uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

သိင်္ခ

သိင်္ခ

Kanalga Telegram’da o‘tish

အသိတိုး

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan
1 065
Obunachilar
Ma'lumot yo'q24 soatlar
-207 kun
-7530 kun
Postlar arxiv
ဂျပန်၌ အသက် ၁၀၀ ပြည့်သူဦးရေ ၁၀၀၀၀၀ ကျော်ရှိသည်ဟု ဂျပန်ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန် ဂျပန်နိုင်ငံတစ်ဝန်းတွင် အသက် ၁၀၀ ကျော်ရှိ
ဂျပန်၌ အသက် ၁၀၀ ပြည့်သူဦးရေ ၁၀၀၀၀၀ ကျော်ရှိသည်ဟု ဂျပန်ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန် ဂျပန်နိုင်ငံတစ်ဝန်းတွင် အသက် ၁၀၀ ကျော်ရှိသူ အရေအတွက်သည် ပထမဆုံးအကြိမ် ၁၀၀၀၀၀ ကျော်သွားပြီဟု ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ကမ္ဘာ့ဘဏ်၏ထုတ်ပြန်ချက်အရ ပျမ်းမျှအသက် ၄၉ ဒသမ ၉ နှစ်ရှိနေခြင်းနှင့်အတူ ဂျပန်သည် မိုနာကိုပြီးလျှင် ကမ္ဘာပေါ်၌ ဒုတိယအသက်အကြီးဆုံး လူဦးရေရှိနေသည်ဟု သိရသည်။ လာမည့်အပတ် နှစ်စဉ် ပြည်သူ့အားလပ်ရက်ဖြစ်သည့် Respect for the Aged မတိုင်မီ နောက်ဆုံးပြုလုပ်သော အစိုးရလေ့လာချက်တွင် စက်တင်ဘာ ၁ ရက်အထိ အသက် ၁၀၀ ပြည့်သူ သိုမဟုတ် အသက် ၁၀၀ ထက်ကြီးသူ အရေအတွက်သည် ၁၀၇၆၇၇ ဦးရှိသည်ဟု ဖော်ပြထားသည်။ Noted: ဂျပန်ရဲ့ စားသောက်နေထိုင်မှုတွေ၊ တစ်နေ့တာ ဖြတ်သန်းမှုတွေနဲ့ Lifestyle တွေကို ရိုက်ကူးထားတဲ့ documentary တွေကို ကိုယ်တွေနိုင်ငံမှာ ပြသသင့်ပါတယ်။

ပဲခူးတွင် အထည်ချုပ်စက်ရုံ ကြိုပိုယာဉ်ဘရိတ်ပေါက်ပြီး ယာဉ်တိုက်မှုဖြစ်၊ ၅ ဦးဒဏ်ရာရ ပဲခူးမြို ကျွန်းသာယာရပ်ကွက် မဟာမြိုင်မီးပွိင
ပဲခူးတွင် အထည်ချုပ်စက်ရုံ ကြိုပိုယာဉ်ဘရိတ်ပေါက်ပြီး ယာဉ်တိုက်မှုဖြစ်၊ ၅ ဦးဒဏ်ရာရ ပဲခူးမြို ကျွန်းသာယာရပ်ကွက် မဟာမြိုင်မီးပွိင့်အနီးတွင် စက်တင်ဘာ ၁၄ ရက် ည ၉ နာရီခွဲခန့်က အထည်ချုပ်စက်ရုံ ကြိုပိုယာဉ် ဘရိတ်ပေါက်ပြီး ရှေ့မှမောင်းနှင်နေသည့် ပရာဒိုယာဉ်ကို ဝင်ရောက်တိုက်မိခဲ့ရာ စက်ရုံလုပ်သားများအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Thai Airways လေယာဉ်မယ်၏ ဟီရိုအင်းအမှု အောက်တိုဘာ ၁၂ ရက်အထိ ရုံးချိန်းရွှေ့ဆိုင်း ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြိုရှိ Magistrates
Thai Airways လေယာဉ်မယ်၏ ဟီရိုအင်းအမှု အောက်တိုဘာ ၁၂ ရက်အထိ ရုံးချိန်းရွှေ့ဆိုင်း ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြိုရှိ Magistrates' Court က Thai Airways လေယာဉ်မယ်ဟောင်း Meena Kondo အသက် ၂၆ နှစ်၏ ဟီရိုအင်းတင်သွင်းမှုအမှုကို အောက်တိုဘာ ၁၂ ရက်အထိ ရုံးချိန်းရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

အင်္ဂလန်နဲ့ စကော့တလန်ကြား ‘ဝီစကီစစ်ပွဲ’ စတင်ဖြစ်ပွားလာ အင်္ဂလန်ရဲ့ Single Malt ဝီစကီကို နိုင်ငံတော်က အကာအကွယ်ပေးထားတဲ့ အမျိုး
အင်္ဂလန်နဲ့ စကော့တလန်ကြား ‘ဝီစကီစစ်ပွဲ’ စတင်ဖြစ်ပွားလာ အင်္ဂလန်ရဲ့ Single Malt ဝီစကီကို နိုင်ငံတော်က အကာအကွယ်ပေးထားတဲ့ အမျိုးအစားအဖြစ် သတ်မှတ်ပေးဖို ဗြိတိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာကျော် စကော့ချ် (Scotch) ဝီစကီ ထုတ်လုပ်သူတွေရှိတဲ့ စကော့တလန်မှာ မကျေနပ်မှုတွေ ဖြစ်ပေါ်လာခဲ့ပြီး အဲဒီထုတ်လုပ်သူတွေကလည်း တုံပြန်ဖို ပြင်ဆင်နေကြပြီလို The Telegraph သတင်းစာက ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဗြိတိန်အစိုးရဟာ အင်္ဂလိပ် single malt ဝီစကီကို ဒေသဆိုင်ရာ အကာအကွယ်ပေးမှုအဆင့် သတ်မှတ်ပေးခဲ့တာပါ။ အဲဒီလို သတ်မှတ်လိုက်တာဟာ အင်္ဂလိပ်ဝီစကီကို သီးသန့်အမျိုးအစားတစ်ခုအနေနဲ့ အသိအမှတ်ပြုလိုက်တာဖြစ်ပြီး စကော့ချ်၊ ဝေးလ်နဲ့ အိုင်းရစ်ရှ် ဝီစကီတွေလိုမျိုး တန်းတူအဆင့်အတန်း ရသွားစေခဲ့ပါတယ်။

မြန်မာ-ရုရှားနှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး မြန်မာ-ရုရှားနှစ်နိုင်ငံ စီးပွားရေ
မြန်မာ-ရုရှားနှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး မြန်မာ-ရုရှားနှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရန် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်ကျော်ဟိုးနှင့် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei Iunak တိုဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးအောင်ကျော်ဟိုးနှင့် ရုရှားနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei Iunak တိုသည် စက်တင်ဘာ ၁၄ ရက်က နေပြည်တော်၌တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

AI ကို ထိန်းချုပ်ဖိုအတွက် IQ မြင့်တဲ့ သမ္မတတစ်ယောက်ရှိရင် ရပြီလို ထရမ့်ပြော AI နည်းပညာအပေါ် အကန့်အသတ်အသစ်တွေ ထိန်းချုပ်ပေးဖို
AI ကို ထိန်းချုပ်ဖိုအတွက် IQ မြင့်တဲ့ သမ္မတတစ်ယောက်ရှိရင် ရပြီလို ထရမ့်ပြော AI နည်းပညာအပေါ် အကန့်အသတ်အသစ်တွေ ထိန်းချုပ်ပေးဖို ထိပ်တန်း AI ကုမ္ပဏီအရာရှိတွေရဲ့ တောင်းဆိုမှုကို သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ပယ်ချလိုက်ပါတယ်။ AI လုပ်ငန်းအတွက် လိုအပ်တဲ့ တစ်ခုတည်းသော စည်းကမ်းဘောင်ဆိုတာဟာ "ကြံ့ခိုင်ပြီး ဉာဏ်ကောင်းတဲ့ IQ မြင့်တဲ့ သမ္မတတစ်ယောက်"ပဲလိုအပ်တာဖြစ်ပြီး အမေရိကန်မှာ အဲဒီလိုသမ္မတမျိုး ရှိပြီးသားလို Truth ဆိုရှယ်မီဒီယာမှာ သူကရေးခဲ့တာပါ။

ထရမ့်ပ်အစိုးရ၏ စာတိုက်မှတစ်ဆင့် မဲပေးမှု ကန့်သတ်ချက်များကို အမေရိကန်တရားလွှတ်တော်ချုပ် ပယ်ချ ဝါရှင်တန်၊ စက်တင်ဘာ ၁၄ အမေရိကန်န
ထရမ့်ပ်အစိုးရ၏ စာတိုက်မှတစ်ဆင့် မဲပေးမှု ကန့်သတ်ချက်များကို အမေရိကန်တရားလွှတ်တော်ချုပ် ပယ်ချ ဝါရှင်တန်၊ စက်တင်ဘာ ၁၄ အမေရိကန်နိုင်ငံတွင် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရန် နှစ်လပင် မလိုတော့သည့်အချိန်၌ သမ္မတ ဒေါ်နယ်ထရမ့်ပ်အစိုးရက စာတိုက်မှတစ်ဆင့် မဲပေးမှုအပေါ် ချမှတ်ရန် ကြိုးပမ်းထားသည့် ကန့်သတ်ချက်အသစ်များကို အမေရိကန်တရားလွှတ်တော်ချုပ်က တနင်္လာနေ့တွင် ပယ်ချခဲ့သည်။ ပြည်နယ်နှင့် ဒေသဆိုင်ရာ ရွေးကောက်ပွဲတာဝန်ရှိသူများအနေဖြင့် ရွေးကောက်ပွဲမတိုင်မီ စည်းမျဉ်းအသစ်ကို ပုံမှန်အတိုင်း အကောင်အထည်ဖော်ရန် အချိန်လုံလောက်မှုမရှိသဖြင့် ၂၀၂၆ ခုနှစ် ရွေးကောက်ပွဲများတွင် ယင်းစည်းမျဉ်းကို ကျင့်သုံးခြင်းသည် အုပ်ချုပ်ရေးလုပ်ထုံးလုပ်နည်းအက်ဥပဒေကို ချိုးဖောက်ရာရောက်နိုင်ကြောင်း ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

ပေကျင်းတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ဒရုန်းပိုင်ဆိုင်မှုကို နိုဝင်ဘာလလယ်တွင် စတင်ပိတ်ပင်မည် တရုတ်နိုင်ငံ၏ မြိုတော်ပေကျင်
ပေကျင်းတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ဒရုန်းပိုင်ဆိုင်မှုကို နိုဝင်ဘာလလယ်တွင် စတင်ပိတ်ပင်မည် တရုတ်နိုင်ငံ၏ မြိုတော်ပေကျင်းတွင် လုံခြုံရေးအခြေအနေများကြောင့် ဒရုန်းများ ပိုင်ဆိုင်ခြင်းနှင့် သိမ်းဆည်းထားခြင်းကို လာမည့် နိုဝင်ဘာလမှစ၍ ပိတ်ပင်သွားမည်ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ကြေညာထားသည်။ ယင်းသည် ဒရုန်းများ ရောင်းချခြင်းကို တားမြစ်ထားပြီးဖြစ်သည့် စည်းမျဉ်းများကို ထပ်မံတင်းကျပ်လိုက်ခြင်းဖြစ်သည်။ စည်းမျဉ်းသစ်က နိုဝင်ဘာ ၁၅ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။

၂ နှစ်မပြည့်မီ တတိယမြောက် ဘဏ္ဍာရေးဝန်ကြီးကို အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ခန့်အပ် အင်ဒိုနီးရှားနိုင်ငံ၏ ဘဏ္ဍာရေးမူဝါဒနှင့် အစ
၂ နှစ်မပြည့်မီ တတိယမြောက် ဘဏ္ဍာရေးဝန်ကြီးကို အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ခန့်အပ် အင်ဒိုနီးရှားနိုင်ငံ၏ ဘဏ္ဍာရေးမူဝါဒနှင့် အစိုးရအသုံးစရိတ်များအပေါ် စိုးရိမ်မှုများ မြင့်တက်နေပြီး ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ပြန်လည်ရရှိရေး ကြိုးပမ်းနေချိန်တွင် သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ဘဏ္ဍာရေးဝန်ကြီး ပူရ်ဘာယာ ယူဒီ ဆာဒီဝါကို ရာထူးမှဖယ်ရှားကာ ဒုတိယဘဏ္ဍာရေးဝန်ကြီး ဆူဟာဆီလ် နာဇာရာကို အစားထိုးခန့်အပ်လိုက်သည်။

ဆိုင်ဝန်ထမ်းနှစ်ဦး သေဆုံးခဲ့သည့် Bar 4 U စားသောက်ဆိုင်မီးလောင်မှု အကြောင်းအရင်းမှာ မျက်နှာကျက်တွင်တပ်ဆင်ထားသည့် မီးသီး socket
ဆိုင်ဝန်ထမ်းနှစ်ဦး သေဆုံးခဲ့သည့် Bar 4 U စားသောက်ဆိုင်မီးလောင်မှု အကြောင်းအရင်းမှာ မျက်နှာကျက်တွင်တပ်ဆင်ထားသည့် မီးသီး socket loose ဖြစ်ရာမှ မီးစတင်လောင်ခြင်းဖြစ်ပြီး ဆိုင်ပိုင်ရှင်အား အမှုဖွင့် အရေးယူထား ဆိုင်ဝန်ထမ်းနှစ်ဦးသေဆုံးခဲ့သည့် Bar 4 U စားသောက်ဆိုင်မီးလောင်မှု အကြောင်းအရင်းမှာ မျက်နှာကျက်တွင်တပ်ဆင်ထားသည့်Per light မီးသီး socket loose ဖြစ်ရာမှမီးစတင်လောင်ခြင်းဖြစ်ပြီး ဆိုင်ပိုင်ရှင်အား အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲဌာနချုပ်မှသိရသည်။

ထိုင်းနိုင်ငံရဲ့ ပြည်နှင်ဒဏ်စည်းမျဉ်းသစ် ရွှေ့ပြောင်းမြန်မာတွေစိုးရိမ် ထိုင်းနိုင်ငံမှာ ပြစ်မှုကျူးလွန်တဲ့နိုင်ငံခြားသားတွေကိ
ထိုင်းနိုင်ငံရဲ့ ပြည်နှင်ဒဏ်စည်းမျဉ်းသစ် ရွှေ့ပြောင်းမြန်မာတွေစိုးရိမ် ထိုင်းနိုင်ငံမှာ ပြစ်မှုကျူးလွန်တဲ့နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးမယ့်စည်းမျဥ်းသစ်ဟာ ပိုတင်းကျပ်ထားပြီး သြဂုတ်လ ၂၈ ရက်နေ့က စလိုအသက်ဝင်ခဲ့ပါတယ်။ ဒီစည်းမျဥ်းသစ်ကြောင့် မြန်မာနိုင်ငံသားတွေအတွက် စိုးရိမ်စရာတွေဖြစ်လာတယ်လို ရွှေ့ပြောင်းမြန်မာအရေးဆောင်ရွက်တဲ့သူတွေနဲ့ အလုပ်သမားတွေကပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး သာစည် - ရွှေညောင် - တောင်ကြီးရထားလမ်းပိုင်း ကြည့်ရှုစစ်ဆေး နေပြည်တော်၊ စက်တင်ဘာ ၁၅ ပိုဆောင်ရေး
ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး သာစည် - ရွှေညောင် - တောင်ကြီးရထားလမ်းပိုင်း ကြည့်ရှုစစ်ဆေး နေပြည်တော်၊ စက်တင်ဘာ ၁၅ ပိုဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ယမန်နေ့က တောင်ကြီးမီးရထားရိပ်သာ၌ ဝန်ကြီးဌာနလက်အောက်ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။ တွေ့ဆုံစဉ် နိုင်ငံ့ဝန်ထမ်းပီသစွာ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရန်၊ ဌာနအချင်းချင်း ပူးပေါင်းညှိနှိင်းပေါင်းစပ်ဆောင်ရွက်ရန်၊ ဌာနရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ သန့်ရှင်းကောင်းမွန်ရေး အမြဲဆောင်ရွက်ရန် မှာကြားသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၂ ယောက်အစားထိုး ပြောင်းလဲ နေပြည်တော်၊ စက်တင်ဘာ ၁၅ တပ်မတော်
တပ်မတော်သား ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၂ ယောက်အစားထိုး ပြောင်းလဲ နေပြည်တော်၊ စက်တင်ဘာ ၁၅ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦး နှင့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ငါးဦးကို အစားထိုးပြောင်းလဲကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။

ဗီယက်နမ်ခရီးသွားများ ပိုမိုလာရောက်နိုင်ရေး FAM Trip များ စီစဉ်ဖိတ်ခေါ်ပြီး ခရီးစဉ်ဒေသများကို မျက်မြင်လေ့လာစေမည် JN ( Sep- 15)
ဗီယက်နမ်ခရီးသွားများ ပိုမိုလာရောက်နိုင်ရေး FAM Trip များ စီစဉ်ဖိတ်ခေါ်ပြီး ခရီးစဉ်ဒေသများကို မျက်မြင်လေ့လာစေမည် JN ( Sep- 15) ဗီယက်နမ်နိုင်ငံမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို ပိုမိုလာရောက်လည်ပတ်နိုင်စေရေးအတွက် ဗီယက်နမ်ခရီးသွားကုမ္ပဏီများနှင့် သတင်းမီဒီယာများ ပါဝင်သည့် ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် (FAM Trip) များ စီစဉ်ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံ၏ ထင်ရှားသော ခရီးစဉ်ဒေသများသို ပိုဆောင်ပေးရန် စီစဉ်နေကြောင်း သိရသည်။

ဒါပဲလေ ရခိုင်ပြည်နယ်က ဒုက္ခပေါင်းစုံဖြစ်နေတဲ့ကြားက အမြတ်ကြီးစားတော့ ရခီးလေးတွေ စားဝတ်နေရေး အဆင်ပြေပြီပေါ့ ။ ထွန်းမြတ်နိုင်က အ
ဒါပဲလေ ရခိုင်ပြည်နယ်က ဒုက္ခပေါင်းစုံဖြစ်နေတဲ့ကြားက အမြတ်ကြီးစားတော့ ရခီးလေးတွေ စားဝတ်နေရေး အဆင်ပြေပြီပေါ့ ။ ထွန်းမြတ်နိုင်က အစိုးရတစ်ရပ်ယောင်ယောင် ဘာယောင်ယောင်လုပ်တော့ ဖြတ်လေးဖြတ်နဲ့တိုးပြီပေါ့ ။ ဘယ်သူမပြု မိမိမှုပဲလေ။

ယူကရိန်းနှင့် ဒီဇယ်ဆီဆိုင်ရာ သဘောတူညီချက်ရရှိထားကြောင်း ထရမ့် ပြောကြား ရုရှား၏ ဒီဇယ်ဆီထုတ်လုပ်ရေး စက်ရုံများကို ပစ်မှတ်ထားတို
ယူကရိန်းနှင့် ဒီဇယ်ဆီဆိုင်ရာ သဘောတူညီချက်ရရှိထားကြောင်း ထရမ့် ပြောကြား ရုရှား၏ ဒီဇယ်ဆီထုတ်လုပ်ရေး စက်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ရပ်တန့်ရန် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇယ်လန်းစကီးကို တောင်းဆိုခဲ့ဖူးသည့် ထရမ့်က ရုရှားနှင့် ယူကရိန်းတိုသည် တစ်ဖက်နှင့်တစ်ဖက် ဒီဇယ်ဆီဆိုင်ရာ အခြေခံအဆောက်အအုံများကို ပစ်မှတ်မထားရန် သဘောတူညီချက်တစ်ရပ်ကို ကြားဝင်ညှိနှိင်းပေးခဲ့ကြောင်း Truth Social လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။ ထိုပြင် လောင်စာဆီဈေးနှုန်း ရုတ်တရက် မြင့်တက်လာမှုသည် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကြောင့်မဟုတ်ဘဲ ယူကရိန်းပဋိပက္ခကြောင့် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ Noted: သူလုပ်ပေးတာပေါ့လေ။ တကယ်တော့ သူလည်း သူ့အကျိုးစီးပွားအတွက် လုပ်နေတာပါ။ ဥရောပနဲ့ အနောက်နိုင်ငံကလူတွေ လူလည်တွေပါ။ မလည်တာက ကိုယ်တွေ နိုင်ငံသူ/ သားတွေပါ။ ဘူမသိ ကိုးမသိနဲ့ နောက်ဆုံးတော့ ငထွားပဲ ခါးနာနေရရှာတာ။ စာများများဖတ်ကြပါ။

❝မြန်မာနိုင်ငံတွင် အေးချမ်းသာယာသော အခြေအနေများကို တွေ့မြင်ရပြီး ပြင်ပတွင်ဖြစ်ပေါ်နေသော သတင်းများနှင့် ကွာခြားလျက်ရှိကြောင်း ဂ
❝မြန်မာနိုင်ငံတွင် အေးချမ်းသာယာသော အခြေအနေများကို တွေ့မြင်ရပြီး ပြင်ပတွင်ဖြစ်ပေါ်နေသော သတင်းများနှင့် ကွာခြားလျက်ရှိကြောင်း ဂျပန်အောက်လွှတ်တော်အမတ် ပြောကြား❞ ≋ဂျပန်-မြန်မာ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟုဆို≋ မိမိတိုနှစ်နိုင်ငံလွှတ်တော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသို ရောက်ရှိလာသည့်အခါတွင် အေးချမ်းသာယာသော အခြေအနေများကို တွေ့မြင်ရပြီး ပြင်ပတွင်ဖြစ်ပေါ်နေသော သတင်းများနှင့် ကွာခြားလျက်ရှိကြောင်း ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် Honorable Mr. TAKEI Shunsuke က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့သည်။ Noted: ဒီစကားကြားရတာ ဝမ်းနည်းဝမ်းသာဖြစ်မိပါတယ်။ ဘာလို့ဝမ်းသာတာလည်းဆိုတော့ ဂျပန်နဲ့ သံတမန်ရေး ပူးပေါင်းမှုတွေအပြင် စီးပွားရေးလုပ်ငန်းတွေပါ ပူးပေါင်းဆောင်ရွက်လို့ ရနိုင်တာကြောင့်ပါ။ ဝမ်းနည်းမိတာက ကိုယ်တွေနိုင်ငံရဲ့ သတင်းမီဒီယာ ကဏ္ဍက နိုင်ငံတကာကို မထိုးဖောက်နိုင်သေးဘူးဆိုတာကို ဒီစကားကဖော်ပြနေလို့ပါ။ အနာဂတ်မှာ လူမှန်နေရာမှန်နေရာချထားမှုဟာ အရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်လာသင့်ပါတယ်။

မကြုံစဖူးအန္တရာယ်များ ဖြစ်‌ပေါ်‌စေနိုင်သော AI နည်းပညာကို အရေးတကြီး ထိန်းချုပ်ရန် ကုလသမဂ္ဂ တောင်းဆို ကုလသမဂ္ဂလူ့အခွင့်အရေးအကြီ
မကြုံစဖူးအန္တရာယ်များ ဖြစ်‌ပေါ်‌စေနိုင်သော AI နည်းပညာကို အရေးတကြီး ထိန်းချုပ်ရန် ကုလသမဂ္ဂ တောင်းဆို ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲက မကြုံစဖူး အန္တရာယ်များကို ဖြစ်ပေါ်စေမည်ဟု သတိပေးလိုက်သည့် AI နည်းပညာကို အရေးတကြီး ထိန်းချုပ်ရန် နိုင်ငံများ၊ နယ်ပယ်သစ် AI ကုမ္ပဏီများကို စက်တင်ဘာ ၁၃ ရက်တွင် တောင်းဆိုလိုက်သည်။ နိုင်ငံများ၊ AI ဖန်တီးသူများထံ ပေးပိုခဲ့သော ပေးစာတွင် ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ ဗောလ်ဂါတက်က နောက်ကြောင်းပြန်မလှည့်နိုင်သော‌ အပြောင်းအလဲ၏ စပ်ကူးမပ်ကူးအချိန်ကို ရောက်နေပြီဖြစ်ရာ ထိုအပြောင်းအလဲက မိမိတိုကိုသာမက နောင်လာမည့်လူသားမျိုးဆက်များကိုပါ သက်ရောက်လိမ့်မည်ဟု သတိပေးခဲ့သည်။ Noted: သူများဆီမှာသာ AI ကအန္တရာယ်ဖြစ်နိုင်တယ်ပြောတာပါ။ ကိုယ်တွေဆီမှာက အခုမှ open AI လောက်နဲ့လည်နေတုန်း၊ AI Agent ၊ Coding တွေဘက်ကို အဆင့်မြင့်မြင့်မလှည့်နိုင်သေးတာတွေ့ရပါတယ်။ ဆိုလိုတာက AI ကို AI တစ်ခုအဖြစ် သီးခြားမြင်နေရင်တော့ အနာဂတ်မှာ ငါးပါးမှောက်ပါလိမ့်မယ်။ အခုအမေရိကန်က တရုတ်ရဲ့ AI တိုးတက်လာမှုကို ကြောက်လန့်ပြီး ကန့်သတ်ဖို့ ကြိုးစားလာရအထိပါပဲ။ နည်းပညာနဲ့ပတ်သက်ရင် အစိုးရပိုင်းက အတော်အားနည်းတာ တွေ့ရပါတယ်။

တာချီလိတ်မြိုတွင် ခန့်မှန်းတန်ဖိုး ငွေကျပ် ၁ ဒသမ ၂၆ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၁၄ နို
တာချီလိတ်မြိုတွင် ခန့်မှန်းတန်ဖိုး ငွေကျပ် ၁ ဒသမ ၂၆ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၁၄ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို အလုံးစုံပပျောက်ကင်းရှင်းစေရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တားဆီး နှိမ်နင်းတိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံအတွင်းရှိ ရနိုင်သမျှသော စွမ်းအားစု၊ အရင်းအမြစ်များ အသုံးပြုပြီး ပြည်သူလူထုနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိသည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲအစည်းများနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

CIA အကြီးအကဲဟောင်းနှင့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတို လိုက်ပါလာသည့်ရထားကို ရုရှားက ပစ်မှတ်ထားခဲ့ဖွယ်ရှိဟု ယူကရိန်းဘက်ကဆို ယူကရ
CIA အကြီးအကဲဟောင်းနှင့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတို လိုက်ပါလာသည့်ရထားကို ရုရှားက ပစ်မှတ်ထားခဲ့ဖွယ်ရှိဟု ယူကရိန်းဘက်ကဆို ယူကရိန်းနှင့်ပိုလန် နယ်စပ်အနီးတွင် ရုရှားက ဒရုန်းဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်နှင့် အမေရိကန် CIA အကြီးအကဲဟောင်း ဒေးဗစ်ပက်ထရီးယပ်စ်တို လိုက်ပါလာသည့် ရထားကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူကရိန်းဘက်က ပြောကြားလိုက်သည်။ ရုရှားဒရုန်းက ရထားတစ်စင်းကို ထိမှန်ခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ်ဟောင်းနှင့် ဥရောပနိုင်ငံများမှ ထိပ်တန်းလုံခြုံရေးအရာရှိများ ဖြတ်သန်းသွားပြီးနောက် မကြာမီ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒရုန်းတိုက်ခိုက်မှုကြောင့် ရထားစက်ခေါင်း ထိမှန်ခဲ့သော်လည်း ရထားပေါ်ရှိ ခရီးသည်အားလုံးကို ဘေးလွတ်ရာသို ရွှေ့ပြောင်းပေးထားပြီး ဖြစ်သည့်အတွက် လူသေဆုံးမှု မရှိခဲ့ဟု ယူကရိန်းအာဏာပိုင်များက ပြောသည်။