uz
Feedback
ရေးမယ် - Yay Mal

ရေးမယ် - Yay Mal

Kanalga Telegram’da o‘tish

အနုပညာနှင့် အတတ်ပညာ ပေါင်းစပ်အသက်မွေးပါ

Ko'proq ko'rsatish
5 762
Obunachilar
+624 soatlar
+77 kunlar
+1130 kunlar
Postlar arxiv
Native Speaker တွေလို သဘာဝကျကျ အင်္ဂလိပ်စာ ပြောချင်ပေမဲ့ Standard English စကားလုံးတွေပဲ အမြဲသုံးမိနေပါသလား။❓ 💭 ဒါဆိုရင်တော့ Native တွေ နေ့စဉ်ဘဝမှာ တကယ်သုံးနေတဲ့ Idioms (အီဒီယမ်) တွေကို လေ့လာထားဖို့ လိုနေပါပြီ။✍🏻 အသုံးအများဆုံး Idiom တွေကို အချိန်ကုန်သက်သာစွာနဲ့ စနစ်တကျ လေ့လာနိုင်ဖို့ ဆရာမ Su Myat Chit ရဲ့ "အင်္ဂလိပ်စကားပြော အသုံးများဆုံး အီဒီယမ်များ" စာအုပ်လေးနဲ့ မိတ်ဆက်ပေးပါရစေ ။📖✨ ဒီစာအုပ်လေးမှာ… 🔹 Native Speaker တွေ သုံးလေ့ရှိတဲ့ နေ့စဉ်သုံး အီဒီယမ်များကို စနစ်တကျ စုစည်းပေးထားပါတယ်။🧐☑️ 🔹 အဓိပ္ပာယ်၊ နမူနာဝါကျနဲ့ Dialogue အတိုလေးတွေ ပါဝင်လို့ ကိုယ်တိုင် လေ့လာသူတွေအတွက် အဆင်ပြေစေတယ်။🤓 🔹 မြန်မာလို ဘာသာပြန်ဆိုချက်တွေက ရှင်းလင်းပြတ်သားလို့ အလွယ်တကူ မှတ်မိစေတယ်။💁🏻‍♀️ English Speaking Skill ကို တကယ်မြှင့်တင်ချင်သူတိုင်း မရှိမဖြစ် ဆောင်ထားသင့်တဲ့ စာအုပ်ကောင်းလေးပဲဖြစ်ပါတယ်။💯 စာအုပ်တန်ဖိုး~၇၀၀၀ကျပ်။⚡️ ********************* ‘ဉာဏ်ပညာနှင့် ချစ်ခြင်းမေတ္တာ ပေါင်းကူးမျှဝေပါ' ☎️ 𝟎𝟗-𝟕𝟖𝟕𝟏𝟓𝟕𝟐𝟑𝟑

လူတိုင်း စာရေးနိုင်ပေမဲ့ ‘ထိမိတဲ့စာ’ ကိုတော့ လူတိုင်း မရေးနိုင်ကြပါဘူး။ ထိမိတဲ့စာတစ်ပုဒ်ရေးဖို့ဆိုရင် စကားလုံးအလှတွေသုံးတတ်ဖို့ထက် စာဖတ်သူရဲ့ လိုအပ်ချက်နဲ့ စိတ်ခံစားချက်ကို ကွက်တိသိဖို့က ပိုအရေးကြီးပါတယ်။ 'ရေးမယ်' ရဲ့ အခြေခံကြော်ငြာစာရေးနည်းသင်တန်းမှာဆိုရင် 𝐂𝐨𝐧𝐭𝐞𝐧𝐭 နဲ့ 𝐂𝐨𝐩𝐲 ရဲ့ အခြေခံကစလို့ ရေးနည်း၊ ‌တွေးနည်းတွေအပြင် လူတွေကို ပိုဆွဲဆောင်နိုင်စေမဲ့ 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐏𝐫𝐢𝐧𝐜𝐢𝐩𝐥𝐞𝐬 တွေကိုပါ ပိုင်နိုင်သွားအောင် 🌟 ဆရာမဆောင်းနှင်းဖြူ ကိုယ်တိုင် စနစ်တကျ သင်ကြားပေးတာပါ။ 𝐁𝐚𝐭𝐜𝐡 𝟔𝟕 ခုတိုင်အောင် အောင်အောင်မြင်မြင် သင်တန်းပို့ချပေးခဲ့ပြီးဖြစ်သလို၊ စာရေးတာကို ဝါသနာအဆင့်ကနေ ဝင်ငွေရတဲ့ အသက်မွေးဝမ်းကြောင်းအထိ ပြောင်းလဲချင်တဲ့ ရေးမယ်ရဲ့ ထူးချွန်တဲ့ သင်တန်းသားတွေကိုလဲ အလုပ်အကိုင်ချိတ်ဆက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ 💼 အသစ်ဖွင့်လှစ်မဲ့ 𝐁𝐚𝐭𝐜𝐡 𝟔𝟖 မှာဆိုရင် သင််ခန်းစာတွေကို ပို 𝐔𝐩𝐝𝐚𝐭𝐞 လုပ်ထားတဲ့အပြင် ဒီ 𝐁𝐚𝐭𝐜𝐡 မှာ အတန်းအပ်သူတွေကို 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐖𝐫𝐢𝐭𝐢𝐧𝐠 𝐄𝐛𝐨𝐨𝐤 ကို လက်ဆောင်ပေးသွားအုံးမှာပါ။ ရေးမယ်ရဲ့မူအတိုင်း လူဦးရေ ကန့်သတ်ထားတာမို့ ‘ထိမိတဲ့စာ’ တွေ ရေးပြီး 𝐂𝐚𝐫𝐞𝐞𝐫 ကို တစ်ဆင့်မြှင့်ချင်တယ်ဆိုရင် 💬 "ကငစ" လို့ စာချန်ခဲ့လိုက်တော့နော်။ * ‘အနုပညာနှင့် အတတ်ပညာ ပေါင်းစပ်အသက်မွေးပါ’🌟 ☎️ 𝟎𝟗𝟗𝟕𝟏𝟑𝟑𝟏𝟏𝟖𝟕,𝟎𝟗𝟕𝟖𝟕𝟎𝟗𝟕𝟕𝟏𝟔

စာပေမိတ်ဆွေတို့ရေ….. ဒီတစ်ခေါက်မှာ မှန်သလိုလိုနဲ့ မှားတတ်ကြတဲ့ မြန်မာစကားလုံးတွေကို ဝေမျှပေးလိုက်ပါတယ်။ စာပေမိတ်တွေတို့ကကော ဒီ ၄ လုံးမှာ ဘယ်စကားလုံးကို အမှားဆုံးလဲ ပြောသွားပါအုံး။ ( မလိမ်ကြေးနော် 🧐) ‘အနုပညာနှင့် အတတ်ပညာ ပေါင်းစပ်အသက်မွေးပါ’🌟

ထောပနာလား။ ထောမနာလား။ ❔ “ထောမနာ” ဆိုတာက ချီးမွမ်းခြင်းလို့ အဓိပ္ပာယ်ရတဲ့ ပါဠိစကားလုံးဖြစ်ပါတယ်။ ဒါပေမဲ့ လူတော်တော်များများက “ထောမနာ” ကို “ထောပနာ”လို့ အသံထွက်လေ့ရှိကြပါတယ်ရှင်။ ပါဠိစကားလုံး “ထောမနာ”မှာ “မ” က နှုတ်ခမ်းကနေဖြစ်လာတဲ့ ဗျည်းဖြစ်ပါတယ်။ “ပ”ကလဲပဲ နှုတ်ခမ်းကနေဖြစ်လာတာပါပဲ။ ဒီလို ဌာန်တူတဲ့ “မ”နဲ့ “ပ” ကို ပြောင်းလဲပြီး “ထောပနာ”လို့ အသံထွက်တတ်ကြပါတယ်။ တကယ်ကတော့ “ထောမနာ” ကို “ထောမနာ” လို့ပဲ ရွတ်ဖတ်မှ မှန်ပါတယ်ရှင်။✅ ဥပမာ - ဋီကာကို “ဒီဂါ” လို့မဖတ်ဘဲ “တီဂါ” ကဏ္ဍ(အပိုင်း၊အခန်း) ကို “ဂန်ဒါ့” လို့မဖတ်ဘဲ “ကန်ဒါ့” သိန္နိဌာန်(ဆုံးဖြတ်ချက်) ကို “သန်ဒိတ်ထန်”လို့ မဖတ်ဘဲ “သန်နိတ်ထန်” လို့ဖတ်ကြရပါတယ်ရှင်။ တချို့ပါဠိစကားလုံးတွေကို ဖတ်တဲ့အခါမှာ ဌာန်တူဗျည်းတွေကို အမှုမဲ့၊ အမှတ်မဲ့ မှားပြီးပြောင်းလဲအသံထွက်လိုက်မယ်ဆိုရင် စာလုံးပေါင်းတွေကိုပါ အမှတ်မှားသွားနိုင်တာမို့ သတိထားသင့်ပါတယ်နော်။ ‼️ ဒီအကြောင်းအရာလေးက “မြန်မာစာ၊ မြန်မာစကား” စာအုပ်ကနေ ကောက်နုတ်ထားတာဖြစ်ပြီး မြန်မာစာ၊ မြန်မာစကားကို နေ့တိုင်း ရေးသားပြောဆိုနေကြသူတိုင်းမှာ ရှိထားသင့်ဆုံး စာအုပ်တစ်အုပ်ပါ။ 📚 စာအုပ်တန်ဖိုး - ၇၀၀၀ ကျပ် ********************* ‘ဉာဏ်ပညာနှင့် ချစ်ခြင်းမေတ္တာ ပေါင်းကူးမျှဝေပါ' ☎️ 𝟎𝟗-𝟕𝟖𝟕𝟏𝟓𝟕𝟐𝟑𝟑

🎨 𝐃𝐞𝐬𝐢𝐠𝐧 ကောင်းတစ်ခုဟာ လှရုံနဲ့ မလုံလောက်ပါဘူး။ မြင်တာနဲ့ မှတ်မိစေဖို့ လိုပါတယ်။ 𝐀𝐈 က ပုံဖန်တီးပေးနိုင်ပါတယ်။ ဒါပေမဲ့ 𝐁𝐫𝐚𝐧𝐝 ကို မှတ်မိစေတဲ့ 𝐕𝐢𝐬𝐮𝐚𝐥 𝐂𝐨𝐧𝐜𝐞𝐩𝐭၊ 𝐋𝐚𝐲𝐨𝐮𝐭 နဲ့ 𝐃𝐞𝐬𝐢𝐠𝐧 𝐃𝐢𝐫𝐞𝐜𝐭𝐢𝐨𝐧 ကိုတော့ 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးတာပါ။ 💡 ရေးမယ်ရဲ့ အတန်းသစ် ‘𝐀 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐈 – 𝐆𝐫𝐚𝐩𝐡𝐢𝐜 𝐂𝐥𝐚𝐬𝐬’ မှာ 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠 နဲ့ 𝐀𝐈 ကို ပေါင်းစပ်ပြီး ထူးခြားတဲ့ 𝐕𝐢𝐬𝐮𝐚𝐥 တွေကို ပိုမြန်၊ ပိုထိထိရောက်ရောက် ဖန်တီးနိုင်အောင် လက်တွေ့သင်ကြားပေးသွားမှာပါ။ ✅ 𝐕𝐢𝐬𝐮𝐚𝐥 𝐈𝐝𝐞𝐚 တွေ ပိုမြန်မြန် ထွက်မယ် ✅ 𝐁𝐫𝐚𝐧𝐝 𝐈𝐝𝐞𝐧𝐭𝐢𝐭𝐲 နဲ့ ကိုက်ညီတဲ့ 𝐃𝐞𝐬𝐢𝐠𝐧 တွေ ဖန်တီးတတ်မယ် ✅ 𝐀𝐈 ကို 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐏𝐚𝐫𝐭𝐧𝐞𝐫 အဖြစ် အသုံးချတတ်လာမယ်။ 💬 အတွေးတွေကို ဆွဲဆောင်မှုရှိတဲ့ 𝐕𝐢𝐬𝐮𝐚𝐥 အဖြစ် ပုံဖော်ချင်ရင် ‘ဒီဇိုင်း’ လို့ ရေးခဲ့ပါ။

စာပေမိတ်ဆွေတို့အတွက် ဉာဏ်စမ်းစကားပုံအစီအစဉ်လေး စီစဉ်ပေးလိုက်ပါတယ်။🤩 စကားပုံလေးတွေကို အဆုံးထိဖြည့်သွားပေးပါအုံးရှင်။🥰 ကိုယ်ရ
စာပေမိတ်ဆွေတို့အတွက် ဉာဏ်စမ်းစကားပုံအစီအစဉ်လေး စီစဉ်ပေးလိုက်ပါတယ်။🤩 စကားပုံလေးတွေကို အဆုံးထိဖြည့်သွားပေးပါအုံးရှင်။🥰 ကိုယ်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုလဲ 𝐌𝐞𝐧𝐭𝐢𝐨𝐧 ပြီး ကူဖြေခိုင်းကြည့်ကြမယ်နော်။💬💖 *********************** ‘အနုပညာနှင့် အတတ်ပညာ ပေါင်းစပ်အသက်မွေးပါ’🌟 (Post ကို လွတ်လပ်စွာ မျှဝေနိုင်သည်။ ကူးယူဖော်ပြခွင့် မပြု။)

Speaker 2 ယောက် ပွဲဖြစ်နေပြီ…🫢 webinar မှာဆုံကြမယ်နော်🩷

စာစီစာကုံးဆိုတာ….. အလွတ်ကျက်ရတာ မဟုတ်သလို၊ ကူးရေးရတာလဲ မဟုတ်ပါဘူး။ ကိုယ်တိုင် ဖန်တီးရေးသားရတာပါ။ ဒါကြောင့် ကလေးတို့ရဲ့ ကိုယ်ပိုင်စိတ်ကူး၊ စွမ်းရည်တွေနဲ့ စီကုံးရေးသားနိုင်ဖို့✍️ 📣ရေးမယ်ရဲ့ စာစီစာကုံးရေးနည်းသင်တန်းတွေကို ထပ်မံဖွင့်လှစ်ပေးလိုက်ပါပြီ။ ***** 🔸ကိုယ်ပိုင် အတွေးအခေါ်၊ စိတ်ကူးစိတ်သန်းတွေနဲ့ ရေးနိုင်ဖို့ 🔸စ၊ လယ်၊ ဆုံးကို နည်းစနစ်ကျကျ ဖန်တီးရေးသားတတ်စေဖို့ 🔸ဝေါဟာရအသုံးအနှုန်းတွေ ကြွယ်ဝလာစေဖို့ 🔸သဒ္ဒါနည်းမှန်မှန်နဲ့ စာအရေးအသား ကောင်းမွန်လာစေဖို့အတွက် စနစ်တကျ သင်ကြားပေးသွားမှာပါ။ ကိုယ်တိုင်စီကုံးရေးသားနိုင်မှ စာစီစာကုံးအစစ်အမှန်ဖြစ်မှာမို့ ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားထားပေးတာ အကောင်းဆုံးပါပဲရှင်။💖 သင်တန်းအသေးစိတ်အတွက် ‘စစစက’ လို့💬 မန့်ခဲ့ပြီး စုံစမ်းနိုင်ပါတယ်နော်။💖 အသေးစိတ်ကို လာရောက်ဆွေးနွေးပေးပါမယ်ရှင်။

စကားလုံးတွေကို စနစ်တကျ သုံးတတ်ဖို့... 💡✨ နေ့စဉ် လူမှုဆက်ဆံရေးမှာ စကားကို လိုရင်းရောက်အောင်၊ ထိမိအောင် ပြောနိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ ဆိုရိုးစကားတွေကို မှန်မှန်ကန်ကန် သုံးနှုန်းနိုင်ရင် ကိုယ်ပြောချင်တဲ့ အဓိပ္ပာယ်က ပိုပြီး လေးနက်သွားတတ်ပါတယ်။ ဒါပေမဲ့ "ငါသုံးလိုက်တဲ့ စကားက မှန်ရဲ့လား၊ အဓိပ္ပာယ် အတိအကျက ဘာလဲ" ဆိုပြီး ဇဝေဇဝါ ဖြစ်ရတဲ့ အခိုက်အတန့်တွေ ရှိခဲ့ရင်တော့ ဒီ “မြန်မာဆိုရိုးစကား” စာအုပ်လေးက သင့်အတွက် အဖြေရှာပေးပါလိမ့်မယ်။ ဒီစာအုပ်ရဲ့ ဒုတိယအကြိမ် ထုတ်ဝေမှုမှာ ရဟန်းရှင်လူ ပြည်သူတွေ ပေးပို့လာတဲ့ ဆိုရိုးစကားတွေထဲက အကောင်းဆုံးတွေကို ထပ်မံရွေးချယ် ဖြည့်စွက်ထားလို့ အခုဆိုရင် စုစုပေါင်း ဆိုရိုးစကား ၁၀၈၂ ခု အထိ စုံစုံလင်လင်နဲ့ ပိုမိုပြည့်စုံသွားပါပြီ။ 🥰 ကျောင်းသား၊ ကျောင်းသူတွေ၊ စာပေဝါသနာရှင်တွေနဲ့ စာရေးခြင်းအတတ်ပညာကို စိတ်ဝင်စားသူတိုင်း လက်စွဲထားသင့်တဲ့ စာအုပ်ကောင်းလေးပါ။ 📚 စာအုပ်တန်ဖိုး - ၂၂,၀၀၀ ကျပ်။ 📩Page Chat Box မှာ ခုပဲ မှာယူလိုက်တော့နော်။ 🛒🤎 ********************* ‘ဉာဏ်ပညာနှင့် ချစ်ခြင်းမေတ္တာ ပေါင်းကူးမျှဝေပါ' ☎️ 𝟎𝟗-𝟕𝟖𝟕𝟏𝟓𝟕𝟐𝟑𝟑

✍️ 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 နယ်ပယ်မှာ 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐖𝐫𝐢𝐭𝐞𝐫 & 𝐂𝐨𝐩𝐲𝐰𝐫𝐢𝐭𝐞𝐫 တစ်ယောက်အဖြစ် ရေရှည်ရပ်တည်မဲ့သူတွေအတွက် အတွေး၊ အရေး 𝐒𝐤𝐢𝐥𝐥𝐬 တွေကစပြီး 𝐂𝐚𝐫𝐞𝐞𝐫 𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 အထိ ပေးတဲ့ ရေးမယ်ရဲ့ 📣‘𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐩𝐲𝐰𝐫𝐢𝐭𝐢𝐧𝐠 𝐂𝐨𝐮𝐫𝐬𝐞 (𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝) 𝐁𝐚𝐭𝐜𝐡- 𝟏𝟔’ က 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝟓 ရက်နေ့မှာ စပါတော့မယ်။ ဒီသင်တန်းမှာ 🔸 ကြော်ငြာစာတွေ စနစ်တကျဖန်တီးနိုင်ဖို့ အဆင့်မြင့်ရေးနည်းတွေ 🔸 𝐁𝐫𝐚𝐧𝐝 𝐒𝐭𝐨𝐫𝐲𝐭𝐞𝐥𝐥𝐢𝐧𝐠 𝐓𝐞𝐜𝐡𝐧𝐢𝐪𝐮𝐞 တွေ 🔸 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 တွေ 🔸 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐏𝐢𝐥𝐥𝐚𝐫 စနစ်တကျ တည်ဆောက်နည်းတွေ 🔸 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 ကို စနစ်တကျဘယ်လိုရေးဆွဲမလဲ ဆိုတာတွေကို နိုင်ငံတကာက နာမည်ကြီး 𝐁𝐫𝐚𝐧𝐝 တွေနဲ့ 𝐂𝐚𝐬𝐞 𝐒𝐭𝐮𝐝𝐲 လုပ်ပြီး အဆင့်မြှင့်သင်ကြားပေးသွားမှာပါ။💫 သင်ကြားမှုပုံစံ 🔸 ဆရာမနဲ့ 𝐙𝐨𝐨𝐦 𝐋𝐢𝐯𝐞 စာသင်ရမှာဖြစ်ပြီး အတန်းထဲမှာ ဆရာမနဲ့ တူတူ တစ်ခါတည်း ဆွေးနွေးလေ့ကျင့်ရမှာဖြစ်ပါတယ်။ 🔸 သိချင်တာတွေ၊ လိုအပ်တာတွေ မှန်သမျှ ချက်ချင်းမေးနိုင်အောင် 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 တွေကလဲ အသင့်ရှိနေမှာပါနော်။ 🌟 ဘယ်မှာမှ မရနိုင်တဲ့ အထူးအခွင့်အရေးကတော့ တစ်ဦးချင်းစီရဲ့ အိမ်စာ၊ 𝐀𝐬𝐬𝐢𝐠𝐧𝐦𝐞𝐧𝐭 တွေကို တီချယ်ကိုယ်တိုင် တိုက်ရိုက် 𝐅𝐞𝐞𝐝𝐛𝐚𝐜𝐤 ပေးသွားမဲ့အပြင် ခေတ်နဲ့အညီ ပြောင်းလဲလာတဲ့ 𝐀𝐈, 𝐅𝐁 𝐀𝐥𝐠𝐨𝐫𝐢𝐭𝐡𝐦 စတာတွေကိုပါ ဝေမျှပေးသွားမှာပါ။ ဒီသင်တန်းကိုတော့ ရေးမယ်-ထရိန်နင်ရဲ့ ‘အခြေခံကြော်ငြာစာရေးနည်း’ သင်တန်းမှာ 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 ရရှိထားသူတွေနဲ့ 𝐂𝐨𝐩𝐲𝐰𝐫𝐢𝐭𝐞𝐫 အဖြစ် လုပ်သက် ၃ နှစ် အထက်ရှိသူတွေ တက်ရောက်နိုင်ပါတယ်။💫 ဒါကြောင့်မို့ 🔸 𝐈𝐝𝐞𝐚 ခန်းမသွားဘဲ အမြဲလန်းနေတဲ့ ကြော်ငြာစာတွေကို ဖန်တီးချင်တယ် 🔸 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐩𝐲𝐰𝐫𝐢𝐭𝐞𝐫 တစ်ယောက်ရဲ့ 𝐒𝐤𝐢𝐥𝐥 𝐒𝐞𝐭 တွေ ဖြည့်ချင်တယ် 🔸 𝐒𝐞𝐧𝐢𝐨𝐫 𝐖𝐫𝐢𝐭𝐞𝐫 တစ်ယောက်အနေနဲ့ 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 ကောင်းကောင်း ကိုင်တွယ်နိုင်ချင်တယ် 🔸 လုပ်ငန်းခွင်ရဲ့ 𝐖𝐨𝐫𝐤 𝐏𝐫𝐨𝐜𝐞𝐬𝐬 တွေကို ကျွမ်းကျင်ချင်တယ် 🔸 𝐂𝐚𝐫𝐞𝐞𝐫 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 ပိုင်းကိုပါ လေ့လာထားချင်တယ် 🔸 ဘယ်လို 𝐁𝐫𝐚𝐧𝐝 ပဲလာလာ တာဝန်ယူရေးသားနိုင်တဲ့ 𝐒𝐞𝐧𝐢𝐨𝐫 𝐂𝐨𝐩𝐲𝐰𝐫𝐢𝐭𝐞𝐫 တစ်ယောက်ဖြစ်ချင်တယ် ဆိုရင်တော့ ‘စီစီ’ လို့ 💬 စာချန်ခဲ့နိုင်ပါတယ်။ ***** ‘အနုပညာနှင့် အတတ်ပညာ ပေါင်းစပ်အသက်မွေးပါ’🌟 ☎️𝟎𝟗𝟗𝟕𝟏𝟑𝟑𝟏𝟏𝟖𝟕,𝟎𝟗𝟕𝟖𝟕𝟎𝟗𝟕𝟕𝟏𝟔

ရိုးဂုဏ် ဖြောင့်ဂုဏ်🌟 *********************** ‘အနုပညာနှင့် အတတ်ပညာ ပေါင်းစပ်အသက်မွေးပါ’🌟 (Post ကို လွတ်လပ်စွာ Share နိုင်သည်။ ကူးယူဖော်ပြခွင့် မပြု။)