uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

သိင်္ခ

သိင်္ခ

Kanalga Telegram’da o‘tish

အသိတိုး

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan
1 061
Obunachilar
+124 soatlar
-77 kun
-5230 kun
Postlar arxiv
《𝘼𝙐𝙂~𝟑𝟏》 ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးတစ်ဦးသည် ဩဂုတ် ၂၄ ရက်က ရထားတိုက်မှုဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဘန်ကောက်မြို့ ကွီကွမ်ဘူတာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူသည် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု၌ အလုပ်လုပ်ကိုင်နေသူဖြစ်ကာ အလုပ်သမားတန်းလျားမှာ ရထားလမ်းအနီးတွင် တည်ရှိသည်ဟုဆိုသည်။ အဆိုပါအမျိုးသမီးသည် ဈေးဝယ်ရန်သွားစဉ် ရထားလမ်းဘေးရှိ အတားအဆီးတစ်ခုကို ဖြတ်ကျော်ရာမှ ရထားနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ရထားတိုက်မှုကြောင့် ဒဏ်ရာများရရှိခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ၏ မိသားစုဝင်များက နစ်နာကြေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အလုပ်သမားရေးရာ အကူအညီပေးရေးအဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်သည့် ယာဉ်မတော်တဆမှုများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ဩဂုတ် ၂၈ ရက်ကလည်း စမူဆာခွန်ခရိုင်အတွင်း စက်ဘီးစီးနေသည့် မြန်မာအလုပ်သမားတစ်ဦး ကားတိုက်ခံရ၍ သေဆုံးခဲ့ကြောင်းသတင်းမှတ်တမ်းများအရ သိရသည်။

ဘန်ကောက်တွင် မြန်မာအမျိုးသမီးတစ်ဦး ရထားတိုက်ခံရ၍ သေဆုံး
ဘန်ကောက်တွင် မြန်မာအမျိုးသမီးတစ်ဦး ရထားတိုက်ခံရ၍ သေဆုံး


ကယားပြည်နယ် ဒီးမော့ဆို အကြမ်းဖက်အဖွဲ့ DMO Local PDF က အကြမ်းဖက်လူလိမ်ကောင် ပီတာ‌ပေါလ်ကို ဩဂုတ်လ ၃၀ ရက်က ထုတ်ပယ်လိုက်တယ်ဆိုပဲ.
ကယားပြည်နယ် ဒီးမော့ဆို အကြမ်းဖက်အဖွဲ့ DMO Local PDF က အကြမ်းဖက်လူလိမ်ကောင် ပီတာ‌ပေါလ်ကို ဩဂုတ်လ ၃၀ ရက်က ထုတ်ပယ်လိုက်တယ်ဆိုပဲ... ကယား PDF တွေဟာ ပြည်သူတွေဆီကနေ ငွေကြေးလိမ်လည်တောင်းခံပြီး မူးယစ်ဆေးဝါးတွေသုံးဆွဲ၊ စလော့ဂိမ်း လောင်းကစားတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်တဲ့... အရပ်ထဲမှာ အလုပ်မရှိအကိုင်မရှိတဲ့ ငပျင်းကောင်တွေက ကယား PDF ထဲဝင်နေကြပြီး ပြည်သူတွေကို လက်နက်နဲ့ခြိမ်းခြောက်အနိုင်ကျင့်ကာ လိမ်လည်လုပ်စားနေကြတာဖြစ်ပါတယ်...

ဆိုက်ပရပ်စ်နိုင်ငံ ကမ်းလွန်ရေပြင်တွင် ခရီးသည် ၂၆၀ ကျော်တင်ဆောင်လာသော ကူးတို့သင်္ဘော တိမ်းမှောက်၊ အနည်းဆုံး လူရှစ်ဦးသေဆုံး၊ လူ
+3
ဆိုက်ပရပ်စ်နိုင်ငံ ကမ်းလွန်ရေပြင်တွင် ခရီးသည်  ၂၆၀ ကျော်တင်ဆောင်လာသော ကူးတို့သင်္ဘော တိမ်းမှောက်၊ အနည်းဆုံး လူရှစ်ဦးသေဆုံး၊ လူ ၂၃၇ ဦးခန့်ကို ကယ်တင်နိုင်ခဲ့ပြီး ၂၃ ဦးပျောက်ဆုံးနေ ၃၁.၈.၂၀၂၆ Translated by Htwe Ko Tun ဆိုက်ပရပ်စ်နိုင်ငံ မြောက်ပိုင်း ကမ်းလွန်ရေပြင်တွင် လူ ၂၆၀ ကျော်တင်ဆောင်လာသော ကူးတို့သင်္ဘောတစ်စင်း သြဂုတ်လ ၃၀ ရက်က ဆိပ်ကမ်းမှထွက်ခွာပြီး မကြာမီ တိမ်းမှောက်ခဲ့ရာ လူအများအပြားသေဆုံးခဲ့ရကြောင်း ဒေသခံအစိုးရက ပြောကြားခဲ့သည်။ သင်္ဘောတိမ်းမှောက်မှုတွင် အနည်းဆုံး လူရှစ်ဦးသေဆုံးခဲ့ကြောင်း မြောက်ဆိုက်ပရပ်စ် တူရကီ သမ္မတနိုင်ငံ (TRNC) ၏ ဝန်ကြီးချုပ် ယူနယ်လ် အတ်စတယ်၏ပြောကြားချက်ကို ကိုးကား၍ တူရကီနိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။ အတ်စတယ်က လူ ၂၃၇ ဦးခန့်ကို ကယ်တင်နိုင်ခဲ့ပြီး ၂၃ ဦးပျောက်ဆုံးနေကြောင်း  ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာမိုင်(၁၁/၅)၊ (၁၁/၆)ကြားတွင
+4
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာမိုင်(၁၁/၅)၊ (၁၁/၆)ကြားတွင် ဆည်မြောင်းတာအိပဲ့ကျမှုဖြစ်ပွားသဖြင့် ၃၁.၈.၂၀၂၆ ရက်နေ့၊ ၀၇:၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မအူပင်ခရိုင်မီးသတ်စခန်းနှင့် ညောင်တုန်းမြို့နယ်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်း၍ ဝါးကတုတ်ရိုက်ခြင်း၊ သဲဖို့ခြင်း၊ သဲအိတ်စီခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျို
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်  ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကို ဦးတည်လျှောက်လှမ်းရာတွင် နိုင်ငံသားများ၏ အသိဉာဏ်ပညာ ပြည့်စုံကြွယ်ဝမှု၊ အခြေခံ စိတ်ဓာတ်ကောင်းမွန်မှု၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိမှု၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို တန်ဖိုးထားထိန်းသိမ်းတတ်မှု စသည့် အရည်အချင်းများသည် အဓိကကျ နေပြည်တော်၊ ဩဂုတ် - ၃၁ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ ဩဂုတ်လ ၃၁ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျို
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်  ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်

ဘန်ကောက်ရှိ Khlong Thom Center မီးလောင်ကျွမ်းမှုဖြစ်ပွား၊ ၁၁ ဦး ဒဏ်ရာရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နာမည်ကျော် လျှပ်စစ်နှင့
ဘန်ကောက်ရှိ Khlong Thom Center မီးလောင်ကျွမ်းမှုဖြစ်ပွား၊ ၁၁ ဦး ဒဏ်ရာရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နာမည်ကျော် လျှပ်စစ်နှင့် စက်ပစ္စည်းအရောင်းစတာ ဖြစ်သော Khlong Thom Center တွင် မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ရာ အဆောက်အအုံ တစ်ခုလုံးနီးပါး ပျက်စီးခဲ့ပြီး လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။ Pom Prap Sattru Phai ခရိုင်၊ Worachak လမ်းရှိ သုံးထပ်အဆောက်အအုံ၌ ဩဂုတ် ၃၀ ရက် ည ၈ နာရီ ၄၂ မိနစ်ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးသတ်တပ်ဖွဲ့က ကိုးနာရီနီးပါးကြာ ငြှိမ်းသတ်ခဲ့ရပြီး ဩဂုတ် ၃၁ ရက် နံနက် ၅ နာရီ ၃၂ မိနစ်ခန့်တွင်မှ မီးထိန်းချုပ်နိုင်ခဲ့သည်။ မီးခိုးထူထပ်မှုနှင့် အဆောက်အအုံ အစိတ်အပိုင်းအချို့ ပြိုကျမှုတို့ကြောင့် အာဏာပိုင်များက ဧရိယာအား ပိတ်ဆို့ထားကြောင်း သိရသည်။

သောင်ရင်းမြစ်ရေသည် နောက် ၁ ရက်အတွင်း မြဝတီမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင် နေပြည်တော်၊ သြဂုတ် ၃၁ ယနေ့မြန်မာစံတော်ချိန်
+1
သောင်ရင်းမြစ်ရေသည် နောက် ၁ ရက်အတွင်း မြဝတီမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင် နေပြည်တော်၊ သြဂုတ် ၃၁ ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁၃ နာရီ ၃၀ အချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၉ လက်မခန့်အလိုတွင် ရောက်ရှိနေပြီး၊ အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်‌ေကြာင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဟိမဝန္တာဒေသ မြေပြိုမှုအပြီး နိုင်ငံ ၂၃ နိုင်ငံမှ နိုင်ငံခြားသား ၂၆၁ ဦး ပျောက်ဆုံးနေ ဟိမဝန္တာဒေသတစ်လျှောက် ဖြစ်ပွားခဲ့သည့် ရေခ
ဟိမဝန္တာဒေသ မြေပြိုမှုအပြီး နိုင်ငံ ၂၃ နိုင်ငံမှ နိုင်ငံခြားသား ၂၆၁ ဦး ပျောက်ဆုံးနေ ဟိမဝန္တာဒေသတစ်လျှောက် ဖြစ်ပွားခဲ့သည့် ရေခဲမြစ်ပြိုကျမှုနှင့် မြေပြိုမှုများအပြီး နီပေါ-တရုတ် နယ်စပ်၏ တိဘက်ဘက်ခြမ်းတွင် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ နိုင်ငံခြားသား ၂၆၁ ဦး ပျေ-ာက်ဆုံးနေကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်သည်။ ပျေ-ာက်ဆုံးနေသည့် နိုင်ငံခြားသားများအနက် နီပေါနိုင်ငံသား ၁၀၄ ဦးဖြင့် အများဆုံးဖြစ်ပြီး အိန္ဒိယနိုင်ငံသား ၄၉ ဦး၊ လတ်ဗီးယားနိုင်ငံသား ၃၃ ဦး၊ အမေရိကန်နိုင်ငံသား ၁၈ ဦးနှင့် ဗြိတိန်နိုင်ငံသား ၁၅ ဦးတို ပါဝင်ကြောင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတိုတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား သိုတက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့် နေပြည်တော်၊ ဩဂုတ် - ၃၁ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ် ဝင်စာမေးပွဲတိုတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့န့နက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy၊ ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ခေတ်မီဖွံဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကို ဦးတည်လျှောက်လှမ်းရာတွင် နိုင်ငံသားများ၏ အသိဉာဏ်ပညာ ပြည့်စုံကြွယ်ဝမှု၊ အခြေခံ စိတ်ဓာတ်ကောင်းမွန်မှု၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိမှု၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို တန်ဖိုးထားထိန်းသိမ်းတတ်မှု စသည့် အရည်အချင်းများသည် အဓိကကျကြောင်း နိုင်ငံတော်သမ္မတ က ပြောကြားသည်။

အီရန်နှင့် ကုန်သွယ်မှု ဆက်လုပ်ပါက တရုတ်ကိုပါ ပိတ်ဆိုအရေးယူနိုင်ဟု အမေရိကန် သတိပေး အီရန်နိုင်ငံနှင့် စီးပွားရေးဆက်ဆံမှုများ ဆက
အီရန်နှင့် ကုန်သွယ်မှု ဆက်လုပ်ပါက တရုတ်ကိုပါ ပိတ်ဆိုအရေးယူနိုင်ဟု အမေရိကန် သတိပေး အီရန်နိုင်ငံနှင့် စီးပွားရေးဆက်ဆံမှုများ ဆက်လက်လုပ်ဆောင်နေပါက တရုတ်နိုင်ငံအပါအဝင် မည်သည့်နိုင်ငံ၊ အဖွဲအစည်းကိုမဆို ပိတ်ဆိုအရေးယူမှုများ ချမှတ်နိုင်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ဩဂုတ် ၃၀ ရက်တွင်ပြုလုပ်သော AP သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းအတွင်း သတိပေးပြောကြားလိုက်သည်။ Scott Bessent က အမေရိကန်အစိုးရအနေဖြင့် အီရန်၏ ဘဏ္ဍာရေးနှင့် စီးပွားရေးကဏ္ဍများအပေါ် ဖိအားပေးဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ အီရန်နှင့် ကုန်သွယ်ရေးဆက်ဆံမှုများမှတစ်ဆင့် အဆိုပါလုပ်ငန်းများကို အထောက်အပံ့ပေးနေသူများအား ပစ်မှတ်ထား အရေးယူနိုင်ကြောင်း ပြောကြားခဲ့သည်။ “ရွေးချယ်စရာအားလုံး စားပွဲပေါ်မှာ ရှိနေပါတယ်” ဟု Bessent က ပြောကြားကာ အီရန်၏ ရေနံရောင်းချမှုနှင့် ဝင်ငွေရရှိရေး လမ်းကြောင်းများကို ကန့်သတ်ရန် လိုအပ်သည့် အရေးယူမှုများ ပြုလုပ်နိုင်ကြောင်း အရိပ်အမြွက်ပြောခဲ့သည်။

အမေရိကန်လူဝင်မှုကြီးကြပ်ရေး ICE ၏ ဇူလိုင်လဖမ်းဆီးမှု ငါးသောင်းနီးပါးအထိမြင့်တက် အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ထိန်းသိမ်းရေးဌာန (ICE) က ဇူလိုင်လအတွင်း လူပေါင်းငါးသောင်းနီးပါးအထိ ဖမ်းဆီးခဲ့ပြီး ဒုတိယအကြိမ် ဒေါ်နယ်ထရန့်အစိုးရလက်ထက်တွင် တစ်လတာ ဖမ်းဆီးမှုအများဆုံးစံချိန်ဖြစ်လာကြောင်း အစိုးရကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ ဇူလိုင်အတွင်း ICE ကဖမ်းဆီးသူ စုစုပေါင်း ၄၉,၅၇၁ ဦးရှိခဲ့ပြီး ဇွန်လအတွင်း ဖမ်းဆီးခဲ့သည့် ၄၃,၀၂၁ ဦးထက် ၁၅ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ ထိုပြင် မင်နီဆိုးတားပြည်နယ်တွင် ကိုင်တွယ်မှုများ တင်းတင်းကျပ်ကျပ်ပြုလုပ်ခဲ့ပြီးနောက် ဖေဖော်ဝါရီအတွင်း ဖမ်းဆီးရမိသူ ၂၉,၂၄၁ ဦးရှိခဲ့မှုနှင့်ယှဉ်လျှင် ယခုအခါ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းဖြစ်သည်။ ဝန်ထမ်းအင်အား တိုးမြှင့်ခန့်အပ်မှုများနှင့်အတူ လတ်တလော သီတင်းပတ်များအတွင်း ဖမ်းဆီးမှုများကို အရှိန်ဟုန်မြှင့် လုပ်ဆောင်လာရာ၌ ယာဉ်စစ်ဆေးသည့် နေရာများမှတစ်ဆင့် ဖမ်းဆီးခြင်းများပါ ပြုလုပ်လာခဲ့သည်။ ဇူလိုင်အတွင်း ဖမ်းဆီးမှုများအနက် တက္ကဆက်ပြည်နယ်နှင့် ဖလော်ရီဒါ ပြည်နယ်နှစ်ခုတည်းမှာပင် ဖမ်းဆီးရမိသူ နှစ်သောင်းနီးပါးရှိခဲ့ရာ ယင်းပြည်နယ်များက ထရန့်အစိုးရ၏ ပြည်နှင်ဒဏ်ပေးရေးမူဝါဒတွင် မည်မျှအရေးပါနေကြောင်း မီးမောင်းထိုးပြနေသည်။

photo content

အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် ကျောက်ကပ်သွေးသန့်စင်စက် ၃ လုံး တပ်ဆင်မည် ရန်ကုန်၊ ဩဂုတ် ၃၁ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခ
အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် ကျောက်ကပ်သွေးသန့်စင်စက် ၃ လုံး တပ်ဆင်မည် ရန်ကုန်၊ ဩဂုတ် ၃၁ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ နာတာရှည်ကျောက်ကပ်ရောဂါအတွက် ငွေကြေးစိုက်ထုတ်ကုန်ကျမှုမရှိဘဲ ကျောက်ကပ်သွေးသန့်စင်ကုသမှုကို ပိုမိုလွယ်ကူစွာ ရရှိနိုင်ရေး လှိင်သာယာမြိုနယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် ကျောက်ကပ်သွေးသန့်စင်စက် ၃ လုံးနှင့် ရေသန့်စက်များ တပ်ဆင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ကျောက်ကပ်သွေးသန့်စင်စက်များ တပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယမန်နေ့တွင် သွားရောက်ကြည့်ရှုခဲ့သည်။ လူမှုဖူလုံရေးအဖွဲအနေဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျုံးဝင်အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးအကျိုးခံစားခွင့်များ ပေးအပ်လျက်ရှိသည်။

မြစ်ကြီးနားမြိုနယ်ရှိ ယာယီတိမ်းရှောင်စခန်း ၂၀ မှ အိမ်ထောင်စု ၁၆၉၄ စုအတွက် ဆန်အိတ်များ ထောက်ပံ့ မြစ်ကြီးနား၊ ဩဂုတ် ၃၁ ကချင်ပြည
မြစ်ကြီးနားမြိုနယ်ရှိ ယာယီတိမ်းရှောင်စခန်း ၂၀ မှ အိမ်ထောင်စု ၁၆၉၄ စုအတွက် ဆန်အိတ်များ ထောက်ပံ့ မြစ်ကြီးနား၊ ဩဂုတ် ၃၁ ကချင်ပြည်နယ် မြစ်ကြီးနားမြိုနယ်အတွင်းရှိ ယာယီတိမ်းရှောင်စခန်း ၂၀ မှ အိမ်ထောင်စု ၁၆၉၄ စုအတွက် တန်ဖိုးငွေကျပ် ၁၁၈ ဒသမ ၅၈ သန်းရှိ ဆန်အိတ် ၁၆၉၄ အိတ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲမှ သိရသည်။ ထောက်ပံ့ပေးအပ်ပွဲကို မြစ်ကြီးနားမြို ပမ္မတီးရပ်ကွက်ရှိ အောင်ဇေရန်အောင်ဘုရားဝင်းအတွင်း ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြစ်ကြီးနားမြိုနယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်အသင်းတော် ဘုရားကျောင်းမြေနေရာများနှင့် အလှူရှင်များ၏ မြေနေရာများတွင် ခိုလှုနေထိုင်လျက်ရှိသည့် ယာယီတိမ်းရှောင်စခန်း ၂၀ မှ အိမ်ထောင်စု ၁၆၉၄ စုအတွက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အိမ်ထောင်စုများအတွက် ကချင်ပြည်နယ်အစိုးရအဖွဲက ဆန် ၁၂ ပြည်ပါအိတ် ၉၅၄ အိတ်နှင့် အောင်ဇေရန်အောင်ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်က ဆန် ၁၂ ပြည်ပါအိတ် ၇၄၀ အိတ် ထောက်ပံ့ခဲ့ရာ စုစုပေါင်း ဆန်အိတ် ၁၆၉၄ အိတ်ဖြစ်ပြီး တန်ဖိုးငွေကျပ် ၁၁၈,၅၈၀,၀၀၀ ရှိကြောင်း သိရသည်။

စင်ကာပူရောက် မြန်မာနိုင်ငံသားများ Passport သက်တမ်းတိုးရာတွင် သံရုံး၏ တရားဝင်ကြေညာချက်များအတိုင်းသာ ဆောင်ရွက်ရန် အသိပေး ရန်ကုန
စင်ကာပူရောက် မြန်မာနိုင်ငံသားများ Passport သက်တမ်းတိုးရာတွင် သံရုံး၏ တရားဝင်ကြေညာချက်များအတိုင်းသာ ဆောင်ရွက်ရန် အသိပေး ရန်ကုန်၊ ဩဂုတ် ၃၁ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးခြင်းနှင့် အမျိုးအစား ပြောင်းလဲလျှောက်ထားခြင်းများကို စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး၏ တရားဝင် ထုတ်ပြန်ထားသည့် ကြေညာချက်များအတိုင်းသာ ဆောင်ရွက်ကြရန် မြန်မာသံရုံးက မေတ္တာရပ်ခံ အသိပေးထားသည်။ လက်ရှိတွင် PT၊ PE၊ PS အမျိုးအစားများသို ပြောင်းလဲလျှောက်ထားသူများသည် သံရုံး၏ တရားဝင် အီးမေးလ်သို လိုအပ်သည့် အချက်အလက်များ ပေးပိုလျှောက်ထားရမည်ဖြစ်ပြီး PV မှ PJ သို ပြောင်းလဲလျှောက်ထားသူများအနေဖြင့် ရယူထားသည့် ရက်ချိန်းအတိုင်း ခေတ္တစောင့်ဆိုင်းပေးရန် သံရုံးက အသိပေးထားသည်။ လျှောက်ထားမှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သံရုံးမှ ကြေညာချက်အသစ်များ ထုတ်ပြန်လာမှသာ ဆက်လက် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြိုနယ်၊ ကြူကုတ်၊ ပန်ဆိုင်းနယ်မြေအတွင်း မိုးသည်း ထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေများ
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြိုနယ်၊ ကြူကုတ်၊ ပန်ဆိုင်းနယ်မြေအတွင်း မိုးသည်း ထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေများနှင့် ရေများလျှံတက်ကာ လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေများနှင့် ပြည်သူများ၏ နေအိမ်များအတွင်း ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း SSPP Info က ယမန်နေ့ဩဂုတ် ၃၀ ရက်တွင် ထုတ် ပြန်သည်။ ဩဂုတ် ၂၉ ရက်က မိုးသည်းထန်စွာ အဆက် မပြတ်ရွာသွန်းခဲ့ခြင်းကြောင့် ချောင်းရေများနှင့် ရေများ မြင့်တက်လျှံတက်ကာ လယ်ယာမြေများနှင့် ဥယျာဉ်ခြံမြေများ ရေလွှမ်းခဲ့ပြီး အချိုပြည်သူများ၏ နေအိမ်များအတွင်းအထိ ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။ ရေလွှမ်းမှုဖြစ်ပွားသည့်နေရာမှာ တစ်ဖက်တရုတ်နိုင်ငံ ဝမ်တိန်မြိုချောင်းရေမြင့်တက်လာမှုကြောင့် နယ်စပ်အနီးရှိကျင်းယန်းတုန် ကျေးရွာအတွင်းရေဝင်ရောက်မှု ဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။

စက်တင်ဘာလ အကုန်မှာ အမေရိကန်တပ်တွေ ရုပ်သိမ်းပေးဖို အီရတ်ဘက်က လှုတ်ရှားနေပြီ ဩဂုတ် - ၃၁ ( တနင်္လာနေ့ ) အီရတ်နိုင်ငံအနေနဲ့ စက်တင
စက်တင်ဘာလ အကုန်မှာ အမေရိကန်တပ်တွေ ရုပ်သိမ်းပေးဖို အီရတ်ဘက်က လှုတ်ရှားနေပြီ ဩဂုတ် - ၃၁ ( တနင်္လာနေ့ ) အီရတ်နိုင်ငံအနေနဲ့ စက်တင်ဘာလကုန်မှာ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲတွေ လုံးဝရုပ်သိမ်း သွားအောင် လုပ်ဖိုအတွက် သန္နိဋ္ဌာန်ချထားတယ်လို ဗြိတိန်အခြေစိုက် ဆော်ဒီ နေ့စဉ်သတင်းစာတစ်ခုက အီရတ်အရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး စနေနေ့က ဖော်ပြခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် ကျူးကျော်ဝင်ရောက်မှုနဲ့ နောက်ပိုင်း အိုင်အက်စ် အကြမ်းဖက်အဖွဲကို နှိမ်နင်းတဲ့ စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်တပ်ဖွဲတွေ အီရတ်မှာ ရှိနေခဲ့တာ ၂၃ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ စက်တင်ဘာလနောက်ပိုင်းမှာ အမေရိကန်နဲ့ အခြားနိုင်ငံခြားတပ်ဖွဲတွေ ဆက်လက်ရှိနေနိုင်တယ်ဆိုတဲ့ သတင်းတွေဟာ "ယခင် အီရတ်အစိုးရနဲ့ အမေရိကန်အစိုးရကြား သဘောတူထားတာတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်" လို ထိုအရာရှိရဲ့ ပြောကြားခဲ့ပါတယ်။ စက်တင်ဘာလ နောက်ဆုံးသတ်မှတ်ရက်မှာ ဝါရှင်တန်အနေနဲ့ တပ်ဖွဲတွေကို အပြီးတိုင် ရုပ်သိမ်းမှာ မဟုတ်ဘဲ အင်အားလျှော့ချဖိုပဲ အစီအစဉ်ရှိတယ်ဆိုတဲ့ မီဒီယာသတင်းတွေ ထွက်ပေါ်လာပြီးနောက် အခုလို မှတ်ချက်ပေး ပြောဆိုမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော်ရှိ အောက်ပေါင်းလောင်းတမံမှာ ရေပိုလွှမှ ရေစတင်ကျော်လွန်၍ ရေထုတ်လွှတ်နေပြီး ပေါင်းလောင်းမြစ်တစ်လျှောက်ရေကြီးရေလျှံမှု အတွက် စိုးရိမ်စရာမရှိဟုဆို နေပြည်တော်ရှိ အောက်ပေါင်းလောင်းတမံမှာ ကန်ရေပြည့်အမှတ်သိုရောက်ရှိပြီးနောက် သြဂုတ် ၃၁ ရက် နံနက် ၇ နာရီမှစတင်၍ ရေပိုလွှမှ စတင်ရေကျော်ခဲ့ပြီး ရေထုတ်လွှတ်ပေးလျှက်ရှိကြောင်း တည်ဆောက်ရေး (၅) ဆည်မြောင်းနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ ရေပိုလွှမှ ရေထုတ်လွှတ်ပေးလျှက်ရှိသော်လည်း ရေဝင်ရောက်မှု အခြေအနေပေါ် မူတည်၍ စနစ်တကျ ထိန်းညှိထုတ်လွှတ်ပေးနေသည့်အတွက် ပေါင်းလောင်းမြစ်တစ်လျှောက် ရေကြီးရေလျှံမှုအတွက် စိုးရိမ်ရန် မလိုကြောင်း ထပ်မံအသိပေးထုတ်ပြန်ထားသည်။ သြဂုတ် ၃၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန် ရေပိုလွှမှရေကျော်လွန်စီးဆင်းမှုမှာ ၂,၀၅၀ ကုဗပေ/စက္ကန့် ရေကျော်စီးဆင်းလျက်ရှိပြီး ပြီးခဲ့သော ၂၀၂၄ ခုနှစ်၌ စံချိန်တင်အဖြစ် အများဆုံးစီးဆင်းခဲ့သည့် (၅၆,၆၈၁ ကုဗပေ/စက္ကန့်)နှင့် နှိင်းယှဉ်ပါက ယခုရေကျော်စီးဆင်းမှု အခြေအနေမှာ အလွန်နည်းပါးသောအခြေအနေဖြစ်ကြောင်း သိရသည်။ ထိုအပြင် ဆည်တမံနှင့် ရေပိုလွှတို၏ ကြံ့ခိုင်မှုမှာ ကောင်းမွန်သည့် အခြေအနေတွင် ရှိနေပြီး ရေဝင်ရောက်မှု အခြေအနေပေါ် မူတည်၍ စနစ်တကျ ထိန်းညှိထုတ်လွှတ်ပေးနေသည့်အတွက် ပေါင်းလောင်းမြစ်တစ်လျှောက် ရေကြီးရေလျှံမှုများအတွက် စိုးရိမ်စရာမရှိပါကြောင်းနှင့် သတင်းများကို အချိန်နှင့်တပြေးညီ တင်ပြပေးသွားမည်ဖြစ်ကြောင်း ဆက်လက်ထုတ်ပြန်ထားသည်။