uz
Feedback
Bioscope Vibes

Bioscope Vibes

Yopiq kanal

Well

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan

📈 Telegram kanali Bioscope Vibes analitikasi

Bioscope Vibes kanali faol ishtirokchi. Hozirda hamjamiyat 15 505 obunachidan iborat bo'lib, Boshqa toifasida -o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 15 505 obunachiga ega bo‘ldi.

28 Sentabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni 599 ga, so‘nggi 24 soatda esa 57 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 5.27% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 1.67% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 815 marta ko‘riladi; birinchi sutkada odatda 259 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 1 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“Well”

Yuqori yangilanish chastotasi (oxirgi ma’lumot 29 Sentabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Boshqa toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

15 505
Obunachilar
+5724 soatlar
+2707 kun
+59930 kun
Postlar arxiv
အသစ်ထပ်ထွက်လာတဲ့ထိုင်းဟာသသရဲကားသစ် Hor Taew Tak: Haek Lee Hu (2025) "မိဖုရားခေါင်ကြီး ကွယ်လွန်သွားတဲ့အခါ နန်းတွင်းထဲမှာ ဘယ်လိုတွေ ဗြောင်းဆန်သွားမလဲ..." ထိုင်းဟာသကားတွေရဲ့ သဘာဝအတိုင်း ရယ်စရာ မျက်နှာပေးတွေ၊ အလွဲအချော် အခွီတွေ မြိုင်ဆိုင်လှတဲ့ Oh My Ghost စီးရီးရဲ့ ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ အရင်ထွက်ခဲ့တဲ့ အပိုင်းတွေတုန်းက အဆောင်တွေ၊ ဆေးရုံတွေမှာ သရဲပေါင်းစုံနဲ့ လိုက်ပြေးရင်း မိန်းမလျာအုပ်စုကြီး ဘယ်လိုတွေ ဗရုတ်သုတ်ခ နိုင်ခဲ့လဲဆိုတာ အားလုံး အသိပဲဖြစ်ပါတယ်။ အခု နောက်ဆုံးထွက်လာတဲ့ ဇာတ်ကားမှာတော့ ခေတ်လွန်ပြီး နန်းတွင်းထဲကို ရောက်သွားပါပြီ။ ဇာတ်လမ်းအကျဉ်းလေးကတော့ နန်းတွင်းမှာ မိဖုရားခေါင်ကြီး ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်စွာ အဆိပ်ခပ်ခံရပြီး သေသွားတာကနေ စထားပါတယ်။ ဒီအခါမှာတော့ နန်းတွင်းအမတ်တွေအားလုံး ဘာလုပ်ရမှန်းမသိဘဲ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြပြီး၊ ဒီအခြေအနေဆိုးကြီးကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ဝိုင်းဝန်း အဖြေရှာရပါတော့တယ်။ ဒီကိစ္စရဲ့အဖြေကတော့ မိဖုရားခေါင်နဲ့ တစ်ရုပ်တည်းတူတဲ့ ခေါင်းလောင်းပါတဲ့မမကို အခုခေတ်မှာ သွားရှာရမှာပါတဲ့။ ဒါ့အပြင် ဒီဖြစ်ရပ်ဆိုးကြီးရဲ့ နောက်ကွယ်က ကြိုးကိုင်နေသူဟာ ဘယ်သူလဲဆိုတဲ့ သဲလွန်စတွေကိုပါ လိုက်လံစုံစမ်းရတဲ့အခါမှာတော့… ဒါရိုက်တာ ပိုချ်အာနွန် ကိုယ်တိုင် ရိုက်ကူးထားပြီး၊ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ နာမည်ကြီး ဟာသသရုပ်ဆောင်ကြီး Jaturong Mokjok နဲ့ Phunkorn Boonyachinda တို့က အဓိက ပါဝင်အားဖြည့်ထားပါတယ်။ Comedy အမျိုးအစားဖြစ်တဲ့အတိုင်း ပရိသတ်ကြီးအတွက် အူတက်အောင် ရယ်ရမယ့် ဇာတ်ကွက်တွေနဲ့ ပြည့်နှက်နေမှာ အသေအချာပါပဲ။ စိတ်အပန်းဖြေချင်တဲ့ အချိန်လေးမှာ စာတန်းထိုးဖန်တီးမှု အလန်းစားတွေနဲ့အတူ ပေါ့ပေါ့ပါးပါး ကြည့်ရှုဖို့ အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်လာမှာပါ။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/407

အသစ်ထပ်ထွက်လာတဲ့ထိုင်းဟာသသရဲကားသစ် H*o*r T*a*ew T*ak: Ha*ek Le*e H*u (20*25)
အသစ်ထပ်ထွက်လာတဲ့ထိုင်းဟာသသရဲကားသစ် H*o*r T*a*ew T*ak: Ha*ek Le*e H*u (20*25)

P_e-e N_a-k 5 (2-0-2-6) " မင်းချစ်တဲ့သူတိုင်းကို ငါသတ်ပစ်မယ် " Pee Nak 1 ကနေ 4 အထိ အူတက်မတတ် ရယ်ခဲ့ရသလို၊ ကြက်သီးထစရာ သရဲခြောက်ခန်းတွေနဲ့ ပရိသတ်ကို ဖမ်းစားထားတဲ့ ထိုင်းဟော်ရာဟာသ ဖရန်ချိုက်စ်ကြီးရဲ့ အဆက် Pee Nak 5 ထွက်ရှိလာပါပြီ။ Pee Nak ထုံးစံအတိုင်းပဲ သရဲကား ပရိသတ်တွေအတွက် ရင်ခုန်စရာကောင်းနေမှာ အသေအချာပါပဲ။ ရှေ့ကား အတွဲ ၄ တုန်းက အငြိုးကြီးလှတဲ့ နက်ထင် (Nak Tinn) ရဲ့ ဝိညာဉ်ဆိုးကြီးကို အသေအလဲ တိုက်ခိုက် အနိုင်ယူပြီးပြီဆိုပြီး အေးဆေးဖြစ်သွားပြီ ထင်ခဲ့ကြပေမဲ့... တကယ့် အကြောက်တရားက အခုမှ စတာပါ။ ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ရဲ့ အချစ်တော် အမွှေစိန် ၃ ယောက်ဖြစ်တဲ့ ဘလွန်း ၊ ဖတ်စ် နဲ့ ဒိုမင်ဂျွန်း တို့ဟာ အရင်ကနဲ့ လုံးဝမတူတဲ့ ရှင်လောင်းသရဲ(ဖီနက်) အသစ်စက်စက်ကြီးရဲ့ လိုက်လံခြောက်လှန့် သတ်ဖြတ်တာကို ခံရပြန်ပါပြီ။ ကံကောင်းချင်တော့ သူတို့အချစ်တော် နော့ တစ်ယောက် အချိန်မီရောက်လာပြီး သူတို့ကို ကယ်တင်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီမှာ စတာပါပဲ။ ဒီသရဲက သာမန်သရဲတွေလို တွေ့ရာလူ လိုက်သတ်နေတာမဟုတ်ဘဲ "နော့ ချစ်တဲ့သူတိုင်း... သေရမယ်" ဆိုတဲ့ ကြောက်မက်ဖွယ် ရည်ရွယ်ချက်နဲ့ နော့ရဲ့ ဘေးနားက လူတွေကို အဓိက ပစ်မှတ်ထားလာတဲ့အခါ… အမြဲတမ်း ပြဿနာရှာလေ့ရှိတဲ့ ဒီသူငယ်ချင်းတစ်သိုက် နောက်ထပ်နာကျင်စရာ ခရီးစဉ်တစ်ခုကို အတူတူ ထွက်လာကြပြန်ပါပြီ။ အရင်က သရဲ မျိုးစုံနဲ့ ကြုံခဲ့၊ တိုက်ခဲ့၊ ထွက်ပြေးခဲ့ဖူးပေမဲ့ ဒီတစ်ခါ တိုက်ပွဲကတော့ အရင်ကားတွေနဲ့ လုံးဝကို ကွဲထွက်နေတာပါ။ ပစ်မှတ်က နော့မဟုတ်ဘဲ သူ့ဘေးက လူတွေဖြစ်နေတော့ နော့တစ်ယောက် သူချစ်ရတဲ့ သူငယ်ချင်းတွေကို ဘယ်လို ကာကွယ်မလဲ။ သူတို့တွေ ဒီအကြောက်တရားရဲ့ ဇစ်မြစ်ကို လိုက်ရှာရင်း တိမ်ပေါ်ပဲ ရောက်သွားမလား... မြေကြီးထဲပဲ ရောက်သွားမလား ဆိုတာကို ရယ်လိုက် ကြောက်လိုက်နဲ့ ရင်တမမ ကြည့်ရှု လိုက်ကြပါဦး။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/2704450145/1083

ဖီနက် (၅)
ဖီနက် (၅)

မင်းသားကြီးဗန်ဒီဇယ်ရဲ့နာမည်ကြီးခဲ့တဲ့ တစ်ကားလုံးအက်ရှင်စတန့်စွန့်စားခန်းအပြည့်နဲ့ ရှယ်မိုက်တဲ့ ထရစ်ပယ်အိပ်စ်ကား x*X*x (1) (20*02)

မင်းသားကြီးဗန်ဒီဇယ်ရဲ့နာမည်ကြီးခဲ့တဲ့ တစ်ကားလုံးအက်ရှင်စတန့်စွန့်စားခန်းအပြည့်နဲ့ ရှယ်မိုက်တဲ့ ထရစ်ပယ်အိပ်စ်ကား xXx (1) (2002) IMDB (6/10) Xander Cage အဖြစ် Vin Diesel က သရုပ်ဆောင်ထားပြီး Extreme Sports စတန့်သမားတစ်ယောက်ဖြစ်တဲ့ သူဟာ အန္တရာယ်ကို မကြောက်ဘဲ စွန့်စားမှုတွေနဲ့ နာမည်ကျော်ကြားနေသူဖြစ်ပါတယ် NSA အရာရှိ Augustus Gibbons က Xander Cage ကို လျှို့ဝှက်အေးဂျင့်တစ်ယောက်အဖြစ် စုဆောင်းပြီး ဥရောပမှာ လှုပ်ရှားနေတဲ့ Anarchy 99 အကြမ်းဖက်အဖွဲ့ထဲကို စေလွှတ်လိုက်ပါတယ် Anarchy 99 ရဲ့ ခေါင်းဆောင် Yorgi နဲ့ သူ့ရဲ့ လက်ထောက် Kolya တို့ဟာ Silent Night လို့ခေါ်တဲ့ ဇီဝလက်နက်ကို အသုံးပြုပြီး ကမ္ဘာအနှံ့ အကြီးအကျယ် ဖျက်ဆီးဖို့ စီစဉ်နေကြပါတယ် တာဝန်ထမ်းဆောင်ရင်း Xander Cage ဟာ Yorgi ရဲ့ ချစ်သူ Yelena နဲ့ တွေ့ဆုံခဲ့ပြီး သူမဟာ အဖွဲ့ရဲ့ လျှို့ဝှက်ချက်တွေကို သိထားသူဖြစ်သလို Yorgi ရဲ့ လုပ်ရပ်တွေကိုလည်း မနှစ်သက်တော့ကြောင်း သိရှိလာခဲ့ပါတယ် Yelena ရဲ့ အကူအညီနဲ့ Xander Cage ဟာ အကြမ်းဖက်အဖွဲ့ရဲ့ အစီအစဉ်ကို တားဆီးဖို့ အသက်စွန့်တိုက်ခိုက်ရင်း ကမ္ဘာကြီးကို ကယ်တင်ဖို့ ကြိုးစားရပါတော့တယ် အက်ရှင်ကြမ်းကြမ်း စတန့်အလန်းစားတွေနဲ့ စွန့်စားခန်းတွေကို အပြည့်အဝခံစားရမယ့် Vin Diesel ရဲ့ နာမည်ကျော် အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်

မင်းသားကြီးဗန်ဒီဇယ်ရဲ့နာမည်ကြီးခဲ့တဲ့ တစ်ကားလုံးအက်ရှင်စတန့်စွန့်စားခန်းအပြည့်နဲ့ ရှယ်မိုက်တဲ့ ထရစ်ပယ်အိပ်စ်ကား x*X*x (1) (20
မင်းသားကြီးဗန်ဒီဇယ်ရဲ့နာမည်ကြီးခဲ့တဲ့ တစ်ကားလုံးအက်ရှင်စတန့်စွန့်စားခန်းအပြည့်နဲ့ ရှယ်မိုက်တဲ့ ထရစ်ပယ်အိပ်စ်ကား x*X*x (1) (20*02) IMDB (6/10)

ကွန်ဖူးပညာရှင်ယဲ့၀မ့် (宗师叶问2) IP Man : Kung Fu Legend 2026 Movie 🥋👊 ဒီတစ်ခါမှာတော့ တရုတ်ရိုးရာ ကွန်ဖူးသိုင်းကို မြတ်နိုးပြီး အားမာန်ပါပါနဲ့ သိုင်းကွက်အလန်းစားတွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် ရင်တဖိုဖိုနဲ့ ကြည့်ရမဲ့ သိုင်းအက်ရှင် ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော် ဇာတ်လမ်းက ဖိနှိပ်ခံ လူတန်းစားတွေအတွက် ထရပ်ပေးရင်း အကွက်ချ လုပ်ကြံမှုတွေကြားထဲကနေ ကွန်ဖူးရဲ့ သိက္ခာကို လက်သီးတစ်စုံနဲ့ သွေးအေးအကွက်ချ သက်သေပြမယ့် ရဲရင့်သူသိုင်းပညာရှင်တစ်ယောက်ရဲ့ အကြောင်းဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း 📝 ၁၉၅၀ ပြည့်နှစ်တွေရဲ့ ဟောင်ကောင်မြို့ပြကြီးဟာ ဗြိတိသျှကုန်သည်တွေနဲ့ ဒေသခံ သုံးပွင့်ဆိုင် ဂိုဏ်းစတားတွေ ပူးပေါင်းပြီး အာဏာချဲ့ထွင်ဖို့ ကြိုးစားနေကြတဲ့ အချိန်ဖြစ်ပါတယ် သူတို့ဟာ သာမန်ဆင်းရဲသား လူထုရဲ့ လူနေမှုဘဝတွေကို လုံးဝငဲ့ကွက်ခြင်းမရှိဘဲ စက်ရုံတွေကို အတင်းအဓမ္မ လိုက်လံဖျက်ဆီးပစ်ကြပါတယ် အဲဒီအချိန်မှာပဲ သိုင်းဆရာယဲ့၀မ့်ဟာ အခြေခံလူတန်းစား အလုပ်သမားတွေဘက်ကနေ ရဲရဲဝံ့ဝံ့ မားမားမတ်မတ် ရပ်တည်ပြီး အသံထွက် တောင်းဆိုပေးခဲ့တာကြောင့် အာဏာပိုင်အဖွဲ့အစည်းမျိုးစုံရဲ့ ဝိုင်းဝန်းဖိအားပေးခြင်းနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပါတော့တယ် ဒါတင်မကသေးဘဲ အကွက်ချ ဆင်ကွက်တစ်ခုကြောင့် သိုင်းဆရာယဲ့၀မ့်ဟာ မတရား စွပ်စွဲခံရပြီး အကျဉ်းထောင်ထဲကို ထည့်သွင်းခြင်း ခံခဲ့ရရှာပါတယ် ထောင်တွင်းမှာရှိတဲ့ ဂိုဏ်းစတားတွေ စနစ်တကျ ထောင်ထားတဲ့ သေတွင်း အန္တရာယ်မျိုးစုံကို ရင်ဆိုင်ရရုံတင်မကဘဲ ပြင်ပ မှာလည်း အနောက်တိုင်း လက်ဝှေ့သမားတွေက တရုတ်ရိုးရာ ကိုယ်ခံပညာတွေကို နှိမ်ချပြီး တရွေ့ရွေ့ ဝါးမြိုဖို့ ခြေလှမ်းပြင်လာကြပါတယ် အကျဉ်းထောင်တွင်းက သေမင်းတမန် ထောင်ချောက်တွေကို ကျော်ဖြတ်ပြီး မိမိကိုယ်ကိုယ် အပြစ်မရှိကြောင်း သက်သေပြဖို့နဲ့ ရိုးရာသိုင်းပညာရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ယဲ့၀မ့်တစ်ယောက် သူ့ရဲ့ ပြိုင်ဘက်ကင်း Wing Chun သိုင်းပညာနဲ့ အခက်အခဲတွေကို ဘယ်လို သွေးချင်းချင်းနီအောင် ဖြတ်ကျော်ပြီး လမ်းစရှာမလဲဆိုတာကတော့..... ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/400

ကွန်ဖူးပညာရှင်ယဲ့၀မ့် (宗师叶问2) I*P M"an : K"un"g F*u Le*ge*nd 20*26
ကွန်ဖူးပညာရှင်ယဲ့၀မ့် (宗师叶问2) I*P M"an : K"un"g F*u Le*ge*nd 20*26

ခေတ်သစ် ရှာပုံတော် မင်းသားကြီး F_i-n-_d-i-n-g E-m-i-l_y (2-0-26) IMDB ⭐️ 7/10 ခေတ်သစ်ရဲ့ ရှာပုံ‌တော် မင်းသားကြီး ပေါ်ထွက်လာမှုကတော့ “မနှစ်က ပေးတဲ့ မင်းလိပ်စာ ရေတွေ စိုလို့ပျက်ကုန်ပြီ” မဟုတ်တော့ဘဲ “ဟိုရက်က ပေးတဲ့ မင်းဖုန်းဟာ တစ်လုံး လိုလို့ သွားပါသည်” ကနေ အစချီတာပါပဲ။ အိုဝင်က သူ အလုပ်လုပ်နေတဲ့ ဘားမှာ အမ်မလီ ဆိုတဲ့ ကောင်မလေးကို မြင်မြင်ချင်း သဘောကျသွားခဲ့ပါတယ်။ ဒါပေမဲ့ စင်ဒရဲလားလို ဖိနပ်တစ်ဖက်တော့ မချန်ခဲ့ဘဲ ဆက်သွယ်ဖို့ ဖုန်းနံပါတ်ပေးပြီး ထွက်ပြေးသွားခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ ဖုန်းနံပါတ်က ဂဏန်းတစ်လုံးကျန်ခဲ့ရာမှာ အိုဝင်တစ်ယောက် နည်းလမ်းပေါင်း များစွာနဲ့ အမ်မလီကို ရှာဖွေပါတော့တယ်။ တစ်ဖက်မှာလည်း ချစ်ခြင်းမေတ္တာဟာ စိတ်ရောဂါတစ်ခုလို့ ယုံကြည်နေတဲ့ တခြား အမ်မလီ ရိန်းတစ်ယောက် ရှိနေပါတယ်။ သူ့ရဲ့ ဘွဲ့ယူစာတမ်းအတွက် ကုန်ကြမ်းလိုနေတဲ့အချိန်မှာ အိုဝင်နဲ့ တွေ့ခဲ့ပြီး ကူညီပေးရင်း စာတမ်း ပြုစုပါတော့တယ်။ သူတို့ ၂ ယောက် အတူ ပူးပေါင်းပြီး ဘယ်လို ဂယက်တွေ ထကြမလဲ? အချစ်ဆိုတာ ရူးသွပ်မှုတစ်ခုပဲလို့ ယုံကြည်နေတဲ့ အမ်မလီကို အချစ်ရူးလေး အိုဝင်ရဲ့ အပြုအမူတွေက အတွေးပြောင်းအောင် လုပ်နိုင်မလား? ရှာပုံတော် မင်းသားကြီး အိုဝင် သူ့အမ်မလီကိုရော ရှာတွေ့နိုင်ပါ့မလား...ဆိုတာကိုတော့ ဒီ ဇာတ်လမ်းလေးထဲမှာ စီးမျောခံစားကြည့်ရှု့ နိုင်ပါပြီ။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/2704450145/1076

ခေတ်သစ် ရှာပုံတော် မင်းသားကြီး
ခေတ်သစ် ရှာပုံတော် မင်းသားကြီး

တာဗိုင်နတ်ဘုရားမရဲ့ မရဏကျိန်စာ T_a-v-v_a-i (2-0-2-6) IMDB ⭐️5/10 အသစ်စက်စက်ထွက်ရှိထားတဲ့ ဟင်ဒီဘာသာစကား သဘာဝလွန်ဒဏ္ဍာရီလာ ထိတ်လန့်ခြောက်ခြားဖွယ်ရာ ရုပ်ရှင်ကားကြီးသစ်ကြီးကို တင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဝါရင့် သရုပ်ဆောင်ကြီးဖြစ်တဲ့ Manoj Joshiနဲ့အတူ Bhushan Pradhan, Arpit Ranka နဲ့ Tripti Sahu တို့ကပါ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဟိန္ဒူဒဏ္ဍာရီလာ လာဘ်လာဘနတ်သမီး လက်ရှ်မီးရဲ့အစ်မဖြစ်သူ ဆင်းရဲမွဲတေမှုနဲ့ အမင်္ဂလာတွေကို ဆောင်ကျဉ်းပေးတတ်တဲ့ အလက်ရှ်မီး (ခေါ်) တာဗိုင်ဆိုတဲ့ နတ်ဘုရားမရဲ့ ကျိန်စာအကြောင်းကို အခြေခံပြီးတော့ ရိုက်ကူးတင်ဆက်ထားတာဖြစ်လို့ တကယ်ကို ထူးခြားဆန်းသစ်တဲ့ ဇာတ်အိမ်မျိုးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ၁၈၈၀ပြည့်နှစ်လွန်က အုပ်ချုပ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဘုရင်တစ်ပါးရဲ့ ခေတ်ကနေ စတင်ထားပါတယ်။ အဲဒီမင်းကြီးရဲ့ ရက်စက်မှုတွေကြောင့် အမင်္ဂလာနဲ့ ဆင်းရဲမွဲတေမှုတွေကို ဆောင်းကျဉ်းပေးတဲ့ တာဗိုင်ရဲ့ အမျက်ဒေါသ ကျိန်စာဆိုးကြီး ကျရောက်ခဲ့ရပါတယ်။ အဲဒီဘုရင်က ကျိန်စာသင့်နေတဲ့ ရွှေငွေရတနာတွေကို မြေအောက်လျှို့ဝှက်ခန်းထဲမှာ သိမ်းဆည်းထားခဲ့ပြီး အဲဒီအမွေဆိုးကျိန်စာဟာ မျိုးဆက်ပေါင်းများစွာအထိ ရွာကလေးတစ်ရွာလုံးကို မှောင်မိုက်မှုတွေကြားထဲကနေ ဝါးမြိုခြောက်လှန့်လို့နေပါတော့တယ်။ ရာစုနှစ်တွေများစွာ ကျော်ဖြတ်လာပြီးနောက် ယခုလက်ရှိခေတ်ကိုရောက်ရှိတဲ့အချိန်မှာတော့ အမှောင်စွမ်းအင်တွေ လောဘတွေကြောင့် ကျိန်စာသင့်ရွှေတိုက်ကြီးဟာ ပြန်လည်ပွင့်လာခဲ့ပြီးတော့ တာဗိုင်နတ်ဘုရားမရဲ့ ကလဲ့စားချေ ခြောက်လှန့်မှုကြီးဟာလည်း တစ်ကျော့ပြန်နိုးထလာခဲ့ပါတော့တယ်။ တစ်ရွာလုံးနဲ့ တစ်မိသားစုလုံး ဘေးဒုက္ခဆိုးတွေနဲ့ ရင်ဆိုင်ရပြီး ပျက်စီးခြင်းကို ဦးတည်လာတဲ့အချိန်မှာတော့ ပရာမန်ဒရာတစ်ယောက် ဒီမရဏကျိန်စာဆိုးကြီးကို ဘယ်လိုအသက်နဲ့လဲပြီးတော့ ဖယ်ရှားအဆုံးသတ်သွားမလဲဆိုတာကို ရင်သတ်ရှုမောဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/395

တာဗိုင်နတ်ဘုရားမရဲ့ မရဏကျိန်စာ
တာဗိုင်နတ်ဘုရားမရဲ့ မရဏကျိန်စာ

P-o-j-e-d-y-n-e-k (2026)

Pojedynek (2026) ဒီဖြစ်ရပ်မှန် ဒုတိယကမ္ဘာစစ်ကားကြီးကို ဒါရိုက်တာ Łukasz Palkowski ရိုက်ကူးထားပြီးတော့ Game of Thrones, The Dark Knight Rises, Peaky Blinders စတဲ့ ကားထဲမှာပါဝင်တဲ့ နာမည်ကြီးသရုပ်ဆောင် Aidan Gillen နဲ့ ပိုလန်နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Suicide Room ထဲက Cold War (2018) က Jakub Gierszał, Psy (Pigs) က Tomasz Kot စတဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားပါသည်။ ဇာတ်လမ်းအကျဉ်း ++++++++++++ ၁၉၃၉ ခုနှစ် ဒုတိယကမ္ဘာစစ်အစပိုင်းမှာ ပဲ ဖြစ်ပါတယ်။ ဆိုဗီယက်တပ်က ပိုလန်ကို သိမ်းပိုက်ပြီးနောက် ပညာတတ်ပိုလန်သားတွေအားလုံးကို ဖမ်းဆီခေါ်ဆောင်သွားကြပါတယ်။ Karol က ပိုလန်နိုင်ငံက နာမည်ကြီး ပီယာနိုသမားဖြစ်ပြီးတော့ ဆိုဗီယက်တပ်တွေက သူ့ကို ဖမ်းပြီး စစ်အကျဉ်းသားစခန်း (POW camp) ထဲပို့ခဲ့ပါတယ်။ ဆိုဗီယက်ခေါင်းဆောင်တွေက အဲဒီထက်မြက်တဲ့ ပိုလန်ပညာတတ်တွေကို အကျဉ်းထောင်ချချင်ရုံတင်မဟုတ်ဘဲ ဆိုဗီယက်က ပိုလန်ကို အုပ်ချုပ်လာတဲ့အချိန်မှာ အကူအညီရဖို့အတွက် အဲဒီထက်မြက်တဲ့ ပိုလန်ပညာတတ်ခေါင်းဆောင်တွေကို ကွန်မြူနစ်ဝါဒ ယုံကြည်သူတွေဖြစ်လာအောင် ဦးနှောက်ဆေးချင်တာပါ။ အေးဂျင့် Zarubin က အကျဉ်းသားတွေရဲ့ စိတ်ဓာတ်ကိုဖြိုလဲဖို့ တာဝန်ပေးခံရသူဖြစ်ပြီးတော့ သူက Karol ကို ပစ်မှတ်ထားလာပါတယ်။ သူက နာမည်ကြီးပီယာနိုသမားဖြစ်တဲ့ Karol ကိုသာ လက်လျှော့အောင်လုပ်နိုင်ခဲ့ရင် ကျန်တဲ့အကျဉ်းသားတွေအားလုံးလည်း မျှော်လင့်ချက်မဲ့ကုန်ကြမှာကို သိတယ်။ ဒါကြောင့် Zarubin ကအစပိုင်းမှာ ဖော်ဖော်ရွေရွေနဲ့ Karol ကို သူ့ရဲ့မိသားစုဆီကို ပြန်သွားနိုင်ကြောင်းနဲ့ ပီယာနိုပြန်ကစားနိုင်ကြောင်း ကတိတွေပေးခဲ့ပါတယ်။ အဲ့ဒီနည်းလမ်းအလုပ်မဖြစ်တဲ့အခါမှာလည်း ခြိမ်းခြောက် အငတ်ထား သင်းကွဲဖြစ်အောင်လုပ်ပြီး ကြိုးစားပေမဲ့ Karol ရဲ့ လက်လျှော့ဖို့ငြင်းဆန်တဲ့ သတ္တိက ကျန်တဲ့အကျဉ်းသားတွေ ဆက်ပြီးအားတင်းထားနိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ သမိုင်းကြောင်းနောက်ခံ အကျဉ်း +++++++++++++++++++++ 1939 စက်တင်ဘာ 17 ရက်မှာ ဆိုဗီယက်တပ်က ပိုလန်ကို အရှေ့ဘက်က ဝင်တိုက်ခဲ့တယ်။ ထို့နောက် ပိုလန်နိုင်ငံကို ဂျာမဏီနဲ့ ဆိုဗီယက်က နှစ်ဖက်ခွဲပြီး ထိန်းချုပ်ခဲ့ကြတယ်။ ဆိုဗီယက်ခေါင်းဆောင်တွေက ပိုလန်ပညာတတ် ဆရာဝန်၊ အရာရှိ၊ အနုပညာရှင် စတဲ့ အထက်တန်းလူတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးပြီးတော့စစ်အကျဉ်းသားစခန်း (POW camps) တွေထဲ ပိုခဲ့ပါတယ်။ ဆိုဗီယက်စနစ်က သာမန်ထောင်တွေလိုမဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုထက် စိတ်ပိုင်းဆိုင်ရာလှည့်စားပြီး ဦးနှောက်ဆေးတဲ့နည်းလမ်းကို အသုံးပြုခဲ့ကြပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က စိတ်ကိုရိုက်ချိုးပြီးတော့ စနစ်ကို လက်ခံလာအောင်လုပ်ဖို့ပါပဲ။ ဒီလုပ်ငန်းတွေကို NKVD ဆိုတဲ့ လုံခြုံရေးအဖွဲက ဆောင်ရွက်ပြီးတော့ စုံစမ်းမေးမြန်းမှု၊ ဝါဒဖြန့်မှု၊ ခြိမ်းချမ်းမှုတွေနဲ့ လူတွေကိုထိန်းချုပ်ခဲ့ပါတယ်။

P-o-j-e-d-y-n-e-k (2026)
P-o-j-e-d-y-n-e-k (2026)

Round the Decay (2025) IMDb Rating (6.7) လွန်ခဲ့တဲ့ နှစ်နှစ်က လျှို့ဝှက်ဆန်းကြယ်စွာပျောက်ဆုံးသွားတဲ့ ခင်ပွန်းလောင်းဖြစ်သူကိစ္စကိုအဖြေရှာဖို့အတွက် ကန်ဇီဟာ Newport’s Valley ဆိုတဲ့တောင်ပေါ်ခရီးသွားမြို့လေးကိုပြန်ရောက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ တောင်တက်သမား သူငယ်ချင်းတစ်စုဟာ တောင်ကုန်းတွေပေါ်က အဝင်အထွက်ပိတ်ထားတဲ့ဂူတစ်ခုထဲကို မတော်တဆရောက်ရှိသွားပြီးWrexsoul လို့ခေါ်တဲ့ အိပ်ပျော်နေတဲ့ လူသားစားမိစ္ဆာကြီးကို သွားပြီး နှိုးမိလိုက်ကြပါတယ်။ အဲ့ဒီမိစ္ဆာကြီးက လာရောက်လည်ပတ်သူတွေကိုရော မြို့ခံတွေကိုပါ မချန်တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးစားသောက်လာချိန်မှာတော့ ဧည့်သည်တွေရော အိမ်ရှင်တွေပါ ပူးပေါင်းပြီး အသက်ရှင်သန်ရေး၊ ဒီသတ္တဝါကြီးကိုနှိမ်နင်းဖို့အရေးအတွက်နဲ့ပူးပေါင်းဆောင်ရွက်ရင်းနောက်ကွယ်က အကြောင်းရင်းတွေကို ဖော်ထုတ်ဖို့ပါ အသည်းအသန်တိုက်ပွဲဝင်ကြရပါတော့တယ်။ အင်ဒီရုပ်ရှင်တစ်ကားအနေနဲ့ မိစ္ဆာကိုပုံဖော်ထားပုံ၊ သွေးထွက်သံယို Practical effects တွေမှာတကယ်ပီပြင်ထိရောက်ပြီး ဇာတ်လမ်းဇာတ်အိမ်ရော မိစ္ဆာရဲ့နောက်ကြောင်းတွေကပါ ခိုင်မာသဘာ၀ကျပါတယ်။ဇာတ်ကောင်တွေများပြားလွန်းတာနဲ့အစပိုင်းဇာတ်ရှိန်အတက်နှေးတာတွေရှိပေမယ့် ဇာတ်လမ်းရုပ်လုံးပေါ်လာချိန်ကစပြီး တောက်လျှောက်ကြမ်းလို့ အချိန်ပေးရကျိုးနပ်မှာပါ။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/390

R-o-u-n-d t-h-e D-e-c-a-y (2025)
R-o-u-n-d t-h-e D-e-c-a-y (2025)

Ghost Island (2025) --------------------- အင်ဒိုနီးရှားရုပ်ရှင်လောကမှာ ခေတ်အဆက်ဆက် နာမည်ကြီးခဲ့တဲ့ "Pulau Hantu" သရဲကျွန်း ရုပ်ရှင် Franchise ကို ခေတ်သစ်ပုံစံနဲ့ Reboot ပြန်လည်ရိုက်ကူးထားတဲ့ အင်ဒိုနီးရှား Supernatural Horror / Mystery ရုပ်ရှင်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အားလပ်ရက်မှာ ပင်လယ်ပြင်ဆီ သင်္ဘောစီးပြီး ပျော်ပျော်ပါးပါး ခရီးထွက်လာခဲ့ကြတဲ့ ဆယ်ကျော်သက် လူငယ်သူငယ်ချင်းတစ်စုအကြောင်းကနေ စတင်ထားပါတယ်။ ဒါပေမဲ့ သူတို့စီးလာတဲ့ သင်္ဘောပေါ်မှာ မထင်မှတ်ထားတဲ့ ဆိုးဝါးလှတဲ့ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက်... သူတို့အုပ်စုဟာ မြေပုံပေါ်မှာ လုံးဝမရှိတဲ့၊ ထူးဆန်းလှတဲ့ "ကျွန်းပျက်" တစ်ခုပေါ်ဆီ ရောက်ရှိပြီး သောင်တင်သွားပါတော့တယ်။ သူတို့တစ်တွေ အဲဒီကျွန်းပေါ် ရောက်သွားတဲ့အချိန်ကစပြီး... ထူခြားတဲ့ နည်းလမ်းမျိုးစုံနဲ့ ရက်စက်လှတဲ့ သဘာဝလွန်ဖြစ်ရပ်ကို ရင်ဆိုင်ရပါတော့တယ်။ ကျွန်းရဲ့နောက်ကွယ်ကနေ ထွက်ပေါ်လာတဲ့ အသက်အန္တရာယ် ပေးနိုင်တဲ့ ခြိမ်းခြောက်မှုတွေ၊ သရဲတစ္ဆေတွေရဲ့ ဝိုင်းရံပိတ်ဆို့မှုတွေကြောင့် သူတို့အုပ်စုဟာ တစ်ယောက်ပြီးတစ်ယောက် သွေးပျက်ကာ အခြေအနေတွေ ပိုမိုဆိုးဝါးလာပါတော့တယ်။ နောက်ဆုံးမှာတော့... သူတို့အုပ်စုထဲက သတ္တိရှိပြီး ထက်မြက်လှတဲ့ ဆယ်ကျော်သက် လူငယ်တစ်ယောက်ဟာ... ကျွန်းပေါ်က ကံကြမ္မာဆိုးကနေ လွတ်မြောက်ဖို့နဲ့ သူငယ်ချင်းတွေကို ကယ်တင်ဖို့အတွက် သေမင်းနဲ့ လောင်းကြေးထပ်ပြီး ထွက်ပေါက်ကို ဘယ်လိုမျိုး ရှာဖွေမလဲဆိုတာကို ရိုက်ပြထားပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/2704450145/1067

G-h-o-s-t I-s-l-a-n-d (2025)
G-h-o-s-t I-s-l-a-n-d (2025)