uz
Feedback
Bioscope Vibes

Bioscope Vibes

Yopiq kanal

Well

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan

📈 Telegram kanali Bioscope Vibes analitikasi

Bioscope Vibes kanali faol ishtirokchi. Hozirda hamjamiyat 15 370 obunachidan iborat bo'lib, Boshqa toifasida -o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 15 370 obunachiga ega bo‘ldi.

25 Sentabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni 892 ga, so‘nggi 24 soatda esa 120 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.41% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 1.56% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 985 marta ko‘riladi; birinchi sutkada odatda 239 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 1 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“Well”

Yuqori yangilanish chastotasi (oxirgi ma’lumot 26 Sentabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Boshqa toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

15 370
Obunachilar
+12024 soatlar
+1277 kun
+89230 kun
Postlar arxiv
Repost from N/a
"နဂါးဖြူတစ်ကောင်ရဲ့ ဒဏ္ဍာရီ"
"နဂါးဖြူတစ်ကောင်ရဲ့ ဒဏ္ဍာရီ"

Repost from N/a
ဘေဘီဒူးဒိုင်းဒူး B-a-b-y D-o D-i-e D-o (2026) ======================= IMDb ⭐️ 6.4/10 မွေးလာကတည်းက အတူရှိနေခဲ့တဲ့ အမြွှာလေးနှစ်ယောက်.. သူတို့နှစ်ယောက်ရဲ့ဘဝဟာ စွန့်ပစ်ခံဟိုတယ်ဟောင်းကြီးတစ်ခုထဲကို ခိုးဝင်ခဲ့မိတဲ့ ညတစ်ညမှာပဲ အစ်မဖြစ်သူ ရက်ရက်စက်စက် အသတ်ခံလိုက်ရပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဆွံ့အနားမကြား ညီမလေးရဲ့ရင်ထဲမှာတော့ ကလဲ့စားချေလိုစိတ်တွေ အမြစ်တွယ်သွားခဲ့ပါပြီ။ အနှစ် ၂၀ ကြာပြီးတဲ့နောက် မွန်ဘိုင်းရဲ့ မှောင်ခိုလောကမှာ ဘေဘီဆိုတဲ့နာမည်က လူတိုင်းကို တုန်လှုပ်စေခဲ့ပါတယ်။ အပြစ်ကင်းစင်တဲ့ ကောင်မလေးတစ်ယောက်ကနေ အသံတိတ် ကြေးစားလူသတ်သမားတစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့တဲ့ သူမရဲ့ တစ်ဦးတည်းသော ရည်ရွယ်ချက်ကတော့ အစ်မဖြစ်သူကို သတ်ခဲ့တဲ့လူကို ရှာဖွေဖော်ထုတ်ဖို့ပါပဲ။ ဒီလိုနဲ့ အမှန်တရားကို လိုက်ရှာရင်း ဇာဖာနဲ့ လပ်ကီးတို့လို လူမိုက်တွေကြီးစိုးတဲ့ မွန်ဘိုင်းရဲ့ ရာဇဝတ်လောကထဲကို ဘေဘီ ခြေစုံပစ်ဝင်ရောက်သွားရပါတော့တယ်။ စကားနည်းနည်းနဲ့ ခပ်ကြမ်းကြမ်းကလဲ့စားချေမှုတွေကို အက်ရှင်နဲ့ ဒရာမာ အချိုးကျကျ ပေါင်းစပ်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ အနှစ် ၂၀ ကြာအောင် ဖုံးကွယ်နေခဲ့တဲ့ အမှန်တရားကို ဘေဘီတစ်ယောက် ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးပါဦးဗျ။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+_EjqNe-b4CQxYzQ1 ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/4315958829/685

Repost from N/a
ဘေဘီဒူးဒိုင်းဒူး
ဘေဘီဒူးဒိုင်းဒူး

Repost from N/a
ရီထရို IMDb 7.9 အထိရရှိထားတဲ့ ပြီးပြည့်စုံလှတဲ့ အိန္ဒိယစိတ်ဝင်စားဖွယ်ရာဆန်းကြယ်တဲ့အက်ရှင်တွေနဲ့ပြည့်နေတဲ့ တမီးလ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဗျာ။ကြည့်ရှုသူတွေဆီကနေ တော်တော်လေးကောင်းမွန်လှတဲ့ အက်ရှင်အကြမ်းခန်းတွေ ၊ အချစ်မေတ္တာအကြောင်းတွေ ကောင်းမွန်စွာဖော်ပြပေးထားနိုင်တဲ့ဇာတ်ကားဆိုပြီး ချီးကျုးထားကြပါတယ်။ ဇာတ်ကားအညွှန်း ဂိုဏ်းစတားတွေရဲ့ အုပ်ချုပ်မှုအောက်မှာကြီးပြင်းလာတဲ့မိဘမဲ့ကောင်လေးတစ်ယောက်။ ”တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး” ဆိုသလို ကောင်လေးရဲ့အကျင့်စရိုက်တွေက ခက်ထန်လှပြီး ရက်စက်ကြမ်းကြုတ်လှပါတယ်။ဂန်းစတားလည်းအသဲနဲ့မို ငယ်ငယ်ကတစ်ခါတွေ့ဖူးတဲ့ကောင်မလေးကို ကြီးတဲ့အချိန်ပြန်တွေ့ချိန်မှာတော့ ကောင်လေးကရူးရူးမူးမူးကိုချစ်မိသွားခဲ့ပါတယ်။ မကောင်းတာတွေလုပ်တာကိုမကြိုက်တဲ့ ကောင်မလေးက ကောင်လေးဖြစ်သူကိုဒီအလုပ်တွေစွန့်လွှတ်ဖိုတိုက်တွန်းလာပါတယ်။ကောင်လေးကလည်း ”မိန်းမစကား မပယ်ရှား” ဆိုတဲ့အတိုင်း ဒီအလုပ်တွေ စွန့်လွှတ်ပြီဆိုပြီး သူ့အဖွဲရှေ့မှာတရားဝင်ကြော်ငြာခဲ့ပေမဲ့ သူ့မွေးစားအဖေကတော့ သူ့ကိုအလွှတ်မပေးခဲ့ပါဘူး။ မွေးစားအဖေကြောင့် ကောင်မလေးနဲ့ဘယ်လိုတွေဖြစ်သွားမလဲ မင်းသားကရော သူ့မွေးစားအဖေနဲ့ဘယ်လိုတွေရန်ငြိုးရှိလာမလဲဆိုတာကို plot twist ကြမ်းကြမ်းနဲ့ကြည့်ရှုရမဲ့ကားလေးပါ။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/1025

Repost from N/a
ရီထရို
ရီထရို

Repost from N/a
Boyka အက်ရှင်ကားသစ် O_n-e L_a-s_t S-h_o-t (2-0-2-6) ========================== "ရန်သူ့နယ်မြေထဲကို တစ်ကိုယ်တော် ဝင်တိုးရတဲ့အခါ... အသက်လောင်းကြေးထပ်ရတဲ့ ကစားပွဲက စပြီပေါ့" Action ကားကြမ်းကြမ်း၊ ဖိုက်တင်ခန်းရှယ်တွေမှ ကြိုက်တယ်ဆိုတဲ့ ဘော်ဒါတွေအတွက် Boyka ကြီး Scott Adkins နဲ့ အက်ရှင်မင်းသားကြီး Dolph Lundgren တို ပါဝင်အားဖြည့်ထားတဲ့ "One Last Shot" ထွက်ရှိလာပါပြီ ဒီကားကတော့ အရင်ထွက်ခဲ့တဲ့ "One Shot" နဲ့ "One More Shot" တိုရဲ့ အဆက်ဖြစ်ပြီး Navy SEAL အရာရှိ ဂျိတ်ဟဲရစ်ရဲ့ အကြမ်းပတမ်း စွန့်စားခန်း နောက်တစ်ပုဒ်ပါပဲ ဒီတစ်ခါမှာတော့ ဂျိတ်တစ်ယောက် အေးအေးဆေးဆေး အနားယူမယ်ကြံတုန်းရှိသေး... ကမ္ဘာကြီးကို ခြိမ်းခြောက်လာတဲ့ အကြမ်းဖက်သမားတစ်ယောက်ကြောင့် အလုပ်ပြန်ဆင်းရပါတော့တယ် ပြဿနာက အဲဒီအကြမ်းဖက်သမားဆိုတာ တခြားသူမဟုတ်ဘဲ သူနဲ့အတူတူ စစ်တိုက်ခဲ့ဖူးတဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း အဲလိယတ်ဖြစ်နေတာပါပဲ အဲလိယတ်ဟာ အမေရိကန်ရဲ့ နျူကလီးယားဘန်ကာထဲက စစ်ဦးစီးချုပ်တွေကို ဓားစာခံလုပ်ပြီး နျူကလီးယားကုဒ်တွေကို ယူဖို ကြံစည်နေတဲ့အခါ... အချိန်မီ မတားနိုင်ရင် ကမ္ဘာကြီးကတော့ သေချာပေါက် ပြာကျမှာပါ ဒီလိုနဲ့ ဂျိတ်တစ်ယောက် လုံခြုံရေးအထပ်ထပ်ချထားတဲ့ ရန်သူ့နယ်မြေထဲကို ဝင်ရောက်ပြီး ကြေးစားစစ်သားတွေ၊ သေမင်းတမန် ထောင်ချောက်တွေကို ဘယ်လိုဖြတ်ကျော်မလဲ... အတိတ်က အမှားတွေနဲ့ သူလျှောက်ခဲ့တဲ့ လမ်းဟောင်းကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ ရင်ခုန်စွာ ရှုစားရမှာပါ။ Scott Adkins ပါပြီဆိုကတည်းက အာလူးမရောင်းဘဲ ကိုယ်ခံပညာ ဖိုက်တင်ခန်းအစစ်အမှန်တွေ၊ သေနတ်ပစ်ခန်း အကြမ်းစားတွေကို မျက်တောင်မခတ်တမ်း ကြည့်ရမှာ သေချာပါတယ်။ "One Shot" စီးရီးတွေရဲ့ ထုံးစံအတိုင်း လှုပ်ရှားမှုတွေက မြန်ဆန်ပြီး ဇာတ်ရှိန်က အစကနေအဆုံးထိ ဆွဲခေါ်သွားမှာမို Action Fan တွေ လုံးဝ လက်မလွတ်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+buQl9qWTxKIwNDhl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/2951406680/403

Repost from N/a
Boyka အက်ရှင်ကားသစ်
Boyka အက်ရှင်ကားသစ်

လူသတ် ရေခဲမုန့်

လူသတ် ရေခဲမုန့် I-c-e C-r-e-a-m M-a-n (2026) ======================= နွေရာသီတစ်ခုမှာ မြို့လေးတစ်မြို့ကို ရေခဲမုန့်သည်တစ်ယောက်
လူသတ် ရေခဲမုန့် I-c-e C-r-e-a-m M-a-n (2026) ======================= နွေရာသီတစ်ခုမှာ မြို့လေးတစ်မြို့ကို ရေခဲမုန့်သည်တစ်ယောက်ရောက်လာတယ်။ ကလေးတွေအတွက်တော့ နွေရာသီနဲ့ရေခဲမုန့် ငြင်းချက်မထုတ်နိုင်ဘူးပေါ့။ ဒါပေမဲ့ ဒီလူကြီးရောင်းတဲ့ ရေခဲမုန့်ကို စားပြီးတဲ့ကလေးတွေက ပုံမှန်မဟုတ်တော့ဘဲ ထူးထူးဆန်းဆန်းတွေ ဖြစ်လာကြတော့တာပဲဗျ။ ဂျရက်ဆိုတဲ့ကောင်လေးကတော့ နိုနဲ့မတည့်တာမို့ ရေခဲမုန့်မစားဘဲ ကလေးတွေထဲမှာ ထူးခြားတဲ့အဖြစ်အပျက်တွေ ဖြစ်လာတာကို သတိထားမိပြီး သူငယ်ချင်းတချို့နဲ့အတူ ဒီရေခဲမုန့်သည်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြီး တားဆီးဖို့ ကြိုးစားကြပါတယ်။ Body Horror နဲ့ Dark Comedy ကို ရောထားတာဆိုတော့ သွေးသံတရဲရဲ ဟိုပြတ်ဒီပြတ်အခန်းတွေလည်း ပါတာပေါ့။ ရေခဲမုန့်ကားလေးတစ်စီးကို ဒီလောက်ကြောက်စရာကောင်းအောင် လုပ်ထားတာကတော့ Horror ကြိုက်သူတွေ ကြည့်ရကျိုးနပ်မယ်ထင်ပါတယ်ဗျ။

Repost from N/a
တစ်သျူးဆောင်ပြီးကြည့်ရမဲ့နာမည်ကြီးဖြစ်ရပ်မှန်ရုံတင်ကားသစ်ကြီး😢😢 Give You A Candy (2026) သေဒဏ်ကျခံရဖို့ နာရီပိုင်းအလိုမှာ ငလျင်ကြီးလှုပ်ခတ်သွားပြီး အသက်ရှင်ကျန်ရစ်ခဲ့မယ်ဆိုရင် အဲဒီလူဟာ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားမလား၊ ဒါမှမဟုတ် အပျက်အစီးတွေကြားထဲက တခြားလူတွေကို ကယ်တင်မလား ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းနဲ့အတူ လူ့သဘာဝရဲ့ အလင်းနဲ့အမှောင်ကို အကောင်းဆုံး ရိုက်ကူးပြထားတဲ့ တရုတ် Disaster Drama ဇာတ်ကားသစ်ကြီး "Give You A Candy " (出入平安) နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာတော့ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Xiao Yang, Ayunga, Guli Nazha နဲ့ Huang Xiaolei တို့က အဓိကပါဝင်အားဖြည့်ထားပြီး ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်လို့ ပရိသတ်တွေရဲ့ ရင်ကို ထိရှစေမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ကျန့်လိကွင့် ဟာ သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသားတစ်ယောက်ဖြစ်ပြီး သူ့ကို ကွပ်မျက်ဖို့ ခေါ်ဆောင်သွားတဲ့ လမ်းမှာပဲ မထင်မှတ်ဘဲ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခုဝင်ရောက်လှုပ်ခတ်သွားခဲ့ပါတယ်။ အကျဉ်းထောင်ကြီးတစ်ခုလုံး အပျက်အစီးတွေအဖြစ် ပြိုကျသွားချိန်မှာတော့ သေဘေးကနေ သီသီလေးလွတ်မြောက်သွားတဲ့ကျန့်လိကွင့် နဲ့ တခြားအကျဉ်းသားတွေဟာ ရုတ်တရက် လွတ်လပ်ခွင့်ရသွားသလို ဖြစ်သွားပါတော့တယ်။ ဒါပေမဲ့ အဲဒီလွတ်လပ်ခွင့်ဟာ တကယ့်လွတ်လပ်ခွင့်မဟုတ်ဘဲ နောက်ထပ် ငရဲခန်းတစ်ခုထဲကို ကျရောက်သွားတာနဲ့ အတူတူပါပဲ။ တစ်ချိန်တည်းမှာပဲ တာဝန်ကျေပွန်တဲ့ အကျဉ်းထောင်အစောင့်ရဲအရာရှိ ယွီချီရှောင် ဟာ အပျက်အစီးတွေကြားထဲက လူတွေကို ကယ်တင်ဖို့အတွက် ရဲတွေနဲ့ အကျဉ်းသားတွေ ပူးပေါင်းထားတဲ့ "အထူးကယ်ဆယ်ရေးအဖွဲ့" တစ်ခုကို အရေးပေါ် ဖွဲ့စည်းလိုက်ပါတော့တယ်။ ဇနီးဖြစ်သူကို စိတ်ပူပြီး ထွက်ပြေးဖို့ချည်းပဲ ကြိုးစားနေတဲ့ ကျန့်လိကွင့် တစ်ယောက် ရဲအရာရှိ ယွီချီရှောင်ရဲ့ တားဆီးမှုတွေကြားထဲကနေ ဘယ်လိုဆက်လုပ်မလဲ။ သဘာဝဘေးအန္တရာယ်ကြီးရှေ့မှာ အသက်ရှင်ဖို့ ၂၄ နာရီပဲ အချိန်ကျန်တော့တဲ့ သေဒဏ်ကျအကျဉ်းသားတစ်ယောက်ဟာ ကိုယ်လွတ်ရုန်းထွက်ပြေးမလား၊ ဒါမှမဟုတ် ကယ်ဆယ်ရေးအဖွဲ့ထဲဝင်ပြီး လူ့အသက်တွေကို ကယ်တင်မလားဆိုတာကို ရင်တမမနဲ့ စောင့်ကြည့်ရမှာပါ။ ဒီဇာတ်ကားဟာ သာမန် သဘာဝဘေးအန္တရာယ် ဇာတ်ကားတွေလို အပျက်အစီးတွေကိုပဲ ပြသထားတာမဟုတ်ဘဲ သေရေးရှင်ရေး အကျပ်အတည်းကြားထဲက လူသားတွေရဲ့ ရွေးချယ်မှု၊ ကိုယ်ချင်းစာတရားနဲ့ နောင်တတရားတွေကိုပါ လေးလေးနက်နက် ပုံဖော်ထားတာမို့ ကြည့်ရှုသူတိုင်းကို မျက်ရည်လည်စေမယ့် ဇာတ်ကားကောင်းလေးတစ်ခု ဖြစ်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+_EjqNe-b4CQxYzQ1 ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/4315958829/677

Repost from N/a
တစ်သျူးဆောင်ပြီးကြည့်ရမဲ့နာမည်ကြီးဖြစ်ရပ်မှန်ရုံတင်ကားသစ်ကြီး😢😢 G*i*v*e Y*o*u A C*a*n*d*y (2026)
တစ်သျူးဆောင်ပြီးကြည့်ရမဲ့နာမည်ကြီးဖြစ်ရပ်မှန်ရုံတင်ကားသစ်ကြီး😢😢 G*i*v*e Y*o*u A C*a*n*d*y (2026)

Repost from N/a
Hope (2026) (ရုံကူးဆိုပေမရ့်ကြည့်လို့အ‌ဆင်ပြေတဲ့အနေထား) ဒါရိုက်တာ Na Hong-jin ရိုက်ကူးထားတဲ့ Hope ရုပ်ရှင်က ၉ရက်နေ့ကပဲရုံတင်လိုက်ပါပြီ ရုံတင်ကားက ဘာလို့ရလည်းဆိုတော့ ရုံကူးမို့ပါ ရုံကူးဆိုပြီး အထင်စမောလို့မရဘူးဗျ ကြည်တောက်ရှင်းနေတာပဲ သင်တို့ကြည့်လို့ လုံးဝအဆင်ပြေလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ် ကဲ.. ဇာတ်လမ်းအကျဥ်းလေးပြောပြမယ်နော်... ကိုရီးယားစ-စ်မဲ့ဇု-န် (DMZ) အနီးမှာရှိတဲ့ Hope Harbor ဆိုတဲ့ ဝေးလံခေါင်ဖျားပြီး အေးချမ်းတဲ့ ပင်လယ်ကမ်းခြေ ရွာငယ်လေးတစ်ရွာကနေ စတင်ထားတာပါ။ တစ်နေ့မှာတော့ မထင်မှတ်ဘဲ တော-မီ-းလော-င်မှုကြီး ဖြစ်ပွားခဲ့တာကြောင့် အဲဒီရွာလေးရဲ့ ပြင်ပနဲ့ ဆက်သွယ်ရေးလိုင်းတွေအားလုံး ပြ-တ်တောက်သွားပြီး ရွာသူရွာသားတွေဟာ ဘယ်သူ့ဆီကမှ အကူအညီတောင်းလို့မရဘဲ အထီးကျန်ဖြစ်သွားခဲ့ပါတယ်။ အဲဒီလို အခြေအနေဆို-းနဲ့ ကြုံနေရတဲ့အချိန်မှာပဲ ရွာပြင်ဘက်မှာ ထူးထူးဆန်းဆန်းနဲ့ ကြော-က်စရာကောင်းလောက်အောင် အကို-က်-ခံထားရတဲ့ နွားတစ်ကော-င်ကို စတင်တွေ့ရှိခဲ့ကြပါတယ်။ ရွာက ဒေသခံ မုဆို-းတစ်စုကတော့ ဒါဟာ တောထဲက ကျားတစ်ကော-င်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်ဆိုပြီး အဲဒီသတ္တဝါကြီးကို ရှာဖွေနှိ-မ်န-င်းဖို့ တောထဲကို လ-က်န-က်တွေနဲ့ လိုက်လံအ-မဲလိုက်ကြပါတော့တယ်။ ဒါပေမဲ့ တကယ့်တကယ်မှာတော့ သူတို့ထင်ထားတဲ့ ကျားမဟုတ်ဘဲ သူတို့ကိုယ်တိုင်ကပါ ပြန်ပြီး အ-မဲလိုက်ခံရတဲ့ သားကော-င်ဘ-ဝ ရောက်သွားကြပါတယ်။ တစ်ဖက်မှာလည်း ရွာထဲကို အရှိ-န်အဟု-န်ပြ-င်းပြ-င်းနဲ့ ဝင်ရောက်ဖျ-က်ဆီ-းပြီး လူတွေကို သ-တ်ဖြ-တ်နေတဲ့ သတ္တဝါကြီးရ-န်ကနေ ရွာသူရွာသားတွေကို ကာကွယ်ဖို့ ရွာရဲ့ ရဲ-အ-ရာ-ရှိ-ချုပ် Bum-seok နဲ့ ရဲ-မေအသစ်လေး Sung-ae တို့က ရှိတဲ့လ-က်န-က်တွေနဲ့ ကြံ့-ကြံ့-ခံ တွ-န်းလှ-န်ဖို့ အသ-က်-လုပြီး ကြိုးစားကြရပါတော့တယ်။ ရွာသားတွေ ရင်ဆိုင်နေရတဲ့ ရ-န်သူက သူတို့တစ်ခါမှ မမြင်ဖူး၊ မကြုံဖူးတဲ့ ကမ္ဘာ့ပြင်ပက ထူးဆန်းဆန်းပြားတဲ့ သ-တ္တ-ဝါကြီးတစ်ကော-င် ဖြစ်နေတဲ့အခါမှာတော့ တစ်ရွာလုံး ‌ေ-သ-ရေးရှ-င်ရေး တို-က်ပွဲဝ-င်ရမယ့် အခြေအနေဆီကို ရောက်ရှိသွားပုံကို ရင်သပ်ရှုမောဖွယ် အက်ရှင်ခန်းတွေနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ အညွှန်းကိုအေတီချန်နယ်ကရေးပြီး Kit Toke lay က ဘာသာပြန်တယ် ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+buQl9qWTxKIwNDhl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/2951406680/397

Repost from N/a
H-o-p-e (2-0-2-6)
H-o-p-e (2-0-2-6)

Repost from N/a
နှလုံးသားတစ်ပိုင်း ပျောက်ဆုံးသွားသော် Good Autumn, Mommy (寻她) 2026 Movie 🌾🤱 ဒီတစ်ခါမှာတော့ အားလုံးသိကြတဲ့ ဝါရင့်မင်းသမီးကြီး Shu Qi နဲ့ မင်းသားကြီး Bai Ke တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး တောင်ပိုင်း ကြံစိုက်ပျိုးရေး ကျေးရွာလေးတစ်ခုကို နောက်ခံထားကာ အမျိုးသမီးတစ်ဦးရဲ့ မိသားစုနှင့် မိမိကိုယ်ကို ပြန်လည်ရှာဖွေရင်း အသိတရားလမ်းကြောင်းပေါ်‌ပြန်ရောက်ပုံကို ပုံဖော်ထားတဲ့ ရုံတင်ရုပ်ရှင်ဇာတ်ကားကြီးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ ဇာတ်လမ်းအကျဉ်း 📝 တောင်ပိုင်းဒေသ၏ တိတ်ဆိတ်အေးချမ်းလှတဲ့ ကြံစိုက်ကျေးရွာလေးထဲမှာ Chen Fengdi နဲ့ Gan Yaozu တို့ မိသားစုလေးဟာ မိသားစုဝင်သစ်လေး ရောက်ရှိလာတော့မယ့် အချိန်ကို မျှော်လင့်စောင့်စားနေကြပါတယ် ဒါပေမဲ့ မထင်မှတ်ထားတဲ့ မတော်တဆမှုတစ်ခုဟာ ထိုမိသားစုလေးရဲ့ အေးချမ်းသာယာမှုကို ရုတ်တရက် ရိုက်ချိုးဖျက်ဆီးလိုက်တဲ့အခါ ..... အလှည့်အပြောင်းများစွာနဲ့ ရိုက်ခတ်မှုပေါင်းများစွာရဲ့ကြားထဲမှာ Chen Fengdi ဟာ မိသားစုဝင်တွေကို ပြန်လည်ရှာဖွေဖို့နဲ့ မိမိကိုယ်ကို ပြန်လည် သတိမူမိလာတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ သတိတရားရမှု ခရီးစဉ်ကို စတင်ခဲ့ပါတော့တယ် ဒီလိုနဲ့ ခက်ခဲလှတဲ့ ဘဝအတားအဆီးတွေကို ကျော်လွှားရင်း သူမရဲ့ သတ္တိနဲ့ မိခင်စိတ်ဓာတ် အမှန်တရားကို ဘယ်လို ရင်နင့်ဖွယ်ရာ ကြည့်ရှုရမလဲ.....? 🌾 ဒီကားထဲမှာ Shu Qi ရဲ့နုပျိုဆဲအလှနဲ့ ထိတ်တန်းသရုပ်‌ဆောင်စွမ်းရည်ကိုလည်း မြင်တွေ့ရမှာမို့ မကြည့်ခင် မျက်ရည်သုတ်ဖို့ တစ်ခုခုရှာထားသင့်ပါပြီ 🫶 ဇာတ်ကားကောင်းများအား SoulKingdom မှ ဂုဏ်ယူစွာတင်ဆက်ပေးလျက် ➰ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/2704450145/1718

Repost from N/a
နှလုံးသားတစ်ပိုင်း ပျောက်ဆုံးသွားသော် Good Autumn, Mommy (寻她) 2026
နှလုံးသားတစ်ပိုင်း ပျောက်ဆုံးသွားသော် Good Autumn, Mommy (寻她) 2026

Repost from N/a
အနမ်းတစ်ပွင့်၏ ကျိန်စာ [၂၀၂၆] သည်းထိတ်ရင်ဖို သွေးထွက်သံယိုအခန်းတွေ.... _Th-e/La-st/K-is-s (20-26) ဒါရိုက်တာ Yoko Okumura ရိုက်ကူးပြီး Blum*house Prod*uctions က ၂၀၂၆ စက်တင်ဘာမှာ Digital ထွက်ရှိထားတဲ့ YA Supe*rnatural Slasher / Mystery Horror ရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ နာမည်ကြီး မင်းသမီးလေး Mckenna Grace က အဓိကခေါင်းဆောင်ပါဝင်ထားပါတယ်။Laurel ဟာ သူ့ရဲ့ ပထမဆုံးအနမ်းကနေတစ်ဆင့် အနမ်းခံရသူရဲ့ ရှေ့လျှောက် ဘယ်လိုရက်ရက်စက်စက်သေဆုံးမလဲဆိုတာကို ကြိုတင်မြင်တွေ့နိုင်တဲ့ ဆန်းကြယ်တဲ့စွမ်းအားဆိုးကြီးကို ရရှိသွားပါတယ်။ သူသဘောကျနေတဲ့ Evan ကို နမ်းမိလိုက်တဲ့အခါ Evan အပါအဝင် သူ့သူငယ်ချင်းတစ်စုလုံးကို မျက်နှာဖုံးစွပ် လူသတ်သမားတစ်ယောက်က လိုက်လံသတ်ဖြတ်တော့မယ်ဆိုတဲ့ အနာဂတ် ကြောက်စရာနိမိတ်တွေကို မြင်တွေ့လိုက်ရပါတယ်။မြင်တွေ့လိုက်ရတဲ့ ကြောက်စရာမြင်ကွင်းတွေ တကယ်ဖြစ်မလာခင်နဲ့ သူငယ်ချင်းတွေအသတ်မခံရခင် Laurel တစ်ယောက် လူသတ်သမားရဲ့ အထာကို စုံစမ်းဖော်ထုတ်ပြီး မြင်ကွင်းတွေကိုတားဆီးဖို့ အချိန်နဲ့အပြိုင် အသက်လု ကြိုးစားရတော့တာ ဖြစ်ပါတယ်။သည်းထိတ်ရင်ဖို သွေးထွက်သံယိုအခန်းတွေ၊ သတ်ဖြတ်မှုမြင်ကွင်းတွေနဲ့ လူငယ်ဇာတ်လမ်းသဘောသဘာဝတွေ ပါဝင်လို့ အသက် ၁၅ နှစ်နဲ့အထက်သာ ကြည့်ရှုသင့်ပါတယ်။ Blum*hou*se ရဲ့ Teen Slasher ကားတွေ၊ Unseen ဒါမှမဟုတ် Supernatural Mystery Horror ကားဆန်းတွေ ကြိုက်သူတွေအတွက် အထူးသင့်တော်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+_EjqNe-b4CQxYzQ1 ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/4315958829/670

Repost from N/a
အနမ်းတစ်ပွင့်၏ ကျိန်စာ [၂၀၂၆]
အနမ်းတစ်ပွင့်၏ ကျိန်စာ [၂၀၂၆]

Repost from N/a
ကြောက်စရာကောင်းပြီး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် မလေးရှား သရဲကားသစ် S*e*n*g*k*o*l*o: P*e*t*a*k*a S*a*t*u S*u*r*o (2026) IMDb Ra
ကြောက်စရာကောင်းပြီး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် မလေးရှား သရဲကားသစ် S*e*n*g*k*o*l*o: P*e*t*a*k*a S*a*t*u S*u*r*o (2026) IMDb Rating (5.8) ဒီဇာတ်ကားလေးကတော့ ဟော်ရာဖန်တွေ အကြိုက်ဖြစ်မယ့် တကယ့်ကို ကြောက်စရာကောင်းပြီး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် မလေးရှား သရဲကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရာဟာယုဆိုတဲ့ အမျိုးသမီးဟာ ရွာတစ်ရွာက လက်သည်ဆရာမဖြစ်ပြီးတော့ သူမမှာ ယောက်ျားနဲ့ သားလေးတစ်ယောက်ရှိပြီး လက်ရှိမှာ ကိုယ်ဝန်ထပ်လွယ်ထားရပါတယ်။ ယောက်ျားဖြစ်သူကတော့ ငါးဖမ်းသမားဖြစ်ပြီးတော့ တစ်နေ့မှာတော့ သားဖြစ်သူကို ပထမဆုံးအကြိမ်အဖြစ် ပင်လယ်ထဲကို ငါးဖမ်းခေါ်သွားခဲ့ပါတယ်။ ကံဆိုးချင်တော့ ပင်လယ်မှာ မုန်တိုင်းတိုက်ပြီး ရာယာယုဟာ ယောက်ျားရော သားရော ဆုံးရှုံးလိုက်ရပြီး ဗိုက်တစ်လုံးနဲ့ ကျန်ခဲ့ပါတယ်။ သူမဟာ ဗိုက်ထဲက ကလေးလေးအတွက် ကြိုးစားရှင်သန်ရင်း တကယ်တမ်း ကလေးမွေးလာတဲ့အခါမှာတော့ ကလေးက ပြာနှမ်းနေပြီး အသက်မရှိတော့ပါဘူး။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+buQl9qWTxKIwNDhl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/2951406680/391

Repost from N/a
Shark-Frenzy (2026) ဒါကတော့ ငါးမန်းကြော-က်တတ်သူတွေ လုံးဝမကြည့်သင့်တဲ့ ငါးမန်းကား survival thriller အကြ-မ်းတစ်ကားပဲ ဖြစ်ပါတယ်။ 18 နှစ်အရွယ် ကောင်မလေး Toni Miller က ခေါင်းမာပြီးတော့ ထိန်းမရတဲ့ ဆက်ကျော်သက်လေးပါ။ သူ့မိဘတွေက ကမ်းခြေစောင့်တ-ပ်ဖွဲ့ဝင် အ-ရာ-ရှိတွေဖြစ်ပြီးတော့ မိသားစုအပန်းဖြေပိ-တ်ရက်အနေနဲ့ ကမ်းခြေကို ရောက်လာကြပါတယ်။ ဖခင်ဖြစ်သူ Robb က သူ့ရဲ့အလုပ်ကြောင့် ပင်လယ်ပြင်ရဲ့ အ-န္တ-ရာ-ယ်တွေကို နားလည်လို့ Toni ကို အခုမှတွေ့တဲ့ ကောင်လေးနဲ့ ဘ‌င်္ဘောအပျော်စီးဖို့ ခွင့်မပြုခဲ့ပါဘူး။ ဒီလိုနဲ့ စကား-များကြပြီး Toni က မြှောက်ပေးတဲ့ သူ့သူငယ်ချင်း Chelsea နဲ့အတူ မောင်လေးကိုပါခေါ်ပြီး စကားနားမထောင်ဘဲ ခို-းထွက်သွားပါတော့တယ်။ ဒါပေမဲ့ သူတို့သူငယ်ချင်းအုပ်စုတွေ အပန်းဖြေပျော်ပါးနေကြရင်း သင်္ဘောကို စကီးဂျ-က်တို-က်မိပြီး သင်္ဘောအောက်ခြေပေါက်ကာ ရေတွေဝင်လာပါတယ်။ ပိုခြော-က်ခြာ-းစရာကောင်းတာကတော့ ငါးမန်းတွေ အဖွဲ့လိုက် ဝိုင်းအုံပြီး ပင်လယ်ပြင်အောက်ခြေမှာ ကို-က်ဖြ-တ်ဖို့ အသင့်ရှိနေတာမို့ Toni တို့ လူငယ်တွေအဖွဲ့ သောင်တင်ပြီး တဖြည်းဖြည်းနစ်နေတဲ့ သင်္ဘောပေါ်ကနေ အသ-က်ရှ-င်သ-န်နိုင်ကြမလားဆိုတာကတော့...။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/1001

Repost from N/a
S-h-a-r-k F-r-e-n-z-y (2-0-2-6)
S-h-a-r-k F-r-e-n-z-y (2-0-2-6)