uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

သိင်္ခ

သိင်္ခ

Kanalga Telegram’da o‘tish

အသိတိုး

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan
1 055
Obunachilar
-224 soatlar
-77 kun
-5530 kun
Postlar arxiv
ညစစ်ဆင်ရေးဖြင့် တိုက်ခိုက်ချေမှုန်း ခံရသော အကြမ်းဖက် AAရဲ့ ရှင်းလက်ဝဌာနခ မှာ AA နဲ့ ခိုင်းဖက် မာရာငပိန်းတို့ (၂၀၀)ကျော် တပျော
+2
ညစစ်ဆင်ရေးဖြင့် တိုက်ခိုက်ချေမှုန်း ခံရသော အကြမ်းဖက် AAရဲ့ ရှင်းလက်ဝဌာနခ မှာ AA နဲ့ ခိုင်းဖက် မာရာငပိန်းတို့ (၂၀၀)ကျော် တပျော်တပါးဂိန်ခဲ့ကြခြင်း👍👍👍

ဧရာဝတီ ပါဝင်မည့် အာရှအမျိုးသမီး ချန်ပီယံလိဂ် အုပ်စုမဲခွဲပွဲ စက်တင်ဘာ ၃ ရက် ကျင်းပမည် ရန်ကုန်၊ ဩဂုတ် ၂၆ မြန်မာကလပ် ဧရာဝတီအမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၆-၂၀၂၇ ရာသီ AFC အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့် မဲခွဲပွဲကို လာမည့် စက်တင်ဘာ ၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း အာရှဘောလုံးအဖွဲချုပ် (AFC) က ထုတ်ပြန်ထားသည်။ အဆိုပါပြိုင်ပွဲ၏ ခြေစစ်ပွဲများကို ဩဂုတ် ၁၇ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ပြီး အုပ်စု (A) မှ East Bengal FC (အိန္ဒိယ)၊ အုပ်စု (B) မှ Kaya FC-Iloilo (ဖိလစ်ပိုင်)၊ အုပ်စု (C) မှ PFC Nasaf (ဥဇဘက်ကစ္စတန်)၊ အုပ်စု (D) မှ 4.25 SC (မြောက်ကိုရီးယား)၊ အုပ်စု (E) မှ Bam Khatoon FC (အီရန်) နှင့် အုပ်စု (F) မှ Ayeyawady FC (မြန်မာ) တို အုပ်စုဗိုလ်များအဖြစ် အုပ်စုအဆင့်သို တက်ရောက်ခွင့်ရရှိခဲ့ကြသည်။ ယင်းခြောက်သင်းသည် လက်ရှိချန်ပီယံ Naegohyang Women’s FC (မြောက်ကိုရီးယား)၊ Melbourne City FC (ဩစတြေးလျ)၊ Hwacheon KSPO WFC (တောင်ကိုရီးယား)၊ INAC Kobe Leonessa (ဂျပန်)၊ Beijing Jingtan Football Club (တရုတ်) နှင့် Ho Chi Minh City Women’s FC (ဗီယက်နမ်) တိုနှင့်အတူ အုပ်စုအဆင့်တွင် စုစုပေါင်း ၁၂ သင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

photo content

ပါလက်စတိုင်းတွေရဲ့ အထိမ်းအမှတ် ကျောက်တိုင်ကို အစ္စရေး အမတ်တစ်ယောက်က သွားရောက် ရိုက်ခွဲ ဩဂုတ် - ၂၆ ( ဗုဒ္ဓဟူးနေ့ ) အစ္စရေးရဲ့ လက်ယာစွန်း လွှတ်တော်အမတ်တစ်ဦးဟာ အင်္ဂါနေ့တုန်းက သိမ်းပိုက်ခံ အနောက်ဘက်ကမ်းခြေမှာ ရှိတဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း သေဆုံးသွားခဲ့တဲ့ ပါလက်စတိုင်းလူမျိုးတွေအတွက် စိုက်ထူထားတဲ့ အထိမ်းအမှတ်ကျောက်တိုင်ကို သွားရောက်ရိုက်ခွဲခဲ့ပါတယ်။ ဒီလိုပြုလုပ်ရာမှာ အစ္စရေးစစ်တပ် (IDF) ရဲ့ စောင့်ရှောက်မှုနဲ့အတူ သွားရောက်ခဲ့တာဖြစ်ပြီး၊ ဒီလုပ်ရပ်အပေါ် အစ္စရေးစစ်တပ်ကိုယ်တိုင်နဲ့ နိုင်ငံရေးသမားတွေက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် ပါဝင်ခဲ့သည့် နိုင်ငံပေါင်း(၅၀)ကျော်မှ နိုင်ငံခြားသား(၇၂,၀၀၀)ဦးကျော်ကို မူရင်းနိုင်ငံများသ
အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် ပါဝင်ခဲ့သည့် နိုင်ငံပေါင်း(၅၀)ကျော်မှ နိုင်ငံခြားသား(၇၂,၀၀၀)ဦးကျော်ကို မူရင်းနိုင်ငံများသို စနစ်တကျလွှပြောင်းပေးခဲ့ပြီးဖြစ် သံတမန်ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် တာဝန်ယူမှုရှိသောနိုင်ငံအဖြစ် ဆက်လက်ရပ်တည် ဆောင်ရွက်သွားမည်ဟု MOFA ပြည်ထောင်စုဝန်ကြီးပြော အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်ပါဝင်ခဲ့သည့် နိုင်ငံပေါင်း(၅၀)ကျော်မှ နိုင်ငံခြားသား(၇၂,၀၀၀)ဦးကျော်ကို မူရင်းနိုင်ငံများသို စနစ်တကျလွှပြောင်းပေးခဲ့ပြီးဖြစ်ရာ သံတမန်ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် တာဝန်ယူမှုရှိသောနိုင်ငံအဖြစ် ဆက်လက်ရပ်တည်ဆောင်ရွက်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေကပြောသည်။ သြဂုတ် ၂၅ ရက်ကကျင်းပသည့် "နိုင်ငံဖြတ်ကျော်ရာ ဇဝတ်မှုများနှင့် အွန်လိုင်းလိမ်လည်မှု တားဆီး၊ ကာကွယ်၊ တိုက်ဖျက်ရေးဆိုင်ရာ"အသိပညာပေးဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမိုင်းတွင် အကြီးမားဆုံးဖြစ်လာနိုင်သည့် ဗီဇာပယ်ဖျက်မှုအစီအစဉ် – နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူ ၂ သိန်းခန့် ထိခိုက်နိုင် အမေရိကန်ပြည်ထောင်စုသို့ B1/B2 (စီးပွားရေးနှင့် ခရီးသွား) ဗီဇာများဖြင့် ဝင်ရောက်လာပြီးနောက် နိုင်ငံရေးခိုလှုံခွင့် (Asylum) လျှောက်ထားထားသူ သို့မဟုတ် လျှောက်ထားဆဲဖြစ်သည့် နိုင်ငံခြားသား ဦးရေ ၂၀၀,၀၀၀ (၂ သိန်း) ခန့်၏ ဗီဇာများကို ရုပ်သိမ်း/ပယ်ဖျက်ရန် အမေရိကန်အစိုးရ (Trump အုပ်ချုပ်ရေးအဖွဲ့) က ပြင်ဆင်နေကြောင်း AP သတင်းဌာနက ဖော်ပြလိုက်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ရရှိသည့် စာရွက်စာတမ်းများနှင့် တာဝန်ရှိသူများ၏ ပြောကြားချက်များအရ အဆိုပါ အစီအစဉ်သည် ၂၀၁၆ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း B1 နှင့် B2 ဗီဇာ ထုတ်ပေးခြင်းခံထားရပြီး ခိုလှုံခွင့်လျှောက်ထားသူများကို ပစ်မှတ်ထားခြင်းဖြစ်သည်။ အဆိုပါ လုပ်ဆောင်ချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာန (State Department) နှင့် ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (Department of Homeland Security) တို့ ပူးပေါင်း၍ လာမည့်သီတင်းပတ်များအတွင်း တရားဝင် ထုတ်ပြန်ကြေညာဖွယ် ရှိနေသည်။ တရားဥပဒေကြောင်းအရ ကန့်ကွက်တရားစွဲဆိုမှုများ သို့မဟုတ် မူဝါဒပြင်ဆင်မှုများ မရှိခဲ့ပါက ဤလုပ်ဆောင်ချက်သည် အမေရိကန်သမိုင်းတွင် တစ်ကြိမ်တည်းဖြင့် အများဆုံး ဗီဇာရုပ်သိမ်းမှု ဖြစ်လာမည်ဖြစ်သည်။ အဆိုပါ လုပ်ဆောင်ချက်ကြောင့် လက်ရှိတွင် အမေရိကန်၌ ခိုလှုံခွင့်လျှောက်ထားဆဲဖြစ်သော သို့မဟုတ် လျှောက်ထားခဲ့ဖူးသော လူပေါင်းများစွာအတွက် ဗီဇာအခြေအနေဆိုင်ရာ နောက်ဆက်တွဲ ရိုက်ခတ်မှုများနှင့် တရားဥပဒေဆိုင်ရာ စိန်ခေါ်မှုများစွာ ထွက်ပေါ်လာဖွယ်ရှိနေကြောင်း သုံးသပ်ဖော်ပြထားကြသည်။
သိင်္ခ
https://t.me/theinkha007/2543

photo content

အီရန်ရဲ့ တို-က်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန်ရဲ့ စောင့်ကြည့်ထောက်လှမ်းရေး ပစ္စည်းကိရိယာတွေ ဒေါ်လာ ဘီလီယံနဲ
အီရန်ရဲ့ တို-က်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန်ရဲ့ စောင့်ကြည့်ထောက်လှမ်းရေး ပစ္စည်းကိရိယာတွေ ဒေါ်လာ ဘီလီယံနဲ့ချီ ပျ-က်စီးဆုံးရှုံး အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန် ထောက်လှမ်းရေးစခန်းတွေဟာ အီရန်ရဲ့ တို-က်ခိုက်မှုတွေကြောင့် ဒေါ်လာ ဘီလီယံနဲ့ချီ ပျ-က်စီးသွားခဲ့တယ်လို သတင်းရင်းမြစ်တွေကို ကိုးကားပြီး NBC News က ဖော်ပြထားပါတယ်။ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဒီဒေသတွင်းမှာရှိတဲ့ အမေရိကန် ထောက်လှမ်းရေး စခန်းတွေကို အီရန်က ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တို-က်ခိုက်ခဲ့တာကြောင့် အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေ သမိုင်းမှာ တစ်ခါမှ မကြုံဖူးသေးတဲ့ အဆိုးရွားဆုံး ပျ-က်စီးဆုံးရှုးမှု ဖြစ်သွားခဲ့တာပါ။ ဒီပျ-က်စီးသွားတာတွေကို ပြန်ပြင်ဖိုအတွက် ဝါရှင်တန်အနေနဲ့ ဒေါ်လာ ဘီလီယံနဲ့ချီ ကုန်ကျမယ်လိုလည်း ဆိုပါတယ်။ ဒါ့အပြင် ဒီတို-က်ခိုက်မှုတွေကြောင့် အမေရိကန် နိုင်ငံခြားရေးဌာန၊ ပန်တဂွန် စစ်ဌာနချုပ်နဲ့ ထောက်လှမ်းရေးအဖွဲတွေဟာ ဒေသတွင်းမှာရှိတဲ့ သူတိုစခန်းတွေကို သေချာ ကာကွယ်ပေးနိုင်လောက်အောင် ပြင်ဆင်မှု ရှိရဲ့လားဆိုတာကိုပါ သံသယဖြစ်စရာဖြစ်လာတယ်လို အဲဒီ ရုပ်သံလိုင်းက ဖော်ပြထားပါတယ်။

အမှတ်(၆)အစုန် မန္တလေး-ရန်ကုန် DEMU လူစီးအမြန်ရထား ခဲဖြင့်ပေါ-က်ခံရ ဖမ်းဆီးရမိရေးဆောင်ရွက်နေ မြန်မာ့မီးရထား၏ အမှတ်(၆)အစုန် မန္
အမှတ်(၆)အစုန် မန္တလေး-ရန်ကုန် DEMU လူစီးအမြန်ရထား ခဲဖြင့်ပေါ-က်ခံရ ဖမ်းဆီးရမိရေးဆောင်ရွက်နေ မြန်မာ့မီးရထား၏ အမှတ်(၆)အစုန် မန္တလေး-ရန်ကုန် DEMU လူစီးအမြန်ရထားသည် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း တပ်ကုန်းမြိုနယ်အတွင်းပြေးဆွဲနေစဉ် သြဂုတ် ၂၅ ရက်နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က ညောင်လွန့်ဘူတာနှင့် မကျီးပင်ဘူတာကြား မိုင်တိုင်အမှတ် ၂၅၈/၂၄ နှင့် ၂၅၈/၂၃ ကြား၌ခဲဖြင့်ပေါ-က်ခံခဲ့ရကြောင်း သိရသည်။ ရထားလမ်းညာဘက်ခြမ်းမှ ခဲဖြင့်ပစ်ပေ-ါက်ခဲ့သဖြင့် ရထားတွဲဆိုင်း (၅)တွဲမြောက် ပထမတန်းတွဲ DEMU F(C) -1006 တွဲ၏ ခုံအမှတ် ၄၃၊ ၄၄၊ ၄၅ နှင့် ၄၆ ကြား ပြတင်းတံခါးမှန်အားထိမှန်ကာ မှန်ကြေမွကွဲအက်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်များထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ ထိုကြောင့် ရထားအားနောက်ပြန်ဆုတ်၍ မကျီးပင်ဘူတာဆိုက်ရောက်ပြီး ရထားလိုက်လုံခြုံရေးရဲတပ်ဖွဲဝင်များနှင့် တာဝန်ရှိသူများက ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးနှင့် ရထားပိုဆောင်ရေးလုပ်ငန်းဥပဒေနှင့်အညီအရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၆ ခုနှစ် စတုတ္ထအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ် နေပြည်တ
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၆ ခုနှစ် စတုတ္ထအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ် နေပြည်တော်၊ ဩဂုတ် ၂၆ ၂၀၂၆ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစုများ၏ စတုတ္ထအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော် ဇေယျာသီရိမြိုနယ် ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတက်ရောက်၍ ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။ အဆိုပါအခမ်းအနားသို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး ဒေါ်နန်းကူးကူ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ညှိနှိင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံ(ကြည်း၊ရေ၊လေ) ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့်မိသားစုဝင်များ တက်ရောက်ကြသည်။

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ငါးဦး မြန်မာ - ထိ
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ငါးဦး မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို ထပ်မံလွှပြောင်းပေးအပ် နေပြည်တော်၊ ဩဂုတ် ၂၆ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချိုကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အိန္ဒိယနိုင်ငံသားသုံးဦးနှင့် မလေးရှားနိုင်ငံသားနှစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ငါးဦးတိုအား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှပြောင်းပေးသည်။

ယနေ့ နံနက်အစောပိုင်းက စဥ့်ကူးမြိုကိုဗဟိုပြုပြီး နာရီပိုင်းသာခြား၍ ငလျင်(၂)ကြိမ်လှုပ်ခတ်ခဲ့ စဥ့်ကူးမြိုကိုဗဟိုပြု၍ ယနေ့ သြဂုတ်
ယနေ့ နံနက်အစောပိုင်းက စဥ့်ကူးမြိုကိုဗဟိုပြုပြီး နာရီပိုင်းသာခြား၍ ငလျင်(၂)ကြိမ်လှုပ်ခတ်ခဲ့ စဥ့်ကူးမြိုကိုဗဟိုပြု၍ ယနေ့ သြဂုတ် ၂၆ ရက်နံနက်အစောပိုင်းက နာရီပိုင်းသာခြားပြီး ငလျင်(၂)ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ နံနက်အစောပိုင်း ၅ နာရီ ၂ မိနစ် ၂၇ စက္ကန့်က စဥ့်ကူးမြို၏ အရှေ့တောင်ဘက်(၈)မိုင်ခန့်အကွာ၊ အနက်(၁၄) ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ထိုပြင် နံနက် ၄ နာရီ ၅ မိနစ် ၄၅ စက္ကန့်ကလည်း စဥ့်ကူးမြို၏ အနောက်မြောက်ဘက်(၃)မိုင်ခန့်အကွာ၊ အ နက်(၃၅)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စဥ့်ကူးမြိုကိုဗဟိုပြုပြီး ငလျင်(၂)ကြိမ်လှုပ်ခတ်မှုကို မန္တဘေးမြေငလျင်စခန်းမှ တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တဲ့ ကိုးမြွှာပူး မွေးဖွားခဲ့ခြင်း မာလီနိုင်ငံမှ ဇနီးမောင်နှံဟာ ကိုးမြွှာပူး မွေးဖွားခဲ့ပြီး ဂင်းနက်စ်
ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တဲ့ ကိုးမြွှာပူး မွေးဖွားခဲ့ခြင်း မာလီနိုင်ငံမှ ဇနီးမောင်နှံဟာ ကိုးမြွှာပူး မွေးဖွားခဲ့ပြီး ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် မာလီနိုင်ငံသူ ဟာလီမာဆစ်ဆီဟာ ၂၀၂၁ ခုနှစ် မေလက ကိုးမြွှာပူး မွေးဖွားခဲ့တာပါ။ အစောပိုင်းမှာ ဆရာဝန်တွေက ခုနှစ်မြွှာပူးလို ထင်မှတ်ခဲ့ကြပေမဲ့ နောက်ထပ် စစ်ဆေးမှုတွေအရ အံ့အားသင့်ဖွယ်ရာ ကိုးမြွှာပူးလို အတည်ပြုနိုင်ခဲ့တာပါ။ အနည်းငယ်မျှ အတိမ်းစောင်း မခံနိုင်တဲ့ အခြေအနေမို မာလီအစိုးရရဲ့ စီစဉ်မှုနဲ့အတူ ဟာလီမာဆစ်ဆီကို မော်ရိုကိုနိုင်ငံသို ပိုဆောင်ကာ ခွဲမွေးစေခဲ့တာပါ။ ကိုယ်ဝန်ဆောင်ချိန် သီတင်းပတ် ၃၀ မှာ ခန္ဓာကိုယ်အလေးချိန် ၁.၁ ပေါင်မှ ၂.၂ ပေါင်ကြားရှိတဲ့ မိန်းကလေး ၅ ဦး၊ ယောကျားလေး ၄ ဦးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီး ကလေးငယ်အားလုံး အသက်ရှင်ခဲ့ကြပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ တစ်ကြိမ်တည်းနဲ့ ကလေးငယ်အများဆုံး အောင်မြင်စွာ မွေးဖွားပြီး ကလေးအားလုံး အသက်ရှင်သန်မှုအဖြစ် ဂင်းနက်စ်စံချိန်တင်နိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ ကလေးငယ် ၉ ဦးဟာ အသက် ၅ နှစ်ပြည့်မြောက်ခဲ့ကြပါပြီ။

ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ၏ အားသာချက်များနှင့် မိမိတိုနိုင်ငံ၏ အားသာချက်များကို ပေါင်းစပ်၍ နိုင်
ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ၏ အားသာချက်များနှင့် မိမိတိုနိုင်ငံ၏ အားသာချက်များကို ပေါင်းစပ်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို၏ အကျိုးစီးပွားကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက် နေပြည်တော်၊ ဩဂုတ် ၂၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် တက်ရောက် အမှာစကားပြောကြားသည်။ အစည်းအဝေးသို ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက် ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencingဖြင့် တက်ရောက်ကြသည်။

🙏🙏🙏
🙏🙏🙏

ICRC က ၂၀၂၆ ပထမနှစ်ဝက်အတွင်း ပဋိပက္ခဒ-ဏ်သင့်သူ ၁၂၀,၀၀၀ ကျော်ကို လူသားချင်းစာနာမှုအကူအညီ ပေးအပ် ရန်ကုန်၊ ဩဂုတ် ၂၅ ၂၀၂၆ ခုနှစ်
ICRC က ၂၀၂၆ ပထမနှစ်ဝက်အတွင်း ပဋိပက္ခဒ-ဏ်သင့်သူ ၁၂၀,၀၀၀ ကျော်ကို လူသားချင်းစာနာမှုအကူအညီ ပေးအပ် ရန်ကုန်၊ ဩဂုတ် ၂၅ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခများနှင့် အရေးပေါ်အခြေအနေများကြောင့် ထိခိုက်ခံစားရသူ ၁၂၀,၀၀၀ ကျော် ထံ ရောက်ရှိကာ အရေးပေါ်နှင့် ရေရှည်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က ထုတ်ပြန်သည်။ ICRC သည် ဒေသခံမိတ်ဖက်အဖွဲအစည်းများနှင့် ပူးပေါင်း၍ နေရပ်စွန့်ခွာသူများအား အခြေခံလိုအပ်ချက်များ ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးအပ်ခြင်းတိုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုပြင် ရေနှင့် မိလ္လာစနစ်၊ အမိုးအကာရရှိရေး၊ ကိုယ်ကာယပြန်လည်သန်စွမ်းရေးနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး အထောက်အပံ့များအပြင် မိသားစုဝင်များအကြား အဆက်အသွယ်ပြန်လည်ရရှိရေးနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ၏ အန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။

လေးမျက်နှာမြို ရေဝင်ရောက်မှုမှာ သြဂုတ်လ ၂၄ ရက် နံနက်ပိုင်းတွင် ၅ ပေ ၈ လက်မအထိ ကျဆင်းလာပြီဖြစ်သည့်အတွက် လေးမျက်နှာမြိုတွင်းသို သွားရောက်နိုင်မည့် လမ်းကြောင်းများ၊ ယာဥ်အမျိုးအစားများ အသိပေးထုတ်ပြန်ကြေညာ လေးမျက်နှာ၊ ဩဂုတ် ၂၅ လေးမျက်နှာမြို ရေဝင်ရောက်မှုမှာ သြဂုတ်လ ၂၄ ရက် နံနက်ပိုင်းတွင် ၅ ပေ ၈ လက်မထိ ကျဆင်းလာပြီဖြစ်သည့်အတွက် လေးမျက်နှာမြိုတွင်းသို သွားရောက်နိုင်မည့် လမ်းကြောင်းများ၊ ယာဥ်အမျိုးအစားများကို အောက်ပါအတိုင်း အသိပေးထုတ်ပြန်ထားကြောင်း Information Center များမှ သိရသည်။ - ကျုံပျော်-ရှားခဲ-နိဗ္ဗာန်-ဟင်္သာတ(ကားဖြင့်)။ - နိဗ္ဗာန်-ယုန်သလင်း-ခမောက်စု(ကားဖြင့်)- ခမောက်စုမှ အိုင်သပြု(စက်လှေ)။ - ဟင်္သာတ- တလုတ္ထော်-သင်္ကန်းတော -လဟာပ-စာရေးကွင်း(၆)ဘီးယာဥ်ဖြင့်။ - ဟင်္သာတ-တလုတ္ထော်-သင်္ကန်းတော-အုတ်ပုံ-ဇရပ်ကွင်း(ယာဥ်အလတ်)။ - ဟင်္သာတ-တလုတ္ထော်ရပ်ကွက် (၂) - တမိုင်- ကြပ်ပြေး-အုတ်ပုံ(ကားလေး)။ - ဟင်္သာတ-တလုတ္ထော် -မြိုကွင်းတံတား -ခြောက်ရွာ-ကျွဲသောင်-မှန်ကုန်းလမ်းမှတစ်ဆင့် ဆိတ်နိုကုန်း-လေးမျက်နှာတံတား (ကားဖြင့်)။ ရေအတက်အကျပေါ်မူတည်၍ လမ်းကြောင်းများပြောင်းလဲနိုင်ပါသဖြင့် လေးမျက်နှာမြိုနယ်ရှိ ရေဘေးသင့် ပြည်သူများထံသို သွားရောက်လှူဒါန်းလိုသည့် ပရဟိတစေတနာရှင်၊ အလှူရှင်များ အနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်အမှန်တကယ်အကျိုးရှိ ထိရောက်စွာ လှူဒါန်းနိုင်ရန်အတွက် လက်ရှိမြေပြင်အခြေအနေကို ဒေသရှိကွပ်ကဲရေးအဖွဲများနှင့် ချိတ်ဆက်၍ လမ်းညွှန်ချက်များ အတိုင်းပူးပေါင်းပါဝင်ခြင်းဖြင့် ကူညီပေးကြပါရန် မေတ္တာရပ်ခံအသိပေး အပ်ပါသည်။

photo content

ကျုံပျော်မြိုနယ်၌ ရေဝင်ရောက်မှုကြောင့် အိမ်ထောင်စု ၇၇၃ စု ရေဘေးလွတ်ရာသို ပြောင်းရွှေ့‌နေထိုင် ကျုံပျော်၊ ဩဂုတ် ၂၅ ဧရာဝတီတိုင်
ကျုံပျော်မြိုနယ်၌ ရေဝင်ရောက်မှုကြောင့် အိမ်ထောင်စု ၇၇၃ စု ရေဘေးလွတ်ရာသို ပြောင်းရွှေ့‌နေထိုင် ကျုံပျော်၊ ဩဂုတ် ၂၅ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြိုနယ်၊ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှထူးပေါက်ကာ ရေဖြတ်သန်းစီးဆင်း၍ တာတမံနိမ့်ကျမှုဖြစ်ပွားခဲ့ပြီး ရေကျော်စီးဝင်သဖြင့် ကျုံပျော်မြိုနယ် ဒါးကချောင်းရေ မြင့်တက်‌လာကာ ဩဂုတ်လ ၂၃ ရက်‌နေ့အထိ ချောင်းအနီးဝန်းကျင်တွင်နေထိုင်သော ရပ်ကွက်နှင့် ကျေးရွာများမှ အိမ်ထောင်စု ၇၇၃ စု တိုသည် ရေဘေးလွတ်ရာသို ပြောင်းရွှေ့‌နေထိုင်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ရေဝင်ရောက်လျက်ရှိသော နေအိမ်များမှ ပြည်သူများအား မြိုနယ်တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲဝင်များ၊ မီးသတ်တပ်ဖွဲဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲများ ပူးပေါင်းကာ ရေဘေးလွတ်ရာ နေရာများသိုကူညီပိုဆောင်ပေးခဲ့ကြသည်။

M League ပွဲစဉ်တစ်ပွဲလျှင် အကောင်းဆုံးကစားသမားဆုငွေ ကျပ် ၁၀ သိန်းအထိ တိုးမြှင့်မည်၊ ဂိုးသွင်းအများဆုံးဆုလည်း တိုးမြှင့်ချီးမြ
M League ပွဲစဉ်တစ်ပွဲလျှင် အကောင်းဆုံးကစားသမားဆုငွေ ကျပ် ၁၀ သိန်းအထိ တိုးမြှင့်မည်၊ ဂိုးသွင်းအများဆုံးဆုလည်း တိုးမြှင့်ချီးမြှင့်မည် ရန်ကုန်၊ဩဂုတ်-၂၅ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ပွဲစဉ်တစ်ပွဲချင်းစီ၏ အကောင်းဆုံးကစားသမားဆုရရှိသူများအား ယခင်ဆုကြေးငွေ ကျပ်သုံးသိန်းမှ ကျပ် ၁၀ သိန်းအထိ တိုးမြှင့်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြန် မာနေရှင်နယ်လိဂ်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ သိရသည်။ ယမန်နေ့ ဩဂုတ် ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်မြိုရှိ Novotel Yangon Max Hotel တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီအစည်းအဝေး (၂/၂၀၂၆) တွင် လာမည့်ဘောလုံးရာသီအတွက် ဆု ကြေးငွေများ တိုးမြှင့်ချီးမြှင့်ရန် အတည် ပြုခဲ့ခြင်းဖြစ်သည်။ အတည်ပြုချက်အရ M League ပြိုင်ပွဲ၏ ပွဲစဉ်တစ်ပွဲချင်းစီတွင် အကောင်းဆုံးကစားသမားဆုရရှိသူအား ယခင်က ကျပ်သုံးသိန်းချီးမြှင့်ခဲ့ရာမှ ကျပ် ၁၀ သိန်းအထိ တိုးမြှင့်ချီးမြှင့်သွားမည်ဖြစ်သည်။