uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling 👈

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Kanalga Telegram’da o‘tish

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Ko'proq ko'rsatish
284
Obunachilar
Ma'lumot yo'q24 soatlar
+27 kun
-630 kun
Postlar arxiv
+4
ဇူလိုင်_၂၀_ကြေးမုံသတင်းစာ_1.pdf4.65 MB

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ ရှင် 🙏🙏🙏 -
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ ရှင် 🙏🙏🙏 -

ဗိုလ်ချုပ် အမွေပေးခဲ့တဲ့ အာဇာနည်စိတ်ဓာတ် https://vt.tiktok.com/ZSXx1Q7PS/ ဖိုးမောင်

NUG အဖွဲ့က မယားငယ်အားထောက်ပံ့မည့် ငွေထဲမှ တစ်ညစာကိုထုတ်ပြီးရေဘေးဒဏ်ခံနေရသည့် ရခိုင်အစွန်းရောက်တွေကို လှူဒါန်းပေး မှိုင်းဝေ
NUG အဖွဲ့က မယားငယ်အားထောက်ပံ့မည့် ငွေထဲမှ တစ်ညစာကိုထုတ်ပြီးရေဘေးဒဏ်ခံနေရသည့် ရခိုင်အစွန်းရောက်တွေကို လှူဒါန်းပေး မှိုင်းဝေ

July-19 ▪️ TNLA နဲ့ NSPNC တို့ နေပြည်တော်မှာ တွေ့တယ်။ ငြိမ်းချမ်းရေးရှုထောင့်ကကြည့်ရင် ကောင်းတယ် ဆိုပေမယ့် TNLA အနေနဲ့ မလုပ်သ
July-19 ▪️ TNLA နဲ့ NSPNC တို့ နေပြည်တော်မှာ တွေ့တယ်။ ငြိမ်းချမ်းရေးရှုထောင့်ကကြည့်ရင် ကောင်းတယ် ဆိုပေမယ့် TNLA အနေနဲ့ မလုပ်သင့်တာတွေ လုပ်ခဲ့တယ်လို့ ပြောလို့ရတယ်။ ၂၀၀၈ ခြေဥမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ရှိနေပါရက်နဲ့ ပြည်နယ်တိုးရချင်တာက သန္နီ၊ ကွတ်ခိုင် တို့က ပလောင်အများဆုံး နေထိုင်ကြတဲ့ ဆက်စပ်နယ်မြေလည်း မဟုတ်။ နယ်မြေဖွံ့ဖြိုးတက်ရေးဆိုတာ ဖြတ်လမ်းနည်းနဲ့ သွားလို့ မှမရဘဲ။ အမဲစက်အဖြစ် သမိုင်းမှာ ထင်ကျန်ဖို့ မလုပ်တာ အကောင်းဆုံးပါ။ မန်တုံမြေမှာ ရှေးဘိုးစဉ်ဘောင်ဆက်က ငြိမ်းချမ်းရေးအတွက် ဦးတည်ခဲ့ကြတဲ့ လုပ်ရပ်တွေကို လက်နဲ့ ရေးတာ ခြေနဲ့ မဖျက်မိဖို့ လိုတယ်။ (နရီမိုး)

ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၌ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထူးပြပွဲ ပြသထားရာ လာရောက်လေ့လာသူ ရဟန်းရှင်
ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၌ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထူးပြပွဲ ပြသထားရာ လာရောက်လေ့လာသူ ရဟန်းရှင်လူပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများဖြင့် အထူးပင်စည်ကား KT July 19

မော်လိုက်မြို့ရှိ ဝန်ထမ်းများနှင့် ဒေသခံများအား စားအုန်းဆီများ သက်သာစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း စစ်ကိုင်းတိုင်း
မော်လိုက်မြို့ရှိ ဝန်ထမ်းများနှင့် ဒေသခံများအား စားအုန်းဆီများ သက်သာစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများနှင့် ဒေသခံများ အတွက် ဇူလိုင် ၁၈ ရက်မှ စပြီး စားအုန်းဆီများ သက်သာစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 🌴 မြို့နယ်ထွေအုပ်ရုံး၌ အိမ်ထောင်စု တစ်စုလျှင် စားအုန်းဆီ (၂) ပိဿာ ဝယ်ယူနိုင်မည် ဖြစ်ပြီး ပြင်ပပေါက်ဈေးထက် ဈေးနှုန်း သက်သာစွာ ဇူလိုင် ၂၀ ရက် အထိ ဆက်လက် ရောင်းချ ပေးမည် ဖြစ်ကြောင်း သိရသည်။ 🛍️ ဒေသခံများ အတွက် ဤကဲ့သို့ သက်သာစျေးနှုန်း ဖြင့် စားအုန်းဆီ ရောင်းချ ပေးခြင်း ကြောင့် အိမ်ထောင်စု များ အတွက် အခက်အခဲ များ လျှော့နည်း သွား မည် ဖြစ်၍ ဝမ်းသာ ဖြစ်ရသည်။ 🙏 စားအုန်းဆီ ဝယ်ယူရန် အတွက် ဒေသခံ များ အဆင်ပြေ စေရန် မြို့နယ် ထွေ အုပ်ရုံး များ က စီမံ ဆောင်ရွက် ပေး လျက် ရှိ ကြောင်း သိ ရ သည်။ 💛

အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ရန်ကုန်မြို့တော်ခန်းမ၌ ဆွမ်းဆက်ကပ်ပြီး အလှူဒါနပြုအမျှ ပေးဝေ ယနေ့ ဇူလိုင် ၁၉ ရက်တွင်ကျရော
အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ရန်ကုန်မြို့တော်ခန်းမ၌ ဆွမ်းဆက်ကပ်ပြီး အလှူဒါနပြုအမျှ ပေးဝေ ယနေ့ ဇူလိုင် ၁၉ ရက်တွင်ကျရောက်သည့် (၇၉)နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ရန်ကုန်မြို့တော်ခန်းမ၌ ဆွမ်းဆက်ကပ်ပြီး အလှူဒါနပြုအမျှပေးဝေခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌဆရာတော်အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူကာ (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်၊ ဗဟိုကော်မတီ ဒု-ဥက္ကဋ္ဌ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌဦးဌေးအောင်တို့တက်ရောက်ကြည်ညိုပူဇော်ကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/အာဇာနည်ခေါင်းဆောင်ကြီး/

July-19 ▪️ မန္တလေးမှာ အိမ်ကူတစ်ဦး သုံးထပ်တိုက်ပေါ်မှာ အဝတ်လှမ်းနေချိန် ပြုတ်ကျသေဆုံး ဇူလိုင်လ ၁၉ ရက် မန္တလေးတိုင်း၊ အောင်မြေသ
July-19 ▪️ မန္တလေးမှာ အိမ်ကူတစ်ဦး သုံးထပ်တိုက်ပေါ်မှာ အဝတ်လှမ်းနေချိန် ပြုတ်ကျသေဆုံး ဇူလိုင်လ ၁၉ ရက် မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက် ၆၄၊ ရွှေလရောင်ဝင်းအတွင်းမှာ ဒီကနေ့ ဇူလိုင် ၁၉ရက် မနက် ၉ နာရီခွဲက အမျိုးသမီးတစ်ဦး သုံးထပ်တိုက်ပေါ်က ပြုတ်ကျပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ရွှေလရောင်အိမ်ရာဝင်းရှိ သုံးထပ်တိုက်ပေါ်ကနေ အမျိုးသမီးတစ်ဦး အဝတ်လှန်းနေစဉ် ပြုတ်ကျသေဆုံးသွားတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။ "ပြုတ်ကျတဲ့ အမျိုးသမီးက အိမ်အကူပါ။ အသက် ၅၀ ကျော်ပြီ။ အဝတ်လှန်းနေရင်း ပြုတ်ကျသွားတာလို့ ပြောပါတယ်။ ရဲစခန်းက စစ်ဆေးနေပါတယ်" လို့ သူက ပြောပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းတွေက မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး အမှတ် ၄ နယ်မြေရဲစခန်းက သေဆုံးတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

အာဇာနည်ခေါင်းဆောင်များ၏ လမ်းစဉ်ကို အကောင်အထည်ဖော်နေခြင်း 🌟 နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အာဇာနည်ခေါင်းဆောင်ကြီးများ
အာဇာနည်ခေါင်းဆောင်များ၏ လမ်းစဉ်ကို အကောင်အထည်ဖော်နေခြင်း 🌟 နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လမ်းစဉ်ကို အလေးထားပြီး အကောင်အထည်ဖော်နေခြင်းဖြစ်ပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မျှော်မှန်းချက်များကို အမျိုးသားရေးတာဝန်ကို ဦးထိပ်ထားပြီး အကောင်အထည်ဖော်နေခြင်းဖြစ်ပါတယ်။ အာဇာနည်နေ့ အခမ်းအနားကို တစိုက်မတ်မတ် တက်ရောက်ခဲ့ပါတယ်။ သမ္မတကြီးသည် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လမ်းစဉ်ကို အကောင်အထည်ဖော်နေခြင်းဖြစ်ပါတယ်။ 🙏 ဒီအခါ နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုးက ပြောကြားခဲ့ပါတယ်။ 🌈 အာဇာနည်ခေါင်းဆောင်ကြီးများ၏ လမ်းစဉ်ကို အကောင်အထည်ဖော်နေခြင်းဖြစ်ပါတယ်။ နိုင်ငံတော်အတွက် အသက်ပေးပြီး လွတ်လပ်ရေးတိုက်ယူခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်တွေကို အောက်မေ့သတိရတဲ့ အနေနဲ့ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ 🕊️

facebook website အသုံးပြု၍ မရ၊ facebook ကို အသုံးချ၍ ပြည်သူများကို နိုင်ငံရေးမှိင်းတိုက်နေသော ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်လှုဆော်
facebook website အသုံးပြု၍ မရ၊ facebook ကို အသုံးချ၍ ပြည်သူများကို နိုင်ငံရေးမှိင်းတိုက်နေသော ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်လှုဆော်သူများ အထူးစိုးရိမ်နေ၊

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှ ထန်းတပင်မြို့နယ်၌ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ(အခမဲ့) ဆောင်ရွက
+4
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှ ထန်းတပင်မြို့နယ်၌ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ(အခမဲ့) ဆောင်ရွက်ပေး ထန်းတပင်၊ ဇူလိုင် ၁၉ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုအသင်း (YMBA)မှ ဦးဆောင်၍ ရခိုင်ရိုးကြီးကျေးရွာအုပ်စု၊ ရခိုင်ရိုးကြီးကျေးရွာရှိ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်(၁၉)ရက်နေ့က (၆၀)ကြိမ်မြောက်အဖြစ်(အခမဲ့)ကုသပေးခြင်းကို အဆိုပါကျေးရွာရှိ မဇ္ဈိမပတ္တမြားရတနာမေတ္တာဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2026/07/ymba_0307213448.html

အမေရိကန်၏ “ကျူးကျော်မှုအသွင်” တိုက်ခိုက်မှုကို အီရန် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ တီဟီရန်၊ ဇူလိုင် ၁၃ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက် နံနက်ပိုင်းတွင် ကြေညာချက်ထုတ်ပြန်၍ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အမေရိကန်က အီရန်အပေါ် “ကျူးကျော်မှုအသွင်” တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။ အဆိုပါ မိုက်ရူးရဲဆန်သည့် တိုက်ခိုက်မှုများသည် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” ပါ သက်ဆိုင်ရာ သတ်မှတ်ချက်များကို ချိုးဖောက်နေပြီး နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအား ဆိုးရွားစွာ ခြိမ်းခြောက်နေကာ လွန်ခဲ့သည့်လအနည်းငယ်အတွင်း ဒေသတွင်းတင်းမာမှုအခြေအနေ အရှိန်ပြေလျော့စေရန်၊ ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ကြိုးပမ်းမှုအားလုံး သဲထဲရေသွန်ဖြစ်စေခဲ့ကြောင်း ကြေညာချက်ကဖော်ပြထားသည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2026/07/blog-post_240.html

ပုသိမ်ဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ ချန်နိုင်းဆိပ်ကမ်းသို့ မတ်ပဲ တစ်လလျှင် တန်ချိန် ၂၀,၀၀၀ ခန့်၊ တစ်နှစ်လျှင် တန်ချိန် ၂ သိန်းခန့
+5
ပုသိမ်ဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ ချန်နိုင်းဆိပ်ကမ်းသို့ မတ်ပဲ တစ်လလျှင် တန်ချိန် ၂၀,၀၀၀ ခန့်၊ တစ်နှစ်လျှင် တန်ချိန် ၂ သိန်းခန့်နှင့် အခြားဒေသထွက်ကုန်ပစ္စည်းများကို တင်ပို့သွားမည် ပုသိမ်၊ ဇူလိုင် ၁၃ ဧရာဝတီတိုင်းဒေသကြီးမှ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေးကိစ္စ နှင့်စပ်လျဉ်းပြီး ဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာ - အိန္ဒိယ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီမှတာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ ကုမ္ပဏီမှတာဝန်ရှိသူများက ဧရာဝတီတိုင်းဒေသကြီးမှ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးဆောင်ရွက်မည့် အစီအစဉ်များ၊ မြန်မာနိုင်ငံရှိ Green Rise Company Limited နှင့် အိန္ဒိယနိုင်ငံရှိ Super Power Trading Company Private Limited တို့ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီးမှထွက်ရှိသော မတ်ပဲ(Raw) များကို ဝယ်ယူကြိတ်ခွဲသန့်စင်(Gravity Cleaned) ပြုလုပ်ပြီး ထွက်ရှိသော Black Matpe(SQ, FAQ)များကို အိန္ဒိယနိုင်ငံသို့ တင်ပို့ ရောင်းချခြင်းနှင့် ငါးအစာကုန်ကြမ်းဖြစ်သော ပဲပုတ်ဖက်(Soybean Meal) များကို တင်သွင်းပြီး ငါးအစာတောင့်များ ထုတ်လုပ်ကာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငါးမွေးမြူရေး ကန်များသို့ ဖြန့်ဖြူးမည့် အစီအစဉ်များ၊ မတ်ပဲ တစ်လလျှင် တန်ချိန် ၂၀,၀၀၀ ခန့်၊ တစ်နှစ်လျှင် တန်ချိန် ၂ သိန်းခန့်နှင့် အခြားဒေသထွက်ကုန်ပစ္စည်းများကို ပုသိမ်ဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ ချန်နိုင်း ဆိပ်ကမ်းသို့ တင်ပို့သွားမည့် အခြေအနေများ၊ စီမံကိန်းမတည်ရင်းနှီးငွေ၊ လုပ်ငန်းစတင်မည့် ကာလ၊ ပို့ကုန်ရငွေ၏ ၅၀ % တန်ဖိုးရှိ ပြည်တွင်းလိုအပ်ချက်ရှိသော အိန္ဒိယ နိုင်ငံထွက်ကုန် များကို ပြန်လည်တင်သွင်းမည့်အခြေအနေများ၊ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2026/07/blog-post_292.html

Repost from MRTV
(၇၉)နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်သို့ လာရောက်ဂါရဝပြုကြသော ပြည်သူများဖြင့် စည်ကားလျက်ရှိ

Repost from MRTV
တုနှိုင်းမဲ့သော ထာဝရအာဇာနည်၏ မွေးဖွားရာ

ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာများ ဒေသအလိုက် လွတ်လပ်စွာ ဝယ်ယူနိုင်ရန် စီစဉ်ထား မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပ
ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာများ ဒေသအလိုက် လွတ်လပ်စွာ ဝယ်ယူနိုင်ရန် စီစဉ်ထား မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA)က တောင်သူများအနေဖြင့် မိုးစပါး၊ ဝါနှင့် မိုးသီးနှံများ စိုက်ပျိုးရာတွင် အဓိကအသုံးပြုလျက်ရှိသော ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာများကို ဒေသအလိုက် လုံလောက်စွာ၊ လွတ်လပ်စွာ ဝယ်ယူနိုင်ရေးအတွက် စီစဉ်ပေးထားကြောင်း အသိပေးထားသည်။ MFSPEA ၏ ထုတ်ပြန်ချက်အရ တောင်သူများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများကို ဒေသအသီးသီးတွင် လုံလောက်စွာ ရရှိနိုင်စေရန် စီစဉ်ထားပြီး ဝယ်ယူလိုသူများအနေဖြင့် သက်ဆိုင်ရာဒေသများ၌ အဆင်ပြေစွာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာ ဝယ်ယူရေးနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုသော တောင်သူများအနေဖြင့် ဖုန်းနံပါတ် ၀၉-၆၆၅၄၀၇၈၉၀ သို့ ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ကြောင်း MFSPEA က အသိပေးထားသည်။

အာဇာနည်နေ့ မြင်ကွင်းများ 🎉 ယနေ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်လျက်ရှိသော (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်
အာဇာနည်နေ့ မြင်ကွင်းများ 🎉 ယနေ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်လျက်ရှိသော (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားများ ဝန်ကြီးများရုံး မြင်ကွင်းများတွင် ကျင်းပနေပါသည်။ လွတ်လပ်ရေး တိုက်ပွဲတွင် အသက်စွန့်လွန်ခဲ့သော အာဇာနည်များအား ဂုဏ်ပြုပြီး နိုင်ငံတော် အဆောက်အအုံ များတွင် အလံနိပ်ချ ပြသခြင်း စသည့် အခမ်းအနားများ ကျင်းပနေပါသည်။ 🕊️ နိုင်ငံတော်၏ အချုပ်အာဏာ တည်တံ့ရေးနှင့် လွတ်လပ်ရေး စည်းစိမ်ကို ထိန်းသိမ်းရန် လိုအပ်သော အချက်များအား ဦးတည်ဆောင်ရွက် ရန် လိုအပ်ကြောင်း အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားများတွင် တင်ပြနေပါသည်။ 🙏 အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပနေရခြင်း အကြောင်း အာဇာနည် ခေါင်းဆောင်များ၏ ချမှတ်ခဲ့သော လွတ်လပ်ရေး တိုက်ပွဲ အောင်နိုင်ရေး အတွက် လူထု အားလုံး စည်းလုံး ညီညွတ်စွာ ဆောင်ရွက် ရန် လိုအပ်သော အချက် ဖြစ်ကြောင်း နှင့် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား အပြီးတွင် နိုင်ငံတော် အဆောက်အအုံ များတွင် အလံ လွှင့်တင် ပြသခြင်း စသည် တို့ကို တင်ပြ နေပါ သည်။ 🕊️

ဆယ်ကျော်သက်လူငယ်များ အတွက် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု အန္တရာယ်အကြောင်းစကားဝိုင်းပြုလုပ်မည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အန
ဆယ်ကျော်သက်လူငယ်များ အတွက် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု အန္တရာယ်အကြောင်းစကားဝိုင်းပြုလုပ်မည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့် ဆယ်ကျော်သက်လူငယ်များ အတွက် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု အန္တရာယ်အကြောင်းနှင့် ပတ်သက်ပြီး ဇူလိုင် (၂၄) ရက်နေ့တွင် စကားဝိုင်းဆွေးနွေးပွဲပြုလုပ်မည်ဖြစ်ကြောင်း WHO က ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။ ဆယ်ကျော်သက်လူငယ်များ၊ ၎င်းတို့၏ မိဘ၊ အုပ်ထိန်းသူများ၊ ဆရာ/ဆရာမများ၊ ဆယ်ကျော်သက် ကျန်းမာရေးစီမံကိန်းမန်နေဂျာများ၊ ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု အန္တရာယ်အကြောင်း ပညာပေးသူများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူအားလုံးအတွက် ကျင်းပပေးခြင်းဖြစ်ကြောင်းလည်း အသိပေးထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ “ဆေးလိပ်နှင့် ဆေးရွက်ကြီးထုတ်ကုန်များ၊ နီကိုတင်းထုတ်ကုန်အသစ်များနှင့် ကွမ်းသီးသုံးစွဲမှုဆိုင်ရာ အယူအဆမှားများနှင့် သိကောင်းစရာများအကြောင်း စကားဝိုင်း” ကို မြန်မာဘာသာဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ဆယ်ကျော်သက်လူငယ်များ-အတ/

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်‌ခေါင်း‌ဆောင်များက စည်းလုံးညီညွတ်တဲ့တိုင်းပြည်တစ်ခုဖြစ်အောင် ဘယ်လိုတည်ဆောက်ခဲ့ကြသလဲဆိုတာ လေ
ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်‌ခေါင်း‌ဆောင်များက စည်းလုံးညီညွတ်တဲ့တိုင်းပြည်တစ်ခုဖြစ်အောင် ဘယ်လိုတည်ဆောက်ခဲ့ကြသလဲဆိုတာ လေ့လာတန်ဖိုးထားဖို့လိုဟု နိုင်ငံတော် သမ္မတပြော "ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ အာဇာနည်ခေါင်းဆောင်တွေအပါအဝင် နိုင်ငံခေါင်းဆောင်တွေက နိုင်ငံကို ဘယ်လိုမျှော်မှန်းပြီးတည်ဆောက်ခဲ့ကြသလဲ စည်းလုံးညီညွတ်တဲ့တိုင်းပြည်တစ်ခုဖြစ်အောင် ဘယ်လိုတည်ဆောက်ခဲ့ကြသလဲဆိုတာ အမြဲတမ်းလေ့လာတန်ဖိုးထားဖို့လိုပါတယ်။ လွတ်လပ်ရေးရပြီး စုစည်းညီညွတ်တဲ့တိုင်းပြည်တည်ဆောက်ဖို့ အားလုံးကညီညွတ်ဖို့လိုပါတယ်။ အလုပ်လုပ်ဖို့နဲ့ စည်းကမ်းရှိဖို့လည်းလိုပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုရှိဖို့ကလည်း အရေးကြီးတဲ့အချက်ပါပဲ။ စုစည်းညီညွတ်တဲ့ပြည်ထောင်စုဖြစ်ဖို့ စည်းကမ်းနဲ့ ဥပဒေကို နားလည်ဖို့လိုပါတယ်" နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်) Video is too big