uz
Feedback
The Legend Of Rosy Clouds(2026)

The Legend Of Rosy Clouds(2026)

Kanalga Telegram’da o‘tish

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan
677
Obunachilar
-124 soatlar
+187 kun
+7530 kun
Postlar arxiv
Pavane (2026) ** ဒီတစ်ခေါက်မှာတော့ ၂၀၀၉ ခုနှစ်ထွက် နာမည်ကြီး ကိုးရီးယားဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်သစ်လေးကို ဘာသာပြ
Pavane (2026) ** ဒီတစ်ခေါက်မှာတော့ ၂၀၀၉ ခုနှစ်ထွက် နာမည်ကြီး ကိုးရီးယားဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်သစ်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ လက်ရှိပြသနေတဲ့ To My Beloved Thief ထဲက မင်းသား Moon Sang-Min, Black Out ထဲက မင်းသား Byun Yo-Han , Life On Mars ထဲက မင်းသမီး Ko A-Sung တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ - ဇာတ်လမ်းအကျဉ်း - မီဂျောင်း (Ko A-Sung) ဟာ ငယ်စဉ်ကတည်းက ရုပ်ရည်နဲ့ပတ်သက်ပြီး လှောင်ပြောင်ခံခဲ့ရတာကြောင့် လူသူကင်းဝေးတဲ့ အမှောင်ထုထဲမှာပဲ နေရတာနဲ့ အသားကျနေတဲ့ ကုန်တိုက်ဝန်ထမ်းမလေးပါ။ တစ်ဖက်မှာလည်း ဂယောင်းရို့ (Moon Sang-Min) ကတော့ သူ့ရဲ့ ချောမောတဲ့ ရုပ်ရည်သွင်ပြင်ကြောင့် သွားလေရာနေရာတိုင်းမှာ လူအများရဲ့ ဝိုင်းဝန်းချစ်ခင်ခြင်းကို ခံရသူဖြစ်ပေမဲ့ ငယ်စဉ်က အမေနဲ့ သူ့ကို စွန့်ပစ်သွားတဲ့အဖေကြောင့် အချစ်အပေါ် ယုံကြည်မှု ကင်းမဲ့နေသူပါ။ ဂယောင်းရို့ဟာ တစ်ချိန်က အကသမားဖြစ်ဖို့ အိပ်မက်မက်ခဲ့ပေမဲ့ ခါးသီးတဲ့ လောကဓံအခြေအနေတွေကြောင့် ကုန်တိုက်ကားပါကင်မှာ အချိန်ပိုင်းအလုပ်ဝင်လုပ်ရာက အားလုံးရဲ့ ဖယ်ကြဉ်ခြင်းကို ခံနေရတဲ့ မီဂျောင်းနဲ့ ဆုံတွေ့ပြီး မီဂျောင်းအပေါ်  စိတ်ဝင်စားမှုတွေ ဖြစ်ပေါ်လာပါတော့တယ်။ ကုန်တိုက်က လုပ်ဖော်ကိုင်ဖက်ပဲဖြစ်တဲ့ ယိုဟန် (Byun Yo-Han) ရဲ့ ကြားဝင်ကူညီမှုတွေကြောင့် ဂယောင်းရို့နဲ့  မီဂျောင်းကြားမှာ သံယောဇဉ်တွေ တစ်စတစ်စ ကြီးထွားလာခဲ့ပေမဲ့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ ဆက်တိုက် ဖြစ်ပျက်လာတာကြောင့် သူတို့ရဲ့ ဆက်ဆံရေးမှာ အက်ကြောင်းစထင်လာတဲ့အခါမှာတော့... ကံကြမ္မာရဲ့ ကျီစယ်မှုတွေကြားမှာ ဂယောင်းရို့နဲ့ မီဂျောင်းတို့ရဲ့ ဇာတ်သိမ်းလေးက လှပနိုင်ပါ့မလားဆိုတာကိုတော့ အခုပဲ ကြည့်လိုက်ကြတော့နော်။ Joinရန်🔽🔽🔽 https://t.me/Chmoe123 ကြည့်ရန်လင့် 🔽🔽🔽 https://t.me/Chmoe123/239

Sister (2026) ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ British Film "The Disappearance of Alice Creed" ကို Remake ပြန်လည်ရိုက်ကူးထားပြီး မင
Sister (2026) ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ British Film "The Disappearance of Alice Creed" ကို Remake ပြန်လည်ရိုက်ကူးထားပြီး မင်းသား Lee Soo-Hyuk , The Glory ထဲက မင်းသမီး Cha Joo-Young နဲ့ Jung Ziso တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ဇာတ်ကားသစ်လေး ထွက်ရှိလာပါပြီ။ - ဇာတ်လမ်းအကျဉ်း - ညီမဖြစ်သူရဲ့ ခွဲစိတ်စရိတ်အတွက် ပိုက်ဆံအမြောက်အများ လိုအပ်နေတဲ့ ဟယ်ရန်း (Jung Ziso) ဟာ  ဂျောင်ထယ်ဆူ (Lee Soo-Hyuk) နဲ့အတူ ပူးပေါင်းပြီးတော့ သူဌေးသမီး ဘတ်ဆိုဂျင်း (Cha Joo-Young) ကို ပြန်ပေးဆွဲပြီး ဆိုဂျင်းရဲ့အဖေဆီကနေ ဆိုဂျင်းရဲ့ အသက်ကြေးအနေနဲ့ ၁ ဘီလီယံကို တောင်းဆိုလိုက်ပါတော့တယ်။ ဒီဖြစ်စဉ်မှာ ဟယ်ရန်းက သူ့ရဲ့ ဖအေတူ မအေကွဲ ညီမ ဖြစ်နေကြောင်း သိလိုက်ရတဲ့ ဆိုဂျင်းဟာ ဟယ်ရန်းနဲ့ ပူးပေါင်းပြီး ရက်စက်ကြမ်းကြုတ်တဲ့ ထယ်ဆူကို တန်ပြန်တုံ့ပြန်ဖို့ ကြိုးစားတဲ့အခါမှာတော့... လက်ရှိမှာ ပြန်ပေးသမားနဲ့ ဓားစာခံတွေ ဖြစ်နေကြတဲ့ ညီအစ်မနှစ်ဦးရဲ့ အန္တရာယ်များလှတဲ့ ပူးပေါင်းမှုက အောင်မြင်သွားနိုင်မှာလားဆိုတာကို တစ်စတစ်စ ပေါ်ပေါက်လာမဲ့ အမှန်တရား၊ အလှည့်အပြောင်းတွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရမဲ့ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ရပါတယ်ရှင်။ Joinရန်🔽🔽🔽 https://t.me/Chmoe123 ကြည့်ရန်လင့် 🔽🔽🔽 https://t.me/Chmoe123/234

Repost from K-Movies
The Informant (2025) * ဒီတစ်ခေါက်မှာတော့ Supporting Role အနေနဲ့ပဲ မြင်ရတာများတဲ့ Squid Game ထဲက မင်းသားကြီး Heo Sung-Tae နဲ့
The Informant (2025) * ဒီတစ်ခေါက်မှာတော့ Supporting Role အနေနဲ့ပဲ မြင်ရတာများတဲ့ Squid Game ထဲက မင်းသားကြီး Heo Sung-Tae နဲ့ Moving ထဲက မင်းသား Jo Bok-Rae တို့ကို အဓိက ဇာတ်လိုက်မင်းသားတွေအဖြစ် မြင်တွေ့ရမဲ့ ရုံတင်ဟာသကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ Main Cast နှစ်ဦးအပြင် Taxi Driver ထဲက တာဝန်ခံနှစ်ဦးဖြစ်တဲ့ Jang Hyuk-Jin နဲ့ Bae Yoo-Ram တို့ကိုလည်း တွဲဖက်မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - အိုနမ်ဟျော့ (Heo Sung-Tae) ဟာဆိုရင်တော့ ဖမ်းဆီးစစ်ဆင်ရေးတစ်ခု ကျရှုံးသွားပြီးနောက် ရာထူးချခံလိုက်ရတဲ့ စုံထောက်တစ်ယောက်ဖြစ်ပြီး ဂျိုထယ်ဘုံး (Jo Bok-Rae) ကတော့ စုံထောက်အိုက မှောင်ခိုဂိုဏ်းထဲမှာ ထည့်ထားတဲ့ သတင်းပေးတစ်ယောက်ပါ။ စုံထောက်အိုက ဂျိုထယ်ဘုံးကို အသုံးချပြီး သူ့ဘဝကြီး အလှည့်အပြောင်းရှိလာဖို့ မျှော်လင့်နေခဲ့ပေမဲ့ မှောင်ခိုဂိုဏ်းထဲမှာ သတင်းပေးအဖြစ် တာဝန်ထမ်းဆောင်နေရင်း ဂျိုထယ်ဘုံးရဲ့ သရုပ်မှန်က ပေါ်သွားပါတော့တယ်။ ဒီအခြေအနေကို မသိဘဲ စုံထောက်အိုက မှောင်ခိုဂိုဏ်းရဲ့ ရုံးခန်းတစ်ခန်းထဲ မှားဝင်မိရာကနေ လျှို့ဝှက်နက်နဲတဲ့ ရာဇဝတ်မှုကြီးထဲ ဆွဲသွင်းခံလိုက်ရပြီး ဂျိုထယ်ဘုံးကလည်း ကံကောင်းထောက်မစွာနဲ့ အသက်ဘေးကနေ လွတ်မြောက်သွားပေမဲ့ စုဆောင်းထားသမျှ ပိုက်ဆံအားလုံးကို ဆုံးရှုံးလိုက်ရတဲ့အခါမှာတော့... အမှုနောက်လိုက်မဲ့ စုံထောက်နဲ့ ပိုက်ဆံနောက်လိုက်မဲ့ သတင်းပေးတို့ရဲ့ အလွဲများစွာနဲ့ ကမောက်ကမ လက်တွဲပူးပေါင်းမှုလေးကို ဇာတ်လမ်းလေးထဲမှာ ဆက်လက် ကြည့်ရှုပေးကြပါဦး။ Joinရန်🔽🔽🔽 https://t.me/kmovie44 ကြည့်ရန်လင့် 🔽🔽🔽 https://t.me/kmovie44/772

K-u-n-c-e-n (2025) တောင်စောင့်ပုဂ္ဂိုလ် ============== IMDb Rating (7.9) ၂၀၂၅ ခုနှစ် နိုဝင်ဘာလကမှ ထွက်ထားတဲ့ အင်ဒိုနီးရှား သရ
K-u-n-c-e-n (2025)  တောင်စောင့်ပုဂ္ဂိုလ် ============== IMDb Rating (7.9) ၂၀၂၅ ခုနှစ် နိုဝင်ဘာလကမှ ထွက်ထားတဲ့ အင်ဒိုနီးရှား သရဲကားအသစ်စက်စက်လေး "Kuncen" တင်ထားပါတယ်။ ဒီကားက ဒါရိုက်တာ Jose Poernomo ရိုက်ကူးထားတာဖြစ်ပြီး တောင်တက်ရင်း ကြုံတွေ့ရတဲ့ ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်တွေကို အခြေခံထားတာပါ။ "Kuncen" ဆိုတဲ့ စကားလုံးက ဂျာဗားရိုးရာအရ တောင်တွေ၊ နတ်ကွန်းတွေလို သန့်ရှင်းမြင့်မြတ်တဲ့ နေရာတွေကို စောင့်ရှောက်ရတဲ့ "ပွဲထိန်း" ဒါမှမဟုတ် "တောင်စောင့်ပုဂ္ဂိုလ်" ကို ခေါ်တာပါ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းလေးကတော့ အာဝင်ဒယာ (Awindya) ဆိုတဲ့ အထက်တန်းကျောင်းသူလေးကနေ စထားတယ်။ သူ့ကောင်လေး ဒက်ဗလင် (Devlin) က မာဘာဘူ (Merbabu) တောင်ကို တောင်တက်သွားရာကနေ ၂၄ နာရီကြာတဲ့အထိ အဆက်အသွယ် ပြတ်သွားပါတယ်။ အဲဒါနဲ့ စိတ်ပူသွားတဲ့ အာဝင်ဒယာက သူ့သူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ အက်ဂ်နက်စ် (Agnes) နဲ့ မိုဂျို (Mojo) တို့ကို ခေါ်ပြီး ကောင်လေးကို လိုက်ရှာဖို့ တောင်ပေါ်ကို တက်သွားကြပါတော့တယ်။ ဒါပေမဲ့ တောင်ခြေရွာကို ရောက်တဲ့အခါမှာတော့ တောင်စောင့်ပုဂ္ဂိုလ် (Kuncen) ကြီး အ-တ်ခံလိုက်ရတယ် ဆိုတဲ့ သတင်းဆိုးကြီးကို ကြားလိုက်ရတယ်။ တောင်စောင့်ပုဂ္ဂိုလ် မရှိတော့တဲ့အတွက် လူ့လောကနဲ့ နာမ်လောကကြားက အတားအဆီးတွေ ပျက်စီးသွားပြီး မကောင်းဆိုးဝါးတွေ သောင်းကျန်းပါတော့တယ်။ အဲဒီအချိန်မှာ သူတို့လိုပဲ တောင်ပေါ်မှာ လူပျောက်ရှာနေတဲ့ ယိုဂါ (Yoga) နဲ့ ဒစ္စကာ (Diska) တို့နဲ့ သွားဆုံကြတယ်။ သူတို့သူငယ်ချင်းတွေကို ပြန်ရှာတွေ့ဖို့နဲ့ ဒီတောင်ပေါ်ကနေ အသ-က်ရှင်ရက် ပြန်ထွက်နိုင်ဖို့ဆိုရင် တစ်ခုတည်းသော နည်းလမ်းကတော့ တောင်စောင့်ပုဂ္ဂိုလ် (Kuncen) အသစ် တစ်ယောက်ကို အမြန်ဆုံး အစားထိုး ရှာဖွေပေးဖို့ပါပဲ။ သူတို့တွေ အသ-က်အန္တရာယ်ကနေ လွတ်မြောက်နိုင်ပါ့မလား၊ ပျောက်နေတဲ့ သူတွေကိုရော ပြန်ရှာတွေ့ပါ့မလား ဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ကားလေးပါ။ ဒီကားက သာမန် သရဲခြောက်တဲ့ ဇာတ်လမ်းမျိုးလောက်တင် မဟုတ်ဘဲ ဒေသခံတွေရဲ့ ရိုးရာယုံကြည်မှုတွေ၊ တောင်တက်ရင်း ကြုံရတတ်တဲ့ ကြောက်စရာ အတွေ့အကြုံတွေကိုပါ သဘာဝကျကျ ထည့်ရိုက်ထားတာမို့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သရဲကား ကြိုက်တဲ့သူတွေ၊ အထူးသဖြင့် တောင်တက်တာ ဝါသနာပါတဲ့သူတွေဆိုရင် သဘောကျမယ့် ကားမျိုးပါ။ Genre…. Horror Joinရန်🔽🔽🔽 https://t.me/s1932a ကြည့်ရန်လင့်🔽🔽🔽 https://t.me/s1932a/1129

Repost from K-Movies
Project Y (2026) * IMDb Rating (6.8) နောက်ဆုံးတော့ အားလုံးစောင့်မျှော်နေကြတဲ့ Han So-Hee နဲ့ Jun Jong-Seo တို့ အဓိက ပါဝင်သရုပ
Project Y (2026) * IMDb Rating (6.8) နောက်ဆုံးတော့ အားလုံးစောင့်မျှော်နေကြတဲ့ Han So-Hee နဲ့ Jun Jong-Seo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ အမိုက်စား ရုံတင်အက်ရှင်ကားသစ်လေး ထွက်ရှိလာပါပြီ။ The Old Woman With The Knife ထဲက မင်းသား Kim Sung-Cheol, Undercover High School ထဲက မင်းသမီး Kim Shin-Rock, The Manipulated ထဲက မင်းသား Lee Jae-Kyoon, Lovely Runner ထဲက မင်းသမီးကြီး Jung Young-Ju, Oh My Girl အဖွဲ့ဝင် YooA တို့လည်း ပါဝင်အားဖြည့်ပေးထားကြပါသေးတယ်။ - ဇာတ်လမ်းအကျဉ်း - တစ်ယောက်အပြင် တစ်ယောက်မရှိတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြတဲ့ ယွန်းမီဆွန်း (Han So-Hee) နဲ့ အီဒိုဂယောင်း (Jun Jong-Seo) တို့ဟာ လက်ရှိ အောက်‌ခြေဘဝကနေ ရုန်းထွက်နိုင်ဖို့အတွက် ကျားကုတ်ကျားခဲ ပိုက်ဆံစုလာခဲ့ကြပေမဲ့ ကံအကြောင်းမလှဘဲ ဗီလာမှာ နေဖို့ စာချုပ်ချုပ်ထားတဲ့ ပိုက်ဆံ သိန်း ၇ ထောင်က မန်နေဂျာချွဲဆိုသူရဲ့ လိမ်လည်ခြင်းကို ခံလိုက်ရတဲ့အပြင် အဲဒီလူလိမ်က သေပါ သေဆုံးသွားပါတော့တယ်။ ဒီလိုနဲ့ နှစ်ယောက်သား လမ်းပျောက်နေကြစဉ်မှာပဲ သူဌေးထို (Kim Sung-Cheol) ဆိုသူက ဂယောင်းဂီဒိုတစ်နေရာမှာ ငွေသား သိန်း ၇ ထောင်ကို မြှုပ်ထားတယ်ဆိုတဲ့ သတင်းကို ကြားသိလိုက်ရတဲ့အခါမှာတော့... သူတို့နှစ်ဦး ငွေသားတွေကို အောင်အောင်မြင်မြင် ပြန်အရယူပြီး ဘဝသစ်နဲ့ နေထိုင်သွားနိုင်မှာလား.... ငွေသားတွေ မြှုပ်ထားတဲ့နေရာကို လိုက်ရှာရင်း ဘယ်လို အခက်အခဲ၊ အလှည့်အပြောင်းတွေကို တွေ့ကြုံရဦးမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ Joinရန်🔽🔽🔽 https://t.me/kmovie44 ကြည့်ရန်လင့် 🔽🔽🔽 https://t.me/kmovie44/767

Repost from K-Movies
Election (2005) ~ IMDb - 7.1/10, RT - 87%, Meta - 73% ~ အာရှရုပ်ရှင်ဖန်တွေ အကောင်းဆုံးဟောင်ကောင်ဂန်းကားကို ရွေးကြတဲ့အခါ Elect
Election (2005) ~ IMDb - 7.1/10, RT - 87%, Meta - 73% ~ အာရှရုပ်ရှင်ဖန်တွေ အကောင်းဆုံးဟောင်ကောင်ဂန်းကားကို ရွေးကြတဲ့အခါ Election တွေကို ကြည့်ဖူးတဲ့လူအများစုကတော့ Johnnie To ရဲ့ Election နဲ့ Triad Election ကို ရွေးကြတာများပါတယ်။ Election နှစ်ကားက ဂန်းကားပေမဲ့ အားနေပစ်လိုက် ထိုးလိုက်လုပ်နေတဲ့ ဂန်းကားမဟုတ်သလို စကားပဲများနေတဲ့ ဂန်းကားလည်းမဟုတ်ပြန်ဘူး။ အဲဒီနှစ်ခုကြားက မဇ္စျိမပဋိပဋာကျတဲ့ ဂန်းကားလို့ဆိုရမယ်။  ဒီနှစ်ကားလုံးက ဂန်းကားပေမဲ့ အနုပညာရည်အရလည်း မနုံနဲ့ဘူး။ ၂၀၀၅ ကိန်းရုပ်ရှင်ပွဲတော်မှာ ပထမကားကိုပြခဲ့ပြီး ၂၀၀၆ ကိန်းရုပ်ရှင်ပွဲတော်မှာ ဒုတိယကားကိုပြခဲ့တဲ့အပြင် ဟောင်ကောင်အကယ်ဒမီဆုပေးပွဲတွေမှာရော ဝေဖန်ရေးသမားတွေပေးတဲ့ ဆုပေးပွဲတွေမှာ Best Picture ဆုတွေ Best Director ဆုတွေ  Best Screenplay ဆုတွေ ရထားတဲ့ရုပ်ရှင်တွေဆိုလည်း မမှားပါဘူး... Joinဂန်🔽🔽🔽 https://t.me/kmovie44 ကြည့်ရန်လင့်🔽🔽🔽 https://t.me/kmovie44/763

The Woman in the White Car (2025) *** IMDb Rating (7.0) ဒီတစ်ခေါက်မှာတော့ The Midnight Romance in Hagwon ထဲက မင်းသမီး Jung Ry
The Woman in the White Car (2025) *** IMDb Rating (7.0) ဒီတစ်ခေါက်မှာတော့ The Midnight Romance in Hagwon ထဲက မင်းသမီး  Jung Ryeo Won နဲ့ My Daughter is a Zombie ထဲက မင်းသမီးကြီး Lee Jung Eun တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းရုပ်ရှင်ကားသစ်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ အလှည့်အပြောင်းများစွာနဲ့ ပဟေဠိဆန်ဆန် ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူများအဖို့တော့ must watch ကားလေးပါပဲ!!! - ဇာတ်လမ်းအကျဉ်း - နှင်းတွေ ဖုံးလွှမ်းနေတဲ့ မိုးသောက်ချိန်မှာ ယူဒိုဂယောင်း ( Jung Ryeo Won) ဆိုတဲ့ အမျိုးသမီးဟာ ဓားထိုးခံထားရပြီး သွေးအိုင်ထဲမှာ သတိမေ့မြောနေတဲ့ အမျိုးသမီးတစ်ဦးကို ကားနဲ့တင်ဆောင်ပြီး ဆောဝန်းဆေးရုံဆီ ရောက်ရှိလာခဲ့ပါတယ်။ ဒိုဂယောင်းက အဲဒီဓားဒဏ်ရာနဲ့ အမျိုးသမီးကို အစ်မလို့ ခေါ်ပြီးတော့ ကယ်တင်ပေးဖို့ရာ အသည်းအသန် ငိုယိုတောင်းပန်နေပြီး မူဆန်းရဲကင်းစခန်းမှ ဒုရဲအုပ် ဂင်ဟျွန်းဂျူ (Lee Jung-Eun) က ဆေးရုံကို ရောက်ရှိလာတဲ့အခါမှာတော့ ဒိုဂယောင်းဟာ အခင်းဖြစ်ပွားရာနေရာမှာ သူနဲ့ သူ့အစ်မအပြင် ခဲအိုလောင်းဖြစ်သူ ချွဲဂျောင်မန်ပါ ရှိနေခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ ဒါပေမဲ့  စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်အတွင်း ဓားဒဏ်ရာနဲ့ အမျိုးသမီးဟာ ဒိုဂယောင်းရဲ့ အစ်မရင်းမဟုတ်ဘဲ ဒိုဂယောင်းရဲ့  တကယ့်အစ်မရင်းက အရင်က ဆောဝန်းဆေးရုံမှာပဲ အလုပ်လုပ်ဖူးတဲ့ သူနာပြုတစ်ဦးဖြစ်ကြောင်း ပေါ်ပေါက်လာတဲ့အခါမှာတော့... တကယ်ပဲ ဒိုဂယောင်းက သူ့အစ်မနဲ့ ခဲအိုလောင်းပါလို့ ပြောနေတဲ့လူတွေက ဘယ်သူတွေ ဖြစ်နေမလဲ... လူတိုင်းက ပုံစံတစ်မျိုးစီနဲ့ မှတ်မိနေကြတဲ့ ဒီအမှုရဲ့ တရားခံအစစ်ဟာ ဘယ်သူဖြစ်နေမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက် အဖြေရှာလိုက်ကြပါဦး။ Joinရန်🔽🔽🔽 https://t.me/mmsub226 ကြည့်ရန်လင့် 🔽🔽🔽 https://t.me/mmsub226/758

ကပ္ပတိန် ဗစ်ကရန့်ခန်နား... "မတော်တဆမှုတိုင်းမှာ ဘက်နှစ်ခုရှိတယ်" "ဘာဖြစ်ခဲ့တာလဲ..ဘယ်လိုဖြစ်ခဲ့တာလဲ" "အဲ့ဒီနှစ်ခုကြားထဲက အနားသ
ကပ္ပတိန် ဗစ်ကရန့်ခန်နား... "မတော်တဆမှုတိုင်းမှာ ဘက်နှစ်ခုရှိတယ်" "ဘာဖြစ်ခဲ့တာလဲ..ဘယ်လိုဖြစ်ခဲ့တာလဲ" "အဲ့ဒီနှစ်ခုကြားထဲက အနားသတ်မျဉ်းလေးမှာ အမှန်တရားက တိမ်ဝှက်နေတယ်" နာရာယန်းဗီဒန့်... "အမှားလုပ်ပြီးသွားရင် မင်းလုပ်နိုင်တာ သုံးခုပဲရှိတယ်" "အမှားကို ဝန်ခံမယ်" "အမှားကနေ သင်ယူမယ်" "နောက်တစ်ခါ မမှားအောင် ဆင်ခြင်မယ်" ဒီဇာတ်ကားလေးက အိန္ဒိယနိုင်ငံမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းလေးကို အခြေခံပြီးရိုက်ကူးထားတယ်... ကပ္ပတိန်ဗစ်ကရန့်ခန်နား(အဂျေး) က နာမည်ကြီးလေယာဉ်မှူးတစ်ယောက်... အဲ့ဒီနေ့က ပျံသန်းတဲ့ခရီးစဉ်မှာ ရာသီဥတုဆိုးရွားလွန်းတဲ့အတွက် မတော်တဆမှုဖြစ်ခဲ့ပါတယ်... ဒီကိစ္စမှာ မသင်္ကာစရာကိစ္စလေးတွေပါဝင်နေတဲ့အတွက် လေကြောင်းမတော်တဆစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် နာရာယန်းဗီဒန့် (အမီတာဘဂျမ်း) ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးမေးမြန်းတာကို ဝေဟင်ပေါ်က ထိတ်လန့်ဖွယ် မြင်ကွင်းတွေနဲ့အပြင် ဝါရင့်သရုပ်ဆောင်နှစ်ဦးရဲ့ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကို ကျေကျေနပ်နပ်ကြီး မြင်တွေ့ရမှာဖြစ်ပါတယ်... Joinရန်🔽🔽🔽 https://t.me/Ind448 ကြည့်ရန်လင့် 🔽🔽🔽 https://t.me/Ind448/998

ကိုရီးယားဇွန်ဘီမြို့ပျက်ကြီးထဲက တန်ဖိုးကြီးပစ္စည်းများသွားယူဖို့ ကြိုးစားကြတဲ့အဖွဲ့များ ➪➪➪➪➪➪➪➪➪➪➪➪➪➪ ဒီရုပ်ရှင်မှာတော့ ကိုရ
ကိုရီးယားဇွန်ဘီမြို့ပျက်ကြီးထဲက တန်ဖိုးကြီးပစ္စည်းများသွားယူဖို့ ကြိုးစားကြတဲ့အဖွဲ့များ ➪➪➪➪➪➪➪➪➪➪➪➪➪➪ ဒီရုပ်ရှင်မှာတော့ ကိုရီးယားကို နိုင်ငံအားလုံးက ပိတ်ဆို့ထားခဲ့တာ ၄ နှစ်ကြာခဲ့ပါပြီ။ အထဲမှာ အသက်ရှင်ရက် ကျန်ခဲ့သူတွေက လွတ်မြောက်ဖို့ ကြိုးစားနေသလို လောဘသားတွေကလည်း ပိုင်ရှင်မဲ့နေတဲ့ ငွေတွေ ရတနာတွေကို ယူဖို့ ခိုးဝင်နေကြပါတယ် ကိုရီးယားနိုင်ငံတစ်ခုတည်း ကမ္ဘာပျက်ပြီးနောက်ပိုင်း အခြေအနေကို ပြသလို ပြထားပြီး အရင်ရုပ်ရှင်လိုပဲ Survival အတွက် စွန့်စားခန်းတွေ ဖွင့်တာကို တွေ့ရမှာပါပဲ အခုကားကတော့အပိုင်း ၂ အနေနဲ့ထွက်ရှိလာတာမို့ အားလုံးပဲခံစားကြည့်ရှုပေးကြပါဦး။ Joinရန်🔽🔽🔽 https://t.me/s1932a ကြည့်ရန်လင့် 🔽🔽🔽 https://t.me/s1932a/1124

ဒီရုပ်ရှင်ဟာ ဒါရိုက်တာ Edwin ရိုက်ကူးထားတဲ့ 2024 ခုနှစ်ထွက် ရာဇဝတ်မှုသည်းထိတ် ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဆိုးရွားလှတ
ဒီရုပ်ရှင်ဟာ ဒါရိုက်တာ Edwin ရိုက်ကူးထားတဲ့ 2024 ခုနှစ်ထွက် ရာဇဝတ်မှုသည်းထိတ် ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဆိုးရွားလှတဲ့ လူသတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အင်ဒိုနီးရှား-မလေးရှားနယ်စပ်ကို စေလွှတ်ထားတဲ့ ဂျကာတာက စုံထောက် Sanja Arunika ကို ပုံဖော်ထားပါတယ်။ ဒီဒေသဟာ သရဲခြောက်တယ်လို့ ယူဆရတဲ့ Ambong ရဲ့ ဒဏ္ဍာရီတွေအပါအဝင် ဒေသဆိုင်ရာ ဒဏ္ဍာရီတွေထဲမှာ စီးဝင်နေတာပါ။ စုံထောက် Sanja ဟာ စိတ္တဇကွင်းဆက်လူသတ်မှုကို နက်နက်ရှိုင်းရှိုင်း စုံစမ်းစစ်ဆေးလာတာနဲ့အမျှ အကျင့်ပျက်ခြစားမှု၊ လူမှောင်ခိုကူးမှုနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ဖော်ထုတ်တွေ့ ရှိခဲ့ပါတယ်။ သူမရဲ့ စုံစမ်းစစ်ဆေးမှုနဲ့အတူ.... Joinရန်🔽🔽🔽 https://t.me/Chmoe123 ကြည့်ရန်လင့်🔽🔽🔽 https://t.me/Chmoe123/226

Repost from N/a
Bo..rde..rles..s Fog (2024)

R_a-h_u K-e_t-u (2-0-2-6) ===================== IMDB ⭐️ 8.1/10 ကိုယ်စာအုပ်ထဲမှာ ရေးတဲ့အရာအတိုင်း လက်တွေ့ဖြစ်လာခဲ့ရင်..... ဒီဇ
R_a-h_u K-e_t-u (2-0-2-6) ===================== IMDB ⭐️ 8.1/10 ကိုယ်စာအုပ်ထဲမှာ ရေးတဲ့အရာအတိုင်း လက်တွေ့ဖြစ်လာခဲ့ရင်..... ဒီဇာတ်လမ်းလေးမှာတော့ ချူရူဆိုတဲ့လူဟာ ဖူဖာဆိုတဲ့ သူ့ရဲ့ထူးခြားဆန်းကြယ်တဲ့ မှော်ဝင်ဒိုင်ယာရီလေးကို  ရရှိခဲ့ပါတယ် ဒီီလိုနဲ့ အကျင့်ပျက်ခြစားမှုတွေကို တိုက်ထုတ်ဖို့ ရာဟူနဲ့ကယ်သူဆိုတဲ့ ဇာတ်ကောင်နှစ်ကောင်ကို ရေးသားပြီး အပြင်လက်တွေ့ကမ္ဘာထဲရောက်လာအောင် ဖန်တီးခဲ့ပါတယ် ဒါပေမဲ့ သူဖန်တီးလိုက်တဲ့နှစ်ယောက်က လူတွေကိုကူညီမဲ့အစား ရာဟူကယ်သူက ဂြိုဟ်ဆိုးနှစ်ကောင်ဖြစ်နေပြီး သူတို့နဲ့ထိတွေ့သမျှ အကုန်ကံဆိုးမိုးမှောင်ကျကုန်တာကြောင့် တစ်မြို့လုံးလည်းလန့်လာပြီး နေရာတိုင်းက နှင်ထုတ်ကြတဲ့အခါ ချူရူတစ်ယောက် ဒါကိုဘယ်လိုပြန်ပြင်ဆင်ပေးမလဲ ဒီနှစ်ယောက်ကို ဘယ်လိုလမ်းကြောင်းပေးမလဲ ဒီဖန်တီးခံထားရတဲ့ လူနှစ်ယောက်ရဲ့ ကံကြမ္မာက ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကတော့..... Joinရန်လင့်🔽🔽🔽 https://t.me/Ind448 ကြည့်ရန်လင့်🔽🔽🔽 https://t.me/Ind448/989

B*R*O (20*23) ========= ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ "BRO" ဆိုတဲ့အိန္ဒိယကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ မာ့ခ်ဟာ သူ့ဘဝတစ်ခု
B*R*O (20*23) ========= ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ "BRO" ဆိုတဲ့အိန္ဒိယကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ မာ့ခ်ဟာ သူ့ဘဝတစ်ခုလုံးကို မိသားစုအတွက်ပဲပေးဆပ်လာခဲ့ပြီးတော့ အမြဲတမ်းအလုပ်များနေတဲ့သူတစ်ယောက်ပါ သူ့ညီအစ်ကိုမောင်နှမကိစ္စတွေဆိုရင်လည်း အားလုံးကိုပဲ သူပဲလိုက်စီမံထိန်းချုပ်ပြီး သူ့အလိုအတိုင်းပဲလုပ်တတ်တဲ့သူတစ်ယောက်ပေါ့ ဒီလိုနဲ့တစ်ရက်မှာတော့ ဗိုင်ဇက်ကနေ ဟိုက်ဒရာဘတ်ကိုသွားတဲ့အချိန် လမ်းမှာအက်စီးဒင့်ဖြစ်ခဲ့ပါတယ် သူနိုးလာတဲ့အချိန်မှာတော့ အနက်ရောင်အင်္ကျီဝတ်ထားတဲ့၊ သူ့ကိုယ်သူ "အချိန်"လို့ပြောတဲ့လူတစ်ဦးနဲ့တွေ့ခဲ့ပြီး အဲဒီလူကနေမှ သူကမ္ဘာပေါ်မှာနေရမယ့်အချိန်တွေကုန်သွားပြီလို့ ပြောလာခဲ့ပါတယ် မာ့ခ်တစ်ယောက်သူ့မိသားစုကိုစိတ်မချဘူး၊ သူ့မှာလုပ်စရာတွေကျန်သေးတယ်လို့ပြောပြီး နောက်ဆုံးမှာ အချိန်ရက် ၉၀ ပေးဖို့ညှိနိုင်ခဲ့ပါတယ် မာ့ခ်တစ်ယောက်သူ့ရဲ့နောက်ဆုံးရက် ၉၀ အတွင်းမှာ ဘာတွေကိုပြင်ဆင်သွားမလဲ၊ အသက်ရှင်နေစဉ် သူသတိမထားမိခဲ့တဲ့ ဘယ်လိုဖြစ်ရပ်တွေရှိနေနိုင်ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုပေးကြပါဦးနော် Joinရန်🔽🔽🔽 https://t.me/Ind448 ကြည့်ရန်🔽🔽🔽 https://t.me/Ind448/985

လူတစ်ယောက်ကို ပြောင်းလဲစေတာက အချစ်လို့ပြောမယ်ဆို ရဲရဲကြီးယုံလိုက်ပါ... ငယ်စဉ်က မိသားစုတွေ ဆုံးပါးသွားပြီး တစ်ယောက်တည်းကျန်ခဲ့
လူတစ်ယောက်ကို ပြောင်းလဲစေတာက အချစ်လို့ပြောမယ်ဆို ရဲရဲကြီးယုံလိုက်ပါ... ငယ်စဉ်က မိသားစုတွေ ဆုံးပါးသွားပြီး တစ်ယောက်တည်းကျန်ခဲ့တဲ့ "ဒါမာ" ကြီးပြင်းတဲ့အထိ တစ်ယောက်တည်းနေဖို့ကိုပဲ ရွေးချယ်ခဲ့ပြီး လူ့ပတ်ဝန်းကျင်နဲ့ ဝင်ဆံ့ဖို့ မကြိုးစားတဲ့ လူ့ဂွစာတစ်ယောက် အဲဒီ့သူ့ဘဝထဲကို မမျှော်လင့်ဘဲ ရောက်လာတာကတော့ ခွေးလေးတစ်ကောင် အဲဒီခွေးလေးကို သူမမွေးချင်လို့ မွေးစားမယ့်သူကို ရှာနေတုန်းမှာပဲ ခွေးလေးနဲ့ သံယောဇဉ်တွယ်သွားပြီး ခွေးလေးက သူ့ရဲ့ဘဝဖြစ်လာခဲ့တော့တယ် သူ့ရဲ့ မာကြောနေတဲ့ ဘဝကြီးကို နူးညံ့ပျော့ပျောင်းလာစေပြီး ဂျစ်ကန်ကန်နဲ့ လောကကြီးကို အရွဲ့တိုက်နေထိုင်ခဲ့တဲ့ သူ့ကို အမြင်ကျယ်လာစေခဲ့တာက အဲဒီခွေးလေးပေါ့ လူနဲ့ တိရစ္ဆာန်ကြားက မေတ္တာတရား‌ အဲဒီမေတ္တာဆိုတဲ့အရာဟာ စစ်မှန်ရင် ဘယ်လောက်တောင် စွမ်းအားကြီးတယ်ဆိုတဲ့ အကြောင်း ရိုက်ကူးပြသထားတဲ့ မျက်ရည်မခိုင်သူတွေ မျက်ရည်ကျစေမယ့် ဒရမ်မာကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်.... Joinရန်🔽🔽🔽 https://t.me/mmsub226 ကြည့်ရန်လင့်🔽🔽🔽 https://t.me/mmsub226/739

၃အမ်စတာဒမ်တူးမြောင်းက မကောင်းဆိုးဝါး A_m-s_te-r_da-m 2 ( 2-0-2-5 ) ========================= အခုမှ လတ်လတ်ဆတ်ဆတ် ထွက်ထားတဲ့ ၃၇
၃အမ်စတာဒမ်တူးမြောင်းက  မကောင်းဆိုးဝါး A_m-s_te-r_da-m 2 ( 2-0-2-5 ) ========================= အခုမှ လတ်လတ်ဆတ်ဆတ် ထွက်ထားတဲ့ ၃၇ နှစ်အကြာက အဆက် ကို ရုပ်ရှင်တစ်ခုပါ။ တစ်ကားလုံး ရိုးအီမသွားရဘဲ စလာကတည်းက အဆုံးထိအာရုံဆွဲခေါ်သွားနိုင်မဲ့ ကားမျိုးရှာနေရင် ဒီကားလေးရှိမယ် Crime Thriler ဇာတ်လမ်းအမျိုးစားလေးပါ ဇာတ်လမ်းကတော့ အမ်စတာဒမ်ကို လာရောက်လည်ပတ်ကြတဲ့လူများပြီး အကြောင်းကတော့ လှပတဲ့နေရာတွေ လည်ပတ်စရာနေရာတွေနဲ့ အဓိကအရာဖြစ်တဲ့ တူးမြောင်းတွေမှာ လှေပတ်စီးရတာပါ...ဒါပေမဲ့ ဒီကြည်နူးဖွယ်ကောင်းတဲ့ တူးမြောင်းတွေက အိပ်မက်ဆိုးတွေပေးလာရင်ရော.... အမေရိကန်တိုးရစ်စုံတွဲဟာ တူးမြောင်းထဲမှာလှေစီးရင်း သတ်ခံလိုက်ရသလို ကလပ်မှာ ညဘက်ကပြဖျော်ဖြေတဲ့ ယောကျ်ားတစ်ယောက်မှာလည်း သင်္ဘောတိုင်မှာ ချိတ်ဆွဲအသတ်ခံထားရပါတယ် တူညီတဲ့အချက်ကတော့ နစ်နာသူတွေထဲမှာ ဓားထိုးမခံရခင် ရေထဲမှာအရင်နှစ်သတ်ခံရတဲ့ အချက်ပါပဲ ဒီလိုတူညီတဲ့အရာကြောင့် လွန်ခဲ့တဲ့ နှစ် ၃၀ ဒီလိုအလားတူလူသတ်မှုမျိုး လိုက်ခဲ့တဲ့ အဲရစ်ဟာ ပင်စင်ယူရာကနေ ပြန်လာဖို့ ဖြစ်လာပါတယ် ဒီအမှုကို လက်ရှိလိုက်နေသူကတော့ တာရာဖြစ်ပြီး သူကတော့ သူ့အလုပ်ကိုဝင်ရှုပ်တာမကြိုက်တဲ့လူပါ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ ကအိပ်မက်ဆိုးကြီး တစ်ကျော့ပြန်လာချိန်မှာ အဆုံးသတ်နိုင်အောင် ဒီနှစ်ယောက် ပူးပေါင်းစုံစမ်းမလား မတားနိုင်ခင် ဘယ်သူတွေကရော ကြမ္မာဆိုးငင်ကြဦးမလဲဆိုတာကတော့ Joinရန်🔽🔽🔽 https://t.me/mmsub226 ကြည့်ရန်လင့် 🔽🔽🔽 https://t.me/mmsub226/736

Heartman: Rock and Love (2026) * ကိုယ်တွေရဲ့ တစ်ချိန်က အချစ်ဦးဖြစ်တဲ့ ဆုန်ဂျူးအိုပါးတစ်ဖြစ်လဲ မင်းသား Kwon Sang-Woo ကတော့ Hit
Heartman: Rock and Love (2026) * ကိုယ်တွေရဲ့  တစ်ချိန်က အချစ်ဦးဖြစ်တဲ့ ဆုန်ဂျူးအိုပါးတစ်ဖြစ်လဲ မင်းသား Kwon Sang-Woo ကတော့ Hitman မဟုတ်တဲ့ Heartman နဲ့အတူ ပရိသတ်ကြီးရှေ့ကို တစ်ဖန်ပြန်ရောက်လာခဲ့ပါပြီ။ Kwon Sang-Woo နဲ့အတူ မင်းသမီး Moon Chae-Won က တွဲဖက်သရုပ်ဆောင်ပေးထားပါတယ်။ Hitman ရဲ့ ဒါရိုက်တာကြီးကိုယ်တိုင် ရိုက်ကူးပေးထားတဲ့ အချစ်ဟာသရုပ်ရှင်လေးမို့ ရယ်လည်းရယ်ရမဲ့အပြင် မိသားစုဇာတ်လမ်းလေးကလည်း ရင်ထဲ ကြည်နူးနွေးထွေးရစေမှာပါ။ - ဇာတ်လမ်းအကျဉ်း - ချွဲဆွန်းမင်း (Kwon Sang-Woo) ကတော့ Ambulance လို့ အမည်ရတဲ့ တီးဝိုင်းအဖွဲ့က အဆိုရှင်တစ်ဦးပါ။ ဆွန်းမင်းဟာ တစ်နေ့မှာ ဖျော်ဖြေပွဲ လက်ကမ်းစာစောင်တွေ ဝေပေးဖို့ ဆိုးလ်အမျိုးသမီးတက္ကသိုလ်ကို သွားရာက ငယ်စဉ်က အချစ်ဦး ဟန်ဘိုနာ (Moon Chae-Won) နဲ့ ပြန်လည်ဆုံတွေ့ဖြစ်ခဲ့ပြီး ဖျော်ဖြေပွဲကို ကျိန်းသေပေါက် လာရောက်ပေးဖို့လည်း ဘိုနာ့ကို ဖိတ်လိုက်ပါတယ်။ ဘိုနာက ဖျော်ဖြေပွဲကို လာခဲ့ပေမဲ့ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုကြောင့် ဆွန်းမင်းဟာ လူပုံအလယ်မှာ အရှက်ရစရာတွေ ဖြစ်သွားခဲ့ရပြီး အဲဒီနောက်ပိုင်းမှာ သူတို့နှစ်ဦးလည်း ပြန်လည် ဝေးကွာသွားခဲ့ကြပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်း ၂၀ ကျော် ကြာတဲ့အခါ ချွဲဆိုယောင်းလို့ခေါ်တဲ့ ချစ်စရာသမီးလေး ရှိနေပြီဖြစ်တဲ့ တစ်ခုလပ်ဖေဖေ ဆွန်းမင်းက သူ့အချစ်ဦး ဘိုနာနဲ့ အမှတ်မထင် နောက်တစ်ကြိမ် ပြန်လည်ဆုံစည်းဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့... ပထမတစ်ကြိမ်တုန်းက အချစ်ဦးနဲ့ လွဲခဲ့ရတဲ့ ဆွန်းမင်းက ဒီတစ်ကြိမ်မှာတော့ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်နိုင်မလားဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှုခံစားပေးကြပါဦးရှင်။ Joinရန်🔽🔽🔽 https://t.me/mmsub226 ကြည့်ရန်လင့်🔽🔽🔽 https://t.me/mmsub226/734

Repost from N/a
Sorcery [2023]

Sorcery [2023] “မှော်အတတ်” မှော်အတတ်ဆိုတာမျိုးက ရိုးရာမျိုးနွယ်တွေကနေ လက်ဆင့်ကမ်းဆင်းသက်လာတာများပြီး လက်ခံသူ ၊လက်မခံသူကွဲနေတတ
Sorcery [2023] “မှော်အတတ်” မှော်အတတ်ဆိုတာမျိုးက ရိုးရာမျိုးနွယ်တွေကနေ လက်ဆင့်ကမ်းဆင်းသက်လာတာများပြီး လက်ခံသူ ၊လက်မခံသူကွဲနေတတ်တာက အရင်တည်းက ရှိလာခဲ့တာပါ။ လက်မခံသူတစ်ဖက်ပိတ်အများစုက မှော်ဆိုတာ ရွံကြောက်စရာ၊နိမ့်ကျတဲ့အရာ၊ မယုံတမ်းလုပ်ကြံထားတာတွေလို့တွေးတတ်ကြတယ်။ လက်ခံကျင့်သုံးနေကြသူတွေအတွက်ကျ ရိုးရာကိုထိန်းသိမ်းရာလည်းရောက်မယ် သတ္တဝါတွေကိုလည်းအကူအညီပေးနိုင်ရာရောက်တယ် စတဲ့အကြောင်းတွေနဲ့ လက်ဆင့်ကမ်းယုံကြည်လာခဲ့ပါတယ်။ သို့ပေမဲ့ ဆန့်ကျင်သူ ၊ လူနည်းစုကျင့်သုံးသူ ဆိုပြီးအုပ်စုနှစ်ခုကွဲပြီး ဆန့်ကျင်သူတို့ဖက်ကအင်အားကြီးလာတော့ ကျင့်သုံးသူတို့ကို မတရားဖိနှိပ်ခဲ့တာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတည်းကဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်တွေကိုမျက်မြင်ခံစားကြည့်လို့ရအောင် ဒါရိုက်တာ Christopher Murray က ၁၉ရာစုဝန်းကျင် ချီလီနိုင်ငံက ဟွီလီချီဆိုတဲ့ လူမျိုးအကြောင်းအခြေခံရိုက်ပြပေးထားပါတယ် ၊ ဇာတ်ဆောင်က ဟွီလီချီလူမျိုး၊လူဖြူတွေရဲ့အစေခံမလေး ရိုဆ ဆိုတဲ့ ၁၃နှစ်သမီးလေးပါ ။ အဖေကမှော်အတတ်တွေလုပ်တယ်လို့စွပ်စွဲခံရပြီးသူ့ရှေ့တင်အရှင်လတ်လတ်ခွေးကိုက်သတ်ခံလိုက်ရတာပါ။ ဆိုတော့ အဖေ့အတွက်တရားမျှတမှုရအောင်ဘယ်လို လက်စားချေမလဲ …. #Credit

Repost from K-Movies
Boy (2026) IMDb Rating (7.2) 🔔🔔🔔 The Uncanny Counter ထဲက Cho Byeong-Kyu နဲ့ Yoo In Soo၊ NMIXX အဖွဲ့ဝင်ဟောင်း JINI နဲ့ Seo
Boy (2026) IMDb Rating (7.2) 🔔🔔🔔 The Uncanny Counter ထဲက Cho Byeong-Kyu နဲ့ Yoo In Soo၊ NMIXX အဖွဲ့ဝင်ဟောင်း JINI နဲ့ Seo In-Guk တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - ဒီကားလေးကိုတော့ ဖိုဂူမြို့လို့ ခေါ်တွင်တဲ့ စိတ်ကူးယဉ်မြို့လေးကို နောက်ခံထားပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ယူရိုဟန် (Cho Byeong-Kyu) နဲ့ ဂယိုဟန် (Yoo In Soo) တို့ ညီအစ်ကိုနှစ်ဦးကတော့ အဲဒီဖိုဂူမြို့လေးမှာ နေထိုင်နေကြပြီး "တက္ကဆက်ရေပူစမ်း"လို့ ခေါ်တဲ့ နေရာလေးကို စီမံအုပ်စိုးနေကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အထက်မှာ အာဏာချုပ်ကိုင်ထားတဲ့ ဆရာကြီးကတော့ ဦးထုပ်သည် (Seo In-Guk) ဆိုသူပါ။ တက္ကဆက်ရေပူစမ်းဆိုတကတောာ့ သွားစရာလမ်းပျောက်နေတဲ့ လူတွေ စုဝေးနေကြပြီး မူးယစ်ဆေး၊ လောင်းကစားစတဲ့ သာယာမှု စည်းစိမ်မျိုးစုံကို ခံစားနိုင်တဲ့ နေရာလေးပဲ ဖြစ်ပါတယ်။ တစ်နေ့မှာ ဆေးစွဲနေတဲ့ အမေဖြစ်သူနောက်ကို လိုက်ရင်း အီဂျယ်အင်း (JINI) ဆိုတဲ့ မိန်းကလေးက တက္ကဆက်ရေပူစမ်းဆီကို ရောက်ရှိလာပါတော့တယ်။ ဥပဒေကင်းမဲ့ပြီး စည်းစနစ်နဲ့ အကြမ်းဖက်မှုတွေသာ ရှိတဲ့ ဒီနေရာလေးမှာ ဂျယ်အင်းဆိုတဲ့ မိန်းကလေးရဲ့ နွေးထွေးတဲ့ ဂရုစိုက်ပေးမှုလေးတွေကြောင့် ရိုဟန်ရဲ့ ဘဝလေး ယိမ်းယိုင်စပြုလာပြီး စည်းစနစ်တွေကို စတင် ချိုးဖောက်မိတဲ့အခါမှာတော့... အဆုံးမှာ ရိုဟန်၊ ဂယိုဟန်၊ ဂျယ်အင်းတို့ သုံးဦးက ဒီငရဲခန်းနဲ့တူတဲ့ နေရာကနေ လွတ်မြောက်ပြီး ပျော်ရွှင်ခွင့်ရနိုင်မလားဆိုတာ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ Joinရန်🔽🔽🔽 https://t.me/kmovie44 ကြည့်ရန်🔽🔽🔽 https://t.me/kmovie44/724

T-h-e F-a-v-o-r (2025) ကျိန်စာသင့်မိသားစု "Exhuma လို Vibe အပြည့်နဲ့ကြည့်ရမဲ့ ဟော်ရာကားသစ်" Running Man က မမဆုန်းဂျီဟိုရဲ့အာရ
T-h-e F-a-v-o-r (2025) ကျိန်စာသင့်မိသားစု "Exhuma လို Vibe အပြည့်နဲ့ကြည့်ရမဲ့ ဟော်ရာကားသစ်" Running Man က မမဆုန်းဂျီဟိုရဲ့အာရုံစားတဲ့သရဲကားလေး သားဖြစ်သူရဲ့အက်ဆီးဒင့်ကြောင့် မြို့ကနေ ထူးဆန်းတဲ့ရွာလေးကို ရောက်လာတဲ့အခါ။ ကိုယ့်အတွက် ဆန်းကြယ်မှုက သူများရဲ့နာကျင်မှုပေါ်က နင်းလျှောက်သွားရတဲ့ ကောင်းချီးဆိုရင်ရော လိုချင်တုန်းပဲလား။ ဆိုးလ်က ဆရာဝန်တစ်ယောက်ဖြစ်တဲ့ Young Bom ၊ သူ့ဇနီး Seon Heeနဲ့ သားဖြစ်သူ Jung Eun တို့က ရောဂါပြန်လည်ထူထောင်ဖို့အတွက် အိုဘို့ရွာကို ပြောင်းလာခဲ့ကြတယ်။ Seon Hee က မျက်လုံးကွယ်နေပြီး သားဖြစ်သူကတော့ အောက်ပိုင်းသေနေခဲ့တယ်။ အိမ်ပြောင်းလာတဲ့ပထမဆုံးနေ့မှာပဲ အဘိုးကြီးတစ်ယောက်က Young Bom ရဲ့ကားဆီ ပြေးဝင်ခဲ့တယ်။ မှတ်ပုံတင်လည်းဘာလည်းမရှိ ဘယ်ကမှန်းမသိတဲ့အဘိုးကြီးကို ဆရာဝန်ဖြစ်သူက အိမ်ခေါ်လာခဲ့ချိန်မှာတော့ ထူးဆန်းတာတွေ စတင်ဖြစ်ပေါ်လာပါ‌တော့တယ်။ မနက်အစောကြီး သားပျောက်လို့လိုက်ရှာရာကနေ သားဖြစ်သူက ခြေနှစ်ဖက်နဲ့အကောင်းတိုင်း လမ်းလျှောက်နေတာကို တွေ့လိုက်ရတဲ့အခါမှာတော့ မိဘနှစ်ယောက်စလုံး အံ့အားသင့်သွားခဲ့တယ်။ ဒါပေမဲ့ Jung Eun ရဲ့ခြေထောက်အကောင်းတိုင်းဖြစ်ဖို့ အိုဘို့ရွာက Chun Seo ရဲ့သား Min Jae ရဲ့ခြေထောက်ကတော့ သွက်ချာပါဒဖြစ်သွားခဲ့တယ်။ နောက်ဆုံး ဒါကိုသိသွားတဲ့ Seon Hee က မင်ဂျယ်ရဲ့မျက်လုံးကိုပါ လောဘတက်ပြီး လုယူခဲ့ချိန်မှာတော့ ဘာတွေဆက်ဖြစ်လာဦးမှာလဲ။ သူတို့ရဲ့လောဘကို ရပ်တန့်နိုင်ပါ့မလား။ Chun Seo ကရော သူ့သားဆီက မျက်လုံးနဲ့ ခြေထောက်ကိုလုယူခဲ့တဲ့သူတွေကို ဒီအတိုင်းထားပါ့မလားဘယ်လိုလက်စား‌ ‌‌ချေမလဲဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်လိုက်ရအောင်။ Joinရန်🔽🔽🔽 https://t.me/s1932a ကြည့်ရန်လင့် 🔽🔽🔽 https://t.me/s1932a/1113