀နာရီ ၃၀မိနစ်မှာ စစ်ကြောင်းထိုး လာတာကြောင့် နှစ်ဖက် စစ်ရေးတင်းမာနေတဲ့အပြင် ဇွန်လ ၂၅ရက်နေ့ မနက် ၃နာရီမှာလည်း ဖားကန့်ဖက်ကနေ ဆိုင်းတောင်ဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် ဆိုင်းတောင်တံတားနားမှာ လုံခြုံရေးယူနေတဲ့ KIA/PDFပူးပေါင်းတပ်နဲ့ အပြန်အလှန်ပစ်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ ဒေသခံပြည်သူတွေထံမှ သိရပါတယ်။ #SpringRevolution #PVTV #PVTVNews #PVTV Telegram Channel -https://t.me/pvtvmyanmar #PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
Hammasini ko'rsatish...
PVTV Myanmar

Public Voice is Public Power.

1
👍 4
"နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း" က အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ပြုလုပ် ဇွန် ၂၇ ၊ ၂၀၂၄ ယင်းမာပင်မြို့နယ်ရဲ့ "နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း" က အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။ တော်လှန်ပြည်သူတွေက "နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း" နဲ့ "ငုံ့မခံဘဲ တုံ့ပြန်မယ့် သံမဏိနှင်းဆီတွေ" ဆိုတဲ့ စာသား ကိုင်ဆောင်ပြီး အကြမ်းဖက် စစ်တပ်ကျရှုံးရေး ဟစ်ကြွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။ ဒေသခံတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ အကြမ်းဖက်စစ်တပ်ကျရှုံး ရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါတယ်။ #SpringRevolution #PVTV #PVTVNews #PVTV Telegram Channel -https://t.me/pvtvmyanmar #PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
Hammasini ko'rsatish...
3
ယာယီသမ္မတ က ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီးပျံလွန်တော်မူခဲ့ရခြင်းအတွက် ဝမ်းနည်းသဝဏ်လွှာပေးပို့ ဇွန် ၂၇၊၂၀၂၄ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလ က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် (ငြိမ်း)၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ရခြင်း အတွက် ဒီနေ့မှာ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။ သဝဏ်လွှာထဲမှာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် (ငြိမ်း)၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသကို ဇွန်လ ၁၉ ရက်နေ့က မန္တလေးတိုင်း၊ ငါန်းဇွန်-မြို့သာလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ပျံလွန် တော်မူခဲ့ရခြင်းအတွက် အထူးပင် စိတ်ထိခိုက် ဝမ်းနည်း ကြေကွဲရတယ်လို့ ဖော်ပြထား ပါတယ်။ ဆရာတော်ဘုရားကြီးက ပရိယတ္တိသာသနာအတွက် စွမ်းစွမ်းတမံ အားထုတ် ကြိုးပမ်း ဆောင်ရွက်နေတဲ့ သာသနာ့အာဇာနည် ရဟန်းတပါး ဖြစ်တဲ့အတွက် ပို၍ပင် ယူကျုံးမရ နှမြောတသဖြစ်မိတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ ဘုရားသားတော် မြတ်သံဃာများကိုပင် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ဝံ့တဲ့ အကြမ်းဖက် စစ်တပ်လုပ်ရပ်က ဗုဒ္ဓဘာသာတရပ်လုံးကို စော်ကားလိုက်ခြင်းဖြစ်လို့ ပြင်းထန်စွာ ပြစ်တင် ရှုတ်ချတယ်လို့ ယာယီသမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်တပ်က အဖြစ်မှန်ကို တမင်ဖုံးကွယ်ပြီး PDF အဖွဲ့အစည်းကို ရည်ရွယ်ချက်ရှိရှိ အပြစ်ပုံချ လိမ်လည်လှည့်ဖျားကာ သတင်းထုတ်ပြန်၊ ပြောဆိုခြင်းကလည်း သံဃာထုနဲ့တိုင်းပြည်ကို ထပ်လောင်း စော်ကားလိုက်ခြင်းပင် ဖြစ်တယ်လို့ ဆိုပါတယ်။ "ဒီလိမ်ညာမှုအတွက် အကြမ်းဖက်စစ်တပ်ရဲ့ အဆင့်ဆင့်သော တာဝန်ရှိသူအားလုံးက အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံရမယ်"လို့ ယာယီသမ္မတဒူဝါလရှီးလ က သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ တိုင်းပြည်မှာ အကြမ်းဖက်စစ်တပ် သက်ဆိုးရှည်နေသရွေ့ အခုကဲ့သို့ ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်ဆိုးများနဲ့ဆက်လက် ကြုံတွေ့နေကြရဦးမှာဖြစ်လို့ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်း ပပျောက်ရေးအတွက် ဘာသာပေါင်းစုံ တိုင်းပြည်လူထုတရပ်လုံးနဲ့လက်တွဲ အစွမ်းကုန် ဆက်လက် ကြိုးပမ်း အားထုတ်သွားမှာဖြစ်တာ်လို့ ခိုင်ကျည်စွာ သန္နိဋ္ဌာန်ပြုတယ်လို့ဝမ်းနည်းသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ #SpringRevolution #PVTV #PVTVNews #PVTV Telegram Channel -https://t.me/pvtvmyanmar #PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
Hammasini ko'rsatish...
PVTV Myanmar

Public Voice is Public Power.

👍 5
Photo unavailableShow in Telegram
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.