uz
Feedback
Dream world Movies Channel(MM Sub)

Dream world Movies Channel(MM Sub)

Kanalga Telegram’da o‘tish

ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan

📈 Telegram kanali Dream world Movies Channel(MM Sub) analitikasi

Dream world Movies Channel(MM Sub) (@dreamworld2) kanali faol ishtirokchi. Hozirda hamjamiyat 44 993 obunachidan iborat bo'lib, Boshqa toifasida -o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 44 993 obunachiga ega bo‘ldi.

21 Sentabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni 7 574 ga, so‘nggi 24 soatda esa -59 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 4.63% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 4.01% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 2 085 marta ko‘riladi; birinchi sutkada odatda 1 807 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 1 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ”

Yuqori yangilanish chastotasi (oxirgi ma’lumot 22 Sentabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Boshqa toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

44 993
Obunachilar
-5924 soatlar
+10 7447 kun
+7 57430 kun
Postlar arxiv
Tom and Jerry: Forbidden Compass (2025) အားလုံးအတွက် ကလေးဘဝကအချစ်တော်လေးတွေဖြစ်တဲ့ Tom And Jerryကာတွန်းရဲ့ Chinese Version အသ
Tom and Jerry: Forbidden Compass (2025) အားလုံးအတွက် ကလေးဘဝကအချစ်တော်လေးတွေဖြစ်တဲ့ Tom And Jerryကာတွန်းရဲ့ Chinese Version အသစ်စက်စက်စွန့်စားခန်းရုပ်ရှင်ကားကြီးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Tom ကရှေးဟောင်းပြတိုက်မှူးဖြစ်ပြီးတော့ Jerryကရှေးဟောင်းပစ္စည်းမက်မောတဲ့ကြွက်ကလေးဖြစ်တယ်။ ထုံးစံအတိုင်းရှေးဟောင်းပြတိုက်ထဲမှာ ပြေးရင်းလိုက်ရင်းနဲ့ ဆန်းကြယ်တဲ့လျှို့ဝှက်တံခါးဖြစ်တဲ့ ကြယ်တာရာသံလိုက်အိမ်မြှောင်ပွင့်သွားပြီးတော့ ၂ကောင်သား ရှေးခေတ်တရုတ်ပြည်ကိုရောက်သွားကြပါတယ်။ ပြေးရင်းလိုက်ရင်းနဲ့ Tom က ကြယ်တာရာသံလိုက်အိမ်မြှောင်ကိုပိုင်တဲ့ ကျင်းချန်မြို့ရဲ့ကယ်တင်ရှင်သူရဲကောင်းကြီးဖြစ်သွားပါတယ်။ ဒီဘက်ခေတ်မှာမွှေရတာတင်အားမရလို့ ကြောင်နဲ့ကြွက်တို့ ရှေးခေတ်ထိသွားပြီး နတ်ဘုရားတွေကိုတောင်မွှေမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ကြောင်နဲ့ကြွက်ရဲ့ ထုံးစံအတိုင်း တစ်ယောက်နဲ့တစ်ယောက် ခြေထိုးခံရင်း အလွဲလွဲအချော်ချော်တွေလုပ်ကြရင်း ပုံစံဟောင်းအတိုင်းအပြင် ဒီဘက်ခေတ်Visual Effectsတွေနဲ့ ပေါင်းစပ်ထားပြီး ဆန်းသစ်တောက်ပအောင်ပုံဖော်ထားပါတယ်။ ကလေးရောလူကြီးပါ တပျော်တပါး ထိုင်ကြည့်ပြီး ပါးစပ်မစေ့အောင်ရယ်ရမယ့် ကာတွန်းကားကောင်းလေးပဲဖြစ်ပါတယ် Filesize : 2.21 GB / 1.20 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Animation, Comedy, Family, Fantasy, and Adventure Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub )

None Shall Escape 2026 အခုတင်ဆက်ပေးမှာကတော့ Horror ပရိသတ်တွေကြားထဲမှာ တကယ့်ကို ရင်တဖိုဖိုနဲ့ ကြည့်ရှုရမဲ့ သွေးထွက်သံယို ခြောက
None Shall Escape 2026 အခုတင်ဆက်ပေးမှာကတော့ Horror ပရိသတ်တွေကြားထဲမှာ တကယ့်ကို ရင်တဖိုဖိုနဲ့ ကြည့်ရှုရမဲ့ သွေးထွက်သံယို ခြောက်လှန့်မှုတွေထက် လူ့ရဲ့စိတ်ကို ကလိပြီး ကျောချမ်းစေမဲ့ psychological horror အမျိုးအစား ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်ဆေးကျောင်းသူလေး စူးယင့်ရွှယ်ဟာ အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေတဲ့ သူမရဲ့ အမြွှာအစ်မ စူးချင်းဟယ်ကို လိုက်လံရှာဖွေရင်း စစ်ဘေးဒဏ်သင့် မြို့ပျက်ကြီးရဲ့ ဆင်ခြေဖုံးမှာရှိတဲ့ ချောက်ချားဖွယ်ရာ ယန်အိမ်ဟောင်းကြီးဆီကို ရောက်ရှိလာခဲ့ပါတယ် ထူးဆန်းတာက အဲဒီအိမ်ကြီးထဲမှာ နေထိုင်ကြတဲ့သူတွေဟာ တစ်ယောက်မှ ပုံမှန်မရှိကြပါဘူးမူမမှန်တဲ့ အိမ်ပိုင်ရှင် အစ်မဖျင် စိတ်မမှန်တဲ့ အိမ်ပိုင်ရှင်ကြီး ဆွံ့အနားမကြားတဲ့ အစေခံ အားကျန်း နဲ့ အမှောင်ထုထဲမှာတင် တစ်ယောက်တည်း သွားလာလှုပ်ရှားနေတတ်တဲ့ ကလေးငယ် ဝမ်ချိုးတို့ပဲ ဖြစ်ပါတယ် အစ်မဖြစ်သူကတော့ တခြားနေရာကို ပြောင်းရွှေ့သွားပြီလို့ အိမ်ပိုင်ရှင်မက ပြောပေမဲ့လည်း ယင့်ရွှယ်တစ်ယောက် အခန်းထဲမှာ အစ်မဖြစ်သူကို ကိုယ်တိုင်ပေးခဲ့ဖူးတဲ့ မွေးနေ့လက်ဆောင် ကလောင်တံကို မမျှော်လင့်ဘဲ ပြန်တွေ့လိုက်ရတဲ့အခါမှာတော့....မသင်္ကာစရာ သံသယတွေ ကြီးထွားလာတာနဲ့အမျှ ယင့်ရွှယ်ကိုယ်တိုင်ပါ နောက်ထပ် ထောင်ချောက်ဆင် သားကောင်ပြုလုပ်ခြင်း ခံရတော့မဲ့အခြေအနေဆိုးကြီးထဲကို သက်ဆင်းသွားပါတော့တယ် ထောင်ချောက်ထဲက လွတ်မြောက်အောင် အသည်းအသန် ရုန်းကန်ရမဲ့ အမြွှာညီမဖြစ်သူရဲ့ အသက်လုပွဲကို ပဟေဠိဆန်ဆန် ရိုက်ကူးထားတာမို့လို့... သရဲကားအမာခံ ပရိသတ်တွေနဲ့ ဇာတ်လမ်းဆန်းဆန်း ကြိုက်နှစ်သက်သူတွေအဖို့ တကယ့်ကို လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ် Filesize : 1.03 GB / 557 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Mystery, Thriller, and Crime Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld6543/223

Repost from N/a
Detective Chen 2 (2026) 720p WEB-DL AAC2.0

Detective Chen 2 (2026) ကွန်ဖူးပရိသတ်တွေရဲ့ရှောင်လင်ကိုယ်တော်လေး Ashton Chenရဲ့ ဒါရိုက်တာအဖြစ်ရော မင်းသားအဖြစ်နဲ့ပါဖန်တီးအားထ
Detective Chen 2 (2026) ကွန်ဖူးပရိသတ်တွေရဲ့ရှောင်လင်ကိုယ်တော်လေး Ashton Chenရဲ့ ဒါရိုက်တာအဖြစ်ရော မင်းသားအဖြစ်နဲ့ပါဖန်တီးအားထုတ်ထားတဲ့ ဒုတိယကားလေးပါ။ Fight Back to School အငွေ့အသက်တွေနဲ့ ပီပြင်တဲ့တိုက်ခိုက်ခန်းတွေ အက်ရှင်ဝေဝေဆာဆာကြိုက်တဲ့သူတွေအတွက် ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ဒီဒုတိယကားမှာတော့ ချန်ဟူဟာလူသတ်မှုတစ်ခုရဲ့လူသတ်သမားအဖြစ်ချောက်ချခံရပြီး ထောင်ထဲကိုရောက်သွားပါတယ်။ ဒါပေမယ့် သူ့ရဲ့ကံကြမ္မာကအဲဒီမှာတင် အဆုံးသတ်မသွားပါဘူး။ သူ့အသက်ဘေးကနေသီသီလေးလွတ်မြောက်လာပြီးနောက်မှာတော့ ကြောက်စရာကောင်းတဲ့ပူးပေါင်းကြံစည်ကြီးကိုစတင်ဖော်ထုတ်ပါတော့တယ် အဲဒီလိုနဲ့ ကျောင်းတော်ကြီးဆီကို အသွင်ယူစုံစမ်းစစ်ဆေးဖို့ တစ်ဖန်ပြန်ရောက်လာပြီး သူငယ်ချင်းဖြစ်တဲ့ လီသာနဲ့ ပိုင်ခယ်တို့ရဲ့အကူအညီနဲ့ သူအပြစ်မရှိကြောင်းကို သက်သေပြဖို့ အမှုမှန်ကိုဖော်ထုတ်သွားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ် Filesize : 1.19 GB / 672 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Action, Comedy, Mystery, and Crime Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub )

Repost from N/a
O-b-s-e-s-s-i-o-n (2026)အဟော့ဆုံးနဲ့ အကြမ်းဆုံး ရုံတင်ကားကြီး 🔥🔥

အဟော့ဆုံးနဲ့ အကြမ်းဆုံး ရုံတင်ကားကြီး 🔥🔥 Obsession (2026) IMDb Rating (8.1) / Rotten Tomatoes (94%) ၂၀၂၅ ခုနှစ်ရဲ့ အဟော့ဆုံ
အဟော့ဆုံးနဲ့ အကြမ်းဆုံး ရုံတင်ကားကြီး 🔥🔥 Obsession (2026) IMDb Rating (8.1) / Rotten Tomatoes (94%) ၂၀၂၅ ခုနှစ်ရဲ့ အဟော့ဆုံးနဲ့ အကြမ်းဆုံး Horror ကားကို ပြပါဆိုရင်တော့ ဒါရိုက်တာ Curry Barker ရိုက်ကူးထားတဲ့ "Obsession" ကိုပဲ ပြရမှာပါ။ ဒီကားက ဘတ်ဂျက်နည်းနည်းလေးနဲ့ ရိုက်ထားတာဆိုပေမဲ့ တကယ့်ကို အောင်မြင်မှုတွေ အများကြီး ရထားတဲ့ကားဆိုတော့ ရုပ်ရှင်ချစ်သူတွေ ကြည့်ကိုကြည့်သင့်တဲ့ကားစာရင်းထဲမှာ ပါပါတယ်။

Repost from N/a
The Scarlet Letter (2004)

The Scarlet Letter (2004) 🔞အချစ်ကြောင့်ပျက်စီးရသူများ ဇာတ်လမ်းသွားနဲ့ plot twist တွေက အ တော် လေးမိုက်ပါတယ်၊ အဖော်အပြ 🔞 လည်း
The Scarlet Letter (2004) 🔞အချစ်ကြောင့်ပျက်စီးရသူများ ဇာတ်လမ်းသွားနဲ့ plot twist တွေက အ တော် လေးမိုက်ပါတယ်၊ အဖော်အပြ 🔞 လည်း ကြမ်းသလို သွေးသံရဲရဲ တွေလည်း ပါဝင်ပီးတော့ မထင်ထားတဲ့plot twistအဆန်း တွေကြိုက်ရင် ဒီဇာတ်ကားကို သေချာ ပေါက် ညွှန်းလိုရပါတယ်။ သရုပ် ဆောင် တွေအ နေနဲ့ အားလုံးရင်းနှီးပြီးသား Dr. Romantic ထဲက မင်းသားကြီး Han Suk Kyu ပါဝင်ပါတယ်။

The Evil Twin (2006) ကင်အိမ်တော်ကသခင်ကြီးကင်ဇနီးဖြစ်သူကသားယောင်္ကျားလေးမမွေးဘဲ သမီးအကြီးဆိုးယွန်းကိုမွေးလို့စကားမပြောနိုင်ဖြစ
The Evil Twin (2006) ကင်အိမ်တော်ကသခင်ကြီးကင်ဇနီးဖြစ်သူကသားယောင်္ကျားလေးမမွေးဘဲ သမီးအကြီးဆိုးယွန်းကိုမွေးလို့စကားမပြောနိုင်ဖြစ်ခဲ့ပေမယ့်သမီးအငယ်လေးဟိုဂျင်းလေးကိုတော့သည်းသည်းလှုပ်ချစ်ခဲ့ပါတယ်။ ကလေးသဘာဝသူများကိုချစ်ပြီးကိုယ့်ကိုအချစ်မခံရတဲ့အခါဆိုးယွန်းကဟိုဂျင်းကိုမုန်းနေခဲ့ပါတယ်။တစ်နေ့မှာတော့ဆိုးယွန်းကသူငယ်ချင်းတွေကို ဟိုဂျင်းကိုရေကန်ထဲတွန်းချပေးပါဆိုပြီး ခိုင်းခဲ့တယ်။ ဒါပေမယ့် ဆိုးယွန်းလက်ကောက်ကိုသဘောကျလို့ဟိုဂျင်းကဝတ်ကြည့်ပြီး ညီအစ်မနှစ်ယောက်လုကြရင်းနဲ့မတော်တဆရေထဲကိုပြုတ်ကျသွားခဲ့ပါတယ်။ အဲဒီအချိန်မှာအမေဖြစ်သူရောက်လာပြီး နှစ်ယောက်တည်းကတစ်ယောက်ကိုပဲ ကယ်တင်လို့ရမယ့်အခြေအနေမို့ လူအများရဲ့ချစ်ခြင်းကိုမခံရတဲ့ဆိုးယွန်းလေးကိုကယ်ဖို့ဆုံးဖြတ်ခဲ့တယ်။ အဲဒါနဲ့လက်ကောက်ဝတ်ထားတာကဆိုးယွန်းပဲဆိုပြီးကယ်တင်ခဲ့တယ်။ ၁၀နှစ်ကြာတဲ့အချိန်မှာ ဆိုးယွန်းကပြန်သတိရလာခဲ့ပြီးမှတ်ဉာဏ်တွေပျောက်သွားခဲ့တယ်။ ဆိုးယွန်းသတိရလာပြီးနောက်ပိုင်းရွာမှာထူးထူးဆန်းဆန်း လူသေမှုတွေဆက်တိုက်ဖြစ်လာခဲ့တယ်။  မိခင်ကြီးကယ်တင်ခဲ့တဲ့သူကဆိုးယွန်းမဟုတ်ဘဲဟိုဂျင်းဖြစ်နေပြီးဆိုးယွန်းရဲ့အမုန်းတရားတွေကြီးထွားလာတဲ့အခါ ဘာတွေဆက်ဖြစ်သွားမလဲ? ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld6543/218

King Kaew ( 2026 ) ၂၀၂၆ ခုနှစ် ဇန်နဝါရီလက ထိုင်းနိုင်ငံမှာ ရုံတင်ပြသခဲ့တဲ့ "กิ่งแก้ว" (Kingkaew) ရုပ်ရှင်ကားကတော့ ထိုင်းနိုင်
King Kaew ( 2026 ) ၂၀၂၆ ခုနှစ် ဇန်နဝါရီလက ထိုင်းနိုင်ငံမှာ ရုံတင်ပြသခဲ့တဲ့ "กิ่งแก้ว" (Kingkaew) ရုပ်ရှင်ကားကတော့ ထိုင်းနိုင်ငံရဲ့သမိုင်းမှာ ဒုတိယမြောက် သေဒဏ်ပေးခြင်းခံခဲ့ရတဲ့ အမျိုးသမီးအကျဉ်းသား "ကင်ကဲယောက်"ရဲ့ ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အသက် ၆ နှစ်အရွယ် ကလေးတစ်ဦးကို ပြန်ပေးဆွဲပြီး လူသတ်ခဲ့တဲ့ တုန်လှုပ်ခြောက်ခြားဖွယ်ရာ အမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ကင်ကဲယောက်ဟာ သူချစ်ရတဲ့သူ "ဟင်းမ်"က သူ့ကို အသည်းခွဲခဲ့လို့ စိတ်ပိုင်းဆိုင်ရာ ခံစားနေရတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး အဲဒီအမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။ ကင်ကဲယောက်က သူ မလုပ်ရကြောင်း အကြိမ်ကြိမ် ငြင်းဆိုခဲ့ပေမဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေကြောင့် တရားရုံးက သူ့ကို သေဒဏ် အမိန့်ချမှတ်ခဲ့ပါတယ်။ သူ့ကို ကွပ်မျက်တဲ့နေ့မှာ ပိုတုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ် သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ကွပ်မျက်ပြီးနောက်မှာ သေပြီအထင်နဲ့ ရင်ခွဲရုံကို ပိုဆောင်တဲ့အချိန် သူက မသေသေးဘဲ ရုန်းကန်ငိုယိုနေခဲ့လို့ ဒုတိယအကြိမ် ထပ်မံပစ်ခတ်ပြီးမှ သေဆုံးသွားခဲ့ရတာပါ။ သူ သေဆုံးသွားပြီးနောက်မှာတော့ အကျဉ်းထောင်အတွင်းနဲ့ အဲဒီအမှုမှာ ပတ်သက်ခဲ့သူတွေဆီမှာ ထိတ်လန့်စရာ ဝိညာဉ်ခြောက်လှန့်မှုတွေနဲ့ နာကျင်စွာ အော်ဟစ်ငိုကြွေးသံတွေ ဆက်တိုက်ထွက်ပေါ်လာပြီး မာယာထောင်ချောက်ကြီးတစ်ခုလို အသက်အန္တရာယ်ပြု ခြောက်လှန့်လာခဲ့ပါတော့တယ်။ သေဆုံးခြင်းနောက်ကွယ်က အမှန်တရားနဲ့ သေဆုံးပြီး တစ်ဖန်ပြန်လာတဲ့ ဝိဉာဥ်ရဲ့ အငြှိုးအာဃာတစိတ်တွေကြားမှာ ဘယ်လို တုန်လှုပ်ခြောက်ခြားရမလဲဆိုတာ.... ဇာတ်လမ်းတစ်လျှောက်လုံး အသက်ရှူဖို့တောင် မေ့သွားရလောက်အောင် ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld6543/215

ဒီဇာတ်ကားကတော့ ထိုင်းနောက်ခံ သမိုင်းကြောင်းနဲ့အတူ သွေးပျက်ခြောက်ချားဖွယ် ရိုက်ကူးထားတဲ့ ဇွန်ဘီ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ
ဒီဇာတ်ကားကတော့ ထိုင်းနောက်ခံ သမိုင်းကြောင်းနဲ့အတူ သွေးပျက်ခြောက်ချားဖွယ် ရိုက်ကူးထားတဲ့ ဇွန်ဘီ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ⤵️ - ဇာတ်လမ်းအကျဉ်း - ⤵️ ၁၅၆၅ ခုနှစ်၊ အယုဒ္ဓယခေတ် မဟာချက်ကရာဖတ်မင်းကြီး နန်းစံစဉ်ကာလအတွင်း ထိုင်းနိုင်ငံရဲ့ အခြေခံလူတန်းစား ရွာတစ်ရွာမှာ ကြောက်မက်ဖွယ်ရာ ကပ်ရောဂါဆိုးကြီး ပျံ့နှံခဲ့ပါတယ်။ ဒီရောဂါဆိုးဟာ အရေပြားပေါ်မှာ အမည်းစက်တွေ ထွက်လာပြီးနောက် လူတွေကို ကြမ်းတမ်းတဲ့ သရဲတစ္ဆေ (ဇွန်ဘီ) တွေလိုမျိုး ဖြစ်သွားစေတာပါ။ ဒီလိုမျိုး တစ်ရွာလုံး ကပ်ရောဂါဆိုးဒဏ်ကြောင့် သေဆုံးသူတွေ၊ ကူးစက်ခံရသူတွေနဲ့ အမှောင်ဖုံးနေတဲ့အချိန်မှာပဲ ရွာသားတစ်စုဟာ အသက်ရှင်ကျန်ရစ်ဖို့အတွက် အသည်းအသန် ကြိုးစားရုန်းကန်ကြရပါတယ်။ ရောဂါကူးစက်ခံထားရတဲ့ ဒဏ်ရာကို ဖုံးကွယ်ထားသူတွေ၊ ချစ်ရသူကို ကာကွယ်ချင်သူတွေနဲ့ အသက်လု ထွက်ပြေးနေကြရတဲ့ သူတို့တစ်စုဟာ ရွာထဲကနေ အောင်မြင်စွာ ရုန်းထွက်နိုင်ပါ့မလားဆိုတာတော့........ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld6543/213

Repost from N/a
Ode to My Father (2014) BluRay 720p

အရမ်းကောင်းလို့မျက်ရည်ခိုင်မှကြည့်ပါ😭 အဖေသို့တမ်းချင်း မိသားစုတွေကွဲကွာသွားခဲ့ရပြီးမိသားစုအတွက်သူ့ဘဝတစ်လျှောက်လုံး စွန့် လွှ
အရမ်းကောင်းလို့မျက်ရည်ခိုင်မှကြည့်ပါ😭 အဖေသို့တမ်းချင်း မိသားစုတွေကွဲကွာသွားခဲ့ရပြီးမိသားစုအတွက်သူ့ဘဝတစ်လျှောက်လုံး စွန့် လွှတ်အနစ်နာခံပေးဆပ်သွားတဲ့လူငယ်တစ်ယောက်အ ကြောင်းကို ရိုက်ကူးထားတာပါ။ ဒေါ့ဆူ ဆိုတဲ့ကောင်လေးဟာ အဖေနဲ့ညမလေးကို ကွဲသွားပြီးနောက် မိသားစုကို အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ မားမားမတ်မတ်ရပ်တည်ပေးခဲ့ပါတယ်။ အကိုကြီးအဖရာဆိုတဲ့အတိုင်း မိသားစုရဲ့လိုအပ်ချက်မှန်သမျှကို ကိုယ့်အသက်ကိုတောင် မငဲ့ကွက်ဘဲ ပင်ပင်ပန်းပန်း လုပ်ကိုင်ရှာဖွေကျွေးတဲ့သူမျိုးပါ။ စစ်ကြောင့်ကွဲကွာခဲ့ရတဲ့မိသားစုတွေ စစ်ဘေးကြောင့် ဖြစ်သွားရတဲ့ ဘဝဆိုးတွေကို ဒေါ့ဆူ ဘဝမှာ မမေ့နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် စစ်ပွဲတွေပြီးလို့အေးချမ်းသွားတဲ့အချိန်မှာ စစ်အတွင်းမှာပျောက်ဆုံးခဲ့တဲ့ မိသားစုဝင်များကို ရှာဖွေရေး အစီအစဉ် ပေါ်လာခဲ့ပါတယ်။ ဒေါ့ဆူလည်း ပျောက်ဆုံးသွားတဲ့ အဖေနဲ့ ညမလေးကို ရှာဖွေပါတော့တယ် ဘဝတစ်လျှောက်လုံး သူ လွမ်းဆွတ်တမ်းတသတိရခဲ့တဲ့ သူ့အဖေနဲ့ ညမလေးကို ပြန်ရှာတွေ့ပါ့မလား ...

Repost from N/a
T-h-e W-o-l-f o-f W-a-l-l S-t-r-e-e-t (20/13)

"ဘာမှမရှိတဲ့သာမန်အရောင်းစာရေးဘဝကနေ အချိန်တိုအတွင်း သန်းကြွယ်သူဌေးဖြစ်လာတဲ့ စတော့ရှယ်ယာ ပွဲစားတစ်ယောက် ဈေးဘယ်လိုရောင်းလည်းဆိုတ
"ဘာမှမရှိတဲ့သာမန်အရောင်းစာရေးဘဝကနေ အချိန်တိုအတွင်း သန်းကြွယ်သူဌေးဖြစ်လာတဲ့ စတော့ရှယ်ယာ ပွဲစားတစ်ယောက် ဈေးဘယ်လိုရောင်းလည်းဆိုတာ မြင်တွေ့ရမယ့် ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိရုပ်ရှင် " The Wolf of Wall Street (20/13) 📱IMDb Rating _8.2/10, Rotten _80% The Wolf of Wall Street ဆိုတာက ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိကိုပြန်ရိုက်ထားတာဖြစ်ပြီး … အခုထိ သက်ရှိထင်ရှားရှိနေသေးတဲ့ Jordan Belfort ဆိုတဲ့ ဆရာသမား စတော့ရှယ်ယာဈေးကွက်မှာဘယ်လိုတွေ လူလည်ဖျံကျပုံအချိန်တိုအတွင်း ငွေတွေဒလဟောဝင်ပြီး ဘယ်လိုတွေချမ်းသာသွားပုံ… ချမ်းသာလွန်ပြီး ဘာတွေဆက်ဖြစ်သွားပုံစတဲ့ သူ့ဘဝဇာတ်ကြောင်းကိုရိုက်ထားတာ… မင်းသား လီယိုနာဒိုက Jordan Belfort နေရာကနေ သရုပ်ဆောင်ထားပြီး ဇာတ်ကားရဲ့နောက်ဆုံးပိုင်းမှာ Jordan Belford ကိုယ်တိုင်လဲ ဝင်ရိုက်ထားသေးတယ်။ ဒီရုပ်ရှင်ကား ဒီလောက်ကောင်းသွားတာ.မင်းသားလီယိုနာဒိုကြောင့် လို့ပြောရင်မမှားဘူး .Jordan Belfort တောင် သူ့လောက် Jordan Belfort မဖြစ်လောက်ဘူး…လီယိုနာဒိုကမှ တကယ့်လူလည်ပတ်ကား ကျရာပျော် ငွေသမား ဆေးသမား ဆော်သမား အကုန်ကြမ်းတဲ့ တကယ့် Jordan Belfort ။ မူးယစ်ဆေးအမျိုးမျိုးကို နှစ်သက်တဲ့ Jordan Belfort မှာ မူးယစ်ဆေးတွေထက် ပိုယစ်မူးတဲ့ အရာတစ်ခုရှိတယ်…အဲ့ဒါပိုက်ဆံပဲ။

K-a-r-u-p-p-u (2026) ကာရပ်ပူ Karuppu (2026) ကာရပ်ပူ ကုဋေ ၂၀၀ ကျော်ထိ အမြတ်ပြန်ရထားတဲ့ မင်းသားကြီးဆူရီယာရဲ့ တရားရုံးဒရာမာ ရုံတ
K-a-r-u-p-p-u (2026) ကာရပ်ပူ Karuppu (2026) ကာရပ်ပူ ကုဋေ ၂၀၀ ကျော်ထိ အမြတ်ပြန်ရထားတဲ့ မင်းသားကြီးဆူရီယာရဲ့ တရားရုံးဒရာမာ ရုံတင်ကားသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ သမီးဖြစ်သူရဲ့ အသည်းအစားထိုးကုသမှုအတွက် ရွှေတွေ သယ်ပြီး ချန်နိုင်းကို ရထားနဲ့လာခဲ့တဲ့ သားအဖနှစ်ယောက်ဟာ လမ်းခရီးမှာ သူတို့ရဲ့ ရွှေတွေ အ-လု-ခံ-လိုက်ရပါတယ်။ ရဲစ-ခ-န်-းက သူခို-းတွေကိုဖ-မ်းမိပေမဲ့ ပြန်ရတဲ့ ကျပ်သားမပြည့်တဲ့ ရွှေတွေကို တ-ရ-ားရုံ-းကနေတစ်ဆင့်ပဲ ပြန်ထုတ်ပေးမယ်လို့ ပြောလာပါတယ်။ အဲဒီမှာ သူတို့သားအဖဟာ တရားရုံးတစ်ခုလုံးကို ငွေကြေး၊ အ-ာဏ-ာတွေနဲ့ လွှ-မ်းမိုးခြ-ယ်လှ-ယ်ပြီး ဆ-င်းရဲသာ-းတွေရဲ့ သွေ-းစု-ပ်နေတဲ့ ဘေဘီကန်နန်ဆိုတဲ့ လူမို-က်ရှေ့နေနဲ့ တွေ့ပါတော့တယ်။ ဘေဘီကန်နန်ဟာ ကူညီသယောင်နဲ့ သားအဖနှစ်ယောက်ကို ငွေညှ-စ်ပြီး အ-မှု-ဆွဲဆန့်နေတာကြောင့် သမီးဖြစ်သူ အသ-က်အ-န္တ-ရာ-ယ်ဟာ တဖြည်းဖြည်း စို-းရိ-မ်လာရပါတယ်။ မ-တရ-ားမှုတွေကြားမှာ လုံ-းဝမျှော်လင့်ချက်မဲ့သွားတဲ့အခါ အဖေဖြစ်သူဟာ အစေ-ာင့်အရှေ-ာက်န-တ်ဘုရားဖြစ်တဲ့ အရှင်ကာရပ်ပါ ဆီမှာ ဒူးထောက်အကူအညီတော-င်း-ခံလိုက်တဲ့အခါမှာတော့ ကာရပ်ပါဘုရားဟာ လူ့လောကထဲကို ဆာရာဗာနန်ဆိုတဲ့ရှေ့နေအဖြစ် ဖန်ဆင်းပြီး မ-တရ-ားတဲ့ ဥ-ပ-ဒေစနစ်ကို တ-ရားဥ-ပ-ဒေအတိုင်း ပြန်လည်ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/214

Repost from N/a
ကွန်တိန်နာထဲက အတိတ်မေ့နေသူ

ကွန်တိန်နာထဲက အတိတ်မေ့နေသူ ကွန်တိန်နာထဲက အတိတ်မေ့နေသူ L_a de-s_co-no_ci-da ( 2-0-2-6 ) IMDB ⭐️ 5.4/10 ဒီကားလေးကတော့ စုံထောက်အ
ကွန်တိန်နာထဲက အတိတ်မေ့နေသူ ကွန်တိန်နာထဲက အတိတ်မေ့နေသူ L_a de-s_co-no_ci-da ( 2-0-2-6 ) IMDB ⭐️ 5.4/10 ဒီကားလေးကတော့ စုံထောက်အက်ရှင်ကိုမှ ဇာတ်အေးအေးပုံစံမျိုးနဲ့ နောက်ပိုင်းအရှိန်မြင့်လာမဲ့ ဇာတ်လမ်းမျိုးလေးပါပဲ စပိန်ရိုက်ဇာတ်ကားလေးဖြစ်ပြီး La desconocida ဆိုတဲ့ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားလေးပါ အမည်နောက်တစ်မျိုးကတော့ the marked woman အဖြစ်လည်း ဒီရုပ်ရှင်ကို သိကြပါတယ် ဇာတ်လမ်းကတော့ ဘာစီလိုနာဆိပ်ကမ်းကို ဆိုက်ကပ်လာတဲ့ ကွန်တိန်နာထဲမှာ နှိပ်စက်ခံထားရတဲ့ အမျိုးသမီးတစ်ယောက်ပါ ပါလာခဲ့ပါတယ် အဲဒီအမျိုးသမီးမှာ သူ့ရဲ့အတိတ် သူနဲ့ပတ်သက်တဲ့အကြောင်း ဘာဆိုဘာမှ မမှတ်မိတော့တာကြောင့် သူပါလာတဲ့ကွန်တိန်နာ တာထွက်လာတဲ့ နေရာကလွဲရင် ရဲတွေလည်း ဘာသဲလွန်စမှမရလို့ အကျပ်ရိုက်နေပါပြီ အယ်ဂီစီရက်ကနေ လာတဲ့ သင်္ဘောဆိုတာကလွဲရင် ဘာသဲလွန်စမှ မရတဲ့အခါ ဒီအမျိုးသမီးဘယ်သူလဲ ဘာလဲ နောက်ကြောင်းကိုစုံစမ်းဖို့ အတွက် မောင်သေလို့ စိတ်ထိခိုက်နေတဲ့ ရစ်ပိုဆိုတဲ့ စုံထောက်မကို တာဝန်ပေးလိုက်ပါတော့တယ် သူနဲ့အတူ အယ်ဂီစီရက်က ကိစ္စတစ်ခုကြောင့် အစစ်ဆေးခံနေရတဲ့ ဇာရာတေးဆိုတဲ့ရဲကပါ ရောက်လာတဲ့အခါမှာတော့... အတိတ်မေ့နေတဲ့ကောင်မလေး စိတ်ထိခိုက်နေတဲ့ စုံထောက်မနဲ့ ပြည်ထဲရေးဌာနက အစစ်ဆေးခံနေရတဲ့ ဇာရာတေးတို့သုံးယောက်ဟာ အချင်းချင်း မတည့်ဘဲကိုက်ကြရင်း အဲဒီကြားထဲကနေ ဒီလျှို့ဝှက်ချက်များနေတဲ့ အမှုကို ဘယ်လိုဖော်ထုတ်သွားမလဲ ဘာလို့ကွန်တိန်နာထဲမှာ လူတစ်ယောက်ပါလာရသလဲ ဒီကောင်မလေးရဲ့ အတိတ်မှာရော ဘယ်လိုလူဖြစ်ခဲ့လဲ လျှို့ဝှက်ချက်များစွာကို တဖြည်းဖြည်းဖြည်ချရင်း ဖော်ထုတ်ပြသွားမှာဖြစ်လို့ လျှို့ဝှက်ဆန်းကြယ်စုံထောက်ကားမျိုး ကြည့်ချင်နေသူရှိရင်တော့ ဒီကားလေးက သင်တို့အတွက်ပါပဲ

" Our House " (2025) ဝင်းအဖြစ် Alek Teeradetch Metawarayut ဖတ်အဖြစ် Gotchabell Sarunrat Puagpipa "အိမ်မက်ထဲက အိမ်လေးက... အိပ်
" Our House " (2025) ဝင်းအဖြစ် Alek Teeradetch Metawarayut ဖတ်အဖြစ် Gotchabell Sarunrat Puagpipa "အိမ်မက်ထဲက အိမ်လေးက... အိပ်မက်ဆိုးတွေရဲ့ အစ ဖြစ်နေတဲ့အခါ..." ထိုင်း Horror / Thriller အကြမ်းစားလေးတွေ မျှော်နေတဲ့ ပရိသတ်တွေအတွက် အသစ်စက်စက် ထွက်ရှိထားတဲ့ ထိုင်းပရိသတ်အချစ်တော် မင်းသားကြီး Alek ရဲ့ "Our House"ဆိုတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားကိုတော့ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ The Pool တို၊ Slice တိုကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Kongkiat Khomsiri က ဖန်တီးထားတာဖြစ်လို Quality ပိုင်းကတော့ ပြောစရာမလိုအောင် ရှယ်ပါပဲ။ ဇာတ်လမ်းလေးကတော့ အိမ်ထောင်ဦးစီးဖြစ်တဲ့ အရောင်းအရာရှိလေးနဲ့ သူ့ရဲ့ ကိုယ်ဝန်ဆောင် ဇနီးသည်တို နှစ်ယောက် ဘဝသစ်စဖိုအတွက် သူတိုရဲ့ အိမ်မက်ထဲက အိမ်လေးကို ပြောင်းရွှေ့လာရာကနေ စတင်ပါတယ်။ ကိုယ်ဝန်ဆောင်ဇနီးသည်လေးနဲ့အတူ သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်မယ်လို မျှော်လင့်ထားပေမဲ့... တကယ်တမ်းကျတော့ သူတိုရွေးချယ်လိုက်မိတဲ့ အိမ်လေးက သူတိုထင်သလို သာယာချမ်းမြေ့စရာ မကောင်းနေခဲ့ပါဘူး။ ထူးဆန်းတဲ့ အသံတွေ၊ ခြောက်ခြားစရာ အဖြစ်အပျက်တွေနဲ့အတူ... အဆိုးဆုံးကတော့ သူတိုအိမ်နဲ့ ကပ်လျက် ဘေးအိမ်ကြီးဆီကနေ ကြောက်မက်ဖွယ်ရာ လျှို့ဝှက်ချက်တွေ၊ သဘာဝလွန် ပတ်သက်မှုတွေကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိလာရတဲ့အခါမှာတော့… ဘေးအိမ်က မမြင်ရတဲ့ အန္တရာယ်တွေက ဘာတွေလဲ။ ကိုယ်ဝန်ဆောင်သည် ဇနီးသည်ကို ကာကွယ်ရမဲ့ ဖခင်တစ်ယောက်ရဲ့ ရုန်းကန်မှုတွေကရော ဘယ်လောက် သည်းထိတ်ရင်ဖိုစရာ ကောင်းမလဲဆိုတာကိုတော့........ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld6543/205

Repost from N/a
အကြမ်းဖက်မှုတွေသာ လွှမ်းမိုးတဲ့နေရာမှာ သူ တိုက်ပွဲဝင်ခြင်းကို သင်ယူခဲ့တယ်။ ထိုင်းထောင်ထဲက ကြမ်းတမ်းတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း