uz
Feedback
Bioscope Vibes

Bioscope Vibes

Yopiq kanal

Well

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan

📈 Telegram kanali Bioscope Vibes analitikasi

Bioscope Vibes kanali faol ishtirokchi. Hozirda hamjamiyat 15 527 obunachidan iborat bo'lib, Boshqa toifasida -o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 15 527 obunachiga ega bo‘ldi.

30 Sentabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni 524 ga, so‘nggi 24 soatda esa 3 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 4.93% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 1.76% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 766 marta ko‘riladi; birinchi sutkada odatda 274 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 1 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“Well”

Yuqori yangilanish chastotasi (oxirgi ma’lumot 01 Oktabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Boshqa toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

15 527
Obunachilar
+324 soatlar
+2947 kun
+52430 kun
Postlar arxiv
P-a-n-g-k-u a-k-a O-n Y-o-u-r L-a-p (2025)

Pangku aka On Your Lap (2025) ****** ၂၀၂၅ ခုနှစ်မှာ ထွက်ရှိထားတဲ့ အင်ဒိုနီးရှား ရုပ်ရှင်ကားကြီး Pangku (သို့မဟုတ်) On Your Lap က နာမည်ကြီး မင်းသား Reza Rahadian ရဲ့ ပထမဆုံး ဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့ လက်ရာဖြစ်ပြီး အင်ဒိုနီးရှားရဲ့ လူမှုဘဝ အခြေအနေမှန်တွေကို ရဲရဲဝံ့ဝံ့ ပုံဖော်ထားတဲ့ ဒရာမာကားကောင်းတစ်ကားပါ။ ဇာတ်လမ်းက ၁၉၉၈ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေးအကြပ်အတည်းကာလကို နောက်ခံထားတာပါ။ ဇာတ်လိုက်ဖြစ်သူ Sartika (Claresta Taufan) က ကိုယ်ဝန်အရင့်အမာနဲ့ သူ့နေရပ်ကမ်းခြေရွာလေးကနေ အခွင့်အလမ်းသစ်တွေရှာဖို့ ထွက်ခွာလာတဲ့ အမျိုးသမီးငယ်တစ်ယောက်ပါ။ သူဟာ လမ်းဘေးကဖေးဆိုင်ပိုင်ရှင် Maya နဲ့ ဆုံတွေ့ပြီး အကူအညီရခဲ့ပါတယ်။ ဒါပေမဲ့ ကလေးမွေးပြီးတဲ့နောက်မှာတော့ ဆင်းရဲမွဲတေမှုရဲ့ ဒဏ်ကြောင့် သူဟာ "Kopi Pangku" လို့ခေါ်တဲ့ (အမျိုးသားတွေရဲ့ ပေါင်ပေါ်မှာ ထိုင်ပြီး ကော်ဖီဖျော်ပေးရတဲ့) အလုပ်ကို မဖြစ်မနေ လုပ်ကိုင်ခဲ့ရပါတယ်။ သူ့ရဲ့ တစ်ဦးတည်းသောသားလေး Bayu ကို ကျွေးမွေးစောင့်ရှောက်ဖို့အတွက် လူမှုပတ်ဝန်းကျင်ရဲ့ အနှိမ်ခံ၊ အရှက်တရားတွေကို ဘေးဖယ်ပြီး မိခင်တစ်ယောက်ရဲ့ အနစ်နာခံမှုကို ဒီကားမှာ စိတ်မကောင်းစရာ မြင်တွေ့ရမှာပါ။ ဆင်းရဲမွဲတေမှုကြောင့် ရွေးချယ်စရာ လမ်းစမရှိတော့တဲ့ အမျိုးသမီးတွေရဲ့ ဘဝကို ရိုးရိုးသားသားနဲ့ ထိထိမိမိ ရိုက်ပြထားပါတယ်။ ဝါရင့်မင်းသမီးကြီး Christine Hakim နဲ့ Fedi Nuril တို့လို နာမည်ကြီးတွေ ပါဝင်သရုပ်ဆောင်ထားတာမို့ သရုပ်ဆောင်ပိုင်းကတော့ လုံးဝ အပြစ်ပြောစရာ မရှိပါဘူး။ ဒီကားမှာပါတဲ့ တချို့အခန်းတွေက အရမ်းကို လက်တွေ့ဆန်လွန်းလို့ ရုံတင်တဲ့အချိန်မှာ ပရိသတ်တချို့တောင် ရုံထဲကနေ ထွက်သွားရတဲ့အထိ ပြင်းထန်တဲ့ ခံစားချက်တွေကို ပေးနိုင်ပါတယ်။ ဒီကားက ဆုတွေ တော်တော်များများ ရထားပါတယ်။ ၂၀၂၅ Citra Awards (အင်ဒိုနီးရှား ရုပ်ရှင်ထူးချွန်ဆု) မှာ "အကောင်းဆုံး ရုပ်ရှင်ကားဆု (Best Feature Film)" အပါအဝင် ဆုကြီး ၄ ဆုကို သိမ်းပိုက်ခဲ့ပါတယ်။ မင်းသမီးကြီး Christine Hakim က ဒီကားနဲ့ အကောင်းဆုံးဇာတ်ပို့မင်းသမီးဆုရရှိခဲ့ပြီး Reza Rahadian နဲ့ Felix K. Nesi တို့က ဇာတ်ညွှန်းဆုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၅ Busan International Film Festival မှာလည်း ပြသခွင့်ရခဲ့ပြီး ချီးကျူးမှုတွေ အများကြီး ရခဲ့တဲ့ကားပါ။ ဒီကားက "မိခင်တစ်ယောက်ရဲ့ မေတ္တာက ဘယ်လောက်အထိ အနစ်နာခံနိုင်သလဲ" ဆိုတာကို ပြထားတာမို့ ဒရာမာကားကောင်းတွေ ကြိုက်တတ်ရင်တော့ လုံးဝ လက်မလွှတ်သင့်တဲ့ ကားတစ်ကားပါပဲ။

P-a-n-g-k-u a-k-a O-n Y-o-u-r L-a-p (2025)
P-a-n-g-k-u a-k-a O-n Y-o-u-r L-a-p (2025)

"သွေးကြွေး" (၂၀၂၆)

သွေးကြွေး A_l-p_h-a: M-e_n L_o-v-e Ve-ng-e-an-ce (2-0-2-6) ======================================== IMDb ⭐️ 9.8/10 ဏ သွေးကြွေး အာဂျွန်ဟာ စိတ်ဓာတ်ပြတ်သားပြီး ဇွဲရှိတဲ့ လူငယ်တစ်ယောက်ပါ သူ့ရဲ့အဖေကတော့ ရိုးသားဖြောင့်မတ်တဲ့ အင်စပတ်တာဖြစ်ပြီး သူ့အဖေအတွက်တော့ အာဂျွန်ဟာ သူ့ရဲ့ဂုဏ်ယူရာဖြစ်သလို သူ့သားလေးကို အဆင့်မြင့်ရဲအရာရှိ (IPS Officer) တစ်ယောက်ဖြစ်လာတာကို မြင်ရဖို့က သူ့ဘဝရဲ့ တစ်ခုတည်းသော အိပ်မက်ပေါ့ အာဂျွန်အတွက်လည်း သူ့ဖခင်ဟာ စံပြပုဂ္ဂိုလ်တစ်ယောက်ပါပဲ... ဒါပေမဲ့... ကံကြမ္မာရဲ့ အလှည့်အပြောင်းက သူတို့သားအဖကို မမျှော်လင့်ထားတဲ့ အရာတွေဆီ တွန်းပို့လိုက်တဲ့အခါမှာတော့...။ ရိုးသားတဲ့ ရဲအရာရှိတစ်ဦးရဲ့ အိပ်မက်တွေနဲ့ သားဖြစ်သူရဲ့ ကလဲ့စားချေလိုစိတ်တွေ ကြားမှာ ဘယ်လိုအငြိုးအတေးတွေ ပေါက်ဖွားလာမလဲ.... မတူညီတဲ့ လောကတစ်ခုထဲမှာ အာဂျွန်တစ်ယောက် သူ့ဖခင်ရဲ့ မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်နိုင်မလား၊ ဒါမှမဟုတ် လက်စားချေခြင်းလမ်းစဉ်နောက်ကိုပဲ လိုက်သွားမလား....

"သွေးကြွေး"
"သွေးကြွေး"

T-h-e U-l-t-i-m-a-t-e D-u-o (2026)

The Ultimate Duo (2026) ****** အလှည့်အပြောင်းပေါ် အလှည့်အပြောင်းဆင့်ပြီး ခန့်မှန်းရခက်တဲ့ မှုခင်းဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူများအတွက် ဂျပန်မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတဲ့ အမိုက်စား ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ Light Shop ထဲက မင်းသားကြီး Bae Seong-Woo၊ Love Alarm ထဲက မင်းသား Jung Ga-ram၊ လက်ရှိပြသနေတဲ့ Phantom Lawyer ထဲက မင်းသမီး Esom တို့အပြင် တခြား ဝါရင့်သရုပ်ဆောင်ကြီးများစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ - ဇာတ်လမ်းအကျဉ်း - ဆောဂျယ်ဟျော့ (Bae Seong-Woo) ကတော့ တစ်ချိန်က အောင်မြင်ခဲ့ပေမဲ့ အမှုတစ်ခုမှာ အမှားအယွင်းဖြစ်ပြီးတော့ ရာထူးကျပြီး နယ်ဘက်ကို ရွှေ့ပြောင်းခံလိုက်ရတဲ့ ဝါရင့်စုံထောက်တစ်ဦးပါ။ တစ်နေ့မှာ ဉာဏ်ရည်ထက်မြက်တဲ့အပြင် ငွေကြေးဥစ္စာပါ ပြည့်စုံတဲ့ လူချမ်းသာ စုံထောက်သစ်လေး ဂင်ဂျွန်းဟို (Jung Ga-ram) က ဂျယ်ဟျော့တို့ရဲ့ နယ်စခန်းလေးဆီကို ပြောင်းလာပါတော့တယ်။ ဘာတစ်ခုမှ ကိုက်ညီမနေတဲ့ သူတို့နှစ်ဦးဟာ ဘုရားကျောင်းအလှူငွေကို ခိုးသွားတဲ့ သူခိုးကို ဖမ်းမိခဲ့ရာကနေ အဲဒီသူခိုးက ဆိုးလ်မြို့၊ ဂန်းနမ်လူသတ်မှုရဲ့ ဖြစ်နိုင်ခြေအရှိဆုံး သံသယရှိသူဖြစ်နေကြောင်း ဖော်ထုတ်လိုက်နိုင်ပေမဲ့ ပြဿနာက အဲဒီအမှုရဲ့ တရားခံကို ဖမ်းတောင်မိပြီးသွားလို့ အမှုပိတ်သိမ်းပြီးသား ဖြစ်နေတာပါပဲ.... ဒါကြောင့် သူတို့နှစ်ဦးအတူ ဒီအမှုရဲ့ နောက်ကွယ်က အမှန်တရားကို စုံစမ်းဖို့အတွက် ဆိုးလ်မြို့ပေါ် အလုပ်ခရီး ထွက်လာတဲ့အခါမှာတော့... ဖမ်းမိပြီးသား တရားခံကပဲ တရားခံအစစ် ဖြစ်နေမလား........ အလှူငွေသူခိုးက တရားခံအစစ် ဖြစ်နေမလားဆိုတာကို ဂျယ်ဟျော့နဲ့ ဂျွန်းဟိုတို့ စုံထောက်နှစ်ဦးနဲ့အတူ puzzle ဆက်သလို အဖြေရှာရင်း ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် လက်မလွတ်တမ်း ကြည့်ရှုကြဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။

T-h-e U-l-t-i-m-a-t-e D-u-o (2026)
T-h-e U-l-t-i-m-a-t-e D-u-o (2026)

Reverse (2026) ပဟေဠိဆန်တဲ့ ဇာတ်အိမ်နဲ့အတူ ၂၀၂၆ ရဲ့ အမိုက်စား Mystery Revenge Thriller အမျိုးအစားဖြစ်တဲ့ 'Reverse' ကတော့ ပရိသတ်တွေအရှေ့ကို ရောက်လို့လာပါပြီ။ ဒီဇာတ်လမ်းတွဲလေးက ၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ "Reverse: Memory and Truth" ဆိုတဲ့ Naver Vibe Audio Movie ကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး မူရင်း Audio Movie ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Lim Gun Joong ကိုယ်တိုင်ပဲ ပြန်လည်ရေးသားရိုက်ကူးထားတာ ဖြစ်ပါတယ်။ Missing: The Other Side ထဲက မင်းသား Go Soo, Nice to Not Meet You ထဲက မင်းသမီး Seo Ji Hye နဲ့ Kim Jae Kyung တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ .. အပန်းဖြေအိမ်ရာတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပေါက်ကွဲမှုတစ်ခုကနေစတင်ပြီး အဲဒီပေါက်ကွဲမှုကနေ အသက်ရှင်ကျန်ရစ်ခဲ့ပေမဲ့ အတိတ်ကမှတ်ဉာဏ်တွေ အားလုံးဆုံးရှုံးသွားခဲ့တဲ့ Myo Jin (Seo Ji Hye) .. Myo Jin က သူနဲ့စေ့စပ်ထားသူ Jun Ho (Go Soo) ရဲ့ အကူအညီနဲ့ ဘဝသစ်ကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေတာပေါ့။ Jun Ho က နာမည်ကြီး Seokwang Group ရဲ့ အနာဂတ်ဆက်ခံသူတစ်ယောက်ဖြစ်ပြီး Myo Jin အပေါ်မှာလည်း အရမ်းချစ်ပြတဲ့သူပါ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ပေါက်ကွဲမှုရဲ့ နောက်ကွယ်က တုန်လှုပ်ချောက်ချားဖွယ်ရာ အမှန်တရားတွေက တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။ ဒီလိုနဲ့ဖြူစင်တဲ့ အချစ်ဇာတ်လမ်းကနေ ရက်စက်တဲ့ ကလဲ့စားချေမှုအသွင်ကို ကူးပြောင်းသွားပြီး Seokwang Group ရဲ့ ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုတွေကြားထဲမှာ Myo Jin တစ်ယောက် ဘယ်လိုတိုက်ပွဲဝင်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာပါ။ အပတ်စဉ် သောကြာနေ့တိုင်းတင်ဆက်ပေးသွားမှာဖြစ်လို့ ခေါင်းစားရမယ့် ဇာတ်ကားကောင်းမျိုးမှ ကြိုက်တယ်ဆိုတဲ့ သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ကားကောင်းလေးဖြစ်ကြောင်း လက်တို့လိုက်ပါတယ်နော်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/3774947924/3

ပြောင်းပြန်အမှန်တရား
ပြောင်းပြန်အမှန်တရား

Ep_10 [Finale]

Ep_9

Ep_8

Ep_7

Ep_6

Ep_5

Ep_4

Ep_3

Ep_2