သိင်္ခ
Kanalga Telegram’da o‘tish
အသိတိုး
Ko'proq ko'rsatishMamlakat belgilanmaganToif belgilanmagan
1 067
Obunachilar
Ma'lumot yo'q24 soatlar
-177 kun
-5530 kun
Postlar arxiv
1 067
တောင်ကြီးမြိုနယ် အေးသာယာမြို စက်မှုဇုန်တိုးချဲ့မြေဧရိယာပေါ်ရှိ နေအိမ်များသည် တရားမဝင် ဆောက်လုပ်ထားဟုဆိုကာ ကျူးကျော်သတ်မှတ်ပြီး ပထမအကြိမ် သတိပေးစာကပ်
တောင်ကြီးမြိုနယ် အေးသာယာမြို အမှတ်(၁၂) ရပ်ကွက် စက်မှုဇုန် တိုးချဲ့မြေဧရိယာပေါ်ရှိ နေအိမ်များသည် တရားမဝင် ဆောက်လုပ်ထားဟုဆိုပြီး ကျူးကျော်သတ်မှတ်ကာ ပထမအကြိမ် သတိပေးစာကပ်ထားကြောင်း သိရသည်။
အေးသာယာမြို၊ အမှတ်(၁၂) ရပ်ကွက် စက်မှုဇုန် တိုးချဲ့မြေဧရိယာပေါ်တွင် မြေပေးမိန့်ဖြင့် ခွင့်ပြုထားခြင်း မရှိဘဲ တရားမဝင် ဆောက်လုပ်ထားကြောင်း တွေ့ရှိရသဖြင့် ထိုမြေပေါ်တွင် ဝင်ရောက်နေထိုင်ခြင်း မပြုဘဲ ထွက်ခွာသွားရမည့်အပြင် ၎င်းမြေပေါ်မှ နိုင်ငံပိုင်ပစ္စည်းမှတစ်ပါး အခြားအရပ်ရပ် ပစ္စည်းများကိုလည်း အမိန့်စာပါနေ့ရက်မှစတင်၍ ၂၁ ရက်အတွင်း ရွေ့ပြောင်းထုတ်ယူရမည့် အကြောင်း ပါရှိသည်။
၁၈၈၉ ခုနှစ် အထက်မြန်မာပြည်မြေနှင့် အခွန် စည်းမျဉ်းဥပဒေ ပုဒ်မ ၂၅ (ဃ) နှင့် နည်းဥပဒေ ၆၉(၁) တိုအရ နိုတစ်စာ ထုတ်ပြန်လိုက်ကြောင်း ဆိုသည်။
1 067
သီပေါမြိုတွင် နိုင်ငံတော်လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိ၊ ကျေးရွာများအထိ ဆက်လက်ဖြန့်ဖြူးမည်
သီပေါ၊ စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို၌ ယနေ့ စက်တင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီ ၂၂ မိနစ်မှစတင်၍ နိုင်ငံတော်လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံ၏ အသိပေးချက်အရ သိရသည်။
လက်ရှိတွင် သီပေါမြိုပေါ်ရပ်ကွက်များကို ဦးစွာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး လိုအပ်သည့် ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်ကာ ကျေးရွာများအထိ ဓာတ်အားရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
1 067
တူရကီရှိ အထက်တန်းကျောင်းတစ်ခုအနီး ပစ်ခတ်မှုဖြစ်ပွားရာ ၁၁ ဦးထက်မနည်း ဒဏ်ရာရ
တူရကီနိုင်ငံ အနောက်ပိုင်းရှိ အထက်တန်းကျောင်းတစ်ခုအနီးတွင် စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူ ၁၁ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး အသက် ၁၅ နှစ်အရွယ် သေနတ်သမားကို ဖမ်းဆီးထားကြောင်း သိရသည်။
ဒဏ်ရာရသူများအနက် နှစ်ဦးက အခြေအနေစိုးရိမ်ရသည်။ မန်နီဆာပြည်နယ်၊ တာဂူတလူခရိုင်ရှိ အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာအထက်တန်းကျောင်းရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်သူက အဆိုပါကျောင်းမှ ကျောင်းသားတစ်ဦးပင် ဖြစ်သည်။
1 067
လေးမျက်နှာမြိုနယ်တွင် ငဝန်တာကျိုးသည့်နေရာအား ရေဝင်ရောက်မှုတားဆီးရေးလုပ်ငန်း ပြီးစီး
ဧရာဝတီတိုင်း လေးမျက်နှာမြိုနယ်တွင် ငဝန်တာကျိုးသည့်နေရာအား ရေဝင်ရောက်မှုတားဆီးရေးလုပ်ငန်း ယနေ့ (စက်တင်ဘာ ၂၂ ရက်) တွင် ပြီးစီးခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲမှ သိရသည်။
ငဝန်တာ ရေဝင်လမ်းကြောင်းအား အပြီးသတ် ပိတ်ဆိုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့ (စက်တင်ဘာ ၂၂ ရက်) နေ့လယ် ၁၂ နာရီခန့်တွင် Sheet Pile အားလုံးကို အပြည့်အဝ ရိုက်သွင်း ပိတ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
1 067
ပဲခူးတိုင်းအတွင်း ချေးငွေစုစုပေါင်း ကျပ် ၂၉၃ ဒသမ ၇ ဘီလျံထုတ်ချေးပြီး တောင်သူတစ်ဦးချင်းသော်လည်းကောင်း၊ ကျေးရွာအုပ်စုတစ်ခုလုံးအတွက်သော်လည်းကောင်း ချေးငွေထုတ်ပေး
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်အထိ မြိုနယ် ၂၈ မြိုနယ်ရှိ တောင်သူ ၁၅၄၀၆၈ ဦး၊ စိုက်ဧက ၉၇၉၃၉၂ ဧကအတွက် ချေးငွေစုစုပေါင်း ကျပ် ၂၉၃ ဒသမ ၇ ဘီလျံ ထုတ်ချေးပြီးဖြစ်ကြောင်းနှင့် ချေးငွေစည်းကမ်းချက်များနှင့် ကိုက်ညီပါက တောင်သူတစ်ဦးချင်းသော်လည်းကောင်း၊ ကျေးရွာအုပ်စုတစ်ခုလုံးအတွက်သော်လည်းကောင်း ချေးငွေထုတ်ချေးပေးလျက်ရှိကြောင်း တိုင်းဒေသကြီး စီမံ/ဘဏ္ဍာရေးဝန်ကြီး ဦးဇော်ဝင်းက ပြန်လည်ဖြေကြားခဲ့သည်။
1 067
အနက်ပေ(၃၀)ခန့်ရှိ အုတ်ရေတွင်း(ဟောင်း)ထဲပြုတ်ကျနေသည့် အမျိုးသားကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့
မန္တလေးတိုင်း၊ မြင်းခြုံမြိုတွင် ယနေ့ စက်တင်ဘာ ၂၂ ရက်နံနက် ၁၀ နာရီခွဲခန့်က အနက်ပေ(၃၀)ခန့်ရှိသော အုတ်ရေတွင်း(ဟောင်း)ထဲသို အမျိုးသား(၁)ဦးပြုတ်ကျခဲ့ကြောင်း သိရသည်။
မြင်းခြံမြို၊ အမှတ်(၃)ရပ်ကွက်၊ နယ်မြေ(၈)ရှိ အကျယ်(၉)ပေခန့်၊ အနက်ပေ(၃၀)ခန့်ရှိသော အုတ်ရေတွင်း(ဟောင်း)ထဲသို အမျိုးသား(၁)ဦးပြုတ်ကျနေသဖြင့် မြင်းခြံခရိုင်/မြိုနယ်မီးသတ်စခန်းတိုမှတပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
1 067
ရေနံချောင်းမြိုနယ်ရှိ ဒေါင်းနေတံတားအနီး၌ အဝေးပြေးခရီးသည်တင်ယာဥ်တိမ်းမှောက် ယာဥ်နောက်လိုက်ဒဏ်ရာရ
မကွေးတိုင်း၊ ရေနံချောင်းမြိုနယ်ရှိ ဒေါင်းနေတံတားအနီးတွင် ယနေ့ စက်တင်ဘာ ၂၂ ရက်နေ့လယ် ၃ နာရီကျော်ခန့်က အဝေးပြေးခရီးသည်တင်ကားတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြိုနယ်၊ ဒေါင်းနေတံတားအနီးတွင် အဝေးပြေးခရီးသည်တင်ကားတိမ်းမှောက်ခဲ့သဖြင့် မီးသတ်တပ်ဖွဲဝင်များက ကူညီမှုများပြုလုပ်ပေးခဲ့ကြပြီး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိထားသည့် ယာဥ်နောက်လိုက်ကို မကွေးမြိုပြည်သူ့ဆေးရုံသိုပိုဆောင်ပေးခဲ့ကြကြောင်း သိရသည်။
1 067
ဧရာဝတီမြစ်တွင် တစ်နှစ်ပတ်လုံး ရေကြောင်းသွားလာနိုင်ရေး အမျိုးသားအဆင့်စီမံကိန်းအဖြစ် ဆောင်ရွက်ရန် အဆိုတင်သွင်း
ပြည်သူ့လွှတ်တော်က အဆိုကို လက်ခံဆွေးနွေးရန် ကြေညာ
နေပြည်တော်၊ စက်တင်ဘာ ၂၂
ဧရာဝတီမြစ်အတွင်း ရေယာဉ်များ တစ်နှစ်ပတ်လုံး လုံခြုံချောမွေ့စွာ သွားလာနိုင်ရေးအတွက် မြစ်ကြောင်းစီမံခန့်ခွဲမှုလုပ်ငန်းများကို အမျိုးသားအဆင့်စီမံကိန်းတစ်ရပ်အဖြစ် ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ကသာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဌေးက တင်သွင်းခဲ့သည်။
1 067
အမေရိကနှင့် ကုန်သွယ်ရေးသဘောတူညီချက်ရရှိရန် နှင့် ကုန်သွယ်မှုကွာဟချက်လျှော့ချရန် အမေရိကန်ထံမှ လေယာဉ်အပါအဝင် နည်းပညာမြင့်ကုန်ပစ္စည်းများ ပိုမိုဝယ်ယူမည်
နယူးယောက်၊ စက်တင်ဘာ ၂၂
အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံတိုအကြား ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ် ရရှိရန် “အတော်နီးစပ်နေပြီ” ဖြစ်ကြောင်း ဗီယက်နမ်ခေါင်းဆောင် တိုလမ်က ပြောကြားလိုက်သည်။
ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ရန် နယူးယောက်မြိုသို ရောက်ရှိနေစဉ် Bloomberg နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် တိုလမ်က နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးရှိပြီး မျှတသည့် အကောက်ခွန်ဆိုင်ရာ သဘောတူညီချက်ရရှိရေး ညှိနှိင်းမှုများကို အရှိန်မြှင့်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
1 067
မနက်ဖြန် မြောက်ဒဂုံရှိ ရပ်ကွက် ၇ ခုတွင် ၄ နာရီကြာ ဓာတ်အားပြတ်တောက်မည်၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းမည်
ရန်ကုန်၊ စက်တင်ဘာ ၂၂
ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ်ရှိ ရပ်ကွက် ၇ ခုအပါအဝင် နေရာအချိုတွင် မနက်ဖြန် စက်တင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အသိပေးထားသည်။
1 067
အလီဘာဘာက တရုတ်၏ အစွမ်းထက်ဆုံး AI ချစ်ပ်အသစ် မိတ်ဆက်ပြီး၊ AI Model၊ AI Chip နှင့် AI Cloud တိုကို မဟာဗျူဟာအဓိကဒေါင်တိုင် ၃ ခုအဖြစ် သတ်မှတ်
ဟန်ကျိုး၊ စက်တင်ဘာ ၂၂
တရုတ်နည်းပညာကုမ္ပဏီကြီး အလီဘာဘာအုပ်စုက တရုတ်နိုင်ငံ၏ အစွမ်းထက်ဆုံး AI ချစ်ပ်အသစ်ကို မိတ်ဆက်လိုက်ပြီး ပိုမိုကြီးမားသည့် AI မိုဒယ်လ်များ ဖွံဖြိုးလေ့ကျင့်ရေး အစီအစဉ်များကိုလည်း ထုတ်ဖော်လိုက်သည်။
ဟန်ကျိုးမြို၌ ကျင်းပသည့် အလီဘာဘာ၏ နှစ်စဉ် Apsara ညီလာခံတွင် ကုမ္ပဏီဥက္ကဋ္ဌ ဂျိုးဆိုင်းက AI နည်းပညာကို ဆန်းသစ်တီထွင်မှုအဆင့်မှ လက်တွေ့တန်ဖိုးဖန်တီးနိုင်သည့်အဆင့်သို ရောက်ရှိစေရန် Full-stack AI စနစ်တစ်ရပ် တည်ဆောက်ရေး၌ ကုမ္ပဏီက အခိုင်အမာ ရင်းနှီးမြှုပ်နှံနေကြောင်း ပြောကြားခဲ့သည်။
1 067
အီးယူ-ဖိလစ်ပိုင် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်အတွက် အဓိကသဘောတူညီမှုရရှိပြီး လာမည့်လများအတွင်း တရားဝင်အပြီးသတ်နိုင်ရေး ဆက်လက်ညှိနှိင်းမည်
မနီလာ၊ စက်တင်ဘာ ၂၂
ဥရောပသမဂ္ဂ (EU) နှင့် ဖိလစ်ပိုင်နိုင်ငံတိုအကြား လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် (FTA) ချုပ်ဆိုနိုင်ရေးအတွက် အဓိကကျသည့် သဘောတူညီမှုတစ်ရပ် ရရှိခဲ့ပြီး လာမည့်လများအတွင်း တရားဝင်အပြီးသတ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
1 067
ဂျပန်မှာ မြေပြိုနိုင်တဲ့ အန္တရာယ်အတွက် ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ထား
စက်တင်ဘာ - ၂၂ ( အင်္ဂါနေ့ )
ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က တိုင်ဖွန်းမုန်တိုင်း ဒူဂျန် ကြောင့် မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ တိုကျိုမြိုရဲ့ အီဇူးကျွန်းစု မှာရှိတဲ့ အိုရှီးမားမြိုအတွက် အဆင့် (၅) အရေးပေါ် မြေပြိုမှုသတိပေးချက် ကို ထုတ်ပြန်လိုက်ပါတယ်။
ဂျပန်နိုင်ငံရဲ့ အဆင့် (၅) ဆင့်ပါ သတိပေးချက်စနစ်မှာ အဆင့် (၅) ဆိုတာ အမြင့်ဆုံး သတိပေးချက် အဆင့် ဖြစ်ပါတယ်။ သတင်းထုတ်ပြန်ချက်အရ ဒီအဆင့်က မြေပြိုမှုတွေ အလွန်တရာ အလားအလာ များနေပြီဆိုတာကို ညွှန်ပြနေတာပါ။ ဒါကြောင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားတဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ အသက်အန္တရာယ် ကာကွယ်ဖိုအတွက် ချက်ချင်းလက်ငင်း အရေးယူဆောင်ရွက်ကြဖို အေဂျင်စီက တိုက်တွန်းထားပါတယ်။
1 067
ကျောက်ဆည်မြို၌ ယခင်နှစ်များအတိုင်း ဆင်အကအလှပြိုင်ပွဲနှင့်ဆင်လှူပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်
ကျောက်ဆည်၊ စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြိုနယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲနှင့် ဆင်လှူပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ခရိုင်လမ်းဦးစီးရိပ်သာ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
1 067
တိုင်းရင်းသားလက်နက်ကိုင်တွေ ခုတစ်မျိုး တော်ကြာတစ်မျိုးပါလား။ မင်းတို့ပြောတော့ စစ်တပ်ကအင်အားမရှိတော့ပါဘူးဆို။ အခုကျတော့လည်း ရခိုင်ရော၊ ကရင်ရော ကချင်ပါ စစ်ရေးအင်အားသုံးတယ်ဖြစ်ရပြန်ပြီ။
1 067
မြစ်ကြီးနား-မိုးညှင်း မီးရထားလမ်းပိုင်း ပြန်လည်ဖွင့်လှစ်ပြေးဆွဲမှု နှစ်လပြည့်ပြီဖြစ်
ဇူလိုင် ၂၁ ရက်က ဖွင့်လှစ်ခဲ့သည် မြစ်ကြီးနား-မိုးညှင်း မီးရထားလမ်းပိုင်း နှစ်လပြည့်ပြီဖြစ်ကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။
အဆိုပါရထားလမ်းသည် မြစ်ကြီးနားမြိုမှ မိုးညှင်းမြိုအထိ ခရီးမိုင် ၁၁၀၊ သံလမ်းမိုင်အားဖြင့် ၁၆၃ မိုင်ကျော်၊ ဘူတာရုံပေါင်း ၃၃ ဘူတာရှိောကာင်း သိရသည်။ ယခင်က ခရီးစတင်သည့် မြစ်ကြီးနားနှင့် မိုးညှင်းမြိုမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာကြသော်လည်း ယခုအချိန်တွင် နံနက် ၇ နာရီသို ပြောင်းလဲဖွင့်လှစ်ထားကြောင်း၊ ယခင်က ငါးတွဲသာ ပြေးဆွဲသော်လည်း ယခုအခါ ခြောက်တွဲအထိ တိုးထားရကြောင်း ရထားစီးနေသူတစ်ဦးက ဆိုသည်။
1 067
တရုတ်စစ်တပ်၏ အဆင့် ၂ အရာရှိ ကျန်းယိုရှာကို ကွန်မြူနစ်ပါတီနှင့် စစ်တပ်မှထုတ်ပယ်
တရုတ်ကွန်မြူနစ်ပါတီက သမ္မတရှီကျင်းပင်လက်ထက် စစ်တပ်အတွင်း အဆင့် ၂ အရာရှိအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခံထားရသည့် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌဟောင်း ကျန်းယိုရှာကို
အကျင့်ပျက်ခြစားမှု၊ အဖွဲခွဲ ဖွဲစည်းမှုနှင့် နိုင်ငံရေးစည်းကမ်း ဖောက်ဖျက်မှုများတွင် ပါဝင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ပါတီနှင့် စစ်တပ်နှစ်ရပ်စလုံးမှ တရားဝင် ထုတ်ပယ်လိုက်သည်။
1 067
မွေးနေ့မတိုင်မီ ဝန်ထမ်းများကို iPhone 18 လက်ဆောင်ပေးခဲ့သည့် မင်းသမီး ပိုင်လု
ပေကျင်း၊ စက်တင်ဘာ ၂၂
တရုတ်နာမည်ကျော် သရုပ်ဆောင်မင်းသမီး ပိုင်လု (Bai Lu) သည် အသက် ၃၂ နှစ်ပြည့်မွေးနေ့မတိုင်မီ ၎င်း၏အဖွဲဝင် ဝန်ထမ်း ၁၀ ဦးကျော်ကို နောက်ဆုံးထွက် iPhone 18 ဖုန်းများ လက်ဆောင်ပေးခဲ့ရာ လူမှုကွန်ရက်အသုံးပြုသူများအကြား စိတ်ဝင်စားမှုရရှိနေသည်။
စက်တင်ဘာ ၂၀ ရက်က ပိုင်လု၏ ဝန်ထမ်းနှစ်ဦးက Weibo လူမှုကွန်ရက်တွင် ယင်းအကြောင်း မျှဝေခဲ့ခြင်းဖြစ်ပြီး ပိုင်လုနှင့် အဖွဲဝင် ၁၂ ဦးတို iPhone ဘူးများ ကိုယ်စီကိုင်ဆောင်ထားသည့် ဓာတ်ပုံကိုလည်း ဖော်ပြခဲ့သည်။
1 067
တောင်ငူတွင် လူမှုကွန်ရက်မှတစ်ဆင့် လိုင်စင်မဲ့မော်တော်ယာဉ် ရောင်းဝယ်သူတစ်ဦး ထပ်မံဖမ်းဆီးရမိ
ပဲခူးတိုင်းဒေသကြီး တောင်ငူမြိုတွင် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်များ ရောင်းဝယ်နေသူတစ်ဦးအား စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ "Ye Naing Win" အမည်ရှိ Facebook Account ပိုင်ရှင် ကိုရဲနိုင်ဝင်းက လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များ ရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံစုံစမ်းခဲ့ကြောင်း သိရသည်။
1 067
ပြင်ဦးလွင်မြို သုမင်္ဂလာဈေး ခြောက်ထပ်ပေါ်မှ မိန်းကလေးတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွား
ပြင်ဦးလွင်မြို သုမင်္ဂလာဈေး ခြောက်ထပ်ပေါ်မှ မိန်းကလေးတစ်ဦး ပြုတ်ကျသေဆုံးမှု (ယနေ့) စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ပြုတ်ကျသေဆုံးသူမှာ ဈေးကြီး ၆ ထပ်ရှိ GOGO PARK ကစားကွင်း ဝန်ထမ်း မစန္ဒီပြည့်စုံကျော် အသက် ၂၅ နှစ်ဖြစ်ပြီး အကြောင်းအရင်းကို စိစစ်နေဆဲဖြစ်ကြောင်း ပြင်ဦးလွင်မြိုမရဲစခန်းမှ စုံစမ်းသိရှိရသည် ။
