uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

သိင်္ခ

သိင်္ခ

Kanalga Telegram’da o‘tish

အသိတိုး

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan
1 062
Obunachilar
Ma'lumot yo'q24 soatlar
-227 kun
-7830 kun
Postlar arxiv
နှလုံးသွေးကြောပိတ်ရောဂါ လူနာ ၆ ဦးအား နှလုံးစက်မသုံးဘဲ ခွဲစိတ်ကုသ မန္တလေး၊ စက်တင်ဘာ ၉ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ Yida Hos
နှလုံးသွေးကြောပိတ်ရောဂါ လူနာ ၆ ဦးအား နှလုံးစက်မသုံးဘဲ ခွဲစိတ်ကုသ မန္တလေး၊ စက်တင်ဘာ ၉ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ Yida Hospital၊ Shanghai University Medical School မှ နှလုံးနှင့်သွေးကြောခွဲစိတ်ဌာန ဥက္ကဋ္ဌနှင့် ပါမောက္ခ ဒေါက်တာ Feng Wan ဦးဆောင်သည့် အဖွဲ့ဝင် ၅ ဦးပါ ဆေးဘက်ဆိုင်ရာအဖွဲ့သည် မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနနှင့် ပူးပေါင်း၍ ဩဂုတ် ၂၄ ရက်မှ ၂၇ ရက်အထိ နှလုံးသွေးကြောပိတ်ရောဂါ လူနာ ၆ ဦးအား နှလုံးစက်အသုံးပြုခြင်းမရှိဘဲ နှလုံးသွေးကြောအစားထိုးဖြတ်ကျော်ဆက်သွယ်ခြင်း (Off-Pump Coronary Artery Bypass Surgery) ဖြင့် ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။ ခွဲစိတ်ကုသမှုခံယူခဲ့သည့် လူနာ ၆ ဦးအား မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနတွင် လိုအပ်သည့် ဆေးကုသမှုများ ဆက်လက်ပေးလျက်ရှိပြီး ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

မိုင်းပျဉ်းမြို့နယ်အတွင်း ဧရိယာ ၆၁,၀၀၈ ဧကရှိ သုဝဏ္ဏသျှံတောင် ကြိုးပြင်ကာကွယ်တော သတ်မှတ် ကျိုင်းတုံ၊ စက်တင်ဘာ ၈ ရှမ်းပြည်နယ်၊
မိုင်းပျဉ်းမြို့နယ်အတွင်း ဧရိယာ ၆၁,၀၀၈ ဧကရှိ သုဝဏ္ဏသျှံတောင် ကြိုးပြင်ကာကွယ်တော သတ်မှတ် ကျိုင်းတုံ၊ စက်တင်ဘာ ၈ ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၆၁,၀၀၈ ဧကရှိ နယ်မြေကို “သုဝဏ္ဏသျှံတောင် ကြိုးပြင်ကာကွယ်တော” အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနထံမှ သိရသည်။ အဆိုပါ ကြိုးပြင်ကာကွယ်တောကို ၂၀၁၈ ခုနှစ် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှစတင်ကာ အတည်ပြု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ဖီဖာ လူမှုအကျိုးပြုကော်မတီ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပ ကမ္ဘာ့ဘောလုံးအဖွဲချုပ် (FIFA) ၏ ဖီဖာ လူမှုအကျိုးပြုကော်မတီ (FIFA Foot
ဖီဖာ လူမှုအကျိုးပြုကော်မတီ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပ ကမ္ဘာ့ဘောလုံးအဖွဲချုပ် (FIFA) ၏ ဖီဖာ လူမှုအကျိုးပြုကော်မတီ (FIFA Football Social Responsibility Committee) ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်တွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးသို ကမ္ဘာ့ဘောလုံးအဖွဲချုပ် (FIFA) လူမှုအကျိုးပြုကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌ အာဂျင်တီးနားဂန္ထဝင် ကစားသမား ဂျာဗီးယား ဇနက်တီနှင့် အဖွဲဝင်နိုင်ငံများဖြစ်ကြသည့် ဘရာဇီး၊ စပိန်၊ ဥရုဂွေး၊ ချီလီ၊ မြောက်အိုင်ယာလန်၊ စလိုဗေးနီးယား၊ ရိုမေးနီးယား၊ ဖာရိုးကျွန်းစု၊ အန်ဒိုရာ၊ အင်ဂိုလာ၊ ဘီနင်၊ အီသီယိုးပီးယား၊ နမီးဘီးယား၊ ချက်ဒ်၊ ယီမင်၊ မော်လ်ဒိုက်၊ နီပေါ၊ ကွတ်ခ်ကျွန်းစု၊ ဘဟားမားနှင့် ဒိုမီနီကန်သမ္မတနိုင်ငံတိုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

Big Congratulations ပစ ညီနောင်တို့👏👏👏👏 4926 စစ်ဆင်ရေးအတွင်းမှာ နိုင်ငံတော်နဲ့ ပြည်သူ့အတွက် ရှေ့တန်းစစ်မျက်နှာစာ၌ ရဲဝံ့စွာ
+2
Big Congratulations ပစ ညီနောင်တို့👏👏👏👏 4926 စစ်ဆင်ရေးအတွင်းမှာ နိုင်ငံတော်နဲ့ ပြည်သူ့အတွက် ရှေ့တန်းစစ်မျက်နှာစာ၌ ရဲဝံ့စွာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြတဲ့ ပြည်သူ့စစ် စစ်သည်တော် ညီငယ်များရဲ့ စစ်မြေပြင် အဆင့်တိုး အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။

သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး သွားရောက်မည် 🔹နိုင်ငံတော်သမ္မတ ဦးမင်းအောင်လ
သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး သွားရောက်မည် 🔹နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟာ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 🔹ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတဟာ ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ (ယာယီနိုင်ငံတော်အကြီးအကဲ) နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာဖြစ်သလို၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နဲ့လည်း တွေ့ဆုံဆွေးနွေးသွားမယ်လို့ အသိပေးထားပါတယ်။

🙏🙏🙏
🙏🙏🙏

ပျဥ်းမနားမြိုနယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်း၍ ဓာတ်အားလိုင်းတိုင်များလဲကျပျက်စီး နေပြည်တော်၊ ပျဥ်းမနားမြို
ပျဥ်းမနားမြိုနယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်း၍ ဓာတ်အားလိုင်းတိုင်များလဲကျပျက်စီး နေပြည်တော်၊ ပျဥ်းမနားမြိုနယ်၌ ယနေ့ စက်တင်ဘာ ၈ ရက်နံနက် ၇ နာရီခွဲခန့်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုကြောင့် တောင်ပေါ်ဒေသ၊ သစ်တွန်ကျေးရွာအုပ်စု၊ ဖလောင်းကျေးရွာသိုသွယ်တန်းထားသော 11kv ဓာတ် အားလိုင်းတိုင်များလဲကျပျက်စီးခဲ့သဖြင့် ဖလောင်းကျေးရွာတွင်ဓာတ်အားပြတ်တောက်လျက်ရှိကြောင်း သိရသည်။ ထိုသို လဲကျပျက်စီးမှုအား ပျဉ်မနားမြိုနယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝန်ထမ်းများမှဓာတ်အားလိုင်းတိုင်များကိုပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သမ္မတ ဦးမင်းအောင်လှိင် ကမ္ဘောဒီးယားနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး သွားရောက်မယ် 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟖》 နိုင်ငံ
သမ္မတ ဦးမင်းအောင်လှိင် ကမ္ဘောဒီးယားနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး သွားရောက်မယ် 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟖》 နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်ဟာ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မယ်လို နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတဟာ ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ (ယာယီနိုင်ငံတော်အကြီးအကဲ) နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာဖြစ်သလို၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတိုနဲ့လည်း တွေ့ဆုံဆွေးနွေးသွားမယ်လို အသိပေးထားပါတယ်။

ငဝန်တာနိမ့်ကျမှုမှ ရေဝင်လမ်းကြောင်းကိုထိန်းချုပ်နိုင်ခဲ့ပြီဖြစ် ဧရာဝတီတိုင်း၊ လေးမျက်နှာမြိုနယ်ရှိ ငဝန်တာနိမ့်ကျမှု ၏ တာတမံအရ
ငဝန်တာနိမ့်ကျမှုမှ ရေဝင်လမ်းကြောင်းကိုထိန်းချုပ်နိုင်ခဲ့ပြီဖြစ် ဧရာဝတီတိုင်း၊ လေးမျက်နှာမြိုနယ်ရှိ ငဝန်တာနိမ့်ကျမှု ၏ တာတမံအရေးပေါ်ကာကွယ်ခြင်းနှင့် ရေဝင်လမ်းကြောင်းပိတ်ဆိုခြင်းတိုအား ဩဂုတ် ၄ ရက်မှစတင်ဆောင်ရွက်ခဲ့ရာ ယနေ့ စက်တင်ဘာ ၈ ရက်တွင် ရေဝင် လမ်းကြောင်းကိုထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်၌ လုံခြုံရေးအဖွဲဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်း၍ Steel Sheet Pile များပိုမိုတည်ငြိမ်ခိုင်ခံ့စေရန် အနောက်ဘက်မှထောက်ကန်ပေးနိုင်ရေးအတွက် သဲအိတ်များချခြင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ရွှေစင်ကြယ်နှင့် "ရွှေနန်းတော်"ဆောက် လုပ်ရေးရေယာဉ်များက  Steel Sheet Pile များကို က ရိန်းနှင့် Silent Pile Driver, Electric Vibratoury Pile Hammer များအသုံးပြုရိုက်သွင်းခြင်းတိုကိုဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျေးလက်ဒေသအစွန်အဖျားနေ တိုင်းရင်းသားများ စာတတ်မြောက်လာစေရေး တိုင်းနှင့် ပြည်နယ်အစိုးရ အဖွဲများက အလေးအနက်ထားဆောင်ရွက်ရန် နိုင်
ကျေးလက်ဒေသအစွန်အဖျားနေ တိုင်းရင်းသားများ စာတတ်မြောက်လာစေရေး တိုင်းနှင့် ပြည်နယ်အစိုးရ အဖွဲများက အလေးအနက်ထားဆောင်ရွက်ရန် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိင် မှာကြား မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျေးလက်ဒေသအစွန်အဖျားတွင်နေထိုင်သည့် တိုင်းရင်းသားများစာတတ်မြောက်လာစေရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က ယနေ့ စက်တင်ဘာ ၈ ရက်နံနက်ပိုင်းတွင် Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ် သည်။

မိုင်းပျဉ်းမြိုနယ်အတွင်း ဧရိယာ ၆၁,၀၀၈ ဧကရှိ သုဝဏ္ဏသျှံတောင် ကြိုးပြင်ကာကွယ်တော သတ်မှတ် ကျိုင်းတုံ၊ စက်တင်ဘာ ၈ ရှမ်းပြည်နယ်၊ က
မိုင်းပျဉ်းမြိုနယ်အတွင်း ဧရိယာ ၆၁,၀၀၈ ဧကရှိ သုဝဏ္ဏသျှံတောင် ကြိုးပြင်ကာကွယ်တော သတ်မှတ် ကျိုင်းတုံ၊ စက်တင်ဘာ ၈ ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြိုနယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၆၁,၀၀၈ ဧကရှိ နယ်မြေကို “သုဝဏ္ဏသျှံတောင် ကြိုးပြင်ကာကွယ်တော” အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနထံမှ သိရသည်။ အဆိုပါ ကြိုးပြင်ကာကွယ်တောကို ၂၀၁၈ ခုနှစ် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှစတင်ကာ အတည်ပြု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

မလေးရှားတွင် ကျင်းပမည့် PIEC 2026 အပြည်ပြည်ဆိုင်ရာ Esports ပြိုင်ပွဲသို မြန်မာနိုင်ငံ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ကြားခံရ ရန်ကုန်၊
မလေးရှားတွင် ကျင်းပမည့် PIEC 2026 အပြည်ပြည်ဆိုင်ရာ Esports ပြိုင်ပွဲသို မြန်မာနိုင်ငံ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ကြားခံရ ရန်ကုန်၊ စက်တင်ဘာ ၈ မလေးရှားနိုင်ငံ၌ ကျင်းပမည့် Perak International Esports Championship (PIEC) 2026 အပြည်ပြည်ဆိုင်ရာ Esports ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြားထားကြောင်း မြန်မာအီလက်ထရောနစ် အားကစားအဖွဲချုပ် (MESF) မှ သိရသည်။

ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရန် ထိုင်း CRMA အဖွဲက နည်းပညာမြင့် Drone နှစ်စင်း လှူဒါန်း နေပြည်တော်၊ စက်တင်ဘာ ၇ ထိုင်းနို
ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရန် ထိုင်း CRMA အဖွဲက နည်းပညာမြင့် Drone နှစ်စင်း လှူဒါန်း နေပြည်တော်၊ စက်တင်ဘာ ၇ ထိုင်းနိုင်ငံ Cultural Relationship of Mainland Southeast Asia (CRMA) Research Center မှ Thermo Drone နှင့် Mavic-2 Zoom Drone တိုကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို လွှပြောင်းလှူဒါန်းသည့် အခမ်းအနားကို စက်တင်ဘာ ၇ ရက်က နေပြည်တော်ရှိ အမျိုးသားပြတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

လေးမျက်နှာမြိုနယ်ရှိ ငဝန်တာကျိုးပြီး မြစ်ရေစီးဝင်သည့်နေရာကို Sheet Pile ၂၈၂ ချောင်းဖြင့် ရေအနက် ၁၇ မီတာအထိ ရိုက်သွင်းကာရံ လေး
လေးမျက်နှာမြိုနယ်ရှိ ငဝန်တာကျိုးပြီး မြစ်ရေစီးဝင်သည့်နေရာကို Sheet Pile ၂၈၂ ချောင်းဖြင့် ရေအနက် ၁၇ မီတာအထိ ရိုက်သွင်းကာရံ လေးမျက်နှာမြိုနယ်ရှိ ငဝန်တာကျိုးကာ မြစ်ရေစီးဝင်သည့်နေရာကို Sheet Pile ၂၈၂ ချောင်းဖြင့် ရေအနက် ၁၇ မီတာအထိ ရိုက်သွင်းပြီး ကာရံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘို
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်  ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့  နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်မည်

မိုင်းရှူးမြိုနယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်စောင်းမြေပြိုကာ လူ ၃ ဦးသေဆုံးပြီး ၁ ဦး ဆက်လက်ရှာဖွေနေ ရှမ်းပြည်နယ
မိုင်းရှူးမြိုနယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်စောင်းမြေပြိုကာ လူ ၃ ဦးသေဆုံးပြီး ၁ ဦး ဆက်လက်ရှာဖွေနေ ရှမ်းပြည်နယ်၊ မိုင်းရှူးမြိုနယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်စောင်းမြေပြိုကျမှုဖြစ်ပွားခဲ့ရာ နေအိမ် ၂ လုံး မြေပိခဲ့ပြီး လူ ၄ ဦး မြေပြိုအောက်တွင် ပိတ်မိခဲ့ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက် နံနက် ၇ နာရီခန့်တွင် မိုင်းရှူးမြိုနယ်၊ ဟိုဆိုင်ကျေးရွာ၊ ဆိုင်းလျှံနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်စောင်းမြေပြိုကျကာ နေအိမ် ၂ လုံးပေါ်သို မြေသားများ ပိကျခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်၏ ကမ္ဘောဒီးယားခရီးစဥ် နီးကပ်လာပြီး မြန်မာနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးတိုးမြှင့်ရန် တံခါးဖ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်၏ ကမ္ဘောဒီးယားခရီးစဥ် နီးကပ်လာပြီး မြန်မာနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးတိုးမြှင့်ရန် တံခါးဖွင့်ထားဟု ကမ္ဘောဒီးယားဆို

ယီမင်၏ ဟူရ်သီသူပုန်များက ဆော်ဒီကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သောကြောင့် ၇၃ ဦး ဒဏ်ရာရ ယီမင်၏ ဟူရ်သီသူပုန်များက စက်တင်ဘာ ၈
ယီမင်၏ ဟူရ်သီသူပုန်များက ဆော်ဒီကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သောကြောင့် ၇၃ ဦး ဒဏ်ရာရ ယီမင်၏ ဟူရ်သီသူပုန်များက စက်တင်ဘာ ၈ ရက်တွင် ဆော်ဒီအာရေဗျရှိ ပစ်မှတ်အများအပြားကို တိုက်ခိုက်ခဲ့သောကြောင့် ၇၃ ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။ ယခုတိုက်ခိုက်မှုသည် အရှေ့အလယ်ပိုင်းစစ်ပွဲဖြစ်ပွားနေချိန်အတွင်း ယီမင်ပဋိပက္ခပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ဟူရ်သီ၏ အပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်သည်။ အီရန်ကျောထောက်နောက်ခံပေးထားသော သူပုန်များက ၎င်းတိုသည် Abha အပြည်ပြည်ဆိုင်ရာလေဆိပ်၊ King Khalid လေတပ်အခြေစိုက်စခန်း၊ နှစ်နိုင်ငံနယ်စပ်အနီး Abha နှင့် Jizan တိုရှိ နိုင်ငံပိုင်ရေနံကုမ္ပဏီ Aramco ပိုင်သည့်ရေနံချက်စက်ရုံများကို တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ဖိလစ်ပိုင် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးကို လက်ဝှေ့ကျော် ပက်ကွီအို တာဝန်ယူ လက်ဝှေ့ကြိုးဝိုင်းအတွင်း ဆယ်စုနှစ်များစွာ ပြိုင်ဘက်မျ
ဖိလစ်ပိုင် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးကို လက်ဝှေ့ကျော် ပက်ကွီအို တာဝန်ယူ လက်ဝှေ့ကြိုးဝိုင်းအတွင်း ဆယ်စုနှစ်များစွာ ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ခဲ့သည့် ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီပက်ကွီအိုသည် ယခုအခါ ဆင်းရဲမွဲတေမှုဟူသည့် ပြိုင်ဘက်ကို တိုက်ဖျက်ရန် အစိုးရ၏ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအေဂျင်စီကို ဦးဆောင်ရတော့မည်ဖြစ်သည်။ အသက် ၄၇ နှစ်အရွယ် အထက်လွှတ်တော်အမတ်ဟောင်း ပက်ကွီအိုကို သမ္မတ ဖာဒီနန်မားကိုစ်ဂျူနီယာက နိုင်ငံတော်ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးကော်မရှင် (NAPC) အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ပြီး စက်တင်ဘာ ၈ ရက်တွင် တာဝန်စတင်ထမ်းဆောင်ခဲ့သည်။ ယင်းသည် ၎င်း၏ နိုင်ငံရေးဘဝအတွင်း ပထမဆုံး အစိုးရအဖွဲရာထူးလည်းဖြစ်သည်။

ရုရှားနှင့် မြောက်ကိုရီးယား နယ်စပ်ဖြတ်ကျော် ပထမဆုံးလမ်းတံတား ဖွင့်လှစ် ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံတိုအကြား ပထမဆုံးတည်ဆ
ရုရှားနှင့် မြောက်ကိုရီးယား နယ်စပ်ဖြတ်ကျော် ပထမဆုံးလမ်းတံတား ဖွင့်လှစ် ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံတိုအကြား ပထမဆုံးတည်ဆောက်ပြီးစီးသွားပြီဖြစ်သည့် လမ်းတံတားကို စက်တင်ဘာ ၇ ရက်က ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ တူမန်မြစ်ကို ဖြတ်ကျော်တည်ဆောက်ထားခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်စည်နှင့်ခရီးသွားများ ပိုမိုလွယ်ကူစွာ သွားလာပိုဆောင်နိုင်တော့မည်ဖြစ်သည်။ အဆိုပါတံတားကို ဝန်ထမ်းဖလှယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးတိုအတွက် အသုံးပြုမည်ဟု မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာက ဖော်ပြခဲ့ပြီး ရုရှားအစိုးရပိုင် TASS သတင်းဌာန၏ ဖော်ပြချက်အရ တစ်ရက်လျှင် ကားအစီးရေ ၃၀၀ နှင့် ခရီးသွား ၂၃၂၃ ဦးအထိ တံတားပေါ်မှ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သည်။ တံတားအရှည် တစ်ကီလိုမီတာ (သုည ဒသမ ၆ မိုင်) ရှိပြီး လမ်းသွားလမ်းလာ နှစ်လမ်းပါဝင်သည်။ နှစ်နိုင်ငံနယ်စပ်မြိုများဖြစ်သည့် မြောက်ကိုရီးယားဘက်မှ ရေဆွန်မြိုနှင့် ရုရှားဘက်မှ ခါဆန်မြိုတိုကို ချိတ်ဆက်ပေးထားသည်။