uz
Feedback
Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ)

Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ)

Kanalga Telegram’da o‘tish

ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan

📈 Telegram kanali Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ) analitikasi

Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ) (@dreamworld78946) kanali faol ishtirokchi. Hozirda hamjamiyat 20 296 obunachidan iborat bo'lib, Boshqa toifasida -o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 20 296 obunachiga ega bo‘ldi.

19 Sentabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -12 589 ga, so‘nggi 24 soatda esa -2 419 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 5.01% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.39% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 017 marta ko‘riladi; birinchi sutkada odatda 1 093 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 0 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

Yuqori yangilanish chastotasi (oxirgi ma’lumot 20 Sentabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Boshqa toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

20 296
Obunachilar
-2 41924 soatlar
-4 2757 kun
-12 58930 kun
Postlar arxiv
ဒီဇာတ်လမ်းမှာ ဗီဂျေးက Beast ဆိုတဲ့ နာမည်နဲ့လိုက်အောင် ဘယ်သူ့စကားမှနားမထောင် ကိုယ်မှန်တယ်ထင်တာကို လုပ်ပြီဟေ့ဆိုရင် ဝန်ကြီးချုပ
ဒီဇာတ်လမ်းမှာ ဗီဂျေးက Beast ဆိုတဲ့ နာမည်နဲ့လိုက်အောင် ဘယ်သူ့စကားမှနားမထောင် ကိုယ်မှန်တယ်ထင်တာကို လုပ်ပြီဟေ့ဆိုရင် ဝန်ကြီးချုပ်လည်းဂရုမစိုက်... အတော်လက်ရဲဇက်ရဲနိုင်ပြီး အသတ်အဖြတ်ရက်စက်တဲ့ သားရဲကြီး ရော(RAW)အေးဂျင့်ဟောင်းဗီရ်ရာဂဗ်... တစ်ခါတုန်းက သူ့ဌာနက သူ့ကိုလှည့်စားလိုက်တာကို စိတ်နာပြီး တာဝန်ကနေ အနားယူသွားခဲ့တယ်... တစ်ရက် ချင်နိုင်းမြို့လည်ခေါင်က မောလ်တစ်ခုကို အကြမ်းဖက်သမားတွေက ဝင်စီးတယ်..ဖြစ်ချင်တော့ မောလ်ထဲမှာ ဗီရ်ရာဂဗ်ရှိနေတယ်... ဓါးစာခံရာကျော်ကို မောလ်အတွင်းမှာ ဖမ်းထားတဲ့အတွက် အစိုးရကယ်ဆယ်ရေးအဖွဲ့တွေက အထဲကိုဝင်ပြီး ကယ်လို့မရဘူးဖြစ်နေတယ်... အတွင်းမှာပိတ်မိနေတဲ့လူတွေထဲ ဗီရ်ရာဂဗ်ပါနေတယ်ဆိုတာ သိသွားတော့ သူ့ကိုလှမ်းအကူအညီတောင်းတယ်... ဒီလိုနဲ့ ဗီရ်ရာဂဗ်တစ်ယောက် အကြမ်းဖက်သမားတွေကြားထဲမှာ တစ်ပွေတည်း ဘယ်လိုတွေပွဲကြမ်းမလဲ.... ဓါးစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းတွေ အများကြီးနဲ့ စိတ်ဝင်တစားရှုစားလိုက်ကြပါဦး ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld782/409

🎬 Movie Title: Kondraal Paavam (2023) ⭐ IMDb Rating: 6.6/10 ဇာတ်လမ်းအကျဉ်း ဆင်းရဲနွမ်းပါးတဲ့ မိသားစုတစ်ခုဆီကို မိုးသည်းထန်စွ
🎬 Movie Title: Kondraal Paavam (2023) ⭐ IMDb Rating: 6.6/10 ဇာတ်လမ်းအကျဉ်း ဆင်းရဲနွမ်းပါးတဲ့ မိသားစုတစ်ခုဆီကို မိုးသည်းထန်စွာရွာသွန်းတဲ့ ညတစ်ညမှာ သူစိမ်းလူငယ်တစ်ယောက် ခေတ္တတည်းခိုဖို့ ရောက်ရှိလာပါတယ်။ အဲဒီလူငယ်မှာ ပါလာတဲ့ ရွှေငွေရတနာတွေကို မြင်လိုက်ရတဲ့အခါမှာတော့ မိသားစုဝင်တွေကြားမှာ လောဘစိတ်တွေ နိုးကြားလာပါတော့တယ်။ တစ်ညတာအတွင်းမှာပဲ သူတို့ရဲ့ လောဘကြောင့် ဘယ်လိုကြောက်မက်ဖွယ်ရာ အမှားမျိုးကို ကျူးလွန်မိမလဲ၊ အဲဒီအမှားက သူတို့ဘဝကို ဘယ်လိုမျိုး ပြောင်းလဲပစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။ ကြည့်ရှုသင့်သည့်အချက် ဒီဇာတ်ကားဟာ နာမည်ကျော် ကန်နာဒါပြဇာတ်တစ်ခုကို အခြေခံထားတာဖြစ်ပြီး ဇာတ်အိမ်တည်ဆောက်ပုံက တကယ့်ကို ထူးခြားပါတယ်။ ဇာတ်လမ်းတစ်လျှောက်လုံးမှာ လောဘ၊ ဒေါသနဲ့ နောင်တတွေကို ပီပြင်စွာ ပုံဖော်ထားပြီး ဇာတ်သိမ်းပိုင်းကတော့ ပရိသတ်တွေ လုံးဝမထင်မှတ်ထားလောက်အောင်ကို တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ Plot Twist နဲ့ အဆုံးသတ်ထားပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld782/407

သူငယ်ချင်းနှစ်ယောက်လင်ပြိုင်လုရင်းအောက်လမ်းသုံးပြီးအ‌ေသသတ်မယ့်ကား ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld6543/389
သူငယ်ချင်းနှစ်ယောက်လင်ပြိုင်လုရင်းအောက်လမ်းသုံးပြီးအ‌ေသသတ်မယ့်ကား ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld6543/389

Masooda (2022) ============== IMDb 7.8/10 အခုတစ်ခေါက်မှာတော့ ရုံတင်၀င်ငွေခန့်မှန်းခြေ ဆယ်ကုဋေကျော်လောက်ရရှိထားတဲ့ သဘာ၀လွန် Ho
Masooda (2022) ============== IMDb 7.8/10 အခုတစ်ခေါက်မှာတော့ ရုံတင်၀င်ငွေခန့်မှန်းခြေ ဆယ်ကုဋေကျော်လောက်ရရှိထားတဲ့ သဘာ၀လွန် Horrorရုပ်ရှင်အမျိုးအစား ရုံတင်ကားသစ်ကြီးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်…။ ဇာတ်လမ်းအကျဉ်းကတော့ နီလမ်ဟာ Single motherတစ်ယောက်ဖြစ်ပြီးတော့ သမီးဖြစ်သူနာဇီယာနဲ့အတူ တိုက်ခန်းလေးတစ်ခန်းငှားကာနေထိုင်ပါတယ်။သူတို့အခန်းနဲ့မနီးမဝေးမှာ ဂိုပီလို့ခေါ်တဲ့ အိမ်နီးချင်းကောင်လေးတစ်ယောက်နေထိုင်ပြီးတော့ နီလမ်တို့သားအမိအကူအညီ လိုအပ်ရင်လည်း လက်မတွန့်ပဲကူညီပေးတတ်တဲ့ အိမ်နီးချင်းကောင်းတစ်ယောက်ဖြစ်ပါတယ်…။တစ်ညမှာတော့ နီလမ်တစ်ယောက် ဂိုပီ့အခန်းကိုတံခါးလာခေါက်ကာအကူအညီတောင်းပါတော့တယ်… ဂိုပီလိုက်သွားကြည့်တဲ့အခါမှာတော့ တစ်စုံတစ်ယောက်၀င်ပူးနေသလိုဖြစ်နေတဲ့ နာဇီယာကိုတွေ့လိုက်ရပါတယ်။နီလမ်နဲ့ဂိုပီတို့နှစ်ယောက် နာဇီယာကိုဆရာ၀န်နဲ့ပြပေမဲ့ မသက်သာတဲ့အဆုံးမှာတော့ အပနှင်ဆရာတွေလိုက်ရှာဖွေရင်း သိရှိလာတာက ဒီပူးကပ်နေတဲ့နတ်ဆိုးဟာ အင်မတန်မှအငြှိုးကြီးပြီး သူ့ကိုသတ်နိုင်မယ့်လက်နက်ကလည်း သီးသန့်ရှိနေကြောင်းသိရှိလိုက်ရတဲ့အခါမှာတော့….နာဇီယာကိုကုသလို့ရနိုင်ပါ့မလား … နာဇီယာကို၀င်ပူးနေတဲ့ အငြှိုးကြီးတဲ့ဝိဉာဥ်ကရောဘယ်သူဖြစ်မလဲ… ဘယ်လိုအကြောင်းကြောင့်၀င်ပူးနေတာလဲဆိုတာကို တော့ ကျောတချမ်းချမ်းနဲ့ဆက်လက်ကြည့်ရှုရမှာပါ။ Horror ရုပ်ရှင်ကြိုက်သူ‌တွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/Indmovie1986/907

Hansel & Gretel (2007) **** Hansel & Gretel (2007) ဇာတ်ကားကိုတော့ ဒါရိုက်တာ Yim Pil-sung ရိုက်ကူးထားပြီး သရုပ်ဆောင် Chun Jung
Hansel & Gretel (2007) **** Hansel & Gretel (2007) ဇာတ်ကားကိုတော့ ဒါရိုက်တာ Yim Pil-sung ရိုက်ကူးထားပြီး သရုပ်ဆောင် Chun Jung-myung, Shim Eun-kyung, Eun Won-jae, Jin Ji-hee တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း **** အီအွန်းဆူ(Chun Jung-myung) ဆိုတဲ့ လူငယ်တစ်ယောက်ဟာ တောအုပ်တစ်ခုအနီး အဝေးပြေးလမ်းမကြီးပေါ်မှာ ကားမတော်တဆဖြစ်ပြီး သတိလစ်သွားခဲ့ပါတယ်၊၊ ကလေးမလေးတစ်ယောက်ရဲ့ လမ်းပြမှုကြောင့် တောအုပ်ထဲက ပုံပြင်စာအုပ်ထဲကအတိုင်း အရမ်းလှပတဲ့ အိမ်လေးတစ်လုံးကို ရောက်သွားပြီး ချစ်စရာကောင်းတဲ့ မောင်နှမ ၃ ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်၊၊ "ပျော်ရွှင်သော ကလေးများရဲ့ အိမ်" လို့ အမည်ရတဲ့ အဲဒီအိမ်မှာ အရာအားလုံးက ပြည့်စုံလွန်းနေပေမဲ့ ဒီတောကြီးထဲကနေ ပြန်ထွက်ဖို့ ကြိုးစားတိုင်း လမ်းပြန်ပျောက်နေခဲ့ပါတယ်၊၊ အဲဒီနောက်မှာတော့ သူဟာ အဲဒီအိမ်ကြီးကလေးတွေရဲ့ ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေနဲ့ အတိတ်ကို တစ်ခုပြီးတစ်ခု စတင်သိရှိလာရတဲ့အခါ ဒီတောအုပ်ကြီးထဲက ထွက်သွားနိုင်မလား ပိတ်မိသွားမလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld6543/386

Godfather [2022] =============== မင်းသမီး နာရန်သရာ ပါဝင်ထားတဲ့အပြင်ဆယ်လ်မန်ခန်းလည်း ပါတဲ့ နိုင်ငံရေးကားတစ်ကားနဲ့ မိတ်ဆက်ပေးချ
Godfather [2022] =============== မင်းသမီး နာရန်သရာ ပါဝင်ထားတဲ့အပြင်ဆယ်လ်မန်ခန်းလည်း ပါတဲ့ နိုင်ငံရေးကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားထဲမှာ ပြည်သူလူထုရဲ့ အချစ်တော်ဝန်ကြီးတစ်ယောက် ဆုံးပါးသွားပြီးနောက်အဲဒီဝန်ကြီးနေရာကို အစားထိုးယူမယ့် သူနှစ်ယောက်ရဲ့အား ပြိုင်မှုကို ကြည့်ရမှာဖြစ်ပါတယ် ဘယ်နေရာမှာမဆို အကောင်းနဲ့အဆိုး ဒွန်တွဲနေသလိုပဲသူတို့နှစ်ယောက်ကလည်း တစ်ယောက်က လူကောင်း တစ်ယောက်က လူဆိုးပေါ့ နှစ်ယောက်စလုံးက ဩဇာအာဏာ အတော်ကြီးမားကြတဲ့သူတွေဆိုတော့အားပြိုင်မှုကလည်း လက်ရည်တူတဲ့ လက်ဝှေ့သမားနှစ်ယောက် လက်ဝှေ့ထိုးသလိုပါပဲ အဲဒါကြောင့် သူတို့နှစ်ယောက်ထဲကဘယ်သူအနိုင်ရမလဲဆိုတာ ဒီကားထဲမှာ နိုင်ငံရေးသဘောတရားတွေနဲ့အတူ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် ဇာတ်ကားလင့်🔽🔽🔽 https://t.me/Indmovie1986/903

Shake, Rattle & Roll Evil Origins (2026) Shake, Rattle & Roll ဇာတ်ကားတွဲတွေဟာ ဖိလစ်ပိုင်ရဲ့ နာမည်ကျော် Horror Anthology ဇာတ်က
Shake, Rattle & Roll Evil Origins (2026) Shake, Rattle & Roll ဇာတ်ကားတွဲတွေဟာ ဖိလစ်ပိုင်ရဲ့ နာမည်ကျော် Horror Anthology ဇာတ်ကားတွဲ‌တွေဖြစ်ပြီး အခု "Evil Origins"ကတော့ ခေတ်ကာလသုံးခုကိုဆက်စပ်ပြီး မကောင်းဆိုးဝါးရဲ့အစပျိုးမှုကို ပုံဖော်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ Past - "1775" (အတိတ်ကာလ - စပိန်ခေတ် သီလရှင်ကျောင်း) ---------------------------------------------------------- စပိန်ကိုလိုနီခေတ်သီလရှင်ကျောင်းတစ်ခုကို သီလရှင်သစ်လေးဦး ရောက်လာခဲ့ပါတယ်။ အဲ့ဒီထဲက တစ်ပါးဖြစ်တဲ့ဖလောဟာ တိမ်းမှောက်သွားခဲ့တဲ့ သင်္ဘောတစ်စီးဆီက သေတ္တာတစ်လုံးနဲ့အတူ သီလရှင်ကျောင်းမှာဖြစ်ပေါ်လာခဲ့တဲ့ဆန်းကြယ်တဲ့သေဆုံးမှုတွေကို ရင်ဆိုင်ရပါတော့တယ်။ အဲ့ဒီသေတ္တာထဲမှာတော့ မက္ကဆီကိုနိုင်ငံမှ ရှေးလူတွေပိတ်လှောင် ထားခဲ့တဲ့ မာလမ် ဆိုတဲ့ နတ်ဆိုး ကိန်းဝပ်နေခဲ့တာဖြစ်ပါတယ်။ Present - "2025" (ပစ္စုပ္ပန်ကာလ - Hellclipse ကလပ်) ----------------------------------------------------- ဟယ်လိုဝင်းညမှာ Hellclipse အတွင်းကျင်းပနေတဲ့ ပါတီပွဲတစ်ခုတည်းကို ပွဲလာသူတွေနဲ့ ခါးပိုက်နှိုက်တွေရောက်ရှိနေကြတဲ့အချိန်မှာ နတ်ဆိုး မာလမ်ကို ကိုးကွယ်တဲ့ ဂိုဏ်းဝင်တွေရဲ့ ရက်စက်စွာသတ်ဖြတ်မှုကိုရင်ဆိုင်ကြရပါတယ်။ ကလပ်အတွင်းပိတ်မိသွားတဲ့ လူငယ်တစ်စုဟာ အသက်ဘေးကလွတ်ဖို့ကြိုးစားကြရင် အဲ့ဒီနေရာမှာ မကောင်းဆိုးဝါးရဲ့သေတ္တာကိုပြန်ပြီးတွေ့ရှိခဲ့ကြပါတယ်။ Future - "2050" (အနာဂတ်ကာလ - ပျက်စီးသွားပြီး ဖိလစ်ပိုင်) -------------------------------------------------------------- Hellclipse ကလပ်လူသတ်ပွဲဖြစ်ပြီး ၂၅ နှစ်အကြာမှာတော့ ဖိလစ်ပိုင်တစ်နိုင်ငံလုံးဟာ မာလမ်ဦးဆောင်တဲ့ သွေးစုတ်မိစ္ဆာ(ဖုတ်ကောင်)တွေရဲ့ သိမ်းပိုက်ခြင်းကိုခံခဲ့ရပါတယ်။ အသက်ရှင်ကျန်ရစ်သူ လူနည်းစုဟာ ပုန်းအောင်းနေထိုင်ကြရင် မာလမ်းကိုပြန်လည်ပိတ်လှောင်နိုင်မယ့်နည်းလမ်းကိုရှာဖွေပြီး မကောင်းဆိုးဝါးတွေကို နောက်ဆုံးအကြိမ်ရင်ဆိုင်တိုက်ခိုက်ရမှာဖြစ်ပါတယ်။ နာမည်ကျော် Franchise ကြီးတစ်ခုရဲ့နောက်ဆုံးထွက် ဇာတ်ကားဖြစ်တဲ့အတွက် မကောင်းမှာတော့မပူရပါဘူး။ ဇာတ်လမ်းဇာတ်အိမ် သရုပ်ဆောင်တွေသာတင်မက VFX တွေပါအထူးကောင်းမွန်ပြီး ပွဲဦးထွက်ပြသရာ Metro Manila Film Festival မှာ Category ခုနှစ်မျိုးအထိ ဆန်ကာတင်ဝင်ခဲ့ပြီး Best Visual Effects ဆုရရှိခဲ့ပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/htoohtoo161120/1388

The Eyes (2026) * IMDb Rating (6.5) 2010 ခုနှစ်ထွက် စပိန်ရုပ်ရှင် Julia's Eyes ကို Remake ပြန်လည်ရိုက်ကူးထားပြီး မင်းသမီး Shi
The Eyes (2026) * IMDb Rating (6.5) 2010 ခုနှစ်ထွက် စပိန်ရုပ်ရှင် Julia's Eyes ကို Remake ပြန်လည်ရိုက်ကူးထားပြီး မင်းသမီး Shin Min-A ကို နှစ်ကိုယ်ခွဲဇာတ်ကောင်အနေနဲ့ မြင်တွေ့ရမဲ့ သည်းထိတ်ရင်ဖို ရုံတင်ကားသစ်ကြီး ထွက်ရှိလာပါပြီ။ A Bona fide Killer ထဲက မင်းသားကြီး Kim Nam-Hee, To My Beloved Thief ထဲက မင်းသား Lee Seung-Ryong, Undercover High School ထဲက မင်းသမီးကြီး Kim Young-Ah တို့လည်း ပါဝင်အားဖြည့်ပေးထားကြပါတယ်။ - ဇာတ်လမ်းအကျဉ်း - မျိုးရိုးလိုက်ရောဂါကြောင့် တဖြည်းဖြည်း အမြင်အာရုံ ဆုံးရှုံးလာကြတဲ့ အမြွှာညီအစ်မ ဘတ်ဆောဂျင်နဲ့ ဘတ်ဆောအင် (Shin Min-A)... မျက်မမြင်ဖြစ်တဲ့ ကိုယ့်ကြောင့် အစ်မဖြစ်သူ ဆောဂျင် ဒုက္ခများရမှာစိုးနေတဲ့ ဆောအင်ရဲ့ အကြံပြုချက်ကြောင့် ညီအစ်မနှစ်ဦးက အိမ်ခွဲနေထိုင်ခဲ့တာလည်း နှစ်ချို့သွားခဲ့ပါပြီ။ ဒီလိုနဲ့ တစ်နေ့မှာ ညီမဖြစ်သူနဲ့ အဆက်အသွယ် လုံးဝ မရတာကြောင့် ခံစားချက်မကောင်းတဲ့ ဆောဂျင်က ညီမဖြစ်သူ ဆောအင်ရဲ့အိမ်ရှိရာ ဝန်းဂျင်းဆီ ဆင်းလာပါတော့တယ်။ ဒါပေမဲ့လည်း အိမ်ကို ရောက်ရှိသွားချိန်မှာ ညီမဖြစ်သူကို အလောင်းအဖြစ်နဲ့သာ တွေ့ရှိလိုက်ရတဲ့အခါမှာတော့... မြင်ကွင်းတွေ တဖြည်းဖြည်း ဝေဝါးလာတဲ့ကြားထဲကနေ ဆောဂျင်တစ်ယောက် ညီမဖြစ်သူ သေဆုံးမှုရဲ့ အမှန်တရားကို ဖော်ထုတ်သွားနိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld2/503

အမှောင်ထဲက သဲလွန်စ U-y-i-r (2-0-2-6) ============= IMDB ⭐️ 8.1/10 အမှုလိုက်တဲ့ ရဲကားကောင်းမျိုးတွေ စောင့်မျှော်နေသူအတွက် ဇာတ်
အမှောင်ထဲက သဲလွန်စ U-y-i-r (2-0-2-6) ============= IMDB ⭐️ 8.1/10 အမှုလိုက်တဲ့ ရဲကားကောင်းမျိုးတွေ စောင့်မျှော်နေသူအတွက် ဇာတ်အိမ်ကောင်းကောင်းနဲ့ Uyir ဆိုတဲ့ဒီတမီးဇာတ်ကားလေးရှိပါတယ် ဇာတ်လမ်းလေးကတော့ အာဂျစ်ဆိုတဲ့ ရဲအရာရှိဟာ ငယ်စဥ်က ညီမဖြစ်သူ ရထားပေါ်မှာ ပျောက်သွားကတည်းက စိတ်ဒဏ်ရာရပြီး သူ့ညီမနဲ့ ပတ်သက်တဲ့ အိပ်မက်ဆိုးတွေ အမြဲမက်ခဲ့ပါတယ် အာဂျစ်တစ်ယောက် ရဲအရာရှိဖြစ်လာခဲ့တာတောင်မှ သူ့ညီမပျောက်တဲ့ဖြစ်ရပ်ဆိုးဟာ ဘဝကိုအရိပ်မည်းကြီးလို လိုက်နေခဲ့ပြီး သေသလားရှင်သလားမသိရတဲ့ ညီမဖြစ်သူအပေါ် အပြစ်ရှိစိတ်ကြီး ဖြစ်နေပါတော့တယ် ဒီလိုထရော်မာတွေနဲ့ အာဂျစ်တစ်ယောက် အစမ်းခန့်ကာလ အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတုန်း ရေတွင်းထဲက အမျိုးသမီးတစ်ဦးအလောင်းတွေ့တဲ့ အမှုကိုလိုက်ဖို့ ဖြစ်လာပါတော့တယ် ဖြစ်ရပ်မှန်အပေါ် အခြေခံထားတယ်လို့ ဆိုတာကြောင့် ဒီအမှုကနေ ဘယ်လိုဇာတ်ကြောင်းတွေ ဆက်လက်ဖြစ်ပေါ်လာမလဲ ထရော်မာနဲ့အမှုကြား စိတ်အခြေအနေရောထွေးနေတုန်း အာဂျစ်တစ်ယောက် ဒီအမှုကို တကယ်ပဲကောင်းကောင်း လိုက်နိုင်ပါ့မလား အသတ်ပဲခံရတာလား မတော်တဆပဲ ကျသေတာလား သတ်သေတာလား မသဲကွဲတဲ့အမှုကို အာဂျစ်ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကတော့... ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld782/398

နာမည်ကြီးရုံတင်ဟော်ရာကား ရပါပြီ E-v-i-l D-e-a-d B_u-r-n (2-0-2-6) ========================== IMDB ⭐️ 6.6/10 "နတ်ဆိုးဆိုတာ ငရဲ
နာမည်ကြီးရုံတင်ဟော်ရာကား ရပါပြီ E-v-i-l D-e-a-d B_u-r-n (2-0-2-6) ========================== IMDB ⭐️ 6.6/10 "နတ်ဆိုးဆိုတာ ငရဲကလာတာမဟုတ်ဘူး... ကိုယ့်အနားက မိသားစုဝင်တွေထဲမှာပဲ ပုန်းအောင်းနေတတ်တာ" ဟော်ရာပရိသတ်တွေအတွက် သွေးသံရဲရဲနဲ့ အသည်းယားစရာ Evil Dead franchise ရဲ့ ကားသစ်ကြီး "Evil Dead Burn" ရောက်ရှိလိုလာပါပြီ။ Evil Dead လို ကြားလိုက်တာနဲ့ သွေးတွေ ဖွာလန်ကြဲနေအောင် ကြမ်းတဲ့ Splatter Horror ဆိုတာ အားလုံးသိပြီးသား ဖြစ်မှာပါ။ ရှေ့ကားတွေဖြစ်တဲ့ 2013 က Evil Dead ရော၊ ပြီးခဲ့တဲ့ 2023 က ထွက်ခဲ့တဲ့ Evil Dead Rise မှာပါ Deadite တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူကို ပက်ပက်စက်စက် နှိပ်စက်တဲ့ အခန်းတွေကို အားရပါးရ မြင်တွေ့ခဲ့ရမှာပါ။ အထူးသဖြင့် Rise မှာ တိုက်ခန်းကျဉ်းလေးထဲက မိသားစုဝင်တွေကြား အပြန်အလှန် ခြောက်လှန့်သတ်ဖြတ်သွားတာ တော်တော်လေး ကျောချမ်းစရာပါ။ အခု ထွက်လာတဲ့ အဆက် ဇာတ်ကားသစ်မှာတော့ ဟော်ရာပရိသတ်တွေရဲ့ အချစ်တော် Scream Queen မင်းသမီးချောလေး Samara Weaving နဲ့ ရှေ့ကားမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ Lily Sullivan တို အဓိက ပါဝင်အားဖြည့်ထားလို သရုပ်ဆောင်ပိုင်းကတော့ အထူးပြောနေစရာမလိုအောင် ရှယ်ကြမ်းမှာ အသေအချာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့... ကျိန်စာသင့် စာအုပ် (Necronomicon) ရဲ့ အကျိုးဆက်တွေက ပြီးဆုံးမသွားသေးပါဘူး။ ဒီတစ်ခါမှာတော့ ဝေးလံခေါင်သီတဲ့ နေရာတစ်ခုမှာ အခြေတည်ထားပါတယ်။ အတိတ်က စိတ်ဒဏ်ရာတွေနဲ့ မိသားစု ပြဿနာတွေကြောင့် အဆင်မပြေဖြစ်နေတဲ့ ညီအစ်မနှစ်ယောက်ဟာ တစ်နေရာမှာ လာရောက်ဆုံတွေ့ရင်း မထင်မှတ်ဘဲ အဲဒီ ကျိန်စာသင့် ရှေးဟောင်းစာအုပ်နဲ့ ထပ်မံပတ်သက်မိရာကနေ ငြိမ်သက်နေတဲ့ နတ်ဆိုးကို ပြန်နှိးလိုက်သလို ဖြစ်သွားပါတော့တယ်။ "လူတစ်ယောက်ရဲ့ အနက်ရှိုင်းဆုံး အကြောက်တရားကို အစာလုပ်စားတဲ့" ဒီနတ်ဆိုးက သူတိုညီအစ်မနှစ်ယောက်ကြားက အထင်လွဲမှုတွေ၊ နာကြည်းချက်တွေကို အသုံးချပြီး တစ်ယောက်ကိုတစ်ယောက် ပြန်သတ်အောင် ဘယ်လိုသွေးထိုးမလဲ... အရင်ကားတွေထက် ပိုကြမ်းတဲ့ Body Horror တွေနဲ့အတူ သွေးတွေ တစ်စက်စက် ကျနေတဲ့ကြားက သူတိုညီအစ်မနှစ်ယောက် အသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလား... နတ်ဆိုးရဲ့ လှည့်ကွက်တွေကိုရော ဘယ်လို ရင်ဆိုင်မလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ Jump Scare တွေနဲ့ သွေးထွက်သံယို အကြမ်းစားတွေကိုမှ ခုံမင်တဲ့ Horror Fan တွေ လုံးဝ (လုံးဝ) လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လိုခုပဲ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/htoohtoo161120/1383

အမှောင်ထဲက သဲလွန်စ U-y-i-r (2-0-2-6) ============= IMDB ⭐️ 8.1/10 အမှုလိုက်တဲ့ ရဲကားကောင်းမျိုးတွေ စောင့်မျှော်နေသူအတွက် ဇာတ်
အမှောင်ထဲက သဲလွန်စ U-y-i-r (2-0-2-6) ============= IMDB ⭐️ 8.1/10 အမှုလိုက်တဲ့ ရဲကားကောင်းမျိုးတွေ စောင့်မျှော်နေသူအတွက် ဇာတ်အိမ်ကောင်းကောင်းနဲ့ Uyir ဆိုတဲ့ဒီတမီးဇာတ်ကားလေးရှိပါတယ် ဇာတ်လမ်းလေးကတော့ အာဂျစ်ဆိုတဲ့ ရဲအရာရှိဟာ ငယ်စဥ်က ညီမဖြစ်သူ ရထားပေါ်မှာ ပျောက်သွားကတည်းက စိတ်ဒဏ်ရာရပြီး သူ့ညီမနဲ့ ပတ်သက်တဲ့ အိပ်မက်ဆိုးတွေ အမြဲမက်ခဲ့ပါတယ် အာဂျစ်တစ်ယောက် ရဲအရာရှိဖြစ်လာခဲ့တာတောင်မှ သူ့ညီမပျောက်တဲ့ဖြစ်ရပ်ဆိုးဟာ ဘဝကိုအရိပ်မည်းကြီးလို လိုက်နေခဲ့ပြီး သေသလားရှင်သလားမသိရတဲ့ ညီမဖြစ်သူအပေါ် အပြစ်ရှိစိတ်ကြီး ဖြစ်နေပါတော့တယ် ဒီလိုထရော်မာတွေနဲ့ အာဂျစ်တစ်ယောက် အစမ်းခန့်ကာလ အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတုန်း ရေတွင်းထဲက အမျိုးသမီးတစ်ဦးအလောင်းတွေ့တဲ့ အမှုကိုလိုက်ဖို့ ဖြစ်လာပါတော့တယ် ဖြစ်ရပ်မှန်အပေါ် အခြေခံထားတယ်လို့ ဆိုတာကြောင့် ဒီအမှုကနေ ဘယ်လိုဇာတ်ကြောင်းတွေ ဆက်လက်ဖြစ်ပေါ်လာမလဲ ထရော်မာနဲ့အမှုကြား စိတ်အခြေအနေရောထွေးနေတုန်း အာဂျစ်တစ်ယောက် ဒီအမှုကို တကယ်ပဲကောင်းကောင်း လိုက်နိုင်ပါ့မလား အသတ်ပဲခံရတာလား မတော်တဆပဲ ကျသေတာလား သတ်သေတာလား မသဲကွဲတဲ့အမှုကို အာဂျစ်ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကတော့... ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld782/395

B-a-b-y G-i-r-l (2026) ကလေးပျောက်ရှာပုံတော် ++++++++++++++++ IMDb (7.6/10) ဆေးရုံတစ်ခုပေါ်ကနေ မွေးကင်းစကလေးငယ်တစ်ဦး ပျောက်ဆုံ
B-a-b-y G-i-r-l (2026) ကလေးပျောက်ရှာပုံတော် ++++++++++++++++ IMDb (7.6/10) ဆေးရုံတစ်ခုပေါ်ကနေ မွေးကင်းစကလေးငယ်တစ်ဦး ပျောက်ဆုံးသွားခဲ့ပါတယ်။ ရဲတွေရော သတင်းဌာနတွေပါသိရှိသွားပြီး မိနစ်ပိုင်းမှာတင် သတင်းကဟိုးလေးတကျော်ကျော် ဖြစ်သွားပါတော့တယ်။ ဒီမွေးကင်းစ ကလေးငယ်လေးကိုဘာကြောင့်ခိုးယူသွားရတာလဲ။ ရဲတွေကရောဘယ်လိုသဲလွန်စတွေရှာပြီး ကလေးပျောက်အမှုကို ဖော်ထုတ်ကြမလဲ။ ဒီကလေးပျောက်ဆုံးရတဲ့နောက်ကွယ်က ဘယ်သူမှမသိသေးတဲ့ အကြောင်းအရာက ဘာဖြစ်မလဲ ဆိုတာကိုစိတ်၀င်စားဖွယ်ရာကြည့်ရှုရမှာပါ။ဒီဇာတ်ကားရဲ့ စာရေးဆရာBobby နဲ့ Sanjay ဆိုတာMalayalam ရုပ်ရှင်လောကမှာ 'Mumbai Police' နဲ့ 'Traffic' လိုမျိုး ထူးခြားတဲ့ ဇာတ်လမ်းတွေ ရေးသားခဲ့တဲ့ နာမည်ကြီး ညီအစ်ကိုနှစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် ဒီဇာတ်ကားဟာလည်း ခိုင်မာတဲ့ ဇာတ်အိမ်နဲ့ ပရိသတ်ကို စိတ်လှုပ်ရှားမှုအပြည့်ပေးနိုင်မဲ့ ဇာတ်ကားဖြစ်လို့ ကြည့်ရှုခံစားကြပါဦး။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/Indmovie1986/895

Maa (2025) ============ IMDB - 5.5 RT-15% သားသမီးအတွက် အရာရာကိုရင်ဆိုင်ဖို့ ဝန်မလေးတဲ့ မိခင်မေတ္တာ၊ သားသမီးအတွက်ဆို ဘယ်လောက်ပ
Maa (2025) ============ IMDB - 5.5 RT-15% သားသမီးအတွက် အရာရာကိုရင်ဆိုင်ဖို့ ဝန်မလေးတဲ့ မိခင်မေတ္တာ၊ သားသမီးအတွက်ဆို ဘယ်လောက်ပဲကြောက်စရာကောင်းတဲ့နတ်ဆိုးကိုဖြစ်ဖြစ် ရင်ဆိုင်တိုက်ခိုက်မဲ့ မိခင်တစ်ယောက်ရဲ့ အားမာန်နဲ့အတူ တုနှိုင်းမမီ မေတ္တာရှင် လောကသားတွေရဲ့ မယ်တော်လို့ တင်စားရမဲ့ ကာလီမယ်တော်ရဲ့ ကောင်းချီးတွေကို စိတ်ဝင်စားဖို့ကောင်းအောင် ဖော်ကြူးထားတဲ့ အသစ်ထွက်ရှိထားတဲ့ နာမည်ကြီး စိတ်ဝင်စားစရာ သရဲကားတစ်ကားလေး တင်ဆက်ပေးချင်ပါတယ် ချန်ဒါပူရွာမှာ အယူအဆတစ်ခုရှိပါတယ် အဲဒါကတော့ ရှုဗန်ကာမျိုးဆက်က သမီးမွေးရင် အဲဒီသမီးကိုသတ်ပစ်ပြီး နတ်ဆိုးမထကြွလာအောင် လုပ်ရတယ်ဆိုတဲ့ အယူအဆပါပဲ ရှုဗန်ကာမိသားစုက သားဖြစ်သာ ဒတ်စ်ဟာ သူ့မွေးရပ်မြေ ချန်ဒါပူကိုစွန့်ခွာပြီး တစ်နေရာမှာ မိသားစုဘဝတစ်ခုထူထောင်ပြီး သူကိုယ်တိုင်လည်း သမီးမွေးထားတဲ့အတွက် ချန်ဒါပူရွာကိုလည်း ခြေဦးမလှည့်တော့ပါဘူး ဒါပေမဲ့ ဒတ်စ်တစ်ယောက် ရှုဗန်ကာရွာကို ဖခင်စျာပနကြောင့် ရွာကိုခဏသွားပြီး အပြန်မှာဆုံးသွားတာကြောင့် ဒီမျိုးဆက်ရဲ့အိမ်ကြီးကို ရောင်းဖို့ကလည်း ကျန်နေသေးတာမို့လို့ ဒီကိစ္စက ကျန်ရှိသူ ဇနီးအပေါ်ရောက်လာပါတယ် ဒီလိုနဲ့ သားအမိနှစ်ယောက် ချန်ဒါပူကိုသွားဖို့ ဖြစ်လာချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ ဒီနတ်ဆိုးရဲ့ ရည်ရွယ်ချက်ကရော ဘာလဲ မိခင်ဖြစ်သူ အမ်ဘီကာရော သမီးကို ဘယ်လိုကာကွယ်သွားမလဲဆိုတာကို ရုပ်ရှင်မှာ ဆက်လက်ရှုစားလိုက်ကြပါ ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld6543/373

Repost from Horror Movie mmsub
Jarann (2025) "စုန်းကဝေ" ဒီတစ်ခါမှာတော့ မာရသီစကားပြော ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် တစ်ချိန်က ရွာတစ်ရွာမှာ
Jarann (2025) "စုန်းကဝေ" ဒီတစ်ခါမှာတော့ မာရသီစကားပြော ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် တစ်ချိန်က ရွာတစ်ရွာမှာ စုန်းမတစ်ယောက်က ရာဒါဆိုတဲ့မိန်းကလေးကို တစ်သက်လုံးစိတ်နှလုံးမငြိမ်းချမ်းအောင် ကျိန်စာတိုက်ခဲ့ပြီးကတည်းက ရာဒါ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲခဲ့တယ် အရွယ်ရောက်လို့ အိမ်ထောင်ကျ၊ သမီးလေးတစ်ယောက်ရပြီးလည်း ဆေးတွေဆက်သောက်နေရတဲ့ ရာဒါဟာ တစ်ရက်တော့ ရွာကဘိုးဘွားပိုင်အိမ် မဖြိုခင် မိသားစုမိတ်ဆွေတွေ ပြန်လည်တွေ့ဆုံကြဖို့ ရွာကိုအလည်တစ်ခေါက် ပြန်ခဲ့ပါတော့တယ် ဟိုရောက်တော့ ဘယ်လိုပြဿနာတွေ ပြန်စလာမလဲ ထပ်ခါထပ်ခါဖြစ်နေတဲ့ ခြောက်လှန့်ခြင်းတွေအတွက် အဖြေကဘာဖြစ်မလဲဆိုတာကတော့ ။ ။ အညွှန်းနဲ့ဘာသာပြန်ကတော့ B-Team မှ ဖြစ်ပါတယ် ဇာတ်ကားလင့်🔽🔽🔽 https://t.me/horrormoviemmsub4/2334

I A-m G-d(2025) ငါကဘုရားသခင် +++++++++++++++++ တစ်ပုံစံတည်းသေနေကြတဲ့ ကွင်းဆက်လူသတ်မှုတွေ .. လက်ညှိုးတစ်ချောင်းကိုယူသွားပြီး အ
I A-m G-d(2025) ငါကဘုရားသခင် +++++++++++++++++ တစ်ပုံစံတည်းသေနေကြတဲ့ ကွင်းဆက်လူသတ်မှုတွေ .. လက်ညှိုးတစ်ချောင်းကိုယူသွားပြီး အရသာခံထူးဆန်းတဲ့နည်းလမ်းတွေကြောင့် မီဒီယာကပါ စိတ်ဝင်စားကြတဲ့ အမှုတစ်ခု ။ ဒီအမှုမှာ တရားခံက ဘယ်သူလဲသူ့နာမည်က ဒေဗာ ကောလိပ်ကျောင်းမှာ သူ့ကိုမသိတဲ့လူမရှိ ထိပ်ထိပ်ကြဲလူမိုက်တစ်ယောက် ဆရာတွေကအစ ကြောက်ကြတဲ့ ဆရာတစ်ဆူပေါ့ဗျာ ဒီလိုလူမိုက်မှာ ရည်းစားလေးတော့ရှိသေးသဗျ ရည်းစားလေးကို လူထိမခံ ရည်းစားထိ ဓားကြည့်လူမျိုး ကောင်မလေးကြောင့် ရန်ပွဲတွေ ခဏခဏဖြစ်ရင်း မထိသင့်တဲ့လူရဲ့သားကိုမှ သွားရန်လုပ်မိခဲ့တယ် ဒီကနေစခဲ့တဲ့ရန်ပွဲက ဘယ်ထိတွေဆက်သွားမလဲ ကွင်းဆက်လူသတ်မှုနဲ့သူတို့ဘယ်လိုပတ်သက်မိမလဲဆိုတာကိုတော့....။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld782/390

The Isolate Thief (2026) IMDb Rating (7.6) / Rotten Tomatoes (67%) ဒီဇာတ်ကားကတော့ Action, Drama နဲ့ Western Thriller အမျိုးအစ
The Isolate Thief (2026) IMDb Rating (7.6) / Rotten Tomatoes (67%) ဒီဇာတ်ကားကတော့ Action, Drama နဲ့ Western Thriller အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ John Suits က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအဖြစ် Mackenzie Foy, Sean Bean, Odeya Rush, Jack Kesy နဲ့ Ty Simpkins တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အမေရိကန် ပြည်တွင်းစစ် ကာလရဲ့ အလွန်အမင်း အေးစက်လှတဲ့ ဆောင်းရာသီ ရာသီဥတုကြီးထဲမှာ Ada ဆိုတဲ့ အမျိုးသမီးငယ်လေးဟာ သီးခြားခွဲထွက်နေတဲ့ ပြည်ထောင်စု တပ်မတော် စခန်းတစ်ခုမှာ တစ်ယောက်တည်း စခန်းစောင့်အဖြစ် နေထိုင်နေရရာကနေ ဇာတ်လမ်းစတာပါ။ တစ်နေ့မှာတော့ မထင်မှတ်ဘဲ ခိုးယူခံထားရတဲ့ ရွှေအမြောက်အမြားဟာ သူမရဲ့ စခန်းဆီ မတော်တဆ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဲဒီရွှေတွေကို လိုက်လံရှာဖွေနေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဓားပြဂိုဏ်းတစ်စုဟာ သူမ နေထိုင်ရာ စခန်းကို သိမ်းပိုက်လိုက်ကြပါတော့တယ်။ အကူအညီမဲ့နေတဲ့ ခါးသီးလှတဲ့ ဆောင်းရာသီ ပတ်ဝန်းကျင်ကြီးထဲမှာ Ada ဟာ သူ့ဆီ ရောက်နေတဲ့ ရွှေတွေကို ဓားပြတွေ မသိအောင် ဝှက်ထားရင်း၊ တစ်ချက်မှားတာနဲ့ အသက်ဘေးကြုံနိုင်တဲ့ ထိတွေ့ဆက်ဆံမှုတွေကြားထဲကနေ ဉာဏ်ဆင်ပြီး ယှဉ်ပြိုင်တိုက်ခိုက်သွားရမယ့် သည်းထိတ်ရင်ဖို ဇာတ်လမ်းမျိုးပါပဲ။ ဒီဇာတ်ကားဟာ Old Henry ရုပ်ရှင် ထုတ်လုပ်သူတွေက ဖန်တီးထားတာဖြစ်လို့ Western အငွေ့အသက် အပြည့်နဲ့ ဇာတ်လမ်းဆင်ထားတာ ဖြစ်ပါတယ်။ မင်းသမီး Mackenzie Foy နဲ့ မင်းသားကြီး Sean Bean တို့ရဲ့ အပြန်အလှန် ဉာဏ်စမ်းကစားမှုတွေနဲ့ အမေရိကန်ပြည်တွင်းစစ်နောက်ခံ ရုပ်ရှင်ကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld2/494

Suzzanna: Witchcraft (2026) IMDb Rating (6.7) ဆူဇန်းနားဟာ ကျောင်းဆရာဖခင်ဆီက ဆင်းသက်လာပြီး ရိုးသားအေးချမ်းတဲ့ မိန်းမငယ်တစ်ယောက
Suzzanna: Witchcraft (2026) IMDb Rating (6.7) ဆူဇန်းနားဟာ ကျောင်းဆရာဖခင်ဆီက ဆင်းသက်လာပြီး ရိုးသားအေးချမ်းတဲ့ မိန်းမငယ်တစ်ယောက်ပါ။ ဒါပေမယ့်တစ်ရွာလုံးကိုနည်းမျိုးစုနဲ့အနိုင်ကျင့်နေပြီး ရွာကိုစိတ်ကြိုက်ခြယ်လှယ်ခွင့်ရအောင် ရွာသူကြီးနေရာအထိ မှန်းထားတဲ့ ဘစ်စမန်ဆိုတဲ့ လူယုတ်မာတစ်ယောက်က သူ့ဖခင်ကိုသတ်ပြီး တစ်မိသားစုလုံးကိုဖျက်ဆီးခဲ့ချိန်မှာတော့ စိတ်အနာကြီးနာသွားတဲ့ ဆူဇန်းနားဟာ အမုန်းတရားနဲ့လက်စားချေလိုစိတ်တွေရဲ့လောင်မြိုက်မှုနဲ့အတူ စုန်းအတတ်ကိုစတင်သင်ယူပါတော့တယ်။ ငရဲပြည်တွင်းဆုံးထိ ဆင်းရဲဖို့သတ္တိရှိမှ ဒီအတတ်ကိုသင်ယူလို့ရမယ်ဆိုတဲ့ သူ့ဆရာမရဲ့စကားအတိုင်း ဒီလမ်းကိုမိုက်ရူးရဲရွေးချယ်ခဲ့မိပေမယ့် တစ်ဖက်ရန်သူဟာလည်း ခေသူ ဟုတ်မနေတဲ့အခါ တစ်ဖက်နဲ့တစ်ဖက် အကြီးအကျယ် ပညာချင်းယှဉ်ပြိုင်ပွဲကြီးဖြစ်ပေါ်လာပါတော့တယ်။ Jump scare တွေခြောက်ခြားစရာပုံရိပ်တွေကို အဓိကမထားပဲ အလင်းအမှောင်၊ အိုမင်းဟောင်းနွမ်းနေတဲ့၊ နေရာပျက်ကြီးတွေ၊ စုန်းအတတ် နတ်ပူဇော်ပွဲပုံရိပ်တွေနဲ့ နောက်ကျောမလုံဖြစ်စေတဲ့ ခံစားချက်ကိုပေးစွမ်းနိုင်အောင်ဖန်တီးထားတာ တော်တော်မိုက်ပါတယ်။ ခေါင်းဆောင်မင်းသမီး Luna Maya ကလည်း ဝါရင့်တစ်ယောက်ပီပီ ဂန္ဓဝင်ဇာတ်ကောင် ဆူဇန်နာကိုအကောင်းဆုံးပုံဖော်ပေးထားပြီး အဓိပ္ပါယ်အသစ်ပါ ပေးနိုင်အောင်ကြိုးစားထားပါတယ်။ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့မြင်နေကျ ဇာတ်ကားတွေနဲ့ကွဲပြားအောင် အားထုတ်ထားတဲ့ တန်းမြင့် ဟော်ရာကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/htoohtoo161120/1367

Fireflies at El Mozote (2025) ဒီဇာတ်ကားက ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း အယ်လ်ဆာဗေးဒိုး (El Salvador) နိုင်ငံမှာ တကယ်ဖြ-စ်ပွားခဲ
Fireflies at El Mozote (2025) ဒီဇာတ်ကားက ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း အယ်လ်ဆာဗေးဒိုး (El Salvador) နိုင်ငံမှာ တကယ်ဖြ-စ်ပွားခဲ့တဲ့ "El Mozote Massacre" (အယ်လ်မိုဇိုးတေး လူ-တ်ပွဲ)ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်... အယ်လ်မိုဇိုတေး ဆိုတဲ့ ရွာငယ်လေးဟာ စ-စ်တ-ပ်ရဲ့ ရ-က်စ-က်ကြ-မ်းကြု-တ်စွာ သု-တ်သ-င်ရှ-င်းလ-င်းခြင်းကို ခံခဲ့ရပြီး ခဏတာအတွင်းမှာပဲ ရွာလုံးကျွ-တ်နီးပါး သွေ-းချော-င်းစီ-းသွားခဲ့ပါတယ်။ ဒီလို င-ရဲ-ခ-န်းဆန်တဲ့ သွေ-းစွ-န်းဖွယ်ရာ ဖြ-စ်ရ-ပ်ဆို-းကြီးထဲကနေ မေတ္တာတရားတွေ၊ မိသားစုတွေကို ဆုံးရှုံးလိုက်ရပြီး ကံကောင်းထောက်မစွာ က-ပ်လွ-တ်လာခဲ့သူကတော့ ဟိုဆေးဆိုတဲ့ ၁၀ နှစ်အရွယ် ကလေးငယ်လေးပါ။ ကလေးဘဝရဲ့ လှပတဲ့ အိပ်မက်တွေ၊ ပျော်ရွှင်မှုတွေဟာ ထိုညမှာပဲ ပြာ-ကျသွားခဲ့ရပေမဲ့၊ သူ့ရင်ထဲမှာတော့ တ-ရား-မျှ-တမှုအတွက် တောက်လော-င်နေတဲ့ က-လဲ့-စာ-းချေခြင်း မီ-းပွင့်လေးတွေ အသ-က်ဝင်လာခဲ့ပါတယ်။ အတိတ်ရဲ့ ဝေ-ဒ-နာ-တွေကို ကျောခိုင်းရင်း အမှန်တရားနဲ့ ရင်းနှီးခဲ့ရတဲ့ သွေ-းကြွေ-းအတွက် ပြန်လည်တို-က်-ပွဲဝင်သွားမယ့် ကလေးငယ်တစ်ယောက်ရဲ့ နာ-ကျ-င်ဖွယ်ရာ ခရီးစဉ်ကိုဝမ်းနည်းကြေ-ကွဲ-ဖွယ်ရာ၊ စိ-တ်လှုပ်ရှားဖွယ်ရာ ရိုက်ကူးပုံဖော်ထားပါတယ်.... ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld2/491

ဘောလိဝုဒ်စတားမင်းသားကြီး ရှာရွတ်ခန်းရဲ့ ထူးထူးခြားခြားထွက်ခဲ့တဲ့ စူပါဟီးရိုးကားကြီးကို ပြန်လည် တင်ဆက်ပေးပါမယ် ဇာတ်ကားလင့်🔽🔽
ဘောလိဝုဒ်စတားမင်းသားကြီး ရှာရွတ်ခန်းရဲ့ ထူးထူးခြားခြားထွက်ခဲ့တဲ့ စူပါဟီးရိုးကားကြီးကို ပြန်လည် တင်ဆက်ပေးပါမယ် ဇာတ်ကားလင့်🔽🔽🔽 https://t.me/htoohtoo161120/1364

75 ကုဋေထိရုံတင်ငွေအမြတ်ရထားတဲ့ တစ်ခေတ်တစ်ခါက အောင်မှုတွေရခဲ့တဲ့ဟာသမင်းသားကြီး Vadivelu ၊ ဝန်ကြီးမျိုးဆက်ကနေမွေးဖွားလာတဲ့ လူငယ
75 ကုဋေထိရုံတင်ငွေအမြတ်ရထားတဲ့ တစ်ခေတ်တစ်ခါက အောင်မှုတွေရခဲ့တဲ့ဟာသမင်းသားကြီး Vadivelu ၊ ဝန်ကြီးမျိုးဆက်ကနေမွေးဖွားလာတဲ့ လူငယ်ဖွံ့ဖြိုးရေးနဲ့အားကစားဌာနမှာဝန်ကြီးခန့်အပ်ခံရဖူးသူ Udhayanidhi Stalin နဲ့ ရှူတည်တည် ကာရိုက်တာလေးတွေနဲ့ ပေါက်ခဲ့တဲ့မင်းသမီးချောလေးKeerthy Suresh တို့ပါဝင်ထားတဲ့ တမီးလ်ဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းလွှတ်တော်ကိုယ်စားလှယ်ရဲ့သားဖြစ်ပေမဲ့ အဖေ့ရဲ့အရှိန်အဝါကိုမမီပဲ ဝက်မွေးပြီးအေးဆေးနေတဲ့ အသီဗီရန် ၊လူမှုကောင်းကျိုးတွေကို ကျောင်းသူဘဝတည်းကဆက်တိုက်လုပ်ဆောင်နေတဲ့ လီလာ ၊ အသီဗီရန်ကလီလာ့ကိုကြိတ်သဘောကျနေပေမဲ့ လွှတ်‌တော်ကိုယ်စားလှယ်ရဲ့သားမို့ လီလာကမကြိုက်မှန်းသိလို့ရှေ့မတိုးခဲ့တာ ကျောင်းပြီးသည်ထိပါပဲ ကျောင်းပြီးတစ်နေ့လီလာ နွမ်းပါးတဲ့ကလေးတွေကိုစာသင်ဖို့ငှားထားတဲ့နေရာကို အမည်မသိလူတွေခြိမ်းခြောက်မှုကြောင့် ပိုင်ရှင်ကအတင်းရွှေ့ခိုင်းတဲ့အချိန်မှာစတော့တာပဲ သူငယ်ချင်းတွေက အသီဗီရန်ကိုအကူအညီတောင်းချင် လီလာကလက်မခံနဲ့ နောက်ဆုံးတော့လက်လျှော့ပြီး အသီဗီရန့်အိမ်သွားတွေ့ကြချိန်မှာ အသီဗီရန်က ဝက်တွေပဲမွေးနေပြီး အဖေနဲ့ စကားမပြောခဲ့တာ ဆယ့်ငါးနှစ်တိုင်ခဲ့ပြီဆိုတာ လီလာသိလိုက်ရပါတယ်မုန်းတီးမှုကြောင့်မဟုတ်ဘဲ 15 နှစ်ထိ စကားမပြောခဲ့ရတဲ့အကြောင်းအရင်းနဲ့ ရိုးရှင်းမနေတဲ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဆိုတဲ့ဘဝမှာ ဘယ်လိုအလှည့်အပြောင်းတွေပါလာမလဲ လီလာနဲ့ ဗီရာတို့ရဲ့အချစ်ရေး ဒါတွေကိုရသစုံကြည့်ရှူခံစားရမဲ့ကားလေးပဲဖြစ်ပါတယ်(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Cherry ~ Moon ~ V ~ Yunni တို့ပဲဖြစ်ပါတယ်) ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld782/384