uz
Feedback
EHS Myanmar

EHS Myanmar

Kanalga Telegram’da o‘tish

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

Ko'proq ko'rsatish
934
Obunachilar
Ma'lumot yo'q24 soatlar
+47 kunlar
+730 kunlar
Postlar arxiv
World Water Monitoring Day, September 18 ========================================== As part of a global education outreach in
World Water Monitoring Day, September 18 ========================================== As part of a global education outreach initiative, the America's Clean Water Foundation (ACWF) created World Water Monitoring Day in 2003. The program, which has now been renamed the "World Water Monitoring Challenge" and "EarthEcho Water Challenge," aims to increase public awareness and involvement in safeguarding water resources by enabling individuals to do straightforward water body monitoring in their local communities. Reference - wikipedia #EHSMyanmar #WaterMonitoringDay #internationaldays

photo content
+2

📞 အသေးစိတ်သိရှိလိုပါက EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပြီး ဖုန်းနံပါတ် 09755282383, 09885123207 များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်သည်။ Learn more at www.ehsmyanmar.org -------------------------------------------------------- Don't forget to follow us on Facebook and LinkedIn https://www.facebook.com/ehsmyanmar/ https://www.linkedin.com/company/ehsmyanmar/ #EHSMyanmar #Onlinecourse #Environmental_Management_and_Planning

Environmental Management and Planning Online Course Program (Batch-1) by EHS Myanmar -------------------------------------------------------- 💠 ယခုခေတ်ကမ္ဘာကြီးပေါ်တွင် လူသားများ၏ လုပ်ဆောင်ချက်များကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုများ၊ ရာသီဥတုပြောင်းလည်းခြင်းများနှင့် ၎င်း၏အကျိုးဆက်များ စသည့်ဆိုးကျိုးများဖြစ်ပေါ်လျက်ရှိပါတယ်။ ထို့ကြောင့် ထိုဆိုးကျိုများအား တန်ပြန်နိုင်ရန်နှင့် စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုတို့အားရရှိနိုင်ရန် Environmental Management Plan (EMP) ဟုခေါ်သော ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်အား နိုင်ငံတကာ စီမံကိန်းများတွင်လည်းမရှိမဖြစ်လိုအပ်လာရာ မြန်မာနိုင်ငံတွင်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေများ (၂၀၁၄)၊ နည်းဥပဒေ ၅၅(က) အရ ဝန်ကြီးဌာနက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲတင်ပြရန်လိုအပ်သည်ဟုသတ်မှတ်သည့် စီမံကိန်းအမျိုးအစားများတွင် EMP ကိုရေးဆွဲတင်ပြရန်လိုအပ်လာပါသည်။ 💠 ထို့ကြောင့် EHS Myanmar အဖွဲ့အစည်းသည် မြန်မာနိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့နဲ့ ပတ်သက်သည့် အသိပညာဗဟုသုတများ မြှင့်တင်နိုင်ရန်အတွက် ဖွဲ့စည်းတည်ထောင်ခဲ့သည်ဖြစ်ရာ ယခုအခါတွင်လည်း နိုင်ငံအတွင်း များစွာလိုအပ်နေသည့် Environmental Management and Planning Online Course Program (Batch-1) သင်တန်းအား ဖွင့်လှစ်သွားမည်ဖြစ်ပါတယ်။ 💠 သင်တန်းတွင် ဘာတွေသင်ကြားမှာလည်း? ဤ EMP သင်တန်းတွင် -Policy, Legal and Framework -Examining Methods of Surrounding Environment -Environmental Quality Monitoring -Impacts of Identification and Risk Assessment -‌Impact Assessment Methodologies -Mitigation and Management Plan စသည်တို့အား ဆရာ၊ ဆရာမများမှ ရှင်းလင်း၊ သေချာစွာ သင်ကြားပေးသွားမည်ဖြစ်ပါတယ်။ 💠 သင်တန်းတွင် ဘယ်သူတွေသင်ကြားမှာလည်း? သင်တန်းအား EIA နယ်ပယ်တွင်များစွာအတွေ့အကြုံရှိသည့်၊ နိုင်ငံတကာတက္ကသိုလ်များမှ ဘွဲ့များရရှိထားသည့် ဆရာ၊ ဆရာမများမှ သင်ကြားပေးသွားမည်ဖြစ်ပါတယ်။ 💠 သင်တန်းအား ဘယ်သူတွေတက်သင့်ပါလည်း? EMP သင်တန်းအား EIA နှင့် EMP နယ်ပယ်များအတွင်း လုပ်ကိုင်လိုသည့် ဘွဲ့ကြိုကျောင်းသား ကျောင်းသူများ၊ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများအပြင် Environmental Officer များ၊ Environmental Auditor များ၊ EMP အားကိုယ်တိုင်လုပ်ရေးဆွဲလိုသည့် Manager များ နှင့် လုပ်ငန်းရှင်ကြီးများအတွက် အထူးသင့်လျှော်ပါတယ်။ မှတ်ချက်။ ။သင်တန်းအားအချိန်ပြည့်တက်ပေးသူ၊ တက်ကြွစွာပါဝင်သူနဲ့ Assessment နှင့် Attendance ပြည့်မှီသူများကိုသာ သင်တန်းပြီး Certificate ပေးအပ်မှာဖြစ်ပါတယ်။ 💠 သင်တန်းအား ဘယ်အချိန်နဲ့ ဘယ်နေရာများတွင် သင်ကြားမှာပါလည်း? သင်တန်းသည် October လ ၁ ရက်နေ့ ၂၀၂၂ ခုနှစ် (1/10/2022) မှ‌စ‌၍ October လ ၂၃ ရက်နေ့ ၂၀၂၂ ခုနစ် (23/10/2022) အထိ ကျောင်း၊ ရုံးလွတ်ချိန် စနေ တနင်္ဂနွေနေ့များတွင် Zoom မှတဆင့် သင်ကြားပေးသွားမည်ဖြစ်ပါတယ်။ သင်တန်းအား ညနေ ၆ နာရီခွဲ (6:30 pm) မှ ည‌ ၈ နာရီ (8:00 pm) အတွင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။ မှတ်ချက်။ ။ဆရာ၊ ဆရာမများ၏ စာသင်ကြားမှုပေါ်မူတည်၍ စာသင်ချိန် ၁ နာရီခွဲမှ ၂ နာရီအတွင်းကြာမြင့်နိုင်ပါတယ်။ 💠 သင်တန်းကြေးက ဘယ်လောက်ပါလည်း? သင်တန်းကြေးသည် ၂၅,၀၀၀ ကျပ်ဖြစ်ပြီး Online Payment များဖြစ်သည့် KBZ Pay၊ Wave Pay၊ AYA Bank၊ CB Bank များဖြင့်ပေးချေနိုင်ပါတယ်။ 🎯EHS Myanmar ဖွင့်လှစ်ခဲ့သည့် သင်တန်းများနှင့် EHS Myanmar Partnership organisation များတွင် ဖွင့်လှစ်ခဲ့သည့် သင်တန်းများအားတက်ရောက်ခဲ့သည့် သင်တန်းသူ သင်တန်းသားဟောင်းများက‌တော့ Alumni Discount ရရှိမှာဖြစ်ပါတယ်။ မှတ်ချက်။ ။ငွေသွင်းပြီးပါက ငွေပို့လိုက်သည့်အကြောင်းအား EHS Myanmar ၏ Messenger Chat Box သို့ လာရောက်အကြောင်းကြားပေးရန်လိုအပ်ပါတယ်။ 💠 သင်တန်း၏ Registration Form သင်တန်းအား အောက်ပါ Link တွင်စာရင်းပေးသွင်းနိုင်မှာဖြစ်ပြီး သင်တန်းသားအား September လ ၂၈ ရက် ၂၀၂၂ ခုနစ် (28/9/2022) အထိ လက်ခံပေးသွားမည်ဖြစ်ပါတယ်။ သင်တန်းသားအရေအတွက် ကန့်သက်ထားသည့်အပြင် သင်တန်းကြေးပေးသွင်းသူများသာ ဦးစားပေးခေါ်ယူမည်ဖြစ်သောကြောင့် သင်တန်းအားအမြန်ဆုံး စာရင်းပေးဖို့ တိုက်တွန်းလိုပါတယ်။ Registration Link - https://forms.gle/LhwGwAAPeReVZWdF9 💠 Environmental Sustainability Online Course (Batch - 2) နှင့် (Batch -3) မှ Review များ https://m.facebook.com/story.php?story_fbid=438878044313618&id=108833677318058 https://m.facebook.com/story.php?story_fbid=521757932692295&id=108833677318058 💠 Environmental Management and Planning (EMP) article - https://www.facebook.com/108833677318058/posts/584563883078366/

World Cleanup Day, September 17 ========================================== World Cleanup Day is the greatest one-day civic ac
World Cleanup Day, September 17 ========================================== World Cleanup Day is the greatest one-day civic action in the world, with over 191 countries participating to combat the global trash epidemic. World Cleanup Day encompasses more than just cleanups. It is a powerful and distinct movement that shares the vision of a world without waste. Reference - www.worldcleanupday.org #EHSMyanmar #CleanupDay #internationaldays

photo content

MYEO ၏ လုပ်ငန်းခွင်စွမ်းရည်တွေကို လေ့ကျင့်သင်ယူပြီး အတွေ့အကြုံနဲ့ဝင်ငွေရှာနိုင်မယ့် ပရိုဂရမ် တွင် EHS Myanmar မှ မိတ်ဖက်အဖွဲ့အစည်း အဖြစ်ပါဝင်သွားပါမည်။ . ဒီပရိုဂရမ်မှာ ပါဝင်ခြင်းအားဖြင့် 📌 ဘယ်လုပ်ငန်းခွင်အတွက်မဆို လိုအပ်တဲ့နည်းပညာ၊ အတတ်ပညာတွေကို ဖြည့်ဆည်းနိုင်ပြီး လုပ်ငန်းခွင်သာမက နေ့စဉ်ဘဝနဲ့လူမှုဘဝအတွက် လိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရရှိလာမယ်။ 📌 စိုက်ပျိုးရေးပညာရပ်တွေကို ကျွမ်းကျင်ပညာရှင်တွေနဲ့ လေ့လာသင်ယူနိုင်လို့ လုပ်ငန်းပိုတိုးတက်လာမယ်။ 📌 သက်ဆိုင်ရာနယ်ပယ်က ကျွမ်းကျင်ပညာရှင်တွေ လုပ်ငန်းရှင်တွေ၊ တခြားဒေသက ဝါသနာတူလူငယ်တွေနဲ့လည်း ဆက်သွယ်ချိတ်ဆက်နိုင်လို့ လူမှုအသိုင်းအဝိုင်း ပိုကျယ်ပြန့်လာမယ်။ . 📌 MYEO ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေမှာ - 😍လစာရအလုပ်သင်အစီအစဉ် (Paid Internship)😍 ကို လျှောက်ထားနိုင်လို့ ဝင်ငွေရှာရင်း စာတွေ့အပြင် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံလည်း ရယူနိုင်မယ်။ . ဒီ "Learn to Earn Program" အောင်မြင်သွားသူများအနေဖြင့် EHS Myanmar တွင် Environmental Operations Intern အဖြစ် (၃) လတာ အလုပ်သင်ဆင်းနိုင်ဖို့ အခွင့်အရေးရှိပါတယ်။ . Program အသေးစိတ်ကို ဒီမှာလေ့လာပါ - https://www.facebook.com/myeo.hub/posts/pfbid0VBTJqYmLNVfGqfRjX3MDo9cPepuU6cjAJppzoYF6Y7JrqvPacb8LeSMAQ1ocbJgZl ----------------------------------------------------------------------------------------- ----------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #MYEO #Agriculture #FoodSafety #LearnToEarnProgram #Internship

International Day for the Preservation of the Ozone Layer, September 16 =============================================== Inter
International Day for the Preservation of the Ozone Layer, September 16 =============================================== International Day for the Preservation of the Ozone Layer (informally known as Ozone Day) is observed on September 16 as designated by the United Nations General Assembly.[1] This designation was made on December 19, 2000, to commemorate the date on which nations signed the Montreal Protocol on Substances that Deplete the Ozone Layer in 1987. #EHSMyanmar #OzoneDay #internationaldays

Coming soon...🤩 If you are interested in this upcoming course, you can freely inquiry to our Page Chat. #EHSMyanmar #environ
Coming soon...🤩 If you are interested in this upcoming course, you can freely inquiry to our Page Chat. #EHSMyanmar #environmentalimpactassessment #environmentalmangementplan

photo content
+3

Environment-Health-Safety Myanmar (EHS Myanmar) မှ Team Member များက အသက် ၁၃ နှစ်ကနေ ၁၆ နှစ် အရွယ်ကလေးများအတွက် ပညာဒါနဖြင့် အခမဲ့ ဝေမျှသင်ကြားပေးခဲ့ပါတယ်။ --------------------------------------------------------------------------------------- Environment-Health-Safety Myanmar (EHS Myanmar) သည် လူငယ် ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် "Zeekwat Academy" နှင့် ပူးပေါင်း၍ "Climate Change and Environment" Free Online Class ပထမအပတ် Week-1 တွင် ကိုကောင်းပြည့်လျှံမှ Terrestrial Biodiversity၊ ဒုတိယအပတ် Week-2 တွင် မဆုနန္ဒာအောင်မှ The Sustainable Development Goals (SDGs) to Transform our World၊ တတိယအပတ် Week-3 တွင် မမေသရဖူသိန်းဝင်းမှ Climate Change, Ocean and Marine Biodiversity စသည့် သင်ခန်းစာများကို ကျောင်းသားကျောင်းသူများ နှင့်အတူ အပြန်အလှန်ဆွေးနွေးခြင်း၊ အဖွဲ့လိုက်ဆွေးနွေးတိုင်ပင်ခြင်း၊ နှင့် ဥာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်းစသည့်သင်ကြားရေးစနစ် တို့ဖြင့် 16.8.2022မှ 2.9.2022 နေ့အထိ သင်ကြားပေးခဲ့ပါသည်။ #EHSMyanmar #ZeekwatAcademy #collaboration #climatechange #environment

photo content
+3

💻📝 EHS Myanmar မှ ဖွင့်လှစ်ပြီးသွားသော သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေးအွန်လိုင်းသင်တန်း အပတ်စဉ် (၄) (Environmental Sustainability Course Batch 4) ပထမအပတ် Week-1 တွင် ဆရာ Si Thu Tun မှ Wastewater Treatment Engineering and Management၊ ဒုတိယအပတ် Week-2 တွင် EHS Myanmar ၏ Vice-President ဆရာမ Zwe Yin Phyu မှ Circular Economy နှင့် Sustainable Development၊ တတိယအပတ် Week-3 တွင် EHS Myanmar ၏ President ဆရာ Kaung Htet Swan မှ Environmental Health Risk Assessment (EHRA) နှင့် Environmental Hazards and Public Health စသည့် သင်ခန်းစာများကို ကျောင်းသားကျောင်းသူများ နှင့်အတူ အပြန်အလှန်ဆွေးနွေးခြင်း၊ အဖွဲ့လိုက်ဆွေးနွေးတိုင်ပင်ခြင်း၊ နှင့် ဥာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်းစသည့်သင်ကြားရေးစနစ် တို့ဖြင့် သင်ကြားပေးခဲ့ပြီး သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေးအွန်လိုင်းသင်တန်း အပတ်စဉ် (၄) တွင် အောင်မှတ်ရရှိခဲ့သော သင်တန်းသားသင်တန်းသူ (၁၆) ယောက်ကို သင်တန်းဆင်းလက်မှတ်များပေးအပ်နိုင်ခဲ့ပါတယ်။ ------------------------------------------------------------------------- လူကြီးမင်း နှင့် လူကြီးမင်းတို့၏ အဖွဲ့အစည်းအတွင်းရှိဝန်ထမ်းများအား သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးခြင်းအားဖြင့် "Let's build Environmental friendly Society" ရရှိလာမည့်အကျိုးကျေးဇူးတွေကို တန်ဖိုးထားစိတ်ဝင်စားမယ်ဆိုလျှင်ဖြင့် EHS Myanmar ၏ "Environmental Corporate Training and Development program" ဖြင့်အစွမ်းကုန်မျှဝေကူညီပေးပါရစေရှင့်။ Please do not hesitate to contact us and visit our Facebook Page first. 𝐦𝐲𝐚𝐧𝐦𝐚𝐫𝐞𝐡𝐬@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦 #EHSMyanmar #environmental #sustainability #onlinecourse #batch4

International Day of Clean Air for blue skies, September 7 ------------------------------------------------------------------
International Day of Clean Air for blue skies, September 7 ----------------------------------------------------------------------------------------------- "The Air We Share" is the theme for 2022. Air pollution is the main environmental cause of disease, and it is also one of the main causes of death and disease that can be stopped. WHO warns that 99% of people on Earth now breathe polluted air. Every year, air pollution kills 7 million people, and 90% of them live in low- and middle-income countries. Source - UNEP #EHSMyanmar #ClearAir #BlueSky #InternationalDay

photo content

🌏 ကျွန်မတို့ EHS Myanmar မှ အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့ (International Day of Clean Air for Blue Skies) ကိုဂုဏ်ပြုသောအားဖြင့် "#TheAirWeShare" အမည်ဖြင့် အသိပညာပေး Online Awareness Campaign ကို (၂) ရက်တာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ကျွန်မတို့၏ Online Awareness Campaign ကို UN Environment Programme (UNEP) နှင့် Clean Air Blue Skies Organization တို့ထံ Register လုပ်ထားပြီးဖြစ်ပါသည်။ ယခုလို မြန်မာနိုင်ငံ၏ NGO များထဲတွင် ပထမဆုံးအသိအမှတ်ပြုခံထားရသော Online Awareness Campaign ကို စိတ်ဝင်စားသူမည်သူမဆို လေ့လာမှတ်သားနိုင်ဖို့ ဖိတ်ခေါ်ပါရစေရှင့်။ ယခု နှစ် theme မှာ "The Air We Share" ဖြစ်ပြီး မြန်မာလိုမှာ "လေထုသန့်ရှင်းဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့" ဖြစ်ပါတယ်။ UNEP Registered Events - https://www.cleanairblueskies.org/get-involved/registered-events #EHSMyanmar #TheAirWeShare #CleanAirDayforBluseSkies #UNEP

photo content

ကမ္ဘာ့လေထုညစ်ညမ်းမှု အနည်းဆုံး နှင့် အများဆုံးနိုင်ငံများ ----------------------------------------------------------------- EHS Myanmar | 26.8.22 လေထုညစ်ညမ်းမှု ညွှန်းကိန်းများကိုတိုင်းတာသည့်အခါ µg/m³ သို့မဟုတ် ppm သို့မဟုတ် AQI စသည်တို့နှင့်တိုင်းတာလေ့ရှိပါ တယ်။ လေထုအရည်အသွေး 10 µg/m³ အောက်ဆိုလျှင် လေထုအရည်အသွေးကောင်းမွန်တဲ့ အနေအထားမှာရှိတယ်လို့ပြောလို့ရပါတယ်။ U-Earth မှ ထုတ်ပြန်ထားသည့် လေထုညစ်ညမ်းမှု အနည်းဆုံး နှင့် အများဆုံးနိုင်ငံများစာရင်းကို ဖော်ပြပေးလိုက်ရပါတယ်။ လေထုညစ်ညမ်းမှု အနည်းဆုံးနိုင်ငံများစာရင်း - ၁။ New Caledonia (ပြင်သစ်) - 3.8 µg/m³ ၂။ US Virgin Islands – 4.5 µg/m³ ၃။ Puerto Rico – 4.8 µg/m³ ၄။ Cape Verde – 5.1 µg/m³ ၅။ Bonaire, Sint Eustatius and Saba – 5.1 µg/m³ ၆။ Finland – 5.5 µg/m³ ၇။ Grenada – 5.5 µg/m³ ၈။ Bahamas – 5.5 µg/m³ ၉။ Australia – 5.7 µg/m³ ၁၀။ Estonia – 5.9 µg/m³ လေထုညစ်ညမ်းမှု အများဆုံးနိုင်ငံများစာရင်း - ၁။ Bangladesh – 76.9 µg/m³ ၂။ Chad – 75.9 µg/m³ ၃။ Pakistan – 66.8 µg/m³ ၄။ Tajikistan – 59.4 µg/m³ ၅။ India – 58.1 µg/m³ ၆။ Oman – 53.9 µg/m³ ၇။ Kyrgyzstan – 50.8 µg/m³ ၈။ Bahrain – 49.8 µg/m³ ၉။ Iraq – 49.7 µg/m³ ၁၀။ Nepal – 46 µg/m³ ပြုစုသူ - နိုင်ကျော်လူ ကိုးကားကျမ်း - The World’s Most and Least Polluted Countries, U-Earth Team, 2022 --------------------------------------------------------------------------- Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar #EHSMyanmar #airpollution #airquality #countries #world

photo content

ဩဂုတ်လ (၂၉) ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ဒလမြို့နယ်ရှိ Chu Chu Recycling Workshop မီးလောင်မှုဖြစ်ပွားကြောင်းသိရှိခဲ့ရပါသည်။ Envionmental နှင့် Recycling ကဏ္ဍတွင် အရေးကြီးပြီး တက်ကြွစွာလုပ်ကိုင်လျက်ရှိ သည့် Chu Chu Recycling Workshop (ကြွပ်ကြွပ်) အဖွဲ့သားများ၏ အဆောက်အဦး မီးလောင်ဆုံးရှုံးခဲ့ကြောင်းကြားသိရသည့် အတွက် များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါသည်။ ဆရာမကြီး Wendy နှင့် ကြွပ်ကြွပ် အဖွဲ့သားများ ဘေးအန္တရာယ်ကင်းပါစေလို့ ဆုတောင်းပေးရင်း EHS Myanmar မှ ကူညီပေးနိုင်သည့် ကိစ္စရပ်များကို ဝိုင်းဝန်းကူညီပေးသွားပါမည်။ ပုံ - မြန်မာ့မီးသတ်ဦးစီးဌာန #EHSMyanmar #ChuChu