uz
Feedback
ရွှေပြည်သစ်

ရွှေပြည်သစ်

Kanalga Telegram’da o‘tish

တိုင်းချစ် ပြည်ချစ် ရွှေပြည်သစ်

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan
234
Obunachilar
+124 soatlar
+167 kun
+1430 kun
Postlar arxiv
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်ရေး နိုင်ငံတော်သမ္မတ ဆွေးနွေး ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်နေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့၌ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဂျေပူရ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရောက်ရှိခဲ့ရာ ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီး ဂါဂျန်ဒရာဆင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးတို့ တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး၊ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှု တိုးတက်ရေးနှင့် နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါသည်။ နိုင်ငံတော်သမ္မတက ဇွန်လအတွင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်ရေး ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ပြောကြားခဲ့ပါသည်။ တွေ့ဆုံမှုအပြီးတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဂျေပူရ်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့ပါသည်။ ရွှေပြည်သစ် https://t.me/shwepyithit01

မြန်မာ-ရုရှား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး နိုင်ငံတော်သမ္မတ ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်ထွက်ခွာ နေပြည်တော်၊ ဩဂုတ် ၁၇ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး စီးပွားရေး၊ လုံခြုံရေးနှင့် လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ယနေ့ ဩဂုတ် ၁၇ ရက်တွင် တရားဝင်ခရီးစဉ် စတင်ထွက်ခွာခဲ့ပြီ ဖြစ်ပါသည်။ အဆိုပါခရီးစဉ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ထွက်ခွာခဲ့ခြင်းဖြစ်ပါသည်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုများတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေး ပိုမိုခိုင်မာလာစေရေးအပြင် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး စသည့် ကဏ္ဍများတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖော်ဆောင်နိုင်ရေးကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း မြန်မာ-ရုရှား စီးပွားရေးဖိုရမ် သို့ တက်ရောက်မည်ဖြစ်ရာ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက်လည်းဆောင်ရွက်သွားမည် ဖြစ်ပါသည် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားပါသည်။ ရွှေပြည်သစ် https://t.me/shwepyithit01

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေဆိုင်ရာ သတင
+2
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်

လှေစီးဒုက္ခသည်တွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားဒေသက စခန်းတွေမှာနေထိုင်နေသူတွေနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ဩဂုတ်လ ၁၅ ရက်နေ့ထုတ်ပြန်ချက်အနှစ်ချုပ် ၁။ သတင်းအမှားတွေအပေါ်အခြေခံပြီး တစ်ဖက်စောင်းနင်း ရေးသားပြောဆိုနေခြင်းသာဖြစ်တယ်။ ၂။ ၂၀၁၆-၂၀၁၇ မှာ အာဆာအကြမ်းဖက်အဖွဲ့က ရဲကင်းစခန်းတွေနဲ့ ဒေသခံ တိုင်းရင်းသားတွေကို အကြမ်းဖက်သတ်ဖြတ်ခဲ့လို့ တပ်မတော်က တုန့်ပြန်ဆောင်ရွက်တဲ့ အခါ အာဆာအဖွဲ့ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် နေရပ်စွန့်ထွက်ပြေးခဲ့ကြတာ ဖြစ်တယ်။ ၃။ အဲဒီလို အာဆာတွေ အကြမ်းဖက်တိုက်ခိုက်မှုမလုပ်ခင်က ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသတွေမှာ ဘင်္ဂလီ ၇ သိန်း ကျော်ရှိ၊ ဖြစ်စဉ်ဖြစ်ပြီး ၂ သိန်းကျော် ဆက်လက်နေထိုင်နေတဲ့အတွက် ထွက်ပြေးသွားသူ ၅ သိန်းကျော်သာရှိ။ ပြောနေကြသလို နေရပ်စွန့်ခွာသူ ၁ သန်းကျော်ဆိုတာ လုံးဝမဟုတ်။ ၄။ သူတို့ကို ပြန်လည်လက်ခံဖို့ မြန်မာ-ဘင်္ဂလား သဘောတူစာချုပ် ၃ ခုချုပ်ဆိုခဲ့၊ ၂၃-၁-၂၀၁၈၊ ၁၅-၁၁-၂၀၁၈ ၊ ၂၂-၈-၂၀၁၉ တို့မှာ လက်ခံဖို့ ၃ ကြိမ်တိုင်တိုင် စီစဉ်စောင့်ဆိုင်း ခဲ့ပေမယ် ပြန်လည်ဝင်ရောက်ခြင်း မရှိခဲ့။ ၅။ ၃၁-၇-၂၀၁၆ မှာ ဘင်္ဂလားဒေ့ရှ်ကပေးပို့တဲ့ ၈ သိန်းကျော် လူစာရင်းကို စိစစ်တဲ့အခါ ၄ သိန်းကျော် စိစစ်ပြီးစီးခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း နေထိုင်ခဲ့ဖူးသူ ၃ သိန်းကျော်၊ အကြမ်းဖက်လုပ်ရပ်ကျူးလွန်ခဲ့သူ ၄ ထောင်ကျော်နဲ့ ရခိုင်ပြည်နယ်အတွင်း နေထိုင်ခဲ့ကြောင်း အထောက်အထားမတွေ့ရှိသူ ၁ သိန်း ကျော်ရှိတာတွေ့ရသည်။ ၆။ ဒါ့ကြောင့် ဘင်္ဂလားဒေ့ရှ်က စခန်းတွေမှာ နေထိုင်သူအားလုံးဟာ မြန်မာနိုင်ငံက လာရောက်ပါတယ်လို့ စွပ်စွဲပြောဆိုတဲ့အပေါ် မသင်္ကာ။ လှေစီးဒုက္ခသည် တွေနဲ့ တခြားနိုင်ငံကို ရောက်နေတဲ့သူတွေကို မြန်မာနိုင်ငံကပါလို့ စွပ်စွဲပြောဆိုနေကြတာကို ကန့်ကွက်သည်။ ၇။ မြန်မာနိုင်ငံမှာ လူဝင်မှုကြီးကြပ်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့စိစစ်ပြီး နှစ်နိုင်ငံသဘော တူညီချက်အတိုင်း ၁၉၇၈-၁၉၇၉ ခုနှစ်မှာ ၁၈၆၉၆၈ ဦး၊ ၁၉၉၂-၂၀၀၅ တွေအတွင်းမှာ ၂၃၆၄၉၅ ဦး ပြန်လည်လက်ခံခဲ့ပြီးဖြစ်။ ၈။ မြန်မာက ပြန်လည်လက်ခံရေးကို စိဆန္ဒအမှန်နဲ့ ကြိုးပမ်းခဲ့၊ ရှေ့ပြေးစမ်းသပ်စီမံကိန်း Pilot Project နဲ့ Come- and-See အစီအစဉ်၊ Go-and- Talk အစီအစဉ်တွေနဲ့ ဆောင်ရွက်ခဲ့ ၉။ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စက နိုင်ငံတကာပြဿနာမဟုတ်၊ မြန်မာ- ဘင်္ဂလား နှစ်နိုင်ငံအကြား ဖြေရှင်းရမည့် ကိစ္စဖြစ်၊ နေရပ်စွန့်ခွာသူတွေရဲ့ ဆန္ဒအလျောက်၊ လုံခြုံ၊ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ငံရေး အိမ်နီးချင်းကောင်းစိတ်ဓာတ်အပေါ် အခြေခံပြီး ပူးပေါင်းဆောင်ရွက်မည်။ ၁၀။ ရခိုင်ပြည်နယ်မှာနေထိုင်ခဲ့ဖူးကြောင်း စိစစ်ပြီးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာ သူတွေကို ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာရင် ညှိနှိုင်းပြီး ပြန်လည်လက်ခံသွားမည်ဖြစ်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေဆိုင်ရာ သတင
+2
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်

မျိုးဆက်သစ်လူငယ်များအနေဖြင့် အသိပညာ၊ အတတ်ပညာနှင့် ခေတ်မီနည်းပညာတတ်ကျွမ်းမှုတို့ကို ဖြည့်ဆည်းပြီး နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ပါဝင်ကြရန် တိုက်တွန်း နေပြည်တော်၊ ဩဂုတ် ၁၂ မျိုးဆက်သစ်လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များနှင့် အဓိကမောင်းနှင်အားများဖြစ်သဖြင့် အသိပညာ၊ အတတ်ပညာနှင့် ခေတ်မီနည်းပညာတတ်ကျွမ်းမှုများ ပြည့်စုံအောင် ကြိုးပမ်းကြရန်၊ မိမိတို့၏ စွမ်းရည်များကို နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် တက်ကြွစွာ ပါဝင်အသုံးချကြရန်နှင့် အနာဂတ်နိုင်ငံတော်၏ လုပ်ငန်းတာဝန်များကို လက်ဆင့်ကမ်း ပခုံးပြောင်းတာဝန်ယူနိုင်သည့် နိုင်ငံတော်က အားကိုးအားထားပြုရသော လူချွန်လူကောင်းများဖြစ်လာအောင် ကြိုးစားကြရန်  အောက်ပါအတိုင်းတိုက်တွန်းပြောကြားခဲ့သည် - လူငယ်အင်အားသည် နိုင်ငံတော်အနာဂတ်၏ အဓိကမောင်းနှင်အား — မြန်မာနိုင်ငံတွင် လူငယ်အင်အားအများအပြားရှိပြီး ယင်းအင်အားကို အသိပညာ၊ အတတ်ပညာပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်အဖြစ် ဖော်ဆောင်ရန်။ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး — အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း လူငယ် ၈ ဒသမ ၄ သန်းကျော်ရှိသဖြင့် ကျောင်းနေနှုန်းမြင့်မားရေးနှင့် စနစ်တကျ သင်ကြားလေ့ကျင့်ပေးရေးကို အလေးထားဆောင်ရွက်ရန်။ လူငယ်ကဏ္ဍကို သီးခြားအလေးထား — လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် လူငယ်ရေးရာဝန်ကြီးဌာနကို သီးခြားဖွဲ့စည်းထားပြီး လူငယ်များ၏ စွမ်းရည်နှင့် အလားအလာများ ဖော်ထုတ်ပေးရန်။ ဗလငါးတန်ပြည့်ဝသည့် မျိုးဆက်သစ်များ မွေးထုတ်ရေး — နိုင်ငံတော်ကို တန်ဖိုးထားချစ်မြတ်နိုးမှု၊ မှန်ကန်သည့်အတွေးအခေါ်နှင့် အလေ့အကျင့်ကောင်းများရှိသော လူငယ်များဖြစ်လာစေရန် ပြုစုပျိုးထောင်ရန်။ ၂၁ ရာစု ကျွမ်းကျင်မှုများ ဖြည့်ဆည်းရေး — Digital Technology၊ AI၊ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်စေရန် အခွင့်အလမ်းများ ဖန်တီးပေးရန်။ Responsible Digital Citizen ဖြစ်ရေး — လူငယ်များအနေဖြင့် သတင်းအချက်အလက်များကို အမှားအမှန် ခွဲခြားနိုင်သည့် Critical Thinking ရှိရန်၊ AI Ethics နှင့် Cybersecurity ကို သိရှိနားလည်ပြီး နည်းပညာကို တာဝန်သိစွာ အသုံးချရန်။ ခေတ်မီတိုးတက်မှုနှင့် အမျိုးသားရေးလက္ခဏာကို ဟန်ချက်ညီစေရေး — ခေတ်မီနည်းပညာများကို ကျွမ်းကျင်စွာ အသုံးချနိုင်သကဲ့သို့ မြန်မာ့ရိုးရာယဉ်ကျေးမှု၊ အမျိုးသားရေးစရိုက်လက္ခဏာနှင့် မျိုးချစ်စိတ်ဓာတ်တို့ကို ထိန်းသိမ်းမြှင့်တင်ရန်။ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် လူငယ်များဖြစ်ရေး — မြန်မာလူငယ်များကို နိုင်ငံတော်၏ အပြုသဘောဆောင်သည့် ကိုယ်စားလှယ်များအဖြစ် ဒေသတွင်းနှင့် ကမ္ဘာ့အသိုက်အဝန်းတွင် တက်ကြွစွာ ပူးပေါင်းပါဝင်နိုင်ရေး အားပေးရန်။ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် လူငယ်ပါဝင်မှု — လူငယ်များ၏ ရင့်ကျက်သောအတွေးအခေါ်၊ မှန်ကန်သောလုပ်ရပ်နှင့် ပေါင်းစည်းအားတို့ကို ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် နိုင်ငံဖွံ့ဖြိုးရေးတွင် အသုံးချရန်။ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဆောင်ပုဒ်နှင့်အညီ ပေါင်းစည်းဆောင်ရွက်ရေး — “နောက်ခံမတူငြား၊ ရည်မှန်းတူထား၊ လူငယ်အား – Different Contexts, Common Aspirations” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မတူကွဲပြားသည့် လူငယ်အတွေးအမြင်နှင့် စွမ်းရည်များကို စုစည်း၍ နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချရန်။ ရွှေပြည်သစ် https://t.me/shwepyithit01

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် NDAA ဥက္ကဋ္ဌ ဦးထိန်လင်းတို့ တွေ့ဆုံ၍ မိုင်းလားဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး နေပြည်တော်၊ ဩဂုတ် ၁၁ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဥက္ကဋ္ဌ ဦးထိန်လင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံပြီး ထာဝရငြိမ်းချမ်းရေးဖော်ဆောင်မှု၊ မိုင်းလားဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံစဉ် NDAA ဥက္ကဋ္ဌ ဦးထိန်လင်းက ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရမှုအပေါ် အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် NDAA အဖွဲ့ကိုယ်စား ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါသည်။ NDAA မိုင်းလားအဖွဲ့အနေဖြင့် နှစ်ပေါင်း ၃၀ ကျော်ကြာ “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး” ဟူသည့် လမ်းစဉ်အတိုင်း လျှောက်လှမ်းခဲ့ပြီး နိုင်ငံတော်အစိုးရအဆက်ဆက်နှင့် ကောင်းမွန်သည့်ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရနှင့် ထိတွေ့ဆက်ဆံမှု၊ အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုအားကောင်းလာစေရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့ပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မိုင်းလားဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာရေးတို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက ထာဝရငြိမ်းချမ်းရေးရရှိရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ မိုင်းလားဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာစေရန် နိုင်ငံတော်အစိုးရက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ဆရာ၊ ဆရာမများနှင့် ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးသွားမည်ဖြစ်သကဲ့သို့ ကျန်းမာရေးကဏ္ဍ တိုးတက်ရေးအတွက်လည်း ဆေးရုံများ အဆင့်မြှင့်တင်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးပစ္စည်းများ ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ မိုင်းလားဒေသ၌ လတ်တလောလိုအပ်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ ကျန်းမာရေးဝန်ထမ်းများ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် မိုင်းလားဒေသ၌ ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ ထို့အတူ မိုင်းလားဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ NDAA အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လမ်းညွှန်ချက်များကို မိုင်းလားဒေသခံပြည်သူများထံ ချပြဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးတို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါသည်။ ရွှေပြည်သစ် https://t.me/shwepyithit01

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်းနှင့် သင်တန်းဖွင့်လှစ်ခြင်း လုံးဝမရှိ၊ မှော်ဘီ ရကသ (၄) တွင် သင်တန်းဖွင့်ထားသည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ် လက်ရှိအချိန်အထိ မိမိဆန္ဒအလျောက် လျှောက်လွှာတင်သွင်းပြီး တက်ရောက်ရတဲ့ အမျိုးသမီးစစ်မှုထမ်း တပ်သား၊ တပ်ကြပ်ကြီးစာရေးနဲ့ အရာရှိသင်တန်းများကိုသာ ဖွင့်လှစ်ထားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်းနဲ့ သင်တန်းဖွင့်လှစ်ခြင်း လုံးဝမရှိကြောင်း ပြောလိုပါတယ်။ ဒါ့ကြောင့် မှော်ဘီ ရကသ (၄) တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းသင်တန်း ဖွင့်လှစ်ထားသည်ဟု ထွက်ပေါ်နေသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ ရွှေပြည်သစ် https://t.me/shwepyithit01

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်းနှင့် သင်တန်းဖွင့်လှစ်ခြင်း လုံးဝမရှိ၊ မှော်ဘီ ရကသ (၄) တွင် သင်တန်းဖွင့်ထားသည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ် လက်ရှိအချိန်အထိ မိမိဆန္ဒအလျောက် လျှောက်လွှာတင်သွင်းပြီး တက်ရောက်ရတဲ့ အမျိုးသမီးစစ်မှုထမ်း တပ်သား၊ တပ်ကြပ်ကြီးစာရေးနဲ့ အရာရှိသင်တန်းများကိုသာ ဖွင့်လှစ်ထားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်းနဲ့ သင်တန်းဖွင့်လှစ်ခြင်း လုံးဝမရှိကြောင်း ပြောလိုပါတယ်။ ဒါ့ကြောင့် မှော်ဘီ ရကသ (၄) တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းသင်တန်း ဖွင့်လှစ်ထားသည်ဟု ထွက်ပေါ်နေသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

ပြည်သူများရွေးကောက်တင်မြှောက်ထားသည့် အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနေဟု နိုင်ငံတော်သမ္မတ ပြော နေပြည်တော်၊ ဩဂုတ် ၁၁ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA က ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ရုံးတော်၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည့် အဓိကအကြောင်းအရာများမှာ - မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ပြည်သူများက ရွေးကောက်တင်မြှောက်ခဲ့သည့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အထောက်အကူဖြစ်စေရေးအတွက် နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများ။ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန်အတွက် နိပွန်ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများ။ မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များတွင် ငလျင်ဘေးဒဏ်ခံနိုင်သည့် အဆောက်အဦများ ဆောက်လုပ်ခြင်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချပေးနိုင်ရေး နိပွန်ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာရေး ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက်တွန်း နေပြည်တော်၊ ဩဂုတ် ၁၀ ယနေ့ကျောင်းသားလူငယ်များသည် နောင်အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့်အတွက် ကာယ၊ ဉာဏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု (ဗဟိုအဆင့်) အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။ နိုင်ငံတော် သမ္မတက အဓိကထား ပြောကြားခဲ့သည့် အကြောင်းအရာများမှာ - ▪️ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်ပြီး သက်တမ်းစေ့အသက်ရှည်စွာ နေထိုင်နိုင်ရေးအတွက် “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုသည့် ဦးတည်ချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။ ▪️ “ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်” ကလေးဘဝမှစ၍ ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုပုံစံနှင့် အမူအကျင့်ကောင်းများ စွဲမြဲလာစေရေး လေ့ကျင့်ပေးရန်နှင့် ကျောင်းသားများမှတစ်ဆင့် မိသားစုနှင့် လူမှုအသိုက်အဝန်းအထိ ကျန်းမာရေးအသိ ပျံ့နှံ့စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။ ▪️ KG မှ Grade-12 အထိ ကျန်းမာရေးမှတ်တမ်း လွှမ်းခြုံရန် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှ KG ကျောင်းသားများအတွက် စတင်ဆောင်ရွက်ခဲ့သည့် တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်စနစ်ကို ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ Grade-12 အထိ စဉ်ဆက်မပြတ် လွှမ်းခြုံနိုင်ရေး တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း။ ▪️ ကျောင်းတွင်းအာဟာရအတွက် ကျပ် ၂ ဒသမ ၈၂ ဘီလီယံ KG ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းတွင်းအာဟာရကျွေးမွေးရေးကို ဆက်လက်ဆောင်ရွက်ရန်နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ရန်ပုံငွေကျပ် ၂ ဒသမ ၈၂ ဘီလီယံကို ပထမအကြိမ် ခွဲဝေချထားပြီး ဆက်လက်တိုးမြှင့်ချထားပေးသွားမည်ဖြစ်ကြောင်း။ ▪️ ဆယ်ကျော်သက် ကျန်းမာရေးအခြေအနေကို အလေးထားရန် ၂၀၂၅ ခုနှစ်အတွင်း အသက် ၁၃ နှစ်မှ ၁၇ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူ ၁,၁၅၅ ဦးကို လေ့လာဆန်းစစ်ရာ ၂၃ ရာခိုင်နှုန်း ကိုယ်အလေးချိန်လျော့နည်းပြီး ၄ ဒသမ ၅ ရာခိုင်နှုန်း အဝလွန်နေသည်ကို တွေ့ရှိရကြောင်း။ ကျောင်းသား၊ ကျောင်းသူ သုံးပုံတစ်ပုံခန့်သာ တစ်ပတ်လျှင် အနည်းဆုံး တစ်နာရီခန့် ကိုယ်လက်လှုပ်ရှားမှုရှိပြီး ဆယ်ပုံတစ်ပုံခန့်မှာ စိတ်ဖိစီးမှုခံစားနေရသည်ကို တွေ့ရှိရကြောင်း။ ▪️ Vape၊ ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးကို ထိရောက်စွာ တားဆီးရန် ဆယ်ကျော်သက်ကျောင်းသားများအကြား Vape အပါအဝင် ဆေးလိပ်၊ အရက်ပါဝင်သည့် အဖျော်ယမကာနှင့် မူးယစ်ဆေး စမ်းသပ်သုံးစွဲမှုများရှိနေသဖြင့် ကျောင်းအားလုံးကို ဆေးလိပ်ကင်းစင်သည့်ကျောင်းများ အဖြစ် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပြီး ကျောင်းပတ်ဝန်းကျင် ပေ ၁၀၀ အတွင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ရောင်းချခြင်း၊ ကြော်ငြာခြင်း တားမြစ်ချက်နှင့် Vape ဆိုင်ရာ တားမြစ်ချက်များကို ဥပဒေနှင့်အညီ ထိန်းသိမ်းကြပ်မတ်၍ ထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်း။ ▪️ ကျောင်းမုန့်ဈေးတန်းနှင့် အစားအသောက်ဘေးကင်းရေး ကြပ်မတ်ရန် ကျောင်းမုန့်ဈေးတန်းများကို ပုံမှန်စစ်ဆေး၍ အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများသာ ရောင်းချစေရန်နှင့် အစားအစာရောင်းချသူများကို ကျန်းမာရေးစစ်ဆေးရန် လိုအပ်ကြောင်း။ ▪️ ကျောင်းသားများ၏ စိတ်ကျန်းမာရေးကိုပါ အလေးထားရန် လုံလောက်သည့် အိပ်စက်ချိန်ရရှိရေး၊ စိတ်ဖိစီးမှုခံစားနေရသည့် ကလေးများကို မိဘနှင့်ဆရာများက ပူးပေါင်း၍ ပံ့ပိုးကူညီနိုင်သည့် ပတ်ဝန်းကျင်နှင့် အပြုသဘောဆောင်သော ဆက်ဆံရေးများ ဖန်တီးပေးရန် လိုအပ်ကြောင်း။ ▪️ ၂၀၃၀ မျှော်မှန်းသက်တမ်း တိုးမြှင့်ရေးနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံ၏ မျှော်မှန်းသက်တမ်း တိုးမြှင့်လာရေးနှင့် အရွယ်မတိုင်မီသေဆုံးမှု လျှော့ချရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများကို ကျောင်းနေအရွယ်ကတည်းက လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း။ ▪️ ဝန်ကြီးဌာနများ ပူးပေါင်းအကောင်အထည်ဖော်ရန် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေးနှင့် ကျောင်းသားလူငယ်များ၏ ကာယ၊ ဉာဏ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းတို့ ဖြစ်ပါသည်။

သမ္မတကြီးသွားခဲ့တဲ့ ထိုင်းခရီးစဉ် အောင်မြင်မှုထဲက တစ်စိတ်တစ်ပိုင်း ထိုင်းကို သမ္မတကြီး သွားပြီးဆွေးနွေးညှိနှိုင်းခဲ့တာတွေရဲ့
+9
သမ္မတကြီးသွားခဲ့တဲ့ ထိုင်းခရီးစဉ် အောင်မြင်မှုထဲက တစ်စိတ်တစ်ပိုင်း ထိုင်းကို သမ္မတကြီး သွားပြီးဆွေးနွေးညှိနှိုင်းခဲ့တာတွေရဲ့ အောင်မြင်မှုရလဒ်အဖြစ် လတ်တလောမှာ မြန်မာနိုင်ငံထဲကို ပို့မယ့်လက်နက်ခဲယမ်းတွေ၊ ဒရုန်းတွေ ဖမ်းဆီးရမိမှုတွေ ခပ်စိပ်စိပ်တွေ့နေရပါတယ်။ ထိုင်း ဝန်ကြီးချုပ် အနုတင် ကလည်း မြန်မာနိုင်ငံဘက်ကို ပို့ဆောင်တဲ့ နယ်စပ်ဒေသက လက်နက်မှောင်ခိုလမ်းကြောင်းတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးဖို့ ညွှန်ကြားထားတာတွေ့ရပါတယ်။ အရင်ကတော့ ဖမ်းဆီးရမိမှုတွေ ခပ်ပါးပါးသာ ရှိခဲ့ပါတယ်။ အခုအခါမှာတော့ နိုင်ငံတော်သမ္မတကြီးရဲ့ တောင်းဆိုချက်တွေအတိုင်း နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းအောင်ဆောင်ရွက်ပေးနိုင်ဖို့ ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်ဒေသက လက်နက်ကိုင်တွေဆီကို ပို့ဆောင်ထောက်ပံ့နေတဲ့ ကွင်းဆက်တွေကို အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးသွားမယ်ဆိုတာလည်း သိရှိရပါတယ်။ ဒါဆိုရင် နယ်စပ်မှာနေပြီးခွက်ခေါက်သွေးထိုးနေတဲ့ ထောက်ပို့တွေရော ၊ ပါရွဲ့စောထောနီးတို့လို သောင်းကျန်းသူတွေပါ ခွက်ပျောက်ထွက်ပြေးရတော့မယ့်အခြေအနေဖြစ်နေပါပြီ။

ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်အကြီးအကဲ၏ စေတနာနှင့် စိုးရိမ်ပူပန်မှု ရေဘေးသင့်ပြည်သူများ၏ အခက်အခဲများ အမြန်ဆုံးလျော့ပါးသက်သာစေရေးနှင့် ရေဘေးအန္တရာယ် ထပ်မံမဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးဒဏ်သင့်ဒေသများသို့ ကိုယ်တိုင်သွားရောက်ကာ အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရေဘေးသင့်ပြည်သူများ၏ လတ်တလောစားဝတ်နေရေးနှင့် ပြန်လည်ထူထောင်ရေးကို အလေးထားဆောင်ရွက်ရန်၊ အလားတူ သဘာဝဘေးအန္တရာယ်များ ထပ်မံကြုံတွေ့လာပါက ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ထားရန်လည်း နိုင်ငံတော်သမ္မတက မှာကြားခဲ့ပါသည်။ ပြည်သူများ၏ အခက်အခဲကို ကိုယ်တိုင်သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းမှုများသည် ရေဘေးသင့်ပြည်သူများအပေါ် နိုင်ငံတော်အကြီးအကဲ၏ စေတနာနှင့် စိုးရိမ်ပူပန်မှုကို ထင်ဟပ်စေခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်အကြီးအကဲ၏ စေတနာနှင့် စိုးရိမ်ပူပန်မှု ရေဘေးသင့်ပြည်သူများ၏ အခက်အခဲများ အမြန်ဆုံးလျော့ပါးသက်သာစေရေးနှင့် ရေဘေးအန္တရာယ် ထပ်မံမဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးဒဏ်သင့်ဒေသများသို့ ကိုယ်တိုင်သွားရောက်ကာ အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရေဘေးသင့်ပြည်သူများ၏ လတ်တလောစားဝတ်နေရေးနှင့် ပြန်လည်ထူထောင်ရေးကို အလေးထားဆောင်ရွက်ရန်၊ အလားတူ သဘာဝဘေးအန္တရာယ်များ ထပ်မံကြုံတွေ့လာပါက ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ထားရန်လည်း နိုင်ငံတော်သမ္မတက မှာကြားခဲ့ပါသည်။ ပြည်သူများ၏ အခက်အခဲကို ကိုယ်တိုင်သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းမှုများသည် ရေဘေးသင့်ပြည်သူများအပေါ် နိုင်ငံတော်အကြီးအကဲ၏ စေတနာနှင့် စိုးရိမ်ပူပန်မှုကို ထင်ဟပ်စေခဲ့ပါသည်။