Ko Tun Cockfighting Farm(Bago)
Kanalga Telegram’da o‘tish
Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan
618
Obunachilar
Ma'lumot yo'q24 soatlar
+77 kun
+1130 kun
Postlar arxiv
Repost from Ko Tun Cockfighting Farm(Bago)
ချိတ်ကီရိ💚
ခြံမရောက်ခင် အဓိပတိ မလမဆရာမြင့်ဆီမှာ သားဖောက်စဉ်က🥰🥰
+1
ချိတ်ကီရိ ❤️
(Yokeeree / 9 Million / Nuclear / Ngwe Pone Gyi)
မဂို ၃၃ သမီး ❤️
(ရာတစ် / Black Magic / 9 Million)
Kosem Farm ယနေ့အချိန်ထိ ထိုင်းနိုင်ငံရဲ့ အကောင်းဆုံးအဆင့်မှာ ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်တာဟာ "9 Million သွေး" ကြောင့်ဆိုရင် လုံးဝမမှားပါဘူး။
"မဂို ၃၃ လိုင်း" ကလည်း ဘိုးဘေးဘီဘင် သားစဉ်မြေးဆက်ထိ ခြေဒဏ်ချက်၊ ခွပ်လမ်းနဲ့ ခွပ်ကွက်တွေ ကောင်းလွန်းလို့ ယနေ့ထက်ထိ လူကြိုက်များပြီးသားမို့ ထွေထူးပြောနေစရာတောင် မလိုတော့တဲ့ သွေးလိုင်း။
ဒီလို Legendary (ဂန္ထဝင်) သွေးလိုင်းကြီး နှစ်မျိုးကို စနစ်တကျ ပေါင်းစပ်ထားတဲ့အပြင်၊ 9 Million ကိုပါ Line-breed ပုံစံမျိုးနဲ့ သေသေချာချာ သွေးထိန်းထားတယ်။ ဒါဟာ ဘိုးဘေးတွေရဲ့ သာလွန်တဲ့ ခြေဒဏ်ချက် ခွပ်မှုပုံစံတွေ သားသမီးတွေဆီမှာ "မဖြစ်မနေ ပြန်ပါလာရမယ်" ဆိုတဲ့ သဘောပဲ။
"ဒါမျိုးတွေခြံမှာ ရှိနေပြီ" ဆိုတဲ့ ဖီလ်လင်တစ်ခုတည်းနဲ့တင် အတော်လေးမိုက်နေပြီ🥰🥰
Repost from Ko Tun Cockfighting Farm(Bago)
ချိတ်ကီရိ+စင်္ကြာမ
ခြံမှာအများဆုံးအပြင်ထွက်တိုက်ရတာ ဒီကြက်မခလေးတွေပဲ ခလေးတွေ အသိကောင်း”နဲ့ အမိုက်ရှင်းစတိုင်တွေပဲ အများဆုံးထွက်တယ်🥰🥰
ဒီအတွဲက ခလေးတွေအရွယ်ရောက်လာရင်သေချာမှတ်ထား ခြေပါဝါကို ငုတ်တစ်ဆုံးတွေလာလိမ့်
လမ်းကြက်ပဲဖြစ်ဖြစ်..
အခွတ်တတ်ပဲဖြစ်ဖြစ်..
အမိုက်ပဲဖြစ်ဖြစ်..
ပတ်ပြေးပဲ ဖြစ်ဖြစ်..
ကျောထုပဲဖြစ်ဖြစ်..
ဘယ်လောက်ပဲကောင်းနေပါစေ..နှင်ရတဲ့အခန်း ရောက်လို့တွေဝေနေတဲ့ကြက်ဆိုရင်မကြိုက်ဘူး...
..လမ်းလဲကောင်းတယ် ငုတ်လဲကျတယ် နှင်ရတဲ့ အခန်းရောက်ရင်လဲတွေဝေမနေဘူးဆို အဲ့ကြက်မျိုး အဖိုးတန်ပဲ❤️❤️
+1
ဘိုး၊ဘေးတွေရုပ်ထွက်နဲ့ ကိုယ်အရမ်းကြိုက်ရတဲ့ခြေစည်မျိုး❤️❤️
ရုပ်ကြမ်းကြီးနဲ့😂😂
#ချိတ်ကီရိ(gentics)
#Yokeeree#9million#Nuclear#ငွေပုံကြီး
Thaiထုတ်ဟော်မုန်းဥအားဆေး အရင်ကတစ်ဘူး 16000အခု24000တန်ဆာခ15000 မပေါ့ပါလား🫥🫥
ကြက်ဖ/ကြက်မနှစ်မျိုးသုံး ထိုင်းထုတ် ဟော်မုန်းဥအားဆေး အရင်ကတစ်ဘူး 16000အခု24000တန်ဆာခ15000
မပေါ့ပါလား🫥🫥
ကိုယ်ကအမိုက်ရှင်းလိုင်းcrazyမို့ ချာမနှောင်း+ထောင်ဒန်30M လိုင်းက ကြက်ပေါက်တွေခွပ်တာကြည့်ပီး အတော်သဘောတွေ့နေတယ် ခြံမှာနေရာအဆင်ပြေရင် Maha Jairaiအတွက် super vipတစ်မလောက်ဝယ်ထည့်ဦးမယ်💚💚
ကြက်မိတ်လိုက်ခြင်းအနုပညာ
🐓🐔🐔🐔🐔🐔🐔🐔🐔🐔🐔🐓
ကြက်ဖနဲ့ ကြက်မ မိတ်လိုက်တော့ အားလုံးမြင်ဖူးကြသလို ကြက်မက၀ပ်ပေး ကြက်ဖက ကြောပေါ်တက် ခေါင်းကိုဆိတ် သူ့ဖင်စွန်းပိုင်းကို ကြက်မရဲ့ အမြီးဘေးကို ညွှတ်ချပြီး သူ့ကိစ္စလုပ်တယ်။ ကိစ္စ ပြီးသွားရင် အသာလေး ဆင်းသွားမယ်။ ကျန်ရစ်တဲ့ ကြက်မကလဲ သူ့ကိုယ်ကို တစ်ကြိမ် နှစ်ကြိမ် ရမ်းခါလိုက်ပြီး နဂိုပုံစံ အနေအစားမပျက်နေသွားမယ်။
ဒီနေရာမှာ ကြက်ဖလုပ်တဲ့ သူ့ကိစ္စ ဆိုတာ ကြက်ဖနဲ့ ကြက်မရဲ့ ကိုယ်နောက်ပိုင်း ဒွါရပေါက် နှစ်ခုရဲ့ နှုတ်ခမ်း တွေကိုထိပွတ်ပေးတဲ့ အနမ်းလေး (Cloacal kiss) ပါ။
ကြက်ဖမှာ လိင်တံ (penis) မရှိကြ။ သူ့ နောက်ပိုင်းဒွါရပေါက် (cloaca) ရဲ့ အတွင်းနံရံမှာ အဖုလေးတစ်ခု (Papilla) ပဲပါတယ်။ အဲဒီအဖုလေးကပဲ sperm တွေကို ကြက်မထဲကို ပို့လွှတ်ပေးတာပါ။
ကြက်ဖက တနေ့မှာ သူ့စိတ်အလိုအရ အကြိမ် ၂၀ - ၃၀ မိတ်လိုက်မယ်။ မနက်ပိုင်းမှာ sperm ပိုထုတ်နိုင်ပြီး တစ်ကြိမ်မှာ sperm သန်း ၁၀၀ ကနေ သန်း ၅၀၀၀ လောက်အထိ ထုတ်လွှတ်နိုင်တယ်။
ကြက်မက သူ့ နောက်ပိုင်းဒွါရပေါက် (cloaca) ကို ရှုံ့ပေးပြီး ကြက်ဖ kiss လုပ်လို့ ရလာတဲ့ sperm တွေကို အဲဒီနေ့အတွက် ဆင်းလာမဲ့ ဥဆီကို လမ်းကြောင်းတဲ့ပေးတယ်။ ဥပြွန်ထဲရောက်သွားတဲ့ sperm တွေက ဥကို မျိုးအောင်စေမယ်။ Sperm တချို့ကို နောက် ၄-၅ ရက် ဆက်ဥမဲ့ ဥတွေကို မျိုးအောင်စေဖို့အတွက် ဥပြွန်ရဲ့ နံရံ ထဲမှာရှိတဲ့ sperm pockets တွေထဲမှာ သိမ်းထားလိုက်ကြတယ်။
တိရစ္ဆာန်တွေဟာ ကိုယ့်မျိုးဆက် ဆက်ပြီး ရှင်ကျန်နေစေဖို့အတွက် ယှဉ်ပြိုင်မှုတွေကို ကျော်လွှားနိုင်အောင် နည်းအမျိုးမျိုး နဲ့ အားထုတ်နေကြရတယ်။
ဒီလို ယှဉ်ပြိုင်ကြတဲ့ နေရာမှာ သဘာ၀တရားက အမတွေကို အထီးတွေထက် ပိုပြီး အခွင့်အရေး ပေးထားတာ တွေ့ရတယ်။
မျိုးဆက်သစ်တွေက ဥထဲမှာ ကြီးပြီးပေါက်တာဖြစ်ဖြစ် အကောင်လိုက် ပေါက်တာဖြစ်ဖြစ် အမတွေ ဖက်က သူ့မျိုးဥပါနေတဲ့အတွက် သူ့ဗီဇတစ်၀က်က ဆက်ပြီးကျန်နေဖို့ သေချာတယ်။ ကျန်တစ်၀က်ကတော့ သူနဲ့ မိတ်လိုက်တဲ့ အထီးရဲ့ မျိုးဆက်ဖြစ်မယ်။
အမတွေဟာ အထီးတစ်ကောင်ထဲမဟုတ်ပဲ အများနဲ့ မိတ်လိုက်ခွင့်ရတဲ့အခါ ဘယ်အထီးကို သူမွေးထုတ်မဲ့ ကလေးတွေရဲ့ အဖေ ဖြစ်ခိုင်းမလဲဆိုကိုပါ ရွေးချယ်နိုင်တဲ့ အစွမ်းထပ်ပြီး ရှိနေသေးတယ်။
ကြက်ကို ဥပမာထားပြီး ပြောရင် ကြက်မက သူသဘောကျတဲ့ ကြက်ဖနဲ့ မိတ်လိုက်ပြီး ရတဲ့ sperm ကို ကောင်းကောင်း သိမ်းထားတယ်။ နောက်ရက်တွေမှာ ဆင်းလာမဲ့ ဥတွေကို မျိုးအောင်စေဖို့အတွက် ထုတ်သုံး နိုင်တယ်။ တချို့ကြက်ဖက အကြမ်းဖက် မိတ်လိုက်တာမျိုးလဲ ခံရတတ်တယ်။ ဒါပေမဲ့ သူသဘောမကျတဲ့ ကြက်ဖနဲ့ မိတ်လိုက်ပြီး ရတဲ့ sperm ကို (၈၀% လောက်အထိ) ချက်ချင်းပဲ အပြင်ကို ညှစ်ထုတ်ပစ်လိုက် နိုင်တယ်။ sperm pockets တွေထဲရောက်သွားတဲ့ sperm တွေကို မကြိုက်တဲ့ အဖ ဆီက ဖြစ်နေရင် မသုံးပဲ အပြင်ကို ညှစ်ထုတ် (sperm ejection လုပ်) ပစ်နိုင်တယ်လို့ University of Chicago Press ရဲ့ ၂၀၁၁ ခုနှစ် ဇူလိုင်လ က ထုတ်တဲ့ The American Naturalist ဂျာနယ် မှာ ဖတ်ရတယ်။
အထီးတွေမှာ သူ့မိတ်လိုက်ဖက်က တခြားအထီးတွေကိုပါ လက်ခံနေခဲ့ရင် သူ့မျိုးဆက်တွေ ပေါက်လာဖို့ ဆိုတာ မသေချာကြ။ ဒီတော့ မျိုးဆက်ထိန်းရေးစစ်ပွဲအတွက် သူတို့ရဲ့ အဓိကလက်နက်ဖြစ်တဲ့ sperm ရဲ့ ပုံသဏ္ဍာန်၊ အရွယ်အစား၊ အရည်အသွေး၊ အရေအတွက်၊ ပမာဏ (semen volume) စတာတွေကို ပြိုင်ဖက် တွေထက် သာအောင် ကြိုးစားရင်း ထူးခြားတဲ့ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်တွေ ဖြစ်လာခဲ့ကြတယ်။
🐓🐔🐓🐔🐓🐔🐓🐔🐓🐔🐓🐔🐓🐔🐓
Credit; BLACK ONYX စိုက်ပျိုးမွေးမြူရေး
+1
ဆရာမြင့်ကတော့ပြောရှာတယ် ချိတ်ကီရိခလေးတွေများများဖောက် တင်အောင်ဖောက်တဲ့ ကျိန်းသေတာတော့သူ့ခလေးတွေနေရာတစ်ခုထိရှိနေမှာပဲ🥰🥰
ညီကိုချင်းခဏရန်တိုက်
မိုးကုန် ပွင့်လင်းရာသီရောက်ရင် ရှယ်ကျိတ်လို့ရမယ်ခလေးတွေ💚💚
#ရေကြည်စိမ်းbl
ဒီရာသီမှာကြက်လေးတွေ ဝမ်း/အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ရောဂါတွေ အဖစ်များဆုံးမို့ ကြက်လေးတွေဂရုစိုက်ကြပါ
ခြင်လည်းမကိုက်ပါစေနဲ့ ရေဖျော်အားဆေးနဲ့ လိုအပ်တဲ့ဆေးဝါးတွေလည်း ဆောင်ထာကြပါ🥰🥰
ချိတ်ကီရိ+စင်္ကြာမ
ခြံမှာအများဆုံးအပြင်ထွက်တိုက်ရတာ ဒီကြက်မခလေးတွေပဲ ခလေးတွေ အသိကောင်း”နဲ့ အမိုက်ရှင်းစတိုင်တွေပဲ အများဆုံးထွက်တယ်🥰🥰
