uz
Feedback
Dream World K series (MM sub)

Dream World K series (MM sub)

Kanalga Telegram’da o‘tish

ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan

📈 Telegram kanali Dream World K series (MM sub) analitikasi

Dream World K series (MM sub) (@dreamworld2467) kanali faol ishtirokchi. Hozirda hamjamiyat 29 597 obunachidan iborat bo'lib, Boshqa toifasida -o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 29 597 obunachiga ega bo‘ldi.

22 Sentabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -7 619 ga, so‘nggi 24 soatda esa 0 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 4.13% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 4.20% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 047 marta ko‘riladi; birinchi sutkada odatda 1 063 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 0 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ”

Yuqori yangilanish chastotasi (oxirgi ma’lumot 23 Sentabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Boshqa toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

29 597
Obunachilar
Ma'lumot yo'q24 soatlar
Ma'lumot yo'q7 kun
-7 61930 kun
Postlar arxiv
Legendary Divine Kung Fu (2026) 90's born တွေ ငယ်ငယ်က ကြည့်ခဲ့တဲ့ Stephen Chow ရဲ့ ရုပ်ရှင်လို ရုပ်တည်နဲ့ ရယ်စရာကောင်းတဲ့ အက်
Legendary Divine Kung Fu (2026) 90's born တွေ ငယ်ငယ်က ကြည့်ခဲ့တဲ့ Stephen Chow ရဲ့ ရုပ်ရှင်လို ရုပ်တည်နဲ့ ရယ်စရာကောင်းတဲ့ အက်ရှင်ဟာသရုပ်ရှင်မျိုးကို လွမ်းနေတဲ့သူတွေအတွက် ဒီရုပ်ရှင်ကတော့ အလွမ်းပြေစေနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- 1970 ခုနှစ်ဝန်းကျင်မှာ ဟုန်ရင်းကျန်းဟာ H နိုင်ငံ တရုတ်တန်းက သိုင်းလောကမိသားစု"ဟုန်ဓားဂိုဏ်း"မှာ မွေးဖွားလာခဲ့ပြီး ကြီးပြင်းလာတဲ့တစ်လျှောက် အောင်မြင်မှု တစ်စုံတစ်ရာ မရှိတဲ့အတွက် "အသုံးမကျတဲ့ကောင်" လို့သမုတ်ခံနေရသူ ဖြစ်ပါတယ်။ အခွင့်အရေးတစ်ခုကြောင့် ဟုန်ရင်းကျန်းဟာ သူငယ်ချင်းဟောင်းပေါင်းတျန်နဲ့ ပြန်တွေ့ပြီး "ကျုံးရှောက်ဂိုဏ်း" က အစ်ကိုပေါက်ကို တွေ့ခွင့်ရခဲ့ပြီး အကြံအစည်တစ်ခုထဲ ဝင်ပါမိသွားခဲ့ပါတယ်။ ဒါပေမဲ့ သိုင်းပညာရှင်ကြီး ဝူချန်က ဟုန်ရင်းကျန်းဟာ သိုင်းပညာကျင့်ကြံဖို့ အသင့်တော်ဆုံးလူထူးချွန်တစ်ယောက်ဆိုတာ ရိပ်မိသွားခဲ့ပြီး သူ့ရဲ့ သွေးကြောတွေကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဟုန်ရင်းကျန်းဟာ ဝူချန်ရဲ့ အကြံပြုချက်ကြောင့် ငြိမ်းချမ်းရေးရွာကို ရောက်သွားခဲ့ပြီး လူဆိုးကြီး သခင်ကြီးလင်ကို မတော်တဆ ပြစ်မှားမိသွားပါတယ်။ မထင်ထားဘဲ သခင်ကြီးလင်ရဲ့ သားဟာ အစ်ကိုပေါက် ဖြစ်နေတဲ့အခါ...... ဟုန်ရင်းကျန်းနဲ့ အစ်ကိုပေါက်တို့ကြားက ရန်ငြိုးတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/64

Mavka The Real Myth (2026) တက္ကသိုလ်တစ်ခုက ဇီဝဗေဒပါမောက္ခတစ်ယောက်နဲ့ သူ့ကျောင်းသားတွေက နယ်အစွန်အဖျားမှာရှိတဲ့ လူသူမနီးမဝေးတော
Mavka The Real Myth (2026) တက္ကသိုလ်တစ်ခုက ဇီဝဗေဒပါမောက္ခတစ်ယောက်နဲ့ သူ့ကျောင်းသားတွေက နယ်အစွန်အဖျားမှာရှိတဲ့ လူသူမနီးမဝေးတောအုပ်တစ်ခုထဲကို လေ့လာရေးခရီးထွက်လာခဲ့ပါတယ်။ သူတို လေ့လာရေးခရီးထွက်လာခဲ့တဲ့တောအုပ်က ယုံတမ်းပုံပြင်ထဲက ဒဏ္ဍာရီလာ မာ့ဗ်ကာလိုခေါ်တဲ့ တောစောင့်နတ်တွေနဲ့ ရေသူမတွေရှိတယ်လို ဒေသခံတွေက ယုံကြည်ကြပါတယ်။ ဒီမာ့ဗ်ကာလိုခေါ်တဲ့ တောစောင့်နတ်သမီးတွေနဲ့ ရေသူမတွေဟာ နှစ်တစ်နှစ်ရဲ့ အခုလိုအချိန်မှာ တောထဲရောက်လာသူတွေကို ဖမ်းစားတတ်တဲ့အကြောင်း တည်းခိုခန်းပိုင်ရှင်က သတိပေးလိုက်ပါသေးတယ်။ ဒါပေမဲ့ ကျောင်းသားတစ်စုက သိပ္ပံပညာရှင်တွေဆိုတော့ အယုံအကြည်မရှိဘဲ အမှုမဲ့ အမှတ်မဲ့ပါပဲ။ ဒီလိုနဲ့ ခေတ္တတည်းခိုခဲ့တဲ့ တည်းခိုခန်းပိုင်ရှင်ကို နှုတ်ဆက်ပြီး တောထဲကို ခရီးဆက်ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ တောထဲမှာ စခန်းချပြီး နောက်တစ်ရက်မှာတော့ တောထဲမှာ ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်နဲ့ စပြီး တွေ့ဆုံမိတဲ့အခါမှာ ဘယ်လိုကိစ္စတွေ ဆက်ဖြစ်လာမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုရမှာပါ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/62

Beast (2026) IMDb Rating (6.2) / Rotten Tomatoes (86%) ကြိုးဝိုင်းဖိုက်တင် အကြမ်းစားကား အသစ်လာပါပြီ။ ကိုယ်ခံပညာပေါင်းစုံသုံး
Beast (2026) IMDb Rating (6.2) / Rotten Tomatoes (86%) ကြိုးဝိုင်းဖိုက်တင် အကြမ်းစားကား အသစ်လာပါပြီ။  ကိုယ်ခံပညာပေါင်းစုံသုံး တိုက်ခိုက်ရေး (MMA) လောကကို အခြေခံရိုက်ကူးထားတဲ့ ၂၀၂၆ ထွက် အက်ရှင်ဒရာမာ ဇာတ်ကားကောင်းလေး တစ်ကားပါ။ ဒီကားထဲမှာ နာမည်ကြီး မင်းသားကြီး ရပ်ဆဲလ်ခရိုး (Russell Crowe) ရော ဒန်နီယယ် မက်ဖာဆန် (Daniel MacPherson) ရော ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ပက်တန် ဂျိမ်းစ် ဆိုတာ တစ်ချိန်က အရမ်းကို နာမည်ကြီးခဲ့တဲ့ MMA ကစားသမားဟောင်း တစ်ယောက်ပေါ့။ အခုတော့ သူက ပြိုင်ပွဲတွေကနေ အနားယူပြီး အေးအေးဆေးဆေး တံငါသည် အဖြစ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုနေတာပါ။ ဒါပေမဲ့ သူ့ညီဖြစ်သူ အန္တရာယ်နဲ့ ကြုံလာရတဲ့အခါမှာတော့ ကယ်တင်ဖို့အတွက် ကြိုးဝိုင်းထဲကို မလွှဲမရှောင်သာ ပြန်ဝင်လာရပါတော့တယ်။ ဒီလိုနဲ့ သူ့ကို အရင်က ပျိုးထောင်ပေးခဲ့တဲ့ နည်းပြဟောင်း ဆမ်မီ နဲ့ ပြန်ပူးပေါင်းပြီး ONE Championship ပြိုင်ပွဲကြီးမှာ နောက်ဆုံးအနေနဲ့ ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ရဲ့ အဓိကပြိုင်ဘက်ကတော့ လက်ရှိချန်ပီယံ ဇေဗီယာ ဂရောင်း ဆိုတဲ့ ရက်စက်တဲ့ တိုက်ခိုက်ရေးသမားပါပဲ။ ပက်တန် တစ်ယောက် သူ့ညီကို ကယ်တင်ရင်း သူ့ရဲ့ ဂုဏ်သိက္ခာကိုရော ပြန်လည်ဆယ်တင်နိုင်မလား ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/60

Repost from N/a
Perfect Crown EP10 - 720P

Perfect Crown (2026) အပိုင်း(10) ရပြီနော် ပရိသတ်တွေ အရမ်းမျှော်လင့်နေတဲ့ IU နဲ့ Byeon Woo-seok တို့ရဲ့ series ကို 4လပိုင်း 10
Perfect Crown (2026) အပိုင်း(10) ရပြီနော် ပရိသတ်တွေ အရမ်းမျှော်လင့်နေတဲ့ IU နဲ့ Byeon Woo-seok တို့ရဲ့ series ကို 4လပိုင်း 10 ရက်နေ့မှာ ထုတ်လွှင့်သွားပါမယ် နန်းတွင်းဇာတ်လမ်းဆိုပေမယ့် ရှေးခေတ်မဟုတ်ဘဲ Modern Era (ခေတ်သစ်ကိုရီးယား) ကို နောက်ခံထားထားတာဖြစ်ပါတယ် အရမ်းကို လွတ်လပ်ချင်တဲ့ မိန်းကလေးတစ်ယောက်က တင်းကြပ်လွန်းတဲ့ နန်းတွင်းစည်းမျဉ်းတွေကြားထဲ မတော်တဆရောက်သွားပြီး Prince (မင်းသားကြီး) နဲ့ လက်ထပ်လိုက်တဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ် Princess Hours လိုမျိုး နန်းတွင်းအငွေ့အသက်ကိုမှ ခေတ်သစ်ဖက်ရှင်တွေ၊ Lifestyle တွေနဲ့ ဆန်းဆန်းလေး မြင်ရမှာပါ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2467 ‌ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2467/104

Repost from N/a
Perfect Crown Ep 9 - 1080P

Perfect Crown (2026) အပိုင်း(9) ရပြီနော် ပရိသတ်တွေ အရမ်းမျှော်လင့်နေတဲ့ IU နဲ့ Byeon Woo-seok တို့ရဲ့ series ကို 4လပိုင်း 10
Perfect Crown (2026) အပိုင်း(9) ရပြီနော် ပရိသတ်တွေ အရမ်းမျှော်လင့်နေတဲ့ IU နဲ့ Byeon Woo-seok တို့ရဲ့ series ကို 4လပိုင်း 10 ရက်နေ့မှာ ထုတ်လွှင့်သွားပါမယ် နန်းတွင်းဇာတ်လမ်းဆိုပေမယ့် ရှေးခေတ်မဟုတ်ဘဲ Modern Era (ခေတ်သစ်ကိုရီးယား) ကို နောက်ခံထားထားတာဖြစ်ပါတယ် အရမ်းကို လွတ်လပ်ချင်တဲ့ မိန်းကလေးတစ်ယောက်က တင်းကြပ်လွန်းတဲ့ နန်းတွင်းစည်းမျဉ်းတွေကြားထဲ မတော်တဆရောက်သွားပြီး Prince (မင်းသားကြီး) နဲ့ လက်ထပ်လိုက်တဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ် Princess Hours လိုမျိုး နန်းတွင်းအငွေ့အသက်ကိုမှ ခေတ်သစ်ဖက်ရှင်တွေ၊ Lifestyle တွေနဲ့ ဆန်းဆန်းလေး မြင်ရမှာပါ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2467 ဇာတ်ကားကြညါ့ရန်🔽🔽🔽 https://t.me/dreamworld2467/101

Hallan (2025) IMDb Rating (7.1) အခုတစ်ခေါက်မှာတော့ လူပေါင်းမြောက်များစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ ၁၉၄၈ ခုနှစ်၊ ဂျယ်ဂျူ 4.3 အရေးအခ
Hallan (2025) IMDb Rating (7.1) အခုတစ်ခေါက်မှာတော့ လူပေါင်းမြောက်များစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ ၁၉၄၈ ခုနှစ်၊ ဂျယ်ဂျူ 4.3 အရေးအခင်းကာလကို ဇာတ်အိမ်တည် ရိုက်ကူးထားပြီး လက်ရှိပြသနေဆဲ Absolute Value of Romance ထဲက မင်းသမီးလေး Kim Hyang-Gi ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အမေဇာတ်ရုပ်အဖြစ် ပထမဆုံး သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - ၁၉၄၈ ခုနှစ်၊ ဂျယ်ဂျူကျွန်းမှာ နှိမ်နင်းရေးတပ်ဖွဲ့ရဲ့ ရန်ကြောင့် ဟန်လာတောင်ပေါ် ထွက်ပြေးတိမ်းရှောင်ရဖို့ ဖြစ်လာတဲ့ အာဂျင်း (Kim Hyang-Gi) က သမီးဖြစ်သူ ဟယ်စိမ်းနဲ့ လူချင်းကွဲကွာသွားခဲ့ရပါတယ်။ ရွာမှာ ကျန်ခဲ့တဲ့ သမီးလေးကို စိုးရိမ်ရင်းနဲ့ တောင်ပေါ်တက်လာတဲ့ အာဂျင်းတစ်ယောက် စစ်တပ်ကနေ တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးလိုက်ပြီဆိုတဲ့ အကြောင်း ကြားသိလိုက်ရတဲ့အခါ သမီးလေးကို ရှာဖို့ တောင်အောက်ကို ပြန်ဆင်းလာပါတော့တယ်။ သမီးကို ကယ်တင်ဖို့ ငရဲတွင်းထဲ ပြန်ဆင်းလာတဲ့ အာဂျင်းနဲ့  အမေ့ကို ရှာဖို့ တောင်ပေါ်တက်လာတဲ့ သမီးလေး ဟယ်စိမ်း... သူတို့သားအမိနှစ်ဦးရဲ့ ရှင်သန်ရေးတိုက်ပွဲက  ဘယ်လိုဆက်ဖြစ်မှာလဲ... သမိုင်းရဲ့ နာကျင်ဖွယ် ဒဏ်ရာတွေကြားက ကြီးမားတဲ့ မိခင်မေတ္တာကို ပုံဖော်ရိုက်ကူးပြထားတာမို့လို့ လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/56

F-y-r-e R-i-s-e-s (2025) ==================== အရင်က ထူးချွန်တဲ့လူသတ်သမားဖြစ်ခဲ့တဲ့ Richard Fyre က အကြမ်းဖက်အလုပ်ကနေထွက်ပြီး ဆ
F-y-r-e R-i-s-e-s (2025) ==================== အရင်က ထူးချွန်တဲ့လူသတ်သမားဖြစ်ခဲ့တဲ့ Richard Fyre က အကြမ်းဖက်အလုပ်ကနေထွက်ပြီး ဆင်းရဲပေမဲ့သူ့ဘဝကို အေးအေးချမ်းချမ်း ရှင်သန်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ အာဏာကြီးပြီး လှည့်စားခြယ်လှယ်တတ်တဲ့ သူ့ရဲ့အရင်က ရာဇဝတ်ကောင် ဘော့စ်ဖြစ်တဲ့ P*r*ie*st က F.yr.e ကို သူ့ရဲ့အကြွေးတွေ ကျေဖို့အတွက် နောက်ဆုံးလူသတ်မှုတစ်ခုကို လုပ်ပေးဖို့ ဖိအားပေးလာပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/54

Justice For Jeni 2026 တရားမျှတမှု IMDb 6.2 NEET စာမေးပွဲကြီးအောင်လို့ ဆေးကျောင်းတက်ရတော့မဲ့ ပရီယန်ကာတို့ သူငယ်ချင်းအဖွဲ့။ ဆရာ
Justice For Jeni 2026 တရားမျှတမှု IMDb 6.2 NEET စာမေးပွဲကြီးအောင်လို့ ဆေးကျောင်းတက်ရတော့မဲ့ ပရီယန်ကာတို့ သူငယ်ချင်းအဖွဲ့။ ဆရာဝန်ဖြစ်ချင်ကြလို့ စာမေးပွဲရလဒ်ကို အချိန်အကြာကြီးစောင့်နေခဲ့ရသလောက် တစ်ဖွဲ့လုံးအောင်ကြတော့ ကမ္ဘာပေါ်မှာ သူတို့လောက်ပျော်တဲ့လူ မရှိတော့သလိုပေါ့။ ဒီလိုနဲ့ ဆေးကျောင်းမတက်ခင် တစ်ညအလို ပရီယန်ကာ့ဆီဖုန်းဝင်လာခဲ့တယ်။ ဆက်တဲ့လူက သူငယ်ချင်းဆစ်ဒါးသ်။ ညကြီးသန်းခေါင် ဘာအရေးများလဲဆိုပြီး ဖုန်းကိုင်တော့ ငယ်စဉ်တည်းက လည်ပင်းဖက်ပေါင်းလာခဲ့တဲ့ သူငယ်ချင်းဂျင်းနီ အသ-တ်ခံရလို့ပါတဲ့ ငယ်ထိပ် မိုးကြိုးပစ်ခံရလိုက်သလို ခံစားချက်နဲ့ တလောကလုံး ဗြောင်းဆန်ကုန်တယ် ဆရာဝန်ဖြစ်ဖို့ လက်တစ်ကမ်းအလိုမှာ ဒီလိုအဖြစ်ဆိုးမျိုးကြုံရလို့ သူငယ်ချင်းတွေ ယူကြုံးမရ။ ပိုဆိုးတာက ရိုးရိုးတန်းတန်း‌ေသဆုံးခြင်းမဟုတ်ဘဲ ရက်ရက်စက်စက် အသ-တ်ခံထားရတာပါ နာမည်ကြီးသွားတဲ့ ဒီသတင်းနဲ့အတူ ဆေးကျောင်းသားတွေ ဆန္ဒပြကြပြီး ရဲတွေလည်း မအိပ်မနေ သဲလွန်စရှာရပါတော့တယ် ။ ကဲ အနီးဆုံးရန်သူက ဘယ်သူများဖြစ်မလဲ အတူတူကြည့်လိုက်ရအောင်လား။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/49

Repost from N/a
Gold.Land.S01e04.HD.mp4 (GC)

Repost from N/a
Gold Land (2026) E03 WEB-DL 1080p

Repost from N/a
Gold.Land.S01e02.HD.mp4 (GC)

Repost from N/a
Gold Land ep.1(2026)

G_o_l_d L_a_n_d (2_0_26) အပိုင်း(၄)ထိရပြီနော် အခုအခါ Disney ကထုပ်လွှတ်လိုက် တဲ့ K series ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆပ်ပေးချင
G_o_l_d L_a_n_d (2_0_26) အပိုင်း(၄)ထိရပြီနော် အခုအခါ Disney ကထုပ်လွှတ်လိုက် တဲ့ K series ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆပ်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဥ်း =============== ဇာတ်လမ်းကတော့ နိုင်ငံတကာလေဆိပ် လုံခြုံရေးဝန်ထမ်း Kim Hui Ju ဟာ သူမရဲ့ချစ်သူကြောင့် မှောင်ခိုဂိုဏ်းတစ်ခုရဲ့ ရွှေတွေကို မတော်တဆ လက်ခံရရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ ထိုရွှေတွေအပေါ် စွဲလမ်းသွားပြီး Gold Land ကာစီနိုနဲ့ ပတ်သက်နေတဲ့ ဂိုဏ်းစတားများ၊ စုံထောက်များနဲ့ ငွေတိုးချေးစားသူများကြားထဲ ရောက်ရှိသွားပါတယ်။ လောဘနဲ့ သစ္စာဖောက်မှုတွေ ပြည့်နှက်နေတဲ့ ဒီပြဿနာတွေကြားမှာ သူမ ဘယ်လိုရင်ဆိုင် ရှင်သန်မလဲဆိုတာကို ရိုက်ကူးထားတဲ့ Action Thriller ဇာတ်လမ်းဖြစ်ပါတယ်။ စုစုပေါင်း (၁၀) ပိုင်းပါဝင်မှာဖြစ်ပါတယ်။ Channel link⏬⏬⏬ https://t.me/dreamworld2467 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2467/90

Mardaani (2014) — ဒုစရိုက်လောကကို အမြစ်ဖြတ်မယ့် ရဲမေ မွန်ဘိုင်းရဲတပ်ဖွဲ့ရဲ့ ရဲအရာရှိ Shivani Shivaji Roy ဟာ သူမရဲ့ တာဝန်ကို ပ
Mardaani (2014) — ဒုစရိုက်လောကကို အမြစ်ဖြတ်မယ့် ရဲမေ မွန်ဘိုင်းရဲတပ်ဖွဲ့ရဲ့ ရဲအရာရှိ Shivani Shivaji Roy ဟာ သူမရဲ့ တာဝန်ကို ပြတ်သားစွာ ထမ်းဆောင်တတ်ပြီး ရာဇဝတ်သားတွေကို ဘယ်တော့မှ အလျှော့မပေးတဲ့ အမျိုးသမီးတစ်ဦးပါ။ တစ်နေ့မှာတော့ သူမနဲ့ ရင်းနှီးတဲ့ မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးသွားရာကနေ နောက်ကွယ်မှာ ကြီးမားတဲ့ လူကုန်ကူးမှု ဂိုဏ်းကြီးတစ်ခု ရှိနေတာကို စုံစမ်းသိရှိသွားခဲ့ပါတယ်။ ဒီဂိုဏ်းကို ဦးဆောင်နေတဲ့ လူငယ်လေးဟာ ဉာဏ်နီဉာဏ်နက် များလွန်းသလို ရဲတပ်ဖွဲ့ကိုလည်း ပေါ်တင် စိန်ခေါ်လာတဲ့အခါမှာတော့...။ Shivani တစ်ယောက် မိန်းကလေးငယ်တွေကို ကယ်တင်နိုင်ဖို့နဲ့ ဒီဒုစရိုက်ဂိုဏ်းချုပ်ကို ဖမ်းဆီးနိုင်ဖို့အတွက် အချိန်နဲ့အမျှ ဘယ်လိုမျိုး အားသွန်ခွန်စိုက် ကြိုးစားတိုက်ခိုက်သွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။ အမျိုးသမီးထုရဲ့ စွမ်းဆောင်ရည်နဲ့ ခိုင်မာတဲ့စိတ်ဓာတ်ကို အသားပေးထားတဲ့ ဒီဇာတ်ကားဟာ အက်ရှင်နဲ့ စုံထောက်ကား ကြိုက်သူတွေအတွက် အကြိုက်တွေ့စေမယ့် ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားက အောင်မြင်လွန်းလို့ Mardaani 2 ဆိုပြီး နောက်ဆက်တွဲတောင် ထွက်ရှိထားပါသေးတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/44

Repost from N/a
Perfect Crown (2026) E08 WEB-DL 1080p

Perfect Crown (2026) အပိုင်း(8) ရပြီနော် ပရိသတ်တွေ အရမ်းမျှော်လင့်နေတဲ့ IU နဲ့ Byeon Woo-seok တို့ရဲ့ series ကို 4လပိုင်း 10
Perfect Crown (2026) အပိုင်း(8) ရပြီနော် ပရိသတ်တွေ အရမ်းမျှော်လင့်နေတဲ့ IU နဲ့ Byeon Woo-seok တို့ရဲ့ series ကို 4လပိုင်း 10 ရက်နေ့မှာ ထုတ်လွှင့်သွားပါမယ် နန်းတွင်းဇာတ်လမ်းဆိုပေမယ့် ရှေးခေတ်မဟုတ်ဘဲ Modern Era (ခေတ်သစ်ကိုရီးယား) ကို နောက်ခံထားထားတာဖြစ်ပါတယ် အရမ်းကို လွတ်လပ်ချင်တဲ့ မိန်းကလေးတစ်ယောက်က တင်းကြပ်လွန်းတဲ့ နန်းတွင်းစည်းမျဉ်းတွေကြားထဲ မတော်တဆရောက်သွားပြီး Prince (မင်းသားကြီး) နဲ့ လက်ထပ်လိုက်တဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ် Princess Hours လိုမျိုး နန်းတွင်းအငွေ့အသက်ကိုမှ ခေတ်သစ်ဖက်ရှင်တွေ၊ Lifestyle တွေနဲ့ ဆန်းဆန်းလေး မြင်ရမှာပါ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2467 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2467/88

ဝမ်းဘတ် 3 မွေထိုင်းလောက မှာ ဆရာ တဆူ ဖြစ်တဲ့ ဝမ်းဘတ်ရဲ့ ရှယ်ကြမ်းတဲ့ ဇာတ်ကာ: -------------------------------------- အတိတ်မှာ မ
ဝမ်းဘတ် 3 မွေထိုင်းလောက မှာ ဆရာ တဆူ ဖြစ်တဲ့ ဝမ်းဘတ်ရဲ့ ရှယ်ကြမ်းတဲ့ ဇာတ်ကာ: -------------------------------------- အတိတ်မှာ မိဘတွေကို သတ်ဖြတ်ခံရတဲ့အတွက် လက်စားချေဖို့ ကြိုးစားခဲ့ပေမဲ့ ကျရှုံးခဲ့ရတဲ့ လူငယ်တစ်ယောက်ဟာ အာဏာသိမ်းပြီး အုပ်ချုပ်မင်းဖြစ်လာတဲ့ ရန်သူရဲ့ လက်ထဲမှာ မသေမချင်း ညှင်းပန်းနှိပ်စက်ခံရပါတယ်။ ကံကောင်းစွာနဲ့ အယုဒ္ဓယဘုရင်ရဲ့ ကူညီမှုကြောင့် အသက်ရှင်လွတ်မြောက်လာနိုင်ခဲ့ပေမဲ့ မိဘတွေဆုံးရှုံးထားရပြီး နေစရာမရှိတော့တာကြောင့် စိတ်ဓာတ်ကျဆင်းကာ ဘဝရဲ့ အဓိပ္ပါယ်ကိုပါ မမြင်နိုင်တော့ပါဘူး။ နောက်ပိုင်းမှာ ဘုန်းတော်ကြီးတစ်ပါးနဲ့ တွေ့ဆုံရာကနေ အတွင်းစိတ်သန့်ရှင်းမှု၊ ဝဋ်ကြွေးနဲ့ ဒုက္ခဝေဒနာတို့ရဲ့ ဆက်စပ်မှုကို နားလည်လာပါတယ်။ ကိုယ်တိုင်ခံစားနေရတဲ့ ဒုက္ခတွေဟာ ဝဋ်ကြွေးကြောင့် ဖြစ်တယ်ဆိုတာ သိလာတဲ့အခါ စိတ်နှလုံးနဲ့ ကိုယ်ခန္ဓာကို သန့်စင်ဖို့ “ဗုဒ္ဓရဲ့ ဝဋ်ကြွေးကုသမှု” နည်းလမ်းကို လေ့ကျင့်အသုံးချပြီး ပြည်သူတွေကို အနိုင်ကျင့်အုပ်ချုပ်နေတဲ့ အာဏာရှင်မင်းကြီးကို ရင်ဆိုင်အနိုင်ယူဖို့ ပြင်ဆင်လာပါတော့တယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/45

လျို့ဝှက်ဆန်းကြယ်ကျွန်းပေါ်က ကြောက်မက်ဖွယ်သရဲအိမ်ကြီး --------- ဇာတ်လမ်းအကျဉ်းကတော့ကျွန်းတစ်ကျွန်းပေါ်မှာ ဟယ်မိသားစုရဲ့ရှေးဟေ
လျို့ဝှက်ဆန်းကြယ်ကျွန်းပေါ်က ကြောက်မက်ဖွယ်သရဲအိမ်ကြီး --------- ဇာတ်လမ်းအကျဉ်းကတော့ကျွန်းတစ်ကျွန်းပေါ်မှာ ဟယ်မိသားစုရဲ့ရှေးဟောင်းရဲတိုက်ကြီးတစ်ခုပဲရှိပြီးတော့ အဲဒီနေရာက အရင်ကလူတွေအများကြီး_သေ_ခဲ့ဖူးတဲ့နေရာဖြစ်ပါတယ် ကိုယ်တစ်_ပိုင်း_သေ_နေတဲ့မိန်းကလေးဖြစ်တဲ့ ဟယ်စီးယွီက အိမ်နဲ့ဝေးကွာနေပြီး (၁၇)နှစ်အကြာမှ အိမ်ကိုပြန်ရောက်လာခဲ့တာပါ။ အိမ်ပြန်ရောက်လာပေမယ့် သူ့ရဲ့အဖေကတော့ ထူးထူးဆန်းဆန်းပျော_က်ဆုံးနေပြီးတော့ သူ့ကိုကြိုဆိုနေတာကတော့ လှပနူးညံ့တဲ့ မိထွေးဖြစ်သူနဲ့ တည်ကြည်ခန့်ညားတဲ့ မိသားစုဆရာဝန်၊ငယ်ရွယ်သန်စွမ်းတဲ့ လူငယ်ကားဆရာလေးတစ်ယောက်နဲ့ အရမ်းဂရုစိုက်တတ်တဲ့ အိမ်ဖော်မလေးတို့ပဲဖြစ်ပါတယ်.... ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld6543/38