uz
Feedback
Bee Kyal Football News

Bee Kyal Football News

Kanalga Telegram’da o‘tish

ဘောလုံး အားကစားသတင်းစုံ

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan
593
Obunachilar
Ma'lumot yo'q24 soatlar
-37 kunlar
-330 kunlar
Postlar arxiv
အချိန်တန်ရင် ဇာတိပြလာတဲ့ မန်ယူနိုက်တက် သံပတ်ကုန်

ညနေခင်းကြေးလေးပါ😍😍
ညနေခင်းကြေးလေးပါ😍😍

ကိုဘီမိုင်နူးဟာ မန်ယူနည်းပြသစ် မိုက်ကယ်ကာရစ်လက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိထားသူပါ ။ မိုင်နူးပါဝင်သမျှပွဲတိုင်းမှာလည်း မန်ယ
ကိုဘီမိုင်နူးဟာ မန်ယူနည်းပြသစ် မိုက်ကယ်ကာရစ်လက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိထားသူပါ ။ မိုင်နူးပါဝင်သမျှပွဲတိုင်းမှာလည်း မန်ယူအသင်းရလဒ်ကောင်းခဲ့ပြီး နယူးကာဆယ်နဲ့ပွဲကလွဲရင် ရှုံးပွဲမရှိခဲ့ပါဘူး ။ မနေ့ညက လိဒ်ယူနိုက်တက်နဲ့ပွဲမှာတော့ မိုင်နူးဟာ ကြံ့ခိုင်မှုမပြည့်ဝခဲ့တာကြောင့်ပါဝင်မလာနိုင်ခဲ့သလို မန်ယူအသင်းလည်း ကစားပုံမကောင်းဘဲရှုံးနိမ့်ခဲ့ရပါတယ် ။ မိုင်နူးမပါနိုင်တာကြောင့် ကက်စမဲရိုး နဲ့ Ugarte တို့ကိုကွင်းလယ်မှာတွဲဖက်ပေးခဲ့ရပြီး ၂ ယောက်စလုံးပုံစံကောင်းမပြနိုင်ခဲ့ပါဘူး ။ မိုင်နူးပါဝင်ကစားတိုင်းလိုလိုမှာ မန်ယူကွင်းလယ်ကဟန်ချက်ညီခဲ့တာပါ ။ လာမယ့် ချဲလ်ဆီးအသင်းနဲ့ပွဲမှာတော့ မိုင်နူးပြန်လည်ပါဝင်လာဖို့ရှိနေပြီး မန်ယူအသင်းရလဒ်ပြန်ကောင်းမလားဆိုတာ စောင့်ကြည့်ရမှာပါ ။ #BeeKyal

ယနေ့ခန့်မှန်းပွဲများ
+1
ယနေ့ခန့်မှန်းပွဲများ

မဂ်လာပါ ပွဲပြီးရလာဒ်နဲ့ မနက်ခင်းကြေးလေးပါ😍😍
+1
မဂ်လာပါ ပွဲပြီးရလာဒ်နဲ့ မနက်ခင်းကြေးလေးပါ😍😍

ညနေခင်းကြေးလေးပါ
ညနေခင်းကြေးလေးပါ

ပြိုင်ပွဲအစုံ ၉ ပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့ လီယွန်အသင်းကို နိုင်ပွဲပြန်လည်ရှာဖွေပေးခဲ့သူက နည်းပြရဲ့ အရန်ခုံထိုင်ခိုင်းခဲ့သူ အန
ပြိုင်ပွဲအစုံ ၉ ပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့ လီယွန်အသင်းကို နိုင်ပွဲပြန်လည်ရှာဖွေပေးခဲ့သူက နည်းပြရဲ့ အရန်ခုံထိုင်ခိုင်းခဲ့သူ အန်းဒရစ်ဖြစ်ခဲ့ပါတယ် ။ လီယွန်အသင်းနည်းပြ ဖွန်ဆီကာဟာ အန်းဒရစ်ကို ဝေဖန်ပြောဆိုခဲ့ပြီး မနေ့ကပွဲမှာ ပွဲထွက်လူစာရင်းမှာ မထည့်သွင်းခဲ့ပါဘူး ။ ဒါပေမယ့် ဂိုးမရှိသရေရလဒ်ဖြစ်နေတာကြောင့် အန်းဒရစ်ကိုလူစားလဲထည့်သွင်းခဲ့ရပါတယ် ။ အန်းဒရစ်ဟာ လီယွန်အသင်းအတွက် အကောင်းဆုံးကြိုးစားကစားပေးခဲ့ပြီး အဖွင့်ဂိုးကို ဖန်တီးပေးခဲ့သလို ဒုတိယဂိုးဟာလည်း သူနဲ့ ပြိုင်ဘက်ဂိုးသမားတို့ တွေ့ဆုံမှုကနေ ပြန်ထွက်လာတဲ့ဘောလုံးကို တိုလစ်ဆိုက ဂိုးသမားမရှိတော့တဲ့ဂိုးထဲကို သွင်းယူခဲ့တာပါ ။ ဒီနိုင်ပွဲကြောင့် လီယွန်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်တဲ့ အဆင့် ၃ နဲ့ ၄ နေရာတွေကို မျှော်လင့်လို့ရလာနိုင်ခဲ့ပါတယ် ။ ဒါတွေဟာ အန်းဒရစ်ကို ခေါ်ယူခဲ့တဲ့သက်ရောက်မှုတွေပါပဲ ။ #BeeKyal

ပရီးမီးယားလိဂ် မှာ နိုင်ပွဲ မယူနိုင်တာ ၁၃ ပွဲတောင် ရှိသွားပြီ ဖြစ်တဲ့ စပါးစ်အတွက် တကယ့်ကို တန်းဆင်းရမယ့် ခြေစွမ်းမျိုးကြီးနဲ့
ပရီးမီးယားလိဂ် မှာ နိုင်ပွဲ မယူနိုင်တာ ၁၃ ပွဲတောင် ရှိသွားပြီ ဖြစ်တဲ့ စပါးစ်အတွက် တကယ့်ကို တန်းဆင်းရမယ့် ခြေစွမ်းမျိုးကြီးနဲ့ပါ ။ ရှေ့ လယ် နောက် ဘာတခုမှ အားရစရာ မရှိတဲ့ စပါးစ်ကို ဒီဇာဘီ လည်း ကယ်နိုင်တော့မယ် မထင်ပါဘူး ။ ပရီးမီးယားလိဂ် လို့ အမည်ပြောင်းပြီးနောက် လူရိုသေ ရှင်ရိုသေ နဲ့ တန်းမဆင်းဖူးသေးတဲ့ စပါးစ် ကို ပရီးမီးယားလိဂ် ဖန်တစ်ယောက် အနေနဲ့ တန်းမဆင်းရဖို့ အားပေးနေခဲ့ပေမယ့် အသင်းကတော့ တော်တော်လေးကို ထိုးကျနေခဲ့တာမို့ စိတ်မကောင်းရုံမှတပါး ဘာမှ မတတ်နိုင်တော့ပါဘူး ။ #BeeKyal

ကိုယ့်အသင်းရှုံးလို့ပျော်ရတဲ့ဖန်တွေဆိုတာခပ်ရှားရှားရယ်ပါ ။ ဒီညတော့ ချဲလ်ဆီးဖန်တွေရဲ့အနေအထားက အဲဒီလိုဖြစ်ခဲ့ပါတယ် ။ မန်စီးတီးက
ကိုယ့်အသင်းရှုံးလို့ပျော်ရတဲ့ဖန်တွေဆိုတာခပ်ရှားရှားရယ်ပါ ။ ဒီညတော့ ချဲလ်ဆီးဖန်တွေရဲ့အနေအထားက အဲဒီလိုဖြစ်ခဲ့ပါတယ် ။ မန်စီးတီးက အခုဆိုရင် ချန်ပီယံဆုကိုရယူဖို့ အလားအလာကောင်းတဲ့နေရာကို ရောက်လာခဲ့ပါပြီ ။ ချဲလ်ဆီးကတော့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ပိုမိုဝေးကွာလာခဲ့ပါတယ် ။ ဒါပေမယ့် ချဲလ်ဆီးဖန်တွေကတော့ ဒီရလဒ်အပေါ်စိတ်ပျက်မနေမိကြပါဘူး ။ ဒီညပွဲမှာတကယ်ရှုံးခဲ့တာကဘယ်သူလဲ . . . #Beekyal

အောက်တိုဘာ ၂၀၂၅ - လူတန်တောင်းအသင်းကို ကိုင်တွယ်ပြီး ပထမဆုံးနည်းပြအလုပ်ကိုစတင်ခဲ့ ဧပြီလ ၂၀၂၆ - နည်းပြဘဝပထမဆုံးဆုဖလားအဖြစ် EFL
အောက်တိုဘာ ၂၀၂၅ - လူတန်တောင်းအသင်းကို ကိုင်တွယ်ပြီး ပထမဆုံးနည်းပြအလုပ်ကိုစတင်ခဲ့ ဧပြီလ ၂၀၂၆ - နည်းပြဘဝပထမဆုံးဆုဖလားအဖြစ် EFL Trophy ကို ရယူနိုင်ခဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း ဂျက် ဝီလ်ရိုင်းယားကတော့ လူတန်တောင်းအသင်းမှာ စာမျက်နှာသစ်တွေကိုစတင်ဖွင့်လှစ်နိုင်ခဲ့ပါပြီ ။ EFL Trophy ဟာ လိဂ်ဝမ်း ၊ လိဂ်တူးကအသင်းကြီးတွေ ၊ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံရှစ်က လူငယ်အသင်းတွေပါဝင်ယှဉ်ပြိုင်တဲ့ပြိုင်ပွဲဖြစ်ပြီး မနေ့ညကဗိုလ်လုပွဲမှာ ဝီလ်ရှိုင်းယားရဲ့ လူတန်တောင်းအသင်းက စတော့ပေါ့အသင်းကို ၃-၁ နဲ့အနိုင်ရရှိပြီး ချန်ပီယံဖြစ်လာခဲ့တာပဲဖြစ်ပါတယ် ။ #BeeKyal

ယနေ့ ခန့်မှန်းပွဲများ
+2
ယနေ့ ခန့်မှန်းပွဲများ

မဂ်လာပါ ပွဲပြီးရလာဒ်နဲ့ မနက်ခင်းကြေးလေးပါ😍😍
+1
မဂ်လာပါ ပွဲပြီးရလာဒ်နဲ့ မနက်ခင်းကြေးလေးပါ😍😍

နည်းစနစ်ဆရာ အာတေတာရဲ့ ဒုတိယလူဖြစ်နည်း အဆန်းကြီးများ

လီဗာပူးကတော့ ဒီတကြိမ်မှာ အခွင့်အရေးကိုအကောင်းဆုံးအသုံးချနိုင်ခဲ့ပါပြီ ။ ဘရန့်ဖိုဒ့်နဲ့ အဲဗာတန်တို့တွေ့ဆုံချိန် ၊ ချဲလ်ဆီးက မန
လီဗာပူးကတော့ ဒီတကြိမ်မှာ အခွင့်အရေးကိုအကောင်းဆုံးအသုံးချနိုင်ခဲ့ပါပြီ ။ ဘရန့်ဖိုဒ့်နဲ့ အဲဗာတန်တို့တွေ့ဆုံချိန် ၊ ချဲလ်ဆီးက မန်စီးတီးနဲ့ကစားရဖို့ရှိနေချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့နိုင်ပွဲကို လီဗာပူးအသင်းရယူနိုင်ခဲ့ပါတယ် ။ ဖူလ်ဟမ်အသင်းကို ငူမိုဟာ ၊ မိုဆာလာတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာပါ ။ အကယ်၍ အခုညပွဲမှာ ချဲလ်ဆီးအသင်းရှုံးနိမ့်ခဲ့မယ်ဆိုရင် အဆင့် ၅ နေရာကို ၄ မှတ်အသာနဲ့ လီဗာပူးတို့ရယူထားနိုင်တော့မှာပဲ ဖြစ်ပါတယ် ။ #BeeKyal

အာဆင်နယ်အသင်းမှာ ဘယ်တောင်ပံက အားနည်းနေတယ်လို့ပြောကြပါတယ် ။ ဒါပေမယ့်တကယ်တော့ ညာတောင်ပံလည်းအားကောင်းမှုမရှိနေတာပါ ။ ဘူကာယို ဆာက
အာဆင်နယ်အသင်းမှာ ဘယ်တောင်ပံက အားနည်းနေတယ်လို့ပြောကြပါတယ် ။ ဒါပေမယ့်တကယ်တော့ ညာတောင်ပံလည်းအားကောင်းမှုမရှိနေတာပါ ။ ဘူကာယို ဆာကာဟာ ဒီရာသီ ညာတောင်ပံကစားသမားတွေထဲမှာ အကောင်းဆုံးလည်းမဟုတ် ၊ ဒုတိယလည်းမဟုတ်ခဲ့ပါဘူး ။ အခုချိန်ထိ ပရီးမီးယားလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု ၁၁ ကြိမ်သာပြုလုပ်နိုင်ပါသေးတယ် ။ ဒါဟာ ချန်ပီယံအသင်းတသင်းရဲ့တောင်ပံကစားသမားတယောက်မှာ ရှိရမယ့် အချက်အလက်တွေထက် နည်းပါးနေတာပါ ။ မနှစ်က မိုဆာလာ ၊ ဒီနှစ်ဆိုရင် ဆီမီညို ၊ ဒီလိုကစားသမားမျိုးတွေကမှ ချန်ပီယံအသင်းသားတယောက်ရဲ့စွမ်းဆောင်ရည်မျိုးပါ ။ ဒီလိုကစားသမားမျိုးကို အာဆင်နယ်တို့ရှာဖွေရပါမယ် ။ ဒီလိုမှမဟုတ်ရင်တော့ ဂိုးမသွင်းနိုင် ၊ ဂိုးဖန်တီးမှုမပြုလုပ်နိုင်တဲ့တောင်ပံကစားသမားတွေနဲ့ကတော့ ဗစ်တာယိုကာရက်စ်လည်း ပင်နယ်တီတွေချည်း သွင်းနေရမှာပါ ။ #BeeKyal

ညနေခင်းကြေးလေးပါ
ညနေခင်းကြေးလေးပါ

ခန့်မှန်းကြေးလေးပါ
+4
ခန့်မှန်းကြေးလေးပါ

photo content
+9

မဂ်လာမနက်ခင်းလေးပါ ပွဲပြီးရလာဒ်နဲ့ မနက်ခင်း​ကြေးလေးပါ
+1
မဂ်လာမနက်ခင်းလေးပါ ပွဲပြီးရလာဒ်နဲ့ မနက်ခင်း​ကြေးလေးပါ

ပွဲပြီးအင်တာဗျူးဖြေဖို့ ငြင်းဆိုခဲ့တဲ့ မိုဆာလာ