uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling 👈

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Kanalga Telegram’da o‘tish

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Ko'proq ko'rsatish
284
Obunachilar
-224 soatlar
-27 kun
-930 kun
Postlar arxiv
ကျိုင်းတုံမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၁၅၆ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတ
ကျိုင်းတုံမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၁၅၆ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းမိ ကျိုင်းတုံ၊ ဩဂုတ် ၈ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နောင်လေကျေးရွာရှိ နောင်လေငါးကန်စားသောက်ဆိုင်အနီး ခြံဝန်းအတွင်း၌ တရားမဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်နေသူ ၁၅၆ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ သွားရောက်စစ်ဆေး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားချက်အရ ယမန်နေ့ နံနက် ၇ နာရီခန့်တွင် သွားရောက်ရှာဖွေခဲ့ရာ တရုတ်နိုင်ငံသား ၁၄၄ ဦး၊ လာအိုနိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံသား ၁၁ ဦး (စုစုပေါင်း ၁၅၆ ဦး) တို့ကို ဖုန်းမျိုးစုံ ၆၅၈ လုံး၊ All In One ကွန်ပျူတာ ၁၃၄ လုံး၊ Laptop ၂၈ လုံး၊ STAR LINK GAN-3 ၁၃ လုံး၊ မီးစက်များနှင့် အခြားဆက်စပ် ပစ္စည်းများစွာနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ကျိုင်းတုံမြို့နယ်အတွင/

ဖလမ်းမြို့ ငစစ်ဗားရေအားလျှပ်စစ်စက်ရုံနှင့် ဝန်ထမ်းအိမ်ရာများကို ပြန်လည်ပြုပြင်လျက်ရှိ
ဖလမ်းမြို့ ငစစ်ဗားရေအားလျှပ်စစ်စက်ရုံနှင့် ဝန်ထမ်းအိမ်ရာများကို ပြန်လည်ပြုပြင်လျက်ရှိ

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီးပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်
မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီးပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီးပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ မြန်မာသံရုံး၊ စစ်သံရုံးတို့မှဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအားတွေ့ဆုံစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံအချင်းချင်းဆက်ဆံရာမှာ သံတမန်ဆက်ဆံရေးက များစွာအရေးပါတယ်။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဟာခွဲခြားမရနိုင်သည့် အိမ်နီးချင်း၊ မိတ်ဆွေကောင်းနိုင်ငံတွေဖြစ်ပါတယ်။ နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံပြည်သူတွေကြား၊ တပ်မတော်နှစ်ရပ်ကြားတွေမှာ ခိုင်မာတဲ့ချစ်ကြည်ရေးနဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးသမိုင်းကြောင်းတွေရှိခဲ့တယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/မြန်မာနိုင်ငံ၏-နိုင်ငံရ/

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အကြုံများအပြန်အလှန်ဖ လှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ ဆွေးနွေးပြောဆို Credit to Popular Journal - မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား၌ ကောင်း မွန်သည့်ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ကာ ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အ ကြုံများအပြန်အလှန်ဖလှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ ကဆွေးနွေးပြောဆိုသည်။ ထိုင်းနိုင်ငံ၌ တရားဝင်ခရီးစဉ်(Official Visit)ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် ထိုင်းအမျိုးသားလွှတ်တော်အားကြည့်ရှုလေ့လာစဥ် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌမှ ဆွေးနွေးပြောဆိုခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံကြား တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘ ဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွလက်တွဲပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ကိုယုံကြည်ကာ လွှတ်တော်နှစ်ရပ်ကြားပူးပေါင်းဆောင် ရွက်မှုများနှင့် ဆက်ဆံမှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ဆွေးနွေးပြောဆိုသည်။ ထို့အတူ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းသည်မှာ (၁၅)နှစ်တာကာလမျှသာရှိသေးပြီး လွှတ်တော်အနေဖြင့်လည်း အတွေ့အကြုံနုနယ်သေး၍ လွှတ်တော်ဆိုင်ရာအတွေ့အကြုံကောင်းများစွာရှိသည့် ထိုင်းနိုင်ငံလွှတ်တော်နှင့် လွှတ်တော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်သွားမည်ဟု ပြောသည်။ နှစ်နိုင်ငံလွှတ်တော်ချင်းသာမက အာဆီယံပါလီမန်များဆိုင်ရာညီလာခံ(AIPA)တွင်လည်း မြန်မာလွှတ်တော်နှင့် […]

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန် ဧရာဝတီတိုင်းဝန်ကြီးခ
စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်မှာကြား ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော အခြေခံပညာစာသင်ကျောင်းများနှင့် ဆေးရုံများကိုအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးကြို တင်ပြင်ဆင်ထားကြရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင်ကျင်းပသည့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌မှာကြားခဲ့ကြောင်း သိရသည်။ ရေပြန်လည်ကျဆင်းချိန်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်များဆောင်ရွက်ရမည်ဖြစ်၍ ထောက်ပံ့ရေးပစ္စည်းများကို အနီးစပ်ဆုံးနေရာကြိုတင်ပို့ဆောင်ထားရန်၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရေသန့်ဆေးပြားများကို ကြိုတင်စုဆောင်းထားရန်လည်းမှာကြားခဲ့ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/စာသင်ကျောင်းများနှင့်-ဆ/

ကရင်ပြည်နယ်၌ လေးလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူခဲ့ ဘားအံ၊ သြဂုတ်-၇ ကရင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ
ကရင်ပြည်နယ်၌ လေးလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူခဲ့ ဘားအံ၊ သြဂုတ်-၇ ကရင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလတာကာလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူခဲ့ပြီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃ ဒသမ ၄၇၃ ဘီလီယံခန့် ရှိကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးရမိမှုများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၇ ရက် နံနက်ပိုင်းက ဘားအံမြို့ရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ တာဝန်ရှိသူများက တားဆီးဖမ်းဆီးရေးလုပ်ငန်းများ တိုးမြှင့်ရန်၊ ဖမ်းဆီးရမိသည့် အမှုတွဲများကို ဥပဒေနှင့်အညီ အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်ရန်နှင့် ဖမ်းဆီးရမိ ပစ္စည်းများ ပျ-က်စီးပျေ-ာက်ဆုံးမှု မရှိစေရေး လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ကရင်ပြည်နယ်၌-လေးလအတွင်း/

ထိုင်းနိုင်ငံရဲ့ထောက်ခံကူညီမှုနဲ့ အာဆီယံအတွင်းပုံမှန်ပါဝင်လှုပ်ရှားနိုင်ရန် အာဆီယံနိုင်ငံများကို ဆက်သွားမည်ဟု ဒေါက်တာ ဒေါ်ခို
ထိုင်းနိုင်ငံရဲ့ထောက်ခံကူညီမှုနဲ့ အာဆီယံအတွင်းပုံမှန်ပါဝင်လှုပ်ရှားနိုင်ရန် အာဆီယံနိုင်ငံများကို ဆက်သွားမည်ဟု ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုး  ပြော "ထိုင်းနိုင်ငံက မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်း ရှည်လျားစွာ ဆက်စပ်နေတာကြောင့် ကျွန်မတို့နိုင်ငံရဲ့အခက်အခဲတွေ၊ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ပြဿနာတွေ၊ စိန်ခေါ်မှုတွေကို ထိုင်းနိုင်ငံက နားလည်ပါတယ်။ ထိုင်းနိုင်ငံကလည်း ကျွန်မတို့နိုင်ငံကို အာဆီယံအတွင်းမှာ နဂိုပုံမှန်အတိုင်း ပါဝင်လှုပ်ရှားဖို့အတွက်ကို အပြည့်အဝ ထောက်ခံကူညီသွားမယ်လို့ ဆိုပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်လိုကြောင်းပြချင်လို့ အာဆီယံနိုင်ငံထဲက လာအိုနိုင်ငံကို ပထမဆုံး သွားရောက်ခဲ့ပြီး ထိုင်းက ဒုတိယခရီးစဉ်ပါ။ နောက်ပိုင်းလည်း အာဆီယံနိုင်ငံတွေထဲဆက်သွားဖို့ ရှိပါတယ်။ ဒါကြောင့် ဒီခရီးစဉ်ဟာ ကျွန်မတို့ အာဆီယံနိုင်ငံထဲမှာ ပြန်ပြီးတော့ ပုံမှန်အတိုင်း ပါဝင်လာဖို့၊ အာဆီယံအသိုက်အဝန်း တည်ဆောက်နိုင်ဖို့အတွက်ကို အများကြီး အထောက်ကူပြုတဲ့ ခရီးစဉ်လို့ ဆိုနိုင်ပါတယ်" ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုး (နိုင်ငံတော်သမ္မတရုံး၏ပြောရေးဆိုခွင့်ရှိသူ) Video is too big

💥 ပူတင်အတွက် ဒရုန်းများ ထုတ်လုပ်ပေးနေသည့် Ural စက်ရုံ CEO ဗလာဒီမာကာချက်ခ် စီးနင်းလာသည့် ကား ပေါက်ကွဲ ယူကရိန်းကျူးကျော်စစ်တွင
+3
💥 ပူတင်အတွက် ဒရုန်းများ ထုတ်လုပ်ပေးနေသည့် Ural စက်ရုံ CEO ဗလာဒီမာကာချက်ခ် စီးနင်းလာသည့် ကား ပေါက်ကွဲ
ယူကရိန်းကျူးကျော်စစ်တွင် ရုရှားစစ်တပ်အတွက် Upyr (Ghoul) ဒရုန်းများကို အဓိက ထုတ်လုပ်ပေးနေသည့် Ural ဒရုန်းစက်ရုံ၏ CEO ဗလာဒီမာကာချက်ခ် (Vladimir Karchak) စီးနင်းလာသည့် မာစီဒီး (Mercedes) မော်တော်ယာဉ်မှာ ဩဂုတ် ၅ ရက်က ပြင်းထန်စွာ ပေါက်ကွဲခဲ့သည်။
🔹 အဆိုပါ ပေါက်ကွဲမှုမှာ ယူကရိန်းနယ်စပ်နှင့် မိုင် ၁,၃၀၀ အကွာ ယီကာထရင်ဘာ့ဂ် (Yekaterinburg) ပြည်နယ်၊ ဘိုရှိင်းအစ္စတော့ရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းနှင့် သက်တော်စောင့်တို့ ပွဲချင်းပြီး သေဆုံးခဲ့ကာ အသက် ၃၅ နှစ်အရွယ် CEO ကာချက်ခ်မှာ ဆေးရုံ၌ အသက်လု ကုသနေရသည်။ 🔹 ကားအတွင်း ပေါက်ကွဲစေတတ်သော အရာဝတ္ထု ကြိုတင်တပ်ဆင်၍ တိုက်ခိုက်ခံရခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားကြသည်။ ကာချက်ခ်သည် ပူတင်၏ ခရိုနီတစ်ဦးဖြစ်ပြီး ဖော်လိုဝါ ၆ သိန်းခွဲကျော်ရှိသည့် "Obsessed with War" တယ်လီဂရမ်ချန်နယ်ကို အသုံးပြု၍ ဝါဒဖြန့်ပေးနေသူလည်း ဖြစ်သည်။ #RussiaUkraineWar #DroneManufacturer #VladimirKarchak #Yekaterinburg #WorldNews ဖိုးမောင်

+4
အမြင်မတူတာနဲ့ မိဘကို ပြန်သတ်မယ့် သားသမီးမျိုး လိုချင်ရင် nld ကို မဲပေးကြပါပေါ့။ အားပေးကြပါပေါ့။ သားသမီး ပြန်သတ်တာ ခံရတော့မှ ဝမ်းမနည်းကြပါနဲ့။ ကိုယ်စိုက်ခဲ့ အပင် ကိုယ်ပြန်ရိတ်သိမ်းကြတာ သဘာဝ တရားပါပဲ။ #Bnနီပိန်းတိုက်ဖျက်ရေး

သာပေါင်းမှာ မသာအလောင်းတွေ ထမ်းပြေးသွားရတဲ့ အကြမ်းဖက် ဘိန်းစား AA အဖွဲ့များ.. ဧရာသားတွေဖြုတ်ချက်ကတော့ ဆက်တိုက်ပဲဗျို့,,,, မှိုင်းဝေ

ကောက်နုတ်ချက်..
ကောက်နုတ်ချက်..

ကဲ.... မပြောခဲ့ဘူးလား ခေါ်တီးခံရတာပါဆို ခုတော့ "အကြမ်းဖက် NUG လက်အောက်ခံ မကွေးတိုင်း ပအဖ၊ ပကဖ၊ ပလဖ အဖွဲတိုက အကြမ်းဖက် (CPU/CP
ကဲ.... မပြောခဲ့ဘူးလား ခေါ်တီးခံရတာပါဆို ခုတော့ "အကြမ်းဖက် NUG လက်အောက်ခံ မကွေးတိုင်း ပအဖ၊ ပကဖ၊ ပလဖ  á€Ąá€–ွဲတိုက အကြမ်းဖက် (CPU/CPA) မှ မိုင်သူဇာ ဆိုသူကို ဖမ်းဆီးပြီး အုပ်စုဖွဲမုဒိမ်းကျင့်သတ်ဖြတ်" ဒီလို ဖြစ်သွားလေပြီ။ 📣📣ငဘ

အကြမ်းဖက် KIA အဖွဲ့ရဲ့ ယုတ်မာမှု မှိုင်းဝေ
အကြမ်းဖက် KIA အဖွဲ့ရဲ့ ယုတ်မာမှု မှိုင်းဝေ

မြန်မာ–ထိုင်း လျှပ်စစ်နှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး MoU မကြာမီ လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေး မြန်မာ–ထိုင်း နှစ်နိုင်င
မြန်မာ–ထိုင်း လျှပ်စစ်နှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး MoU မကြာမီ လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေး မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) မကြာမီ လက်မှတ်ရေးထိုးနိုင်ရေး၊ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ထိုင်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် လျှပ်စစ်ဓာတ်အားကွန်ရက်စနစ် တိုးချဲ့ခိုင်မာရေးတို့ကို နှစ်နိုင်ငံ စွမ်းအင်ဝန်ကြီးများ ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံ တရားဝင်ခရီးစဉ်တွင် လိုက်ပါလာသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဩဂုတ် ၆ ရက် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး Mr. Akanat Promphan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ခေတ္တတည်းခိုရာဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/မြန်မာ-ထိုင်း-လျှပ်စစ်န/

မြန်မာ- ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့်အခန်းကဏ္ဍမှပါဝင်နေဟု နိ
မြန်မာ- ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့်အခန်းကဏ္ဍမှပါဝင်နေဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား ============================= မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၆ ရက်မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို၊ Queen Sirikit National Convention Center ရှိ Plenary Hall တွင်ကျင်းပသော မြန်မာ- ထိုင်းစီးပွားရေးဖိုရမ် ၂၀၂၆ ၌ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " မြန်မာ- ထိုင်းနှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုပုံစံဟာ နှစ်နိုင်ငံစီးပွားရေးကို အထောက်အကူပြုရုံသာမကဘဲ ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံဖြိုးတိုးတက်ရေးအတွက်ပါ အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

📌 ပလတ်စတစ်ကို ချေဖျက်နိုင်သည့် Superworm ပိုးတုံးလုံးကို သြစတြေးလျ သုတေသီများ တွေ့ရှိ 💚 ပိုလီစတိုင်ရင်း (polystyrene) ပလတ်စ
📌 ပလတ်စတစ်ကို ချေဖျက်နိုင်သည့် Superworm ပိုးတုံးလုံးကို သြစတြေးလျ သုတေသီများ တွေ့ရှိ 💚 ပိုလီစတိုင်ရင်း (polystyrene) ပလတ်စတစ်များကို စားသုံးပြီး ရှင်သန်နိုင်သည့် Superworm (Zophobas morio) ပိုးတုံးလုံးကို သြစတြေးလျ ကွင်းစ်လန်းတက္ကသိုလ်မှ သုတေသီများ တွေ့ရှိခဲ့သဖြင့် ပလတ်စတစ် ပြန်လည်အသုံးချရေး (Recycling) အတွက် မျှော်လင့်ချက်သစ် ပေါ်ပေါက်လာသည်။ 💚 အဆိုပါ ပိုးတုံးလုံးများ၏ အူအတွင်းရှိ ဘက်တီးရီးယားနှင့် အင်ဇိုင်းများသည် ဖော့ဘူး၊ အပူခံဖော့ပြားနှင့် ကားပစ္စည်းများတွင် အသုံးပြုသည့် polystyrene များကို ချေဖျက်ပေးနိုင်ကြောင်း စမ်းသပ်တွေ့ရှိရသည်။ 💚 သုတေသီများအနေဖြင့် ပိုးတုံးလုံးများကို တိုက်ရိုက်မွေးမြူခြင်းထက် ပလတ်စတစ်ကို ချေဖျက်နိုင်သည့် ထိရောက်သော အင်ဇိုင်းကို ခွဲခြားဖော်ထုတ်ကာ စက်ရုံများတွင် အကြီးအကျယ် ထုတ်လုပ်၍ ကြိတ်ခွဲထားသော စွန့်ပစ်ပလတ်စတစ်များကို ချေဖျက်ရန် ရည်ရွယ်ထားသည်။ 💚 လက်ရှိတွင် ဘက်တီးရီးယားနှင့် မှိုများကို အသုံးပြု၍ ပလတ်စတစ် ချေဖျက်သည့် နည်းပညာများ ရှိသော်လည်း စီးပွားဖြစ် အသုံးပြုနိုင်မည့် အဆင့် ရောက်ရှိရေးမှာ စိန်ခေါ်မှုများ ရှိနေသေးသည်။ သက်ထား

📌 PUBG MOBILE မှ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် Yangon Galacticos (YG) အသင်း၏ In-Game Outfit စတင်မိတ်ဆက် 💚 PUBG MOBIL
📌 PUBG MOBILE မှ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် Yangon Galacticos (YG) အသင်း၏ In-Game Outfit စတင်မိတ်ဆက် 💚 PUBG MOBILE က မြန်မာနိုင်ငံ၏ ထိပ်တန်း Esports အသင်းဖြစ်သော Yangon Galacticos (YG) ကို ဂုဏ်ပြုသောအားဖြင့် တရားဝင် In-Game Outfit အသစ်ကို ကမ္ဘာတစ်ဝန်းလုံးတွင် စတင်မိတ်ဆက်ပေးခဲ့သည်။ 💚 Esports အသင်းတစ်သင်းအတွက် သီးသန့် In-Game Outfit ထုတ်လုပ်ပေးခြင်းသည် PUBG MOBILE သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ပြီး အဆိုပါ Outfit ကို ဩဂုတ်လ (၄) ရက်မှ (၂၃) ရက်အထိ ကမ္ဘာတစ်ဝန်းရှိ ကစားသမားများ ရယူနိုင်မည်ဖြစ်သည်။ 💚 YG အသင်းသည် ၂၀၂၅ ခုနှစ် Esports World Cup (EWC) တွင် ချန်ပီယံဆု ရရှိခဲ့ပြီး လက်ရှိတွင် ပြင်သစ်နိုင်ငံ၌ ကျင်းပသည့် EWC 2026 ပြိုင်ပွဲသို့ Title Defender အဖြစ် သွားရောက်ယှဉ်ပြိုင်လျက်ရှိသည်။ 💚 PUBG MOBILE ၏ Country Manager ဖြစ်သူ Aman Kumar နှင့် YG အသင်း၏ Coach ဖြစ်သူ Nicky တို့ကလည်း ယခုမှတ်တိုင်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် မြန်မာ့ Esports အဆင့်အတန်း ကမ္ဘာ့အလယ်တွင် တိုးတက်လာရေးအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ကြသည်။ သက်ထား

ပင်လယ်နီထဲမှာ အိန္ဒိယ ရေနံတင်သင်္ဘော တိုက်ခိုက်နှစ်မြုပ်ခံလိုက်ရ ဩဂုတ် - ၇ အင်္ဂါနေ့က ယီမင်ကမ်းလွန် ပင်လယ်နီထဲမှာ အိန္ဒိယအလံတ
ပင်လယ်နီထဲမှာ အိန္ဒိယ ရေနံတင်သင်္ဘော တိုက်ခိုက်နှစ်မြုပ်ခံလိုက်ရ ဩဂုတ် - ၇ အင်္ဂါနေ့က ယီမင်ကမ်းလွန် ပင်လယ်နီထဲမှာ အိန္ဒိယအလံတင် ကုန်တင်သင်္ဘောတစ်စင်း တိုက်ခိုက်ခံခဲ့ရ ပြီးနောက် နစ်မြုပ်သွားခဲ့ပါတယ်။ သင်္ဘောပေါ်မှာပါတဲ့ အိန္ဒိယနိုင်ငံသား ၁၃ ဦးနဲ့ ယီမင်နိုင်ငံသား တစ်ဦး၊ စုစုပေါင်း အဖွဲဝင် ၁၄ ဦးစလုံးကိုတော့ ယီမင်အစိုးရတပ်ဖွဲတွေက ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အမ်ဗွီဖိုင်ဇီနိုရေအိုလီယာ လို အမည်ရတဲ့ ဒီသင်္ဘောဟာ ဟူသီသောင်းကျန်းသူတွေ ထိန်းချုပ်ထားတဲ့ ဟိုဒေးဒါ ဆိပ်ကမ်းမြို တောင်ဘက်မှာ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာလို ဆိုပါတယ်။ အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲကတော့ ဆော်ဒီနဲ့ ဆက်နွှယ်နေတဲ့ သင်္ဘောတွေ ပင်လယ်နီ ထဲ ဝင်ထွက်တာကို ပိတ်ဆိုသွားမယ်လို လွန်ခဲ့တဲ့လက ပြောခဲ့ပေမဲ့ ဒီသင်္ဘောမြုပ်သွားတဲ့အပေါ်မှာတော့ တစ်စုံတရာ မှတ်ချက်မပေးသေးပါဘူး။ သတင်းတွေအရ အိန္ဒိယအလံစိုက်ထားတဲ့ ဒီရေနံတင်သင်္ဘောဟာ ဆော်ဒီအာရေးဗီးယား ကနေ ရေနံတွေ တင်ဆောင်လာတာလို သိရပါတယ်။