1 175
MR မှ ထုတ်ပြန်ချက်အား တွေ့ရှိရပါသည်။ 👇👇👇
အိုးတလုံးကွေ့၌ ကထိန်ခင်းပြန်လာသည့် ကျောင်းကားတစီး ချောက်ထဲကျ
ကူညီကယ်ဆယ်ရေး ထွက်ခွာ
နိုဝင်ဘာ ၂၉ ည ၇:၄၀ အချိန်ခန့်
ပြင်ဦးလွင်- မန္တလေးလမ်း အိုးတလုံးကွေ့ ၁၈ မိုင်အနီးတွင် ကိုယ်ပိုင်ကျောင်းတကျောင်းမှ ကထိန်ခင်းပြန်လာသော ကျောင်းကားတစီး ချောက်ထဲကျသွားကြောင်း နယ်မြေခံ စေတနာမွန်လူမှုကယ်ဆယ်ရေးအဖွဲ့ (အုန်းချော)မှ သတင်းပေးပို့ချက်အရ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီး ကော်မတီတိုင်းရုံးအဖွဲ့ မှ ရှာဖွေကယ်ဆယ်ရေးယာဥ်များနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (အောင်မြေသာစံမြို့နယ်ရုံး)/(ချမ်းအေးသာဇံမြို့နယ်ရုံး)/(မဟာအောင်မြေမြို့နယ်ရုံး)/(ချမ်းမြသာစည်မြို့နယ်ရုံး)/(အမရပူရမြို့နယ်ရုံး)/ (ပုသိမ်ကြီးမြို့နယ်ရုံး) တို့မှ အဖွဲ့ဝင်များ၊ မြို့နယ်အဖွဲ့ဝင်များနှင့် မိတ်ဖက် ညီနောင်အဖွဲ့ဝင်များ ထွက်ခွာကာ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ သေဆုံးရုပ်အလောင်းများရှာဖွေ ထုတ်ယူခြင်း၊ ဒါဏ်ရာရယူများအား ကယ်ဆယ်ခြင်းများအား ကူညီဆောင်ရွက်ခဲ့ပါသည်။
ကနဥိးသတင်းအရ
ယာဥ်ပေါ်ပါ ၃၆ ဦး အနက်
ကျား ၁၃ ဦး မ ၁၀ ဦး စုစုပေါင်း ၂၃ ဦးသေဆုံးကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)
ဆက်သွယ်ရန် -
09767119119
09787119119
29 Noy, 12:04
