uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling 👈

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Kanalga Telegram’da o‘tish

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Ko'proq ko'rsatish
283
Obunachilar
Ma'lumot yo'q24 soatlar
Ma'lumot yo'q7 kun
-730 kun
Postlar arxiv
မြန်မာနဲ့ ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ပြဿနာ တားဆီးဖို့အတွက် ကော်မတီအစည်းအဝေးကျင်းပခဲ့ရာယခုနှစ် ၂၀၂၆ အတွင်းမှာ တောမီ
မြန်မာနဲ့ ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ပြဿနာ တားဆီးဖို့အတွက် ကော်မတီအစည်းအဝေးကျင်းပခဲ့ရာယခုနှစ် ၂၀၂၆ အတွင်းမှာ တောမီး hotspot တွေကို စနစ်တကျ လိုက်စစ်တာ၊ လူထုကို အသိပညာပေးတာနဲ့ ထိုင်းနိုင်ငံနဲ့ နည်းပညာပိုင်း ပူးပေါင်းတာတွေ လုပ်ခဲ့လို့ တောမီး hotspot အကြိမ်ရေကို ၂၀၂၄ ခုနှစ်နဲ့ ယှဉ်ရင် ၁၁ ရာခိုင်နှုန်း (အကြိမ်ရေ ၅,၅၀၀ ကျော်) အထိ လျှော့ချနိုင်ခဲ့တယ်လို့သိရပါတယ်.. ဒါပေမဲ့ မိုး/ဇလရဲ့ သတိပေးချက်အရ ဒီနှစ်ကုန်ပိုင်းမှာ အားအလွန်ကောင်းတဲ့ အယ်နီညိုရာသီဥတု ကြုံရနိုင်ပြီး အပူရှိန်ပြင်းကာ တောမီးလောင်လွယ်နိုင်တဲ့အတွက်၊ လာမယ့် ၂၀၂၇ ပွင့်လင်းရာသီမှာ မီးခိုးမြူငွေ့ ထပ်မဖြစ်အောင် ဘာတွေ ကြိုပြင်ထားကြမလဲဆိုတာကို ဝန်ကြီးဌာနအလိုက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါတယ်… မှိုင်းဝေ

"မြေငလျင်သတင်း" မတူပီမြို့၏ အ‌ရှေ့တောင်ဘက် ဗဟိုပြု၍ ပမာဏ ၄.၀(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုသည် ဇူလိုင် ၁၅ ရက်
"မြေငလျင်သတင်း" မတူပီမြို့၏ အ‌ရှေ့တောင်ဘက် ဗဟိုပြု၍ ပမာဏ ၄.၀(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုသည် ဇူလိုင် ၁၅ ရက် မနက် ၄ နာရီ ၁၂ မိနစ်ခန့်က လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ KT July 15

⚠️ Warning ⚠️ (သတိပြုရမယ့် အယ်နီညို အခြေအနေ) မြန်မာနိုင်ငံမှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လမှစ တင်၍ အားအသင့်အတင့် ရှိတဲ့ အယ်နီညို ဖြစ
⚠️ Warning ⚠️ (သတိပြုရမယ့် အယ်နီညို အခြေအနေ) မြန်မာနိုင်ငံမှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လမှစ တင်၍ အားအသင့်အတင့် ရှိတဲ့ အယ်နီညို ဖြစ်ပေါ်နေပြီး ၂၀၂၆ နှစ်ကုန်ပိုင်း မှာ အားအလွန်ကောင်း တဲ့ အယ်နီညို ဖြစ်မယ်လို့ မိုး/ဇလက ခန့်မှန်းထားတယ်လို့ ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ် အောင်မျိုးသန့် က နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျော့နည်းကျဆင်းရေး အစည်းအဝေး မှာ သတိပေးပြောကြားသွားပါတယ်။ - အယ်နီညို ဖြစ်လာရင် အကျိုးဆက်ကတော့ အပူချိန်မြင့်တက်ခြင်း၊ သစ်တောများ ခြောက်သွေ့လွယ်ပြီး တောမီးများ အကြီးအကျယ်လောင်ခြင်း၊ မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲခြင်း တို့ကြောင့် အယ်နီညို ဖြစ်ပေါ်နေတဲ့ကာလအတွင်း ရေကြီး၊ မြေပြို၊ အပူချိန် အလွန်ပြင်းထန်၊ တောမီးအကြီးအကျယ်လောင် နိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်နိုင်ကြောင်း သိရှိရပါတယ်။ - ဒါကြောင့် အစိုးရသက်ဆိုင်ရာဝန်ကြီးဌာနများက အယ်နီညို ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အလေးထား ကြိုတင်ပြင်ဆင်ထားကြရန် သတိပေးနှိုးဆော်လိုက်ရပါတယ်။ KT July 15

ငြိမ်းချမ်းမှုရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌတို့ပြော ငြိမ်းချ
ငြိမ်းချမ်းမှုရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌတို့ပြော ငြိမ်းချမ်းမှုရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီတို့က ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ဇူလိုင် ၁၄ ရက်က တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (အဋ္ဌမမြောက်နေ့)ကိုလာရောက်လေ့လာသည့် မြန်မာ နိုင်ငံခရစ် ယာန်ဂိုဏ်းပေါင်းစုံငြိမ်းချမ်းရေးအထောက် အကူပြုဗဟိုကော်မတီမှ ဗဟိုကော်မတီဝင် သိက္ခာတော် ရ ဆရာဒေါက်တာမောရစ်လျန်နာနှင့် အဖွဲ့ဝင်များအားတွေ့ဆုံစဥ်ပြောကြားခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဥ် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌတို့က ငြိမ်းချမ်းရေးအတွက် မြန် မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံငြိမ်းချမ်းရေးအ ထောက်အကူပြုဗဟိုကော်မတီ၏ ဆောင်ရွက်ချက်များကို ကျေးဇူးသည်ဟု ပြောကြားခဲ့ကြသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ငြိမ်းချမ်းမှုရှိမှသာ-တ/

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့အခမ်းအနားကျင်းပမည်ဖြစ်သဖြင့် ရန်ကုန်မြို့ရှိ လမ်းအချို့ ယာယီပိတ်မည် (၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်း
ဇူလိုင် ၁၉ ရက် အာဇာနည်နေ့အခမ်းအနားကျင်းပမည်ဖြစ်သဖြင့် ရန်ကုန်မြို့ရှိ လမ်းအချို့ ယာယီပိတ်မည် (၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများ ကျင်းပမည့် ၂၀၂၆ ခုနှစ် ဇူ လိုင် ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ နေရာအချို့၌ လမ်းပိတ်ခြင်းနှင့် လမ်းလွှဲခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးထုတ်ပြန်သည်။ အာဇာနည်ဗိမာန်တွင် အခမ်းအနားကျင်းပမည့် နံနက် ၄ နာရီမှ အခမ်းအနားပြီးဆုံးချိန်အထိ အနောက်ရွှေဂုံတိုင်လမ်း၊ ရွှေဂုံတိုင်လမ်း၊ အာဇာနည်လမ်းနှင့် ဦးဝိစာရလမ်းတို့၏ အချို့အပိုင်းများကို ယာယီလမ်းပိတ်၊ လမ်းလွှဲများ ပြုလုပ်သွားမည်ဖြစ်သည်။ ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ဖွင့်လှစ်ပြသမည့် နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိ နတ်မောက်လမ်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းနှင့် ဗိုလ်ချိုလမ်းတို့တွင်လည်း လမ်းပိတ်၊ လမ်းလွှဲအစီအစဉ်များ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ဇူလိုင်-၁၉-ရက်-အာဇာနည်နေ/

သံအမတ်ကြီး ဦးမင်းသိမ်းအား ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ် ဩစတြီးယားနိုင်ငံ မြန်မာသံအမတ်ကြီးနှင
သံအမတ်ကြီး ဦးမင်းသိမ်းအား ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ် ဩစတြီးယားနိုင်ငံ မြန်မာသံအမတ်ကြီးနှင့် ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးမင်းသိမ်းအား ကူဝိတ်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း သိရသည်။ ဦးမင်းသိမ်းသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာရေးရာများတွင် ဆယ်စုနှစ်ချီ တာဝန်ထမ်းဆောင်ခဲ့သော ဝါရင့် သံတမန်တစ်ဦး ဖြစ်ကြောင်း သိရသည်။

"အီရန်စစ်ပွဲအငြင်းပွားမှုကြောင့် အမေရိကန် ကာကွယ်ရေးဘတ်ဂျက် ဒေါ်လာ ၁.၁၅ ထရီလီယံဥပဒေကြမ်း ရပ်တန့်" အမေရိကန်အထက်လွှတ်တော်က ဒီမို
"အီရန်စစ်ပွဲအငြင်းပွားမှုကြောင့် အမေရိကန် ကာကွယ်ရေးဘတ်ဂျက် ဒေါ်လာ ၁.၁၅ ထရီလီယံဥပဒေကြမ်း ရပ်တန့်" အမေရိကန်အထက်လွှတ်တော်က ဒီမိုကရက်တစ်အမတ်တွေဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အီရန်အပေါ် စစ်ရေးဆောင်ရွက်မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ ဒေါ်လာ ၁.၁၅ ထရီလီယံ တန်ဖိုးရှိ အမျိုးသားကာကွယ်ရေးအသုံးစရိတ် (NDAA) ဥပဒေကြမ်းကို ပိတ်ဆို့လိုက်တယ်။ ဒီမိုကရက်ခေါင်းဆောင် ချတ်ရှူးမားကတော့ ကွန်ဂရက်ရဲ့ ခွင့်ပြုချက်နဲ့ ရှင်းလင်းတဲ့ မဟာဗျူဟာမရှိဘဲ စစ်ရေးဆောင်ရွက်နေတာကို ထောက်ခံပေးတဲ့ ဥပဒေမျိုး မဖြစ်သင့်ဘူးလို့ ဝေဖန်ခဲ့တယ်။ - တစ်ဖက်မှာတော့ ရီပတ်ဘလီကန်အမတ်တွေက ဒီမိုကရက်တွေဟာ အမျိုးသားလုံခြုံရေးကိစ္စကို နိုင်ငံရေးအတွက် အသုံးချနေတယ်လို့ ပြန်လည်ဝေဖန်ခဲ့ပြီး ဒီဥပဒေကြမ်းထဲမှာ စစ်သည်လစာတိုးမြှင့်ရေး၊ ဒရုန်းနဲ့ သင်္ဘောတည်ဆောက်ရေးလို အရေးကြီးအသုံးစရိတ်တွေ ပါဝင်နေတယ်လို့ ဆိုတယ်။ - အီရန်စစ်ပွဲနဲ့ပတ်သက်တဲ့ သဘောထားကွဲလွဲမှုတွေကြောင့် အမေရိကန်ရဲ့ ကာကွယ်ရေးဘတ်ဂျက်ဥပဒေကြမ်းဟာ လက်ရှိအချိန်ထိ အကျပ်ရိုက်နေဆဲ ဖြစ်ပါတယ်။ KT July 15

"အမေရိကန် ငွေဖောင်းပွမှုကျလို့ ဒေါ်လာတန်ဖိုး အားပျော့လာ" အမေရိကန်နိုင်ငံရဲ့ ဇွန်လ ငွေကြေးဖောင်းပွမှုနှုန်းဟာ မျှော်မှန်းထားတာ
"အမေရိကန် ငွေဖောင်းပွမှုကျလို့ ဒေါ်လာတန်ဖိုး အားပျော့လာ" အမေရိကန်နိုင်ငံရဲ့ ဇွန်လ ငွေကြေးဖောင်းပွမှုနှုန်းဟာ မျှော်မှန်းထားတာထက် ပိုမိုကျဆင်းလာခဲ့တာကြောင့် အမေရိကန်ဗဟိုဘဏ် (Fed) က အတိုးနှုန်းကို အလျင်အမြန် ထပ်တိုးဖို့ မဖြစ်နိုင်သေးဘူးလို့ ဈေးကွက်က ခန့်မှန်းလာပြီး အမေရိကန်ဒေါ်လာတန်ဖိုးလည်း အားပျော့ကျဆင်းလာခဲ့တယ်။ ဈေးကွက်လေ့လာသူတွေကတော့ ဒီအခြေအနေဟာ Fed ရဲ့ တင်းကျပ်တဲ့ ငွေကြေးမူဝါဒတွေ လျော့ပါးလာနိုင်တဲ့ အချက်ပြတစ်ခုလို့ သုံးသပ်နေကြပါတယ်။ - ဒါပေမယ့် အရှေ့အလယ်ပိုင်းဒေသက ပဋိပက္ခတွေကြောင့် ရေနံဈေးနှုန်းတွေ မြင့်တက်နေဆဲဖြစ်တာက ငွေကြေးဖောင်းပွမှုကို ဆက်လက်ဖိအားပေးနိုင်တာကြောင့် ဒေါ်လာတန်ဖိုးကျဆင်းမှုဟာ ယာယီသာ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားကြပါတယ်။ KT July 15

ချင်းတွင်းမြစ်ရေနှင့် စစ်တောင်းမြစ်ရေ မြို့(၃)မြို့၏ စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေ Credit to Popular Journal - မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဇူလိုင် ၁၅ ရက်နံနက် ၈ နာရီထုတ်ပြန်ချက်အရ ချင်းဘတွင်းမြစ်ရေနှင့် စစ်တောင်းမြစ်ရေတို့ မြို့(၃)မြို့၏ စိုး ရိမ်ရေမှတ်အထက်ရောက်ရှိနေကြောင်း သိရသည်။ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ကျော်တွင်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း၌ စိုးရိမ်ရေမှတ်အောက်ပြန်လည်ကျဆင်းလာနိုင်ကာ ဖောင်းပြင်မြို့တွင်လည်း ချင်းတွင်းမြစ်ရေမှာ မြို့၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ကျော်တွင် ရောက်ရှိနေရာမှ လာမည့် ၂၄ နာရီအတွင်း ပေဝက်ခန့်ထပ်မံမြင့်တက်ကာ စိုးရိမ်ရေမှတ်အထက်၌ ဆက် လက်တည်ရှိနိုင်ကြောင်း သိရသည်။ ထို့ပြင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေမှတ်အထက် (၁)ပေခန့်တွင်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ပြီး မြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ မဒေါက်မြို့နယ်တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေ […]

ငြိမ်းချမ်းမှုရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌတို့ပြော Credit to Popular Journal - ငြိမ်းချမ်းမှုရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီတို့က ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ဇူလိုင် ၁၄ ရက်က တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (အဋ္ဌမမြောက်နေ့)ကိုလာရောက်လေ့လာသည့် မြန်မာ နိုင်ငံခရစ် ယာန်ဂိုဏ်းပေါင်းစုံငြိမ်းချမ်းရေးအထောက် အကူပြုဗဟိုကော်မတီမှ ဗဟိုကော်မတီဝင် သိက္ခာတော် ရ ဆရာဒေါက်တာမောရစ်လျန်နာနှင့် အဖွဲ့ဝင်များအားတွေ့ဆုံစဥ်ပြောကြားခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဥ် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌတို့က ငြိမ်းချမ်းရေးအတွက် မြန် မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံငြိမ်းချမ်းရေးအ ထောက်အကူပြုဗဟိုကော်မတီ၏ ဆောင်ရွက်ချက်များကို ကျေးဇူးသည်ဟု ပြောကြားခဲ့ကြသည်။ ထို့ပြင် ငြိမ်းချမ်းမှုရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဟုပြောကြားခဲ့ကြပြီး နိုင်ငံတော်မှ ငြိမ်းချမ်းရေးအ တွက် လက်ရှိဆောင်ရွက်နေမှုများကိုလည်း ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့အတူ သိက္ခာတော်ရဆရာ ဦးစောချစ်မျိုးကလည်း သာသနာရေးဆိုင်ရာများ၊ ငြိမ်းချမ်းရေးအတွက် ခရစ် ယာန်ဂိုဏ်းပေါင်းစုံမှကူညီဆောင်ရွက်နေမှုများ၊ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် တိုင်းနှင့် ပြည်နယ်များတွင် ငြိမ်းချမ်းရေးဆုတောင်းပွဲများဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။

"မော်စကိုကို ယူကရိန်းဒရုန်း ၃၄၀ ကျော်နဲ့ တိုက်ခိုက်၊ ရုရှားက အများစုကို ပစ်ချနိုင်တယ်လို့ဆို" ရုရှားမြို့တော် မော်စကိုနဲ့ အနီ
"မော်စကိုကို ယူကရိန်းဒရုန်း ၃၄၀ ကျော်နဲ့ တိုက်ခိုက်၊ ရုရှားက အများစုကို ပစ်ချနိုင်တယ်လို့ဆို" ရုရှားမြို့တော် မော်စကိုနဲ့ အနီးပတ်ဝန်းကျင်ဒေသတွေကို ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်းဘက်က ဒရုန်းအစင်းရေ ၃၄၀ ကျော်နဲ့ အကြီးအကျယ် တိုက်ခိုက်ခဲ့ပေမယ့် အများစုကို လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေက မြို့ပြင်မှာပဲ ပစ်ချနိုင်ခဲ့တယ်လို့ မော်စကိုမြို့တော်ဝန် ဆာဂေး ဆိုဗျာနင်က ပြောကြားခဲ့တယ်။ ရုရှားဘက်ကတော့ ဒီတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုနဲ့ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှု မရှိဘူးလို့ ထုတ်ပြန်ထားတယ်။ - တစ်ဖက်မှာလည်း ယူကရိန်းက ရုရှားနိုင်ငံအတွင်းရှိ ရေနံချက်စက်ရုံနဲ့ ဓာတုစက်ရုံတွေကို ဒရုန်းနဲ့ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ကြေညာထားပြီး၊ ရုရှားကလည်း ယူကရိန်းမြို့တော် ကိဗ်ကို ဒရုန်းနဲ့ ပဲ့ထိန်းဒုံးကျည်တွေ အသုံးပြုပြီး ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်အကြား လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာနေတယ်။ KT July 15

Sky Villa ပိုင်ရှင် ထောင်ဒဏ် ထပ်တိုး ချမှတ်ခံရပေမဲ့ တရားမျှတမှု မရှိသေးဘူးလို အခန်းပိုင်ရှင်အချိုပြော
Sky Villa ပိုင်ရှင် ထောင်ဒဏ် ထပ်တိုး ချမှတ်ခံရပေမဲ့ တရားမျှတမှု မရှိသေးဘူးလို အခန်းပိုင်ရှင်အချိုပြော

Social Media ပေါ်တွင် မကွေးတိုင်း PDF ကွပ်ကဲရေးမှူးဟုဆိုသူ နေဇင်လတ်၏ လူမှုရေးဖောက်ပြန်မှုများ ပျံ့နှံလျက်ရှိ။
Social Media ပေါ်တွင် မကွေးတိုင်း PDF ကွပ်ကဲရေးမှူးဟုဆိုသူ နေဇင်လတ်၏ လူမှုရေးဖောက်ပြန်မှုများ ပျံ့နှံလျက်ရှိ။

"ည ၁၂ နာရီကျော်ရင် လူငယ်တွေကို Social Media အလိုအလျောက်ပိတ်မယ့် စနစ် ဗြိတိန် စတင်မယ်" ဗြိတိန်အစိုးရက အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အ
"ည ၁၂ နာရီကျော်ရင် လူငယ်တွေကို Social Media အလိုအလျောက်ပိတ်မယ့် စနစ် ဗြိတိန် စတင်မယ်" ဗြိတိန်အစိုးရက အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ် လူငယ်တွေရဲ့ ညဉ့်နက်သန်းခေါင် Social Media သုံးစွဲမှုကို လျှော့ချဖို့ Overnight Curfew စနစ်သစ်ကို ထုတ်ပြန်လိုက်တယ်။ ဒီစနစ်အရ ည ၁၂ နာရီကနေ မနက် ၆ နာရီအထိ Instagram, Facebook, TikTok နဲ့ Snapchat တို့ကို အလိုအလျောက် ပိတ်ထားမှာဖြစ်ပြီး၊ စွဲလမ်းလွယ်စေတဲ့ Infinite Scrolling စနစ်ကိုလည်း ကန့်သတ်ထားမယ်လို့ ဆိုတယ်။ - အစိုးရဘက်ကတော့ ဒီအစီအစဉ်ဟာ လူငယ်တွေ အိပ်ရေးဝဝအိပ်နိုင်ဖို့နဲ့ ကျန်းမာတဲ့ လူနေမှုဘဝတည်ဆောက်နိုင်ဖို့ ရည်ရွယ်ထားတာလို့ ပြောထားတယ်။ ဒါပေမယ့် ဝေဖန်သူတွေကတော့ ဒီ Curfew ကို ဖုန်း Setting ကနေ အလွယ်တကူ ပိတ်နိုင်တာကြောင့် ထိရောက်မှုရှိမှာ မဟုတ်ဘူးလို့ ထောက်ပြနေကြပြီး၊ စည်းမျဉ်းအသစ်တွေကို ၂၀၂၇ ခုနှစ် နွေဦးရာသီမှာ စတင်အသက်ဝင်ဖို့ စီစဉ်ထားတယ်။ KT July 15

"အီရန် မညှိနှိုင်းရင် လျှပ်စစ်စက်ရုံနဲ့ တံတားတွေကို တိုက်မယ်လို့ ထရမ့် ခြိမ်းခြောက်" အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အစိုးရအ
"အီရန် မညှိနှိုင်းရင် လျှပ်စစ်စက်ရုံနဲ့ တံတားတွေကို တိုက်မယ်လို့ ထရမ့် ခြိမ်းခြောက်" အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အစိုးရအနေနဲ့ ဆွေးနွေးညှိနှိုင်းမှု မလုပ်ဘဲ သဘောတူညီချက် မရခဲ့ရင် လာမယ့်သီတင်းပတ်မှာ အမေရိကန်ရဲ့ စစ်ရေးတိုက်ခိုက်မှုတွေကို ပိုမိုတိုးမြှင့်ပြီး အီရန်နိုင်ငံထဲက လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ တံတားတွေကို ပစ်မှတ်ထား တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ပြောကြားခဲ့တယ်။ - ဒီခြိမ်းခြောက်မှုက ဟော်မုဇ်ရေလက်ကြားမှာ တင်းမာမှုတွေ ပြန်မြင့်တက်နေပြီး အမေရိကန်က အီရန်ကို ဆက်တိုက် စစ်ရေးတိုက်ခိုက်နေချိန်မှာ ထွက်ပေါ်လာတာလည်း ဖြစ်တယ်။ ဒါပေမယ့် အရပ်ဘက်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်ဆိုတဲ့ ပြောကြားချက်အပေါ် နိုင်ငံတကာဥပဒေပညာရှင်အချို့က စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ခံရနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ဝေဖန်ထောက်ပြနေကြတယ်။ (ပါဝါကြီးရင် ဘယ်သူမှ ပါးစပ်မဟရဲ) KT July 15

မကွေးတိုင်း PDF ကွပ်ကဲရေးမှူးဆိုတဲ့ကောင်က မယာငယ်နဲ့ သွားတွေ့တာတောင် သူ့အောက်က PDF တွေကို လုံခြုံလုပ်ခိုင်ပြီး တွေ့တာတဲ့.. တော
မကွေးတိုင်း PDF ကွပ်ကဲရေးမှူးဆိုတဲ့ကောင်က မယာငယ်နဲ့ သွားတွေ့တာတောင် သူ့အောက်က PDF တွေကို လုံခြုံလုပ်ခိုင်ပြီး တွေ့တာတဲ့.. တော်လှန်ရေးမှာ မယားငယ်ထားရင် လုံခြုံရေးတောင်လုပ်ပေးရတာပဲ... ပြီးရင် တော်လှန်ရေးကိုစိတ်မဝင်စားတဲ့ မယားငယ်ကို စခန်းထိခေါ်ပြီး ကျင်းတူးတာတဲ့.. ဒီကောင်က PDF တွေရဲ့လုံခြုံရေးကိုတောင် မငဲ့ကွက်ဘဲ သူ့မယားငယ်နဲ့ပျော်ပါးဖို့ပဲ သိတဲ့ကောင်ပဲ... ဒီလိုကောင်ကို တိုင်းကွပ်ကဲရေးမှူးဆိုပြီး ရာထူးတောင်ပေးထားလိုက်သေးတယ်... ဒါတင်လားဆိုတော့ မဟုတ်သေးဘူး.. တော်လှန်ရေးက ရတဲ့ငွေတွေကို ယူပြီး မီဇိုရမ်ဘက်ကို မယားငယ်နဲ့ ပျော်ပါဖို့အတွက် လုပ်ခဲ့သေးတာ,,, မယားငယ်ကမလိုက်လို့ဆိုပြီး မယားငယ်ကိုသူနဲ့လိုက်အောင် မယားကြီးကိုသွားပြီးပြောခိုင်းသေးတယ်တဲ့... ဘယ်လောက် ယုတ်မာလိုက်သလဲ... နှမသားချင်းကိုယ်ချင်းမစာမနာနဲ့... မိသားစုပေါ်မှာတောင် သစ္စာမရှိတဲ့ကောင်ကို တိုင်းပြည်နဲ့ PDF အတွေအပေါ်မှာ သစ္စာရှိမယ်လို့ထင်ပြီး မင်းတို့တွေ ကိုးကွယ်နေရင်တော့ မင်းတို့ထိုက်နဲ့ မင်းတို့ကံပဲ... မှိုင်းဝေ

ပြင်သစ်ကို နောက်ဆုံး သုံးကြိမ်ဆက် အနိုင်ယူပြီး စပိန် ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်လှမ်း အမေရိကန်၊ ဇူလိုင် ၁၅ ၂၀၂၆ ခုနှစ် ကမ္ဘာ
ပြင်သစ်ကို နောက်ဆုံး သုံးကြိမ်ဆက် အနိုင်ယူပြီး စပိန် ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်လှမ်း အမေရိကန်၊ ဇူလိုင် ၁၅ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပထမဆုံး ဆီမီးဖိုင်နယ်ပွဲစဉ်တွင် စပိန်အသင်းသည် ပြင်သစ်အသင်းကို အနိုင်ယူကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် ဒဲလပ်စ်ကွင်း၌ ယှဉ်ပြိုင်ခဲ့ပြီး  စပိန်အသင်းသည် ကျစ်လျစ်သော အသင်းလိုက်စုဖွဲ့မှုများဖြင့် ပြင်သစ်အသင်းကို ဖိအားပေးကစားကာ အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ စပိန်အသင်းအတွက် ပထမဦးဆောင်ဂိုးကို ပွဲကစားချိန် ၂၂ မိနစ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး၊ လူငယ်ကြယ်ပွင့် ယာမယ် ကို ပြင်သစ်နောက်ခံလူ ဖျက်ထုတ်ပုံမှားယွင်းခဲ့၍ ရရှိသည့် ပင်နယ်တီမှတစ်ဆင့် အိုယာဇာဘယ်လ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ခြင်းလည်း ဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ပြင်သစ်ကို-နောက်ဆုံး-သုံ/

ရုရှားဟက်ကာအဖွဲ့ကို အမေရိကန် တရားစွဲ၊ သတင်းပေးသူအား ဒေါ်လာ ၁၀ သန်း ဆုချမည် အမေရိကန် တရားရေးဝန်ကြီးဌာနက ရုရှားစစ်ဘက်ထောက်လှမ်း
ရုရှားဟက်ကာအဖွဲ့ကို အမေရိကန် တရားစွဲ၊ သတင်းပေးသူအား ဒေါ်လာ ၁၀ သန်း ဆုချမည် အမေရိကန် တရားရေးဝန်ကြီးဌာနက ရုရှားစစ်ဘက်ထောက်လှမ်းရေးအဖွဲ့ (GRU) နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲထားတဲ့ "Cyber Army of Russia Reborn" ဟက်ကာအဖွဲ့ဝင်တွေကို တရားစွဲဆိုထားကြောင်း ထုတ်ပြန်လိုက်ပြီး ဖမ်းဆီးနိုင်မယ့် သတင်းအချက်အလက်ပေးနိုင်သူကို အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ဆုကြေးပေးမယ်လို့ ကြေညာခဲ့ပါတယ်။ - အဆိုပါအဖွဲ့ဟာ အမေရိကန်ရဲ့ ရေပေးဝေရေးစနစ်၊ လျှပ်စစ်ဓာတ်အားပေးကွန်ရက်နဲ့ သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံတွေကို ဆိုက်ဘာတိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တယ်လို့ FBI က စွပ်စွဲထားပါတယ်။ အမေရိကန်ဘက်ကတော့ ဒီဆုကြေးအစီအစဉ်ဟာ အမျိုးသားလုံခြုံရေးကို ထိခိုက်စေတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကို တားဆီးပြီး တာဝန်ရှိသူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ကြောင်း ပြောကြားထားပါတယ်။ (သူတို့လုပ်တော့ အကောင်း၊ သူများလုပ်တော့ ဝရမ်းထုတ်) KT July 15

အင်ဒိုနီးရှားကအာဆီယံစီးပွားရေးဖိုရမ်ကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပမည် ဂျာကာတာ၊ ဇူလိုင် ၁၄ ရက် ပင်လယ်သမုဒ္ဒရာကို အခြေခံသည့် ရေရှည
အင်ဒိုနီးရှားကအာဆီယံစီးပွားရေးဖိုရမ်ကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပမည် ဂျာကာတာ၊ ဇူလိုင် ၁၄ ရက် ပင်လယ်သမုဒ္ဒရာကို အခြေခံသည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကောင်းဆုံး လုပ်ဆောင်ချက်များကို အပြန်အလှန် မျှဝေဆွေးနွေးရန်အတွက် အင်ဒိုနီးရှားနိုင်ငံသည် လာမည့် သောကြာနေ့မှ စနေနေ့အထိ ဂျာဗားအရှေ့ပိုင်းပြည်နယ် ဘန်ယူဝမ်ဂီခရိုင် တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ ပါဝင်မည့် နိုင်ငံတကာ အပြာရောင်စီးပွားရေး (Blue economy) ဖိုရမ်တစ်ခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်သည်။ “ASEAN-ID Blue Forum” ဟု အမည်ရသည့် အဆိုပါဖိုရမ်ကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပင်လယ်ပြင်ရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနတို့က နူးဇီလန်နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ စီစဉ်ကျင်းပခြင်း ဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/အင်ဒိုနီးရှားကအာဆီယံစီ/

လောက်ကိုင်မှာ CDM ဆရာဝန်က CDM အမျိုးသမီးကို မုဒိမ်းကျင့်မှုဖြစ်ပွာ။ #local@localnews67