uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

YG (UFC)Esports Football ဟိုင်းလိုက်

YG (UFC)Esports Football ဟိုင်းလိုက်

Kanalga Telegram’da o‘tish

ကြေငြာအပ်လက်ခံပါသည် @Yglay1994 ဘောလုံး #football #Mlbb #Ufc #One ဟိုင်းလိုက်များကြည့်ရန်

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan

📈 Telegram kanali YG (UFC)Esports Football ဟိုင်းလိုက် analitikasi

YG (UFC)Esports Football ဟိုင်းလိုက် (@kfnlive) kanali faol ishtirokchi. Hozirda hamjamiyat 22 231 obunachidan iborat bo'lib, Boshqa toifasida -o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 22 231 obunachiga ega bo‘ldi.

26 Oktabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -3 377 ga, so‘nggi 24 soatda esa -42 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 8.21% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 4.26% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 826 marta ko‘riladi; birinchi sutkada odatda 946 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 21 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“ကြေငြာအပ်လက်ခံပါသည် @Yglay1994 ဘောလုံး #football #Mlbb #Ufc #One ဟိုင်းလိုက်များကြည့်ရန်”

Yuqori yangilanish chastotasi (oxirgi ma’lumot 27 Oktabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Boshqa toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

22 231
Obunachilar
-4224 soatlar
-4587 kun
-3 37730 kun
Postlar arxiv
၁၈၅ ပေါင်ဝိတ်တန်းကကောင်တွေကို အပြတ်ရှင်းလို့ မပြီးမချင်း ဘယ်ဝိတ်တန်းမှ မတက်ဘူးလို့ဆိုတဲ့ ခမ်းဇက်🔥 Khamzat Chimaev ကတော့ Ligh
၁၈၅ ပေါင်ဝိတ်တန်းကကောင်တွေကို အပြတ်ရှင်းလို့ မပြီးမချင်း ဘယ်ဝိတ်တန်းမှ မတက်ဘူးလို့ဆိုတဲ့ ခမ်းဇက်🔥 Khamzat Chimaev ကတော့ Light Heavyweight (205 lbs) တန်း မတက်မီ Middleweight (185 lbs) တန်းမှာရှိတဲ့ပြိုင်ဘက်အားလုံးကို အပြီးသတ် ချေမှုန်းသွားမှာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ် ‘185 ပေါင်တန်းမှာရှိတဲ့ ဖိုက်တာအကုန်လုံးကို ငါ မကျိုးမချင်း မရိုက်ချိုးရသေးသမျှ ကာလပတ်လုံး ဘယ်မှ မသွားပါဘူး...’ လို့ ငြင်းဆန်ဖွယ်မရှိ ကြုံးဝါးခဲ့တာပါ။ Middleweight ခါးပတ်ကို သိမ်းပိုက်ရုံတင် မကဘဲ အဆိုပါ ဝိတ်တန်းတစ်ခုလုံးကို အပြတ်အသတ် စိုးမိုးပြီးမှသာ Light Heavyweight တန်း တက်မယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

Ilia Topuria ကတော့ ၎င်း၏ ဒဏ်ရာများကို ကုသမှု ပြုလုပ်ပြီးနောက် မကြာမီ ရက်ပိုင်းအတွင်း လူထုရှေ့မှောက်သို့ ပြန်လည် ရောက်ရှိလာတော
Ilia Topuria ကတော့ ၎င်း၏ ဒဏ်ရာများကို ကုသမှု ပြုလုပ်ပြီးနောက် မကြာမီ ရက်ပိုင်းအတွင်း လူထုရှေ့မှောက်သို့ ပြန်လည် ရောက်ရှိလာတော့မည်ဖြစ်ကြောင်း မီဒီယာ သတင်းထောက် Álvaro Colmenero က ထုတ်ဖော်ပြောဆိုလိုက်ပြီဗျာ! Topuria ရဲ့ ပြန်လည် လှုပ်ရှားလာမှုနဲ့ ပတ်သက်လို့ သတင်းထောက် က အခုလို ဆိုခဲ့တာပါ- ‘ဇူလိုင်လကတော့ သူ့ရဲ့ ဒဏ်ရာတွေကို ကုသပြီး ဆေးကုသမှုတွေ ခံယူခဲ့တဲ့ လပါ၊ ဩဂုတ်လမှာတော့ အနားယူခဲ့ပြီး စက်တင်ဘာလမှာတော့ သူ လူထုရှေ့မှောက်ကို တိုက်ရိုက် ပြန်လည် ရောက်ရှိလာတော့မှာပါ။ ဘယ်လို ပုံစံမျိုးနဲ့ ပြန်ထွက်လာမလဲ ဆိုတာကို အတိအကျ မသိရသေးပေမဲ့ မကြာမီ ရက်ပိုင်းအတွင်း ပြန်တွေ့ရတော့မှာ သေချာပါတယ်...’ ဒဏ်ရာ ဆေးကုသမှုများ အောင်မြင်စွာ ပြုလုပ်ပြီးနောက် ပြန်လည် ထွက်ပေါ်လာမည့် Topuria အနေဖြင့် Paddy Pimblett သို့မဟုတ် အခြား မဟာပွဲစဉ်ကြီးများအတွက် သတင်းထုတ်ပြန်သွားမလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

This message couldn't be displayed on your device due to copyright infringement.

"မြန်မာ VS အင်ဒိုနီးရှား မဟာပွဲစဉ် ဖြစ်လာနိုင်တယ်!" လို့ Joshua Van အပေါ် သုံးသပ်ပြီး စိန်ခေါ်စကားဆိုလာတဲ့ Bial Hasan! "အင်ဒိ
"မြန်မာ VS အင်ဒိုနီးရှား မဟာပွဲစဉ် ဖြစ်လာနိုင်တယ်!" လို့ Joshua Van အပေါ် သုံးသပ်ပြီး စိန်ခေါ်စကားဆိုလာတဲ့ Bial Hasan! "အင်ဒိုနီးရှား တက်လူ ဖိုက်တာလေး Bial Hasan ကတော့ ၁၈ ရက်အတွင်း ၂ ပွဲစလုံး အလဲထိုးနဲ့ အနိုင်ယူခဲ့တဲ့ သူ့ရဲ့ စွမ်းဆောင်ရည်ကို ပရိသတ်တွေ လက်ခံလာကြပြီလို့ ဆိုလိုက်ပြီး၊ အနာဂတ်မှာ မြန်မာ့ဂုဏ်ဆောင် ချန်ပီယံ Joshua Van နဲ့ "မြန်မာ VS အင်ဒိုနီးရှား" အရှေ့တောင်အာရှသား အချင်းချင်း အားပြိုင်မယ့် မဟာပွဲစဉ်ကြီး ဖြစ်လာနိုင်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ် ‘၁၈ ရက်အတွင်း ၂ ပွဲစလုံးကို ငါ အလဲထိုးနိုင်ခဲ့လို့ ပရိသတ်တွေ လက်တွေ့ကျကျ မြင်လာကြတာ ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ဗန် အနေနဲ့ ပန်တိုဂျာကို ကျော်ဖြတ်ပြဖို့ လိုသေးတယ်လေ... သူ့ကို စိန်ခေါ်ချင်တဲ့ ဖိုက်တာတွေလည်း တန်းစီစောင့်နေကြတာပါ။ အနာဂတ်မှာတော့ ကျနော်တို့အကြား အရှေ့တောင်အာရှသား ဖိုက်တာအချင်းချင်း အားပြိုင်ကြတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်လာပါလိမ့်မယ်...’ Joshua Van က Flyweight ခါးပတ်အတွက် Pantoja နဲ့ မကြာမီ ရင်ဆိုင်ရမှာဖြစ်ပြီး Bial Hasan ကလည်း အနာဂတ်မှာ ASEAN Fight အဖြစ် ဗန်နဲ့ ထိုးလိုကြောင်း ဆန္ဒပြုလိုက်တာ ဖြစ်ပါတယ်။

Charles Oliveira နဲ့ Holloway တို့နဲ့ မကျေပွဲပြန်မထိုးချင်တော့ဘူး ၊ ကော်နာနဲ့ပဲထိုးချင်တယ်ဆိုတဲ့ ဂျက်စတင်ဂေဂျီ Justin Gaethje
Charles Oliveira နဲ့ Holloway တို့နဲ့ မကျေပွဲပြန်မထိုးချင်တော့ဘူး ၊ ကော်နာနဲ့ပဲထိုးချင်တယ်ဆိုတဲ့ ဂျက်စတင်ဂေဂျီ Justin Gaethje ကတော့ အတိတ်က သူ့ကို အနိုင်ရရှိခဲ့ကြတဲ့ Charles Oliveira နဲ့ Max Holloway တို့ကို Ilia Topuria မှတစ်ဆင့် သွယ်ဝိုက်သောနည်းဖြင့် ပြန်လည်ခြေပလိုက်ပြီဖြစ်ကြောင်း ပြောဆိုလိုက်ပြီး၊ သူ့ရဲ့ အဓိက ပစ်မှတ်မှာ Conor McGregor သာ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ် ‘ငါ Oliveira ဒါမှမဟုတ် Holloway တို့နဲ့ Rematch ပြန်ထိုးဖို့ စဉ်းစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ Topuria က သူတို့နှစ်ယောက်လုံးကို အနိုင်ရခဲ့တယ်၊ ငါက Topuria ကို ပြန်နိုင်ခဲ့တော့... သူတို့ကိုပါ ငါ ပြန်ခြေပလိုက်နိုင်ပြီလို့ပဲ ကိုယ့်ကိုယ်ကို သတ်မှတ်လိုက်ပြီ! ဆိုတော့ Conor McGregor နဲ့ပဲ ထိုးရရင် ပျော်စရာကောင်းမယ်၊ သူ့ပါးစပ်ကို ပိတ်သွားအောင် လုပ်ပေးတာပေါ့...’ Topuria ကို အနိုင်ယူကာ Lightweightတန်းရဒ့ ထိပ်တန်းအှာ ပြန်လည်ရပ်တည်လာတဲ့ Gaethje အနေနဲ့ Rematch ပွဲစဉ်တွေထက် ကော်နာလိုမျိုး မဟာပွဲစဉ်ကြီးတွေကိုသာ စိတ်ဝင်စားနေကြောင်း ပြသလိုက်တာ ဖြစ်ပါတယ်။

ပန်တိုဂျာက ဗန်ကို ချုပ်ကွက်နဲ့အနိုင်ယူသွားလိမ့်မယ်ဆိုပြီး ပွဲကြိုသုံးသပ်ပြလာတဲ့ Patricio Pitbull "Bellator ဂန္ထဝင် Patricio "
ပန်တိုဂျာက ဗန်ကို ချုပ်ကွက်နဲ့အနိုင်ယူသွားလိမ့်မယ်ဆိုပြီး ပွဲကြိုသုံးသပ်ပြလာတဲ့ Patricio Pitbull "Bellator ဂန္ထဝင် Patricio "Pitbull" Freire ကတော့ UFC Flyweight ချန်ပီယံဟောင်း Alexandre Pantoja ရဲ့ ကြိုးဝိုင်းအတွင်း စိုးမိုးနိုင်စွမ်းနဲ့ ခံနိုင်ရည်ကို အမြင့်မားဆုံး ချီးကျူးလိုက်ပြီး၊ လာမယ့် ပွဲစဉ်မှာ Pantoja အနေနဲ့ Transition ကနေတစ်ဆင့် အနိုင်ယူသွားလိမ့်မယ်လို့ ရဲဝံ့စွာ သုံးသပ်လိုက်ပါတယ် ‘တစ်ဖက်က ဘယ်လောက်ပဲ ကောင်းနေပါစေ Pantoja က ဂရုစိုက်နေမှာ မဟုတ်ပါဘူး။ သူက MMA ရဲ့ မာစတာတစ်ယောက်ပါ... ဘယ်လို ပြိုင်ဘက်မျိုးကိုမှ မကြောက်ဘူး၊ ဝုန်းဝုန်းဒိုင်းဒိုင်း ယှဉ်ထိုးရဲသလို ခံနိုင်ရည်နဲ့ လက်သီးအားလည်း ကောင်းတယ်။ ငါ့အထင်တော့ အဲဒီလို ပြင်းပြင်းထန်ထန် ယှဉ်ထိုးရင်းကနေ Transition လုပ်ပြီး နောက်ကနေ သိုင်းဖက်ကာ ချုပ်ပြသွားလိမ့်မယ်...’ Pantoja ရဲ့ မာကျောလှတဲ့ BJJ/Striking စတိုင်ကို Patricio Pitbull ကိုယ်တိုင် အခိုင်အမာ ထောက်ခံလိုက်တာ ဖြစ်ပါတယ်။

ဂျိရှူအာဗန် Vs ပန်တိုဂျာပွဲ တိုက်ရိုက် live လွှင့်ပေးမယ့် channel များ🔥🥰👇🏻 1. https://t.me/vanlive1247 2. https://t.me/kf
ဂျိရှူအာဗန် Vs ပန်တိုဂျာပွဲ တိုက်ရိုက် live လွှင့်ပေးမယ့် channel များ🔥🥰👇🏻 1. https://t.me/vanlive1247 2. https://t.me/kfnlive2 3. https://t.me/kfnlive8 4. https://t.me/kfnlive1

+4
Joshuavan🇲🇲 Vs Tatsuro Tira🇯🇵 (UFC 328) ဗန်ရဲ့ ပထမဆုံးအကြိမ် ခါးပတ်ကာကွယ်ပွဲပါ ၊ Round (1-5) အစ အဆုံး ပါ⚡️😍

Joshuavan🇲🇲 Vs Pantoja ( UFC 323) ဗန်ပွဲနီးလာပြီဆိုတော့ အရင်က ဗန်ပွဲလေးပြန်ကြည့်ချင်သူတွေအတွက်ပါ🥰 ဗန် နဲ့ ပန်တိုဂျာတို့ရဲ့ ချန်ပီယံခါးပတ်လုပွဲပါ⚡️

ဗန်ပွဲလာဖို့ ၂၀ ရက်သာလိုပါတော့တယ်🇲🇲🥰 ဗန်ကတော့ အကောင်းဆုံးလေ့ကျင့်နေတာပါ ၊ ခုတကြိမ်လည်းချန်ပီယံခါးပတ်ကြီးကို ကာကွယ်နိုင်မယ်လို့ ယုံကြည်ပါတယ်🥰🇲🇲 ဗန်ပွဲနေ့ကျရင် တိုက်ရိုက် live လွှင့်ပေးသွားပါမယ် ၊ အားပေးကြဖို့ မမေ့နဲ့အုန်းနော် 🔥 Van ပွဲလောင်းကြေးတင်ဖို့ @yehman99 မှာ မေးမြန်းနိုင်ပါတယ်

+4
မြန်မာ့ဂုဏ်ဆောင် "The Fearless" Joshua Van အပါအဝင် ထိပ်တန်းဖိုက်တာတွေ လေ့ကျင့်ရာ Gym ကြီးဖြစ်တဲ့ 4oz Fight Club ဟာ ပိုမိုကျယ်ဝန်းပြီး ခေတ်မီအထောက်အပံ့ပစ္စည်း အပြည့်အစုံနဲ့ နေရာသစ်မှာ ဒီကနေ့ပဲ တရားဝင် စတင်ဖွင့်လှစ်လိုက်ပြီ🇲🇲🇺🇸🥊💥 Gym နေရာသစ် ဖွင့်ပွဲနေ့မှာတင် လာရောက်လေ့ကျင့်ကြတဲ့ ဖိုက်တာအများအပြားဟာ စက်ပစ္စည်းအသစ်တွေ၊ အကျယ်အဝန်းနဲ့ လေ့ကျင့်ရေး ပတ်ဝန်းကျင်အပေါ် အလွန်စိတ်လှုပ်ရှားနေကြပြီး လူမှုကွန်ရက်ပေါ်မှာ မီဒီယာပုံရိပ်တွေ အမျိုးမျိုး တင်ဆက်ထားကြပါတယ်။ 4oz Fight Club ကနေ Joshua Van အပြင် အနာဂတ် ကမ္ဘာ့အဆင့် ဖိုက်တာကောင်းများစွာ ဆက်လက် မွေးထုတ်ပေးနိုင်ပါစေကြောင်း Kham Fight News မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ဗျာ🥰🙏🏻

UFC စာချုပ်ရဖို့ DWCS မှာ ထိုးသတ်တော့မယ့် Alex Pereira ရဲ့ ညီမ Aline Pereira လက်ရှိ MMA ကမ္ဘာရဲ့ အကြီးကျယ်ဆုံး စတား Alex "Poa
UFC စာချုပ်ရဖို့ DWCS မှာ ထိုးသတ်တော့မယ့် Alex Pereira ရဲ့ ညီမ Aline Pereira လက်ရှိ MMA ကမ္ဘာရဲ့ အကြီးကျယ်ဆုံး စတား Alex "Poatan" Pereira ရဲ့ ညီမဖြစ်သူ Aline Pereira ဟာ UFC အဖွဲ့အစည်းထံ ဝင်ရောက်ခွင့်ရရှိဖို့ လာမယ့် အောက်တိုဘာ ၁၃ ရက်နေ့ ကျင်းပမယ့် Dana White’s Contender Series (DWCS) ပွဲစဉ်မှာ ဝင် ရောက်ထိုးသတ်တော့မှာ ဖြစ်ပါတယ်ဗ သူမရဲ့ ပြိုင်ဘက်ကတော့ ONE Championship ရဲ့ Muay Thai ချန်ပီယံဟောင်း၊ အသက် ၂၁ နှစ်အရွယ် Striking ပါရမီရှင် Smilla Sundell ပဲ ဖြစ်ပါတယ်။ Kickboxing နောက်ခံရှိတဲ့ Aline Pereira နဲ့ Elite Muay Thai စတိုင် ပိုင်ဆိုင်ထားတဲ့ Sundell တို့ရဲ့ ပွဲစဉ်ဟာ ထိပ်တန်း Striking စစ်ပွဲတစ်ပွဲ ဖြစ်လာတော့မှာပါ။ ဒီပွဲစဉ်မှာ အနိုင်ရပြီး Dana White ကို အထင်ကြီးအောင် ပြသနိုင်ခဲ့ရင် Aline Pereira ဟာ သူမရဲ့ အစ်ကိုဖြစ်သူ Poatan လိုပဲ UFC စာချုပ် တိုက်ရိုက် ရရှိတော့မှာဖြစ်ပါတယ်။

Repost from Kham Fight News
မြန်မာ့ဂုဏ်ဆောင် ဂျိုရှူအာဗန်ရဲ့ UFC ဖလိုင်းဝိတ်ချန်ပီယံခါးပတ် ဒုတိယအကြိမ်ကာကွယ်ပွဲလာဖို့ ၁၈ ရက်သာလိုပါတော့တယ် အားပေးကြဖို့ မ
+1
မြန်မာ့ဂုဏ်ဆောင် ဂျိုရှူအာဗန်ရဲ့ UFC ဖလိုင်းဝိတ်ချန်ပီယံခါးပတ် ဒုတိယအကြိမ်ကာကွယ်ပွဲလာဖို့ ၁၈ ရက်သာလိုပါတော့တယ် အားပေးကြဖို့ မမေ့နဲ့နော် ညီကိုတို့🥰 တိုက်ရိုက် live လွှင့်ပေးသွားပါမယ်😍

UFC 335 အတွက် Ilia Topuria VS Paddy Pimblett ပွဲစဉ် ဆွေးနွေးနေကြောင်း သတင်းများ ထွက်ပေါ် Ilia Topuria နဲ့ Paddy "The Baddy" P
UFC 335 အတွက် Ilia Topuria VS Paddy Pimblett ပွဲစဉ် ဆွေးနွေးနေကြောင်း သတင်းများ ထွက်ပေါ် Ilia Topuria နဲ့ Paddy "The Baddy" Pimblett တို့ UFC 335 (ဒီဇင်ဘာ ၁၂၊ Las Vegas) မှာ အငြိုးအာဃာတတွေကို ရှင်းထုတ်ဖို့ ပွဲစဉ်ဆွေးနွေးနေတယ်ဆိုတဲ့ ကောလဟာလ သတင်းတွေ MMA အသိုင်းအဝိုင်းမှာ ပြင်းပြင်းထန်ထန် ထွက်ပေါ်နေပါတယ်🇪🇸🇬🇧🔥 Hotel brawl ဖြစ်ရပ်ကတည်းက စတင်ခဲ့တဲ့ ဒီ ၂ ယောက်ရဲ့ ရန်ငြိုးဟာ Baddest Trash Talk ပွဲစဉ်တစ်ပွဲအဖြစ် ပြောင်းလဲသွားနိုင်တာကြောင့် MMA ပရိသတ်တွေ အလွန်စောင့်မျှော်နေကြတဲ့ မဟာပွဲစဉ် ဖြစ်ပါတယ်။ UFC ဘက်က အတည်တကျ မထုတ်ပြန်သေးပေမယ့် ပွဲဖြစ်လာနိုင်ချေကတော့ တော်တော်လေး နီးစပ်နေပါတယ် 🔥

Repost from Kham Fight News
ခုတပတ် သောကြာ်နေ့ ၊ စက်တင်ဘာ ၄ရက်နေ့မှာ စတမ့်ဖဲတက်တို့ပွဲပါဝင်တဲ့ ONE FIGHT NIGHT ပွဲစဉ်ကြီးရှိပါတယ် တိုက်ရိုက် live လွှင့်ပေ
ခုတပတ် သောကြာ်နေ့ ၊ စက်တင်ဘာ ၄ရက်နေ့မှာ စတမ့်ဖဲတက်တို့ပွဲပါဝင်တဲ့ ONE FIGHT NIGHT ပွဲစဉ်ကြီးရှိပါတယ် တိုက်ရိုက် live လွှင့်ပေးသွားပါမယ် 🥰

Ruffy ကို နိုင်ရင် ခါးပတ်ပွဲ တိုက်ရိုက်ရမယ့် Arman Tsarukyan Arman Tsarukyan ကတော့ Charles Oliveira နဲ့ ထိုးသတ်မယ့် အစီအစဉ် ပ
Ruffy ကို နိုင်ရင် ခါးပတ်ပွဲ တိုက်ရိုက်ရမယ့် Arman Tsarukyan Arman Tsarukyan ကတော့ Charles Oliveira နဲ့ ထိုးသတ်မယ့် အစီအစဉ် ပျက်ပြယ်သွားခဲ့ပြီးနောက် တက်လူ Mauricio Ruffy နဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ သဘောတူညီခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါပြီ အာမန် က ပွဲစဉ် အပြောင်းအလဲနဲ့ ပတ်သက်ပြီး အခုလို ဆိုခဲ့တာပါ ‘ငါ Oliveira နဲ့ ထိုးဖို့ သဘောတူခဲ့ပေမဲ့ သူ့ရဲ့ သူငယ်ချင်း ဆုံးပါးသွားခဲ့လို့ ပွဲမဖြစ်မြောက်ခဲ့ပါဘူး။ အဲဒီနောက် UFC က ငါ့ကို Mauricio Ruffy နဲ့ ထိုးဖို့ ကမ်းလှမ်းခဲ့တယ်။ ဒီပွဲသာ ငါနိုင်ရင် ခါးပတ်အတွက် တိုက်ရိုက် ထိုးသတ်ခွင့် ရမှာပါ...’ Oliveira ရဲ့ ဝမ်းနည်းဖွယ် အကြောင်းအရင်းကြောင့် ပွဲစဉ် ပျက်သွားခဲ့ရပေမဲ့ အာမန် အနေနဲ့ လာမယ့်ပွဲမှာ Mauricio Ruffy ကို ကျော်ဖြတ်နိုင်ခဲ့ရင် BMF ခါးပတ်ကို တိုက်ရိုက် စိန်ခေါ်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

Repost from Kham Fight News
အဲလက်ပါရဲရား ရဲ့ Corner နဲ့အတူ Shogun Rua ကို ဖြိုလှဲလိုက်တဲ့ Glover Teixeira!" UFC Light Heavyweight ချန်ပီယံဟောင်း Glover Teixeira ကတော့ အသက် ၄၆ နှစ် အရွယ်ရောက်မှ မဟာပြိုင်ဘက် ဂန္ထဝင်ကြီး Shogun Rua နဲ့ Boxing ပွဲစဉ်မှာ တွေ့ဆုံခဲ့ပြီး ပြင်းပြင်းထန်ထန် အနိုင်ယူပြသွားခဲ့ပါတယ် ဒီပွဲမှာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းခဲ့တာက Teixeira ရဲ့ Corner မှာ လက်ရှိ P4P စတား Alex "Poatan" Pereira ကိုယ်တိုင် လိုက်ပါကူညီပေးခဲ့တာဖြစ်ပြီး Teixeira ရဲ့ Striking နဲ့ Timing ပိုင်းက Shogun Rua ကို အသာစီးရယူနိုင်ခဲ့တာပါ။

ACBJJ ခါးပတ်ပါ သိမ်းပိုက်ပြီးနောက် UFC ပြန်လာဖို့ Dana White ကို ရာဇသံပေးလိုက်တဲ့ ဗန်တို့ ဖလိုင်းဝိတ်တန်းက Muhammad Mokaev! UFC ကနေ အငြင်းပွားဖွယ် ထုတ်ပယ်ခံခဲ့ရတဲ့ ရှုံးပွဲမရှိ Flyweight စတား Muhammad Mokaev ကတော့ BRAVE CF ချန်ပီယံဆုအပြင် ACBJJ22 မှာ မကြာသေးမီက ချန်ပီယံခါးပတ် ထပ်မံသိမ်းပိုက်အပြီးမှာ UFC သို့ ပြန်လည်ဝင်ရောက်ချင်ကြောင်း Dana White နဲ့ UFC တာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန် ရာဇသံပေးလိုက်ပါပြီ Mokaev က သူ့ရဲ့ အောင်မြင်မှုတွေနဲ့ ပတ်သက်ပြီး အခုလို ကြုံးဝါးခဲ့တာပါ ‘ဒါနာဝှိုက် ကွန်ဖရင့်မှာ ပြောခဲ့ဖူးပါတယ်... တခြားအဖွဲ့အစည်းတွေမှာ သွားပြီး ချန်ပီယံ ဖြစ်အောင်လုပ်ပြပါဆိုတာ။ ဟုတ်ပါတယ်၊ ငါ BRAVE CF ချန်ပီယံရော ACBJJ ချန်ပီယံပါ ဖြစ်လာခဲ့ပါပြီ! အနိုင်ပွဲ ၅ ပွဲဆက် ရခဲ့ပြီး ၄ ပွဲကို အပြီးသတ်နိုင်ခဲ့တယ်။ ငါ ဘာလို့ ကမ္ဘာ့အကောင်းဆုံး Flyweight ဖြစ်နေရသလဲဆိုတာ တစ်ကမ္ဘာလုံးကို သက်သေပြခဲ့ပြီးပါပြီ...’ Mokaev ဟာ UFC ကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း ပြိုင်ပွဲအဖွဲ့အစည်းမျိုးစုံမှာ စိုးမိုးပြနေခဲ့တာဖြစ်ပြီး အခုလက်ရှိ Flyweight Champion ဂျိုရှူအာဗန်ကိုပါ စိန်ခေါ်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။