စလော့ဂိမ်းဆိုဒ်ကြီး အာရှကျွဲဂိမ်း
Kanalga Telegram’da o‘tish
Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan
3 121
Obunachilar
-1124 soatlar
-757 kun
-44630 kun
Postlar arxiv
တချိန်ချိန်ကျရင်ပေါ့
မနက်၃နာရီလောက်ကြီး ကျွန်တော်နိုးလာပြီး
ပြန်အိပ်မရလို့ ဘေးကိုကြည့်လိုက်တဲ့အခါ
ခင်ဗျားရှိနေမယ်
ကျွန်တော့်ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလိမ့်မယ်
အဲဒီအချိန်ကျရင် ကမ္ဘာကြီးဟာ
ထင်သလောက်လည်း အထီးကျန်မဆန်ပါလားလို့
ကျွန်တော်တွေးရင်း ကျေနပ်နေမိမှာပဲ
တစ်နေ့နေ့ပေါ့
▪️ မိုးနေ့ ( အပိုင်းအစများ )
နေသားကျတယ် ဆိုတာ
နေနိုင်သွားတာကို ပြောတာမဟုတ်ဘူးအချစ်ရဲ့
တကယ် ပြန်မလာတော့ဘူးဆိုတဲ့ အသိနဲ့
နာကျင်မှုဒဏ်ကို ခံနိုင်သွားတယ်ဆိုရုံပဲ။
-ရိပ်ငြိမ်
အခြားတစ်ယောက်က လုယူမယ်ဆိုရင်တောင်
"ရရင်ယူပေါ့" ဆိုပြီး ခပ်ချေချေ
ပြန်ပြောနိုင်တဲ့အထိ
စိတ်လုံခြုံမှု ပေးနိုင်တဲ့
အချစ်မျိုးကိုပဲ ပိုင်ဆိုင်ချင်တယ်
-crd
မေတ္တာအချစ်က အေးချမ်းပါတယ်ကွယ်။
ချစ်ရသူအပေါ်
မျှော်လင့်ခြင်းတွေမထားဘဲ
ရိုးရိုးလေးပဲချစ်သွားပါ့မယ်။
သူလည်းပျော်ရွှင်စေ
ကိုယ်လည်းအေးချမ်းစေေပါ့။
- ဟေမန်ခွာညို
မိန်းမတစ်ယောက်ဟာ ယောက်ျားတစ်ယောက်အပေါ်မှာ အသက်မက ချစ်မြတ်နိုးရင်း တစ်ပြိုင်တည်းမှာ နာကျည်းမှုများစွာနဲ့ မုန်းတီးနိုင်တယ်ဆိုရင် အခုအချိန်မှာ ကမ္ဘာလောကတစ်ခုလုံး ကိုယ်အမုန်းဆုံးလူက မောင်ပဲ...။
အဲ့ဒါကိုလည်း သံသယကင်းကင်းနဲ့မောင်ယုံစေချင်တယ်။
- မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်
- ဂျူး
မဖြစ်နိုင်တဲ့လူနှစ်ယောက်
ချစ်ဖို့ကြိုးစားနေတာထက်စာရင်
ဖြစ်နိုင်တဲ့လူနှစ်ယောက်
ချစ်သွားကြတာက ပိုကောင်းပါတယ်..။
-နွေးငယ်
ပျော်နေစေချင်တာ စေတနာဖြစ်ပြီး
မင်းပျော်တာကိုပဲ မြင်ချင်နေတာက
ချစ်ခြင်းမေတ္တာဖြစ်ပါတယ်
မနေ့က ချစ်ခဲ့တယ်
ဒီနေ့ ချစ်တယ်
မနက်ဖြန်တွေမှာ ဆက်ချစ်နေဦးမယ်
ဒီလောက်ပါပဲ ။
-လင်းညီ
မင်းနဲ့ဆုံရမဲ့ ရေစက်မှမပါရင်
မိုးရာသီဆိုတာကြီးကိုလည်း ငါမုန်းမိမှာ
အတူတူခိုဝင်ခဲ့ဖူးတဲ့
သစ်ရိပ်ဝါးရိပ်လေးတောင်
အခု
ငါ့မျက်လုံးနဲ့ အတော် ဝေးခဲ့ပါပြီ ။
▪️စာတိုငဖြူ
မသိတတ်တဲ့ လူတစ်ယောက်ဆီက
သိတတ်မှုကို မျှော်လင့်ရတာ
သိပ်ပြီးပင်ပန်းရတယ်
ကျွန်တော်တို့ရဲ့ နေ့စဥ်ရက်များဟာ
ဒဏ်ရာနဲ့ရက်များချည်းပါပဲ
ချစ်ခြင်းမေတ္တာရဲ့ ဟိုဖက်မှာ
ဘာများရှိပါသလဲ။
-မောင်ချောနွယ်
ဘာမှမလုပ်ပါနဲ့ ။ ဘာမှမတွေးပါနဲ့ ။
တောပန်းတွေကို ချစ်မြဲအတိုင်းချစ်နေပါ ။
မနက်ခင်းတိုင်း ကော်ဖီတစ်ခွက်သောက်ပါ ။
အသက်ရှင်ပါ ။
မိုးရေထဲ ရဲရဲတင်းတင်းလမ်းလျှောက်ပါ ။
-မြကျေး
တစ်ခုခု ရခဲ့ဖူးရင်
ဒါကတော့ ငါ့အတွက် အမြဲတမ်းလို့
ထင်နေတဲ့ စိတ်ကလေးကို ပြင်ရမယ်
မနေ့က မြင်ရတဲ့ ကောင်းကင်ပါပဲ
ဒီနေ့ တိမ်တွေနဲ့။
#နွေသစ်ငြိမ်း
#စံပယ်ပွင့်လေးခေါင်းပေါ်တင်
ချစ်ရတာခက်လား
ဟင့်အင်း
ချစ်ရတာမခက်ပါဘူး
ဒါဆို ဘာက ခက်တာလဲ
ချစ်မြဲ ချစ်နေဖို့က ခက်တာ
▪️တာရာမင်းဝေ
“တစ်ယောက်ယောက်လာမှ
လက်ဖက်ရည်သောက်မလို့
တစ်ယောက်တစ်ဝက်
နှစ်ယောက်တစ်ခွက်ပေါ့” ။
•အောင်ချိမ့်
စောင့်နိုင်ရင် စောင့်ပေါ့လို့ မင်းပြောခဲ့လို့
ငါစောင့်ခဲ့ပါတယ်။
ဒါဟာရေခဲကို နေလှမ်းပြီး
ရေခဲခြောက်ဖြစ်လာမလားလို့
မျှော်လင့်ခဲ့ဘူးတဲ့ ကလေးတစ်ယောက်လိုပေါ့
-လင်းချမ်းလွန်း
သစ္စာတရားကို
ဖန်ခွက်ထဲမှာပြန်ရှာတွေ့တယ် ခင်ရယ်
အရက်ကသိပ်ကောင်းတယ် ခင်ရဲ့
အရက်လေးများမူးရင်လေ
ခင့်ကိုလည်း ခွင့်လွှတ်တယ်
ကိုယ့်ကိုကိုယ်လည်း ခွင့်လွှတ်တယ် ။ ။
-စစ်ငြိမ်း
ငါတို့ခေတ်'ရို'တယ်ဆိုတာ
မထိရက်မတို့ရက်
မာစတာဘေးရှင်းနဲ့တောင် မပြစ်မှားရက်
သူ့အရိပ် တဒင်္ဂမဲ့ရုံနဲ့ မျက်ရည်စက်လက်
ချစ်တယ်ကွယ်။
-စံညိမ်းဦး
တန်ဖိုးရှိတဲ့သူတွေ မဆုံးရှုံးချင်ရင်
တန်ဖိုးမဲ့စွာ မဆက်ဆံ မိဖို့လဲ လိုတယ်။
အကောင်းတွေပဲ မျှော်လင့်ထားတယ်ဆိုရင်
ကိုယ့်ဘက်က ပြန်ကောင်းပေးဖို့လဲ မမေ့ပါနဲ့။
-crd
တချို့က
တစ်သက်လုံးမေ့ဖျောက်လို့မရအောင်
သတိရနေခဲ့ကြပြီး
တချို့က
ပြန်မမှတ်မိတော့အောင့်
မေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့ကြပါတယ် ။
▪️ဂန္ဓမာ
▪️မျှော်လင့်ခြင်းနေ့ရက်များ
