uz
Feedback
👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Kanalga Telegram’da o‘tish

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Ko'proq ko'rsatish
284
Obunachilar
Ma'lumot yo'q24 soatlar
-27 kun
-830 kun
Postlar arxiv
အနောက်တောင်မုတ်သုံလေ မြန်မာတစ်နိုင်ငံလုံးမှ လုံးဝဆုတ်ခွာပြီ ၂၀၂၆ ခုနှစ် မိုးရာသီ၏ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတစ်ဝန်
အနောက်တောင်မုတ်သုံလေ မြန်မာတစ်နိုင်ငံလုံးမှ လုံးဝဆုတ်ခွာပြီ ၂၀၂၆ ခုနှစ် မိုးရာသီ၏ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ လုံးဝဆုတ်ခွာသွားပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ အောက်တိုဘာ ၆ ရက်တွင် ထုတ်ပြန်သည်။ အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ စတင်ဆုတ်ခွာခဲ့ပြီး စက်တင်ဘာ ၂၅ ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ အောက်တိုဘာ ၂ ရက်တွင် မြစ်ဝကျွန်းပေါ်ဒေသများမှ အသီးသီးဆုတ်ခွာခဲ့သည်။ ထို့နောက် ယနေ့ အောက်တိုဘာ ၆ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးအပါအဝင် ကျန်ဒေသများမှ ဆုတ်ခွာခဲ့သဖြင့် မြန်မာတစ်နိုင်ငံလုံးမှ အနောက်တောင်မုတ်သုံလေ လုံးဝဆုတ်ခွာသွားခဲ့ခြင်းဖြစ်သည်။ မုတ်သုံလေဆုတ်ခွာနေသည့်ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၌ အောက်တိုဘာ ၅ ရက်က အမြင့်ဆုံးအပူချိန် ၃၆.၀ ဒီဂရီဆဲလ်စီးယပ်စ် (၉၆.၈ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့ပြီး အောက်တိုဘာလအတွက် နှစ်ပေါင်း ၂၅ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.facebook.com/share/p/1LeQnvrQC9/

နိုင်ငံဂုဏ်ဆောင် ဆုတံဆိပ်ရရှိဖို့ အိပ်မက်တွေကို လုပ်ပြနိုင်ခဲ့ပြီဆိုတဲ့ ဒေါက်တာကောင်းမြတ်စံ "အဓိကက ဉာဏအားရယ်၊ စိတ်ဓာတ်ခွန်အား
နိုင်ငံဂုဏ်ဆောင် ဆုတံဆိပ်ရရှိဖို့ အိပ်မက်တွေကို လုပ်ပြနိုင်ခဲ့ပြီဆိုတဲ့ ဒေါက်တာကောင်းမြတ်စံ "အဓိကက ဉာဏအားရယ်၊ စိတ်ဓာတ်ခွန်အားနဲ့ နည်းပညာပိုင်းကို အားကိုးပြီး ဆော့ရတာဖြစ်တဲ့အတွက် ဒီအောင်မြင်မှုဟာ ကျွန်တော်တို့ လူငယ်တွေရဲ့ Brain Power ဘယ်လောက်ကြီးတယ်ဆိုတဲ့အရာကို အာရှနဲ့ရင်ဘောင်တန်းနိုင်တယ်ဆိုတာကို ပြသတဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။ အဖွဲ့ချုပ်စတင်တည်ထောင်တဲ့အချိန်က စပြီးတော့ အိုလံပစ်တွေ၊ Asian Games တွေ၊ Sea Games တွေမှာ နိုင်ငံဂုဏ်ဆောင် ဆုတံဆိပ်တွေရရှိအောင် ရည်မှန်းချက်ထားခဲ့တယ်။ အဲဒါကို ဒီနေ့လုပ်ပြနိုင်ခဲ့ပြီ" - ဒေါက်တာကောင်းမြတ်စံ (မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲချုပ်ဥက္ကဌ) Video is too big

မြန်မာ့ Esports သမိုင်းဝင် ရွှေတံဆိပ်ဆုနှင့် အမိမြေသို့ ပြန်လာသည့် Team Zanaka (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th As
မြန်မာ့ Esports သမိုင်းဝင် ရွှေတံဆိပ်ဆုနှင့် အမိမြေသို့ ပြန်လာသည့် Team Zanaka (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games) MLBB ပြိုင်ပွဲတွင် မြန်မာ့ Esports သမိုင်းအတွက် ပထမဆုံး Asian Games ရွှေတံဆိပ်ဆုကို ဆွတ်ခူးပေးခဲ့သည့် မြန်မာလက်ရွေးစင် Team Zanaka (MLBB) အသင်းသည် အောက်တိုဘာ ၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ Team Zanaka သည် MLBB Grand Finals တွင် အင်ဒိုနီးရှားအသင်းကို (၄-၀) ရလဒ်ဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံတော်အလံကို အာရှအားကစားစင်မြင့်ထက်တွင် အမြင့်ဆုံးလွှင့်ထူနိုင်ခဲ့ခြင်းဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.facebook.com/share/p/1BxLouFVmo/

သီပေါမြို့နယ် လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးနိုင်ရေးအတွက် မိုင်းရှင်းလင်းရေးအပါအဝင် လုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင်ရွက်နေဟု
သီပေါမြို့နယ် လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးနိုင်ရေးအတွက် မိုင်းရှင်းလင်းရေးအပါအဝင် လုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင်ရွက်နေဟု ဆို ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးနိုင်ရေးအတွက် ပျက်စီးနေသည့် လျှပ်စစ်လိုင်းများ ပြန်လည်ပြုပြင်ခြင်း၊ လိုင်းသန့်ရှင်းရေးနှင့် ခွဲရုံများ ပြန်လည်တည်ဆောက်ခြင်းတို့အပြင် မိုင်းရှင်းလင်းရေးလုပ်ငန်းများပါ ဆောင်ရွက်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားသည်။ လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ပထမဦးစားပေးအနေဖြင့် သီပေါနှင့် ကျောက်မဲကြားရှိ ကျေးရွာများသို့ မီးပြန်လည်ပေးနိုင်ရေး ဆောင်ရွက်နေပြီး ဘော်ကြိုအုပ်စု၊ လောဝ်ခွန်အုပ်စုတို့အပြင် အခြားဒေသများကိုလည်း အဆင့်ဆင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟုဆိုသည်။ ထို့အပြင် မိုးတေအုပ်စုဘက်တွင် လျှပ်စစ်လိုင်းများ ပြန်လည်ပြုပြင်ရန် နှစ်မိုင်ခန့် လိုင်းလိုက်၍ ဆောင်ရွက်ရမည့်အပြင် မိုင်းရှင်းလင်းရေးလုပ်ငန်းများပါ လုပ်ဆောင်ရန် လိုအပ်နေကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.facebook.com/share/p/1BuXvU9Vju/

၆-၁၀-၂၀၂၆ ရက်နေ့ ယနေ့ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သာပေါင်းလေးကျေးရွာက အလယ်တန်းကျောင်းကို PDF အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခ
၆-၁၀-၂၀၂၆ ရက်နေ့ ယနေ့ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သာပေါင်းလေးကျေးရွာက အလယ်တန်းကျောင်းကို PDF အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆရာမတစ်ဦးနဲ့ ကလေးငယ် ၇ ဦး၊ စုစုပေါင်း ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်…   စာသင်နေတဲ့ ဆရာမနဲ့ အပြစ်မဲ့ကလေးတွေကို ထိခိုက်စေတဲ့ ဒီလိုလုပ်ရပ်ဟာ ကလေးတွေရဲ့ အသက်နဲ့ အနာဂတ်ကို ထိခိုက်စေတဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက် PDF တွေရဲ့ ယုတ်ညံ့တဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချဖို့လိုပါတယ်…   မှိုင်းဝေ

လေယာဉ်နဲ့အတီးခံလိုက်ရလို့ မသာပေါ်သွားတဲ့ ကယားပဒပ်ကောင်
လေယာဉ်နဲ့အတီးခံလိုက်ရလို့ မသာပေါ်သွားတဲ့ ကယားပဒပ်ကောင်

ဟိုပုံးမြိုနယ် နားလုံကျေးရွာအနီး အွန်လိုင်းလိမ်လည်လောင်းကစားလုပ်သူ ၈၇ ဦး ဖမ်းဆီးရမိ အောက်တိုဘာ ၆ရက် ရှမ်းပြည်နယ်(တောင်ပိုင်း)
ဟိုပုံးမြိုနယ် နားလုံကျေးရွာအနီး အွန်လိုင်းလိမ်လည်လောင်းကစားလုပ်သူ ၈၇ ဦး ဖမ်းဆီးရမိ အောက်တိုဘာ ၆ရက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြိုနယ် နားလုံကျေးရွာအနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၇၅ ဦးနှင့် မြန်မာနိုင်ငံသား ၁၂ ဦး၊ စုစုပေါင်း ၈၇ ဦးကို အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးတပ်ဖွဲဝင်များပါဝင်သည့် ပူးပေါင်းအဖွဲသည် ဒေသခံများ၏ သတင်းပေးပိုချက်အရ ဟိုပုံးမြိုနယ်အတွင်း ယာယီတဲများဆောက်လုပ်၍ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူများကို သတင်းကွင်းဆက်ရယူ စုံစမ်းဖော်ထုတ်ခဲ့ပြီးနောက် နံနက် ၇ နာရီခန့်တွင် နားလုံကျေးရွာအနီး၌ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါနေရာသည် မိုင်းပွန်မြို၏ အနောက်တောင်ဘက် ၂၁ ကီလိုမီတာခန့်အကွာတွင် တည်ရှိပြီး ဖမ်းဆီးရမိသူများနှင့်အတူ အွန်လိုင်းလုပ်ငန်းလုပ်ကိုင်ရန် အသုံးပြုသည့် STARLINK စက် ၄ စုံ၊ All-in-One ကွန်ပျူတာ ၁၇ လုံး၊ လက်ပ်တော့ ၂ လုံးနှင့် ဖုန်းမျိုးစုံ ၅၂၄ လုံးတိုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

📌 ကမ္ဘာပေါ်တွင် ပထမဆုံး အက်တမ်တစ်လုံးချင်းစီကို ဓာတ်မှန်ရိုက်ပြနိုင်ခဲ့သည့် မြန်မာရူပဗေဒပညာရှင် ဒေါက်တာစောဝေလှ၏ အံ့မခန်းစွမ်
📌 ကမ္ဘာပေါ်တွင် ပထမဆုံး အက်တမ်တစ်လုံးချင်းစီကို ဓာတ်မှန်ရိုက်ပြနိုင်ခဲ့သည့် မြန်မာရူပဗေဒပညာရှင် ဒေါက်တာစောဝေလှ၏ အံ့မခန်းစွမ်းဆောင်ချက် 💚 နှစ်ပေါင်း (၁၃၀) အတွင်း မည်သူမျှ မလုပ်ဆောင်နိုင်ခဲ့ဘဲ ပညာရှင်များ မဖြစ်နိုင်ဟု ထင်ကြေးပေးခဲ့ကြသည့် အက်တမ် ဓာတ်မှန်ရိုက်ကူးမှုကို မြန်မာရူပဗေဒပညာရှင် ဒေါက်တာစောဝေလှ ဦးဆောင်ကာ (၃၈) နှစ်တိုင်တိုင် အားစိုက်ထုတ်၍ အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့သည်။ 💚 အဆိုပါ သုတေသနအောင်မြင်မှုကြောင့် ကမ္ဘာ့ထိပ်တန်းဆုကြီးများဖြစ်သည့် Falling Walls Laureate နှင့် Feynman Prize တို့ကို ဆွတ်ခူးထားနိုင်ခဲ့ပြီး နိုဘယ်ဆု ရရှိနိုင်ရန်အတွက်လည်း အလားအလာ အကောင်းဆုံး အနေအထားတွင် ရောက်ရှိနေသည်။ 💚 ယခုကဲ့သို့ အက်တမ်တစ်လုံးတည်းကို သီးသန့် ဖောက်ထွင်းမြင်နိုင်ခဲ့ခြင်းကြောင့် ကင်ဆာရောဂါ အမြစ်ပြတ်ကုထုံးများနှင့် အဆပေါင်းများစွာ ပိုမိုထက်မြက်သည့် စူပါကွန်ပျူတာများ ဖန်တီးနိုင်ရေးအတွက် ကြီးမားသည့် အထောက်အကူ ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ သက်ထား

မိုးကောင်းမြို့နယ်၊ ဆားမှော်တိုက်နယ်ဆေးရုံ ၂ လအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆရာဝန်အမြန်ဆုံး တာဝန်ချထားမည် မိုးကောင်းမြို့နယ
မိုးကောင်းမြို့နယ်၊ ဆားမှော်တိုက်နယ်ဆေးရုံ ၂ လအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆရာဝန်အမြန်ဆုံး တာဝန်ချထားမည် မိုးကောင်းမြို့နယ်၊ ဆားမှော်တိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆရာဝန်တစ်ဦးအား နှစ်လအတွင်း အမြန်ဆုံး တာဝန်ပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ပြောကြားသည်။ ဆားမှော်တိုက်နယ်ဆေးရုံတွင် လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများ ပြန်လည်ခန့်ထားပြီး ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရေး အမြန်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်ပတ်သက်ပြီး တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းအောင်က မေးမြန်းခဲ့ခြင်းဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.facebook.com/share/p/183173kY8k/

မင်းတုန်းမြို့နယ် ပြည်သူ့ဆေးရုံ တိုးချဲ့ ၂ ထပ်ဆောင်သစ်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားမည် နှစ်ပေါင်း ၆၃ နှစ်သ
မင်းတုန်းမြို့နယ် ပြည်သူ့ဆေးရုံ တိုးချဲ့ ၂ ထပ်ဆောင်သစ်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားမည် နှစ်ပေါင်း ၆၃ နှစ်သက်တမ်းရှိ မင်းတုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် တိုးချဲ့ ၂ ထပ်ဆောင်သစ် ဆောက်လုပ်နိုင်ရေးအတွက် အနီးကပ်ဆုံး ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းတစ်ခုလုံး၏ ရာနှုန်းပြည့် သို့မဟုတ် တစ်စိတ်တစ်ပိုင်းအတွက် ဘဏ္ဍာငွေလျာထား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ပြောကြားသည်။ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် တိုးချဲ့ ၂ ထပ်ဆောင်တစ်လုံး ဆောက်လုပ်ခွင့်ပြုပေးရန် မင်းတုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်က တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.facebook.com/share/p/19fTErJZ32/

မနေ့ညက မြောက်ဦးမှာ သောက်ရူးတွေကိုတီးနေတာတဲ့.. လှနေရော
မနေ့ညက မြောက်ဦးမှာ သောက်ရူးတွေကိုတီးနေတာတဲ့.. လှနေရော

ဆော်ဒီကမ်းလွန်မှာ အမေရိကန်ရေတပ် ဟယ်လီကော်ပတာတစ်စီး ပျ-က်ကျသွားပုံရ ဆော်ဒီအာရေးဗီးယား ကမ်းလွန်မှာ အမေရိကန်ရေတပ်ရဲ့ MH-60R Seah
ဆော်ဒီကမ်းလွန်မှာ အမေရိကန်ရေတပ် ဟယ်လီကော်ပတာတစ်စီး ပျ-က်ကျသွားပုံရ ဆော်ဒီအာရေးဗီးယား ကမ်းလွန်မှာ အမေရိကန်ရေတပ်ရဲ့ MH-60R Seahawk တို-က်ခိုက်ရေး ဟယ်လီကော်ပတာတစ်စီး အရေးပေါ် အချက်ပြစနစ် ပို့ပြီးတဲ့နောက် လေကြောင်းလိုင်း စောင့်ကြည့်စနစ် (flight-tracking platforms) တွေပေါ်ကနေ ပျေ-ာက်ကွယ်သွားတယ်လို့ BNO News က ဖော်ပြထားပါတယ်။ သတင်းဖော်ပြချက်တွေအရ ဒီဟယ်လီကော်ပတာဟာ အမြင့်ပေ ၄၇၅ ပေလောက်မှာ ပျံသန်းနေတုန်း အရေးပေါ်အခြေအနေ ကြေညာခဲ့တာပါ။ အဲဒီနောက်မှာတော့ ပြထားတဲ့ အမြင့်ပေက သုညအထိ ချက်ချင်းထိုးဆင်းသွားပြီး ရေဒါပေါ်ကနေ ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာ ပို့စ်တွေမှာတော့ ဒီဟယ်လီကော်ပတာဟာ ပင်လယ်နီ (Red Sea) ထဲ ပျ-က်ကျသွားတာ ဖြစ်နိုင်တယ်လို့ ရေးသားနေကြကြောင်းလည်း သတင်းမှာ ပါရှိပါတယ်။ အမေရိကန် ရေတပ်ဘက်ကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖြစ်စေ၊ ဘာကြောင့် အရေးပေါ် အခြေအနေ ကြေညာခဲ့ရတာလဲ ဆိုတာကို ဖြစ်စေ တစ်စုံတရာ အတည်ပြု သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

အပူမြင့်ပြီး ရေရှားမယ့်အယ်လ်နီညိုဒဏ်ကို မြန်မာခံရနိုင် အပူချိန်မြင့်ပြီး ရေရှားပါးမယ့် အယ်လ်နီညိုဒဏ်ကို လာမယ့် ၅ လအတွင်း မြန်
အပူမြင့်ပြီး ရေရှားမယ့်အယ်လ်နီညိုဒဏ်ကို မြန်မာခံရနိုင် အပူချိန်မြင့်ပြီး ရေရှားပါးမယ့် အယ်လ်နီညိုဒဏ်ကို လာမယ့် ၅ လအတွင်း မြန်မာခံရနိုင်တယ်လို့ မိုးဇလပြောတဲ့သတင်းအပါအဝင် မြန်မာ နဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

လေယာဉ်လက်မှတ် ဈေးပိုပေးဝယ်ရပါက အထောက်အထားဖြင့် တိုင်ကြားနိုင်ကြောင်း DCA အသိပေး လေယာဉ်လက်မှတ်များကို သတ်မှတ်ဈေးနှုန်းထက် ပိုမ
လေယာဉ်လက်မှတ် ဈေးပိုပေးဝယ်ရပါက အထောက်အထားဖြင့် တိုင်ကြားနိုင်ကြောင်း DCA အသိပေး လေယာဉ်လက်မှတ်များကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုပေးဝယ်ခဲ့ရပါက တိကျသည့် အထောက်အထားများဖြင့် သက်ဆိုင်ရာလေကြောင်းလိုင်းများထံ တိုက်ရိုက်တိုင်ကြားနိုင်ပြီး ဈေးနှုန်းပိုမိုရောင်းချမှုများနှင့် လိမ်လည်ရောင်းချမှုများကို စိစစ်တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (DCA) က အသိပေးထားသည်။ လေယာဉ်လက်မှတ်ဝယ်ယူရာတွင် သတ်မှတ်ဈေးနှုန်းထက် ပိုမိုပေးချေခဲ့ရခြင်း သို့မဟုတ် Fake Account များမှတစ်ဆင့် ဝယ်ယူခဲ့ရခြင်းများရှိပါက ခရီးသည်အမည်၊ လက်မှတ်ဝယ်ယူသည့်ရက်စွဲ၊ ခရီးစဉ်အချက်အလက်၊ Booking PNR/Ticket အမှတ်၊ ဝယ်ယူခဲ့သည့်ဈေးနှုန်းနှင့် ငွေပေးချေမှုအထောက်အထားများအပါအဝင် တိကျခိုင်လုံသည့် အထောက်အထားများဖြင့် သက်ဆိုင်ရာလေကြောင်းလိုင်းသို့ တိုင်ကြားနိုင်ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.facebook.com/share/p/19RJMYVh96/

ထပ်ဆင့်အကယ်ဒမီ ဂီတမှူး ဦးခင်မောင်ကြီး ကွယ်လွန် မြန်မာ့ရုပ်ရှင်နှင့် ဂီတလောက၏ ဝါရင့်ဂီတပညာရှင် ထပ်ဆင့်အကယ်ဒမီ ဂီတမှူး ဦးခင်မော
ထပ်ဆင့်အကယ်ဒမီ ဂီတမှူး ဦးခင်မောင်ကြီး ကွယ်လွန် မြန်မာ့ရုပ်ရှင်နှင့် ဂီတလောက၏ ဝါရင့်ဂီတပညာရှင် ထပ်ဆင့်အကယ်ဒမီ ဂီတမှူး ဦးခင်မောင်ကြီးသည် (၉၆)ပါးသော ရောဂါဝေဒနာဖြင့် ယနေ့ အောက်တိုဘာ ၆ ရက် နံနက် ၀၀:၂၅ နာရီတွင် ဘဝတစ်ပါးသို့ ပြောင်းရွှေ့ကွယ်လွန်သွားပြီဖြစ်ကြောင်း ကျန်ရစ်သူမိသားစု၏ အသိပေးချက်အရ သိရသည်။ ဂီတမှူး ဦးခင်မောင်ကြီးသည် မြန်မာ့ရုပ်ရှင်တေးဂီတလောကတွင် နှစ်ပေါင်းများစွာ ပါဝင်ဖြတ်သန်းခဲ့သည့် ဝါရင့်ဂီတပညာရှင်တစ်ဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများအတွက် နောက်ခံတေးဂီတနှင့် တေးသံစဉ်များ ဖန်တီးပေးခဲ့သူဖြစ်သည်။ ၎င်း၏ ရုပ်ရှင်တေးဂီတဖန်တီးမှုများကြောင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်အတွက် “ကောင်းကျိုးကိုယ်၌ တည်စေမင်း” ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံးရုပ်ရှင်တေးဂီတဆုကို ဆွတ်ခူးခဲ့ရာ ယင်းဆုသည် ၎င်းအတွက် တတိယမြောက် အကယ်ဒမီဆုဖြစ်ခဲ့သည်။ မြန်မာ့အနုပညာနှင့် ဂီတလောကအတွက် အနုပညာလက်ရာများစွာ ဖန်တီးပေးခဲ့သည့် ဝါရင့်ဂီတပညာရှင်ကြီးတစ်ဦး ကွယ်လွန်သွားခြင်းအတွက် ကျန်ရစ်သူမိသားစု၊ အနုပညာအသိုင်းအဝိုင်းနှင့် ပရိသတ်များနှင့်အတူ ထပ်တူဝမ်းနည်းရပါသည်။ ထပ်ဆင့်အကယ်ဒမီ ဂီတမှူး ဦးခင်မောင်ကြီး ကောင်းရာသုဂတိလားပါစေ။

ရန်ကုန်တွင် အုပ်စုနှစ်စုခွဲ၍ ၄ နာရီစီ အလှည့်ကျမီးပေးမည် ရန်ကုန်၊ အောက်တိုဘာ ၅ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့ အောက်တိုဘာ ၅ ရက
ရန်ကုန်တွင် အုပ်စုနှစ်စုခွဲ၍ ၄ နာရီစီ အလှည့်ကျမီးပေးမည် ရန်ကုန်၊ အောက်တိုဘာ ၅ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့ အောက်တိုဘာ ၅ ရက်မှစတင်၍ ဓာတ်အားသုံးစွဲသူများကို အုပ်စု (A) နှင့် အုပ်စု (B) ဟူ၍ နှစ်အုပ်စုခွဲကာ နံနက် ၅ နာရီမှ ည ၉ နာရီအထိ တစ်အုပ်စုလျှင် ၄ နာရီစီ အလှည့်ကျ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ် YESC ရုံးများ၏ အသိပေးချက်များအရ သိရသည်။ အဆိုပါအစီအစဉ်အရ နံနက် ၅ နာရီမှ ည ၉ နာရီအတွင်း အုပ်စု (A) နှင့် အုပ်စု (B) တို့ကို ၄ နာရီစီ အလှည့်ကျ ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ပြီး ည ၉ နာရီမှ နောက်တစ်နေ့ နံနက် ၅ နာရီအထိ အုပ်စုနှစ်စုလုံးကို ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာလအတွင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ဓာတ်အားဖြန့်ဖြူးမည့်ပုံစံကိုလည်း အသိပေးထားပြီး ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် ဓာတ်အားစနစ်အခြေအနေအပေါ်မူတည်၍ ဓာတ်အားပေးချိန် အတိုး၊ အလျှော့နှင့် အပြောင်းအလဲများ ရှိနိုင်ကြောင်း အသိပေးထားသည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍  ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအား နိုင်ငံတော်သမ္မတ က လိုအပ်သည်များလမ်းညွှန်မှာကြား မိုးရာသီကာလမတိုင်မီအထိ အယ်လ်နီညိုရာသီ ဥတုဒဏ်ကိုကျော်ဖြတ်နိုင်ရေးအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေများထိန်းသိမ်းခြင်း၊ အပူရှောင်စခန်းများဖွင့်လှစ်ခြင်း၊ ဆည်၊ တာတမံများ၌ရေများ စုဆောင်းခြင်း၊ မလိုလားအပ်ဘဲ ရေဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်ခြင်း၊ကြာရှည်စွာအထားခံ စားသောက်၍ ရနိုင်သည်များကို စုဆောင်းထားရှိခြင်းနှင့် သီးနှံများကို တိုးချဲ့စိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဖြစ်အောင် စီမံဆောင်ရွက်ခြင်းတို့ဖြင့် ဆောင်ရွက်သွားကြရန်မှာကြားသည်။ ပြည်ပဈေးကွက်လိုအပ်ချက် မြင့်မားစွာ ရှိနေသည့်အတွက် နိုင်ငံ့စီးပွားရေးအားကောင်းလာနိုင်ရန် လိုအပ်နေသည်မှာ မှန်မှန်ကန်ကန်နှင့် ကြိုးကြိုးစားစား အလုပ်လုပ်ကြရန်သာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ က မှာကြားသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း နယ်မြေခံ တပ်မတော်လူငယ်ပညာရေးသင်တန်းက
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း နယ်မြေခံ တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်း (ရဲမွန်) သို့ သွားရောက်၍ Grade-10၊ Grade-11၊ Grade-12 တို့တွင် ကျောင်းသားများ တက်ရောက် ပညာသင်ကြားနေမှုများကို လိုက်လံကြည်ရှုအားပေးပြီး ကျောင်းသားများ နှင့် ဆရာ၊ ဆရာမများအတွက် အသုံးအဆောင်ပစ္စည်းများနှင့် ချီးမြှင့်ငွေများ ပေးအပ်

စိတ်တော့မကောင်းဘူး ဒါပေမယ့် သူတို့ ငထွန်းကို အားပေးနေကြတုန်းပဲ ။ အဲတော့ စိတ်မကောင်းပေမယ့်လည်း မတတ်နိုင်ဘူး။ ကိုယ့်အတ္တနဲ့ ကို
စိတ်တော့မကောင်းဘူး ဒါပေမယ့် သူတို့ ငထွန်းကို အားပေးနေကြတုန်းပဲ ။ အဲတော့ စိတ်မကောင်းပေမယ့်လည်း မတတ်နိုင်ဘူး။ ကိုယ့်အတ္တနဲ့ ကိုယ်ပဲ။ မသနားတော့ဘူး။ ဉပက္ခာပြုထားလိုက်တော့တယ်။ ဖြစ်ချင်တာဖြစ်ပေါ့။ 😏😏😏 ငထွန်းကို အားပေးထောက်ခံ ကူညီနေရင်တော့ ဒီလိုနဲ့ ပဲ ခရီးဆက်ရမယ်။ အမျိုးချစ်တာကောင်းပါတယ်။ ဒါမယ့် အစွန်းရောက်တဲ့လူမျိုးရေးဝါဒီကတော့ မကောင်းဘူး။ ကျွန်တော်တို့အမျိုးချစ်တယ်ဆိုတာ မြန်မာတစ်မျိုးသားလုံးကို ချစ်တာ။ တိုင်းရင်းသားအားလုံးကို မြန်မာ ဆိုပြီးချစ်တာ။ မတူဘူး။

မလေးရှားနိုင်ငံမှ နွေးထွေးတဲ့ အမိနိုင်ငံတော်ကို ပြန်လည်ရောက်ရှိလာခဲ့ကြတဲ့ "အိမ်အပြန်လမ်း"