uz
Feedback
Dream World Horror Movies (MM sub)

Dream World Horror Movies (MM sub)

Kanalga Telegram’da o‘tish

ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan

📈 Telegram kanali Dream World Horror Movies (MM sub) analitikasi

Dream World Horror Movies (MM sub) (@dreamworld6543) kanali faol ishtirokchi. Hozirda hamjamiyat 30 594 obunachidan iborat bo'lib, Boshqa toifasida -o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 30 594 obunachiga ega bo‘ldi.

23 Sentabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -1 500 ga, so‘nggi 24 soatda esa 2 237 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 5.18% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 4.67% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 591 marta ko‘riladi; birinchi sutkada odatda 1 434 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 1 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ”

Yuqori yangilanish chastotasi (oxirgi ma’lumot 24 Sentabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Boshqa toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

30 594
Obunachilar
+2 23724 soatlar
+11 8327 kun
-1 50030 kun
Postlar arxiv
ဒန်နီဆိုတဲ့ကောင်လေးဟာ ဘာ့ထ်ဆိုတဲ့ "ဦးလေး"ဖြစ်သူမာဖီးယားရဲ့လက်အောက်မှာ ခွေးလိုမျိုးမွေးမြူထားခံရပြီး တိုက်ကြက်လို mindset မျို
ဒန်နီဆိုတဲ့ကောင်လေးဟာ ဘာ့ထ်ဆိုတဲ့ "ဦးလေး"ဖြစ်သူမာဖီးယားရဲ့လက်အောက်မှာ ခွေးလိုမျိုးမွေးမြူထားခံရပြီး တိုက်ကြက်လို mindset မျိုး ငယ်ငယ်ကတည်းကအသွင်းခံရသူပါ။ သူ့ကိုလည်ပင်းမှာပါ လည်ပတ်ဝတ်ပေးပြီး မွေးမြူထားရတဲ့ ရည်ရွယ်ချက်ကတော့ ခွေးလိုမျိုး သခင်ကို သစ္စာရှိရှိကာကွယ်ပေးနိုင်ဖိုပါပဲ။ ဒါပေမဲ့ တစ်နေ့မှာ တိုက်ခိုက်မှုတစ်ခုကြောင့် ဘာ့ထ် သေဆုံးပြီလို့ ယူဆရတဲ့အတွက် လေလွင့်သွားတဲ့ဒန်နီတစ်ယောက် ဆမ်ဆိုတဲ့ မျက်မမြင်လူကြီးအိမ်ကို ရောက်သွားပါတော့တယ်။ ဆမ်နဲ့ သူ့မယားပါသမီး ဗစ်တိုးရီးယားတို့ဟာ ဗစ်တိုးရီးယားကျောင်းတက်ဖို့ အတွက် မြို့တက်ကြရင်းနဲ့ ဒန်နီကိုတွေ့ပြီး ခင်မင်သွားကြတဲ့အခါ ဒန်နီရဲ့ အရိုင်းဆန်တဲ့စိတ်တွေ တဖြည်းဖြည်းပျောက်လာပါတော့တယ်။ ဒန်နီတစ်ယောက် ဆမ်တိုသားအဖရဲ့ ပြုပြင်မှုနဲ့ လူယဉ်ကျေးဖြစ်နိုင်မလား၊ အရိုင်းဆန်တဲ့ တိုက်ကြက်လိုစိတ်ဓာတ်တွေပဲ ပြန်ပေါ်လာနိုင်မလားဆိုတာ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/352 #Credit

စော်လိုက်နည်းသင်တန်း ဖွင့်ထားတဲ့ ဘဲကြီး H_i-t_c-h 2005 ➪➪➪➪➪➪➪➪➪➪➪➪➪➪ ဇာတ်လမ်းအကျဥ်းကတော့ - အဲလစ် ဟစ်ခ်ျ ဆိုတဲ့ Dating အသင်ပြ
စော်လိုက်နည်းသင်တန်း ဖွင့်ထားတဲ့ ဘဲကြီး H_i-t_c-h 2005 ➪➪➪➪➪➪➪➪➪➪➪➪➪➪ ဇာတ်လမ်းအကျဥ်းကတော့ - အဲလစ် ဟစ်ခ်ျ ဆိုတဲ့  Dating အသင်ပြ ဆရာတစ်ယောက်ဟာ ယောက်ျားလေးတွေကို စော်လိုက်နည်းတွေ သင်ပေးတဲ့သူတစ်ယောက်ပါ ။ တစ်နေ့မှာတော့ အဲလစ် ဟာ ဆာရာမီးလပ်စ် လို့ခေါ်တဲ့ ဂျာနယ်တိုက်က အတင်းတုတ်တဲ့ ဆောင်းပါးရှင် မိန်းမတစ်ယောက် နဲ့ ကြုံကြိုက်ပါတော့တယ် ။ သူမဟာ ယောက်ျားတွေကို ဖောက်ပြန်တဲ့သူတွေလို့ စိတ်ထဲစွဲထားကာ ချစ်တတ်တဲ့ နှလုံးသား မရှိသူတစ်ယောက်လည်းဖြစ်ပါတယ် ။ အပျိုကြီး မမ နဲ့ စော်လိုက်သင်တန်းဖွင့်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက ကြုံကြိုက်စေခဲ့ကာ အချစ်နဲ့ပတ်သက်ပြီး ဘယ်လောက် တတ်ကျွမ်းကြောင်း ပြိုင်ကြတဲ့အခါမှာတော့... ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/350 #Credit

သူလျှို M_u-k_h-b_i-r : T_h-e S-t_o-r_y o-f a S-p_y (2-0-2-6) =========================================== "ရန်သူ့နယ်မြေထဲမှာ
သူလျှို M_u-k_h-b_i-r : T_h-e S-t_o-r_y o-f a S-p_y (2-0-2-6) =========================================== "ရန်သူ့နယ်မြေထဲမှာ ခြေတစ်လှမ်းမှားတာနဲ့ အသက်ပါမကျန် စတေးခံရမယ့် အခြေအနေ..." Spy Thriller ကားကောင်းကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် ဇာတ်အိမ်ခိုင်ခိုင်နဲ့ အိန္ဒိယ သူလျှိုကားသစ်ကြီး ထွက်ရှိလာပါပြီ။ ဒီဇာတ်ကားလေးကတော့ 2022 ခုနှစ်က ထွက်ရှိခဲ့တဲ့ web series ကို Movie အနေနဲ့ ပြန်လည်အသက်သွင်းထားတာဖြစ်ပြီး ဇာတ်လမ်းတွဲထဲက ဝါရင့် သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Prakash Raj နဲ့ Adil Hussain တို့ရဲ့ အားပြိုင်မှုတွေအပြင် ခေါင်းဆောင်မင်းသား Zain Khan Durrani ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကို ရှုစားရမယ့် ကားပါ။ ဇာတ်လမ်းကတော့ အိန္ဒိယ နဲ့ ပါကစ္စတန် ကြားက စစ်ရေးတင်းမာမှုတွေ အမြင့်ဆုံးရောက်နေတဲ့ အချိန်ကနေ စတင်ထားပါတယ်။ ပါကစ္စတန်ဘက်က အိန္ဒိယကို အကြီးအကျယ် တိုက်ခိုက်ဖို့ လျှို့ဝှက်ကြံစည်နေတဲ့ အချိန်... ဒီသတင်းကို ကြိုတင်သိရှိပြီး တိုင်းပြည်ကို ကယ်တင်ဖို့အတွက် အိန္ဒိယဘက်က "Mukhbir" (သတင်းပေး/သူလျှို) တစ်ယောက်ကို ပါကစ္စတန်မြေပေါ်ကို စေလွှတ်ဖို့ တာဝန်ကျလာပါတော့တယ်။ သာမန်သူလျှိုကားတွေလို သေနတ်တွေပစ်၊ ဗုံးတွေခွဲပြီး ဇွတ်ကြမ်းနေတာမျိုး မဟုတ်ဘဲ၊ ရန်သူ့နယ်မြေထဲမှာ ဘယ်သူ့ကိုမှ ယုံလို့မရဘဲ သတင်းရယူရတဲ့ သူလျှိုတစ်ယောက်ရဲ့ စိတ်ဖိစီးမှုတွေ၊ ဉာဏ်ကစားရမှုတွေကို လက်တွေ့ကျကျ ရိုက်ပြထားတာပါ။ သူလျှိုတစ်ယောက်အနေနဲ့ ပါကစ္စတန်ကို ရောက်သွားတဲ့အခါ... သူ့ရဲ့ ဟန်ဆောင်မှုတွေက ဘယ်လောက်ထိ ခရီးရောက်မလဲ။ ဘယ်အချိန်မှာ လူမိသွားနိုင်မလဲ။ တိုင်းပြည်ကို ကယ်တင်ဖို့ဆိုတဲ့ မစ်ရှင်ကြီးကိုရော သူအောင်မြင်အောင် လုပ်နိုင်ပါ့မလားဆိုတာကို ရင်ဖိုစိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ရမှာပါ။ Action ထက် ဉာဏ်ကစားတဲ့ Spy Drama တွေကို သဘောကျတယ်၊ ဇာတ်ကွက် အလှည့်အပြောင်းတွေနဲ့ သွေးအေးအေး ဖြေရှင်းရတဲ့ Thriller ကားကောင်းကို ရှာနေတယ်ဆိုရင်တော့ ၂ နာရီခွဲစာ အချိန်ပေးရကျိုးနပ်မဲ့ ဒီဇာတ်ကားကို အခုပဲ ဒေါင်းကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/348

ဒိုင်နိုဆော တစ်ကောင်၏ ကလဲ့စား R_a-p_t-o_r A-t-t-a_c-k (2-0-2-6) အိုင်းရစ်ဆိုတဲ့ အမျိုးသမီးက ဒိုင်နိုဆောတွေကို အရှင်လတ်လတ် မြင
ဒိုင်နိုဆော တစ်ကောင်၏ ကလဲ့စား R_a-p_t-o_r A-t-t-a_c-k (2-0-2-6) အိုင်းရစ်ဆိုတဲ့ အမျိုးသမီးက ဒိုင်နိုဆောတွေကို အရှင်လတ်လတ် မြင်တွေ့နိုင်ဖို့ ရူးသွပ်နေတဲ့ သိပ္ပံပညာရှင် တစ်ယောက်ပါ။ အစိုးရက ပရောဂျက်ကို ရပ်လိုက်ပြီးတာတောင် သူက ဇွဲမလျှော့ဘဲ ဆက်ကြိုးစားနေတုန်းပါပဲ။ တစ်ရက်မှာတော့ သူ့ရဲ့ ရူးသွပ်မှုက အကျိုးပြုလာခဲ့ပါတယ်။ သူ ပီတာနဲ့ ရောဘတ်ဆိုတဲ့ ဒိုင်နိုင်ဆော ၂ ကောင်ကို တခြားရုပ်ကြွင်းတွေ၊ DNA အကြွင်းအကျန်တွေကနေ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ ဖန်တီးတဲ့ ဒိုင်နိုဆောတွေက မျိုးပွားနှုန်း၊ ကြီးထွားနှုန်း အရမ်း မြန်ပြီး ထိန်းသိမ်းရ ခက်လာပါတယ်။ အဲဒါကြောင့် သူနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တို့က ပရောဂျက်ကို အဆုံးသတ်ပြီး အန္တရာယ်များတဲ့ ဒီဒိုင်နိုဆောတွေကို သတ်ပစ်ဖို့ စီစဉ်လိုက်ပါတော့တယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ ပီတာကို သတ်နေတာကို ရောဘတ်က မြင်သွားပြီး စိတ်ရိုင်းဝင်ကာ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတော့တယ်။ အိုင်းရစ်လည်း ဒီသားရဲကြီးကို ကိုင်တွယ်ဖို့ ကျရှုံးသွားပြီး တိုက်တိုက်ဆိုင်ဆိုင် သူ့သမီးနဲ့ မြေးတွေ အိမ်ကိုလာလည်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားတဲ့အခါ... ကလဲ့စားချေချင်နေတဲ့ လူသားတွေနဲ့ ကလဲ့စားချေချင်နေတဲ့ ဒိုင်နိုဆော နောက်ဆုံး ဘယ်ဘက်က အနိုင်ရသွားမလဲ... ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/346

ကမ္ဘာတစ်ဝန်းမှာ အကြီးအကျယ် အောင်မြင်ခဲ့တဲ့ ဂန္ထဝင်ဇာတ်လမ်းကောင်းကို ခမ်းနားထည်ဝါလှတဲ့ visual effects တွေ၊ သဘာဝကျလှတဲ့ ပုံရိပ်
ကမ္ဘာတစ်ဝန်းမှာ အကြီးအကျယ် အောင်မြင်ခဲ့တဲ့ ဂန္ထဝင်ဇာတ်လမ်းကောင်းကို ခမ်းနားထည်ဝါလှတဲ့ visual effects တွေ၊ သဘာဝကျလှတဲ့ ပုံရိပ်တွေနဲ့အတူ လူသားစစ်စစ် သရုပ်ဆောင်တွေနဲ့ ပြန်လည်အသက်သွင်းထားတဲ့ ၂၀၂၆ ခုနှစ်ထွက် Live-Action စွန့်စားခန်း ကားကောင်းကြီး! ⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨⇨ ၂၀၂၆ ခုနှစ်ထွက် သမုဒ္ဒရာနောက်ခံ လျှို့ဝှက်ဆန်းပြားမှုတွေ၊ တစ်ကွက်ချင်းစီမှာ စိတ်လှုပ်ရှားကြည်နူးစရာ အပြည့်နဲ့ ကြည့်ရှုရမယ့် စွန့်စားခန်း ရုပ်ရှင်ကားသစ်ကြီးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ရဲရင့်ဖျတ်လတ်တဲ့ မျိုးနွယ်စုခေါင်းဆောင်ရဲ့ သမီးငယ်လေးဟာ မိမိတို့ကျွန်းစုနဲ့ လူမျိုးစုတွေ ကြုံတွေ့နေရတဲ့ အန္တရာယ်ဆိုးကြီးကနေ ကယ်တင်ဖို့အတွက် ပင်လယ်ပြင်ကြီးကို ဖြတ်ကျော်ကာ စွန့်စားခန်းထွက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီခရီးစဥ်မှာ သူမဟာ တန်ခိုးစွမ်းအားကြီးမားပြီး အသွင်ပြောင်းလဲနိုင်တဲ့ တန်ခိုးရှင်တစ်ဦးနဲ့ မထင်မှတ်ဘဲ ဆုံတွေ့ပြီး ပူးပေါင်းမိသွားပါတော့တယ်။ ကျယ်ပြောလှတဲ့ သမုဒ္ဒရာကြီးထဲက အန္တရာယ်ရှိတဲ့ သတ္တဝါဆန်းတွေ၊ ကြောက်မက်ဖွယ် စိန်ခေါ်မှုတွေကို ရင်ဆိုင်ရင်း သူတို့နှစ်ဦး ရည်မှန်းချက်အောင်မြင်အောင် ဘယ်လိုဉာဏ်ကစားပြီး အားပြိုင်ဖြတ်ကျော်မလဲဆိုတာ ဇာတ်ရှိန်တက်တက်နဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ ခံစားကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းကြီး ဖြစ်ပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည်ရန်🔽🔽🔽 https://t.me/dreamworld2/344

B*R*O (20*23) ========= ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ "BRO" ဆိုတဲ့အိန္ဒိယကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ မာ့ခ်ဟာ သူ့ဘဝတစ်ခု
B*R*O (20*23) ========= ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ "BRO" ဆိုတဲ့အိန္ဒိယကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ မာ့ခ်ဟာ သူ့ဘဝတစ်ခုလုံးကို မိသားစုအတွက်ပဲပေးဆပ်လာခဲ့ပြီးတော့ အမြဲတမ်းအလုပ်များနေတဲ့သူတစ်ယောက်ပါ သူ့ညီအစ်ကိုမောင်နှမကိစ္စတွေဆိုရင်လည်း အားလုံးကိုပဲ သူပဲလိုက်စီမံထိန်းချုပ်ပြီး သူ့အလိုအတိုင်းပဲလုပ်တတ်တဲ့သူတစ်ယောက်ပေါ့ ဒီလိုနဲ့တစ်ရက်မှာတော့ ဗိုင်ဇက်ကနေ ဟိုက်ဒရာဘတ်ကိုသွားတဲ့အချိန် လမ်းမှာအက်စီးဒင့်ဖြစ်ခဲ့ပါတယ် သူနိုးလာတဲ့အချိန်မှာတော့ အနက်ရောင်အင်္ကျီဝတ်ထားတဲ့၊ သူ့ကိုယ်သူ "အချိန်"လို့ပြောတဲ့လူတစ်ဦးနဲ့တွေ့ခဲ့ပြီး အဲဒီလူကနေမှ သူကမ္ဘာပေါ်မှာနေရမယ့်အချိန်တွေကုန်သွားပြီလို့ ပြောလာခဲ့ပါတယ် မာ့ခ်တစ်ယောက်သူ့မိသားစုကိုစိတ်မချဘူး၊ သူ့မှာလုပ်စရာတွေကျန်သေးတယ်လို့ပြောပြီး နောက်ဆုံးမှာ အချိန်ရက် ၉၀ ပေးဖို့ညှိနိုင်ခဲ့ပါတယ် မာ့ခ်တစ်ယောက်သူ့ရဲ့နောက်ဆုံးရက် ၉၀ အတွင်းမှာ ဘာတွေကိုပြင်ဆင်သွားမလဲ၊ အသက်ရှင်နေစဉ် သူသတိမထားမိခဲ့တဲ့ ဘယ်လိုဖြစ်ရပ်တွေရှိနေနိုင်ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုပေးကြပါဦးနော် ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/256

M a a r a n [ 2 0 2 2 ] ------------------------------------------- ဆက်သီမိုသီဟာ ရိုးသားတဲ့မှုခင်းဂျာနယ်သမားတစ်ယောက်ဖြစ်ပြီး
M  a   a  r   a  n  [ 2  0   2 2 ] ------------------------------------------- ဆက်သီမိုသီဟာ ရိုးသားတဲ့မှုခင်းဂျာနယ်သမားတစ်ယောက်ဖြစ်ပြီး အမှန်တရားကိုဖော်ထုတ်မိတဲ့ အတွက်လုပ်ကြံခံခဲ့ရပါတယ်။ သူလုပ်ကြံခံရတဲ့ အချိန်မှာပဲ သူ့မိန်းမကလည်းဆေးရုံမှာသူ့သမီးလေးကို မီးဖွားရင်းကွယ်လွန်သွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ ဆက်သီမိုသီရဲ့သားအကြီးလေးဖြစ်တဲ့မတ်သီမာရန်ကပဲ သူ့ညီမလေးကိုအုပ်ထိန်းပျိုးထောင်ဖို့ဖြစ်လာပါတော့တယ်။ အဲဒီနောက်မှာတော့ သူကိုယ်တိုင်လည်းဂျာနယ်သမားတစ်ယောက်ဖြစ်လာခဲ့ပြီး သူ့အဖေလိုပဲ အန္တရာယ်တွေကြားကအမှန်တရားတွေကိုဖော်ထုတ်ဖို့ကြိုးစားတဲ့အခါမှာတော့…။ နှစ်နာရီကျော်လောက်နစ်မြောသွားစေမယ့် Action/drama ကားမျိုးဖြစ်တဲ့အပြင် IMDb ရိတ်တင်ကောင်းကောင်းရရှိထားတာကြောင့် သာမန်ကာလျှံကာမဟုတ်တာတော့ကျိန်းသေပါပဲ။ ယနေ့ခေတ် သတင်းမီဒီယာလောကကို သရော်ထားတဲ့အပြင် ဇာတ်ညွှန်းကောင်းကောင်းနဲ့ သေသပ်တဲ့ရိုက်ချက်တွေနဲ့ရိုက်ကူးထားတာပါ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/66

The Missing( 2026) ,Action ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/77
The Missing( 2026) ,Action ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/77

Repost from N/a
ထိတ်လန့်ဝိညာဉ် (民国惊魂录) Republic of China Thriller 2026

ထိတ်လန့်ဝိညာဉ် (民国惊魂录) Republic of China Thriller 2026 ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽🔽 ht
ထိတ်လန့်ဝိညာဉ် (民国惊魂录) Republic of China Thriller 2026 ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld6543/59

T_h-e I-n-t-e-r-n_s-h_i-p (2-0 -2-6) =========================== IMDB ⭐️ 4.7/10 အရင်တုန်းက စီအိုင်အေက ဟင်နရီဘန်းဟာ Internship
T_h-e I-n-t-e-r-n_s-h_i-p (2-0 -2-6) =========================== IMDB ⭐️ 4.7/10 အရင်တုန်းက စီအိုင်အေက ဟင်နရီဘန်းဟာ Internship လို့ခေါ်တဲ့ ကလေးတွေကိုငယ်ငယ်ကတည်းက ဖမ်းပြီးလူသတ်လက်နက်ဖြစ်လာအောင် လေ့ကျင့်ပေးတဲ့ပရိုဂရမ်ကို ဖန်တီးခဲ့ပါတယ် Internship ကလေ့ကျင့်ပေးခံရတဲ့ ကလေးတွေကို အထူးသင်တန်းသားလို့ခေါ်ပြီး သူတို့တွေဟာဟင်နရီဘန်းထဖောက်ပြီး သေဆုံးသွားတဲ့နောက်မှာ  Internship ပရိုဂရမ်နဲ့အတူ သူတို့ပါပျောက်ကွယ်သွားပါတော့တယ် ဇာတ်မြှုပ်နေထိုင်နေတဲ့ ကတ်တလစ်စ်ခေါ်ရီနီဟာ အထူးသင်တန်းသားတစ်ယောက်ဖြစ်ပြီး သူ့လိုအထူးသင်တန်းသားတွေအကြောင်းရေးသားထားတဲ့ စာရင်းကိုခိုးယူခဲ့ပြီး အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ဖို့ ဆက်သွယ်ကာလူစုလိုက်ပါတော့တယ် ဒီ Internship အစီအစဉ်ကို ရုရှားတွေကလည်း လိုက်လုပ်ပေမဲ့ ထင်သလိုဖြစ်မလာဘဲ ကျရှုံးသွားတဲ့နောက်မှာ သူတို့တွေဟာလည်း ကျန်ရှိနေတဲ့သင်တန်းသားတွေကို အမေရိကန်တွေအသုံးမချနိုင်အောင် ရီနီကိုသတ်ဖို့ ကြံရွယ်လာပြီး စီအိုင်အေကလည်း သင်တန်းသားတွေကို ထိန်းမနိုင်သိမ်းမရမဖြစ်ခင် ဖမ်းဖို့ကြံလာတဲ့နောက်မှာ ရီနီဦးဆောင်တဲ့သင်တန်းသားအဖွဲ့ဟာ ဘာတွေကြံစည်ပြီး ဘာဆက်လုပ်မလဲဆိုတာကတော့..... ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/72

မင်းသား လီမင်ဟိုလ်ရဲ့အက်ရှင်ဇာတ်ကားကောင်း Gangnam Blues (2015) ** ဒီဇာတ်ကားလေးဟာ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ပရိသတ်တိ
မင်းသား လီမင်ဟိုလ်ရဲ့အက်ရှင်ဇာတ်ကားကောင်း Gangnam Blues (2015) ** ဒီဇာတ်ကားလေးဟာ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ပရိသတ်တို့ အချစ်တော်မင်းသား Lee Min Ho, The Doctors နဲ့ Love Story in Havard မင်းသား Kim Rae Won တို့ အဓိကပါဝင်ထားတဲ့ နာမည်ကြီး အက်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ ၁၉၇၀ ခုနှစ်ဝန်းကျင် ဂန်းနမ်မှာ မြို့ပြဖွံ့ဖြိုးရေးတိုးတက်ရေးစီမံကိန်းကြောင့် မြေယာဈေးကွက် ဖြစ်ပေါ်လာပြီး စီးပွားရေးသမားတွေနဲ့ လူမိုက်အဖွဲ့တွေကြားက ပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေတဲ့ ကာလကို အခြေခံထားတာဖြစ်ပါတယ် .. ဇာတ်လမ်းအကျဉ်းလေးကတော့ ** ဂင်ဂျုံဒယ် (Lee Min Ho)နဲ့ ဘဲ့ယုံဂီ (Kim Rae Won) တို့ဟာ ငယ်စဉ်ကတည်းက မိဘမဲ့ဂေဟာမှာ အတူတူ ကြီးပြင်းလာခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် မှီခိုရင်းနဲ့ ဘဝကို ဆင်းဆင်းရဲရဲ ဖြတ်သန်းနေရတဲ့သူတွေပါ။ တစ်ရက်မှာ သူတို့နှစ်ယောက်ရဲ့ တဲစုတ်လေးကို လူမိုက်အဖွဲ့က ဖျက်ဆီးတဲ့အချိန်မှာ ပြန်ခုခံရင်းနဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ လူမိုက်အဖွဲ့က နိုင်ငံရေးပါတီတစ်ခုရဲ့ ညီလာခံကို ဖျက်ဆီးဖို့အတွက် လူလိုနေတုန်း ဂျုံဒယ်နဲ့ ယုံဂီကလည်း ပါဝင်အားဖြည့်လိုက်ကြပါတယ်။ ညီလာခံကို ရောက်တဲ့အခါ မထင်မှတ်ထားတဲ့အခြေအနေကြောင့် သူတို့နှစ်ယောက်လည်း လူစုကွဲသွားခဲ့ပါတယ်။ နှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ဂျုံဒယ်ဟာ မြေအရောင်းအဝယ်ကိစ္စ လုပ်ရင်း မထင်မှတ်ဘဲ ယုံဂီကို ပြိုင်ဘက်လူမိုက်ဂိုဏ်းအဖွဲ့ဝင်အဖြစ် ပြန်တွေ့လိုက်ရပါတယ်။ ဘဝကို ဆင်းရဲစွာ နေလာရလို့ ကိုယ်ပိုင်အိမ်လေး ပိုင်ဆိုင်ချင်တဲ့ယုံဂီလိုမျိုး ဂျုံဒယ်ကတော့ ပိုက်ဆံချမ်းချမ်းသာသာနဲ့ နေချင်ခဲ့ပါတယ်။ ဒီတော့ ပြိုင်ဘက်ဂိုဏ်းတွေမှာ ရောက်နေတဲ့ သူတို့ညီအစ်ကိုနှစ်ယောက်ဟာ သူတို့ဆန္ဒတွေ ပြည့်ဝဖို့အတွက် အဖွဲ့ဝင်တွေ မသိအောင် ဘယ်လိုပူးပေါင်းလုပ်ဆောင်ကြမလဲ။ နိုင်ငံရဲ့အခြေအနေ မတည်ငြိမ်တဲ့ကာလမှာ စီးပွားရေးသမားတွေရဲ့လောဘတွေ, လှည့်ကွက်တွေ, လူမိုက်ဂိုဏ်းတွေကြားက သစ္စာဖောက်မှုတွေကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးပြသထားတာတွေကို ကြည့်ရှုလိုက်ပါဦးနော် .. ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/71 #Credit

လူသတ်မှု့မှာ မျက်မြင် သက်သေ ဖြစ်သွားရတဲ့ မျက်မမြင်ဟန်ဆောင် စန္ဒရား ဆရာ လက်ရာမြောက်လှတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား ーーーーーーーーーーーーーーー
လူသတ်မှု့မှာ မျက်မြင် သက်သေ ဖြစ်သွားရတဲ့ မျက်မမြင်ဟန်ဆောင် စန္ဒရား ဆရာ လက်ရာမြောက်လှတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား ーーーーーーーーーーーーーーーーー မျက်မမြင်စန္ဒရားပညာရှင်အဖြစ် သရုပ်ဆောင်ထားတဲ့ အာကရှ်ဟာ တစ်နေ့မှာ ဖိတ်ခေါ်ခံရတဲ့အိမ်တစ်အိမ်မှာ သွားရောက်ဖျော်ဖြေရင်း မထင်မှတ်ဘဲ လူသတ်မှုတစ်ခုကို မျက်ဝါးထင်ထင် သက်သေခံလိုက်မိပါတယ်။ ဒါပေမဲ့ သူ့ရဲ့အခက်အခဲက ရဲကို သွားမပြောနိုင်ဘူး၊ ဘာလို့လဲဆိုတော့ အဲဒီအမှုရဲ့ တရားခံက ရဲချုပ်ကိုယ်တိုင်ဖြစ်နေလို့ပါ။ အဲဒီကနေစပြီး အသက်ရှင်ဖို့အတွက် "မျက်မမြင်"ဆိုတဲ့ အသွင်ကို ဆက်ထိန်းထားရင်း လိမ်လည်မှုတွေ၊ လှည့်ကွက်တွေ၊ အသက်အန္တရာယ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/69

Vaashi (2022) Ebin နဲ့ Madhu ဆိုတဲ့ ရှေ့နေနှစ်ယောက်ဟာ သူငယ်ချင်းတွေဖြစ်ပြီး အချင်းချင်းလည်း စိတ်ဝင်စားနေကြတဲ့ ချစ်သူတွေပါ။ သူ
Vaashi (2022) Ebin နဲ့ Madhu ဆိုတဲ့ ရှေ့နေနှစ်ယောက်ဟာ သူငယ်ချင်းတွေဖြစ်ပြီး အချင်းချင်းလည်း စိတ်ဝင်စားနေကြတဲ့ ချစ်သူတွေပါ။ သူတို့နှစ်ယောက်ဟာ တိုက်တိုက်ဆိုင်ဆိုင် အမှုတစ်ခုမှာ တရားလိုရှေ့နေနဲ့ တရားခံရှေ့နေအဖြစ် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ပြိုင်ဆိုင်ရတဲ့ အခြေအနေကို ရောက်သွားတယ်။ သူတို့ ကိုင်တွယ်ရတဲ့အမှုကလည်း သိပ်မရှင်းလင်းတဲ့ သဘောတူညီမှု (Consent) နဲ့ပတ်သက်တဲ့ အမှုဖြစ်နေတော့ ပိုရှုပ်ထွေးတာပေါ့။ တရားခွင်ထဲက အနိုင်အရှုံးနဲ့ အားပြိုင်မှုတွေက သူတို့ရဲ့ ပြင်ပက အချစ်ရေးအပေါ်မှာပါ ရိုက်ခတ်မှုတွေ ရှိလာတဲ့အခါ... ပရော်ဖက်ရှင်နယ်အလုပ်နဲ့ သံယောဇဉ်ကြားမှာ ဘယ်လိုတွေ ဗျာများမလဲ၊ ဘယ်လိုညှိနှိုင်းကြမလဲ ဆိုတာကို စိတ်ဝင်စားစရာ ကြည့်ရမှာ ဖြစ်ပါတယ်။ အချစ်ကားဆန်ဆန် ရိုက်ထားပေမဲ့ တရားခွင်ခန်းတွေမှာ အပြန်အလှန် ဥပဒေပုဒ်မတွေနဲ့ ချေပတာတွေကလည်း အတော်လေး မိုက်တယ်လို့ ပြောလို့ရပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/60

1920: Horrors of the Heart (2023) IMDb - 4.8/10 နာမည်ကြီး "1920" Horror Franchise ရဲ့ နောက်ထပ်လက်ရာတစ်ခုဖြစ်တဲ့ ဒီဇာတ်ကားဟာ က
1920: Horrors of the Heart (2023) IMDb - 4.8/10 နာမည်ကြီး "1920" Horror Franchise ရဲ့ နောက်ထပ်လက်ရာတစ်ခုဖြစ်တဲ့ ဒီဇာတ်ကားဟာ ကလဲ့စားချေမှုနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို အခြေခံရိုက်ကူးထားတာပါ။ ဇာတ်လမ်းမှာတော့ Meghna ဟာ သူမရဲ့ဖခင်ဖြစ်သူကို သေကြောင်းကြံအောင် တွန်းအားပေးခဲ့တဲ့ မိခင်ဖြစ်သူအပေါ် ကလဲ့စားချေဖို့ ကြိုးစားရာကနေ စတင်ထားပါတယ်။ ကလဲ့စားချေဖို့အတွက် သူမဟာ ဝိညာဉ်လောကရဲ့ အကူအညီကိုရယူပြီး မိခင်ဖြစ်သူရဲ့ မိသားစုအသစ်ကို ဒုက္ခပေးဖို့ ကြံစည်ပါတော့တယ်။ ဒါပေမဲ့ ဒီလုပ်ရပ်ကနေတစ်ဆင့် သူမမမျှော်လင့်ထားတဲ့ ထိတ်လန့်စရာ အကျိုးဆက်တွေနဲ့ ကြောက်မက်ဖွယ်ရာ ဝိညာဉ်လောကရဲ့ တိုက်ခိုက်မှုတွေကို ပြန်လည်ရင်ဆိုင်ရပုံကို ရင်တထိတ်ထိတ်နဲ့ မြင်တွေ့ရမှာပါ။ သဘာဝလွန် ခြောက်လှန့်မှုတွေအပြင် မိသားစုကြားက လျှို့ဝှက်ချက်တွေနဲ့ ဝမ်းနည်းစရာ သံယောဇဉ်တွေကိုလည်း ပေါင်းစပ်တင်ပြထားပါတယ်။ Horror ကားကြိုက်သူတွေအတွက် တစ်ကားတည်းနဲ့တင် ထိတ်လန့်မှုရော ဒရာမာအရသာပါ ခံစားရမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/58

Legendary Divine Kung Fu (2026) 90's born တွေ ငယ်ငယ်က ကြည့်ခဲ့တဲ့ Stephen Chow ရဲ့ ရုပ်ရှင်လို ရုပ်တည်နဲ့ ရယ်စရာကောင်းတဲ့ အက်
Legendary Divine Kung Fu (2026) 90's born တွေ ငယ်ငယ်က ကြည့်ခဲ့တဲ့ Stephen Chow ရဲ့ ရုပ်ရှင်လို ရုပ်တည်နဲ့ ရယ်စရာကောင်းတဲ့ အက်ရှင်ဟာသရုပ်ရှင်မျိုးကို လွမ်းနေတဲ့သူတွေအတွက် ဒီရုပ်ရှင်ကတော့ အလွမ်းပြေစေနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- 1970 ခုနှစ်ဝန်းကျင်မှာ ဟုန်ရင်းကျန်းဟာ H နိုင်ငံ တရုတ်တန်းက သိုင်းလောကမိသားစု"ဟုန်ဓားဂိုဏ်း"မှာ မွေးဖွားလာခဲ့ပြီး ကြီးပြင်းလာတဲ့တစ်လျှောက် အောင်မြင်မှု တစ်စုံတစ်ရာ မရှိတဲ့အတွက် "အသုံးမကျတဲ့ကောင်" လို့သမုတ်ခံနေရသူ ဖြစ်ပါတယ်။ အခွင့်အရေးတစ်ခုကြောင့် ဟုန်ရင်းကျန်းဟာ သူငယ်ချင်းဟောင်းပေါင်းတျန်နဲ့ ပြန်တွေ့ပြီး "ကျုံးရှောက်ဂိုဏ်း" က အစ်ကိုပေါက်ကို တွေ့ခွင့်ရခဲ့ပြီး အကြံအစည်တစ်ခုထဲ ဝင်ပါမိသွားခဲ့ပါတယ်။ ဒါပေမဲ့ သိုင်းပညာရှင်ကြီး ဝူချန်က ဟုန်ရင်းကျန်းဟာ သိုင်းပညာကျင့်ကြံဖို့ အသင့်တော်ဆုံးလူထူးချွန်တစ်ယောက်ဆိုတာ ရိပ်မိသွားခဲ့ပြီး သူ့ရဲ့ သွေးကြောတွေကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဟုန်ရင်းကျန်းဟာ ဝူချန်ရဲ့ အကြံပြုချက်ကြောင့် ငြိမ်းချမ်းရေးရွာကို ရောက်သွားခဲ့ပြီး လူဆိုးကြီး သခင်ကြီးလင်ကို မတော်တဆ ပြစ်မှားမိသွားပါတယ်။ မထင်ထားဘဲ သခင်ကြီးလင်ရဲ့ သားဟာ အစ်ကိုပေါက် ဖြစ်နေတဲ့အခါ...... ဟုန်ရင်းကျန်းနဲ့ အစ်ကိုပေါက်တို့ကြားက ရန်ငြိုးတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/64

Mavka The Real Myth (2026) တက္ကသိုလ်တစ်ခုက ဇီဝဗေဒပါမောက္ခတစ်ယောက်နဲ့ သူ့ကျောင်းသားတွေက နယ်အစွန်အဖျားမှာရှိတဲ့ လူသူမနီးမဝေးတော
Mavka The Real Myth (2026) တက္ကသိုလ်တစ်ခုက ဇီဝဗေဒပါမောက္ခတစ်ယောက်နဲ့ သူ့ကျောင်းသားတွေက နယ်အစွန်အဖျားမှာရှိတဲ့ လူသူမနီးမဝေးတောအုပ်တစ်ခုထဲကို လေ့လာရေးခရီးထွက်လာခဲ့ပါတယ်။ သူတို လေ့လာရေးခရီးထွက်လာခဲ့တဲ့တောအုပ်က ယုံတမ်းပုံပြင်ထဲက ဒဏ္ဍာရီလာ မာ့ဗ်ကာလိုခေါ်တဲ့ တောစောင့်နတ်တွေနဲ့ ရေသူမတွေရှိတယ်လို ဒေသခံတွေက ယုံကြည်ကြပါတယ်။ ဒီမာ့ဗ်ကာလိုခေါ်တဲ့ တောစောင့်နတ်သမီးတွေနဲ့ ရေသူမတွေဟာ နှစ်တစ်နှစ်ရဲ့ အခုလိုအချိန်မှာ တောထဲရောက်လာသူတွေကို ဖမ်းစားတတ်တဲ့အကြောင်း တည်းခိုခန်းပိုင်ရှင်က သတိပေးလိုက်ပါသေးတယ်။ ဒါပေမဲ့ ကျောင်းသားတစ်စုက သိပ္ပံပညာရှင်တွေဆိုတော့ အယုံအကြည်မရှိဘဲ အမှုမဲ့ အမှတ်မဲ့ပါပဲ။ ဒီလိုနဲ့ ခေတ္တတည်းခိုခဲ့တဲ့ တည်းခိုခန်းပိုင်ရှင်ကို နှုတ်ဆက်ပြီး တောထဲကို ခရီးဆက်ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ တောထဲမှာ စခန်းချပြီး နောက်တစ်ရက်မှာတော့ တောထဲမှာ ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်နဲ့ စပြီး တွေ့ဆုံမိတဲ့အခါမှာ ဘယ်လိုကိစ္စတွေ ဆက်ဖြစ်လာမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုရမှာပါ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/62

Beast (2026) IMDb Rating (6.2) / Rotten Tomatoes (86%) ကြိုးဝိုင်းဖိုက်တင် အကြမ်းစားကား အသစ်လာပါပြီ။ ကိုယ်ခံပညာပေါင်းစုံသုံး
Beast (2026) IMDb Rating (6.2) / Rotten Tomatoes (86%) ကြိုးဝိုင်းဖိုက်တင် အကြမ်းစားကား အသစ်လာပါပြီ။  ကိုယ်ခံပညာပေါင်းစုံသုံး တိုက်ခိုက်ရေး (MMA) လောကကို အခြေခံရိုက်ကူးထားတဲ့ ၂၀၂၆ ထွက် အက်ရှင်ဒရာမာ ဇာတ်ကားကောင်းလေး တစ်ကားပါ။ ဒီကားထဲမှာ နာမည်ကြီး မင်းသားကြီး ရပ်ဆဲလ်ခရိုး (Russell Crowe) ရော ဒန်နီယယ် မက်ဖာဆန် (Daniel MacPherson) ရော ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ပက်တန် ဂျိမ်းစ် ဆိုတာ တစ်ချိန်က အရမ်းကို နာမည်ကြီးခဲ့တဲ့ MMA ကစားသမားဟောင်း တစ်ယောက်ပေါ့။ အခုတော့ သူက ပြိုင်ပွဲတွေကနေ အနားယူပြီး အေးအေးဆေးဆေး တံငါသည် အဖြစ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုနေတာပါ။ ဒါပေမဲ့ သူ့ညီဖြစ်သူ အန္တရာယ်နဲ့ ကြုံလာရတဲ့အခါမှာတော့ ကယ်တင်ဖို့အတွက် ကြိုးဝိုင်းထဲကို မလွှဲမရှောင်သာ ပြန်ဝင်လာရပါတော့တယ်။ ဒီလိုနဲ့ သူ့ကို အရင်က ပျိုးထောင်ပေးခဲ့တဲ့ နည်းပြဟောင်း ဆမ်မီ နဲ့ ပြန်ပူးပေါင်းပြီး ONE Championship ပြိုင်ပွဲကြီးမှာ နောက်ဆုံးအနေနဲ့ ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ရဲ့ အဓိကပြိုင်ဘက်ကတော့ လက်ရှိချန်ပီယံ ဇေဗီယာ ဂရောင်း ဆိုတဲ့ ရက်စက်တဲ့ တိုက်ခိုက်ရေးသမားပါပဲ။ ပက်တန် တစ်ယောက် သူ့ညီကို ကယ်တင်ရင်း သူ့ရဲ့ ဂုဏ်သိက္ခာကိုရော ပြန်လည်ဆယ်တင်နိုင်မလား ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/60

Perfect Crown (2026) အပိုင်း(10) ရပြီနော် ပရိသတ်တွေ အရမ်းမျှော်လင့်နေတဲ့ IU နဲ့ Byeon Woo-seok တို့ရဲ့ series ကို 4လပိုင်း 10
Perfect Crown (2026) အပိုင်း(10) ရပြီနော် ပရိသတ်တွေ အရမ်းမျှော်လင့်နေတဲ့ IU နဲ့ Byeon Woo-seok တို့ရဲ့ series ကို 4လပိုင်း 10 ရက်နေ့မှာ ထုတ်လွှင့်သွားပါမယ် နန်းတွင်းဇာတ်လမ်းဆိုပေမယ့် ရှေးခေတ်မဟုတ်ဘဲ Modern Era (ခေတ်သစ်ကိုရီးယား) ကို နောက်ခံထားထားတာဖြစ်ပါတယ် အရမ်းကို လွတ်လပ်ချင်တဲ့ မိန်းကလေးတစ်ယောက်က တင်းကြပ်လွန်းတဲ့ နန်းတွင်းစည်းမျဉ်းတွေကြားထဲ မတော်တဆရောက်သွားပြီး Prince (မင်းသားကြီး) နဲ့ လက်ထပ်လိုက်တဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ် Princess Hours လိုမျိုး နန်းတွင်းအငွေ့အသက်ကိုမှ ခေတ်သစ်ဖက်ရှင်တွေ၊ Lifestyle တွေနဲ့ ဆန်းဆန်းလေး မြင်ရမှာပါ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2467 ‌ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2467/104

Perfect Crown (2026) အပိုင်း(9) ရပြီနော် ပရိသတ်တွေ အရမ်းမျှော်လင့်နေတဲ့ IU နဲ့ Byeon Woo-seok တို့ရဲ့ series ကို 4လပိုင်း 10
Perfect Crown (2026) အပိုင်း(9) ရပြီနော် ပရိသတ်တွေ အရမ်းမျှော်လင့်နေတဲ့ IU နဲ့ Byeon Woo-seok တို့ရဲ့ series ကို 4လပိုင်း 10 ရက်နေ့မှာ ထုတ်လွှင့်သွားပါမယ် နန်းတွင်းဇာတ်လမ်းဆိုပေမယ့် ရှေးခေတ်မဟုတ်ဘဲ Modern Era (ခေတ်သစ်ကိုရီးယား) ကို နောက်ခံထားထားတာဖြစ်ပါတယ် အရမ်းကို လွတ်လပ်ချင်တဲ့ မိန်းကလေးတစ်ယောက်က တင်းကြပ်လွန်းတဲ့ နန်းတွင်းစည်းမျဉ်းတွေကြားထဲ မတော်တဆရောက်သွားပြီး Prince (မင်းသားကြီး) နဲ့ လက်ထပ်လိုက်တဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ် Princess Hours လိုမျိုး နန်းတွင်းအငွေ့အသက်ကိုမှ ခေတ်သစ်ဖက်ရှင်တွေ၊ Lifestyle တွေနဲ့ ဆန်းဆန်းလေး မြင်ရမှာပါ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2467 ဇာတ်ကားကြညါ့ရန်🔽🔽🔽 https://t.me/dreamworld2467/101