ရွှေပြည်သစ်
Kanalga Telegram’da o‘tish
တိုင်းချစ် ပြည်ချစ် ရွှေပြည်သစ်
Ko'proq ko'rsatishMamlakat belgilanmaganToif belgilanmagan
232
Obunachilar
+124 soatlar
+167 kun
+1430 kun
Postlar arxiv
232
ကွန်ဂိုတွင် အီဘိုလာရောဂါဖြစ်ပွားမှု အတည်ပြုလူနာ ၁၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၅၄ ဦးရှိလာ
၂၀၂၆ ခုနှစ် ဇွန်လ ၂၂ ရက်
· ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အရှေ့ပိုင်းမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ (Ebola) ရောဂါကူးစက်မှုမှာ အတည်ပြုလူနာဦးရေ ၁,၀၀၃ ဦးအထိ ရှိလာပြီး သေဆုံးသူ ၂၅၄ ဦး ရှိသွားပြီဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်တွေက တနင်္ဂနွေနေ့နှောင်းပိုင်း ထုတ်ပြန် ချက်မှာ ပြောကြားခဲ့ပါတယ်။
· လက်ရှိမှာ လူနာတွေနဲ့ ထိတွေ့မိသူတွေကို လိုက်လံရှာဖွေဖို့ (Contact tracing) ကိစ္စက အဓိကစိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေပါတယ်။
· မေလ ၁၅ ရက်နေ့ကစလို့ အီတူရီ (Ituri) ပြည်နယ်မှာ အဓိကဗဟိုပြုဖြစ်ပွားခဲ့တဲ့ ဒီကူးစက်မှုအတွင်း ရောဂါပျောက်ကင်းသွားသူ စုစုပေါင်း ၁၀၀ ရှိပြီဖြစ်ကြောင်း ကွန်ဂို ကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။ ဒါ့အပြင် အနည်းဆုံး လူနာ ၃၆၅ ဦးဟာ ဆေးရုံတွေနဲ့ သီးသန့်ခွဲထားတဲ့နေရာတွေမှာ ကုသမှုခံယူနေရဆဲ ဖြစ်ပါတယ်။
· ယခုဖြစ်ပွားနေတဲ့ အီဘိုလာဗိုင်းရပ်စ်ဟာ ကာကွယ်ဆေးနဲ့ ကုထုံးမရှိသေးတဲ့ ရှားပါး “ဘွန်ဒီဘူဂျို” (Bundibugyo) အမျိုးအစား ဖြစ်ပြီး၊ ရောဂါစတင်ဖြစ်ပွားတဲ့ ပထမ တစ်လအတွင်းမှာတင် သမိုင်းတလျှောက် အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိခဲ့တာပါ။ အာဏာပိုင်တွေကတော့ သူတို့မသိသေးတဲ့ ကူးစက်ခံရသူတွေ အများကြီးရှိနေနိုင် သေးသလို၊ ရောဂါအဆိုးရွားဆုံး ကူးစက်မယ့်ကာလဟာလည်း ရှေ့မှာပဲ ရှိနေသေးတယ်လို့ ဝန်ခံထားကြပါတယ်။
· ဒေသခံအာဏာပိုင်တွေအနေနဲ့ လူနာတွေနဲ့ ထိတွေ့ခဲ့သူတွေကို လိုက်လံရှာဖွေရာမှာ ၅၅ ရာခိုင်နှုန်းလောက်သာ ရှာဖွေနိုင်သေးတာကြောင့် ဒါဟာ အဓိကပြဿနာတစ်ခု ဖြစ်နေတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
· ဒါ့အပြင် အစောဆုံး စတင်ကူးစက်ခံရတဲ့ လူနာ (Patient Zero) ကိုလည်း အာဏာပိုင်တွေ ရှာမတွေ့သေးသလို၊ ပြီးခဲ့တဲ့အပတ်အထိ ပိုးရှိသူတွေနဲ့ ထိတွေ့ခဲ့ဖူးတဲ့ လူပေါင်း ၃၅,၀၀၀ ကျော်ကိုလည်း လိုက်လံခြေရာခံဖို့ လိုအပ်နေပါသေးတယ်။
· ဒီလိုခြေရာခံဖို့ ခက်ခဲနေရတဲ့ အကြောင်းရင်းကတော့ ကွန်ဂိုအရှေ့ပိုင်းမှာ သူပုန်တွေရဲ့ အကြမ်းဖက်မှုတွေ ရှိနေတာကြောင့် ဖြစ်ပါတယ်။ အီတူရီပြည်နယ်အတွင်း အိုင်စစ် (IS) အဖွဲ့ရဲ့ ကျောထောက်နောက်ခံပြု မဟာမိတ်ဒီမိုကရက်တစ်တပ်ဦး (ADF) ရဲ့ တိုက်ခိုက်မှု တွေကြောင့် ကျေးရွာတော်တော်များများကို သွားရောက်လို့မရဘဲ လမ်းပိတ်နေသလို၊ ဒေသခံတွေဟာလည်း ပြွတ်သိပ်နေတဲ့ ဒုက္ခသည်စခန်းတွေထဲ ဒါမှမဟုတ် တစ်နေရာပြီးတစ်နေရာ အမြဲတမ်း ရွှေ့ပြောင်းပြေးလွှတ်နေကြရပါတယ်။
· ရောဂါစတင်ဖြစ်ပွားပြီး တစ်လကျော်လာတဲ့အထိ အီဘိုလာကူးစက်မှုနှုန်းဟာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းတွေထက် ပိုမိုမြန်ဆန်နေပြီး ရောဂါရဲ့ တကယ့်ပမာဏ အစစ်အမှန် ကို ဘယ်သူမှ အတိအကျမသိနိုင်သေးပါဘူး။
· အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစခန်း (Africa CDC) ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဂျင်း ကာဆေယာ (Dr. Jean Kaseya) က “အီဘိုလာလို ကူးစက်ရောဂါမျိုးကို ထိန်းချုပ်ချင်ရင် အစောဆုံးစတင်ကူးစက်တဲ့သူကို သိဖို့လိုပါတယ်။ အခုကတော့ ဒီရောဂါ ဘယ်တုန်းကတည်းက တကယ်စဖြစ်ခဲ့သလဲဆိုတာကိုတောင် ကျွန်တော်တို့ အသေအချာ မပြောနိုင်သေးပါဘူး” လို့ ပြီးခဲ့တဲ့အပတ်က Associated Press သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ရွှေပြည်သစ်
https://t.me/shwepyithit01
232
+2
ကွန်ဂိုတွင် အီဘိုလာရောဂါဖြစ်ပွားမှု အတည်ပြုလူနာ ၁၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၅၄ ဦးရှိလာ
232
ကာတာနိုင်ငံ Ras Laffan LNG စက်ရုံတွင် ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်ပွား
၂၀၂၆ ခုနှစ် ဇွန်လ ၂၂ ရက်
· ကာတာနိုင်ငံရဲ့ အဓိက သဘာဝဓာတ်ငွေ့ရည် (LNG) ထုတ်လုပ်ရေးစက်ရုံတစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၅၄ ဦး ဒဏ်ရာရရှိကာ ၁၈ ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
· Ras Laffan စက်မှုမြို့တော် (Ras Laffan Industrial City) ၌ ဖြစ်ပွားခဲ့သော အဆိုပါ စက်ရုံတွင်း ပေါက်ကွဲမှုသည် စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဖြစ်ရခြင်းဖြစ်ကြောင်း ကာတာပြည်ထဲရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့ပြီး ပျောက်ဆုံးနေသူများ ကို ရှာဖွေရန် နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ထားသည်။
· ဒဏ်ရာရရှိသူများ၏ အခြေအနေ အသေးစိတ်ကိုမူ ဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်း မရှိသော်လည်း အများပြည်သူဘေးအန္တရာယ်ဖြစ်စေမည့် ဓာတ်ငွေ့ယိုစိမ့်မှုမျိုး မရှိကြောင်း အတည်ပြုထားသည်။
· အဆိုပါစက်မှုဇုန်ကို စီမံခန့်ခွဲနေသည့် ကာတာစွမ်းအင်ကုမ္ပဏီ (QatarEnergy) ၏ အဆိုအရ ဘာဇန် (Barzan) စက်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အရေးပေါ် တုံ့ပြန်ရေး အဖွဲ့များ ချက်ချင်းသွားရောက်ကာ မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
· ဒိုဟာမြို့ မြောက်ဘက် ၈၀ ကီလိုမီတာ (မိုင် ၅၀ ခန့်) အကွာတွင် တည်ရှိသော Ras Laffan စက်မှုမြို့တော်သည် ကမ္ဘာ့အကြီးဆုံး LNG တင်ပို့ရာနေရာဖြစ်ပြီး ကမ္ဘာ့ဓာတ်ငွေ့ ထောက်ပံ့မှု ပမာဏစုစုပေါင်း၏ ငါးပုံတစ်ပုံခန့်ကို ထုတ်လုပ်ပေးနေသည့် နေရာဖြစ်သည်။
· ပြီးခဲ့သည့် မတ်လအတွင်းကလည်း အဆိုပါစက်မှုဇုန်သည် အီရန်၏ ဒုံးကျည်နှင့် ဒရုန်း များဖြင့် တိုက်ခိုက်ခြင်းကို ခံခဲ့ရသဖြင့် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ ရကြောင်း ကာတာအစိုးရက ကြေညာခဲ့ဖူးသည်။
· ထိုတိုက်ခိုက်မှုများအပြီးတွင် ကာတာစွမ်းအင်ကုမ္ပဏီအနေဖြင့် စာချုပ်ပါအတိုင်း ဓာတ်ငွေ့ ပုံမှန်မပေးသွင်းနိုင်တော့ဘဲ ကင်းလွတ်ခွင့်ပြုရန် ညှိနှိုင်းခဲ့ရသဖြင့် အီတလီ၊ ဘယ်လ်ဂျီယံ၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့မှ ဝယ်ယူသူများအပေါ် သက်ရောက်မှုရှိခဲ့သည်။
ရွှေပြည်သစ်
https://t.me/shwepyithit01
232
ဩစတြေးလျနိုင်ငံတွင် သမိုင်းတလျှောက် ကိုကင်းများ အကြီးမားဆုံး ဖမ်းဆီးရမိမှု
· ဩစတြေးလျနိုင်ငံတွင် သမိုင်းတလျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အနောက်ဆစ်ဒနီရှိ မြေအောက်လှိုဏ်ခေါင်းတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းပြီးနောက် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပါတယ်။
· အဆိုပါ မူးယစ်ဆေးဝါးများကို လန်ဒန်ဒေရီ (Londonderry) ရှိ ခြံဝင်းတစ်ခုအတွင်းရှိ ကုန်တင်ကွန်တိန်နာ ၃ လုံးရဲ့ လျှို့ဝှက်ကြမ်းခင်းအောက် အကန့်တွေထဲမှာ ပြီးခဲ့တဲ့ သောကြာနေ့က ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် ဩစတြေးလျဒေါ်လာ ၈၁၆ သန်း (ယူရို သန်း ၅၀၀ ခန့်) ရှိတယ်လို့ သိရပါတယ်။
· ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်းစဉ် ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ အသက် ၂၁ နှစ်နဲ့ ၂၅ နှစ်အရွယ် အမျိုးသားနှစ်ဦးကို အခင်းဖြစ်ပွားရာနေရာမှာတင် ဖမ်းဆီးခဲ့ပြီး တရားမဝင် နိုင်ငံခြားကနေ တင်သွင်းလာတဲ့ မူးယစ်ဆေးဝါး အမြောက်အမြားကို လက်ဝယ်ထားရှိမှုနဲ့ တရားစွဲဆို ထားပါတယ်။
· ဒီကိုကင်းတွေကို မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတစ်ခုရဲ့ အမိန့်ပေးစေခိုင်းမှုအရ ကွင်းစလန် မြောက်ပိုင်းရှိ မိချ်ပွိုင့် (Midge Point) မြို့ငယ်လေးကို ဖြတ်ကျော်ပြီး ဩစတြေးလျနိုင်ငံထဲ မှောင်ခိုသွင်းလာခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
· ဖမ်းဆီးရမိသူ နှစ်ဦးကို စနေနေ့က ရုံးထုတ်စစ်ဆေးပြီးနောက် ဆက်လက် ချုပ်နှောင်ထားကာ အပြစ်ရှိကြောင်း ထင်ရှားရင် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်အထိ ကျခံရနိုင်ပါတယ်။
· ဒီစီးနင်းမှုဟာ ပြီးခဲ့တဲ့ မေလအတွင်းက မိချ်ပွိုင့်ရှိ စက်လှေဆိပ်အနီး ရေထဲမှာ မျောနေတဲ့ ကိုကင်း ၄၀ ကီလိုဂရမ်ကို တွေ့ရှိခဲ့ပြီးနောက် စတင်ခဲ့တဲ့ “Operation Minjiang” အထူး စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အဆိုပါ တွေ့ရှိမှုကနေတစ်ဆင့် စုံစမ်း စစ်ဆေးရာကနေ ပြီးခဲ့တဲ့အပတ်ကလည်း ကွင်းစလန်နဲ့ နယူးဆောက်ဝေးလ်ပြည်နယ် တွေမှာ နောက်ထပ် လူ ၆ ဦးကို ဖမ်းဆီးတရားစွဲဆိုနိုင်ခဲ့ပါတယ်။
· ဒါ့အပြင် ဒီမှောင်ခိုလုပ်ငန်းမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိရတဲ့ ပင်မသင်္ဘောကြီး (Mother Vessel) တစ်စင်းကိုလည်း ဆော်လမွန်ကျွန်းစု (Solomon Islands) မှာ ဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
· နယူးဆောက်ဝေးလ် တက္ကသိုလ်ရဲ့ တရားမဝင် မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အဆိုအရ ဩစတြေးလျနိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ အလှမ်းဝေးကွာပေမယ့် ကိုကင်း တစ်ဂရမ်ကို ဩစတြေးလျဒေါ်လာ ၃၀၀ ခန့်အထိ ပေါက်ဈေးရှိတာကြောင့် မူးယစ်ဆေးဝါး ဈေးကွက်မှာ အမြတ်အစွန်း အများဆုံးရတဲ့ နိုင်ငံတစ်ခု ဖြစ်နေပါတယ်။
· ပြီးခဲ့တဲ့နှစ် ကုလသမဂ္ဂ ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာအရလည်း ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံသားတွေဟာ ကမ္ဘာပေါ်မှာ ကိုကင်း သုံးစွဲမှုနှုန်း အမြင့်ဆုံးဖြစ်တယ်လို့ သိရပါတယ်။
· ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့မှူး စတီဖင်ဂျေး (Stephen Jay) က “ဒီဖြစ်စဉ်က ရာဇဝတ်ဂိုဏ်းတွေဟာ ဘယ်လောက်အထိ စနစ်တကျ ဖွဲ့စည်းထားလဲ၊ ပြီးတော့ ငွေကြေး အမြတ်အစွန်းအတွက် ဘယ်လောက်အထိ အစွန်းရောက်အောင် လုပ်ရဲလဲ ဆိုတာကို ပြသနေပါတယ်။ ဒီမူးယစ်ဆေးဝါးတွေ ဘယ်ကလာသလဲဆိုတာကို ဆက်လက်စုံစမ်းနေပြီး ပါဝင်ပတ်သက်နေတဲ့ ပြည်တွင်းပြည်ပ မူးယစ်ဂိုဏ်းတွေကို ဖော်ထုတ်နိုင်ဖို့ နိုင်ငံတကာ ရဲတပ်ဖွဲ့တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု ပြောကြားခဲ့သည်။
ရွှေပြည်သစ်
https://t.me/shwepyithit01
232
ဗြိတိန်ဝန်ကြီးချုပ် တာဝန်တွေလွှဲပြောင်းပေးရပြီ
၂၀၂၆ ခုနှစ် ဇွန်လ ၂၂ ရက်
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမား (Keir Starmer) အနေဖြင့် ရာထူးမှ နုတ်ထွက်ရန် ဖိအား များနှင့် ရင်ဆိုင်နေရပြီး ၎င်း၏နိုင်ငံရေးအဖွဲ့သည် အောက်လွှတ်တော်အမတ် အန်ဒီ ဘန်ဟမ် (Andy Burnham) ၏ လူယုံများထံသို့ အာဏာလွှဲပြောင်းရန် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း ဗြိတိန်သတင်းစာများဖြစ်သည့် The Guardian၊ The Observer နှင့် The Times တို့မှ ဖော်ပြချက် အရ သိရသည်။
အာဏာလွှဲပြောင်းရေး ခြေလှမ်းများနှင့် ပါတီတွင်း အခြေအနေ
အကြိုညှိနှိုင်းမှုများ ပြုလုပ်ခြင်း: လန်ကတ်စတာ နယ်စားမြေဆိုင်ရာ အဓိပတိ (Chancellor of the Duchy of Lancaster) ဒါရင် ဂျုံးစ် (Darren Jones) သည် ဘန်ဟမ်အဖွဲ့၏ အဓိကပုဂ္ဂိုလ်ဖြစ်သူ ဗြိတိန်သယ်ယူပို့ဆောင်ရေးဝန်ကြီးဟောင်း လူဝစ် ဟိတ်ဂ် (Louise Haigh) နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။
နုတ်ထွက်မိန့်ခွန်း ပြင်ဆင်ခြင်း: ဇွန်လ ၂၀ ရက်နေ့ကတည်းက ဝန်ကြီးချုပ် စတားမားနှင့် ၎င်း၏ အနီးကပ်အဖွဲ့ဝင်များသည် ရာထူးမှ နုတ်ထွက်မည့် မိန့်ခွန်းမူကြမ်းကို စတင် ရေးဆွဲနေပြီ ဖြစ်သည်။
ခေါင်းဆောင်မှု စိန်ခေါ်ခွင့်ရခြင်း: ဂရိတ်တား မန်ချက်စတာမြို့တော်ဝန်ဟောင်း လေဘာပါတီဝင် အန်ဒီ ဘန်ဟမ်သည် ဇွန်လ ၁၈ ရက် အောက်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် စတားမားကို စိန်ခေါ်ရန် လမ်းပွင့်သွားခဲ့သည်။ လေဘာပါတီ စည်းမျဉ်းအရ အောက်လွှတ်တော်အမတ် ဖြစ်သူသာ ပါတီခေါင်းဆောင် လုပ်ခွင့်ရှိသဖြင့် ဘန်ဟမ်သည် ယခုရွေးကောက်ပွဲတွင် အမတ်နေရာကို ဦးအောင်ရယူခဲ့ခြင်း ဖြစ်သည်။
ထောက်ခံမှု အခြေအနေ။ လက်ရှိတွင် ဘန်ဟမ်သည် လေဘာပါတီ အောက်လွှတ်တော် အမတ် ထက်ဝက်ကျော် (အမတ် ၂၀၀ ကျော်) ၏ ထောက်ခံမှုကို ရရှိထားပြီး ဖြစ်သည်။ အပြန်အလှန်အားဖြင့် စတားမားသည် ပါတီတွင်း လက်ဝဲအုပ်စု၏ ထောက်ခံမှုများကို ဆုံးရှုံးထားရသည်။
ရာထူးမှ နုတ်ထွက်နိုင်ခြေနှင့် အချိန်ဇယား
နုတ်ထွက်နိုင်မည့်ရက်။ အစောဆုံးအနေဖြင့် ဇွန်လ ၂၂ ရက်နေ့တွင် စတားမား ရာထူးမှ နှုတ်ထွက်ကြောင်း ကြေညာနိုင်သည်ဟု The Observer က ဖော်ပြသည်။ တကယ်၍ မကြေညာပါက ဇွန်လ ၂၃ ရက် အစိုးရအဖွဲ့အစည်းအဝေးတွင် ရာထူးမှဆင်းရန် လူသိရှင်ကြား တောင်းဆိုမှုများနှင့် ရင်ဆိုင်ရနိုင်သည်။
စနစ်တကျ အာဏာလွှဲပြောင်းရေး။ စတားမားသည် လာမည့် စက်တင်ဘာလ လေဘာ ပါတီညီလာခံ မတိုင်မီ တရားဝင် နှုတ်ထွက်သွားရန် အချိန်ဇယားချမှတ်ဖွယ် ရှိသည်။ ဤသို့ လုပ်ဆောင်ခြင်းက ဘန်ဟမ်အတွက် အစိုးရအဖွဲ့ ဖွဲ့စည်းရန်နှင့် အမှတ် ၁၀ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်အိမ်တော်သို့ ပြောင်းရွှေ့ရန် အချိန်အလုံအလောက် ရရှိစေမည် ဖြစ်သည်။
နိုင်ငံရေးအကျပ်အတည်း၏ နောက်ခံအကြောင်းအရင်း
ဗြိတိန်၏ နိုင်ငံရေးအကျပ်အတည်းသည် မေလ ၇ ရက်နေ့က ကျင်းပခဲ့သည့် ဒေသန္တရရွေး ကောက်ပွဲများတွင် လေဘာပါတီ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
ဝေလပြည်နယ် ကိုယ်ပိုင်ဥပဒေပြုလွှတ်တော် (Welsh Parliament) ထိန်းချုပ်ခွင့်ကို ပထမဆုံးအကြိမ် ဆုံးရှုံးခဲ့ရသည်။
အင်္ဂလန်တစ်ဝန်းလုံးရှိ ဥပဒေပြုလွှတ်တော်အသီးသီးတွင် လေဘာပါတီ၏ အမတ်နေရာ ၁,၄၀၀ ကျော်အထိ လျော့နည်းသွားခဲ့သည်။
လက်ရှိတွင် လေဘာပါတီ အောက်လွှတ်တော်အမတ် ၁၀၀ ဝန်းကျင်နှင့် ဩဇာ ညောင်းသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအတော်များများက စတားမားကို ရာထူးမှ ဆင်းပေးရန် လူသိရှင်ကြားကော သီးသန့်ပါ တိုက်တွန်းတောင်းဆိုထားကြသည်။
လက်ရှိတွင် ဝန်ကြီးချုပ် စတားမားသည် ၎င်း၏ဇနီး ဗစ်တိုးရီးယား (Victoria)၊ အနီးကပ်အကြံပေးများနှင့်အတူ ကျေးလက်စံအိမ်တွင် ရှိနေပြီး နောက်ထပ် လုပ်ဆောင်မည့် နိုင်ငံရေးခြေလှမ်းများကို အသေအချာ စဉ်းစားဆုံးဖြတ်နေကြောင်း သိရသည်။
ရွှေပြည်သစ်
https://t.me/shwepyithit01
232
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။
🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။
🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။
🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
232
ကိုပိုင်အတွက်တော့မျက်ခုံးခပ်လှုပ်လှုပ်ပါပဲ😁
မရောက်ရောက်အောင်ပို့ပေးတဲ့ သူကလည်း ရောက်အောင်ကိုပို့ပေးလို့ ဟုတ်တော့နေတာပဲ😅😅
“ဒါကတော့မဟုတ်ပါဘူး ဘာကြောင့်ပါ။ ဘာညာဆိုပြီးတော့” ခံဝန်တွေဖြစ်တော့မယ်နဲ့တူပါတယ်
232
အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လက်ဘနွန်တွင် လူအများအပြား သေဆုံးကြောင်း သတင်းထွက်ပေါ်
၂၀၂၆ ခုနှစ် ဇွန်လ ၂၀ ရက်
· အစ္စရေးနှင့် ဟစ်ဇ်ဘိုလာ အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အသစ်ကို ကြေညာပြီး ၂၄ နာရီပင် မပြည့်သေးမီအချိန်၌ လက်ဘနွန်တောင်ပိုင်းသို့ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူအများအပြား သေဆုံးခဲ့ရကြောင်း သတင်းများအရ သိရသည်။
· အစ္စရေးစစ်လေယာဉ်များ၊ ဒရုန်းများနှင့် အမြောက်များက နာဘာတီးယား (Nabatieh) မြို့ပတ်ဝန်းကျင်ရှိ နေရာအများအပြားအပါအဝင် ဒေသပေါင်း ၁၀ ခုထက်မကကို ပစ်မှတ် ထား တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
· အစ္စရေးစစ်တပ်ကမူ ဟစ်ဇ်ဘိုလာအဖွဲ့က လက်ဘနွန်တောင်ပိုင်းရှိ ၎င်းတို့၏ စစ်တပ် များထံသို့ ဒုံးကျည် ၅၀ ကျော်ဖြင့် ပစ်ခတ်ခဲ့တဲ့အတွက် “ဟစ်ဇ်ဘိုလာ အကြမ်းဖက် ပစ်မှတ်များ” ကို ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
· လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေမှုကို အမေရိကန်အစိုးရ က ဝေဖန်ပြစ်တင်ထားသည်။
· အစ္စရေးနှင့် လက်ဘနွန်အကြား ဆက်လက်တင်းမာနေသည့် အခြေအနေများသည် လက်ဘနွန်အပါအဝင် “စစ်မျက်နှာစာ အားလုံး” တွင် တိုက်ပွဲများ ရပ်စဲရန် ကတိကဝတ် ပြုထားသည့် အမေရိကန်-အီရန် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ထိခိုက်ပျက်ပြား စေမည် ကိုလည်း အမေရိကန်က စိုးရိမ်လျက်ရှိသည်။
· လက်ရှိတွင် အမေရိကန်စေလွှတ်သည့် ကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) သည် သဘောတူညီချက်ကို ပိုမိုခိုင်မာစေရန် အီရန်နှင့် ကနဦးဆွေးနွေးပွဲများ ပြုလုပ်ရန် ဆွစ်ဇာလန်နိုင်ငံသို့ ဦးတည်ထွက်ခွာနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
· ဟစ်ဇ်ဘိုလာအဖွဲ့၏ အဆင့်မြင့်အရာရှိ ဟာဆန် ဖာဒလာလာ (Hassan Fadlallah) က ၎င်းတို့အဖွဲ့အနေဖြင့် အစ္စရေး၏ တိုက်ခိုက်မှုများကို ပြန်လည်တုံ့ပြန်ပိုင်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အဓိကလိုလားတာကတော့ ရန်သူ (အစ္စရေး) အနေနဲ့ အပစ်အခတ်ရပ်စဲရေးကို အပြည့်အဝနဲ့ ဘက်စုံလေးစားလိုက်နာဖို့၊ ကျွန်တော်တို့နိုင်ငံနဲ့ ကျေးရွာတွေကို တိုက်ခိုက်ဖို့ မကြိုးစားဖို့နဲ့ နယ်မြေအသစ်တွေကို သိမ်းပိုက်ဖို့ မလုပ် ဆောင်ဖို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းက လက်ဘနွန်နိုင်ငံပိုင် သတင်းအေဂျင်စီ (NNA) မှတစ်ဆင့် ပြောကြားခဲ့သည်။
· ယခုသီတင်းပတ်အစောပိုင်းက အိမ်ဖြူတော်သည် အစ္စရေးအစိုးရ၏ လက်ဘနွန်ရှိ စစ်ဆင်ရေးများအပေါ် ဝေဖန်ခဲ့ပြီး ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပျက်ပြားစေမည့် အန္တရာယ်ရှိကြောင်း ပြောဆိုခဲ့သည်။ သို့သော်လည်း သမ္မတ ဒေါ်နယ်ထရန့်က ဝါရှင်တန် အနီးတွင် Air Force One လေယာဉ်သစ်ကို မိတ်ဆက်စဉ်အတွင်း ဝန်ကြီးချုပ် နေတန်ယာဟုကို “စစ်သည်တော်” ဟု ခေါ်ဆိုကာ ချီးကျူးစကား ပြောကြားခဲ့သည်။
ရွှေပြည်သစ်
https://t.me/shwepyithit01
232
+1
အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လက်ဘနွန်တွင် လူအများအပြား သေဆုံးကြောင်း သတင်းထွက်ပေါ်
232
စာရေးဆရာ မင်းခိုက်စိုးစန် ကွယ်လွန်
၂၀၂၆ ခုနှစ် ဇွန်လ ၂၀ ရက်
· မြန်မာစာပေလောကတွင် ပို့စ်မော်ဒန် (Post-modern) စာပေအရေးအသားများဖြင့် လူငယ်စာဖတ်ပရိသတ်များအကြား ရေပန်းစား ထင်ရှားခဲ့သည့် စာရေးဆရာ၊ ဒါရိုက်တာ နှင့် ဇာတ်ညွှန်းရေးဆရာ မင်းခိုက်စိုးစန် (ခ) ဒေါက်တာကျော်စိုးသည် ယနေ့ (ဇွန် ၂၀ ရက်) နံနက်ပိုင်းက အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့၌ ကွယ်လွန်သွားခဲ့ကြောင်း စာပေအသိုင်းအဝိုင်းထံမှ သိရသည်။
· ကွယ်လွန်ချိန်တွင် မင်းခိုက်စိုးစန်သည် အသက် ၅၄ နှစ်ရှိပြီ ဖြစ်သည်။ ဆရာ ကွယ်လွန်သည့် သတင်းကြောင့် ၎င်း၏ Fan Page များနှင့် စာအုပ်တိုက်များက စိတ်မကောင်းခြင်းကြီးစွာဖြင့် ဝမ်းနည်းကြောင်း သဝဏ်လွှာများ အသီးသီး ထုတ်ပြန် ထားကြသည်။
· မင်းခိုက်စိုးစန်သည် ယခင်က ကျောက်ကပ်ဝေဒနာ ခံစားခဲ့ရဖူးကြောင်း သိရသော်လည်း ယခု မည်သည့်ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်ဆိုသည့် အသေးစိတ်အချက်အလက်ကိုမူ မသိရသေးပေ။
စာပေနှင့် အနုပညာခရီးလမ်း ကြောင်းရာ
· မင်းခိုက်စိုးစန်သည် ၂၀၀၂ ခုနှစ်တွင် ရန်ကုန်ဆေးတက္ကသိုလ် (၂) မှ ဆေးပညာဘွဲ့ (M.B.B.S) ရရှိခဲ့သူ တစ်ဦးဖြစ်သည်။ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလထုတ် မဟေသီမဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သည့် “နေရောင်ခြည်သည် ရောဂါပိုးများကို သေစေ၏” ဝတ္ထုတိုဖြင့် စာပေ လောကထဲသို့ စတင်ခြေချခဲ့သည်။
· ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်း စာရေးဆရာ တာရာမင်းဝေ နောက်ပိုင်းတွင် လူငယ်စာဖတ် ပရိသတ်များအကြား သြဇာအရှိဆုံးနှင့် အအောင်မြင်ဆုံး စာရေးဆရာတစ်ဦး ဖြစ်လာခဲ့သည်။
· ထင်ရှားသည့် လုံးချင်းဝတ္ထုများ (အုပ် ၂၀ ခန့်)။ ပထမဆုံး လုံးချင်းဝတ္ထုဖြစ်သည့် “လွမ်းလို့ သေသွားတဲ့ သစ်ပင်” အပြင် လူကြိုက်အများဆုံးဖြစ်ခဲ့သော “သုည”၊ “ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ကွဲပက်လက်လမ်းဆုံ”၊ “ချစ်သူရဲ့ပါးတစ်ဖက်ကိုခိုးဝှက်သွားတဲ့ တစ္ဆေ”၊ “မနက်ဖြန် အစီအစဉ်” နှင့် “ပို့စ်မော်ဒန်လူငယ်” တို့ ဖြစ်ကြသည်။
· ဝတ္ထုတိုနှင့် အက်ဆေးများ (၂၁ အုပ်ခန့်)။ “ကောင်းကင်နဲ့ မလွတ်တဲ့တောင်ပံတစ်စုံ”၊ “ကျွန်တော်နှင့် အလင်းမျှော်စင်” နှင့် “မင်းသားကြီး” စသည့် ဝတ္ထုတိုစုစည်းမှုများအပြင် အတွေးအမြင် အက်ဆေးစာအုပ်များစွာ ရေးသားခဲ့သည်။
· ဘာသာပြန်လက်ရာများ။ ကမ္ဘာကျော် “ဟယ်ရီပေါ်တာ” (Harry Potter) စီးရီး အပါအဝင် ဘာသာပြန်စာအုပ် ၇ အုပ်ခန့်ကိုလည်း မြန်မာပြန်ဆိုခဲ့ရာ ဘာသာပြန်ပရိသတ်များအကြား များစွာအောင်မြင်ခဲ့သည်။
· မင်းခိုက်စိုးစန် အပြင် သတိုးတေဇ၊ ဇော်နိုင်ငံစိုး စသည့် ကလောင်ခွဲများဖြင့်လည်း စာပေများ ရေးသားခဲ့သည်။ စာပေလောကတွင်သာမက ရုပ်ရှင်နယ်ပယ်၌လည်း ဇာတ်ညွှန်းများ ရေးသားခြင်း၊ ကိုယ်တိုင် ဒါရိုက်တာအဖြစ် ဗီဒီယိုဇာတ်ကားများနှင့် ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးခြင်းတို့ဖြင့် လျှောက်လှမ်းခဲ့သည့် ဘက်စုံရ အနုပညာရှင်တစ်ဦး ဖြစ်သည်။
ရွှေပြည်သစ်
https://t.me/shwepyithit01
232
Repost from N/a
+1
ဆီဈေးတွေ ပြန်ကျတော့မှာပေါ့
အမေရိကန်ကလည်း ဘိုးတော်ဘုရားလက်ထက်တုန်းကအတွေးတွေနဲ့ ကမ္ဘာ့ကြီးကိုလွှမ်းမိုးချင်နေလို့ကတော့ ဒီနေ့လို့ နည်းပညာခေတ်မျိုးမှာ မရတော့ဘူးဆိုတဲ့သာဓကကို အီရန်က ပြသလိုက်ပြီလို့ပြောလို့ရတယ်။ ဒီနေ့လိုခေတ်မျိုးမှာတစ်နိုင်ငံတည်းကြီးစိုးပြီးလက်ဝါးကြီးအုပ်ဖို့ဆိုတာထက် နိုင်ငံအချင်းချင်းပေါင်းစပ်ညှိနှိုင်းတဲ့ သံတမန်ရေးပုံစံမျိုးနှင့် အပြည့်အစုံဖတ်ရန်
232
သြစတြေးလျနိုင်ငံတွင် ပထမဆုံး H5N1 ကြက်ငှက်တုပ်ကွေးရောဂါပိုး တွေ့ရှိ
၂၀၂၆ ခုနှစ် ဇွန်လ ၂၀ ရက်
· သြစတြေးလျနိုင်ငံတွင် H5N1 ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်မျိုးစိတ်ကို ပထမဆုံး အကြိမ်အဖြစ် တွေ့ရှိရကြောင်း နိုင်ငံ၏ ဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့သည်။ ကူးစက်မြန်လှသည့် အဆိုပါ ဗိုင်းရပ်စ်မျိုးကွဲမှာ ယခုအခါ ကမ္ဘာ့တိုက်ကြီးအားလုံးသို့ ပျံ့နှံ့နေခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
· အနောက်သြစတြေးလျ ပြည်နယ်၏ ဝေးလံခေါင်သီသော ဒေသတစ်ခုတွင် ရွှေ့ပြောင်း နေထိုင်တတ်သည့် ပင်လယ်ရေပျော်ငှက်တစ်ကောင် (Brown Skua) ထံမှ အဆိုပါ ရောဂါပိုးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီး ဂျူလီ ကောလင်းစ် (Julie Collins) က ပြောကြားခဲ့သည်။
· ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ အဆိုပါငှက်ကို ပါ့သ် (Perth) မြို့၏ အရှေ့တောင်ဘက် ၇၀၀ ကီလိုမီတာ (၄၃၄ မိုင်) ခန့်အကွာရှိ အက်စပရန့်စ် (Esperance) မြို့အနီး Cape Le Grand အမျိုးသားဥယျာဉ်ရှိ ကမ်းခြေတစ်ခုတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
· သြစတြေးလျနိုင်ငံသည် ယခင်က H5N1 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် မတွေ့ရှိရ သေးသည့် တစ်ခုတည်းသော တိုက်ကြီးအဖြစ် ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။
· အဆိုပါ ဗိုင်းရပ်စ်မျိုးစိတ်သည် အိမ်မွေးကြက်၊ ဘဲ၊ ငှက်များနှင့် တောရိုင်းငှက်အုပ်စုများ အကြား လျင်မြန်စွာ ကူးစက်ပြန့်ပွားနိုင်သည်။ သို့သော် ဤရောဂါနှင့် ဆက်စပ်ပြီး လူသား များထံ ကူးစက်သည့်ဖြစ်စဉ်မှာမူ အလွန်ရှားပါးနေဆဲဖြစ်သည်။
· “ကျွန်မတို့တွေ ကြက်ငှက်တုပ်ကွေး ကင်းစင်တဲ့နယ်မြေအဖြစ် ထာဝရရပ်တည်နိုင်မှာ မဟုတ်ဘူးဆိုတာ အားလုံးသိထားပြီးသားပါ” ဟု ဝန်ကြီး ကောလင်းစ်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကျွန်းစုများပေါ်မှ ကနဦး ကူးစက်မှုများ
· H5N1 ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းရှိ သြစတြေးလျ၏ ဝေးလံသော နယ်နိမိတ်များဖြစ်သည့် Heard နှင့် McDonald ကျွန်းစုများတွင် စတင်တွေ့ရှိခဲ့ဖူးသည်။
· ယခုသီတင်းပတ်အတွင်း ထွက်ပေါ်လာသည့် လေ့လာမှုတစ်ခုအရ Heard ကျွန်းပေါ်ရှိ ဖျံကောင်ရေ ၁၇,၀၀၀ အနက် သားပေါက်ဖျံလေးပေါင်း ၁၃,၀၀၀ ခန့် (စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကျော်) သည် ပြီးခဲ့သည့် သြဂုတ်လကတည်းက H5N1 ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရကြောင်း ခန့်မှန်းထားသည်။ ထို့အပြင် ပင်ဂွင်းအုပ်စုများတွင်လည်း ပုံမှန်ထက် ပိုမို၍ သေဆုံးမှုများ ရှိနေသည်ကို တွေ့ရှိခဲ့ကြသည်။
· သိပ္ပံပညာရှင်များ၏ အဆိုအရ ဤကြက်ငှက်တုပ်ကွေးသည် မိုင်ပေါင်း ၁,၈၀၀ ခန့် ဝေးကွာသော ပြင်သစ်ပိုင် Crozet ကျွန်းစုများမှ ရွှေ့ပြောင်းလာသည့် ငှက်များမှတစ်ဆင့် ပြီးခဲ့သည့် သြဂုတ်လက အဆိုပါကျွန်းများသို့ ကူးစက်ပျံ့နှံ့ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ယူဆကြသည်။
ဗိုင်းရပ်စ်၏ ဇစ်မြစ် - ကမ္ဘာတစ်ဝှမ်းရှိ တောရိုင်းငှက်များကြား ကူးစက်ပျံ့နှံ့နေသော အဓိက ဗိုင်းရပ်စ် အမျိုးအစားမှာ H5N1 ဖြစ်ပြီး၊ ၁၉၉၀ ပြည့်လွန်နှစ်များနှောင်းပိုင်းက တရုတ်နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ကူးစက်ပုံ - ငှက်များ ရွှေ့ပြောင်းကျက်စားခြင်းကြောင့် အိမ်မွေးငှက်များနှင့် တောရိုင်းငှက်များတွင် ရောဂါကူးစက်မှုများ ဖြစ်ပွားစေသည်။ အလွန်ရှားပါးသော အခြေအနေများတွင်မူ ဖျားနာနေသော တိရစ္ဆာန်များနှင့် ထိတွေ့ကိုင်တွယ်မိခြင်းကြောင့် လူသားများထံသို့ပါ ကူးစက်တတ်ကြောင်း သိရသည်။
ရွှေပြည်သစ်
https://t.me/shwepyithit01
232
ဒိုမီနီကန် ကမ်းခြေဟိုတယ် မီးလောင်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး၊ ခရီးသွား ၁,၇၀၀ ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ
၂၀၂၆ ခုနှစ် ဇွန်လ ၂၀ ရက်
· ဒိုမီနီကန်နိုင်ငံ၊ ဘာယာဟီဘီ (Bayahibe) ကမ်းခြေအပန်းဖြေစခန်းရှိ ဟိုတယ်တစ်ခုတွင် အကြီးအကျယ် မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး ကမ္ဘာလှည့်ခရီးသွား ၁,၇၀၀ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသခံအာဏာပိုင်များက သောကြာနေ့တွင် ပြောကြားခဲ့သည်။
· ဗီဗာ ဝင်းဟမ်း ဒိုမီနီကတ် ဘိချ် ဟိုတယ် (Viva Wyndham Dominicus Beach Hotel) တွင် ဖြစ်ပွားခဲ့သော အဆိုပါမီးလောင်မှုအတွင်း အသက် ၄၆ နှစ်အရွယ် အီတလီအမျိုးသမီး ဖရန်ဆက်စကာ ဗလန်တီနို (Francesca Valentino) သေဆုံးခဲ့ကြောင်း DAEH အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
· မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးကို ဆေးရုံ/ဆေးခန်းများသို့ ပို့ဆောင် ပေးခဲ့ရပြီး အခြားခြောက်ဦးကိုမူ အခင်းဖြစ်ပွားရာနေရာ၌ပင် ဆေးကုသမှုပေးခဲ့ကြောင်း၊ အဆိုပါ ထိခိုက်ခံရသူများထဲတွင် ဟိုတယ်ဧည့်သည်များ၊ လာရောက်လည်ပတ်သူများနှင့် အရေးပေါ်ကယ်ဆယ်ရေးသမားများ ပါဝင်ကြောင်း DAEH က ပြောသည်။
· ဒေသတွင်း မီဒီယာများက မျှဝေထားသည့် ဗီဒီယိုဖိုင်များတွင် ကာရစ်ဘီယံကမ်းရိုးတန်း အထက်၌ မီးခိုးလုံးကြီးများ လွင့်ပျံနေပြီး အပန်းဖြေစခန်း၏ သက်ငယ်/ဓနိမိုး အမိုးများကို မီးတောက်များ ဝါးမြိုနေသည်ကို တွေ့ရသည်။
· “အမိုးဖွဲ့စည်းပုံတွေက စွန်ပလွန်ရွက်တွေနဲ့ ပြုလုပ်ထားလို့ မီးကူးစက်လွယ်တဲ့အပြင် လေတိုက်နှုန်းကြောင့်ပါ မီးက အရှိန်အဟုန်နဲ့ လျင်လျင်မြန်မြန် ကူးစက်ပြန့်ပွားသွားတာကို ကနဦး လေ့လာချက်တွေအရ သိရပါတယ်” ဟု နိုင်ငံ၏ အရေးပေါ်လုပ်ငန်း ဆောင်ရွက်မှု ဗဟိုဌာန (COE) က ပြောကြားခဲ့သည်။
· လက်ရှိတွင် မီးကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သော်လည်း မီးလောင်ရသည့်အကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း လုပ်ငန်းဆောင်ရွက်မှုဗဟိုဌာနက ပြောသည်။
· ကြည်လင်သော ရေပြင်နှင့် သဲသောင်ပြင်ဖြူဖြူများကြောင့် လူသိများကျော်ကြားလှသော ဒိုမီနီကန်သမ္မတနိုင်ငံသည် ကာရစ်ဘီယံဒေသ၏ ထိပ်တန်းကမ္ဘာလှည့်ခရီးသွား ဆွဲဆောင် ရာ နေရာ တစ်ခုဖြစ်ပြီး ယခုနှစ် ပထမ ၅ လအတွင်းမှာတင် ခရီးသွားဧည့်သည် ၅.၆ သန်းခန့် လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ရွှေပြည်သစ် https://t.me/shwepyithit01
232
ဒိုမီနီကန် ကမ်းခြေဟိုတယ် မီးလောင်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး၊ ခရီးသွား ၁,၇၀၀ ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ
232
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်
တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးသွားရောက်စဉ်
(၁၇-၆-၂၀၂၆)ရက်နေ့၌ တရုတ်နိုင်ငံ CCTV သတင်းရုပ်သံလိုင်း၏ တွေ့ဆုံမေးမြန်းမှုများအား လက်ခံဖြေကြားချက် ရွှေပြည်သစ် https://t.me/shwepyithit01
