uz
Feedback
EHS Myanmar

EHS Myanmar

Kanalga Telegram’da o‘tish

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

Ko'proq ko'rsatish
934
Obunachilar
Ma'lumot yo'q24 soatlar
+47 kunlar
+730 kunlar
Postlar arxiv
International Earth Day အထိမ်းအမှတ်အနေဖြင့် April 26, 2024 တွင် Thant Myanmar မှ ကြီးမှူးကျင်းပခဲ့သည့် Green Chief Debate ပြိ
+2
International Earth Day အထိမ်းအမှတ်အနေဖြင့် April 26, 2024 တွင် Thant Myanmar မှ ကြီးမှူးကျင်းပခဲ့သည့် Green Chief Debate ပြိုင်ပွဲတွင် EHS Myanmar အဖွဲ့ဝင် Research & Project Associate ကိုတိုးလွင်ရှိန်မှ ပထမဆုအနိုင်ရရှိခဲ့ကြောင်းကြားသိရသည့်အတွက် EHS Myanmar အဖွဲ့သားများအားလုံးမှ ဝမ်းမြောက်မိပါသည်။ 🥳 We wish Ko Toe Lwin Shein the best for his future endeavours. 💪🎉 #EHSMyanmar #GreenChiefDebate #InternationalEarthDay #TeamMemberAppreciation

photo content

Food Waste Management စိတ်ဝင်စားသူများလက်မလွှတ်သင့်သည့် Free Online Course လမ်းညွှန် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ EHS Myanmar | 27.4.24 Face to Face သင်တန်းတွေတက်ဖို့အချိန်မပေးနိုင်ဘူး၊ နိုင်ငံခြားတက္ကသိုလ်ကြီးတွေက Certificate လဲရချင်တယ်ဆိုလျှင်တော့ အောက်ဖော်ပြပါ Online Class တွေကို အခမဲ့ဖြင့် လေ့လာဖို့ တိုက်တွန်းပါရစေ။ ✅ Food Waste Prevention Course UNCC ကနေဖွင့်လှစ်သင်ကြားပေးနေတဲ့ Food Waste Prevention အွန်လိုင်းအတန်းဖြစ်ပါတယ်။ ဒီသင်တန်းမှာဆိုလျှင် တော့ အစားအစာစွန့်ပစ်မှုတွေကို ထိန်းချုပ်နိုင်ရန် နဲ့ Food Chain တွေဖြစ်တဲ့ အစားအစာထုတ်လုပ်ရေး၊ ဖြန့်ချီရေး၊ စားသောက်ဆိုင်များမှ ထွက်ရှိလာတဲ့ စွန့်ပစ်အစားအစာတွေကို ဘယ်လိုလျှော့ချမလဲ၊ ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာတွေကို လေ့လာခွင့်ရမှာဖြစ်ပါတယ်။ English စာနဲ့လေ့လာခွင့်ရမှာဖြစ်ပြီး အချိန် (၅) နာရီသာကြာမြင့်မှာဖြစ်ပါတယ်။ ❗️View here - https://www.classcentral.com/.../un-cc-e-learn-food-waste... ✅ Food Waste to Value: How to Tackle Food Waste Course University of Reading နဲ့ EIT Food ကနေပူးပေါင်းပြီး သင်ကြားပေးနေတဲ့ Future Learn မှာလေ့လာခွင့်ရ မယ့် သင်တန်းတစ်ခုကိုပြောပြချင်ပါတယ်။ တစ်ပတ်ကို ၃နာရီ လေ့လာရုံနဲ့ ၃ပတ်သာကြာမြင့်ပါမယ်။ Food Waste အကြောင်းစတင်လေ့လာချင်သူတွေအတွက် အသင့်တော်ဆုံးဖြစ်ပြီး Community-based ဖြေရှင်းချက် များကို လေ့လာခွင့်ရမှာဖြစ်ပါတယ်။ ❗️View here - https://www.futurelearn.com/courses/from-waste-to-value?utm_campaign=Courses+feed&utm_medium=courses-feed&utm_source=courses-feed&utm_source=rakutenmarketing&utm_medium=affiliate&utm_campaign=fl_3347507:Class+Central&utm_content=10:1&utm_term=UKNetwork&ranMID=42801&ranEAID=SAyYsTvLiGQ&ranSiteID=SAyYsTvLiGQ-VRpR6MbfGCjV7IWN2U5qEg ✅ Solid Waste Management Course Food Waste အပါအဝင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုများကိုလေ့လာနိုင်ဖို့ World Bank Group OLC ကနေသင်ပေးနေတဲ့ Online Course တစ်ခုရှိပါတယ်။ Solid Waste Management Chain ကိုသမားရိုးကျမဟုတ်ပဲ ငွေကြေး၊ နည်းပညာ၊ နဲ့ operation ပိုင်းတွေကို လေ့လာခွင့်ရမှာဖြစ်ပါတယ်။ နောက် Policy Framework တွေကို Circular Economy ကိုမှာ ဖြစ်ပါတယ်။ သင်တန်းကာလ က ၆ ပတ်ကြာမြင့်မှာဖြစ်ပါတယ်။ ❗️View here - https://www.edx.org/learn/waste-management/world-bank-group-solid-waste-management?utm_source=affiliate&utm_medium=Class%20Central&utm_campaign=Harvard%27s%20Computer%20Science%20for%20Python%20Programming_&utm_content=TEXT_LINK&irgwc=1 ✅ Solid and Hazardous Waste Management Course ဒီအတန်းကတော့ Postgraduate Level ဖြစ်ပြီး သင်တန်းကာလက ၁၅ ပတ်ကြာမြင့်မှာဖြစ်ပါတယ်။ PG level ဖြစ်တဲ့ အတွက် Waste Classification, Composition, Processing, Recycling, Radioactive Waste, Biomedical Waste, Vermicomposting အပါအဝင် Food Waste Management ဘာသာရပ် စတဲ့သင်ခန်းစာတွေကိုတဝကြီးလေ့လာရမှာ ဖြစ်ပါတယ်။ ❗️View here - https://onlinecourses.swayam2.ac.in/cec24_bt02/preview သင့်အတွက် အကျိုးရှိမယ်ဆို အခြားသူတွေကိုလဲ ပြန်လည် မျှဝေဖို့ မမေ့ပါနှင့်။ ☺️ .................................................................................... "Gaining knowledge is the first step to wisdom. Sharing it is the first step to humanity." #EHSMyanmar #environmental #foodwaste #management #freeonline #course

🌳🌿 Happy Arbor Day from EHS Myanmar! 🎉 Let's celebrate the beauty and importance of trees in our lives and the environment
🌳🌿 Happy Arbor Day from EHS Myanmar! 🎉 Let's celebrate the beauty and importance of trees in our lives and the environment. Join us in planting trees, nurturing green spaces, and promoting sustainability. Together, let's make the world a greener and healthier place for generations to come. #ArborDay #EHSMyanmar 🌱🌳

photo content

အင်ဒိုနီးရှားမီးတောင်ကြောင့် မြန်မာ့လေထုအပေါ်သက်ရောက်မှု ------------------------------------------------------------------ EHS Myanmar | 25.4.2024 🌤အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူလာဝေစီပြည်နယ် Ruang ကျွန်းရှိ တွင် မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ဧပြီလ (၁၆) ရက်နေ့မှစတင်ခဲ့သော ထိုမီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီဘေးအန္တရာယ်နှင့်လေထုညစ်ညမ်းမှုအန္တရာယ်ကိုပါ သတိပေးခြင်းခံထားရပါတယ်။ ထိုမီးတောင်ပေါက်ကွဲမှုနှင့်အတူ နယ်စပ်ဖြတ်ကျော်မီးခိုမြူများ အာဆီယံဒေသတွင်း နိုင်ငံများအပေါ် သက်ရောက်နိုင်ပြီး မြန်မာပြည်သူလူထုရဲ့ လေထုညစ်ညမ်းမှုကိုပါ ဘယ်လိုတွေ သက်ရောက်နိုင်ပါသလဲ။ ၁။ လေထုအရည်အသွေးကျခြင်း (Air Qualtuy Deterioration) - မီးတောင်ပေါက်ကွဲမှုထွက်လာသော မီးခိုမြူအမှုန်အမွှား များ ကြောင့် မြန်မာ့လေထု နဲ့ မြင်ကွင်း (visibility) တို့အပေါ် သက်ရောက်မှုတေရှိလာနိုင်ပါတယ်။ ထို့အတူ ကျန်းမာရေးပေါ် သက်ရောက်မှုတွေလဲဖြစ်ပေါ်လာနိုင်ပါတယ်။ ၂။ စိုက်ပျိုးရေးအပေါ်သက်ရောက်ခြင်း (Agricultural Challenges) - မီးတောင်ပြာများက ကောက်ပဲသီးနှံများကို ဖုံးလွှမ်းနိုင်ပြီး မြန်မာ့လယ်ယာကဏ္ဍကို ထိခိုက်စေနိုင်ပြီး စားနပ်ရိက္ခာဖူလုံမှုကိုပါ သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ ၃။ ရေထုအရည်အသွေးကျခြင်း (Water Quality Concerns) - မီးတောင်ပေါက်ကွဲခြင်းမှထွက်လာသော ပြာများနှင့် အမှိုက်များသည် Water Body များသို့ ဝင်ရောက်နိုင်ပြီး ရေအရင်းအမြစ်များနှင့် ရေနေဂေဟစနစ်များ၏ အရည်အသွေးကို ထိခိုက်စေနိုင်ပါတယ်။ ၄။ ရာသီဥတုပုံစံပြောင်းလဲခြင်း- PM2.5 အပါအဝင် အမှုန်အမွှားများကြောင့် မြန်မာ့မိုးလေဝသနှင့် ရာသီဥတုပုံစံများကို အပေါ်သက်ရောက်မှုရှိလာနိုင်ပြီး ပုံမှန်မဟုတ်သော ရာသီဥတုအခြေအနေများဆီသို့ ဦးတည်သွားစေနိုင်ကြောင်းကိုလဲ သတိပြုရပါမယ်။ 😷ဘယ်သူတွေပိုသတိထားရမလဲ။ မြန်မာ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေအနေနဲ့ ဒီအန္တရာယ်တွေကိုအထူးသတိထားဖို့လိုပါလိမ့်မယ်။ ဒီသက်ရောက်မှုတွေက weather pattern တွေနဲ့ wind pattern တွေအပေါ်မှာအများကြီးမူတည်နိုင်ပါတယ်။ 💊လူထုကျန်းမာရေးကို ဘယ်လိုကာကွယ်ရမလဲ။ ၁။ အပြင်ထွက်ရင် PM2.5 ကိုကာကွယ်ပေးနိုင်တဲ့ N95 Mask များကိုတပ်ဆင်ပြီးမှအပြင်သွားပါ။ ၂။ သက်ကြီးရွယ်အိုများ နဲ့ ကလေးသူငယ်များအနေဖြင့် တက်နိုင်သမျှအိမ်ထဲမှာပဲနေပါ။ ၃။ အမှုန်အမွှားတွေကြောင့် မျက်လုံးယားယံတာ အရေပြးယားယံတာတွေဖြစ်ပေါ်နိုင်တဲ့ အတွက် တက်နိုင်သမျှကာကွယ်ပါ။ ၄။ အိမ်သုံးဆေးဝါးတွေကိုလက်လှမ်းမီသောနေရာတွင်ထားပြီး အသက်ရှုဆိုင်ရာရောဂါတွေနဲ့ပတ်သတ်တာတွေကို သတိထားစစ်ဆေးဖို့လိုပါမယ်။ ပြုစုရေးသားသူ - နိုင်ကျော်လူ ----------------------------------------------------------------------- Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar #EHSMyanmar #airpollution #climatechange #environmental #indonesia #volcanoeruption

🔬🐾 Happy World Day for Laboratory Animals from EHS Myanmar! 🎉 Let's honor the importance of humane treatment and ethical r
🔬🐾 Happy World Day for Laboratory Animals from EHS Myanmar! 🎉 Let's honor the importance of humane treatment and ethical research practices for laboratory animals. Join us in advocating for alternatives to animal testing and promoting the welfare of all creatures. Together, let's work towards a world where animals are treated with dignity and respect. #WorldDayForLaboratoryAnimals #EHSMyanmar 🌿🐭

🐾🌿 Happy International Pallas's Cat Day from EHS Myanmar! 🎉 Let's celebrate the unique beauty and importance of these elus
🐾🌿 Happy International Pallas's Cat Day from EHS Myanmar! 🎉 Let's celebrate the unique beauty and importance of these elusive wildcats. Join us in raising awareness about their conservation and supporting efforts to protect their habitat. Together, let's ensure a brighter future for Pallas's cats and all wildlife. #PallasCatDay #EHSMyanmar 🐱🌍

🌍🌿 Happy Earth Day from EHS Myanmar! 🎉 Let's unite in appreciation of our planet and commit to protecting it for future ge
🌍🌿 Happy Earth Day from EHS Myanmar! 🎉 Let's unite in appreciation of our planet and commit to protecting it for future generations. Join us in taking action for a cleaner, greener, and more sustainable world. Together, we can make a difference! #EarthDay #EHSMyanmar 🌱🌎

မြန်မာမှအပူဆုံးစံချိန်တင်နေရတဲ့ အကြောင်းအရင်း (၄) ချက် #EHSMyanmar #climatechange #hotweather
+4
မြန်မာမှအပူဆုံးစံချိန်တင်နေရတဲ့ အကြောင်းအရင်း (၄) ချက် #EHSMyanmar #climatechange #hotweather

ကျေးဇူးတင်ရှိခြင်း 🙏 ---------------------------------------------------------- [English Below] ❤ကျွန်မတို့၏ "EHS Myanmar In
ကျေးဇူးတင်ရှိခြင်း 🙏 ---------------------------------------------------------- [English Below] ❤ကျွန်မတို့၏ "EHS Myanmar Instagram" မှာ Page စဖွင့်ပြီး (၃) လတာကာလမှာ ယခုဆိုလျှင် Follower ပေါင်း (၁၈၀) ယောက်ရှိသွားပြီ ပဲဖြစ်ပါတယ်။ အခုလိုမျိုး IG ကို Follow ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းဆီ ကိုကျေးဇူးအထူးတင်ပါတယ်။ IG မှာ တင်သမျှကို လက်မလွတ်ခံချင်တဲ့သူများ အခုပဲ Follow လိုက်ပါနော်။ 🌏Thank you to our followers on our "EHS Myanmar Instagram Account"! We now have 180 followers since 3 months created. If you don't want to miss out on environmental and sustainability contents. Follow us Now. EHS Myanmar's Instagram : https://www.instagram.com/ehsmyanmar/ #EHSMyanmar #appreciation #instagram #IG #environmental #sustainabledevelopment #education

Check Your Mail Box!!! Mother Earth Day webinar ကို စာရင်းပေးထားသူ အားလုံးဆီသို့ Zoom Link ပို့ပြီးသွားပြီဖြစ်လို့ email လေးတ
Check Your Mail Box!!! Mother Earth Day webinar ကို စာရင်းပေးထားသူ အားလုံးဆီသို့ Zoom Link ပို့ပြီးသွားပြီဖြစ်လို့ email လေးတွေ စစ်ကြည့်ပေးပါအုံးနော်🤗 အကယ်၍ email မရောက်ခဲ့ရင် EHS Myanmar Facebook page Messenger မှာလည်း Zoom Link လာတောင်းလို့ရပါတယ်ရှင့်💚 Webinar က မနက်ဖြန် မနက် ၁၀နာရီမှာ စတင်မှာဖြစ်လို့ reminder ထားဖို့ မမေ့နဲ့နော်✌ မနက်ဖြန် webinar မှာ တွေ့ကြပါမယ်🤩 #EHSMyanmar #InternationalEarthDay #Webinar #UNEP

photo content

🌿 သင့်က သဘာဝပတ်ဝန်းကျင်ပညာရပ်ကို စတင်လေ့လာပြီး အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများပြုလုပ်ရန် အဆင်သင့်ဖြစ်ပါပြီလား။ ဒါတွေကတော့ သင့်ပညာရပ်နယ်ပယ်မှာကျွမ်းကျင်ဖို့အတွက် မရှိမဖြစ် Soft Skills တစ်ချို့ကိုဖော်ပြ ပေးလိုက်ပါတယ်။ ၁။ သွက်လက်မှု (Agility) - အပြောင်းအလဲကို လက်ခံပြီး ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့တွင် တက်ကြွသောစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ပွင့်လင်းပြီး တက်ကြွမှု သို့မဟုတ် သွက်လက်မှုလိုအပ်ပါတယ်။ ၂။ စူးစမ်းလိုစိတ် (Curiosity) - သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားအများစုသည် စူးစမ်းလိုစိတ်ရှိရပါတဘ်။ စဉ်ဆက်မပြတ် လေ့လာသင်ယူမှုကို တွန်းအားပေးရန်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခေတ်ရေစီးကြောင်းများနှင့် နည်းပညာများကို စူးစမ်းလေ့လာဖို့ကအရေးကြီးလှပါတယ်။ ၃။ ပေါင်းသင်းဆက်ဆံရေး သို့မဟုတ် Communication - ပြည်တွင်းပြည်ပ အဖွဲ့အစည်း လူပုဂ္ဂိုလ်များနဲ့ ထိရောက်စွာ ပူးပေါင်းလုပ်ဆောင်ရန် နှင့်ဒေသခံလူထုများနှင့်ဆက်ဆံရေးအတွက် ကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေးပညာလိုအပ်ပါတယ်။ ၄။ တီထွင်ဖန်တီးနိုင်စွမ်း (Creativity) - တီထွင်ဖန်တီးနိုင်စွမ်း၊ လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်း နှင့် ဆန်းသစ်သော စိတ်ကူးများဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကိုဖြေရှင်းဖို့အတွက် Creativity သမားများကိုပိုမိုလိုအပ်လာပါ တယ်။ Creativity ကောင်းဖို့ဆို စာဖတ်မပျင်းတော့လိုမယ်နော်။ ၅။ သဟဇာတနေနိုင်မှု (Flexibility) - သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူများသည် သဘာဝ၊ ဇီဝမျိုးစုံမျိုးကွဲများ နှင့် လူသားတို့အားလုံးနှင့် သဟဇာတဖြစ်အောင်နေထိုင်နိုင်သည့် သို့မဟုတ် ဖြေရှင်းနိုင်သည့် ကျွမ်းကျင်မှုလိုအပ်ပါတယ်။ ဒါတင်မက မမျှော်လင့်ထားသော စိန်ခေါ်မှုများနှင့် လိုက်လျောညီထွေသည့် ကြိုးပမ်းမှုများကို ချောမွေ့စွာလုပ်ဆောင်ရာမှာ လဲအရေးပါလှပါတယ်။ ဖော်ပြပါ Softskills (၅) ခုကိုသင့်အနေနဲ့ ပိုင်ဆိုင်ထားပြီးဆိုလျှင်တော့ ရေရှည်တည်တံ့ခိုင်မြဲသောနိုင်ငံတော်သစ်ကြီးကို ဖန်တီးဖို့ ကျွမ်းကျင်မှုပညာရပ်တွေပိုင်ဆိုင်ထားနေပြီလို့ဆိုနိုင်ပါတယ်နော်....🌿 ရေးသားသူ - နိုင်ကျော်လူ ----------------------------------------------------------------------- Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar #EHSMyanmar #SustainabilitySkills #MakeAnImpact #GreenLiving

🦖🌿 Happy Velociraptor Awareness Day! 🎉 Let's celebrate these fascinating creatures from the past and raise awareness about
🦖🌿 Happy Velociraptor Awareness Day! 🎉 Let's celebrate these fascinating creatures from the past and raise awareness about their importance in paleontological research. Join us in learning more about velociraptors and their contributions to our understanding of prehistoric life. Together, let's appreciate the wonders of the ancient world! #VelociraptorAwarenessDay #EHSMyanmar 🌍🦕

photo content

Mother Earth Day မှာ ဘယ်လိုပါဝင်ဆင်နွှဲဖို့ စဉ်းစားပြီးပြီလား?🧐 မစဉ်းစားရသေးရင်တော့ EHS Myanmar မှ ပြုလုပ်ပေးမယ့် Webinar လေးကို လာရောက်နားထောင်ဖို့ ဖိတ်ခေါ်ပါတယ်နော်။ 🤗 Webinar လေးကတော့ April 21 ရက် တနင်္ဂနွေနေ့ မနက် ၁၀ နာရီမှ ၁၁ နာရီထိ ပြုလုပ်သွားမှာဖြစ်ပြီး “Tackling Plastics Waste: Introduction to Circular Economy” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်ရှင့်။ Speaker အနေနဲ့ကတော့ EHS Myanmar မှ Project Associate လည်းဖြစ်သလို သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ trainingတွေ ဆွေးနွေးပွဲတွေကို Internal, External ပေးနေတဲ့ မယွန်းနန္ဒာခိုင် က မျှဝေပြောပြ ပေးသွားမှာ ဖြစ်ပါတယ်ရှင့်။ Webinar လေးကို လာရောက်နားထောင်ချင်တယ်ဆိုရင်တော့ အောက်ကလင့်လေးမှာ ဝင်ပြီးစာရင်းပေးသွားလို့ ရပါတယ်နော်။ Registration Link>>>>> https://docs.google.com/forms/d/e/1FAIpQLScM0l1Wg5Dh5X08k4TMDLs-mEZ_QHxTAqMcbt03qxjNJ07A0g/viewform?usp=sf_link Webinar လေးအကြောင်းကို အခြားသူတွေသိအောင်လဲ မျှဝေပေးသွားပါအုံးနော်။ #Webinar #EHSMyanmar #MotherEarthDay

🤝🌍 Happy International Microvolunteering Day! 🎉 Let's celebrate the power of small acts and big impacts. Join us in dedica
🤝🌍 Happy International Microvolunteering Day! 🎉 Let's celebrate the power of small acts and big impacts. Join us in dedicating a few moments of your day to make a difference in your community or for a cause you care about. Whether it's sharing a post, signing a petition, or offering a kind word, every action counts! #MicrovolunteeringDay #EHSMyanmar 🌿🤲