uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling 👈

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Kanalga Telegram’da o‘tish

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Ko'proq ko'rsatish
284
Obunachilar
+124 soatlar
+17 kun
-730 kun
Postlar arxiv
ဘင်္ဂလားဒေ့ရှ်နှင့် အမေရိက ပူးတွဲ စစ်ရေးလေ့ကျင့်မှုစတင် ဇူလိုင်လ ၂၁ ရက်၊ ဒါကာ ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည်
ဘင်္ဂလားဒေ့ရှ်နှင့် အမေရိက ပူးတွဲ စစ်ရေးလေ့ကျင့်မှုစတင် ဇူလိုင်လ ၂၁ ရက်၊ ဒါကာ ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် အင်ဒို-ပစိဖိတ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာ အားကောင်းလာစေရန်အတွက် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို စတင်လိုက်ပြီဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် တပ်မတော်၏ အထူးတပ်ဖွဲ့တစ်ခုဖြစ်သော ပါရာ ကွန်မန်ဒို တပ်မဟာ ၏ ကြီးကြပ်မှုဖြင့် ၁၃ ရက်ကြာ ပြုလုပ်မည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ဇူလိုင်လ ၁၉ ရက်တွင် စတင်ခဲ့ပြီး ဇူလိုင်လ ၃၁ ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် တပ်မတော်၏ ပြန်ကြားရေးဌာန (ISPR) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ “Exercise Tiger Lightning (TL)-2026” စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၉ ရက် နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့မြောက်ပိုင်း ဆီးလ်ဟက်စစ်ဌာနချုပ်နယ်မြေတွင် ဘင်္ဂလားဒေ့ရှ် တပ်မတော်နှင့် အမေရိကန် ပစိဖိတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ကျင်းပခဲ့သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ဘင်္ဂလားဒေ့ရှ်နှင့်-အမေ/

အကြမ်းဖက်သမားတွေကိုချေမှုန်းသုတ်သင်ပြီး အောင်ပွဲနဲအတူပြန်လာကြတဲ့ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဒုတိုင်းမှူးနှင့်တာဝ
+9
အကြမ်းဖက်သမားတွေကိုချေမှုန်းသုတ်သင်ပြီး အောင်ပွဲနဲအတူပြန်လာကြတဲ့ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဒုတိုင်းမှူးနှင့်တာဝန်ရှိသူများ၊ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တပ်မတော်သားမိသားစုဝင်များက သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆို။ တိုက်ပွဲသတင်းစုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြိုနယ်ရှိ တပ်မတော်အကြီးစားစက်ရုံ၊ စက်ရုံခ
+2
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြိုနယ်ရှိ တပ်မတော်အကြီးစားစက်ရုံ၊ စက်ရုံခွဲ(ရန်ကုန်) ၂၁-၇-၂၀၂၆ ရက်နေ့‌တွင် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး။
သက်ထား

လူငယ်ဘောလုံးသမားသစ်များ ရှာဖွေဖော်ထုတ်ရေးနှင့် နည်းပြစွမ်းရည်မြှင့်တင်ရေးအတွက် FIFA/MFF RTC နည်းပြသင်တန်း ဖွင့်လှစ် ရန်ကုန်၊
လူငယ်ဘောလုံးသမားသစ်များ ရှာဖွေဖော်ထုတ်ရေးနှင့် နည်းပြစွမ်းရည်မြှင့်တင်ရေးအတွက် FIFA/MFF RTC နည်းပြသင်တန်း ဖွင့်လှစ် ရန်ကုန်၊ ဇူလိုင် ၂၁ မြန်မာနိုင်ငံတစ်ဝန်း လူငယ်ဘောလုံးသမားသစ်များကို စနစ်တကျ ရှာဖွေဖော်ထုတ်နိုင်ရေးနှင့် ဒေသအလိုက် နည်းပြများ၏ စွမ်းရည်မြှင့်တင်နိုင်ရေးကို ရည်ရွယ်သည့် FIFA/MFF Regional Football Training Center (RTC) Technical Director and Coaches Workshop 2026-2027 (Phase-2) သင်တန်းကို ဇူလိုင် ၂၁ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး MFF အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်၊ နည်းစနစ်ဒါရို-က်တာ Mr. Michiteru Mita နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ RTC နည်းပြများ တက်ရောက်ခဲ့ကြသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/လူငယ်ဘောလုံးသမားသစ်မျာ/

ဥပဒေကဲ့သိုအာဏာတည်သောအမိန့် ဆက်လက်အတည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ၏ ကြေညာချက်
ဥပဒေကဲ့သိုအာဏာတည်သောအမိန့် ဆက်လက်အတည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ၏ ကြေညာချက်

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၁ ရက် မွန်းလွဲ ၂ နာရီလောက်မှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့မှာ အင်းတော်ချောင်းနဲ့ နန့်ကေ
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၁ ရက် မွန်းလွဲ ၂ နာရီလောက်မှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့မှာ အင်းတော်ချောင်းနဲ့ နန့်ကောင်းချောင်း ရေမြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့် မြေနိမ့်ပိုင်းက အိမ်ထောင်စုတွေကို ကာမိုင်းနယ်မြေ မီးသတ်စခန်းမှ သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး မြို့မဘုန်းတော်ကြီးကျောင်းနဲ့ နှစ်ခြင်းခရစ်ယာန်ကျောင်းဆီ ရေဘေးလွတ်ရာ ကူညီရွှေ့ပြောင်းပေးခဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတိုမှ အစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတိုမှ အစိုးရအဖွဲဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြား

ဇူလိုင်လ တတိယ ၁၀ ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်နိုင်၊ မြစ်ရေများလည်း ဆက်လက်မြင့်တက်လာနိုင်ဟု မိုး/ဇလခန့်မှန်း နေ
ဇူလိုင်လ တတိယ ၁၀ ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်နိုင်၊ မြစ်ရေများလည်း ဆက်လက်မြင့်တက်လာနိုင်ဟု မိုး/ဇလခန့်မှန်း နေပြည်တော်၊ဇူလိုင်-၂၁ ဇူလိုင်လ တတိယ ၁၀ ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံရှိ မြို့အများအပြားတွင် မြစ်ရေများ ဆက်လက်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထုတ်ပြန်ထားသည်။ အဆိုပါ ခန့်မှန်းချက်အရ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအသင့်အတင့်မှ အားကောင်းနိုင်ပြီး ဒေသအများစုတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ကြောင်း သိရသည်။ မိုးရွာသွန်းမှုအခြေအနေအရ ရန်ကုန်၊ ပဲခူး(အရှေ့ပိုင်း)၊ တနင်္သာရီ၊ ကချင်၊ ကရင်နှင့် မွန်ဒေသများတွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်သော်လည်း နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ကယား၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ဖော်ပြထားသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ဇူလိုင်လ-တတိယ-၁၀-ရက်ပတ်အ/

■ ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းနှင့် လေထုမငြိမ်မသက်မှုများကြောင့် ဇူလိုင် ၂၁ ရက်မှ ၂၉ ရက်အတွင်း တိုင်
■ ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းနှင့် လေထုမငြိမ်မသက်မှုများကြောင့် ဇူလိုင် ၂၁ ရက်မှ ၂၉ ရက်အတွင်း တိုင်းနှင့်ပြည်နယ်များရှိ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းနှင့် လေထုမငြိမ်မသက်မှုများကြောင့် ဇူလိုင် ၂၁ ရက်မှ ၂၉ ရက်အတွင်း တိုင်းနှင့်ပြည်နယ်များရှိ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း ဇူလိုင် ၂၁ ရက်မှ ၂၉ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

မြန်မာ မိမိရရဖမ်းဆုပ်ရမယ့် အခွင့်အရေးကောင်း (BIMSTEC) ဖိုးမောင်

တော်ဝင်ဂါးဒင်းဟိုတယ်၌ တော်ဝင်ဓမ္မသဘင် တရားပွဲကြီး သုံးရက်တိုင်တိုင် ကျင်းပမည် ရန်ကုန်၊ဇူလိုင်-၂၁ တော်ဝင်ဓမ္မသဘင် တရားပွဲကြီးက
တော်ဝင်ဂါးဒင်းဟိုတယ်၌ တော်ဝင်ဓမ္မသဘင် တရားပွဲကြီး သုံးရက်တိုင်တိုင် ကျင်းပမည် ရန်ကုန်၊ဇူလိုင်-၂၁ တော်ဝင်ဓမ္မသဘင် တရားပွဲကြီးကို လာမည့် ဇူလိုင် ၂၇ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်းဟိုတယ်၊ တော်ဝင်မင်္ဂလာခန်းမ၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါ တရားပွဲတွင် နာမည်ကျော် ဆရာတော်ကြီး သုံးပါးက သုံးရက်တိုင်တိုင် တရားဒေသနာတော်များ ဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၂၇ ရက် (တနင်္လာနေ့) ပထမည၌ ညနေ ၆ နာရီတွင် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသက တရားတော် ဟောကြားမည်ဖြစ်သည်။ ဇူလိုင် ၂၈ ရက် (အင်္ဂါနေ့): ည ၇ နာရီတွင် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရက တရားတော် ဟောကြားမည်ဖြစ်သည်။ ဇူလိုင် ၂၉ ရက် (ဗုဒ္ဓဟူးနေ့): ည ၇ နာရီတွင် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက တရားတော် ဟောကြားမည်ဖြစ်သည်။ အဆိုပါ တရားပွဲကြီးသို့ တရားချစ်ခင်သူတော်စင်အပေါင်း ကြွရောက်နာယူနိုင်ကြောင်း ဖိတ်ကြားထားသည်။

ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်သူအများစုမှာ မူလတန်းနှင့် အလယ်တန်းအဆင့် ပညာအရည်အချင်းသာရှိကြောင်း သန်းခေါင်စာရင်းအစီရင်ခံစာ ဖော်ပြ
ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်သူအများစုမှာ မူလတန်းနှင့် အလယ်တန်းအဆင့် ပညာအရည်အချင်းသာရှိကြောင်း သန်းခေါင်စာရင်းအစီရင်ခံစာ ဖော်ပြ မြန်မာနိုင်ငံမှ ပြည်ပသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူများအနက် အများစုမှာ မူလတန်းနှင့် အလယ်တန်းအဆင့် ပညာအရည်အချင်းသာ ရှိကြပြီး အသက်မွေးဝမ်းကျောင်းပညာ (TVET) သင်ယူထားသူ အလွန်နည်းပါးကြောင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာအရ သိရသည်။ အစီရင်ခံစာအရ ပြည်ပရွှေ့ပြောင်းလုပ်ကိုင်သူများ၏ ပညာရေးအဆင့်တွင် မူလတန်းအဆင့် ၃၂.၂ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့် ၃၀.၁ ရာခိုင်နှုန်း ရှိသဖြင့် စုစုပေါင်း ၆၂.၃ ရာခိုင်နှုန်း သည် အခြေခံပညာအဆင့်သာ ရရှိထားသူများ ဖြစ်ကြသည်။ ထို့အပြင် အထက်တန်းအဆင့် ၂၁.၇ ရာခိုင်နှုန်း၊ ဘွဲ့ရရှိပြီးသူ ၆.၅ ရာခိုင်နှုန်း၊ တက္ကသိုလ်/ကောလိပ်ပညာ ရရှိထားသူ ၄.၃ ရာခိုင်နှုန်း နှင့် အသက်မွေးဝမ်းကျောင်းပညာ (TVET) ရရှိထားသူ ၀.၁ ရာခိုင်နှုန်း သာ ရှိကြောင်း ဖော်ပြထားသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ပြည်ပထွက်ခွာ-အလုပ်လုပ်က/

ပြောတော့ဖြင့် အလင်းဝင်တဲ့သူတွေက ဂျင်းတွေဆို ခုတော့ တစ်ယောက်ပြီး တစ်ယောက်ကို အပုတ်ချနေကြပါလား.. တော်လှန်ရေးကြီးက လုပ်စားတတ်သူတ
ပြောတော့ဖြင့် အလင်းဝင်တဲ့သူတွေက ဂျင်းတွေဆို ခုတော့ တစ်ယောက်ပြီး တစ်ယောက်ကို အပုတ်ချနေကြပါလား.. တော်လှန်ရေးကြီးက လုပ်စားတတ်သူတွေအတွက် ငွေတွင်းကြီးပဲ မှိုင်းဝေ

ရေစကြို ကွန်မြူနစ်အကြမ်းဖက် PDF တွေ မိုင်းခွဲဖျက်ဆီးလိုက်တဲ့ ပခုက္ကူမြို့နယ်ရှိ ညောင်ပင်ကြီး- ဗုဒ္ဓကုန်း မဟာဓာတ်အားလိုင်း တာဝ
ရေစကြို ကွန်မြူနစ်အကြမ်းဖက် PDF တွေ မိုင်းခွဲဖျက်ဆီးလိုက်တဲ့ ပခုက္ကူမြို့နယ်ရှိ ညောင်ပင်ကြီး- ဗုဒ္ဓကုန်း မဟာဓာတ်အားလိုင်း တာဝါတိုင်ကို လျှပ်စစ်ဝန်ထမ်းများက အမြန်ဆုံးပြုပြင်နေ... အကြမ်းဖက်သမားတွေက ဖျက်လိုက်၊ အစိုးရပြင်လိုက်နဲ့ နိုင်ငံတော်ကြီးက ရှေ့ကို မရောက်နိုင်ဘူးဖြစ်နေတယ်.. ဒီအကြမ်းဖက် အဖျက်ကောင်တွေရှိနေသမျှဖျက်ဆီးနေဦးမှာပဲ.. ဒီကောင်တွေကို အပြတ်သာရှင်းပစ်လိုက်မှ နားအေးမယ်.. မဟုတ်ရင် ပြည်သူတွေပဲ ဒုက္ခရောက်နေကြတာ... မှိုင်းဝေ

ဖျက်ဆီးခံလိုက်ရသည့် ညောင်ပင်ကြီး- ဗုဒ္ဓကုန်း မဟာဓာတ်အားလိုင်း တာဝါတိုင်ကို အမြန်ဆုံးပြုပြင်နေ ပခုက္ကူ၊ဇူလိုင်-၂၁ ဇူလိုင်(၁၉)ရ
ဖျက်ဆီးခံလိုက်ရသည့် ညောင်ပင်ကြီး- ဗုဒ္ဓကုန်း မဟာဓာတ်အားလိုင်း တာဝါတိုင်ကို အမြန်ဆုံးပြုပြင်နေ ပခုက္ကူ၊ဇူလိုင်-၂၁ ဇူလိုင်(၁၉)ရက်နေ့က ဖောက်ခွဲဖျက်ဆီးခြင်းခံလိုက်ရသည့် ညောင်ပင်ကြီး- ဗုဒ္ဓကုန်း မဟာဓာတ်အားလိုင်း တာဝါတိုင်ကို လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်‌ ရောက်ရှိစေရေးအတွက် လျှပ်စစ်ဝန်ထမ်းများမှ အမြန်ဆုံးပြုပြင်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ပခုက္ကူ)မှ သိရသည်။ ယင်းတာဝါတိုင်ချိုးဖျက်ခံရမှုကြောင့် ပခုက္ကူတမြို့လုံး လျှပ်စစ်မီး ပြတ်တောက်ခဲ့ရသည်။ လက်ရှိ၌ ဝန်ကြီးဌာန၏ ညွှန်ကြားချက် သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏ လုံခြုံရေးအကူညီ နှင့် အတူ အုန်းတောမဟာ ဓာတ်အားလိုင်းရုံးအဖွဲ့ နှင့် လျှပ်စစ်ဝန်ထမ်းများမှ ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။ ဓာတ်ပုံ- pku ese

မူးယစ်ဆေးသုံးဖို့ငွေလိုနေသည့် ယင်းမာပင် PDF အဖွဲ့က ပြည်သူပိုင် ဆိုင်ကယ် ၆ စီးကို ဓားပြတိုက်ယူဆောင်သွား ၂၀-၇-၂၀၂၆ ရက်နေ့ မနေ့က
မူးယစ်ဆေးသုံးဖို့ငွေလိုနေသည့် ယင်းမာပင် PDF အဖွဲ့က ပြည်သူပိုင် ဆိုင်ကယ် ၆ စီးကို ဓားပြတိုက်ယူဆောင်သွား ၂၀-၇-၂၀၂၆ ရက်နေ့ မနေ့က ဆားလင်းကြီးဒေသဘက်မှာ ဆိုင်ကယ်လာရောင်းတဲ့ ပြည်သူတစ်ဦးကို အကြမ်းဖက် PDF တွေက ဓားပြတိုက်ဖမ်းဆီးပြီး ပါလာတဲ့ ဆိုင်ကယ် ၆ စီးကိုယူသွားတယ်.. အဖမ်းခံလိုက်ရတဲ့ ပြည်သူကတော့ ခုချိန်ထိ သေလား/ရှင်လား မသိသေးဘူး.. ထုံးစံအတိုင်း အကြမ်းဖက် PDF တွေက သူတို့ဖမ်းထားတဲ့ ပြည်သူကို ဒလန်ပါဆိုပြီး သတင်းအမှားတွေလွှင့်နေတယ်.. စားစရာမရှိ ၊သောက်စရာမရှိ ၊ NUG ကကောင်တွေကလည်း ဘာမှ မပေးတော့ ပြည်သူတွေဝယ်ပေးတဲ့ သေနတ်နဲ့ ပြည်သူကို ပြန်ပြီး ဓားပြတိုက်နေတာ… ပြည်သူတွေဘဝကတော့ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ ဆိုသလိုပဲ ကြိတ်မှိတ်ခံနေကြရပြီ… ဒေသခံတွေအနေနဲ့ အကြမ်းဖက်သမားတွေ အနိုင်ကျင့်တာခံရတဲ့အခါကြမှ ဒီလိုတွေသတင်းပေးမယ့်အစား ဒီကောင်တွေ အနိုင်မကျင့်ခင်ကတည်း သူတို့နေတဲ့နေရာတွေကို ပို့ပေးပါ။ မှိုင်းဝေ

အရှေ့အလယ်ပိုင်း တင်းမာမှုမြင့်တက်လာ၍ ကမ္ဘာတစ်ဝန်းရှိ အမေရိကန်နိုင်ငံသားများကို အရေးပေါ်သတိပေး အရှေ့အလယ်ပိုင်းဒေသအတွင်း ပဋိပက္
အရှေ့အလယ်ပိုင်း တင်းမာမှုမြင့်တက်လာ၍ ကမ္ဘာတစ်ဝန်းရှိ အမေရိကန်နိုင်ငံသားများကို အရေးပေါ်သတိပေး အရှေ့အလယ်ပိုင်းဒေသအတွင်း ပဋိပက္ခတွေနဲ့ စစ်ရေးတင်းမာမှုတွေ ပိုမိုမြင့်တက်လာနိုင်တဲ့အခြေအနေကြောင့် နိုင်ငံရပ်ခြားမှာ နေထိုင်နေသူနဲ့ ခရီးသွားရောက်နေတဲ့ အမေရိကန်နိုင်ငံသားအားလုံးအတွက် ကမ္ဘာတစ်ဝန်း သတိပေးချက် (Worldwide Caution) ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ - အဆိုပါ သတိပေးချက်ဟာ လုံခြုံရေးခြိမ်းခြောက်မှုတွေ၊ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ် မြင့်တက်လာတာကြောင့် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ - အမေရိကန်နိုင်ငံသားတွေကို သွားလာလှုပ်ရှားရာမှာ အထူးသတိထားဖို့၊ ဒေသတွင်း လုံခြုံရေးသတင်းတွေကို အမြဲစောင့်ကြည့်ဖို့နဲ့ သက်ဆိုင်ရာ သံရုံး၊ ကောင်စစ်ဝန်ရုံးတွေနဲ့ အဆက်အသွယ်မပြတ်ထားဖို့ အမေရိကန်အစိုးရက တိုက်တွန်းထားပါတယ်။ KT July 21

တောင်တရုတ်ပင်လယ် အငြင်းပွားမှု အရှိန်မြင့်၊ ဖိလစ်ပိုင်သံအမတ်ကို တရုတ်က ခေါ်ယူကန့်ကွက် တောင်တရုတ်ပင်လယ်ရှိ Second Thomas Shoal
တောင်တရုတ်ပင်လယ် အငြင်းပွားမှု အရှိန်မြင့်၊ ဖိလစ်ပိုင်သံအမတ်ကို တရုတ်က ခေါ်ယူကန့်ကွက် တောင်တရုတ်ပင်လယ်ရှိ Second Thomas Shoal ဒေသမှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေကြောင်းတပ်ဖွဲ့တွေ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ပြီးနောက် တရုတ်အစိုးရက ဖိလစ်ပိုင်သံအမတ်ကို ဘေဂျင်းမြို့သို့ ခေါ်ယူကာ ပြင်းထန်စွာ ကန့်ကွက်ခဲ့ပါတယ်။ - အဆိုပါ ဖြစ်စဉ်အတွင်း ဖိလစ်ပိုင်ရေတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဖက်စလုံးက အပြန်အလှန် အပြစ်တင်ပြောဆိုမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ - ဒီသံတမန်ရေးတင်းမာမှုဟာ မနီလာမှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ တိုက်ဆိုင်နေပြီး တောင်တရုတ်ပင်လယ်အရေးဟာ ဒေသတွင်း ဆွေးနွေးပွဲတွေရဲ့ အဓိကအာရုံစိုက်စရာ ကိစ္စတစ်ခုအဖြစ် ထပ်မံပေါ်လွင်လာခဲ့ပါတယ်။ KT July 21

မန္တလေး မိုးကောင်းတိုက် ဇယဝတီကျောင်းဆရာတော်ကြီး သက်တော် (၉၀) နှစ်တွင် ပျံလွန်တော်မူ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မိုးက
မန္တလေး မိုးကောင်းတိုက် ဇယဝတီကျောင်းဆရာတော်ကြီး သက်တော် (၉၀) နှစ်တွင် ပျံလွန်တော်မူ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မိုးကောင်းတိုက်၊ ဇယဝတီကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တသုဇနာဘိဝံသ မဟာထေရ်မြတ်ကြီးသည် ယနေ့ (ဇူလိုင် ၂၁ ရက်) နံနက် ၉ နာရီခွဲတွင် ပျံလွန်တော်မူသွားကြောင်း မန္တလေး သတင်းကွန်ရက်၏ ဖော်ပြချက်အရ သိရသည်။ သက်တော် (၉၀) နှစ်၊ သိက္ခာတော် (၇၀) ဝါရှိပြီဖြစ်သည့် ဆရာတော်ကြီးသည် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်များအပြင် သ.အ.စ ဓမ္မာစရိယ၊ ဝဋံသကာ နှင့် ပါဠိပါရဂူ ဘွဲ့တံဆိပ်တော်များကို ရရှိတော်မူထားသော သာသနာ့အာဇာနည် မဟာထေရ်တစ်ပါး ဖြစ်သည်။ ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူခြင်းနှင့် ပတ်သက်၍ ရပ်ဝေးရပ်နီးမှ တပည့်ဒါယကာ၊ ဒါယိကာမများ သိရှိနိုင်ရန် မန္တလေး သတင်းကွန်ရက်က သတင်းထုတ်ပြန်ထားပြီး စရဏပူဇာ အခမ်းအနား ကျင်းပမည့် အစီအစဉ်များကိုမူ ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်သည်။ ဓာတ်ပုံ- မန္တလေးသတင်းကွန်ရက်