uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling 👈

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Kanalga Telegram’da o‘tish

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Ko'proq ko'rsatish
282
Obunachilar
Ma'lumot yo'q24 soatlar
Ma'lumot yo'q7 kun
-730 kun
Postlar arxiv
မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း အမှတ်(၄၉)အဆန်နှင့် အမှတ်(၅၀)အစုန်ရထားခရီးစဉ်များ ဇူလိုင် ၂၁ ရက်တွင်စတင်ပြေးဆွဲမည် ကချင်ပြည်န
မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း အမှတ်(၄၉)အဆန်နှင့် အမှတ်(၅၀)အစုန်ရထားခရီးစဉ်များ ဇူလိုင် ၂၁ ရက်တွင်စတင်ပြေးဆွဲမည် ကချင်ပြည်နယ်အစိုးရအဖွဲ့က မြစ်ကြီးနား-မိုးကောင်း- မိုးညှင်း အမှတ်(၄၉)အဆန်နှင့် အမှတ်(၅၀)အစုန်ရ ထားခရီးစဉ်များပြန်လည်ပြေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့မှုကြောင့် လာမည့် ဇူလိုင် ၂၁ ရက်တွင်စတင်ပြေးဆွဲပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားမှ မိုးကောင်း-မိုးညှင်းဘူတာကြား (၅၂ ဒဿမ ၂၅)မိုင်အတွင်းရှိ သံလမ်းများပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ရှင်းလင်းခြင်းနှင့် သံလမ်းကူးတံတားများပြုပြင်တည်ဆောက်ခြင်း၊ ဘူတာများပြင်ဆင်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>>

ချင်းတွင်းမြစ်ရေ ဖောင်းပြင်မြို့၏စိုးရိမ်ရေမှတ်အ ထက်ကျော်လွန်ရောက်ရှိကာ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ရေဝင်နေ စစ်ကိုင်းတို
ချင်းတွင်းမြစ်ရေ ဖောင်းပြင်မြို့၏စိုးရိမ်ရေမှတ်အ ထက်ကျော်လွန်ရောက်ရှိကာ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ရေဝင်နေ စစ်ကိုင်းတိုင်းရှိ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့ ၏စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်ရောက်ရှိနေကာ အနိမ့်ပိုင်းရပ်ကွက်/ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ယနေ့ နေ့လည် ၁ နာရီတွင်တိုင်းထွာရရှိချက်အရ ချင်း တွင်းမြစ်ရေသည် ဖောင်းပြင်မြို့၏စိုးရိမ်ရေမှတ် (၁,၃၂၅)စင်တီမီတာအထက် (၁,၃၅၀)စင်တီမီတာသို့ကျော်လွန်ရောက်ရှိနေ၍ အနိမ့်ပိုင်းများဖြစ်သော မြို့ပေါ်ရပ်ကွက်/ကျေးရွာများ၌ရေဝင်ရောက်မှုဖြစ်ပေါ်လျက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသခံများအသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအ တွက် သတိပြုနေထိုင်ကြရန်နှင့် အရေးပေါ်အကူအညီများလိုအပ်ပါက အကူအညီများပေးနိုင်ရေးအတွက် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

July-15 ▪️ ရေတာရှည်မြို့နယ်မှာ အမျိုးသမီးတစ်ဦးကို PDF အယောက် ၂၀ က နေအိမ်အထိလာရောက်သတ်ဖြတ် 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝙐𝙇𝙔~𝟏𝟓》 ပဲခူ
July-15 ▪️ ရေတာရှည်မြို့နယ်မှာ အမျိုးသမီးတစ်ဦးကို PDF အယောက် ၂၀ က နေအိမ်အထိလာရောက်သတ်ဖြတ် 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝙐𝙇𝙔~𝟏𝟓》 ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှာ ဇူလိုင်လ ၁၃ ရက်နေ့ နမနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က အမျိုးသမီးတစ်ဦးကို အကြမ်းဖက် NUG သြဇာခံ PDF အမည်ခံအကြမ်းဖက်သမား အယောက် ၂၀ က နေအိမ်အထိလာရောက်သတ်ဖြတ်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းမှတ်တမ်းအရ သိရပါတယ်။ သတ်ဖြတ်ခံရသူအမျိုးသမီးက ရေတာရှည်မြို့နယ်၊ အုတ်ဖိုကျေးရွာမှာနေထိုင်တဲ့ အသက် (၂၄) နှစ်အရွယ် မတင်မိုးခိုင် ဆိုသူဖြစ်တယ်လို့ သိရပြီး သူ့ရဲ့နေအိမ်မှာရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦးခန့်က မော်တော်ယာဉ်တစ်စီးနဲ့ ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့တာလို့လည်း သိရပါတယ်။

ဒု-သမ္မတဒေါ်နန်းနီနီအေး အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေး ဟိမဝန္တာတောင်တန်းဒေသဖြတ်ကျော်နိုင်ငံများဆိုင်ရာဖိုရမ်တက်ရောက်ရ
ဒု-သမ္မတဒေါ်နန်းနီနီအေး အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေး ဟိမဝန္တာတောင်တန်းဒေသဖြတ်ကျော်နိုင်ငံများဆိုင်ရာဖိုရမ်တက်ရောက်ရန် တရုတ်နိုင် ငံသို့ထွက်ခွာ ဒု-သမ္မတဒေါ်နန်းနီနီအေးသည် တရုတ်နိုင်ငံ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(တိဘက်)၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဟိမဝန္တာတောင်တန်းဒေသဖြတ်ကျော်နိုင်ငံများဆိုင်ရာဖိုရမ်တက်ရောက်ရန် ယနေ့ ဇူ လိုင် ၁၅ ရက်မွန်းလွဲပိုင်းက တရုတ်နိုင်ငံသို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ ဖိုရမ်ကို တရုတ်နိုင်ငံ၊ လင်ကျစ်မြို့၌ ပဉ္စမအကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်ကာ ဟိမဝန္တာတောင် တန်းဒေသတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ ဒေသတွင်းနှင့် အခြားနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံဖွံ့ဖြိုးမှုကိုမြှင့်တင်ရန် ရည် ရွယ်၍ ဇူလိုင် ၁၆ ရက်မှ ဇူလိုင် ၁၈ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ဒု-သမ္မတဒေါ်နန်းနီနီအေး/

ရေကြီးရေလျှံမှုများကြောင့် စာသင်ကျောင်းအတွင်း ရေဝင်ရောက်ခဲ့သည့်အတွက် ယာယီပိတ်ထားခဲ့ရတဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ အခြေခ
ရေကြီးရေလျှံမှုများကြောင့် စာသင်ကျောင်းအတွင်း ရေဝင်ရောက်ခဲ့သည့်အတွက် ယာယီပိတ်ထားခဲ့ရတဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(ဒေါက်ရပ်)ကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများအား ဇူလိုင်လ ၁၅ ရက်တွင် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာများနဲ့ ဒေသခံပြည်သူများက စုပေါင်းဆောင်ရွက်ပေးခဲ့ကြတဲ့ မြင်ကွင်းပုံရိပ်များ...

15-7-2026 မင်းတပ်မြိုအနီးခိုအောင်းနေတဲ့ အကြမ်းဖက် ချင်း PDF နဲ့ AA အဖွဲတွေကို တပ်မတော်က ချေမှုန်းသုတ်သင် အကြမ်းဖက် ချင်းပဒပ်
15-7-2026 မင်းတပ်မြိုအနီးခိုအောင်းနေတဲ့ အကြမ်းဖက် ချင်း PDF နဲ့ AA အဖွဲတွေကို တပ်မတော်က ချေမှုန်းသုတ်သင် အကြမ်းဖက် ချင်းပဒပ် ၄ လောင်းနှင့် သေနတ် ၃ လက် သိမ်းဆည်းရမိ။ 👏👏👏

ဝါစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျင်(၃)သိန်းကျပ်ထုတ်ချေးပေးမည် ဝါစိုက်တောင်သူများအတွက် န
ဝါစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျင်(၃)သိန်းကျပ်ထုတ်ချေးပေးမည် ဝါစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျင်(၃)သိန်းကျပ်ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။ ဝါစိုက်ပျိုးဧကတိုးမြှင့်ရေး၊ မျိုးကောင်းမျိုးသန့်ရွေး ချယ်စိုက်ပျိုးနိုင်ရေး၊ ဝါအထွက်နှုန်းပန်းတိုင်ရရှိရေးနှင့် ပြည်ပတင်ပိုမှုပမာဏမြင့်မားလာစေရေးရည်ရွယ်၍ "ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်သော တောင်သူများအတွက်" စိုက်ပျိုးစရိတ်ချေးငွေ ဝါစိုက်ဧကတစ်ဧကလျှင်(၃)သိန်းကျပ်နှုန်းဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထုတ်ပေးရန်စီစဉ်လျက်ရှိကြောင်း သိရသည်။ ချေးငွေကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ‌ငွေ(တိုင်းအစိုး ရ)မှတစ်ဆင့်ထုတ်ချေးပေးမည်ဖြစ်၍ ထုတ်ချေးမည့် အစီအစဉ်အသေးစိတ်အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲများမှ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်း အစီအစဥ်သည် ဇူလိုင် ၁၁ ရက်က မကွေးမြို၌ ကျင်းပခဲ့သည့် "ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ် စက်မှုလုပ်ငန်းဆီသို"ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲရလဒ်အရစီစဥ်ခြင်းဖြစ်ကြောင်း သိရသည်။

July-15 ▪️ ရေကြီးရေလျှံမှုများကြောင့် စာသင်ကျောင်းအတွင်း ရေဝင်ရောက်ခဲ့သည့်အတွက် ယာယီပိတ်ထားခဲ့ရတဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့န
July-15 ▪️ ရေကြီးရေလျှံမှုများကြောင့် စာသင်ကျောင်းအတွင်း ရေဝင်ရောက်ခဲ့သည့်အတွက် ယာယီပိတ်ထားခဲ့ရတဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(ဒေါက်ရပ်)ကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများအား ဇူလိုင်လ ၁၅ ရက်တွင် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာများနဲ့ ဒေသခံပြည်သူများက စုပေါင်းဆောင်ရွက်ပေးခဲ့ကြတဲ့ မြင်ကွင်းပုံရိပ်များ...

ဒီရက်ပိုင်း နေရထိုင်ရတာ ပေါ့ပါး လွတ်လပ်နေတယ် 😄
ဒီရက်ပိုင်း နေရထိုင်ရတာ ပေါ့ပါး လွတ်လပ်နေတယ် 😄

Forwarded From တိုက်ပွဲသတင်းစုံ "ကလေးစစ်သားများ အသုံးပြုနေသည့် NUG နှင့် ပကဖများ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌" စစ်ကိုင်းတိုင်း၊ အရာတော်မ
Forwarded From တိုက်ပွဲသတင်းစုံ "ကလေးစစ်သားများ အသုံးပြုနေသည့် NUG နှင့် ပကဖများ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌" စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း ပကဖအဖွဲ့များသည် အင်အားကုန်ခမ်းလာမှုကြောင့် အသက်မပြည့်သေးသော ကလေးသူငယ်များကို ဖမ်းဆီးကာ တိုက်ပွဲများတွင် အသေခံစေလွှတ်နေသည်ဟု ဒေသခံများထံမှ သိရပါတယ်။ - အင်အားနည်းပါးလာသည်နှင့်အမျှ အကြမ်းဖက်အဖွဲ့များဟာ မိမိသားသမီးအရွယ်ကလေးငယ်များကိုပင် လက်နက်ကိုင်တိုက်ပွဲများအတွင်း ယုတ်မာစွာ တွန်းပို့နေခြင်းဖြစ်ပါတယ်။ - ဒီလုပ်ရပ်သည် ကလေးသူငယ်အခွင့်အရေးနှင့် လူ့ကျင့်ဝတ်ကို ချိုးဖောက်ပြီး နိုင်ငံတကာ ဥပဒေများနှင့်လည်း ငြိစွန်းကာ ရာဇဝတ်မှုမြောက်သည့်အပြင် အနာဂတ်မျိုးဆက်ကိုပါ ဖျက်ဆီးနေခြင်းဖြစ်သည်။ အထောက်အထားများကို စုဆောင်းထားပြီး အကြမ်းဖက်များကို ကြိုးစင်တင်သင့်ပေသည်။ တိုက်ပွဲသတင်းစုံ

Forwarded From တိုက်ပွဲသတင်းစုံ ယင်းမာပင်မှာတော့ တော်လှန်ရေးမအောင်တော့ပါတဲ့။ တိုက်ပွဲသတင်းစုံ
Forwarded From တိုက်ပွဲသတင်းစုံ ယင်းမာပင်မှာတော့ တော်လှန်ရေးမအောင်တော့ပါတဲ့။ တိုက်ပွဲသတင်းစုံ

ဖလမ်းမြို့ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ် Credit to Popular Journal - ဖလမ်း၊ ဇူလိုင်-၁၅ ချင်းပြည်နယ်၊ ဖလမ်းမြို့ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူ များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်သည့် အခမ်းအနားကို ဖလမ်းမြို့၊ မြို့တော်ခန်းမ၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်က ကျင်းပခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် ဒုတိယဝန်ကြီးက ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး နှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အလျင်အမြန်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ဌာနဆိုင်ရာရုံးများလည်း ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် နေ့စဉ်ပုံမှန်လူနေမှုဘဝကို အတိုင်းအတာတစ်ခုအဖြစ် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်မှ ကူညီပံ့ပိုးသော အခြေခံ လိုအပ်သည့် စားသောက်ကုန်များနှင့် စားရေရိက္ခာများအား နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက် လာသည့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် ထပ်မံဝင်ရောက်လာမည့် […]

နေပြည်တော်စည်ပင်ဝန်ထမ်းသားသမီး ၅၇ ဦးကို တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ဆုများ ချီးမြှင့် Credit to Popular Journal - နေပြည်တော်၊ဇူလိုင်-၁၅ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများ၏ သားသမီး ၅၇ ဦးအား ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်သည့်အခမ်းအနားကို ယနေ့ ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက နေပြည်တော်မြို့တော်ခန်းမရှိ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြကြောင်း သိရသည်။ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် မြို့တော်ဝန် ဦးကံမြင့်သန်း၊ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဆုရကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ မြို့တော်ဝန် ဦးကံမြင့်သန်းက အမှာစ ကားပြောကြားရာတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုသည် ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ်ဘဝအတွက် အရေးပါသည့်ခြေလှမ်းဖြစ် ကြောင်း၊ ပညာရေးအခွင့်အလမ်းများကို အပြည့်အဝအသုံးချကာ စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး နိုင်ငံအတွက် အားထားရသည့် ပညာတတ်လူငယ်များ ဖြစ်လာစေရေး ဆက်လက်ကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် ထူးချွန်ကျောင်းသား၊ […]

နေပြည်တော်စည်ပင်ဝန်ထမ်းသားသမီး ၅၇ ဦးကို တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ဆုများ ချီးမြှင့် နေပြည်တော်၊ဇူလိုင်-၁၅ ၂၀၂၅-၂၀၂၆ ပညာသင်
နေပြည်တော်စည်ပင်ဝန်ထမ်းသားသမီး ၅၇ ဦးကို တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ဆုများ ချီးမြှင့် နေပြည်တော်၊ဇူလိုင်-၁၅ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများ၏ သားသမီး ၅၇ ဦးအား ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်သည့်အခမ်းအနားကို ယနေ့ ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက နေပြည်တော်မြို့တော်ခန်းမရှိ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြကြောင်း သိရသည်။ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် မြို့တော်ဝန် ဦးကံမြင့်သန်း၊ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဆုရကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/နေပြည်တော်စည်ပင်ဝန်ထမ်/

အိန္ဒိယနယ်စပ်တွင် တရုတ်ပတ်စပို့နှင့် ဖမ်းမိသည့် အမေရိကန်ရေတပ်သားဟောင်းနှင့် မြန်မာ့အရေး ဆက်နွှယ်မှုကို စုံစမ်းနေ အိန္ဒိယ-နီပေ
အိန္ဒိယနယ်စပ်တွင် တရုတ်ပတ်စပို့နှင့် ဖမ်းမိသည့် အမေရိကန်ရေတပ်သားဟောင်းနှင့် မြန်မာ့အရေး ဆက်နွှယ်မှုကို စုံစမ်းနေ အိန္ဒိယ-နီပေါနယ်စပ်တွင် ဇူလိုင် ၁၁ ရက်က တရားမဝင်ဝင်ရောက်ရန် ကြိုးပမ်းသည့် အမေရိကန်ရေတပ်သားဟောင်း ဂျော်ဒန်ဘရောင်း (Jordan Brown) အား တရုတ်ပတ်စပို့၊ AI ဘာသာပြန်စက်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။  - အိန္ဒိယထောက်လှမ်းရေးများသည် ၎င်းရရှိထားသော တရုတ်ပတ်စပို့မှာ မြန်မာနိုင်ငံနှင့် ဆက်စပ်မှု ရှိ၊ မရှိ စုံစမ်းနေပြီး၊ ယခင်က မြန်မာပြည်ရှိ AA၊ KIA နှင့် ချင်းလက်နက်ကိုင်များကို စစ်သင်တန်းပေးခဲ့သည်ဟု စွပ်စွဲခံရသော အမေရိကန်နိုင်ငံသား မက်သရူး ဗန်ဒိုက်နှင့် ယူကရိန်းနိုင်ငံသားများအမှုတွဲနှင့် ဆက်စပ်မှုရှိမရှိကိုပါ အဓိကထား စစ်ဆေး လျက်ရှိကြောင်း သိရသည်။ Ref : New Indian Express KT July 15

တံတားတွေမိုင်းခွဲ ကျောင်းတွေမီးရှို့ အိမ်တွေမီးရှို့ ကားလမ်းတွေကိုဖောက်ပြီးမိုင်းထောင် သူများမြို့ရွာတွေဖျက်ဆီးနေတဲ့ကောင်တွေက
တံတားတွေမိုင်းခွဲ ကျောင်းတွေမီးရှို့ အိမ်တွေမီးရှို့ ကားလမ်းတွေကိုဖောက်ပြီးမိုင်းထောင် သူများမြို့ရွာတွေဖျက်ဆီးနေတဲ့ကောင်တွေက မျော ၅ချောင်းလောက်နဲ့ ၃ ပေလောက်ရှိတဲ့ မြောင်းလေးကို တံတားခင်းပြီး ဂုဏ်ဆာပြနေပြန်ပြီ... ဒါတောင် ဓာတ်ပုံရိုက်တဲ့သူအပါဝင်ဆိုရင် ၉ ယောက်နဲ့ လုပ်တာ... 🥴 🥴 မှိုင်းဝေ

ဝါစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျင်(၃)သိန်းကျပ်ထုတ်ချေးပေးမည် ဝါစိုက်တောင်သူများအတွက် န
ဝါစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျင်(၃)သိန်းကျပ်ထုတ်ချေးပေးမည် ဝါစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျင်(၃)သိန်းကျပ်ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။ ဝါစိုက်ပျိုးဧကတိုးမြှင့်ရေး၊ မျိုးကောင်းမျိုးသန့်ရွေး ချယ်စိုက်ပျိုးနိုင်ရေး၊ ဝါအထွက်နှုန်းပန်းတိုင်ရရှိရေးနှင့် ပြည်ပတင်ပို့မှုပမာဏမြင့်မားလာစေရေးရည်ရွယ်၍ "ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်သော တောင်သူများအတွက်" စိုက်ပျိုးစရိတ်ချေးငွေ ဝါစိုက်ဧကတစ်ဧကလျှင်(၃)သိန်းကျပ်နှုန်းဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထုတ်ပေးရန်စီစဉ်လျက်ရှိကြောင်း သိရသည်။ ချေးငွေကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ‌ငွေ(တိုင်းအစိုး ရ)မှတစ်ဆင့်ထုတ်ချေးပေးမည်ဖြစ်၍ ထုတ်ချေးမည့် အစီအစဉ်အသေးစိတ်အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့များမှ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်း အစီအစဥ်သည် ဇူလိုင် ၁၁ ရက်က မကွေးမြို့၌ ကျင်းပခဲ့သည့် "ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ် စက်မှုလုပ်ငန်းဆီသို့"ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲရလဒ်အရစီစဥ်ခြင်းဖြစ်ကြောင်း သိရသည်။

မိုးရွာသွန်းမှုကြောင့် ရန်ကုန်တိုင်းရှိ မြို့နယ်(၃)ခု၌ သစ်ပင်များလဲကျ ရန်ကုန်တိုင်းရှိ မရမ်းကုန်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို
မိုးရွာသွန်းမှုကြောင့် ရန်ကုန်တိုင်းရှိ မြို့နယ်(၃)ခု၌ သစ်ပင်များလဲကျ ရန်ကုန်တိုင်းရှိ မရမ်းကုန်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့ နယ်နှင့် မှော်ဘီမြို့နယ်တို့၌ ယနေ့ ဇူလိုင် ၁၅ ရက်က မိုးရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် နေ့လည် ၃ နာရီ ၁၅ မိနစ်ကျော်ခန့်က သစ် ပင်လဲကျခြင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက်၊ ပေါ်ဆန်းမွှေးလမ်းနှင့် ကမ်းနားလမ်းထောင့်တွင် မွန်းလွဲ ၂ နာရီကျော်ခန့်က သစ်ပင်လဲကျခြင်း၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာ၊ ရန်ကုန်-ပြည်လမ်းဘေးတွင် နေ့လည် ၁ နာရီကျော်ခန့်က သစ်ပင်လဲကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၀) ပြည့်အကြို မွေးနေ့ပူဇော်ပွဲ ဇူလိုင် (၂၆) ရက်တွင် ကျင်းပမည် ရန်ကုန်၊ ဇူလိုင်-၁၅ ကမ္ဘာ
ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၀) ပြည့်အကြို မွေးနေ့ပူဇော်ပွဲ ဇူလိုင် (၂၆) ရက်တွင် ကျင်းပမည် ရန်ကုန်၊ ဇူလိုင်-၁၅ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၀) ပြည့်ခါနီးရာပြည့်အကြို မွေးနေ့ပူဇော်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်တွင် ရန်ကုန်မြို့ရှိ ချမ်းမြေ့ရိပ်သာကျောင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် သက်တော် (၉၉) နှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သက်တော် (၁၀၀) ပြည့်မြောက်ရန် နီးကပ်လာပြီဖြစ်သည်။ ဆရာတော်ဘုရားကြီး၏ သီလ၊ သမာဓိနှင့် ပညာဂုဏ်တော်များကို ပူဇော်ဂုဏ်ပြုသည့်အနေဖြင့် ချမ်းမြေ့ရိပ်သာ ဝေယျာဝစ္စအဖွဲ့က ဦးဆောင်ကာ အဆိုပါ မွေးနေ့ပူဇော်ပွဲကို ကျင်းပသွားမည်ဖြစ်သည်။ အစီအစဉ်အရ ဇူလိုင်လ (၂၆) ရက် နံနက် (၁၀) နာရီခွဲတွင် သံဃာတော် အပါး (၂၀၀) အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး ဓမ္မမိတ်ဆွေ သူတော်စင်များကိုလည်း နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။